အပိုင်း ၂

434 45 0
                                    

Admin Page Cute:
ငါ ဘာမှပြောစရာမရှိတော့ဘူး… ဒီပုံလေးကဘဲ အားလုံးကို ပြောပြလိမ့်မယ်။ သူတို့ ကြိုက်နေကြပြီ မှတ်လား။ #SoloGui အို… ငါ အော်မိနေပါပြီနော်…
PS ပုံပေးတဲ့ ညီမလေးKhim Rattarapornကိုလည်း ကျေးဇူးတင်ပါတယ်။

*Guiက ပြုံးရယ်ကာ ဆက်ဖီရိုက်ထားပုံ၊ အနောက်မှာတော့ Soloက သူ့မျက်နှာနားမှာ ရှိနေသည်။ Soloက ကင်မရာကို ကြည့်မနေ၊ သူ့မျက်လုံးတွေက Guiဆီသာရောက်နေသည်။ အကြည့်တွေကလည်း ဘယ်လိုပြီး အဲ့လောက်ထိ နူးညံ့နေရတာလဲ မသိဘူး။
2.2k Likes.  773 Comments.  125 Shares.

RayRayRay:
ဘာလို့ သတင်းတွေ ရုတ်တရက် ထွက်လာရတာလဲ။
@GuiJirayu @SoloSiwarokin
71 Likes.  2 Comments.

'P'Gui… Khim အရမ်းပျော်တာဘဲ… အက်ဒမင်က ပုံတင်ထားတာ တစ်နာရီတောင်မရှိသေးဘူး။ likeတွေ အများကြီးရနေပြီ။ ဒီမှာ ကြည့်…'

ကျွန်တော် Khimပြောနေတာတွေကို စိတ်မဝင်စားဘူး။ ဘာခံစားချက်မှမရှိတဲ့ပုံစံနဲ့ ကြည့်လိုက်တော့ အက်ဒမင် တင်ထားတဲ့ပုံကို တွေ့လိုက်ရသည်။ ဘယ်လိုလုပ်ပြီးတော့ ဒီလိုတွဲပြီး ဓါတ်ပုံအတူတူ ရိုက်ဖြစ်သွားတာလဲလို့ မေးရင်တော့ မနေ့ညက ဘာတွေဖြစ်သွားခဲ့လဲဆိုတာကို ပြန်ပြောပြရလိမ့်မယ်။

'အစ်ကို… မင်းကို ဓါတ်ပုံရိုက်လို့ရမလား။ ဒီဆိုင်မှာ အလုပ်လုပ်နေတဲ့ ဂျူနီယာလေးက မင်းဆိုင်မှာ ထိုင်နေတဲ့ပုံကို လိုချင်တယ်ဆိုလို့…' ကျွန်တော့်ဘေးနားမှာ လမ်းလျောက်နေတဲ့ ကောင်လေးကို ကျွန်တော် ကြည့်ပြီး ခွင့်တောင်းလိုက်မိသည်။ Soloကတော့ နားမလည်တဲ့ပုံစံနဲ့ မျက်ခုံးတွေကို ပင့်တင်လိုက်ပေမယ့် နောက်ဆုံးတော့ ဘာမှမပြောဘဲ ခေါင်းညိမ့်ပြလာသည်။

'ရိုက်လို့ရပါတယ်'

ကျွန်တော် သူ့ကို ကျေးဇူးတင်ကြောင်း တိုးတိုးလေးပြောလိုက်ပြီး ဖုန်းထဲက ကင်မရာကိုဖွင့်လိုက်ပြီးတော့ သူ့ကို ဓါတ်ပုံရိုက်ဖို့ ပြင်လိုက်မိသည်။ ဒါပေမယ့် ထိုကောင်လေးရဲ့လက်က ရုတ်တရက် ကင်မရာကို လက်နဲ့ကွယ်လိုက်တာကြောင့် ရိုက်ဖို့ပြင်ထားတဲ့ ဖုန်းကို အောက်သို့ချလိုက်သည်။

'အစ်ကိုလည်း ကျွန်တော်နဲ့အတူတူ ဓါတ်ပုံရိုက်ရမယ်လေ'

ကျွန်တော် နည်းနည်းအံ့သြမိသွားပေမယ့် ဘာမှမစဉ်းစားတော့ဘဲ ခေါင်းသာညိမ့်လိုက်မိသည်။ ကင်မရာကို ဆက်ဖီအနေအထားသို့ ပြောင်းလိုက်ပြီး အနည်းငယ်ထောင်လိုက်သည်။ ဒါပေမယ့် ကျွန်တော်တို့က ပုခုံးကျယ်တဲ့ ယောကျာ်းလေးနှစ်ယောက်ဖြစ်နေတာကြောင့် ကင်မရာအတွင်း မဆံ့… ကင်မရာကို ဘယ်လိုအနေအထားချိန်ရမလဲဆိုတာလည်း ကျွန်တော် မသိ… အဲ့ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ပုံစံက မသက်မသာဖြစ်နေတဲ့ပုံစံမျိုးဖြစ်နေသည်။ ကျွန်တော် ကင်မရာအကွာအဝေးလုပ်နေတဲ့အချိန်မှာဘဲ Soloက နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ကာ ကျွန်တော့်ရဲ့ပုခုံးပေါ်ကို သူခေါင်းလေးတင်လိုက်ပြီး ကင်မရာကိုသာ စိုက်ကြည့်နေသည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now