[Special] Moment: Part-3

23 0 0
                                    

ပန်းတွေနဲ့ Khun Peem

Staff A: Khun Peem... ဒီနေ့ စိုက်ခင်းထဲ ဆင်းဦးမှာလား။

Peem: အင်း... နှင်းဆီပန်းတွေကို တစ်ချက်လောက် သွားကြည့်မလို့...

Staff A: အယ်... Khun Peem ဝယ်ပြီးစိုက်ထားတဲ့ အပြာရောင်နှင်းဆီတွေလား။

Peem: ဟုတ်တယ်လေ... (ပြုံးလျက်)

Staff A: Khun Peemက အဲ့ပန်းတွေကို အရမ်းဂရုစိုက်သလိုဘဲနော်...

Peem: ဘာလို့ အဲ့လိုမျိုး ထင်သွားရတာလဲ။

Staff A: ကျွန်တော် စိုက်ခင်းထဲ လိုက်ခဲ့တဲ့အချိန်တုန်းလေ... Khun Peemက အဲ့ပန်းတွေကို ပုံမှန်ထက်ပိုပြီး ညင်ညင်သာသာနဲ့ ဂရုစိုက်နေတာကို တွေ့လိုက်ရလို့... (ခေါင်းကို ကုတ်ပြီး ရှက်နေလျက်)

Peem: အဲ့ဒီပန်းတွေက ကျွန်တော်နဲ့တူလို့ ခံစားရလို့လား မသိဘူး...

Staff A: ဘယ်လို...

Peem: ကဲ... အလုပ်သွားလုပ်မယ်။

Staff A: အဲ့ဒါဆို ခွင့်ပြုပါဦးနော်...

**တယ်လီဖုန်းမြည်သံ**

Peem: ဟုတ်ကဲ့ အဖေ...

Wiboon: အဖေပြောထားတဲ့အကြောင်းကို Peem စဉ်းစားပြီးပြီလား။

Peem: (သက်ပြင်းချလျက်) Peem ပန်းဆိုင်မှာ အလုပ်ရှိသေးတယ်ဆိုတာကို အဖေသိရဲ့သားနဲ့... စိုက်ခင်းကိုလည်း ပြေးနေရတာလေ...

Wiboon: ဒီအတိုင်း ပန်းဆိုင်လေးဘဲကို... ဆိုင်က အကြီးကြီးမှ မဟုတ်တာ... အဖေတို့ ဝန်ထမ်းတွေ ခန့်ထားတယ် မဟုတ်လား။ အရာအားလုံးကို ကိုယ့်ဘာသာကို လုပ်နေမယ်ဆိုရင် ဘာလို့ သူတို့ကို ခန့်ထားမှာလဲ။

Peem: ဒါပေမယ့်...

Wiboon: လူတွေကို ယုံကြည်ဖို့အတွက် ကြိုးစားကြည့်ပါဦး... ဝန်ထမ်းတွေကလည်း အလုပ်လုပ်တာ ကြာနေပြီ မှတ်လား။ ဘာလို့ အားလုံးကို ဝင်လုပ်နေရတာလဲ။

Peem: (အလိုမကျဟန် ဖြစ်သွားလျက်) ဒါပေမယ့် အဖေက Peemမသိတဲ့လူတစ်ယောက်ကို စောင့်ရှောက်ခိုင်းနေတာလေ...

Wiboon: သား မသိဘူးလို့ ဘယ်သူပြောတာတုန်း... သား ငယ်ငယ်တုန်းက သူတို့ရဲ့နောက်ကိုဘဲ သားလိုက်နေကြလေ...

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now