'မြန်… မြန်မြန်…'
'မင်းတို့ ရေကူးနေတာလား။ လေးဘက်ထောက် သွားနေတာလား။ ဟမ်… မင်းတို့ရှုံးတာနဲ့ သေမှာနော်…'
ကမ်းခြေမှာလုပ်တဲ့ ပထမဆုံးActivityကတော့ အလံရဖို့ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မနက်ခင်းအစပိုင်းကတည်းက ရေအစိုခံပြီး ဘာလို့ ဒီလိုကစားနေကြတာလဲဆိုတာ ကျွန်တော် နားမလည်နိုင်ဖြစ်မိသည်။ ကျွန်တော်ကတော့ သူငယ်ချင်းတွေနဲ့အတူ မတ်တပ်ရပ်ကာ သူတို့ဖြစ်ပျက်နေတာကို ကြည့်ရင်း ရယ်နေမိသည်။ ဝင်ပါဖို့လည်း အစီစဉ်မှမရှိတာ…
ကမ်းခြေတစ်လျောက် အားပေးတဲ့သူတွေရဲ့အသံက မီးတောက်တွေလို ဝုန်းခနဲထတောက်လာသည်။ ဘာလို့လဲဆိုတော့ ရှုံးတဲ့အသင်းက အပြစ်ပေးခံရမှာကို… ပြီးတော့ အပြစ်ပေးတဲ့ပုံစံကလည်း လူသိများတာကြောင့် ဂျူနီယာတွေက ဒီအတိုင်းကို ကြောက်နေကြတာ…
စည်းမျည်းစည်းကမ်းကတော့ တစ်ဖွဲ့ဆီက ကိုယ်စားပြုတစ်ယောက်ဆီ ထွက်လာရပြီး တာထွက်နှင့် နည်းနည်းလှမ်းတဲ့နေရာက အလံ၅ခုရှိသည်။ အလံတစ်ခုစီတိုင်းမှာ နံပါတ်တွေ ရေးထားတာ… ထိုထဲက နံပါတ်တစ်ခုတည်းကသာလျှင် အပြစ်ပေးခံရတာက လွတ်မြောက်မှာဖြစ်ပြီး ကျန်တဲ့အဖွဲ့တွေကတော့ ပြင်းထန်တဲ့အပြစ်ကို ခံယူရမှာဖြစ်သည်။ ဒီဂိမ်းက အမြန်နှုန်းပေါ် မူတည်တယ်လို့ ပြောလို့ရသည်။ ဘာလို့လဲဆိုတော့ အလံတစ်ခုကို တစ်ယောက်က ရသွားပြီဆိုရင် အဲ့အလံကို အခြားသူတွေက လုလို့မရတော့ဘဲ သူတို့အဖွဲ့က ပိုင်သွားပြီး ကျန်တဲ့အဖွဲ့က ကျန်အလံကို သွားယူရမှာ…
ကျွန်တော်တို့ ဒီအတိုင်းမတ်တပ်ရပ်ပြီး ရယ်နေတယ်ဆိုတာကလည်း ဒီactivityက ပထမနှစ်နဲ့ ဒုတိယနှစ်နဲ့အတူ ဂီတမေဂျာနဲ့ ပူးပေါင်းပြီး လုပ်တဲ့ပွဲလေ… ဒုတိယနှစ်က သူတွေက ပထမနှစ်တွေကို အနိုင်ကျင့်ချင်တာကြောင့် activityအတူတူဝင်လုပ်ပြီး တတိယနှစ်က စီနီယာတွေကို သူတို့ကို ထိန်းခိုင်းသည်။ သူတို့စီစဉ်ထားတဲ့ activityတိုင်းလိုလိုပေါ့…
'ချီးဘဲ… ငါတို့အသင်းက အလံနဲ့ထိနေပြီ… မင်းတို့အသင်းကို လွှတ်ခိုင်းလိုက်စမ်း!'
YOU ARE READING
OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]
RomanceThis is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give me a permission to translate Thai to Mm. I'm aslo translating my own, and I'm not using any other translation. 🚫 use for commercial 🚫 re-po...