(15)

1.2K 109 7
                                    

Zawgyi

အေးစက်တိတ်နေတဲ့ညအလယ်မှာ နွေးထွေးတဲ့အသက်ရှုသံပြင်းပြင်းနဲ့ နာကျင်မှုကြောင့်ညည်းညူသည့် အသံသေးသေးကလွင့်ပျယ်နေသည်။

ညနေက ထိုးစိုက်မိတဲ့ခြေမမှကျောက်ခဲက အခုတော့ရှောင်းကျန့်ကိုအကြီးကြီးဒုက္ခပေးနေပါပြီလေ။ဝမ်က နှုတ်ပြစ်လိုက်ဖို့အကြိမ်ကြိမ်ပြောပေမဲ့ ခေါင်းမာစွာငြင်းဆန်မိတာသူ့အမှား။
အခုတော့ အနာကပိုဆိုးပြီး သူ့ခြေဖဝါးတစ်ခုလုံးယောင်ကာ ကိုက်ခဲနေပြီဖြစ်သည်။

"အင့် ဟင်းး "

ခန္ဓာကိုယ်ကိုလှုပ်ရှားချင်ပေမဲ့ နည်းနည်လေးရွေ့လိုက်တာနဲ့ဆတ်ဆတ်ထိမခံဖြစ်နေတဲ့ခြေထောက်ကြောင့် အဆင်ပြေမှုမရှိ။ဝမ်ကလည်းသူ့ကိုတစ်လမ်းလုံးကျောပိုးလာရလို့ထင်သည်အိပ်မောကျနေတော့ နှိုးလည်းမနှိုးလိုက်ချင်။

"ကော ! "

အမှောင်ထုထဲမှာတိုးထွက်လာတဲ့သြရှရှအသံက အနည်းငယ်ကျယ်သည်။သူအရမ်းလှုပ်နေလို့ဝမ်နိုးသွားတာဖြစ်မည်။

"ဘာမှမဖြစ်ဘူး ပြန်အိပ် "

"နာနေလို့မဟုတ်လား ? "

အမှန်တရားပဲမို့ ရှောင်းကျန့်ကဘာမှမပြောပဲဆိတ်ဆိတ်နေလိုက်သည်။ခဏကြာတော့ သက်ပြင်းချသံလေးလေးနဲ့အတူ စားပွဲပေါ်က မိးအိမ်လေးကပါလင်းလာပြီး ဝမ်ရဲ့မျက်နှာဖြူဖြူလေးကထင်းကနဲပေါ်လာသည်။

"အဲ့တာကျောက်ခဲကြောင့် ... မနှုတ်လို့မရဘူး နှုတ်မှရမယ်။နာလည်းခဏပဲ သည်းခံလိုက်နော် "

ရှောင်းကျန့်ကမလုပ်နဲ့လို့ပြောလိုက်ချင်ပေမဲ့လည်း သူခံစားနေရတာကိုဒီထက်ပိုဆိုးမလာစေချင်တော့ပေ။ဒါကအရမ်းနာတယ် ပြီးတော့ နေရထိုင်ရလည်းခက်တယ်။
ဝမ်က အခန်းပြင်ထွက်ပြီး ညှပ်သေးသေးလေးနဲ့ဂွမ်း ၊ အရက်ပြန် ဆေးတွေကိုပါယူလာသည်။

"ဘာမှမဖြစ်ဘူး ခဏလေးပဲနာမှာ ! အရမ်းခံရခက်ရင် ကျွန်တော့်လက်မောင်းကိုကုတ်လိုက် "

ပါးစပ်ကလည်းတတွတ်တွတ်နဲ့မှာရင်း ဝမ်ကရှောင်းကျန့်ခြေထောက်ကိုဖွဖွလေးဆွဲယူလိုက်သည်။ဒါတောင်မှ တွန့်ဆုတ်ဆုတ်ဖြစ်ချင်နေတဲ့ခြေဖမိုးလေးကိုအသာပွတ်သပ်ပြီး ကြောက်ရွံနေတဲ့မျက်လုံးတွေစိုက်ကာကြည့်လိုက်သည်။

Remember me❣(YiZhan) Completed. Where stories live. Discover now