system 091

TeeKo0 tarafından

1.1M 121K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... Daha Fazla

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(5.12)

6K 699 47
TeeKo0 tarafından

Unicode

ဂူအတွင်းပိုင်းသို့လေးယောက်သားလျှောက်လှမ်းလာခဲ့ကြပြီးရှောင်ကျန့်ကလိုက်လံစူးစမ်းသည်။ကျန်သုံးယောက်လုံးမှာရှောင်ကျန့်ကြောင့်သာလိုက်ပါလာခဲ့ကြတာဖြစ်၍ဘာကြောင့်အထဲဝင်လာမှန်းတောင်မသိကြပေ။

လှိုဏ်ဂူအတွင်းပိုင်းမှာလွန်စွာရှည်လျားလွန်းလှသည်။သူတို့လျှောက်သည်။ဆက်လျှောက်သည်။သို့ပေမယ့်သုံးနာရီကြာအောင်လျှောက်လှမ်းပြီးသည်အထိလမ်းအဆုံးကိုမမြင်တွေ့ရသေးပေ။

သို့သော်လည်းရှောင်ကျန့်ရဲ့ဦးဆောင်မှုနဲ့အတူမည်သူမှညီးညူခြင်းမရှိကြချေ။အတော်လေးကြာအောင်လျှောက်လှမ်းပြီးနောက်တွင်လမ်းခြောက်ခုခွဲနေရာလမ်းကြောင်းကိုရောက်ရှိလာကြသည်။

လမ်းကခြောက်ခုကွဲနေရာမည်သည့်နေရာကိုဝင်သွားရမှန်းမသိကြတော့ပေ။သို့ပေမယ့်လည်းထိုအချိန်လေး၌ရှောင်ကျန့်ဟာရင်းနှီးသည့်ပင်လယ်ရနံ့ကိုခံစားလိုက်ရသည်။ထူးဆန်းစွာပင်ထိုပင်လယ်ရနံ့မှာသူ့စွမ်းအင်နှင့်သဟဇာတရှိနေပြီးလွန်စွာရင်းနှီးနေခဲ့သည်။

ပင်လယ်ရနံ့၏ဦးတည်ရာလမ်းတစ်ခုကိုရွေးချယ်လိုက်ပြီးထပ်မံလျှောက်လာကြပြန်သည်။တစ်နာရီခန့်လျှောက်လှမ်းလာပြီးနောက်တွင်ဂူကြမ်းပြင်တွေမှာတစ်ဝုန်းဝုန်းတုန်ခါလာကြောင်းခံစားမိလိုက်ကြသည်။အရှေ့သို့ပိုတိုးသွားလေပိုမိုတုန်ခါလာလေဖြစ်ပြီးကျင့်ကြံသူတစ်ယောက်တောင်မှမတ်တပ်ရပ်ဖို့ရန်ခက်ခဲလာသည်အထိပင်။

"ဆက်သွားကြရအောင်"

'ချင်း'မျိုးရိုးအမွှာနှစ်ယောက်နှင့်လဲ့ချင်းယန်ကမငြင်းဆန်ကြပေ။သူတို့ကရှောင်ကျန့်ရဲ့စိတ်လှုပ်ရှားမှုကိုသတိထားမိကြသည်။

နောက်ဆုံးမှာတော့သူတို့လေးယောက်ဟာလှိုဏ်ဂူအဆုံးတွင်ကြီးမားကျယ်ပြန့်သည့်လှိုဏ်ခေါင်းကြီးဆီသို့ရောက်ရှိလာကြသည်။

၎င်းကြီးမားလှသည့်လှိုဏ်ခေါင်းကြီးအလည်တွင်တိုက်ခိုက်နေကြသည့်လူသုံးဦးရှိနေခဲ့၏။ထိုသူသုံးဦး၏အရှိန်အဝါမှာလွန်စွာကြောက်မက်ဖွယ်ကောင်းပြီးကောင်းကင်အရောင်ကိုတောင်ပြောင်းလဲသွားစေနိုင်သည်အထိပြင်းထန်သိပ်သည်းသည်။

လူသုံးဦးတိုက်ခိုက်နေသည်ဆိုတာထက်မိန်းကလေးတစ်ဦးကိုအနက်ရောင်ဝတ်တိုက်ခိုက်ရေးသမားနှစ်ယောက်ဝိုင်းတိုက်ခိုက်နေသည်ဆိုရင်ပိုမှန်ကန်ပေလိမ့်မည်။မိန်းကလေးဖြစ်သူမှာအဖြူရောင်ပိုးသားဝတ်စုံကိုဝတ်ဆင်ထားပြီးလွန်စွာလှပသည်။သူမတွင်မီးခိုးရောင်ဖျော့ဖျော့မက်မွန်ပွင့်သဏ္ဍာန်မျက်လုံးဝိုင်းတစ်စုံနဲ့အတူလှပတဲ့ချယ်ရီရောင်နှုတ်ခမ်းပါးရဲရဲလေးတစ်စုံလည်းရှိသည်။

နှာတံသွယ်သွယ်စင်းစင်းလေးနှင့်ဘဲဥသဏ္ဍာန်မျက်နှာလေးကိုပါထည့်ပေါင်းလိုက်ပါကတကယ့်ကိုပြည်ပျက်စေနိုင်သည့်အလှလေးတစ်ယောက်ပင်ဖြစ်သည်။သူမ၏ဘေးနားတွင်ယုန်ဖြူလေးတစ်ကောင်မှာပျံသန်းလျက်ရှိနေပြီးအနက်ရောင်ဝတ်တိုက်ခိုက်သူနှစ်ဦးကိုလျှပ်တစ်ပြက်ဖြင့်လျှင်မြန်စွာတိုက်ခိုက်ပေး၍မိန်းကလေး၏ဖိအားကိုလျော့ချပေးနေသည်။

ထိုယုန်ဖြူလေးမှာလျှပ်စီးကဲ့သို့အလွန်လျှင်မြန်လှသောကြောင့်အနက်ရောင်ဝတ်တိုက်ခိုက်သူနှစ်ဦးမှာဖမ်းဆီးမရဖြစ်နေခဲ့သည်။ထိုယုန်အမျိုးအစားသားရဲမှာမိန်းကလေး၏ကိုယ်ပိုင်စာချုပ်သားရဲဖြစ်ပြီးလျှပ်စီးယုန်ဟုခေါ်သည်။လျှပ်စီးယုန်တွေမှာလွန်စွာလျှင်မြန်ပြီးခြုံခိုတိုက်ခိုက်ရာတွင်လွန်စွာကျွမ်းကျင်ကြသည်။

တိုင်းပြည်ပျက်လောက်အောင်လှပသည့်မိန်းကလေးမှာအမှန်တကယ်ကိုဇာတ်လိုက်မ*2*ဖြစ်သူအကြီးအကဲဆု(ခေါ်)ဆုဖေးယွဲ့သာဖြစ်သည်။ကျန်အနက်ရောင်ဝတ်တိုက်ခိုက်သူနှစ်ဦးမှာကြီးမြတ်သူအဆင့်၃နှစ်ဦးဖြစ်သော်လည်းကြီးမြတ်သူအဆင့်၂ဆုဖေးယွဲ့မှာဇာတ်လိုက်မတစ်ယောက်ရဲ့အရှိန်အဝါကြောင့်ထိန်းချုပ်နိုင်ခဲ့သည်။သို့သော်လည်းအချိန်ကြာလာတာနဲ့အမျှဆုဖေးယွဲ့၏ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာဒဏ်ချက်တွေမှာပိုမိုများပြားသထက်များပြားလာပြီးထိန်းချုပ်ရန်ခက်ခဲလာသည်။

လေပေါ်ရှိတိုက်ပွဲမှာလွန်စွာကြောက်မက်ဖွယ်ကောင်းပြီးပြင်းထန်နေပေမယ့်ကျောက်ဂူ၏အဆုံးမရှိဟန်ကျယ်ပြန့်သောနေရာကြီး၌ကျောက်စလေးတစ်စတောင်ပဲ့ထွက်မသွားခဲ့ပါချေ။၎င်းကကြီးမြတ်သာအဆင့်ကျင့်ကြံသူတွေကြားကပြင်းထန်သောတိုက်ပွဲဖြစ်ပေမယ့်လည်းပတ်ဝန်းကျင်မှာတစ်ခုမှထိခိုက်ခြင်းမရှိတာကိုကြည့်ခြင်းအားဖြင့်ကျောက်ဂူကြီးမှာမည်မျှထိထူးဆန်းပြီးခိုင်ခံကြောင်းသိသာထင်ရှားနေသည်။

ရှောင်ကျန့်ကလေပေါ်ရှိတိုက်ပွဲကိုတစ်ချက်လောက်သာမော့ကြည့်ပြီးကျောက်ဂူတစ်ဖက်ခြမ်းမှာရှိနေတဲ့အပြာရောင်မုဒ်ဝကြီးကိုသာစိတ်လှုပ်ရှားသည့်မျက်လုံးနက်လေးတွေနဲ့စိုက်ကြည့်လိုက်သည်။

ရှောင်ကျန့်ရဲ့ခြေထောက်လေးတွေမှာလှုပ်ရှားသွားပြီးထိုအပြာရောင်မုဒ်ဝကြီးဆီသို့စိတ်လှုပ်ရှားမှုကြီးစွာဖြင့်ပြေးသွားလိုက်သည်။သိထားရမည်မှာ၎င်းမုဒ်ဝဆီသို့သွားရာလမ်းနားတွင်ကြီးမြတ်သူအဆင့်သုံးယောက်မှာပြင်းပြင်းထန်ထန်တိုက်ခိုက်နေခြင်းဖြစ်သည်။

သို့သော်လည်းရှောင်ကျန့်ကလုံးဝအာရုံစိုက်ခြင်းမရှိပါပဲပြေးထွက်သွားသည်။လဲ့ချင်းယန်၏မျက်နှာမှာလုံးဝဖြူဖျော့သွားပြီးသူ့အဖေအတွက်အလွန်စိတ်ပူသွားသည်။ကြီးမြတ်သူအဆင့်ကျင့်ကြံသူတွေဆီကထွက်ပေါ်လာသည့်သာမန်လှိုင်းလေးတစ်ခုကပင်နတ်ဘုရားအဆင့်ကျင့်ကြံသူတွေကိုသတ်ဖြတ်ဖို့ရန်လုံလောက်နေပြီဖြစ်သည်။

ထိုအခိုက်တွင်ဆုဖေးယွဲ့အပါအဝင်တိုက်ခိုက်နေသူဝတ်ရုံနက်နှစ်ဦးဟာလည်းရှောင်ကျန့်ကိုသတိထားမိလိုက်ကြသည်။အကြီးအကဲဆု(ခေါ်)ဇာတ်လိုက်မဆုဖေးယွဲ့၏မျက်နှာအမူအရာမှာပျက်ယွင်းသွားပြီးရှောင်ကျန့်ကိုအော်ပြောလိုက်သည်။

"ဒီနားကိုမလာနဲ့!!!!"

သို့ပေမယ့်လည်းရှောင်ကျန့်ကတော့သူမ၏အသံကိုမကြားသလိုမျိုးပြုမူကာအရှေ့သို့သာဆက်လျှောက်သွားသည်။

"အဖေ!!!အန္တရာယ်အရမ်းများတယ်!!!"

လဲ့ချင်းယန်ဟာလည်းစိုးရိမ်ပူပန်စွာလှမ်းအော်ရင်းသူ့အဖေဖြစ်သူဆီစိတ်မချစွာပြေးလာသည်။အနက်ရောင်ဝတ်တိုက်ခိုက်သူနှစ်ဦးဟာတော့အကုန်လုံးကိုလှောင်ရယ်,ရယ်ကာတစ်ဦးကရှောင်ကျန့်ဆီကြောက်မက်ဖွယ်ရာဓားလှိုင်းတစ်ခုကိုပြစ်လွှတ်လိုက်သည်။

သူတို့အတွက်ဒီပုရွက်ဆိတ်လေးတွေမှာသေချင်နေလို့ရောက်ရှိလာတာဟုသာသတ်မှတ်ထားလိုက်ကြသည်။

လဲ့ချင်းယန်ကရှောင်ကျန့်ဆီအချိန်မှီမရောက်လိုက်နိုင်တာကြောင့်သူ့ရဲ့မျက်လုံးတွေမှာနီရဲလာ၏။

ဓားလှိုင်းကလွန်စွာလျှင်မြန်သည်။ရှောင်ကျန့်က၎င်းကိုမြင်သော်လည်းတစ်စက်ကလေးမှစိုးရိမ်ပူပန်နေခြင်းမရှိပါချေ။ဒီလူကကြီးမြတ်သူအဆင့်ကကျင့်ကြံသူလေးတွေပဲမဟုတ်ပါလား။သူ့အတွက်တော့ဒီလူတွေမှာတကယ်ဘာဆိုဘာမှဟုတ်မနေချ။သူ့လက်အောက်တွင်ပဲကြီးမြတ်သောကောင်းကင်နတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ဒါဇင်ကျော်လောက်ရှိသည်။

ကြီးမြတ်သူအဆင့်ကျင့်ကြံသူတွေဆိုသည်မှာရွှမ်ကုန်းမြေတိုက်ကြီး၌ပင်လွန်စွာရှားပါးသော်လည်းသူ့လိုရေသူဘုရင်လက်အောက်တွင်တော့ရှားပါးခြင်းမရှိပေ။

လူတိုင်း၏အကြည့်အောက်၌ပင်ဓားလှိုင်းမှာနီးကပ်သထက်နီးကပ်လာပြီးထိုအချိန်လေး၌ရှောင်ကျန့်၏သေးသွယ်သောခါးတစ်ဝိုက်မှာတင်းကြပ်သွားပြီးသန်မာသောလက်မောင်းတစ်စုံ၏တင်းတင်းကြပ်ကြပ်ပွေ့ဖက်ခြင်းကိုခံလိုက်ရသည်။

လှပသောအစိမ်းရောင်အကာအရံလေးတစ်ခုမှာရှောင်ကျန့်၏အနားတစ်ဝိုက်ကိုရစ်ပတ်သွားပြီးကြမ်းတမ်းရက်စက်သည့်ဓားလှိုင်းကိုပေါ့ပေါ့ပါးပါးချေဖျက်လိုက်လေသည်။ရှောင်ကျန့်မော့ကြည့်လိုက်တော့ဒေါသကြောင့်မေးကြောတွေထောင်ထနေသည့်အစိမ်းရောင်မျက်လုံးနှင့်ချင်းယွမ်အန်းကိုမြင်တွေ့လိုက်ရသည်။ချင်းယွမ်အန်း၏သူ့အပေါ်အပြုအမူတွေအားလုံးမှာလွန်စွာငြင်သာလှသော်လည်းတစ်ခါသူ့မျက်လုံးအတွင်းရှိပြင်းထန်သည့်ဒေါသကိုမဖုံးကွယ်နိုင်ပါချေ။

ထိုမထင်မှတ်ထားသည့်အဖြစ်အပျက်ကြောင့်အနက်ရောင်ဝတ်တိုက်ခိုက်သူနှစ်ဦးနှင့်ဆုဖေးယွဲ့တို့မှာလုံးဝကြောင်အမှင်သက်သွားသည်။ထိုအခိုက်၌ရှောင်ကျန့်၏အရှေ့တွင်ချင်းယွမ်မူမှာသူ့ရဲ့ချောမောသောအေးတိအေးစက်မျက်နှာနှင့်အတူဖျက်ကနဲပေါ်ပေါက်လာသည်။

ချင်းယွမ်မူ၏အေးတိအေးစက်ပယင်းရောင်မျက်ဝန်းတစ်စုံမှာပြင်းထန်သည့်ဒေါသကြောင့်မျက်လုံးထောင့်တွေအနည်းငယ်နီရဲနေသည်။ဒီတိုက်ခိုက်မှုလေးကရှောင်ကျန့်ကိုမထိခိုက်စေနိုင်ဘူးဆိုတာသိကြပေမယ့်လည်းဒါကသူတို့ကိုဒေါသမထွက်စေဘူးဟုဆိုလိုတာမဟုတ်ပေ။

ရှောင်ကျန့်ကိုပါးစပ်နဲ့စော်ကားရင်တောင်တစ်စက်လေးမှသည်းမခံနိုင်သည့်သူတို့နှစ်ယောက်အတွက်ဒီလိုလက်နဲ့ရွယ်ပြီးတိုက်ခိုက်ခဲ့တာကဖျောက်ဖျက်မရနိုင်သည့်ပြစ်မှုကြီးတစ်ခုသာဖြစ်သည်။သူတို့တောင်လက်ဖျားလေးနဲ့ထိဖို့မဝံ့မရဲဖြစ်နေချိန်မှာသူစိမ်းတစ်ယောက်ကထိခိုက်အောင်လုပ်ရဲတယ်တဲ့လား။

ချင်းယွမ်မူ၏မျက်နှာမှာမုန်တိုင်းတိုက်တော့မလိုမဲမှောင်နေခဲ့ပြီးသူ့ရဲ့လက်ဖဝါးတစ်ဖက်ကိုမြှောက်လာသည်။အနက်ရောင်ဝတ်တိုက်ခိုက်သူနှစ်ယောက်၏မျက်လုံးထဲတွင်လက်ဖဝါးထက်ကကျရောက်လာသည့်ကြောက်မက်ဖွယ်ရာဖိအားကြောင့်ထိတ်လန့်တုန်လှုပ်ခြောက်ခြားမှုတွေမြင်တွေ့နေရသည်။သူတို့၏အကွာအဝေးမှာအတော်လေးခြားနားပေမယ့်၎င်းကိုပြင်းထန်စွာခံစားနေရသည်။

ကောင်းကင်ကြီးတစ်ခုလုံးပြိုကျလာသကဲ့သို့ဖိအားနှင့်အတူ၎င်းဖိအားဒဏ်ကိုခံနိုင်ရည်မရှိတော့သည့်အနက်ရောင်ဝတ်တိုက်ခိုက်သူနှစ်ဦး၏ခန္ဓာကိုယ်တွေမှာတဖြည်းဖြည်းအက်ကွဲလာခဲ့သည်။အက်ကွဲကြောင်းတွေထဲကနေသွေးတွေမှာကြောက်မက်ဖွယ်ကောင်းအောင်စီးကျလာခဲ့၏။

ချင်းယွမ်မူဟာသူ့လက်ဖဝါးတစ်စုံတစ်ခုအားချေမွပြစ်လိုက်သကဲ့သို့ပြုမူလိုက်သည့်အခါတွင်ကြီးမြတ်သူအဆင့်လူနှစ်ယောက်မှာသွေးမြူအဖြစ်သို့အပိုင်းပိုင်းအစစပေါက်ကွဲထွက်သွားသည်။

ထိုသူနှစ်ယောက်၏စိတ်ဝိဥာဥ်အပိုင်းအစနှစ်ခုမှာကြောက်လန့်တကြားထွက်ပြေးဖို့ရန်လုပ်သည်။သို့ပေမယ့်လည်း၎င်းစိတ်ဝိဥာဥ်အလင်းစက်လေးနှစ်ခုမှာထိန်းချုပ်ခံလိုက်ရသလိုမျိုးချင်းယွမ်မူ၏လက်ဖဝါးအတွင်းသို့ရုန်းကန်ရင်းပါသွားခဲ့လေသည်။

စိတ်ဝိဥာဥ်နှစ်ခုသူ့လက်ဖဝါးအတွင်းသို့ရောက်သည်နှင့်ငွေဖြူရောင်မီးတောက်တစ်ခုမှာပြင်းပြင်းထန်ထန်ထတောက်လောင်လာပြီးစိတ်ဝိဥာဥ်နှစ်ခု၏နာကျင်မှုကြီးစွာအော်သံနက်နက်ကြီးမှာပေါ်ပေါက်လာခဲ့၏။သို့သော်လည်းထိုအော်သံနက်ကြီးမှာတစ်စက္ကန့်လောက်သာကြာမြင့်ပြီးချင်းယွမ်မူ၏သိမ်းဆည်းခြင်းကိုခံလိုက်ရသည်။

သူကဒီလူနှစ်ယောက်ကိုစောစောစီးစီးပေးမသေချင်ပေ။ငွေဖြူရောင်မီးတောက်နှင့်နေ့စဥ်နေ့တိုင်းညှဥ်းဆဲခံရပြီးသေလုမတတ်နာကျင်ခံစားရစေချင်သည်။ဒါကရှောင်ကျန့်ကိုထိခိုက်နာကျင်စေချင်ခဲ့တဲ့ဒီလူနှစ်ယောက်၏အဆိုးရွားဆုံး​သောပြစ်ဒဏ်​ဖြစ်သည်။သူတို့ရဲ့ဝိဥာဥ်မှာစက္ကန့်တိုင်း၊မိနစ်တိုင်း၊နာရီတိုင်းအဆုံးမဲ့ပူပြင်းလောင်ကျွမ်းမှုကိုခံစားနေရပြီးအဆုံးသတ်တွင်သူတို့၏ဝိဥာ်ဥ်မှာဒီလောကကြီးထဲနေလုံးဝပျောက်ကွယ်သွားပေလိမ့်မည်ဖြစ်သည်။

အကြီးအကဲဆု(ခေါ်)ဇာတ်လိုက်မဆုဖေးယွဲ့မှာလုံးဝကြက်သေသေပြီးကြောင်အနေသည်။သူမ၏ကိုယ်ပိုင်စာချုပ်သားရဲဖြစ်သူလျှပ်စီးယုန်ဖြူလေးမှာလည်းသူမ၏ရင်ခွင်ထဲတွင်အတင်းတိုးဝေ့ကာရုပ်ချင်းတူသည့်'ချင်း'မျိုးရိုးအမွှာနှစ်ယောက်နှင့်ရှောင်ကျန့်အားကြောက်လန့်တကြညးကြည့်နေခဲ့သည်။

လျှပ်စီးယုန်သားရဲ၏ခန္ဓာကိုယ်သေးသေးလေးမှာကြောက်ရွံ့မှုကြောင့်တစ်ဆတ်ဆတ်တုန်ရီနေသည်။သားရဲတစ်ကောင်၏ပင်ကိုယ်ဗီဇအရထိုလူသုံးယောက်မှာလွန်စွာကြောက်စရာကောင်းပြီးအန္တရာယ်ရှိကြောင်းအလိုလိုသိနေပေသည်။ယုန်ဖြူလေးမှာသူ့ရဲ့ယုန်နားရွက်လေးတွေကိုကုပ်ထားရင်းဆုဖေးယွဲ့၏ရင်ခွင်ထဲကထွက်ကိုမထွက်တော့ပေ။

ဆုဖေးယွဲ့ဆိုရင်အသိစိတ်ဝင်မလာသေးချေ။သူမနှင့်အဆင့်တူ...မဟုတ်...သူမထက်ကျင့်ကြံဆင့်မြင့်မားသည့်ကြီးမြတ်သူအဆင့်လူနှစ်ယောက်မှာတစ်ဖက်လူ၏သာမန်အပြုအမူတစ်ခုလောက်နှင့်တင်အစိတ်စိတ်အမွှာမွှာပေါက်ကွဲပြီးသေဆုံးသွားကြသည်။

အထူးသဖြင့်သူမဟာထိုသူနှစ်ဦး၏အနီးဆုံးတွင်ရှိနေခဲ့တာဖြစ်တာကြောင့်ပိုပြီးရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားမြင်တွေ့လိုက်ရသည်။ထိုအချိန်ကသူမသာအချိန်မှီဝိဥာဥ်စွမ်းအားနှင့်မကာကွယ်ခဲ့ဖူးဆိုရင်သွေးမိုးကြောင့်သူမတစ်ကိုယ်လုံးစိုရွှဲနေပေလိမ့်မည်။

ဘယ်လောက်တောင်စွမ်းအားကြီးမားလိုက်တဲ့လူတွေလဲ.....

မဟုတ်ဘူး....ဒါကလူလို့တောင်ဆိုလို့မရတော့ဘူး....နတ်ဘုရားတွေလို့သုံးနှုန်းရမှာ.....

ရှောင်ကျန့်ကမျက်တောင်နှစ်ချက်ဆက်တိုက်ခတ်လိုက်မိသည်။သူ့တွင်အရမ်းစိုးရိမ်ပြီးအသေးစိတ်ကအစဂရုစိုက်တတ်သည့်ချစ်သူရှိကြောင့်တကယ်မေ့သွားခဲ့သည်။သူထိခိုက်မှာမဟုတ်မှန်းသိရင်တောင်စိုးရိမ်တကြီးပြာယာခတ်နေမည်မှာသေချာလွန်းနေသည်။

အရေးကြီးဆုံးက.....
သူ့ကိုစိုးရိမ်နေတာဘာလို့အမွှာနှစ်ယောက်လုံးဖြစ်နေရတာလဲ.....

သူ့ကိုအကာအကွယ်လွန်နေတဲ့ပုံစံတွေကအစမတိုင်ပင်ပဲနဲ့ကိုတူညီနေကြသည်မဟုတ်ပါလား......

အဲ....ငါထင်သလိုတော့မဟုတ်ဘူးမလား....

ရှောင်ကျန့်ဟာတံတွေးတစ်ချက်မြိုချလိုက်မိသည်။

"ဖေဖေ!!!"

လဲ့ချင်းယန်က,ကမန်းကဆန်းအသံကျယ်ကြီးဖြင့်ရှောင်ကျန်ဆီပြေးလာသည်၏ရှောင်ကျန့်ရဲ့တစ်ကိုယ်လုံးကိုဒဏ်ရာရမရစစ်ဆေးပေးချင်ပေမယ့်လည်းသားသည်မိခင်ကြီးလိုအကဲပိုနေသော
ချင်းယွမ်အန်း၏အပြုအမူကြောင့်လက်လျော့လိုက်ရသည်။

"အဖေ!!အဆင်ပြေရဲ့လား"

"အင်း....ဒီအဖေဘာမှမဖြစ်ပါဘူး"

ရှောင်ကျန့်ကပြုံးရင်းဆိုလိုက်သည်။ချင်းယွမ်မူကစိုးရိမ်သည့်ပယင်းရောင်မျက်လုံးလေးတွေနဲ့ရှောင်ကျန့်အနားချည်းကပ်လာ၏။

"နောက်တစ်ခါကျရင်ဒီလိုမလုပ်ပါနဲ့.....ကိုယ်လုံးဝမခံစားနိုင်ဘူး"

ချင်းယွမ်မူဟာရှောင်ကျန့်ရဲ့လက်ဖမိုးလေးကိုဆွဲယူရင်းသူ့မျက်နှာကြီးထပ်အပ်လိုက်သည်။သူ့မျက်နှာမှအမူအရာမဲ့နေဆဲဖြစ်သော်လည်းပယင်းရောင်မျက်လုံးလေးတွေကတော့ခွေးပေါက်ကြီးတစ်ကောင်ကဲ့သို့ပြုမူနေခဲ့သည်။ချင်းယွမ်အန်း၏ခေါင်းကြီးမှာလည်းရှောင်ကျန့်ရဲ့နောက်ကျောဘက်ကနေတစ်ကိုယ်လုံးသိမ်းကျုံးဖက်ထားရင်းပုခုံးလေးပေါ်သို့ခေါင်းတင်လာသည်။သူကထူးထူးခြားခြားချင်းယွမ်မူပြောသည့်စကားကိုထောက်ခံလာ၏။

"ကိုယ်ရောပဲ...."

ဆုဖေးယွဲ့ဟာမြေပြင်ပေါ်သို့ထပ်မံဆင်းသက်လိုက်ပြီးထိုမြင်ကွင်းကိုအလွန်အံ့အားသင့်သည့်မျက်ဝန်းတွေနဲ့ကြည့်လိုက်မိသည်။ဒီစွမ်းအားကြီးတဲ့လူနှစ်ယောက်အပြင်ကျန်တစ်ယောက်ကပါဒီလူငယ်လေးကိုနည်းနည်းလေးတောင်အပွန်းအပဲ့မခံနိုင်သလိုပြုမူနေကြသည်။

၎င်းကသူမကိုအနည်းငယ်မနာလိုမိစေသော်လည်းမုန်းတီးသည့်စိတ်အခံသေးသေးလေးတောင်ရှိမနေပါချေ။မည်သူမဆိုကိုယ့်အပေါ်အစစ်အမှန်ချစ်ခင်ဂရုစိုက်သည့်လူတစ်ယောက်လောက်တော့အနည်းဆုံးလိုချင်ကြသည်မဟုတ်ပါလား။ထိုအထဲတွင်သူမလည်းချွင်းချက်မဟုတ်ပါချေ။

"ဟို....ကျွန်မနာမည်ကဆုဖေးယွဲ့ပါ....ဒီကအကြီးအကဲတွေကိုခုနကကိစ္စအတွက်ကျေးဇူးအရမ်းတင်ပါတယ်...."

ဆုဖေးယွဲ့ဟာသူမရဲ့ရှည်လျားကော့ညွှတ်သည့်မျက်တောင်ရှည်ကြီးတွေကိုစင်းချထညးလိုက်ရင်းစိတ်ရင်းအမှန်အတိုင်းအရိုအသေပေးကာဆိုသည်။

"မလိုပါဘူး....မလိုပါဘူး..."

ရှောင်ကျန့်ဟာသူ့လက်လေးတွေကိုတစ်ကာကာလုပ်ပြရင်းအားနာနေသည့်ဟန်ပန်လေးဖြင့်ဆိုလာသည်။သူသာမပြောရင်ကျန်နှစ်ယောက်ကတစ်ဖက်မိန်းကလေးကိုသောက်ဂရုတောင်စိုက်မည့်ပုံအပေါ်ချေ။ထို့ကြောင့်လည်းဆုဖေးယွဲ့နေရမခက်စေရန်အမွှာနှစ်ယောက်အစားဝင်ဖြေပေးလိုက်ခြင်းဖြစ်သည်။

ဆုဖေးယွဲ့ကလှပစွာပြုံးလိုက်သည်။ဒီလူငယ်လေးကသူမကိုအနေမကြပ်စေရန်ဝင်ဖြေပေးမှန်းသူမသိသည်။အမွှာဖြစ်ဟန်တူသောနှစ်ယောက်မှာဒီလူငယ်လေးကြောင့်သာမဟုတ်ရင်သူမကိုသတိပင်ထားမိမည်မဟုတ်ကြောင်းခန့်မှန်းမိပါသည်။

သူမ၏တစ်ဖက်လူငယ်လေးအပေါ်ပထမဆုံးအမြင်မှာတင်ကောင်းမွန်သည့်စိတ်အခြေအနေကိုဖန်တီးပေးလာသည်။

ရှောင်ကျန့်ကဆုဖေးယွဲ့နဲ့စကားအနည်းငယ်လောက်အပြန်အလှန်ပြောပြီးနောက်တွင်ချင်းယွမ်အန်း၏ရင်ခွင်အတွင်းမှတိုးထွက်လိုက်ပြီးအပြာရောင်တံခါးမုဒ်ဝကြီးအားစိတ်လှုပ်ရှားခြင်းကြီးစွာဖြင့်ကြည့်လိုက်မိသည်။

သူခံစားမိသည်။ဒီမုဒ်ဝအနောက်တွင်မူလဗီလိန်ဖူလင်း၏ပျောက်ဆုံးနေပြီဖြစ်သည့်သူငယ်ချင်းတစ်ယောက်၏အငွေ့အသက်ကိုခံစားမိသည်။သူထင်တာသာမမှားရင်ဤသည်မှာနဂါးတစ်ကောင်၏အငွေ့အသက်ဖြစ်သည်။၎င်းမှာရေနဂါးတစ်ကောင်ဖြစ်နိုင်ချေများသည်။

ရှောင်ကျန့်ကအပြာရောင်မုဒ်ဝကြီးဆီသို့လျှောက်လှမ်းလာပြီးအရင်ဦးစွာအပြာရောင်မုဒိဝကြီးထဲသူ့လက်တစ်ဖက်ကိုထည့်လိုက်သည်။သူ့လက်ချောင်းလေးတွေမှာအပြာရောင်မုဒ်ဝကြီးထဲဖောက်ဝင်သွားပြီးအထိအတွေ့မှတစ်ဆင့်ငြင်သာသည့်လေပြေနှင့်ရေငွေ့တစ်ချို့အားခံစားမိနေသည်။

ရှောင်ကျန့်မှာစိတ်လှုပ်ရှားမှုကြီးစွာပင်တစ်ခြားသူတွေကိုလက်လှမ်းပြလိုက်ပြီးသူ့အနောက်ကလိုက်ဝင်လာရန်အချက်ပြလှုံ့ဆော်လိုက်သည်။

ရှောင်ကျန့်ကအရင်ဆုံးအပြာရောင်မုဒ်ဝထဲဝင်ရောက်သွားသည်။မုဒ်ဝကိုဖြတ်ကျော်ပြီးသွားသည်နှင့်အေးစက်စက်ကျောက်ဂူကြီးထဲတွင်မဟုတ်တော့ပါပဲတောက်ပသည့်နေရောင်နှင့်အတူပင်လယ်ရနံ့တွေရောနှောနေသည့်ကမ်းခြေကြီးတစ်ခုဖြစ်နေကြောင်းတွေ့လိုက်ရသည်။

ရှောင်ကျန့်ကအဆုံးမရှိကျယ်ပြန့်လှတဲ့ပင်လယ်ကမ်းခြေကြီးကိုသဘောကျနှစ်ခြိုက်စွာကြည့်လိုက်မိသည်။

ရှောင်ကျန့်အနောက်တွင်'ချင်း'မျိုးရိုးဖြင့်အမွှာနှစ်ယောက်အပြင်လဲ့ချင်းယန်နှင့်ဆုဖေးယွဲ့ပါလိုက်လံဝင်ရောက်လာသည်။ဆုဖေးယွဲ့မှာပထမတွင်လိုက်ဝင်ရင်ကောင်းမလား၊မကောင်းဘူးလားဟူ၍စဥ်းစားချင့်ချိန်နေသေးပေမယ့်နောက်ဆုံး၌'ဖြစ်ချင်ရာဖြစ်တော့'ဟူသည့်စိတ်ဖြင့်လိုက်လံဝင်ရောက်လာခြင်းဖြစ်သည်။

ဆုဖေးယွဲ့မှာအစကတည်းကသိနေပြီးသားဖြစ်တာကြောင့်လှပတဲ့ပင်လယ်ကြီးကိုမြင်သည့်အခါတွင်အံ့ဩခြင်းမရှိပါသော်လည်းလဲ့ချင်းယန်၏မျက်လုံးတွေမှာတော့အံ့ဩမှုနဲ့အတူတစ်လဲ့လဲ့တောက်ပလာသည်။

"အဖေ....အဖေ....အရမ်းမိုက်တာပဲ"

ဆုဖေးယွဲ့မှာလဲ့ချင်းယန်၏တစ်ဖေထဲဖေနေသည့်စကားကြောင့်ထူးဆန်းသည့်မျက်နှာဘေးနဲ့လှည့်ကြည့်လိုက်မိသည်။အစကတည်းက'ဖေဖေ'ဒါမှမဟုတ်'အဖေ'လို့ပါးစပ်ကနေမချခဲ့ချေ။သူမကထိုကတည်းကထူးဆန်းသည်ဟုထင်မှတ်မိသော်လည်းတစ်ဖက်အဖွဲ့၏အင်အားကြောင့်ဘာမှတော့သွားမေးမြန်းခြင်းမပြုခဲ့ပေ။

အိုး.....သနားစရာလူငယ်လေးပါလား....ငယ်ငယ်ရွယ်ရွယ်နဲ့အဖေရူး,ရူးနေရှာတယ်....ကျွတ်...ကျွတ်.....

ဆုဖေးယွဲ့ဟာသူမရင်ခွင်ထဲရှိယုန်ဖြူလေးကိုပွတ်သပ်ရင်းသနားငဲ့ငြှာသည်မျက်လုံးတွေနဲ့ဖြေးညင်းစွာခေါင်းယမ်းလိုက်မိသည်။

_________________________________________________________________

Zawgyi

ဂူအတြင္းပိုင္းသို႔ေလးေယာက္သားေလွ်ာက္လွမ္းလာခဲ့ၾကၿပီးေရွာင္က်န့္ကလိုက္လံစူးစမ္းသည္။က်န္သုံးေယာက္လုံးမွာေရွာင္က်န့္ေၾကာင့္သာလိုက္ပါလာခဲ့ၾကတာျဖစ္၍ဘာေၾကာင့္အထဲဝင္လာမွန္းေတာင္မသိၾကေပ။

လွိုဏ္ဂူအတြင္းပိုင္းမွာလြန္စြာရွည္လ်ားလြန္းလွသည္။သူတို႔ေလွ်ာက္သည္။ဆက္ေလွ်ာက္သည္။သို႔ေပမယ့္သုံးနာရီၾကာေအာင္ေလွ်ာက္လွမ္းၿပီးသည္အထိလမ္းအဆုံးကိုမျမင္ေတြ႕ရေသးေပ။

သို႔ေသာ္လည္းေရွာင္က်န့္ရဲ႕ဦးေဆာင္မႈနဲ႕အတူမည္သူမွညီးၫူျခင္းမရွိၾကေခ်။အေတာ္ေလးၾကာေအာင္ေလွ်ာက္လွမ္းၿပီးေနာက္တြင္လမ္းေျခာက္ခုခြဲေနရာလမ္းေၾကာင္းကိုေရာက္ရွိလာၾကသည္။

လမ္းကေျခာက္ခုကြဲေနရာမည္သည့္ေနရာကိုဝင္သြားရမွန္းမသိၾကေတာ့ေပ။သို႔ေပမယ့္လည္းထိုအခ်ိန္ေလး၌ေရွာင္က်န့္ဟာရင္းႏွီးသည့္ပင္လယ္ရနံ႕ကိုခံစားလိုက္ရသည္။ထူးဆန္းစြာပင္ထိုပင္လယ္ရနံ႕မွာသူ႕စြမ္းအင္ႏွင့္သဟဇာတရွိေနၿပီးလြန္စြာရင္းႏွီးေနခဲ့သည္။

ပင္လယ္ရနံ႕၏ဦးတည္ရာလမ္းတစ္ခုကိုေ႐ြးခ်ယ္လိုက္ၿပီးထပ္မံေလွ်ာက္လာၾကျပန္သည္။တစ္နာရီခန့္ေလွ်ာက္လွမ္းလာၿပီးေနာက္တြင္ဂူၾကမ္းျပင္ေတြမွာတစ္ဝုန္းဝုန္းတုန္ခါလာေၾကာင္းခံစားမိလိုက္ၾကသည္။အေရွ႕သို႔ပိုတိုးသြားေလပိုမိုတုန္ခါလာေလျဖစ္ၿပီးက်င့္ႀကံသူတစ္ေယာက္ေတာင္မွမတ္တပ္ရပ္ဖို႔ရန္ခက္ခဲလာသည္အထိပင္။

"ဆက္သြားၾကရေအာင္"

'ခ်င္း'မ်ိဳးရိုးအမႊာႏွစ္ေယာက္ႏွင့္လဲ့ခ်င္းယန္ကမျငင္းဆန္ၾကေပ။သူတို႔ကေရွာင္က်န့္ရဲ႕စိတ္လႈပ္ရွားမႈကိုသတိထားမိၾကသည္။

ေနာက္ဆုံးမွာေတာ့သူတို႔ေလးေယာက္ဟာလွိုဏ္ဂူအဆုံးတြင္ႀကီးမားက်ယ္ျပန့္သည့္လွိုဏ္ေခါင္းႀကီးဆီသို႔ေရာက္ရွိလာၾကသည္။

၎ႀကီးမားလွသည့္လွိုဏ္ေခါင္းႀကီးအလည္တြင္တိုက္ခိုက္ေနၾကသည့္လူသုံးဦးရွိေနခဲ့၏။ထိုသူသုံးဦး၏အရွိန္အဝါမွာလြန္စြာေၾကာက္မက္ဖြယ္ေကာင္းၿပီးေကာင္းကင္အေရာင္ကိုေတာင္ေျပာင္းလဲသြားေစနိုင္သည္အထိျပင္းထန္သိပ္သည္းသည္။

လူသုံးဦးတိုက္ခိုက္ေနသည္ဆိုတာထက္မိန္းကေလးတစ္ဦးကိုအနက္ေရာင္ဝတ္တိုက္ခိုက္ေရးသမားႏွစ္ေယာက္ဝိုင္းတိုက္ခိုက္ေနသည္ဆိုရင္ပိုမွန္ကန္ေပလိမ့္မည္။မိန္းကေလးျဖစ္သူမွာအျဖဴေရာင္ပိုးသားဝတ္စုံကိုဝတ္ဆင္ထားၿပီးလြန္စြာလွပသည္။သူမတြင္မီးခိုးေရာင္ေဖ်ာ့ေဖ်ာ့မက္မြန္ပြင့္သ႑ာန္မ်က္လုံးဝိုင္းတစ္စုံနဲ႕အတူလွပတဲ့ခ်ယ္ရီေရာင္ႏႈတ္ခမ္းပါးရဲရဲေလးတစ္စုံလည္းရွိသည္။

ႏွာတံသြယ္သြယ္စင္းစင္းေလးႏွင့္ဘဲဥသ႑ာန္မ်က္ႏွာေလးကိုပါထည့္ေပါင္းလိုက္ပါကတကယ့္ကိုျပည္ပ်က္ေစနိုင္သည့္အလွေလးတစ္ေယာက္ပင္ျဖစ္သည္။သူမ၏ေဘးနားတြင္ယုန္ျဖဴေလးတစ္ေကာင္မွာပ်ံသန္းလ်က္ရွိေနၿပီးအနက္ေရာင္ဝတ္တိုက္ခိုက္သူႏွစ္ဦးကိုလွ်ပ္တစ္ျပက္ျဖင့္လွ်င္ျမန္စြာတိုက္ခိုက္ေပး၍မိန္းကေလး၏ဖိအားကိုေလ်ာ့ခ်ေပးေနသည္။

ထိုယုန္ျဖဴေလးမွာလွ်ပ္စီးကဲ့သို႔အလြန္လွ်င္ျမန္လွေသာေၾကာင့္အနက္ေရာင္ဝတ္တိုက္ခိုက္သူႏွစ္ဦးမွာဖမ္းဆီးမရျဖစ္ေနခဲ့သည္။ထိုယုန္အမ်ိဳးအစားသားရဲမွာမိန္းကေလး၏ကိုယ္ပိုင္စာခ်ဳပ္သားရဲျဖစ္ၿပီးလွ်ပ္စီးယုန္ဟုေခၚသည္။လွ်ပ္စီးယုန္ေတြမွာလြန္စြာလွ်င္ျမန္ၿပီးၿခဳံခိုတိုက္ခိုက္ရာတြင္လြန္စြာကြၽမ္းက်င္ၾကသည္။

တိုင္းျပည္ပ်က္ေလာက္ေအာင္လွပသည့္မိန္းကေလးမွာအမွန္တကယ္ကိုဇာတ္လိုက္မ*2*ျဖစ္သူအႀကီးအကဲဆု(ေခၚ)ဆုေဖးယြဲ႕သာျဖစ္သည္။က်န္အနက္ေရာင္ဝတ္တိုက္ခိုက္သူႏွစ္ဦးမွာႀကီးျမတ္သူအဆင့္၃ႏွစ္ဦးျဖစ္ေသာ္လည္းႀကီးျမတ္သူအဆင့္၂ဆုေဖးယြဲ႕မွာဇာတ္လိုက္မတစ္ေယာက္ရဲ႕အရွိန္အဝါေၾကာင့္ထိန္းခ်ဳပ္နိုင္ခဲ့သည္။သို႔ေသာ္လည္းအခ်ိန္ၾကာလာတာနဲ႕အမွ်ဆုေဖးယြဲ႕၏ခႏၶာကိုယ္ေပၚရွိဒဏ္ရာဒဏ္ခ်က္ေတြမွာပိုမိုမ်ားျပားသထက္မ်ားျပားလာၿပီးထိန္းခ်ဳပ္ရန္ခက္ခဲလာသည္။

ေလေပၚရွိတိုက္ပြဲမွာလြန္စြာေၾကာက္မက္ဖြယ္ေကာင္းၿပီးျပင္းထန္ေနေပမယ့္ေက်ာက္ဂူ၏အဆုံးမရွိဟန္က်ယ္ျပန့္ေသာေနရာႀကီး၌ေက်ာက္စေလးတစ္စေတာင္ပဲ့ထြက္မသြားခဲ့ပါေခ်။၎ကႀကီးျမတ္သာအဆင့္က်င့္ႀကံသူေတြၾကားကျပင္းထန္ေသာတိုက္ပြဲျဖစ္ေပမယ့္လည္းပတ္ဝန္းက်င္မွာတစ္ခုမွထိခိုက္ျခင္းမရွိတာကိုၾကည့္ျခင္းအားျဖင့္ေက်ာက္ဂူႀကီးမွာမည္မွ်ထိထူးဆန္းၿပီးခိုင္ခံေၾကာင္းသိသာထင္ရွားေနသည္။

ေရွာင္က်န့္ကေလေပၚရွိတိုက္ပြဲကိုတစ္ခ်က္ေလာက္သာေမာ့ၾကည့္ၿပီးေက်ာက္ဂူတစ္ဖက္ျခမ္းမွာရွိေနတဲ့အျပာေရာင္မုဒ္ဝႀကီးကိုသာစိတ္လႈပ္ရွားသည့္မ်က္လုံးနက္ေလးေတြနဲ႕စိုက္ၾကည့္လိုက္သည္။

ေရွာင္က်န့္ရဲ႕ေျခေထာက္ေလးေတြမွာလႈပ္ရွားသြားၿပီးထိုအျပာေရာင္မုဒ္ဝႀကီးဆီသို႔စိတ္လႈပ္ရွားမႈႀကီးစြာျဖင့္ေျပးသြားလိုက္သည္။သိထားရမည္မွာ၎မုဒ္ဝဆီသို႔သြားရာလမ္းနားတြင္ႀကီးျမတ္သူအဆင့္သုံးေယာက္မွာျပင္းျပင္းထန္ထန္တိုက္ခိုက္ေနျခင္းျဖစ္သည္။

သို႔ေသာ္လည္းေရွာင္က်န့္ကလုံးဝအာ႐ုံစိုက္ျခင္းမရွိပါပဲေျပးထြက္သြားသည္။လဲ့ခ်င္းယန္၏မ်က္ႏွာမွာလုံးဝျဖဴေဖ်ာ့သြားၿပီးသူ႕အေဖအတြက္အလြန္စိတ္ပူသြားသည္။ႀကီးျမတ္သူအဆင့္က်င့္ႀကံသူေတြဆီကထြက္ေပၚလာသည့္သာမန္လွိုင္းေလးတစ္ခုကပင္နတ္ဘုရားအဆင့္က်င့္ႀကံသူေတြကိုသတ္ျဖတ္ဖို႔ရန္လုံေလာက္ေနၿပီျဖစ္သည္။

ထိုအခိုက္တြင္ဆုေဖးယြဲ႕အပါအဝင္တိုက္ခိုက္ေနသူဝတ္႐ုံနက္ႏွစ္ဦးဟာလည္းေရွာင္က်န့္ကိုသတိထားမိလိုက္ၾကသည္။အႀကီးအကဲဆု(ေခၚ)ဇာတ္လိုက္မဆုေဖးယြဲ႕၏မ်က္ႏွာအမူအရာမွာပ်က္ယြင္းသြားၿပီးေရွာင္က်န့္ကိုေအာ္ေျပာလိုက္သည္။

"ဒီနားကိုမလာနဲ႕!!!!"

သို႔ေပမယ့္လည္းေရွာင္က်န့္ကေတာ့သူမ၏အသံကိုမၾကားသလိုမ်ိဳးျပဳမူကာအေရွ႕သို႔သာဆက္ေလွ်ာက္သြားသည္။

"အေဖ!!!အႏၱရာယ္အရမ္းမ်ားတယ္!!!"

လဲ့ခ်င္းယန္ဟာလည္းစိုးရိမ္ပူပန္စြာလွမ္းေအာ္ရင္းသူ႕အေဖျဖစ္သူဆီစိတ္မခ်စြာေျပးလာသည္။အနက္ေရာင္ဝတ္တိုက္ခိုက္သူႏွစ္ဦးဟာေတာ့အကုန္လုံးကိုေလွာင္ရယ္,ရယ္ကာတစ္ဦးကေရွာင္က်န့္ဆီေၾကာက္မက္ဖြယ္ရာဓားလွိုင္းတစ္ခုကိုျပစ္လႊတ္လိုက္သည္။

သူတို႔အတြက္ဒီပု႐ြက္ဆိတ္ေလးေတြမွာေသခ်င္ေနလို႔ေရာက္ရွိလာတာဟုသာသတ္မွတ္ထားလိုက္ၾကသည္။

လဲ့ခ်င္းယန္ကေရွာင္က်န့္ဆီအခ်ိန္မွီမေရာက္လိုက္နိုင္တာေၾကာင့္သူ႕ရဲ႕မ်က္လုံးေတြမွာနီရဲလာ၏။

ဓားလွိုင္းကလြန္စြာလွ်င္ျမန္သည္။ေရွာင္က်န့္က၎ကိုျမင္ေသာ္လည္းတစ္စက္ကေလးမွစိုးရိမ္ပူပန္ေနျခင္းမရွိပါေခ်။ဒီလူကႀကီးျမတ္သူအဆင့္ကက်င့္ႀကံသူေလးေတြပဲမဟုတ္ပါလား။သူ႕အတြက္ေတာ့ဒီလူေတြမွာတကယ္ဘာဆိုဘာမွဟုတ္မေနခ်။သူ႕လက္ေအာက္တြင္ပဲႀကီးျမတ္ေသာေကာင္းကင္နတ္ဘုရားအဆင့္က်င့္ႀကံသူတစ္ဒါဇင္ေက်ာ္ေလာက္ရွိသည္။

ႀကီးျမတ္သူအဆင့္က်င့္ႀကံသူေတြဆိုသည္မွာ႐ႊမ္ကုန္းေျမတိုက္ႀကီး၌ပင္လြန္စြာရွားပါးေသာ္လည္းသူ႕လိုေရသူဘုရင္လက္ေအာက္တြင္ေတာ့ရွားပါးျခင္းမရွိေပ။

လူတိုင္း၏အၾကည့္ေအာက္၌ပင္ဓားလွိုင္းမွာနီးကပ္သထက္နီးကပ္လာၿပီးထိုအခ်ိန္ေလး၌ေရွာင္က်န့္၏ေသးသြယ္ေသာခါးတစ္ဝိုက္မွာတင္းၾကပ္သြားၿပီးသန္မာေသာလက္ေမာင္းတစ္စုံ၏တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္ျခင္းကိုခံလိုက္ရသည္။

လွပေသာအစိမ္းေရာင္အကာအရံေလးတစ္ခုမွာေရွာင္က်န့္၏အနားတစ္ဝိုက္ကိုရစ္ပတ္သြားၿပီးၾကမ္းတမ္းရက္စက္သည့္ဓားလွိုင္းကိုေပါ့ေပါ့ပါးပါးေခ်ဖ်က္လိုက္ေလသည္။ေရွာင္က်န့္ေမာ့ၾကည့္လိုက္ေတာ့ေဒါသေၾကာင့္ေမးေၾကာေတြေထာင္ထေနသည့္အစိမ္းေရာင္မ်က္လုံးႏွင့္ခ်င္းယြမ္အန္းကိုျမင္ေတြ႕လိုက္ရသည္။ခ်င္းယြမ္အန္း၏သူ႕အေပၚအျပဳအမူေတြအားလုံးမွာလြန္စြာျငင္သာလွေသာ္လည္းတစ္ခါသူ႕မ်က္လုံးအတြင္းရွိျပင္းထန္သည့္ေဒါသကိုမဖုံးကြယ္နိုင္ပါေခ်။

ထိုမထင္မွတ္ထားသည့္အျဖစ္အပ်က္ေၾကာင့္အနက္ေရာင္ဝတ္တိုက္ခိုက္သူႏွစ္ဦးႏွင့္ဆုေဖးယြဲ႕တို႔မွာလုံးဝေၾကာင္အမွင္သက္သြားသည္။ထိုအခိုက္၌ေရွာင္က်န့္၏အေရွ႕တြင္ခ်င္းယြမ္မူမွာသူ႕ရဲ႕ေခ်ာေမာေသာေအးတိေအးစက္မ်က္ႏွာႏွင့္အတူဖ်က္ကနဲေပၚေပါက္လာသည္။

ခ်င္းယြမ္မူ၏ေအးတိေအးစက္ပယင္းေရာင္မ်က္ဝန္းတစ္စုံမွာျပင္းထန္သည့္ေဒါသေၾကာင့္မ်က္လုံးေထာင့္ေတြအနည္းငယ္နီရဲေနသည္။ဒီတိုက္ခိုက္မႈေလးကေရွာင္က်န့္ကိုမထိခိုက္ေစနိုင္ဘူးဆိုတာသိၾကေပမယ့္လည္းဒါကသူတို႔ကိုေဒါသမထြက္ေစဘူးဟုဆိုလိုတာမဟုတ္ေပ။

ေရွာင္က်န့္ကိုပါးစပ္နဲ႕ေစာ္ကားရင္ေတာင္တစ္စက္ေလးမွသည္းမခံနိုင္သည့္သူတို႔ႏွစ္ေယာက္အတြက္ဒီလိုလက္နဲ႕႐ြယ္ၿပီးတိုက္ခိုက္ခဲ့တာကေဖ်ာက္ဖ်က္မရနိုင္သည့္ျပစ္မႈႀကီးတစ္ခုသာျဖစ္သည္။သူတို႔ေတာင္လက္ဖ်ားေလးနဲ႕ထိဖို႔မဝံ့မရဲျဖစ္ေနခ်ိန္မွာသူစိမ္းတစ္ေယာက္ကထိခိုက္ေအာင္လုပ္ရဲတယ္တဲ့လား။

ခ်င္းယြမ္မူ၏မ်က္ႏွာမွာမုန္တိုင္းတိုက္ေတာ့မလိုမဲေမွာင္ေနခဲ့ၿပီးသူ႕ရဲ႕လက္ဖဝါးတစ္ဖက္ကိုျမႇောက္လာသည္။အနက္ေရာင္ဝတ္တိုက္ခိုက္သူႏွစ္ေယာက္၏မ်က္လုံးထဲတြင္လက္ဖဝါးထက္ကက်ေရာက္လာသည့္ေၾကာက္မက္ဖြယ္ရာဖိအားေၾကာင့္ထိတ္လန့္တုန္လႈပ္ေျခာက္ျခားမႈေတြျမင္ေတြ႕ေနရသည္။သူတို႔၏အကြာအေဝးမွာအေတာ္ေလးျခားနားေပမယ့္၎ကိုျပင္းထန္စြာခံစားေနရသည္။

ေကာင္းကင္ႀကီးတစ္ခုလုံးၿပိဳက်လာသကဲ့သို႔ဖိအားႏွင့္အတူ၎ဖိအားဒဏ္ကိုခံနိုင္ရည္မရွိေတာ့သည့္အနက္ေရာင္ဝတ္တိုက္ခိုက္သူႏွစ္ဦး၏ခႏၶာကိုယ္ေတြမွာတျဖည္းျဖည္းအက္ကြဲလာခဲ့သည္။အက္ကြဲေၾကာင္းေတြထဲကေနေသြးေတြမွာေၾကာက္မက္ဖြယ္ေကာင္းေအာင္စီးက်လာခဲ့၏။

ခ်င္းယြမ္မူဟာသူ႕လက္ဖဝါးတစ္စုံတစ္ခုအားေခ်မြျပစ္လိုက္သကဲ့သို႔ျပဳမူလိုက္သည့္အခါတြင္ႀကီးျမတ္သူအဆင့္လူႏွစ္ေယာက္မွာေသြးျမဴအျဖစ္သို႔အပိုင္းပိုင္းအစစေပါက္ကြဲထြက္သြားသည္။

ထိုသူႏွစ္ေယာက္၏စိတ္ဝိဥာဥ္အပိုင္းအစႏွစ္ခုမွာေၾကာက္လန့္တၾကားထြက္ေျပးဖို႔ရန္လုပ္သည္။သို႔ေပမယ့္လည္း၎စိတ္ဝိဥာဥ္အလင္းစက္ေလးႏွစ္ခုမွာထိန္းခ်ဳပ္ခံလိုက္ရသလိုမ်ိဳးခ်င္းယြမ္မူ၏လက္ဖဝါးအတြင္းသို႔႐ုန္းကန္ရင္းပါသြားခဲ့ေလသည္။

စိတ္ဝိဥာဥ္ႏွစ္ခုသူ႕လက္ဖဝါးအတြင္းသို႔ေရာက္သည္ႏွင့္ေငြျဖဴေရာင္မီးေတာက္တစ္ခုမွာျပင္းျပင္းထန္ထန္ထေတာက္ေလာင္လာၿပီးစိတ္ဝိဥာဥ္ႏွစ္ခု၏နာက်င္မႈႀကီးစြာေအာ္သံနက္နက္ႀကီးမွာေပၚေပါက္လာခဲ့၏။သို႔ေသာ္လည္းထိုေအာ္သံနက္ႀကီးမွာတစ္စကၠန့္ေလာက္သာၾကာျမင့္ၿပီးခ်င္းယြမ္မူ၏သိမ္းဆည္းျခင္းကိုခံလိုက္ရသည္။

သူကဒီလူႏွစ္ေယာက္ကိုေစာေစာစီးစီးေပးမေသခ်င္ေပ။ေငြျဖဴေရာင္မီးေတာက္ႏွင့္ေန႕စဥ္ေန႕တိုင္းညွဥ္းဆဲခံရၿပီးေသလုမတတ္နာက်င္ခံစားရေစခ်င္သည္။ဒါကေရွာင္က်န့္ကိုထိခိုက္နာက်င္ေစခ်င္ခဲ့တဲ့ဒီလူႏွစ္ေယာက္၏အဆိုး႐ြားဆုံးေသာျပစ္ဒဏ္ျဖစ္သည္။သူတို႔ရဲ႕ဝိဥာဥ္မွာစကၠန့္တိုင္း၊မိနစ္တိုင္း၊နာရီတိုင္းအဆုံးမဲ့ပူျပင္းေလာင္ကြၽမ္းမႈကိုခံစားေနရၿပီးအဆုံးသတ္တြင္သူတို႔၏ဝိဥာ္ဥ္မွာဒီေလာကႀကီးထဲေနလုံးဝေပ်ာက္ကြယ္သြားေပလိမ့္မည္ျဖစ္သည္။

အႀကီးအကဲဆု(ေခၚ)ဇာတ္လိုက္မဆုေဖးယြဲ႕မွာလုံးဝၾကက္ေသေသၿပီးေၾကာင္အေနသည္။သူမ၏ကိုယ္ပိုင္စာခ်ဳပ္သားရဲျဖစ္သူလွ်ပ္စီးယုန္ျဖဴေလးမွာလည္းသူမ၏ရင္ခြင္ထဲတြင္အတင္းတိုးေဝ့ကာ႐ုပ္ခ်င္းတူသည့္'ခ်င္း'မ်ိဳးရိုးအမႊာႏွစ္ေယာက္ႏွင့္ေရွာင္က်န့္အားေၾကာက္လန့္တၾကညးၾကည့္ေနခဲ့သည္။

လွ်ပ္စီးယုန္သားရဲ၏ခႏၶာကိုယ္ေသးေသးေလးမွာေၾကာက္႐ြံ႕မႈေၾကာင့္တစ္ဆတ္ဆတ္တုန္ရီေနသည္။သားရဲတစ္ေကာင္၏ပင္ကိုယ္ဗီဇအရထိုလူသုံးေယာက္မွာလြန္စြာေၾကာက္စရာေကာင္းၿပီးအႏၱရာယ္ရွိေၾကာင္းအလိုလိုသိေနေပသည္။ယုန္ျဖဴေလးမွာသူ႕ရဲ႕ယုန္နား႐ြက္ေလးေတြကိုကုပ္ထားရင္းဆုေဖးယြဲ႕၏ရင္ခြင္ထဲကထြက္ကိုမထြက္ေတာ့ေပ။

ဆုေဖးယြဲ႕ဆိုရင္အသိစိတ္ဝင္မလာေသးေခ်။သူမႏွင့္အဆင့္တူ...မဟုတ္...သူမထက္က်င့္ႀကံဆင့္ျမင့္မားသည့္ႀကီးျမတ္သူအဆင့္လူႏွစ္ေယာက္မွာတစ္ဖက္လူ၏သာမန္အျပဳအမူတစ္ခုေလာက္ႏွင့္တင္အစိတ္စိတ္အမႊာမႊာေပါက္ကြဲၿပီးေသဆုံးသြားၾကသည္။

အထူးသျဖင့္သူမဟာထိုသူႏွစ္ဦး၏အနီးဆုံးတြင္ရွိေနခဲ့တာျဖစ္တာေၾကာင့္ပိုၿပီးရွင္းရွင္းလင္းလင္းျပတ္ျပတ္သားသားျမင္ေတြ႕လိုက္ရသည္။ထိုအခ်ိန္ကသူမသာအခ်ိန္မွီဝိဥာဥ္စြမ္းအားႏွင့္မကာကြယ္ခဲ့ဖူးဆိုရင္ေသြးမိုးေၾကာင့္သူမတစ္ကိုယ္လုံးစို႐ႊဲေနေပလိမ့္မည္။

ဘယ္ေလာက္ေတာင္စြမ္းအားႀကီးမားလိုက္တဲ့လူေတြလဲ.....

မဟုတ္ဘူး....ဒါကလူလို႔ေတာင္ဆိုလို႔မရေတာ့ဘူး....နတ္ဘုရားေတြလို႔သုံးႏႈန္းရမွာ.....

ေရွာင္က်န့္ကမ်က္ေတာင္ႏွစ္ခ်က္ဆက္တိုက္ခတ္လိုက္မိသည္။သူ႕တြင္အရမ္းစိုးရိမ္ၿပီးအေသးစိတ္ကအစဂ႐ုစိုက္တတ္သည့္ခ်စ္သူရွိေၾကာင့္တကယ္ေမ့သြားခဲ့သည္။သူထိခိုက္မွာမဟုတ္မွန္းသိရင္ေတာင္စိုးရိမ္တႀကီးျပာယာခတ္ေနမည္မွာေသခ်ာလြန္းေနသည္။

အေရးႀကီးဆုံးက.....
သူ႕ကိုစိုးရိမ္ေနတာဘာလို႔အမႊာႏွစ္ေယာက္လုံးျဖစ္ေနရတာလဲ.....

သူ႕ကိုအကာအကြယ္လြန္ေနတဲ့ပုံစံေတြကအစမတိုင္ပင္ပဲနဲ႕ကိုတူညီေနၾကသည္မဟုတ္ပါလား......

အဲ....ငါထင္သလိုေတာ့မဟုတ္ဘူးမလား....

ေရွာင္က်န့္ဟာတံေတြးတစ္ခ်က္ၿမိဳခ်လိဳက္မိသည္။

"ေဖေဖ!!!"

လဲ့ခ်င္းယန္က,ကမန္းကဆန္းအသံက်ယ္ႀကီးျဖင့္ေရွာင္က်န္ဆီေျပးလာသည္၏ေရွာင္က်န့္ရဲ႕တစ္ကိုယ္လုံးကိုဒဏ္ရာရမရစစ္ေဆးေပးခ်င္ေပမယ့္လည္းသားသည္မိခင္ႀကီးလိုအကဲပိုေနေသာ
ခ်င္းယြမ္အန္း၏အျပဳအမူေၾကာင့္လက္ေလ်ာ့လိုက္ရသည္။

"အေဖ!!အဆင္ေျပရဲ႕လား"

"အင္း....ဒီအေဖဘာမွမျဖစ္ပါဘူး"

ေရွာင္က်န့္ကၿပဳံးရင္းဆိုလိုက္သည္။ခ်င္းယြမ္မူကစိုးရိမ္သည့္ပယင္းေရာင္မ်က္လုံးေလးေတြနဲ႕ေရွာင္က်န့္အနားခ်ည္းကပ္လာ၏။

"ေနာက္တစ္ခါက်ရင္ဒီလိုမလုပ္ပါနဲ႕.....ကိုယ္လုံးဝမခံစားနိုင္ဘူး"

ခ်င္းယြမ္မူဟာေရွာင္က်န့္ရဲ႕လက္ဖမိုးေလးကိုဆြဲယူရင္းသူ႕မ်က္ႏွာႀကီးထပ္အပ္လိုက္သည္။သူ႕မ်က္ႏွာမွအမူအရာမဲ့ေနဆဲျဖစ္ေသာ္လည္းပယင္းေရာင္မ်က္လုံးေလးေတြကေတာ့ေခြးေပါက္ႀကီးတစ္ေကာင္ကဲ့သို႔ျပဳမူေနခဲ့သည္။ခ်င္းယြမ္အန္း၏ေခါင္းႀကီးမွာလည္းေရွာင္က်န့္ရဲ႕ေနာက္ေက်ာဘက္ကေနတစ္ကိုယ္လုံးသိမ္းက်ဳံးဖက္ထားရင္းပုခုံးေလးေပၚသို႔ေခါင္းတင္လာသည္။သူကထူးထူးျခားျခားခ်င္းယြမ္မူေျပာသည့္စကားကိုေထာက္ခံလာ၏။

"ကိုယ္ေရာပဲ...."

ဆုေဖးယြဲ႕ဟာေျမျပင္ေပၚသို႔ထပ္မံဆင္းသက္လိုက္ၿပီးထိုျမင္ကြင္းကိုအလြန္အံ့အားသင့္သည့္မ်က္ဝန္းေတြနဲ႕ၾကည့္လိုက္မိသည္။ဒီစြမ္းအားႀကီးတဲ့လူႏွစ္ေယာက္အျပင္က်န္တစ္ေယာက္ကပါဒီလူငယ္ေလးကိုနည္းနည္းေလးေတာင္အပြန္းအပဲ့မခံနိုင္သလိုျပဳမူေနၾကသည္။

၎ကသူမကိုအနည္းငယ္မနာလိုမိေစေသာ္လည္းမုန္းတီးသည့္စိတ္အခံေသးေသးေလးေတာင္ရွိမေနပါေခ်။မည္သူမဆိုကိုယ့္အေပၚအစစ္အမွန္ခ်စ္ခင္ဂ႐ုစိုက္သည့္လူတစ္ေယာက္ေလာက္ေတာ့အနည္းဆုံးလိုခ်င္ၾကသည္မဟုတ္ပါလား။ထိုအထဲတြင္သူမလည္းခြၽင္းခ်က္မဟုတ္ပါေခ်။

"ဟို....ကြၽန္မနာမည္ကဆုေဖးယြဲ႕ပါ....ဒီကအႀကီးအကဲေတြကိုခုနကကိစၥအတြက္ေက်းဇူးအရမ္းတင္ပါတယ္...."

ဆုေဖးယြဲ႕ဟာသူမရဲ႕ရွည္လ်ားေကာ့ၫႊတ္သည့္မ်က္ေတာင္ရွည္ႀကီးေတြကိုစင္းခ်ထညးလိုက္ရင္းစိတ္ရင္းအမွန္အတိုင္းအရိုအေသေပးကာဆိုသည္။

"မလိုပါဘူး....မလိုပါဘူး..."

ေရွာင္က်န့္ဟာသူ႕လက္ေလးေတြကိုတစ္ကာကာလုပ္ျပရင္းအားနာေနသည့္ဟန္ပန္ေလးျဖင့္ဆိုလာသည္။သူသာမေျပာရင္က်န္ႏွစ္ေယာက္ကတစ္ဖက္မိန္းကေလးကိုေသာက္ဂ႐ုေတာင္စိုက္မည့္ပုံအေပၚေခ်။ထို႔ေၾကာင့္လည္းဆုေဖးယြဲ႕ေနရမခက္ေစရန္အမႊာႏွစ္ေယာက္အစားဝင္ေျဖေပးလိုက္ျခင္းျဖစ္သည္။

ဆုေဖးယြဲ႕ကလွပစြာၿပဳံးလိုက္သည္။ဒီလူငယ္ေလးကသူမကိုအေနမၾကပ္ေစရန္ဝင္ေျဖေပးမွန္းသူမသိသည္။အမႊာျဖစ္ဟန္တူေသာႏွစ္ေယာက္မွာဒီလူငယ္ေလးေၾကာင့္သာမဟုတ္ရင္သူမကိုသတိပင္ထားမိမည္မဟုတ္ေၾကာင္းခန့္မွန္းမိပါသည္။

သူမ၏တစ္ဖက္လူငယ္ေလးအေပၚပထမဆုံးအျမင္မွာတင္ေကာင္းမြန္သည့္စိတ္အေျခအေနကိုဖန္တီးေပးလာသည္။

ေရွာင္က်န့္ကဆုေဖးယြဲ႕နဲ႕စကားအနည္းငယ္ေလာက္အျပန္အလွန္ေျပာၿပီးေနာက္တြင္ခ်င္းယြမ္အန္း၏ရင္ခြင္အတြင္းမွတိုးထြက္လိုက္ၿပီးအျပာေရာင္တံခါးမုဒ္ဝႀကီးအားစိတ္လႈပ္ရွားျခင္းႀကီးစြာျဖင့္ၾကည့္လိုက္မိသည္။

သူခံစားမိသည္။ဒီမုဒ္ဝအေနာက္တြင္မူလဗီလိန္ဖူလင္း၏ေပ်ာက္ဆုံးေနၿပီျဖစ္သည့္သူငယ္ခ်င္းတစ္ေယာက္၏အေငြ႕အသက္ကိုခံစားမိသည္။သူထင္တာသာမမွားရင္ဤသည္မွာနဂါးတစ္ေကာင္၏အေငြ႕အသက္ျဖစ္သည္။၎မွာေရနဂါးတစ္ေကာင္ျဖစ္နိုင္ေခ်မ်ားသည္။

ေရွာင္က်န့္ကအျပာေရာင္မုဒ္ဝႀကီးဆီသို႔ေလွ်ာက္လွမ္းလာၿပီးအရင္ဦးစြာအျပာေရာင္မုဒိဝႀကီးထဲသူ႕လက္တစ္ဖက္ကိုထည့္လိုက္သည္။သူ႕လက္ေခ်ာင္းေလးေတြမွာအျပာေရာင္မုဒ္ဝႀကီးထဲေဖာက္ဝင္သြားၿပီးအထိအေတြ႕မွတစ္ဆင့္ျငင္သာသည့္ေလေျပႏွင့္ေရေငြ႕တစ္ခ်ိဳ႕အားခံစားမိေနသည္။

ေရွာင္က်န့္မွာစိတ္လႈပ္ရွားမႈႀကီးစြာပင္တစ္ျခားသူေတြကိုလက္လွမ္းျပလိုက္ၿပီးသူ႕အေနာက္ကလိုက္ဝင္လာရန္အခ်က္ျပလႈံ႕ေဆာ္လိုက္သည္။

ေရွာင္က်န့္ကအရင္ဆုံးအျပာေရာင္မုဒ္ဝထဲဝင္ေရာက္သြားသည္။မုဒ္ဝကိုျဖတ္ေက်ာ္ၿပီးသြားသည္ႏွင့္ေအးစက္စက္ေက်ာက္ဂူႀကီးထဲတြင္မဟုတ္ေတာ့ပါပဲေတာက္ပသည့္ေနေရာင္ႏွင့္အတူပင္လယ္ရနံ႕ေတြေရာႏွောေနသည့္ကမ္းေျခႀကီးတစ္ခုျဖစ္ေနေၾကာင္းေတြ႕လိုက္ရသည္။

ေရွာင္က်န့္ကအဆုံးမရွိက်ယ္ျပန့္လွတဲ့ပင္လယ္ကမ္းေျခႀကီးကိုသေဘာက်ႏွစ္ၿခိဳက္စြာၾကည့္လိုက္မိသည္။

ေရွာင္က်န့္အေနာက္တြင္'ခ်င္း'မ်ိဳးရိုးျဖင့္အမႊာႏွစ္ေယာက္အျပင္လဲ့ခ်င္းယန္ႏွင့္ဆုေဖးယြဲ႕ပါလိုက္လံဝင္ေရာက္လာသည္။ဆုေဖးယြဲ႕မွာပထမတြင္လိုက္ဝင္ရင္ေကာင္းမလား၊မေကာင္းဘူးလားဟူ၍စဥ္းစားခ်င့္ခ်ိန္ေနေသးေပမယ့္ေနာက္ဆုံး၌'ျဖစ္ခ်င္ရာျဖစ္ေတာ့'ဟူသည့္စိတ္ျဖင့္လိုက္လံဝင္ေရာက္လာျခင္းျဖစ္သည္။

ဆုေဖးယြဲ႕မွာအစကတည္းကသိေနၿပီးသားျဖစ္တာေၾကာင့္လွပတဲ့ပင္လယ္ႀကီးကိုျမင္သည့္အခါတြင္အံ့ဩျခင္းမရွိပါေသာ္လည္းလဲ့ခ်င္းယန္၏မ်က္လုံးေတြမွာေတာ့အံ့ဩမႈနဲ႕အတူတစ္လဲ့လဲ့ေတာက္ပလာသည္။

"အေဖ....အေဖ....အရမ္းမိုက္တာပဲ"

ဆုေဖးယြဲ႕မွာလဲ့ခ်င္းယန္၏တစ္ေဖထဲေဖေနသည့္စကားေၾကာင့္ထူးဆန္းသည့္မ်က္ႏွာေဘးနဲ႕လွည့္ၾကည့္လိုက္မိသည္။အစကတည္းက'ေဖေဖ'ဒါမွမဟုတ္'အေဖ'လို႔ပါးစပ္ကေနမခ်ခဲ့ေခ်။သူမကထိုကတည္းကထူးဆန္းသည္ဟုထင္မွတ္မိေသာ္လည္းတစ္ဖက္အဖြဲ႕၏အင္အားေၾကာင့္ဘာမွေတာ့သြားေမးျမန္းျခင္းမျပဳခဲ့ေပ။

အိုး.....သနားစရာလူငယ္ေလးပါလား....ငယ္ငယ္႐ြယ္႐ြယ္နဲ႕အေဖ႐ူး,႐ူးေနရွာတယ္....ကြၽတ္...ကြၽတ္.....

ဆုေဖးယြဲ႕ဟာသူမရင္ခြင္ထဲရွိယုန္ျဖဴေလးကိုပြတ္သပ္ရင္းသနားငဲ့ျငႇာသည္မ်က္လုံးေတြနဲ႕ေျဖးညင္းစြာေခါင္းယမ္းလိုက္မိသည္။

_________________________________________________________________

Okumaya devam et

Bunları da Beğeneceksin

51.8K 5.4K 45
✔Uploaded in both Zawgyi and Unicode. ကာကွယ်​ပေးမည် ဆို​သော ဒမ်ဘယ်​ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်​မျှော်စင်​ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်​...
42.6K 4.2K 25
[ host လုပ်ရမှာက တာဝန်ထမ်းဆောင်တဲ့ ကမ္ဘာက ဇာတ်လိုက်မ ကံကြမ္မာကို ခိုးယူပြီး host က ဇာတ်လိုက်မဖြစ်ဖို့ပဲ.. ] ' ဒါကြီးက ခက်နေသလားလို့ ' [ ကျနော် ကူညီမှ...
1.1M 58.1K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
286K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...