Special Chapter: C × Jay 2

281 14 0
                                    

Jayက Soloကို အရမ်းချစ်တာ... ဒီကလေးပုစိလေးကလည်း Jayကို အရမ်းချစ်တာ... Lalitက မျိုသိပ်ထားတက်တဲ့Jayကို စိတ်ပူခဲ့ရသေးသည်။ တစ်ယောက်တစ်ယောက်လာမှာကို မျှော်နေသလိုမျိုး တံခါးရှေ့မှာ ထိုင်နေတက်တဲ့Jayကို မြင်လိုက်ရတဲ့အချိန်တိုင်း Lalitက သနားစိတ်ဝင်နေမိတာ... ဒါပေမယ့် တစ်နေ့ကျတော့ သူမ မလုပ်နိူင်တဲ့အရာကို Slolဆိုတဲ့ကလေးက လုပ်နိူင်ခဲ့သည်။ ထိုကလေးက Jayကို ပြန်ပြီး အသက်ဝင်လာအောင် လုပ်ပေးခဲ့တာ...

Jayက သူ့ကိုယ်သူ အစေခံတစ်ယောက်လိုမျိုး နေထိုင်နေပါစေ... Lalitက တစ်ခါမှ အဲ့လိုမျိုး တွေးတောင် မတွေးမိဖူးဘူး။ သူက လိမ္မာပြီး အရည်အချင်းရှိတဲ့ကောင်လေး... အိမ်မှုကိစ္စအားလုံးကို ကူညီပေးတဲ့အပြင် Soloကိုပါ အမြဲတမ်းထိန်းပေးတာ... အဲ့ဒါကြောင့်် သူမရဲ့သားလေးက Jayကို အရမ်းချစ်နေတာပေါ့...

ရက်တွေက တဖြည်းဖြည်းနဲ့ ကုန်ဆုံးလာပြီ။ တစ်နှစ်ကနေ နှစ်နှစ်... နှစ်နှစ်ကနေ သုံး၊ လေးနှစ်... အခုဆိုရင် ဆယ်နှစ်တောင် ကြာလာခဲ့ပြီ။ Soloလို့ခေါ်တဲ့ကောင်လေးကတောင် ၁၄နှစ်သို့ ကူးပြောင်းလာခဲ့ပေမယ့် သူမအတွက်တော့ ဂုဏ်ယူရတဲ့သားလေးဖြစ်နေတုန်းပဲ...

Cနဲ့ သူမကလည်း ဘယ်တော့မှ အဆက်အသွယ်မပြတ်ခဲ့... Cက သူမကို အမြဲတမ်းဖုန်းခေါ်တယ်။ အသုံးစရိတ်တွေ ပို့ပေးတယ်။ ပြီးတဲ့အခါမှာ သူတို့ရဲ့ကလေးအကြောင်းနဲ့ Jayနဲ့ ပတ်သတ်တဲ့အကြောင်းကို အမြဲလိုလိုမေးတက်သည်။ အနည်းဆုံး တစ်ပတ်မှာ တစ်ခါလောက်တော့ သူမကို ဆက်သွယ်သည်။

'C သူတို့ကို လာတွေ့သင့်တယ်'

'ကိုယ် လာတွေ့လို့ မရဘူးဆိုတာကို သိတယ်မှတ်လား'

'ဒါပေမယ့် ကြားမိတာတော့ Cက ဥက္ကဌနေရာကို ဆက်ခံလိုက်ပြီဆို...'

မနေ့က သတင်းတွေထဲမှာ အောင်မြင်ကျော်ကြားတဲ့ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဌနေရာလွှဲပြောင်းမှုကို သူမ ဖတ်လိုက်မိတာ... အရင်က Marcusရဲ့နေရာပေါ့... နောက်ပြီး Marcusက မဖော်ပြထားတဲ့ရောဂါတစ်ခုကြောင့် ဆေးရုံတက်နေရတယ်ဆိုတဲ့သတင်းတွေပါ တက်လာသည်။

'Marcusက အခုထိ အင်အားရှိနေတုန်းပဲ Lalit... ကိုယ် သူတို့လေးတွေကို လုံခြုံပြီဆိုတာကို သေချာအောင် လုပ်ချင်သေးတယ်'

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now