OXYGEN - ออกซิเจน (မြန်မာဘာသာ...

Galing kay newkhonpai

19.5K 1.3K 31

This is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give m... Higit pa

Blah Blah
အပိုင်း ၀
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Episode: Happy New Year 2018
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 1
Sepcial Chapter: Solo×Gui 2
👇Zawgyi Version👇
အပိုင်း ဝ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
Special Part-1 (Solo)
အပိုင်း ၁၀
အပိုင်း ၁၁
Special Part-2 (Solo)
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
[Special] Moment: Part-1
[Special] Moment: Part-2
[Special] Moment: Part-3
Special Chapter: C × Jay 1
Special Chapter: C × Jay 2
Special Chapter: Solo×Gui 2

အပိုင်း ၂၁

21 2 0
Galing kay newkhonpai

'Ai'Kao… မင်း အဲ့နေရာမှာ ထိုင်လို့မရဘူးလေ…'

'ဘာလို့မရတာလဲ P'Wine'

'အဲ့ဒီမှာ စင်ဂဲလ်တွေအတွက် နေရာမရှိဘူး။ ပန်းရောင်တွေ၊ သက်တန့်တွေနဲ့ ပြည့်နေတာ… ငါ ဒီအတိုင်း ကြည့်နေတာတောင်မှ ငါ့ရဲ့ကျောက်ကပ်တွေက တုန်ခါနေသလိုဘဲ…'

'အချစ်နဲ့ တွေ့တဲ့သူတိုင်းက အဲ့လိုဘဲ မဟုတ်ဘူးလား P'…'

'ငါ နေရာပြောင်းပေးမယ်'

ကျွန်တော် သူတို့ပြောနေတာကို ဖြတ်ပြောလိုက်ကာ တစ်ဝိုင်းထဲ ထိုင်နေတဲ့ကောင်လေးရဲ့လက်မောင်းကို ထိလိုက်ပြီး အတည်ကြီး ထသွားတော့မလို လုပ်လိုက်သည်။ Ai'Wineသာ ကျွန်တော့်အကျီလက်ကို မဆွဲထားရင် တကယ် ထထွက်မိမှာ…

'ငါ ဒီအတိုင်း စနေတာပါ။ အခုမှ မနက်ခင်းဘဲရှိသေးတော့ လူတွေသိပ်မရှိလို့ ငါ မင်းကို စနေတာပါကွာ…'

Wineက ပြောပြီးတာနဲ့ သူက Kaoနှင့် တိုးတိုး တိုးတိုးနှင့် အတင်းပြောနေကြသည်။ သူတို့ အခုလို ကောင်းကောင်းမွန်မွန် ရင်းနှီးနေကြတာကို ကျွန်တော် ပျော်နေရမယ့်အစား ဒါက အရမ်းထူးဆန်းနေတယ်လို့ ကျွန်တော့်ရဲ့ကျောရိုးမထဲကတောင် ခံစားနေရသည်။

အခု ဒီနေရာမှာ Ai'Nohသာရှိနေရင် ဘယ်လိုဖြစ်နေမလဲဆိုတာ ပြောပြစရာပင်မလို… ပရမ်းပတာဖြစ်နေလိမ့်မယ်ဆိုတာ သေချာသည်။

တကယ်တော့ ဒီနေ့မနက်ခင်းမှာ ထူးထူးခြားခြားဆုံမိကြတယ်ဆိုတာ တိုက်ဆိုင်သွားတာကြောင့်ဖြစ်သည်။ ပုံမှန်ဆို ကျွန်တော်က ခွေးပေါက်စလေးကို နိုးဖို့ အချိန်ယူရသေးတာကြောင့် စောစောထဖြစ်သည်။ ခွေးပေါက်လေးက နိုးရတာ တော်တော်ခက်တဲ့အပြင် စားသောက်ဖို့ပါ ကျွန်တော် ပြင်ဆင်ရသေးသည်။ ဒါပေမယ့် ဒီနေ့ကျတော့ ခွေးပေါက်လေးက ဘာလို့ နိုးရတာမြန်လဲဆိုတာတော့ ကျွန်တော် မသိ… အရင်နေ့တွေတုန်းကလိုမျိုး ကြိုးစားပမ်းစားနဲ့ မနိုးရတော့ဘဲ တစ်ခါခေါ်ရုံနဲ့တင် နိုးလာခဲ့သည်။

'ဒါနဲ့ မင်းတို့ ဘာလို့ အစောကြီးရောက်နေရတာလဲ' ကျွန်တော် တစ်ယောက်တည်းထိုင်နေတဲ့Beerဘက်သို့ လှည့်ပြီး မေးလိုက်သည်။ စကားတိုးတိုးပြောနေကြတဲ့ ဟိုနှစ်ယောက်ကိုတော့ ဒီအတိုင်းလွှတ်ထားလိုက်သည်။

အတန်းစဖို့က တစ်နာရီတောင် လိုနေသေးတာကြောင့် လွန်ခဲ့တဲ့ဆယ်မိနစ်လောက်က ကျွန်တော်တို့ ကန်တင်းမှာ စုပြီး ထိုင်ခဲ့ကြတာ… ကျွန်တော်တို့ ဒီကိုရောက်တဲ့အခါမှာ Soloကို Kaoက ဒီနေရာမှာ ရှိတယ်လို့ ဖုန်းဆက်လာသည်။ အဲ့ဒါနဲ့ Wineနဲ့ Beerတို့ပါ ဒီကိုရောက်လာကြသည်။

'မနက်က ဆေးရုံသွားပြီး အမေ့ကို အဝတ်တွေသွားပေးရတယ်လေ… ပြီးတာနဲ့ ငါတို့ ဒီကို တန်းလာလိုက်တယ်ဘဲဆိုပါတော့…'

'မင်းအဖေကော ဘယ်လိုနေသေးလဲ' ကျွန်တော် စိုးရိမ်စွာနဲ့ မေးလိုက်မိသည်။ သူတို့အဖေက ဆေးရုံတက်နေရတာ လပေါင်းများစွာကြာနေပြီဖြစ်သော်လည်း အခုထိ ဆေးရုံမဆင်းရသေး… အဲ့နဲ့ပတ်သတ်ပြီး အနည်းအကျဉ်းလောက်သာ ကျွန်တော် သိသည်။ သူတို့ကိုယ်တိုင်ကလည်း အဲ့အကြောင်းကို မပြောပြချင်တဲ့ပုံဖြစ်နေတာကြောင့် ကျွန်တော်လည်း မမေးမိ…

'အဖေက ကောင်းလာပါပြီ။ အခြားပြင်ပရောဂါတွေလည်း ကူးစက်မှုမရှိတော့ဘူးဆိုတော့ မကြာခင် ဆေးရုံက ဆင်းလို့ရပြီ'

'အရမ်းလည်း မစိုးရိမ်နဲ့နော်…'

'ကျေးဇူး…'

ကျွန်တော် ခေါင်းညိမ့်ပြလိုက်ပြီး ဘာမှမပြောတော့ဘဲ ခွေးပေါက်စလေးကို ကြည့်လိုက်မိသည်။ ခွေးပေါက်လေးက ကျွန်တော့်ရဲ့လက်တစ်ဖက်ကို ဆွဲယူထားပြီး စားပွဲပေါ်တင်ကာ သူ့ရဲ့ပါးလေးကို မှီတင်ထားပြီး အိပ်နေသည်။

'So ဘာလို့ အစောကြီးထရတာလဲ။ အစ်ကိုတို့ ဒီကိုရောက်တာတောင် အိပ်ချင်နေတဲ့ပုံနဲ့…'

ကျွန်တော်က ကျန်တဲ့လက်တစ်ဖက်နှင့် မေးထောက်လိုက်ပြီး အိပ်ပျော်နေတဲ့ကောင်လေးကို ပြုံးပြီး ကြည့်နေမိသည်။ ကျွန်တော် မေးလိုက်တဲ့ကောင်လေးက ကျွန်တော်နှင့် မျက်နှာချင်းဆိုင်ဖြစ်လာအောင် ခေါင်းလေးစောင်းလာပြီးတော့ ကျွန်တော့်ရဲ့လက်ကို သူ့ရဲ့ပါးပြင်အတွက် ခေါင်းအုံးတစ်ခုလို အသုံးပြုနေသည်။

'ကျွန်တော် ဟင်းအနံ့ ရလိုက်လို့…'

Soloဖြေနေတယ်ဆိုပေမယ့်လည်း အိပ်ချင်မူးတူးဖြစ်နေတုန်းပင်…

'မနေ့က အစ်ကိုတို့ အများကြီးစားခဲ့တာဘဲ မဟုတ်လား။ အဲ့ဒါကို ဗိုက်ထပ်ဆာသေးတယ်ပေါ့…'

ကျွန်တော် ပြုံးပြလိုက်သည်။ မနေ့က ခွေးပေါက်စလေးက Green Curryကို အများကြီးစားခဲ့တာ… အဲ့ဒါကြောင့် ဟင်းအနံ့ရတာနဲ့ သူနိုးလာလိမ့်မယ်လို့ ကျွန်တော် မထင်မိခဲ့… ပြီးတော့ ပုံမှန်ဆိုရင် မနက်ခင်းမှာ အနံ့သိပ်မပြင်းတဲ့ သာမန်ဟင်းတွေကိုဘဲ ချက်ဖြစ်တယ်။ အဲ့ဒါကြောင့် မနက်ခင်းတိုင်း သူ့ကို နိုးရတာခက်နေရတာလားဆိုပြီးတော့တောင် ကျွန်တော် သံသယဖြစ်လာမိသည်။

'အနံ့က မွှေးနေတာကို…'

ပြောနေရင်းနဲ့ဘဲ အိပ်ချင်နေတဲ့ကောင်လေးရဲ့မျက်လုံးတွေက မှိတ်သွားခဲ့သည်။ ကျွန်တော် မေးထောက်ထားတဲ့လက်ကို ဖယ်လိုက်ပြီး ကျွန်တော့်လက်ကို မလွှတ်ဘဲ ခေါင်းအုံးတစ်ခုလို အုံးထားတဲ့ကောင်လေးကို ကြည့်နေလိုက်မိသည်။

'ဒီလိုခွဲခြားခွဲခြားလုပ်နေတာ စိတ်ကုန်လာပြီနော် P'…'

Kaoက ကျွန်တော့်ဘေးနားမှာ အိပ်နေတဲ့ကောင်လေးကို စိတ်ပျက်တဲ့ပုံနဲ့ ကြည့်နေမိပေမယ့်လည်း သူ့ရဲ့နူတ်ခမ်းတွေက ပြုံးစိစိဖြစ်နေသည်။

'သူငယ်ချင်းနဲ့ ချစ်သူတွေဆိုတာ မတူဘူးလေ… Ai'Nong'

Wineက ပြောနေရင်းနဲ့ Kaoရဲ့ပုခုံးကို အသာလေးပုတ်လိုက်ပြီး တစ်ယောက်ကိုတစ်ယောက် နားလည်စွာနဲ့ နှစ်သိမ့်ပေးနေတဲ့ပုံဖြစ်နေတာကြောင့် ကျွန်တော့်မှာ ကြည့်နေရင်းနဲ့ဘဲ အော့အန်ချင်တဲ့စိတ်တောင် ဖြစ်မိသည်။

'လူတွေ များလာပြီ' Beerက ဖုန်းကြည့်နေရာကနေ ဘေးဘယ်ညာကြည့်ရင်း ကျွန်တော်တို့ဘက်ကို လှည့်ကာ ပြောလိုက်သည်။ 'ကဲ… ဝိုင်းကြည့်တာ မခံရသေးခင် ငါတို့ သွားရအောင်'

'အင်း… So' သူငယ်ချင်းတွေကို ကြည့်နေတဲ့ကျွန်တော်က ဘေးကအိပ်နေတဲ့ ကောင်လေးကို တံတောင်နဲ့တွတ်ရင်း ကြည့်လိုက်မိသည်။ အိပ်ချင်မူးတူးဖြစ်နေတဲ့ခွေးပေါက်စလေးက မှုန်ကုတ်ကုတ်ဖြစ်နေပြီး မျက်လုံးတွေကို ဖွင့်လိုက်ကာ သေချာထထိုင်လိုက်သည်။

'အိပ်ချင်တယ်' Soloက သူ့ရဲ့မျက်လုံးတွေကို ပွတ်သပ်ဖို့လုပ်နေပေမယ့် ကျွန်တော်ကြည့်နေတာကို မြင်သွားတာကြောင့် ပွတ်သပ်ဖို့လုပ်နေတဲ့သူ့ရဲ့လက်က အောက်သို့ကျသွားပြီး မျက်လုံးလေးတွေကို မှိတ်တုတ်မှိတ်တုတ်လုပ်နေသည်။

အရမ်းချစ်စရာကောင်းတာဘဲ…

'လူတွေ တဖြည်းဖြည်းများလာပြီ။
အခန်းထဲမှာ သွားအိပ်လေ…'

ကျွန်တော် ပြောနေရင်းနဲ့ ထိုင်နေရာက ထလိုက်မိသည်။ ပြီးတဲ့အခါမှာ အခြားကောင်လေး မတ်တပ်ရပ်လာအောင် သူ့ရဲ့လက်ကို ဆွဲမပြီး ထူပေးလိုက်သည်။ Soloက ကျွန်တော့်အနောက်ကနေ လိုက်လာပေမယ့် ကျွန်တော် သူ့လက်ကို လွှတ်လိုက်တာနဲ့ ချက်ချင်းအိပ်ပျော်သွားနိုင်တဲ့ပုံစံမျိုးဖြစ်နေတာ…

ကျွန်တော်တို့ကို ကြည့်နေပြီး တီးတိုးပြောနေကြတဲ့လူတွေကို တွေ့လိုက်ရတဲ့အခါမှာ ကျွန်တော် ဘာမှမပြောမိတော့… အဲ့ဒီသူတွေက ကျွန်တော်နဲ့ Soloအကြောင်းကို သိထားတဲ့သူတွေဖြစ်ပြီးတော့ အဲ့ဒါကြောင့်ဘဲ သူတို့က ကျွန်တော်တို့ကို စိတ်ဝင်တစား ကြည့်နေကြတာဖြစ်နိုင်သည်။ ဒီလိုဖြစ်မယ်ဆိုတာ သိပေမယ့်လည်း ကျွန်တော် ထုတ်ပြောဖို့ကို ရွေးချယ်ခဲ့သည်။ အဲ့ဒါကြောင့် ဖြစ်လာမယ့်ကိစ္စအားလုံးကို ကျွန်တော် လက်ခံနိုင်ရမည်။ လူတွေက ဒီကိစ္စအပေါ် အကောင်းမြင်လား၊ မမြင်ဘူးလားဆိုတာ ကျွန်တော် စိတ်ထဲတောင်မရှိ… အဲ့ဒါက အရေးပါတာမှ မဟုတ်တာ…

'သူတို့က စားပြီးသွားလောက်ပြီလို့ ငါပြောသားဘဲ…'

'မင်း တိုးတိုးမပြောဘူးလား'

'ဘာဖြစ်လဲ။ သူတို့ကြားမှာ ဘာတစ်ခုမှမရှိဘူးဆိုရင် ဘာလို့ သူတို့ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်နေရတာလဲ'

'အဲ့ဒါက ကြာနေပြီဘဲလေ…'

ကျွန်တော် ကြားအောင်ပြောနေတဲ့ ကျယ်လောင်တဲ့အသံလာရာနေရာကို ကျွန်တော်လှည့်ကြည့်လိုက်မိသည်။ ဒါနဲ့ ကျွန်တော်ထင်တာ မမှားဘူးဆိုရင် ဒီဂျူနီယာက Soloရဲ့ဓာတ်ပုံရိုက်ကွင်းနဲ့ ပတ်သတ်ပြီး ကျွန်တော်နဲ့ အငြင်းပွားခဲ့တဲ့ကောင်လေးထင်တယ်။

အဲ့စကားတွေကြောင့် ကျွန်တော် ဒေါသမထွက်မိသလို စိတ်မကောင်းလည်း မဖြစ်မိ… ကျွန်တော် သူ့ကို ပြန်တောင်မပြော… ဒါပေမယ့် ကျွန်တော့်ဘေးနားကသူတွေကတော့ အဲ့လိုမဟုတ်…

'ဟိတ်ကောင်… မင်းက ဘာပြသာနာရှိနေလို့လဲ'

Ai'Wineက စောနက ပြောနေတဲ့ကောင်လေးဘက်ကို လှည့်ပြီး ပြောလိုက်သည်။ သူ ထိုကောင်လေးဆီ အပြေးသွားမယ့်ပုံဖြစ်နေတာကြောင့် သူ့ရဲ့လက်မောင်းကို ကျွန်တော် ဆွဲထားလိုက်မိသည်။

'အမှန်အတိုင်း ပြောပြနေတာလေ…' ထိုကောင်လေးက ပုခုံးတစ်ချက်တွန့်ပြလိုက်ပြီးတော့ ကျွန်တော့်ကို ရွံရှာသည့်အကြည့်နှင့် ကြည့်နေသည်။ 'မငြင်းဘူးဆိုတော့ မဟုတ်မှလွဲရော…'

'ချီးဘဲ… ကျက်သတုံးတစ်ကောင် ပေါ်လာပြန်ပြီ'

Soloဘေးနားက ရပ်နေတဲ့ကောင်လေးနားက အသံထွက်လာသည်။ ထိုစကားပြောနေတဲ့ကောင်လေးဆီသို့ ကျွန်တော်အပါအဝင် အားလုံးရဲ့အကြည့်တွေက စုပုံရောက်လာသည်။ Soloဘေးနားက ကောင်လေးရဲ့အကြည့်တွေက သူ့အရှေ့က ဟိုကောင်လေးကို စက်ဆုပ်ရွံရှာနေတဲ့အကြည့်နှင့် ကြည့်နေသည်။

'မင်း ဘယ်သူ့ကို ပြောတာလဲ'

'မင်းကိုယ်မင်း ကျက်သရေတုံးတယ်လို့ ထင်ရင်တော့… ငါ မင်းကို ပြောတယ်လို့ သတ်မှတ်လိုက်ပေါ့…'

ကျွန်တော် မတ်တပ်ရပ်နေရင်း ရယ်လိုက်မိသည်။ ဒီပွဲမှာ ဘယ်သူနိုင်သွားသလဲဆိုတာ ပြောစရာပင်မလိုတော့… တစ်ယောက်က တစ်ဇောက်ကန်းပေမယ့် ကျန်တဲ့တစ်ယောက်က အေးဆေးတည်ငြိမ်စွာ ကျယ်လောင်တဲ့အသံနှင့် ပြန်တုန့်ပြန်လိုက်တာကြောင့် ဟိုကောင်လေးကတော့ အရိုးထဲထိ နာကျင်သွားလောက်ပြီ။ အလကားနေရင်း ပူလောင်နေတဲ့ဟိုကောင်လေးကတော့ ရန်ပွဲအစမှာတင် ရှုံးနိမ့်သွားခဲ့သည်။

'ဒါနဲ့ မင်း ဘာလို့ဝင်ပါရတာလဲ'

'အမှန်တကယ်ပြောရရင် ကျွန်တော်က အစ်ကို့ကို ကူညီပေးတာ…'

Kaoက ကျွန်တော့်ကို လှည့်ကြည့်ပြီး တိုးတိုးသက်သာလေး ပြောလာသည်။ ပြီးတဲ့အခါမှာ သူက တစ်ခုခုကို ပြောပြနေသလိုမျိုး ပြုံးပြလာတာကြောင့် သူပြောချင်နေတာလဲဆိုတာ ကျွန်တော် နားလည်လိုက်ရသည်။

Ai'Wineရဲ့လက်ကို ဆွဲလိုက်တဲ့အချိန်မှာ မမျှော်လင့်ဘဲ Soloရဲ့လက်မောင်းကို လွှတ်လိုက်မိသည်။ အဲ့ဒီအချိန်မှာ Kaoက ခွေးပေါက်စလေးရဲ့လက်ကို ဆွဲထားတာ…

'မင်း ကံကောင်းပါစေ…' Kaoက အဲ့စကားလေးကို ပြောပြီးသွားတဲ့အချိန်မှာ တစ်လျောက်လုံး ငြိမ်နေတဲ့ကောင်လေးရဲ့လက်မောင်းကို လွှတ်ပေးလိုက်သည်။

Soloက ရှေ့တည့်တည့် လျောက်သွားပြီး အဲ့ဒီကောင်လေးရဲ့အကျီစကို ဆောင့်ဆွဲလိုက်တဲ့အခါမှာ ကျွန်တော် သက်ပြင်းချလိုက်မိပေမယ့် တားဖို့ရည်ရွယ်ချက်တော့မရှိခဲ့… Soloက အဲ့ဒီကောင်လေးထက် အရပ်ရှည်နေတာကြောင့် သူ့ကို အားနဲ့ဆွဲဆောင့်လိုက်တဲ့အခါမှာ သူ့ရဲ့ခြေထောက်တွေက မြေကြီးနဲ့ လွတ်သွားသည်။

ကျွန်တော် အခုလို ဘာမှမပြောဘဲနေတာ ဘာမှမခံစားရလို့မဟုတ်… ဒီအတိုင်း ကိစ္စတွေကို မရှုပ်ထွေးချင်လို့… ဒါပေမယ့် လူတွေက ကိုယ်တိုင်မသိကြတဲ့ကိစ္စတွေကို ပြောချင်ကြမှာဘဲ… သူတို့ အများကြီးပြောနေကြပေမယ့် ကျွန်တော်သာ ဘာမှပြန်မလုပ်ရင် ဒီအတိုင်း အေးချမ်းနေမှာဘဲလေ… အဲ့လိုလူတွေကို ဘယ်လိုသင်ပြရမလဲ။

'နာအောင်တော့ မလုပ်နဲ့… မဟုတ်ရင် ပြသာနာတက်နေလိမ့်မယ်'

သာမန်ကိစ္စကို ပြောနေသလိုမျိုး အေးဆေးတည်ငြိမ်စွာ Kaoက ပြောလိုက်သည်။ ပြီးတဲ့အခါမှာ သူ့ရဲ့နူတ်ခမ်းက ကွေးတက်လာပြီးတော့ ပြုံးနေရင်း တဖြည်းဖြည်းနဲ့ ရယ်လာသည်။

ခွေးပေါက်စလေးက သူ့သူငယ်ချင်းပြောတဲ့အတိုင်း သူ့ရဲ့လက်တွေကို အောက်သို့ ချလိုက်တာကြောင့် ကျွန်တော် ပြုံးလိုက်မိသည်။

သူတို့နှစ်ယောက်က တကယ်ကို လိုက်လည်းလိုက်နိုင်တဲ့ သူငယ်ချင်းတွေဘဲ…

အမှန်တိုင်းပြောရရင် ဒီကလေးKaoက Soloကို ကျွန်တော့်ပိုက်ဆံအိတ်ကို စစ်ကြည့်ခိုင်းသလားဆိုတာကို ကျွန်တော် အခုထိ အတည်မပြုရသေး…

'ဘာ… ဘာလဲ' ကြောက်လန့်နေတဲ့ကောင်လေးက သူ့ရဲ့အကျီစကို ပြန်ပြင်ရင်းနဲ့ ပြန်မေးဖို့ ကြိုးစားလိုက်သည်။

Soloက ဘာမှမလုပ်ပေမယ့် အရမ်းစူးရှပြီး ကြောက်စရာကောင်းတဲ့အကြည့်တွေနှင့် အရှေ့ကကောင်လေးကို စိုက်ကြည့်နေသည်။ ကျွန်တော်နဲ့ ရှိနေတုန်းကလို ကလေးဆန်တဲ့ခွေးပေါက်စလေး မဟုတ်တော့…

'မင်း နောက်တစ်ခါထပ်လုပ်ကြည့်လိုက်… နာတယ်ဆိုတဲ့အဓိပ္ပာယ်ကို မင်းသိစေရမယ်'

စကားက တိုတိုလေး… ဒါပေမယ့် နားလည်လွယ်သည်။

ဒေါသထွက်နေတဲ့ကောင်လေးကို ကျွန်တော် အနောက်ကနေ ဆွဲလိုက်တော့ သူ့ရဲ့မျက်နှာက စောနတုန်းက အတိုင်းပင်… ကျွန်တော်တို့ စောနကကိစ္စကို စိတ်မဝင်စားသည့်ပုံနှင့် ဒီအတိုင်း ထားခဲ့လိုက်သည်။ ကျွန်တော့်သူငယ်ချင်းတွေတောင် ဒီကိစ္စကို ထပ်မပြောချင်… ကျွန်တော်တို့ ခံစားချက်တွေကို ပျက်စေတယ်လို့ ယူဆတာကြောင့်လည်း ဖြစ်မှာပေါ့… ကျွန်တော်တို့ လမ်းအတူတူလျောက်နေရင်း ဂီတမေဂျာအဆောင်အရှေ့သို့ ရောက်လာသည်။

'So နောက်တစ်ခါကျရင် သည်းခံစမ်းပါ…' ကျွန်တော် သူ့ရဲ့ကျောပြင်ကို အသာလေးပုတ်သပ်ပြီး သတိပေးလိုက်သည်။

အဲ့နေရာမှာ ဘယ်သူမှမရှိရင်… သူ့ကို သတိပေးမယ့် Kaoနဲ့ ကျွန်တော်သာမရှိဘူးဆိုရင် Soloဘယ်လိုတွေ အဆုံးသတ်ခဲ့မလဲဆိုတာ ကျွန်တော် မတွေးနိုင်အောင်ဖြစ်မိသည်။

'အဲ့ကောင်က Guitarကို အပြစ်တင်နေတာ နှစ်ခါတောင်ရှိပြီလေ…'

'အင်း… အစ်ကို သိတယ်လေ…' စိတ်အေးသွားတဲ့ပုံရတဲ့ ကောင်လေးရဲ့လက်ကို လွှဲလိုက်ပြီးတော့ ဆက်ပြောလိုက်မိသည်။ 'ဒါပေမယ့် Soloက ကျောင်းကိုယ်စားပြုတစ်ယောက်ဖြစ်ပြီးတော့ လုပ်ရမယ့်တာဝန်တွေဆိုတာ ရှိသေးတယ်။ တကယ်လို့ အဲ့နေရာမှာ တားမယ့်သူသာမရှိရင် ကိုယ့်ကိုယ်ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ Soသိလား'

'ဒါပေမယ့်…'

'အစ်ကိုက Soကို သဘောတူပေးဖို့ ပြောနေတာမဟုတ်ဘူး။ အခြားအရာတွေအပေါ် အကျိုးသက်ရောက်မှုမရှိအောင် ကိုယ့်ဘာသာ ဂရုစိုက်ဖို့ပြောပြတာ… Soဘက်က စတာမဟုတ်ရင်တောင် ဘယ်တော့မှ ကိုယ်ထိလက်ရောက်ဖြစ်တဲ့အထိ မဖြစ်စေနဲ့… အစ်ကို ပြောချင်တာကို နားလည်တယ်မှတ်လား'

'အင်း' သူက အသာလေးပြုံးလာပြီးတော့ ကျွန်တော့်ရဲ့လက်ကို ညစ်လိုက်သည်။

'အစ်ကို သူ့ကို အပ်တယ်နော် Kao' ကျွန်တော့်ဘေးနားမှာ ရပ်နေတဲ့Kaoကို လှည့်ပြီးပြောလိုက်သည်။ သူက Soloကို သတိပေးနိုင်ပြီး အကြံပေးနိုင်တဲ့နောက်ထပ်တစ်ယောက်ဘဲလေ… 'လိုအပ်တဲ့ကိစ္စတွေဘဲနော်… တစ်ယောက်ယောက်ရဲ့ပိုက်ဆံအိတ်ကို ဖွင့်ပြီး စစ်ကြည့်ခိုင်းတာမျိုးတို့ ဘာတို့လိုတော့ မဟုတ်ဘူးနော်…'

'ဖွင့်ပြီး စစ်တယ်။ အဲ့ဒါ ဘာကြီးလဲ' တက်ကြွတဲ့ကောင်လေးက မျက်လုံးအပြုးသားနှင့် ကျွန်တော်ပြောနေတာကို ဘာမှမသိတဲ့ ဖြူစင်တဲ့သူတစ်ယောက်လို လုပ်နေတာကြောင့် တစ်ချက်လောက် ပိတ်ကန်ချင်တဲ့စိတ်တွေ ဖြစ်လာသည်။ 'အာ… ဟုတ်သား… ကျွန်တော် assignmentတင်ဖို့ မေ့နေတာဘဲ… အစ်ကိုတို့ ကျွန်တော် သွားနှင့်ပြီနော်…'

သွက်သွက်လက်လက်နဲ့ကောင်လေးက မေဂျာအဆောင်ထဲသို့ ပြေးဝင်သွားတာကို တွေ့လိုက်ရတဲ့အခါမှာ ကျွန်တော် ခေါင်းခါလိုက်မိသည်။ ကျွန်တော့်အနားမှာ ရပ်နေတဲ့Beerနဲ့ Wineကတော့ ရယ်နေကြသည်။

Kaoကြောင့် ကျွန်တော်နဲ့ အရင်က အတူတူနေခဲ့ဖူးတဲ့ကလေးတွေကို သတိရလာသည်။ သူတို့လေးတွေအားလုံးက ကျွန်တော့်ကို ဒုက္ခပေးတဲ့ကလေးတွေ… အခုဆို သူတို့တွေ အရွယ်ရောက်လာကြပြီဆိုတော့ ဘယ်လိုပုံစံတွေဖြစ်နေပြီလဲဆိုတာ ကျွန်တော် မသိပါ။ ဒါပေမယ့် အဲ့ဒီကလေးတွေသာ ဘေးနားမှာရှိနေရင် ခေါင်းကိုက်နိုင်သည်။

Soloက ကျွန်တော့်ဘက်ကိုလှည့်ပြီး ပြုံးပြကာ နူတ်ဆက်သည့်အနေနှင့် ကျွန်တော့်ပါးပြင်ကို သူ့ရဲ့လက်ကလေးနှင့် ပွတ်သပ်နေသည်။ ကျွန်တော် သူ့ကို ပြုံးပြပြီး ခေါင်းညိမ့်ပြလိုက်တဲ့အခါမှာ သူက သူ့သူငယ်ချင်းအနောက်တဲ့အနေနဲ့ စာသင်ဆောင်ထဲသို့သွားသည်။

ကျွန်တော့်လက်လေးကို မြှင့်တင်လိုက်ပြီးတော့ ကျွန်တော့်ပါးပြင်ကို ကျွန်တော် ပြန်စမ်းလိုက်မိသည်။ ခွေးပေါက်လေးထိတွေ့ထားတဲ့နွေးထွေးမှုက မပျောက်ကွယ်သွားဘဲ အခုထိ ခံစားနေရသည်။ နူတ်ဆက်တဲ့အချိန်တိုင်းမှာ အခုလို ပါးပြင်လေးကို ထိတွေ့ရတာက ဘယ်အချိန်ကတည်းက အကျင့်တစ်ခုဖြစ်နေလဲဆိုတာ သူတို့နှစ်ယောက်လုံး မသိ… ဒါပေမယ့် သူ အဲ့လိုလုပ်တဲ့အခါတိုင်း ကျွန်တော်ခံစားလို့ကောင်းသည်။

'မင်းက ချစ်စရာကောင်းအောင် ပြုံးပြနေတာဘဲ… သူငယ်ချင်းရ…'

…_...

'ဒီနေ့ မင်း အလုပ်မရှိဘူးလား'

'မရှိဘူး'

ကျွန်တော့်ဘေးမှာထိုင်နေတဲ့ Nohရဲ့အကြောဆန့်နေတဲ့ပုံကို ကြည့်ပြီး ဖြေလိုက်ကာ နံရံထောင့်နားက နာရီကို ကြည့်လိုက်မိသည်။

ခွေးပေါက်စလေး အတန်းပြီးတာ တစ်နာရီလောက် ရှိနေပြီ…

'ငါတို့ Shabuသွားစားမလို့ လိုက်မလား'

'မင်းတို့ အားလုံးသွားမှာလား'

'အင်း… ငါတို့အားလုံးအပြင် Sunပါပါတယ်'

အမှန်တိုင်းပြောရရင် ကျွန်တော် သူငယ်ချင်းတွေနဲ့ ညစာသွားမစားဖူးဘူး။ ဒီနှစ်မှာတော့ သူတို့နဲ့သွားဖို့ ကျွန်တော့်မှာ အချိန်ရှိတယ်။ ပိုက်ဆံကလည်း ပြသာနာမဟုတ်ပေမယ့်လည်း…

'ငါ Soကို အရင်မေးလိုက်ဦးမယ်'

ခွေးပေါက်စလေးက သွားချင်ပါ့မလားဆိုတာ မသေချာ…

'ဟုတ်သား… ငါ့သူငယ်ချင်းက သူ့ရဲ့ယောကျာ်းဆီကနေ ခွင့်ပြုချက် အရင်တောင်းရဦးမယ်ဆိုတာ ငါမေ့သွားတာဘဲ…'

ကျွန်တော့်ကို စနောက်ပြီးပြောလာတဲ့Nohကြောင့် သူ့ကို ဂရုမစိုက်သည့်ဟန်နှင့် ပုခုံးတစ်ချက်တွန့်ပြလိုက်ပေမယ့် ဘာပြန်ဖြေရမယ်ဆိုတာ မသိဖြစ်နေသည်။

အဲ့ဒါနဲ့ ကျွန်တော်တို့ အတူတူအခန်းထဲက ထွက်လာခဲ့ပြီး သူ ကျွန်တော့်ကို နေ့တိုင်း လာစောင့်နေကြနေရာဖြစ်တဲ့… ကျွန်တော်တို့ဌာနအရှေ့က ကျောက်စားပွဲနားသို့ သွားလိုက်တော့ Soloက ခေါင်းငုံ့ပြီး အိပ်နေသည်။ သူ့ရဲ့ဘေးမှာတော့ Kaoက နားကြပ်တပ်ထားပြီး မျက်လုံးတွေကို မှိတ်ထားက ခေါင်းကို ညိမ့်နေသည်။

'Kaoက အိပ်မပြန်သေးဘူးလား' ကျွန်တော် Kaoကို နူတ်ဆက်လိုက်ပြီးတော့ စားပွဲပေါ် ခေါင်းတင်ပြီး အိပ်နေတဲ့ကောင်လေးနားမှာ ထိုင်လိုက်သည်။

'ကျွန်တော်တို့အတန်းက စောနကမှ ပြီးတာ… ဒီနေရာကိုလည်း ဖြတ်သွားရမှာဆိုတော့ ဒီနေရာမှာ ထိုင်ပြီး မပြန်ခင် ခဏလောက်အနားယူနေတာ…' Kaoက သူ့ရဲ့နားကြပ်တွေကို ဖယ်လိုက်ပြီးတော့ ပင်ပန်းနေတဲ့မျက်နှာနှင့် ပြန်ဖြေလာသည်။

'Kao… Shabu အတူတူသွားစားရအောင်!' Wineက ဒီကလေးကို ခေါ်လိုက်သည်။

'မလိုက်တော့ဘူး P'… ဒီနေ့တစ်နေ့လုံး လုံးဝမနားရဘဲ ခက်ခဲတဲ့တိုက်ပွဲကို မမျှော်လင့်ဘဲ တိုက်ခဲ့ရတာ… ဒရမ်ကို ရှစ်နာရီဆက်တိုက်တီးခဲ့ရတော့ အရမ်းပင်ပန်းနေပြီ'

ကျွန်တော် စိတ်ပူလာတာကြောင့် အိပ်နေတဲ့ကောင်လေးကို ကျွန်တော် လှုပ်နိုးလိုက်မိသည်။ Soloက ဒေါသထွက်စွာနဲ့ မျက်မှောင်ကြုတ်ပြီး ခေါင်းထောင်လာပေမယ့် ကျွန်တော့်ရဲ့မျက်နှာကို မြင်လိုက်ရတဲ့အချိန်မှာ သူ့ရဲ့မျက်နှာက အသနားခံနေတဲ့မျက်နှာပုံစံသို့ ပြောင်းသွားပြီး ကျွန်တော့်ရဲ့ပုခုံးပေါ်သို့ ခေါင်းမှီလာသည်။

'Guitar… အရမ်းပင်ပန်းတယ်'

'ငါ့ကောင်တွေ…' ကျွန်တော့်ကို ကြည့်နေတဲ့Nohကို ကျွန်တော် ပြန်ကြည့်ရင်း ခေါ်လိုက်မိသည်။

'အင်း… မင်း အလုပ်ရှိလာပြီဆိုတာ ငါနားလည်တယ်။ ငါတို့ နောက်တစ်ခါမှ အတူတူသွားကြတာပေါ့…'

'အင်းပါ'

'ငါ Ai'Kaoကို လိုက်ပို့ပေးလိုက်မယ်။ မင်းက မင်းရဲ့ကလေးကို ခေါ်ပြီး အိပ်ပြန်နားလိုက်တော့…'

ကျွန်တော် လက်ပြနူတ်ဆက်နေတဲ့Kaoကို ကြည့်ပြီး ခေါင်းညိမ့်ပြလိုက်ကာ သူတို့ကို ကျေးဇူးတင်စကားပြောလိုက်သည်။ ပြီးတဲ့အခါ ခွေးပေါက်စကြီးက ကျွန်တော့်လက်ကို တင်းကြပ်စွာဆုတ်ကိုင်ထားပြီး ကားရှိရာသို့ သွားနေတာကြောင့် ကျွန်တော့်ရဲ့ခွန်အားတစ်ဝက်လောက်က ကုန်ဆုံးသွားသလိုပင်… ဘာလို့လဲဆိုတော့ လမ်းတလျောက် ကျောင်းသားတွေက ကြည့်နေကြပြီးတော့ အော်ဟစ်နေကြတဲ့အသံပေါင်းမျိုးစုံကြောင့် ဖြစ်သည်။

ဒီနေ့အတွက်တော့ Pageမှာ ပုံအသစ်တွေ သေချာပေါက်တက်လာလိမ့်မယ်ဆိုတာ ကျွန်တော် သိနေသည်။

'ကားမောင်းလို့ ရသေးလား'

'ရတယ်'

Soloက ကျွန်တော့်ကို စိုက်ကြည့်နေသည်။ သူ့ရဲ့မျက်နှာက ကျွန်တော် ထင်ထားသလောက် အရမ်းကြီးမဆိုးရွား…

'Guitarချက်ထားတဲ့ဟင်းကိုဘဲ ပိုပြီးစားချင်တယ်'

'အခုဘဲ ပြန်နေပြီလေ…'

ကျွန်တော် ရယ်လိုက်ပြီး သူ့ရဲ့ခေါင်းလေးကို အသာလေးဖွလိုက်တော့ သူက လွယ်လွယ်လေးနှင့် ငြိမ်ခံနေသည်။

'ပြီးတော့…' Soloက သူ့ခေါင်းပေါ်က ကျွန်တော့်လက်လေးကို ဆွဲယူကာ အောက်သို့ချလိုက်ပြီးတော့ ကျွန်တော့်ကို ပြုံးပြကာ… 'အိမ်မြန်မြန်ပြန်ပြီး Guitarကို ဖက်ချင်လာပြီ…'

ကျွန်တော် အရူးတစ်ယောက်လို ပြုံးနေမိတယ်လို့ ကျွန်တော် ခံစားနေရသည်။ ဘာပြောရမလဲဆိုတာမသိတဲ့အပြင် မပြုံးဘဲနဲ့လည်းမနေနိုင်… အခြားတစ်ယောက်ရဲ့မျက်လုံးတွေကိုသာ စိုက်ကြည့်နေမိပြီး ကျွန်တော်တို့ရဲ့ခံစားချက်တွေက အတူတူဘဲဆိုတာကို ပြသလိုက်မိသည်။

ကျွန်တော်လည်း သူ့ကို ဖက်ထားချင်သည်။

…_...

Soloရဲ့ကားက နေ့တိုင်းပါကင်ထိုးနေကျနေရာမှာ ထိုးလိုက်သည်။ ဒီကားပါကင်က အခြားပါကင်တွေနဲ့ ခွဲထားတာဖြစ်ပြီးတော့ အခြားဇိမ်ခံကား လေးငါးစီးလောက်က စီပြီးထားထားသည်။ သူ ဘာလို့ ဒီမှာရပ်ရတာလဲဆိုတာ ကျွန်တော်မမေးမိပေမယ့် သူ့ရဲ့အဆင့်အတန်းကြောင့် ဒီလို ဖြစ်သင့်တယ်ဆိုတာကို ကျွန်တော်တွေးလိုက်မိသည်။

'Khun Chai!' ဒီကွန်ဒိုရဲ့အလုပ်ဝတ်စုံကို ဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်က ကွန်ဒိုထဲဝင်လာတဲ့ ကျွန်တော်တို့ကို မြင်လိုက်တာနဲ့ ချက်ချင်းပြောလာသည်။

သခင်လေး… Jayဆိုတဲ့သူကလည်း Solကို အဲ့လိုဘဲ ခေါ်သည်။

'ကျေးဇူးပြုပြီး လိုက်ပြီးကူပေးပါဦး… Khun Tanက ခေါ်နေလို့ပါ။ ပြသာနာတစ်ခုခုဖြစ်နေလို့ ထင်တယ်'

သူမက အလျင်လိုနေတဲ့ပုံဖြစ်ပေမယ့် ကျွန်တော့်ကို နူတ်ဆက်ဖို့ကိုတော့ မမေ့ခဲ့…

ကျွန်တော့်ဘေးနားက ကောင်လေးက မျက်မှောင်ကြုတ်ထားတာကို တွေ့လိုက်ရတဲ့အခါမှာ ကျွန်တော်က ထိုကောင်လေးရဲ့လက်မောင်းကို အသာလေးထိတွေ့လိုက်သည်။

ကျွန်တော်ထင်ထားတာ မမှားတဲ့ပုံပင်…

ဒီကွန်ဒိုအဆောက်အအုံကြီးကို ဒီခွေးပေါက်စလေးက ပိုင်တာဖြစ်သည်။ Soloကို ပထမဆုံး အိမ်ပြန်ပို့ပေးခဲ့တဲ့နေ့က ဘာကြောင့် ဒီက ဝန်ထမ်းတွေက ကြောက်လန့်နေကြတယ်ဆိုတာ စူးစမ်းနေစရာပင် မလိုတော့…

'Guitar…'

'သွားလိုက်ပါ'

'Guitar အခန်းထဲအရင်သွားပြီး ကျွန်တော့်ကို စောင့်နေလေ…'

'ရတယ်။ အစ်ကို ဒီမှာဘဲ စောင့်လိုက်မယ်။ ပြီးမှ အတူတူအပေါ်ကို တက်ကြတာပေါ…'

ကျွန်တော် နူးညံ့ညံ့လေးပြုံးပြလိုက်ပြီးတော့ သူ့ရဲ့လက်ကလေးကို ညစ်လိုက်ပြီး စိတ်ငြိမ်အောင်ထားဖို့ မမေ့မလျော့စွာ သတိပေးလိုက်မိသည်။ Soloက ကျွန်တော့်ကို ခေါင်းညိမ့်ပြကာ ကျွန်တော့်လက်ကို ပြန်ညစ်လိုက်ပြီးတော့ ဝန်ထမ်းအနောက်ကနေ လိုက်သွားလိုက်သည်။

ကျွန်တော် ဝင်ပေါက်နားက ဆိုဖာမှာ သွားထိုင်လိုက်မိသည်။ Soloက ကောင်တာနားသို့ သွားပြီးတော့ မန်နေဂျာလို့ ထင်ရတဲ့လူတစ်ယောက်နှင့် စကားပြောနေတာကို ကျွန်တော် တွေ့လိုက်ရသည်။ မန်နေဂျာက ဖိစီးမှုတွေများပြီး စိုးရိမ်နေတဲ့ပုံပေါက်နေတာကြောင့် ကျွန်တော် စောနက သတိပေးလိုက်သလို ဒီခွေးပေါက်လေး စိတ်အေးအေးထားနိုင်ပါစေလို့ဘဲ မျှော်လင့်နေမိသည်။

ကောင်တာကနေပြီးတော့ ကြည့်လင်တဲ့မှန်နံရံရဲ့တစ်ဖက်ခြမ်းကို ကျွန်တော် အကြည့်လွှဲလိုက်မိသည်။ အပြင်သို့ ကျွန်တော်ကြည့်လိုက်တဲ့တစ်ချိန်တည်းမှာဘဲ အမဲရောင်ဇိမ်ခံကားတစ်စီးထဲကနေ လူတစ်ယောက်ထွက်လာတဲ့အခါမှာ ကျွန်တော့်ရဲ့မျက်လုံးတွေနှင့် အပြာရောင်မျက်လုံးပိုင်ရှင်တို့က အကြည့်ချင်းဆုံသွားကြသည်။ ထိုသူက ကြည့်ကောင်းတဲ့နိုင်ငံခြားသားတစ်ယောက်ဖြစ်ပြီးတော့ ကျွန်တော့်ထက် သုံးလေးနှစ်လောက် ကြီးမယ့်ပုံပင်… အမဲရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေဝါရောင်ဆံပင်တွေနှင့်အတူ သပ်သပ်ရပ်ရပ်ဝတ်စားထားပုံက ပွဲတစ်ခုကို တက်ရောက်ရမယ့်ဆွေကြီးမျိုးကြီးထဲက တစ်ယောက်ရဲ့ပုံစံလိုဖြစ်နေသည်။

ထိုသူက ကျွန်တော့်ကို မျက်နှာသေနှင့်ကြည့်လာပြီးတော့ ပြုံးပြလာသည်။ ယဉ်ကျေးမှုအရ ကျွန်တော် ပြန်ပြုံးပြလိုက်ပြီးတော့ အထဲကိုသာ ပြန်ပြီအာရုံစိုက်လိုက်မိသည်။ ခွေးပေါက်လေးက ကျွန်တော့်ကို စိုးရိမ်နေတဲ့မျက်နှာနှင့်ကြည့်နေတာကြောင့် ကျွန်တော် အသာလေးပြန်ပြုံးပြလိုက်မှ သူက ပြန်လှည့်သွားပြီးတော့ အလုပ်စကားဆက်ပြောနေသည်။

'မင်္ဂလာပါ ခင်ဗျ' ကျွန်တော် ပြန်ပြီးနူတ်ဆက်ဖို့ လှည့်လိုက်တဲ့အခါမှာ စောနတုန်းက ကျွန်တော်နှင့် အကြည့်ချင်းဆုံထားသည့် နိုင်ငံခြားသားဖြစ်နေမှန်း သိလိုက်ရသည်။ 'ကျွန်တော် ဒီမှာ ထိုင်လို့ရမလား'

နိုင်ငံခြားသားတစ်ယောက်က ထိုင်းစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတက်တယ်ပေါ့…

ကျွန်တော့်ရဲ့သိချင်နေတဲ့စိတ်တွေကို ရပ်တန့်လိုက်ပြီးတော့ အားပါးတရပြုံးပြနေတဲ့ထိုသူကို ကျွန်တော် ကြည့်လိုက်မိသည်။ ဒါပေမယ့် ကျွန်တော် သူ့ကို ဘယ်လိုဘဲကြည့်ကြည့် သူက ရင်းနှီးတက်တယ်ဆိုတာထက် ဘယ်လိုပုံစံမှ ပြမလာ…

မရင်းနှီးတက်တဲ့ပုံစံဖြစ်နေတယ်ဆိုရင်လည်း ဘာမှမဖြစ်… Soloက ကျွန်တော့်ကို မြင်နေရတဲ့အကွာအဝေးမှာဘဲ ရှိနေတာမဟုတ်လား။

'ကျွန်တော့်ဆီက ဘာမှမလိုချင်ဘူးဆိုရင်တော့ ထိုင်လို့ရပါတယ်'

ကျွန်တော် ပြုံးလိုက်ပြီး တည့်ပြောဖို့ကိုသာ ရွေးချယ်ခဲ့တာကြောင့် ကျွန်တော့်အရှေ့ကသူက နည်းနည်းလောက် အံ့သြသွားပြီးတော့ တဖြည်းဖြည်းရယ်လာသည်။

'ညီလေးဆီက ဘာမှမလိုချင်တဲ့အတွက် အစ်ကို ထိုင်မယ်နော်… ကျေးဇူးတင်ပါတယ်'

'ရပါတယ်'

'အစ်ကိုက ဒီနေ့မှ ပြောင်းလာတာ…' ရွှေဝါရောင်ဆံပင်နှင့်လူက သက်တောင့်သက်သာအနေအထားနှင့် ပြောလာသည်။ သူက သူ့ရဲ့ကုတ်ကို ချွတ်လိုက်ပြီးတော့ သူ့ရဲ့ဘေးနားမှာ ထားလိုက်သည်။ 'အင်္ဂလန်ကနေ တန်းလာခဲ့တာ…'

'အာ… အင်း'

အဲ့ဒါသာ ပြောလိုက်ပြီး ဘာမှထပ်မပြောဖြစ်တော့ဘဲ ကောင်တာက ရပ်နေတဲ့ကောင်လေးကိုသာ လှည့်ပြီး ကြည့်လိုက်မိသည်။

'စိတ်မပူပါနဲ့… သူတို့က ဒီအတိုင်း စီမံရေးရာအကြောင်းကို ဆွေးနွေးနေတာပါ' ထိုစကားပြောလာတဲ့သူဘက်ကို လှည့်ပြီး အံ့သြစွာနဲ့ကြည့်လိုက်မိသည်။ သူက ပြုံးပြကာ စကားပြောတာ ခဏရပ်လိုက်ပြီး ဆက်ပြောလာသည်။ 'ကြီးမားတဲ့စီးပွားရေးလုပ်ငန်းပိုင်ရှင်ရဲ့တစ်ဦးတည်းသောသားက အခုလို တာဝန်အများကြီးနဲ့ ဖြစ်နေမှာဘဲ…'

'ကြည့်ရတာ အစ်ကို ကောင်းကောင်းနားလည်တဲ့ပုံဘဲနော်…'

'အင်း… ကောင်းကောင်းနားလည်တယ်။ ဘာလို့လဲဆိုတော့ အဲ့အသိုင်းအဝိုင်းမှာ အစ်ကို ရှင်သန်လာတာ အတော်ကြာနေပြီ'

'ဘယ်သူ့နေရာကနေ နားလည်တာလဲ။ ကြီးမားတဲ့စီးပွားရေးလုပ်ငန်းပိုင်ရှင်ရဲ့ သားတစ်ယောက်နေရာကနေ နားလည်တာလား။ Soloလို့ ခေါ်တဲ့ကောင်လေးတစ်ယောက်နေရာကနေ နားလည်တာလား' ကျွန်တော့်အရှေ့က သူက တိတ်ဆိတ်ငြိမ်သက်သွားတာကြောင့် ကျွန်တော် ပြုံးလိုက်မိသည်။ 'သူက သူ့ရဲ့နေရာနဲ့ တာဝန်တွေကို အခြားသူတွေကို မပြောချင်ဘူးဆိုတာ ဖြစ်ကောင်းဖြစ်နိုင်တာဘဲ… အဲ့ဒါကို အစ်ကိုက ကျွန်တော့်ကို ပြောပြဖို့ ဘာလို့ ကြိုးစားနေရတာလဲ'

'မပြောပြဖူးဆိုတာ သေချာတာပေါ့…' သူက ပြုံးပြပြီးတော့ ကျွန်တော်တို့ စကားပြောနေတာကို လှည့်ကြည့်နေတဲ့ကောင်လေးကို ကြည့်နေသည်။ 'ဒါပေမယ့် အခုတော့ မဟုတ်တော့ဘူး'

'…'

'ဘာဖြစ်လို့လဲဆိုတော့ အခုက…' သူက ကျွန်တော့်ဘက်ကို လှည့်ပြီးတော့ ဟန်ဆောင်ပန်ဆောင်မဟုတ်တဲ့ ကျေးဇူးတင်နေတဲ့အပြုံးမျိုး ပြုံးပြလာသည်။ 'သူ့ဆီမှာ မင်းရှိနေပြီလေ…'

'မင်း…'

'သူတို့ရဲ့ကိုယ်ပိုင်တာဝန်၊ စည်းမျည်းတွေနဲ့ မွေးဖွားလာတဲ့သူတွေက ဘယ်လောက်ဘဲ အဝေးကို ထွက်ပြေးဖို့ကြိုးစားပါစေ… နောက်ဆုံးတော့ အဲ့ဒါတွေကို ရင်ကို ဆိုင်ရမှာဘဲ… ဥပမာ သူက ကြီးမားတဲ့စီးပွားရေးလုပ်ငန်းတွေရဲ့ အမွေဆက်ခံသူအဖြစ် မွေးဖွားလာတဲ့သူ… ပြီးတော့ သူ အရမ်းမုန်းနေတဲ့ နှလုံးသားမရှိတဲ့သူတစ်ယောက်လို ဟန်ဆောင်ရဖို့အတွက် မွေးဖွားလာရတဲ့ အစ်ကို့လိုပေါ့… ဘယ်နေရာကနေ သွားပြီး အစ်ကိုတို့ ရွေးချယ်လို့ ရခဲ့လို့လဲ'

'…'

'အစ်ကိုတို့ သဘောမကျတဲ့အရာတွေကိုဘဲ ဆက်လုပ်ရမလား။ ဒါမှမဟုတ် သဘောကျတဲ့အရာတွေကို ထပ်ထည့်ပြီး ဆက်လုပ်ဖို့ ကြိုးစားကြည့်ရမလား'

'အစ်ကို ဘာလို့ သူ့ကို သွားမပြောရတာလဲ'

ကျွန်တော့်အရှေ့က သူ့ရဲ့မျက်လုံးတစ်စုံကို စိုက်ကြည့်ကာ အမှန်တရားကို ရှာဖွေဖို့ လုပ်မိပေမယ့် ဘာဆိုဘာမှမတွေ့ခဲ့… ဒါပေမယ့် ထူးခြားချက်အနေနဲ့ သူ့ရဲ့မျက်ဝန်းတွေထဲမှာ ရိုးသားမှုဆိုတာကိုတော့ ရှာတွေ့ခဲ့သည်။

'အချို့ကိစ္စတွေက အခြားသူတွေကို မပြောပြနိုင်တာတွေရှိတယ်။ စကားလုံးတွေက အခြားသူတွေကို ပြောပြတာနဲ့ တူနေတယ်ဆိုရင်တောင်မှ သူ့ကို ပြောပြလိုက်လို့ ထွက်လာမယ့်ရလဒ်က ကွဲပြားသွားနိုင်တယ်လေ…'

'ဒီလိုမျိုး နေရတာကိုကော အစ်ကိုကျေနပ်လား'

ပထမဆုံးအနေနဲ့ ကျွန်တော် သူ့ကို သနားတဲ့အကြည့်နှင့် ကြည့်လိုက်မိသည်။

'အစ်ကို့မှာ တာဝန်တွေရှိသေးတယ်။ ကိုယ် မကြိုက်ဘူးဆိုရင်တောင်မှ လုပ်မယ်ဆိုတဲ့လမ်းကို အစ်ကို ရွေးချယ်ခဲ့ပြီးသွားပြီ' သူက ကျွန်တော့်ရဲ့မျက်လုံးတွေကို စိုက်ကြည့်လာပြီးတော့ ဝမ်းနည်းစွာပြုံးပြလာသည်။ 'အစ်ကို့အတွက် ဒီကလေးက အရေးပါတဲ့ညီလေးတစ်ယောက်လိုဘဲ… အဲ့ဒါကြောင့် အခုအချိန်ကနေစပြီးတော့ ဘာဘဲဖြစ်လာဖြစ်လာ သူ့ရဲ့ဘေးနားမှာ ရပ်တည်ပြီး သူ့ကို ကူညီပေးမယ်'

'အဲ့ဒါက အစ်ကို့ကို တားဆီး နှောင့်ယှက်လာရင်တောင်မှလား'

'အင်း…'

အပြာရောင်မျက်လုံးတွေက ပင်ပန်းနေတဲ့ပုံဖြစ်နေတာကြောင့် ကျွန်တော်တောင် စိတ်ပင်ပန်းလာသလို ခံစားလာရသည်။

'အစ်ကိုမှ မဟုတ်ရင်… ဘယ်သူရှိသေးလို့လဲ'

'ကျွန်တော်လေ…'

'Guitar!'

ကျွန်တော် အသံပိုင်ရှင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ကျွန်တော်နှင့် ဆန့်ကျင်ဘက်နေရာမှာ ထိုင်နေတဲ့သူတစ်ယောက်ကို Soloက သတိမထားမိသလိုမျိုးနှင့် သူက ကျွန်တော့်ဆီ ဦးတည်ပြီး အမြန်ပြေးလာနေသည်။

'So စကားပြောလို့ ပြီးသွားပြီလား'

'ပြီးသွားပြီ'

သူက ကျွန်တော့်ကို နူးညံ့စွာပြုံးပြလာပြီးတော့ ကျွန်တော့်ရဲ့လက်ကို ဆုတ်ကိုင်ထားသည်။

'အခန်းထဲ ပြန်ရအောင်…'

'So… ဒါက…'

ကျွန်တော် Soloရဲ့လက်ကို ကိုင်လိုက်ပြီးတော့ စောနတုန်းက ဒီကိုပြောင်းလာတယ်လို့ ပြောနေတဲ့သူဘက်ကို လှည့်လိုက်သည်။ Soloက ကျွန်တော် ဘာလုပ်နေတာလဲဆိုတာကို နားမလည်သည့်ပုံစံနှင့် မျက်လုံးအပြူးသားဖြစ်နေပြီး ဘေးက လူကို ကြည့်လိုက်သည်။ သူတို့ အချင်းချင်းအကြည့်တွေ ဆုံသွားကြတဲ့အခါမှာတော့ ကျွန်တော့်ဘေးနားမှာ ရပ်နေတဲ့ကောင်လေးရဲ့မျက်လုံးတွေက ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်။

'မင်္ဂလာပါ သခင်လေး'

Soloက လူတစ်ယောက်ကို အဲ့လိုမျက်လုံးတွေနဲ့ ကြည့်နေတာကို ကျွန်တော် မြင်ဖူးတာ ဒါပထမဆုံးပင်…

ဒေါသထွက်နေတဲ့ အကြည့်လည်းမဟုတ်သလို… ခက်ထန်တဲ့အကြည့်လည်း မဟုတ်…

ရင်းနှီးမှုမရှိတဲ့အရာတစ်ခုကို ကြည့်နေသလိုမျိုး အေးစက်တဲ့အကြည့်တွေနှင့် ကြည့်နေသည်။

'Jay'

…_…

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

20.7K 1.7K 121
Credit respectfully to original artist-jkjkjk9217 (Joe Kotlyar) original artist ig acc-jkjkjk9217 JUSTINဆိုတဲ့ကောင်လေးဟာလူသိခံလို့မရတဲ့လျှို့ဝှက်ချက်...
879 57 6
《浮生六记》 作者:南康白起 Six records of a floating life - Nankang Baiqi Published on JJWXC, 2004-2005 T/N: Nankang wrote about his feelings and the events when...
16.4K 583 42
《 This is a BoyxBoy story 》 William Caddel wants to live. Between crushing expectations and the strictness that comes with them that seems like such...
19.8K 349 18
Jeremiah breaks up with Juliet over text, so she feels the need to clear her head. And what better way to go to the beach and listen to the waves in...