Remember me❣(YiZhan)
By chimonzue
45.5K 4.1K 234
ကျွန်တော်မမှတ်မိတဲ့အကြောင်းရာတွေကို ခဏမေ့ထားပြီး လက်တွေ့မှာအနေနီးအောင်ကြိုးစားကြမယ်လေ ...... ကျွန်တော်မမှတ်မိ... More
(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(9)
(10)
(11)
(12)
(13)
(14)
(15)
(16)
(17)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(32)
(33)
(34)
(35)
(36)
(37)
(38)
(39)
(40)
(41)
(42)
(43)
(31)
825 88 6
By chimonzue
Zawgyi
>>>>>>>>>>>>>>>>
အရမ်းကြီးမလှပေမဲ့ သပ်သပ်ရပ်ရပ်နဲ့ဂရုတစိုက်ရေးထားတဲ့စားလုံးညီညီလေးတွေ!
"အင့် ဟင့် "
တီ … တီ …
"ဟင့် ရွှတ် "
"ဟယ်လို "
>>>>>>>>>>>>>>
"အာ ဟုတ်ကဲ့ ဒါဆိုလည်း …"
"မသွားနဲ့ "
"ဘာဖြစ်လို့ … အင့် "
"ဒီမှာမင်း ! "
"ခများ "
ပြွတ် …
ရူးးး …
"အင့် ဟင်းးး မလုပ်နဲ့"
"ဟင့် မဟုတ်ဘူး "
"ဘာကိုမဟုတ်တာလည်း ဟမ် "
အာ့ …
"ဟင့် ဝမ် … အီးး ရွှတ် "
"ဝမ့်  … အင့် "
"ဟေးး ငိုနေတာရပ်တော့ "
"ပေါင်ပေါ်ကဆင်းတော့"
                                 ••••••
9//5//2022
Unicode
ဒီသေးနုပ်တဲ့မြို့လေးမှာ club တို့ barတို့ ဆိုတာရွှေထက်တောင်ရှားသေးတယ်။ဝမ်ရိပေါ်ကသုံးနာရီလောက်မြို့ကိုပတ်မွှေပြီးတာတောင် အရက်ဆိုင်နဲ့တူရုံဆိုတဲ့လမ်းကြိုလမ်းကြားက အသားကင်ဆိုင်လေးတွေကိုပဲတွေ့ခဲ့တော့ဒေါကန်နေပြီလေ။ငရဲဆိုတာဒါကိုခေါ်တာဖြစ်မယ်။ပါးပါးလေးတောင်ပုတ်ဖို့မရှိပဲ ဒီမြို့ကလူတွေဘယ်လိုနေထိုင်ကြလည်းဆိုတာစဉ်းစားလို့မရဘူး။
ကားစီယာတိုင်ကိုလက်နဲ့ပြင်းပြင်းထုပြီး လေပူတွေကိုမှုတ်ထုတ်လိုက်သည်။သောက်ချီးတဲ့မှပဲ !
စိတ်ကိုနည်းနည်းလောက်ဆွဲဆန့်ပြီး ကွေ့ပတ်ကြည့်တော့ မြို့ပြင်နေရာနားမှာ စားသောက်ဆိုင်ကြီးကြီးတစ်ခုကိုတွေ့သည်။သူလိုချင်တဲ့ပုံစံမဟုတ်ပေမဲ့လည်း အခုချိန်မှာတော့ ဒါကိုပဲသုံးလိုက်တော့မည်။private တစ်ခန်းယူပြီး ခပ်ပြင်းပြင်းတစ်လုံးနဲ့အမြည်းတစ်ချို့ကိုမှာလိုက်သည်။မှောက်မှရမှာ ဒီနေ့ !
လာချပေးတဲ့ အရက်ခွက်ကိုရေခဲနည်းနည်းရောပြီး မော့လိုက်သည်။
အားးး … အခုမှနေသာထိုင်သာရှိသွားတာ။သူကအရက်ဂျိုးတော့မဟုတ်ဘူး။ဒါပေမဲ့ အရက်နဲ့သူနဲ့ကသူငယ်ချင်း~သတိမေ့နေတဲ့အချိန်အတောအတွင်းထဲမှာဒါတွေကိုလျှာဖျားနဲ့တောင်မတို့ခဲ့ရဖူးထင်တယ်။ခံတွင်းကိုချဉ်နေရောပဲ …
ဒီကြားထဲ နေသားထိုင်သားလုံးဝမကျ။ရင်ထဲမှာတနုပ်နုပ်နဲ့။အာရုံနောက်နေတဲ့ ဟာတွေအခုရှင်းရမယ်။နောက်တစ်ခွက်ထပ်မော့လိုက်သည်။ လည်ချောင်းထဲပူဆင်းသွားသည့်အရသာက တကယ့်ကိုပဲ …
>>>>>>>>>>>>>>>>
ရေချိုးပြီးခါစမို့ ရှောင်းကျန့်ကအတော်လေးလန်းဆန်းနေသည်။စိုကပ်ပြီးနဖူးပေါ်ဝဲကျနေတဲ့ဆံပင်လေးတွေကိုသပ်တင်လိုက်ပြီး စာကြည့်မီးအိမ်လေး
ကိုအလင်းမြှင့်လိုက်သည်။စောင်လေးကို ကိုယ်တစ်ဝက်လုံအောင်ခြုံလိုက်ပြီး အနည်းငယ်နွမ်းနေတဲ့ စာအုပ်လေးကိုလှန်လိုက်သည်။
အရမ်းကြီးမလှပေမဲ့ သပ်သပ်ရပ်ရပ်နဲ့ဂရုတစိုက်ရေစထားသောစာလုံးညီညီလေးတွေ!
ထိုအရာတွေကိုလက်နဲ့ခပ်ဖွဖွလေးထိကြည့်လိုက်သည်။သူ့ရင်ထဲတဆစ်ဆစ်နဲ့။
ဝမ် … ငါမင်းကိုလွမ်းတယ်။အိမ်မက်ထဲပဲဖြစ်ဖြစ်အလည်လာပါအုံးလား။နေနိုင်လိုက်တာ! ငါမင်းကိုရူးမတက်လွမ်းနေတာ မသိဘူးမလား။
"အင့် ဟင့် "
တလိမ့်လိမ့်နဲ့စီးကျလာတဲ့ မျက်ရည်တွေက ခေါင်းအုံးပေါ်ကိုတလိမ့်လိမ့်။သူဒီနှစ်ထဲကံတွေဆိုးနေတယ်။ဝမ်နဲ့ ခွဲရတယ်.. အိမ်နဲ့ကတောက်ကဆဖြစ်တယ်။အခုလည်းစိတ်တွေ ထိုင်းမှိုင်းနေတာပဲ....
တီ … တီ …
"ဟင့် ရွှတ် "
ငိုလက်စကိုခဏရပ်ထားပြီးတတီတီမြည်နေတဲ့ ဖုန်းကိုကိုင်လိုက်သည်။ညအချိန်မတော်ကြီးကျမှ ဘယ်သူမှန်းမသိ !
"ဟယ်လို "
"ဟယ်လို ရှောင်းကျန့်လား "
"ဟုတ်ကဲ့ ဘယ်သူပါလည်းခမျာ"
"လီချန်မင်း … ကျွန်တော်ပါ "
"အာ ဟုတ်ကဲ့ သူဌေးဘာဖြစ်လို့လည်းခမျ "
" တစ်ခုလောက်ကူညီပေးပါလား "
"ဘာကူညီပေးရမှာလည်း မသိဘူး "
>>>>>>>>>>>>>>
ရှောင်းကျန့်ရောက်လာသည့်နေရာက မြို့ပြင်နားမှာရှိတဲ့စားသောက်ဆိုင်တစ်ခု။အပြင်ဆင်ခမ်းခမ်းနားနားနှင့် အဆင့်မြင့်မြင့်ရှိမည့်ပုံပင်။မိုးချုပ်နေပြီမို့တက္ကစီဆရာကိုတောင် ဈေးကြီးပေးပြီးခေါ်လာခဲ့ရသည်။ဒီနေရာတွေကိုဒီအချိန်ဘယ်သူမှလိုက်တော့မှာလည်းမဟုတ်ဘူးလေ။
"အကို ကျေးဇူးတင်ပါတယ် ! ခဏလောက်စောင့်ပေးလို့ရအုံးမလားဗျာ "
"ဟာ ဘယ်လိုဖြစ်မှာလည်း ဒီနေရာတွေအခုချိန်သွားလို့လာလို့မကောင်းတော့ဘူးလေဗျာ "
"အာ ဟုတ်ကဲ့ ဒါဆိုလည်း …"
ထင်ထားသည့်အတိုင်း ကားသမားနဲ့ညှိနှိုင်းကြည့်တာလည်းလုံးဝအဆင်မပြေပေ။ဝမ်ကဘာလို့ဒီနေရာထိလာပြီးသောက်စားရသလည်းမသိ။တကယ်ပဲ ဒီကောင်လေးအကျင့်ပျက်နေတာမဟုတ်ဘူးလား။အတိတ်ကိုပြန်သတိရလာပြီးမှ ဝမ်ကအရင်ကနဲ့အတော်လေးကိုကွားခြားသွားသည်။သူနဲ့ပတ်သတ်တဲ့ဆက်ဆံရေးကို လက်ဆုပ်လက်ကိုင်ပြန်ပြီးမပြနိုင်သေးတဲ့အချိန်မှာလည်း သူ့ဘက်ကတစ်ခုခုကိုဘောင်ကျော်ပြီးပြောလိုက်ဖို့ကို မဝံ့ရဲသေးဘူးဖြစ်နေတယ်။တကယ့်ကိုကျဉ်းထဲကျပ်ထဲမှာပါပဲ။
ဆိုင်ထဲကိုဝင်ပြီး ဝန်ထမ်းတစ်ယောက်ရဲ့အကူအညီနဲ့ ဝမ်ရှိတဲ့အခန်းကိုရောက်လာခဲ့သည်။အခန်းတံခါးကိုဖွင့်ပြီး အထဲကအခြေနေကိုအကဲခတ်ကြည့်တော့ မှောက်နေတဲ့လူက မျက်လုံးတောင်ပွင့်သည့်ပုံမပေါ်။အနားကိုသွားပြီး ပခုံးကိုလှုပ်ကာ အသိဝင်လာမလားနှိုးကြည့်မိသည်။
"ဝမ် … ဟေးး မင်းထနိုင်သေးလား "
မူးနေသူက အင်း အဲအသံပြုပြီးပြန်လည်ငြိမ်ကျသွားသည်။ဒီလိုအသိစိတ်ပျောက်နေမယ်မှန်းသိရင် သူအဖော်တစ်ယောက်တော့ခေါ်လာအုံးမည်။အခုတော့ သူတစ်ယောက်ထဲ ဒီီခန္ဓာကိုယ်ကိုထမ်းပြီးမြို့ထဲကိုပြန်ဖို့ကလည်းအဆင်မပြေ။ရှောင်းကျန့်ဒီနေ့တော်တော်လေးကိုမှ ကသီနေတာပဲ ~
"ဝမ် ခဏလေးနေခဲ့အုံးနော် ဒီတစ်တော့တည်းလို့ရမဲ့နေရာရှိမရှိငါစုံစမ်းလိုက်အုံးမယ်"
ခဏလောက်အသိပေးခဲ့ပြီးထွက်သွားမယ်လုပ်တော့ ခပ်နွေးနွေးလက်တစ်ဖက်ကသူ့ရဲ့လက်ဖဝါးကိုလာရောက်ဆုပ်ကိုင်သည်။
"မသွားနဲ့ "
နောက်ထပ်ထွက်လာသည်က အေးစက်စက်နဲ့သြရှရှဖြစ်တဲ့ဝမ့်ရဲ့အသံ။
"ဘာဖြစ်လို့ … အင့် "
ဆတ်ကနဲဆွဲချခံလိုက်ရတဲ့သူ့ခန္ဓာကိုယ်ပေါ့ပေါ့က ဝမ့်ပေါင်ပေါ်ကိုဗရုတ်သုတ်ခကျသွားရသည်။အရှိန်မထိန်းနိုင်တော့ ခါးတောင်မျက်သွားသလားမသိ။ဒီဟာကတော့ …
"ဒီမှာမင်း ! "
နှာခေါင်းဝကနေရှုထုတ်လိုက်သည့်လေအချင်းချင်းတောင်ပွတ်တိုက်သွားအောင် နီးကပ်နေသည့်အခြေနေမှာ ရှောင်းကျန့်ကပြောမဲ့စကားတွေအကုန်လည်ချောင်းဝကနေပြန်လျှောဆင်းသွားတော့သည်။ရီဝေဝေနဲ့ကြည့်နေတဲ့ဝမ်က သူ့ကိုဘယ်လိုသတ်မှတ်ချင်နေလည်းဆိုတာနည်းနည်းလေးတောင်ပုံဖော်လို့မရပေ။
"ခများ "
ရှောင်းကျန့်တံတွေးတစ်ချက်မြိုချလိုက်သည်။
"ကျုပ်အနားအရမ်းကပ်လွန်းတယ် … အကြံစည်တစ်ခုခုရှိနေတာလား "
အင်းး … မင်းကိုနားရင်းသုံးချက်လောက်ပိတ်အုပ်ပြစ်လိုက်ချင်နေတာလေ~
ရှောင်းကျန့်စိတ်ထဲကနေပဲအော်ဟစ်ပြစ်လိုက်သည်။အခုဝမ်ရိပေါ်က အရင်တုန်းကဝမ်ထက် ပိုပြီးတော့တုံးတယ်လို့မင်းတို့မထင်ဘူးလား။တကယ်ပါပဲ ရေလာအောင်မြောင်းပေးရုံတင်မက ချောင်းပါဖောက်ပေးထားတာတောင် မျက်ကန်းလုပ်နေတုန်း။
"ဟက် … လိုချင်တာဘာလည်း ကျုပ်ပိုက်ဆံရှိမှန်းသိလို့လား "
ဒီတစ်ခါတော့ရှောင်းကျန့်ဒေါသလေးနည်းနည်းထွက်သွားသည်။ရှောင်းကျန်တို့ဖြစ်ခဲ့သမျှကိုသူမမှတ်မိနေရင်တောင် အကူညီပေးထားခဲ့ဖူးသူကိုဒီလိုစွပ်စွဲတာကရိုင်းရာကျမနေဘူးလား။ညကြီးသန်းခေါင် ထိ လာပြီးကူညီပေးနေတဲ့သူ့မျက်နှာလည်းမထောက်ဘူး။
"ဝမ်ရိပေါ် !ထင်ချင်သလိုထင် အခုလာတာက သူဌေးလီအကူညီတောင်းလို့ပဲ "
"လီချန်းမင်းက ခများကိုလွှတ်လိုက်တာပေါ့ "
"ဟုတ်တယ် အခုငါ့ကိုလွှတ်ပေးတော့ တစ်ခုခုသွားစီစဉ်ရအုံးမှာ "
ခါးနားမှာရောက်နေတဲ့ ဝမ်ရိပေါ်ရဲ့လက်တွေကိုဖြုတ်လိုက်ပြီး ကျုံးထဖို့ပြင်တော့ အရက်နံ့တထောင်းထောင်းနဲ့လးအတင်းပြန်ဆွဲချသည်။ဒီတခါတော့ ရှောင်းကျန့်တော်တော်လေးကိုစိတ်မရှည်တော့တာ။ဘယ်လိုဖြစ်ပြီးဒီလောက်ထိဆောင် ပြောရဆိုရခက်နေတာလည်း !
ပြွတ် …
ရှောင်းကျန့်ရဲ့ပါးတစ်ဖက် နွေးခနဲပင်။ရုတ်တရက်မို့လူကကြောင်အကာ မလှုပ်မရက်။အခုသူဘာလုပ်ခံလိုက်ရတာလည်း။သတိလေးပြန်ဝင်လာတော့ သန်မာတဲ့လက်တွေကသူ့ကိုတင်းတင်းကြပ်ကြပ်ပိုက်ထားသည်။
"မင်းဘာလုပ်တာလည်း အခုလွှတ် "
"ချန်းမင်းကို ခေါင်းနောက်နေလို့တစ်ယောက်လောက်လွှတ်ဖို့ပြောထားတာ ! အခုသူကခများကိုလွှတ်လိုက်တယ်မဟုတ်လား အဲ့တော့ကျုပ်အတွက်ခေါင်းကြည်ဆေးကခများပဲ "
ရူးနေလား! သူကလူလေ ဘယ်လိုလုပ်ပြီးခေါင်းကြည်အောင်လုပ်ပေးနိုင်မှာလည်း။ပြီးတော့ဒီလောက်ထိမူးနေတာ သံပုရာသီးအလုံးလိုက်ဝါးစားရင်တောင်ခေါင်းမကြည်ဘူး။တကယ်ပဲ ဒီဟာကတော့ !…လှုပ်ပြီးရုန်းကြည့်နေပေမဲ့ ဒီအားကြီးတဲ့ဟာကိုသူဘယ်လိုမှမတွန်းလှန်နိုင်။ယိမ်းထိုးနေတဲ့ခေါင်းက နောက်ဆုံးတော့သူ့လည်ပင်းကြားကိုလာအပ်သည်။မူးနေလို့ ပြောမရဆိုမရပိုဖြစ်နေတာလားမသိ သူခြေကုန်လက်ပန်းပါကျလာသည်။
ရူးးး …
နှာခေါင်းနှစ်ဝင်အောင်လည်ပင်းသားတွေကိုနမ်းရှုံ့လိုက်သည်။ထို့နောက်အတင်းအကြပ်ပင် သူ့ရဲ့ခါးအတွင်းထဲလက်ဖဝါးကြီးကြီးကလာရောက်ကျူးကျော်သည်။ဒါက သူမထိတွေ့ဘူးတဲ့ခန္ဓာကိုယ်မဟုတ်ဘူး။ဒါပေမဲ့ သူနဲ့လုံးဝစိမ်းသက်နေတာလည်းအမှန်ပဲ။ရေနဲ့မီးလိုကွာခြားသွားတဲ့အခြေနေမှာ ရှောင်းကျန့်က ဝမ်းနည်းစိတ်ဝင်လာသည်။ဒီလူက သူချစ်ရတဲ့သူမှန်နေပေမဲ့ ဒီလိုကြီးအပြုမူခံရတာ သူတန်ဖိုးမဲ့သွားတယ်လို့ခံစားရတယ်။
အေးစက်နေတဲ့ လျှာဖျားကလည်ပင်းကိုလာလျှက်တဲ့အခါမှာတော့ရှောင်းကျန့်အလန့်တကြားနှင့်ရုန်းတော့သည်။ကျောကိုပွတ်သပ်နေတဲ့လက်ဖဝါးက နေရာပြောင်းပြီးတင်ပါးပေါ်ကိုရွေ့လာသည်။မရတော့ဘူး ရှောင်းကျန့်တကယ်စိုးရိမ်နေပြီ။သူဒီလူကိုချစ်ပေမဲ့ စိတ်မပါပဲဒီကိစ္စကိုမလိုက်လျောလိုက်ချင်ဘူး။
"အင့် ဟင်းးး မလုပ်နဲ့"
အားကုန်သုံးပြီးရုန်းတော့ သူ့ရဲ့ရှည်လျားတဲ့တံတောင်ဆစ်က ဝမ့်ရဲ့မေးကိုခပ်ပြင်းပြင်းသွားထိသည်။အထိနာသွားတဲ့လူက သူ့ကိုမျက်ထောင့်နီနဲ့ကြည့်လာသည်။ရှောင်းကျန့်သိလိုက်မိပြီ သူအမှားအကြီးကြီးလုပ်လိုက်ပြီဆိုတာ။
"ဟင့် မဟုတ်ဘူး "
"ဘာကို မဟုတ်တာလည်း ဟမ် "
အာ့ …
အားနဲ့အညှစ်ခံလိုက်ရတဲ့ တင်းပါးတစ်ဖက်ကအတော်လေးကိုမှနာကျင်သွားသည်။ငိုချင်ရဲ့လက်တို့ဖြစ်နေတဲ့ရှောင်းကျန့်က မျက်ရည်တွေဝိုင်းလာကာ အိကနဲငိုချတော့သည်။ငိုက်စိုက်ကျသွားတဲ့ ခေါင်းလေးက ဝမ်ရိပေါ်ရဲ့ပခုံးပေါ်မှာ …
"ဟင့် ဝမ် … အီးး ရွှတ် "
ငိုသံကစူးပြီးကျယ်လွန်းတာကြောင့် မူးနေတဲ့လူတောင်ချက်ချင်းအမူးပြေသွားသလိုပင်။အငိုသန်တ့ဲလူကြောင့် သူ့ပခုံးတစ်ဖက်လုံးပါ ရွှဲရွှဲစိုသွားလေပြီ။ဒီလူကတော့!
"ဝမ့်  … အင့် "
တသသတနေတဲ့သူက ထင်ကြေးပေးရသလောက်သူမဟုတ်တန်ရာ။အစကတော့ သူ့နားမှာတဝဲဝဲလည်လည်လုပ်နေလွန်းလို့စမ်းသပ်ကြည့်ရုံလောက်ပဲ။အသားပါနာသွားတော့ သူလည်းစိတ်နည်းနည်းလွတ်သွားသည်။အသက်ဖြင့်ဘယ်လောက်ရှိနေလည်း အခုချိန်ထိ တပြီးငိုတတ်တုန်း။တကယ့်ဟာလေး …
"ဟေးး ငိုနေတာရပ်တော့ "
ပုံမှန်အတိုင်းသူ့အသံကအေးစက်စက်။ငိုနေတာမရပ်ပေမဲ့ အသံအားကတော့လျော့သွားသည်။
"ပေါင်ပေါ်ကဆင်းတော့"
ဒါမျိုးကျတော့ လျှင်သည်။ဆင်းသွားတာမှဆွေ့ကနဲ~မခြောက်သေးတဲ့မျက်ရည်တွေကိုလက်သေးသေးလေးနဲ့ပွတ်သုတ်နေသေးသည်။ငိုထားလိုက်တာများ မျက်လုံးလေးတွေကိုရဲတွတ်နေသည်။ဘာလေးမှန်းကိုမသိတာ။
"တော်တော့ ငိုမနေနဲ့တော့  ! ဒီတိုင်းပဲစလိုက်တာလေ မရဘူးလား "
"ဒီလိုစတာမျိုးဘယ်မှာရှိလို့လည်း "
"ဒါဖြင့် ဒါကမင်းရဲ့ပထမဦးဆုံးမို့လို့လား "
ထိုအမေးကြောင့် ရှောင်းကျန့်ကပါးစပ်လေးစေ့သွားသည်။သူ့ရဲ့ပထမဦးတွေဆိုတာ ဝမ်တစ်ယောက်ထဲပိုင်ဆိုင်ခဲ့တာ။ပထမဦးဆုံးအနမ်း ပထမဦးဆုံးအချစ် ပထမဦးဆုံးသော… အကုန်လုံးဟာ ဝမ်နဲ့စပြီးဖြစ်တည်ခဲ့တာပါပဲ။ဒါပေမဲ့ ထိုသူကတော့ အခုသူ့ရှေ့မှာထိုကိစ္စတွေအတွက်မေးခွန်းထုတ်နေသည်။အဲ့ဒီတော့ သူ့မှဖြေစရာအဖြေမရှိ။
ငြိမ်ကုပ်သွားတဲ့လူကြောင့် ဝမ်ရိပေါ်ကအလိုမကျဖြစ်သွားသည်။ဆိတ်ဆိတ်နေခြင်းဟာ ဝန်ခံခြင်းတစ်မျိုးပဲလေ။ဆိုလိုချင်တာက သူ့(ရှောင်းကျန့်)မှာဦးသူရှိပြီးသားလို့ပဲမလား။ဒါနဲ့များ သူ့ကိုလာပြီးကပ်နေသေးတာ။ဖြူစင်တဲ့မျက်နှာသေးသေးလေးနဲ့တကယ်မလွယ်တာပဲ။သူနဲ့တော့ဘာမှမဆိုင်ဘူး ! ဒါပေမဲ့ နည်းနည်းလေးတော့စိတ်ပျက်သွားသည်။သာမာန်မြို့လေးမှာနေတဲ့ သာမာန်ကောင်လေးက နောက်ဆုံးတော့လည်းသာမာန်မဟုတ်ဘူးပဲ။သူ နည်းနည်းတော့ အထင်ကြီးမိသွားတာဖြစ်မယ်။
"ထားလိုက်တော့ … အရေးမပါတာတွေ။ အပြင်မှာတည်းလို့ရမဲ့နေရာတစ်ခုခုလောက်အမြန်ရှာလိုက် လှဲမှဖြစ်တော့မှာ "
ရှောင်းကျန့်က ခေါင်းတစ်ချက်အသာငြိမ့်ပြပြီး အပြင်ကိုထွက်ခဲ့လိုက်သည်။လာပြီလည်း ကူညီပေးရသေးတယ်။ပြီးတော့လည်း အာဏာကြီးနဲ့! ဝမ်ရိပေါ်ရဲ့အကျင့်ဆိုးတွေတော်တော်များတာပဲ။
ဒါနဲ့များ သူ့ရဲ့ဝမ်အဖြစ် ဘယ်လိုများသတ်မှတ်ရမလည်း… သူနည်းနည်းလောက်ထပ်ပြီးကြိုးစားရအုံးမယ်ထင်တယ်။
                                 ••••••
9//5//2022
Continue Reading
You'll Also Like
244K 9.7K 60
𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire is the first female f1 driver in 𝗗𝗘𝗖𝗔𝗗𝗘𝗦 OR 𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire and charle...
468K 13.6K 105
"aren't we just terrified?" 9-1-1 and criminal minds crossover 9-1-1 season 2- criminal minds season 4- evan buckley x fem!oc
154K 7.2K 52
Four siblings, two elder brothers and two younger sisters living with their rich parents!! Get ready to enter the life of these siblings and their fa...
945K 35.9K 85
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...