အပိုင်း ၂၈

11 1 0
                                    

မနက်ရောက်တော့ Soloက ကျွန်တော့်ထက်စောပြီး အိမ်ကနေ သွားရမှာဖြစ်သည်။ ကျွန်တော်က နေ့လည်မှ စာမေးပွဲရှိတာကို သူ သိလိုက်တဲ့အချိန်မှာ ကျွန်တော့်ကို ကောင်းကောင်းအနားယူစေချင်တာကြောင့် သူက ထပ်အိပ်ခိုင်းသည်။ ဘာလို့လဲဆိုတော့ ချင်းမိုင်ကို ကျွန်တော်တစ်ယောက်တည်း သွားရမှာဖြစ်တာကြောင့် အဲ့ရောက်တဲ့အခါမှာ ကျွန်တော် ကောင်းကောင်းအိပ်လို့ရမှာ မဟုတ်ဘူး။

ဒါ မမှားပါဘူး… ကျွန်တော်တစ်ယောက်တည်းဆို အိပ်ရလိမ့်မယ်လို့ တစ်ခါမှစိတ်တောင်မကူးခဲ့ဖူးဘူး။

ကျွန်တော် အခန်းတံခါးနားက သူ့ဆီ လျောက်သွားလိုက်တဲ့အခါမှာ ထပ်အိပ်ဖို့ ပြောခဲ့တဲ့ကောင်လေးက ရုတ်တရက် ကျွန်တော့်ခန္ဓာကိုယ်ကို ဆွဲယူလိုက်ပြီးတော့ ဘာမှမပြောဘဲ တင်းကြပ်စွာ ပွေ့ဖက်လာသည်။ မနေ့ညတုန်းက ကျွန်တော်တို့ စကားတွေပြောခဲ့တာကြောင့် အခုပြောဖို့ စကားတွေမရှိတော့တာ ဖြစ်နိုင်သည်။ ပြီးတဲ့အခါမှာတော့ ခွေးပေါက်လေးက နောက်လှည့်မကြည့်ဘဲနဲ့ အပြင်သို့ထွက်သွားသည်။ အဲ့ဒီလို လှည့်မကြည့်တာဘဲ ကောင်းသည်။ ဘာလို့လဲဆိုတော့ တကယ်လို့ သူသာ ကျွန်တော့်ကို နောက်လှည့်ကြည့်ခဲ့ရင် ကျွန်တော် သူ့ကို ပြေးဖက်မိလိမ့်မည်။

ဒီနေ့ ကျွန်တော် ခွေးပေါက်လေးနဲ့ အတူတူရှိမနေနိုင်တော့ဘူးဆိုတာကို ပြန်သတိရလာခဲ့သည်။

Khun Jayက ကျွန်တော့်ကို ကျောင်းလိုက်ပို့ပေးမယ့် ဒရိုက်ဘာနှင့် မိတ်ဆက်ပေးသည်။ ကားထဲမှာတော့ ခရီးဆောင်အိတ်နှစ်လုံးရှိပြီး တစ်လုံးက ကျွန်တော့်ဟာဖြစ်ကာ နောက်တစ်လုံးက Khun Jayဟာဖြစ်လိမ့်မည်။ သူပြောတာက ကျွန်တော် စာမေးပွဲဖြေပြီးတဲ့အထိ စောင့်နေမယ်တဲ့… ကြည့်ရတာ ခွေးပေါက်လေးက ကျွန်တော့်ကို စောင့်ပြီး သေချာခေါ်ဖို့ Khun Jayကို ခဏခဏပြောထားပုံရသည်။

စာမေးပွဲက ကျွန်တော် ဖတ်ထားတာတွေဘဲ ပါလာတာကြောင့် အကြာကြီးမဖြေလိုက်ရ… ဌာနအရှေ့သို့ ရောက်တဲ့အခါမှာတော့ သူငယ်ချင်းတွေကို နူတ်ဆက်ပြီး လမ်းခွဲလိုက်ကြသည်။ ကျွန်တော် ကားပေါ်တက်လိုက်တဲ့အချိန်မှာတော့ နည်းနည်းလေးကြောက်လာသည်။ ခွေးပေါက်လေးက စာမေးပွဲကြောင့် ကျွန်တော့်ကို လိုက်မပို့နိုင်ဘူးဆိုတာကို သိနေပေမယ့်လည်း လပေါင်းများစွာမခွဲဘဲ အတူတူနေလာပြီးတော့မှ အခုလိုမျိုး ရုတ်တရက်ကြီး ငါးရက်ခွဲနေရတော့မှာဆိုတော့…

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Onde histórias criam vida. Descubra agora