အပိုင်း ၂၁

216 19 1
                                    

'Ai'Kao… မင်း အဲ့နေရာမှာ ထိုင်လို့မရဘူးလေ…'

'ဘာလို့မရတာလဲ P'Wine'

'အဲ့ဒီမှာ စင်ဂဲလ်တွေအတွက် နေရာမရှိဘူး။ ပန်းရောင်တွေ၊ သက်တန့်တွေနဲ့ ပြည့်နေတာ… ငါ ဒီအတိုင်း ကြည့်နေတာတောင်မှ ငါ့ရဲ့ကျောက်ကပ်တွေက တုန်ခါနေသလိုဘဲ…'

'အချစ်နဲ့ တွေ့တဲ့သူတိုင်းက အဲ့လိုဘဲ မဟုတ်ဘူးလား P'…'

'ငါ နေရာပြောင်းပေးမယ်'

ကျွန်တော် သူတို့ပြောနေတာကို ဖြတ်ပြောလိုက်ကာ တစ်ဝိုင်းထဲ ထိုင်နေတဲ့ကောင်လေးရဲ့လက်မောင်းကို ထိလိုက်ပြီး အတည်ကြီး ထသွားတော့မလို လုပ်လိုက်သည်။ Ai'Wineသာ ကျွန်တော့်အကျီလက်ကို မဆွဲထားရင် တကယ် ထထွက်မိမှာ…

'ငါ ဒီအတိုင်း စနေတာပါ။ အခုမှ မနက်ခင်းဘဲရှိသေးတော့ လူတွေသိပ်မရှိလို့ ငါ မင်းကို စနေတာပါကွာ…'

Wineက ပြောပြီးတာနဲ့ သူက Kaoနှင့် တိုးတိုး တိုးတိုးနှင့် အတင်းပြောနေကြသည်။ သူတို့ အခုလို ကောင်းကောင်းမွန်မွန် ရင်းနှီးနေကြတာကို ကျွန်တော် ပျော်နေရမယ့်အစား ဒါက အရမ်းထူးဆန်းနေတယ်လို့ ကျွန်တော့်ရဲ့ကျောရိုးမထဲကတောင် ခံစားနေရသည်။

အခု ဒီနေရာမှာ Ai'Nohသာရှိနေရင် ဘယ်လိုဖြစ်နေမလဲဆိုတာ ပြောပြစရာပင်မလို… ပရမ်းပတာဖြစ်နေလိမ့်မယ်ဆိုတာ သေချာသည်။

တကယ်တော့ ဒီနေ့မနက်ခင်းမှာ ထူးထူးခြားခြားဆုံမိကြတယ်ဆိုတာ တိုက်ဆိုင်သွားတာကြောင့်ဖြစ်သည်။ ပုံမှန်ဆို ကျွန်တော်က ခွေးပေါက်စလေးကို နိူးဖို့ အချိန်ယူရသေးတာကြောင့် စောစောထဖြစ်သည်။ ခွေးပေါက်လေးက နိူးရတာ တော်တော်ခက်တဲ့အပြင် စားသောက်ဖို့ပါ ကျွန်တော် ပြင်ဆင်ရသေးသည်။ ဒါပေမယ့် ဒီနေ့ကျတော့ ခွေးပေါက်လေးက ဘာလို့ နိူးရတာမြန်လဲဆိုတာတော့ ကျွန်တော် မသိ… အရင်နေ့တွေတုန်းကလိုမျိုး ကြိုးစားပမ်းစားနဲ့ မနိူးရတော့ဘဲ တစ်ခါခေါ်ရုံနဲ့တင် နိူးလာခဲ့သည်။

'ဒါနဲ့ မင်းတို့ ဘာလို့ အစောကြီးရောက်နေရတာလဲ' ကျွန်တော် တစ်ယောက်တည်းထိုင်နေတဲ့Beerဘက်သို့ လှည့်ပြီး မေးလိုက်သည်။ စကားတိုးတိုးပြောနေကြတဲ့ ဟိုနှစ်ယောက်ကိုတော့ ဒီအတိုင်းလွှတ်ထားလိုက်သည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Donde viven las historias. Descúbrelo ahora