[Special] Moment: Part-2

148 10 0
                                    

ပါမလာခဲ့တဲ့ဇာတ်ကောင် Jedi

Gui: တကယ်တော့ Jediဆိုတဲ့နာမည်က စာရေးဆရာမက သဘောကျလို့ ပေးထားတဲ့နာမည် မှတ်လား။

Jedi: ကျွန်တော်လည်း အဲ့လိုကြားထားတာ... ဒါပေမယ့် သူမ ကြိုက်တဲ့နာမည်ကိုတော့ အဓိကဇာတ်ကောင်ကို ပေးရမှာပေါ့... ကျွန်တော့်လို ဇာတ်ရံကို မပေးသင့်ဘူး။

Gui : အဆင်ပြေပါတယ် (ပြုံးလျက်)

Jedi: မဖြစ်နိူင်ပါဘူးဗျာ...

Gui: ဒါပေမယ့် Jediကိုလည်း ကိုယ်ပိုင်အတွဲရှိစေချင်တဲ့လူတွေကို အစ်ကို တွေ့နေရတယ်

Jedi: ကျွန်တော်လည်း သတိထားမိတယ်။ ဒါပေမယ့် အဲ့ဒါက နည်းနည်းတော့ ခက်လိမ့်မယ်။

Gui: ဘာလို့လဲ။

Jedi: စာကြိုးစားနေရတာနဲ့ အလုပ်ရှုပ်နေတော့ ကျွန်တော့်မှာ အဲ့အတွက် အချိန်မရှိလောက်ဘူး။ Kaoရဲ့ဇာတ်လမ်းနဲ့တင် အဆင်ပြေနေပါပြီ။ (ရယ်လျက်)

Kao: မင်း အဖေကြီးကို မျှော်လင့်နေ... (ခေါင်းကို စောင်းလျက်)

Jedi: မင်း ဘာလို့ အမြဲတမ်း ငါ့ရဲ့တောက်ပမှုတွေကို ခိုးခိုးသွားရတာလဲ။

[Scene Stealerလို့ ပြောတာပါ😬]

Kao: ဘယ်တက်နိူင်မလဲ။ ငါက အရမ်းHOTနေတာကို...

Jedi: (လျစ်လျူရှုလျက်) အစ်ကို... Ai'So ဘယ်သွားတာလဲ။

Gui: ကြည့်ရတာ ရွှေငါးသွားဝယ်နေတာ ထင်တယ်။

Jedi: ရွှေငါး... Ai'Soက ငါးမွေးမလို့လား။

Gui: ... (ပြုံးလျက်)

Kao: သူက မင်းအတွက် ဝယ်နေတာ...

Jedi: ဘာလို့ ငါ့အတွက် ငါးဝယ်ပေးရတာလဲ။ (စိတ်ရှုပ်ထွေးလျက်)

Kao: အဲ့ဒါမှ မင်း ရွှေငါးနဲ့ သူငယ်ချင်းလုပ်လို့ရမှာလေ... တစ်ယောက်တည်း အဖော်မဲ့နေတဲ့ဒေါက်တာလေးကို သူက သနားလို့တဲ့... (ပျော်ရွင်စွာနဲ့ ရယ်မောနေလျက်)

Jedi: ...

...

3 Kingsဆိုတာ ဘယ်သူတွေလဲ

Pramok: Tae... P'Jakဘယ်ကို သွားတာလဲ။

Hongtae: ထုံးစံအတိုင်း ဝှီးချဲကို သူ့ဘာသာသူ တွန်းပြီး အပြင်ထွက်နေတာ နေမှာပေါ့... (သက်ပြင်းချလျက်)

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now