Unicode
ကျင့်ကြံခြင်းအဆင့်
စုဆောင်းခြင်းအဆင့် - 1 to 10
မော်တယ်အဆင့် - 1 to 10
အင်မော်တယ်အဆင့် - 1 to 10
နတ်ဘုရားအဆင့် - 1 to 10
သူတော်စင်အဆင့် - 1 to 10
ကြီးမြတ်သူအဆင့် - 1 to 10
ကြီးမြတ်သောကောင်းကင်နတ်ဘုရားအဆင့် - 1 to 10
*******************
********
များပြားလှစွာသောကျင့်ကြံသူလူအုပ်စုဟာအတော်လေးစိတ်ရှည်စွာဖြင့်အတားအဆီးအားနည်းမည့်အချိန်ကိုစောင့်ဆိုင်းနေကြသည်။
သို့ပေမယ့်သူတို့စောင့်ဆိုင်းချိန်ပိုမိုကြာမြင့်လာလေသူတို့ကိုယ်ပေါ်သို့ကျဆင်းလာသည့်ဖိအားမှာပိုမိုတောင့်ခံနိုင်ရန်ခက်ခဲလာလေဖြစ်သည်။
တစ်ချို့အားနည်းတဲ့သူတွေဆိုရင်ဖြူဖျော့တုန်ရီလာပြီးသွေးအန်တဲ့အထိတောင်ရှိနေသေးသည်။
ထို့ကြောင့်တောင့်မခံနိုင်သူတွေဟာလှိုဏ်ဂူနဲ့ပိုမိုဝေးကွာသည့်နေရာကိုရွေ့သွားရန်သာတတ်နိုင်ကြသည်။
အကြီးအကဲယီဖျောင်ရှင်းနှင့်လူငယ်အုပ်စုမှာလည်းချွင်းချက်မဟုတ်ပေ။လုလုကသူမရဲ့ထီးဖြူလေးဆီကအကာအကွယ်ကြောင့်မျက်နှာဖြူဖျော့နေရုံလေးသာဖြစ်ပြီးတစ်ခြားသူတွေထက်အတော်လေးသက်သာသည်ဟုဆိုရမည်။လဲ့ချင်းယန်ကတော့ဇာတ်လိုက်ပီပီတစ်ခြားသူတွေထက်ဖိအားကိုပိုမိုတောင့်ခံနိုင်ပေမယ့်ဒီအတိုင်းသာဆက်သွားနေရင်အကုန်လုံးအတွက်မဟန်ပေ။
လဲ့ချင်းယန်ကသူ့'အဖေ'ကိုအကဲခတ်မိလိုက်သည်။တစ်ခြားသောကျင့်ကြံရေးဂိုဏ်းကိုယ်စီကစွမ်းအားမြင့်ကျင့်ကြံသူတိုင်းကသီးခြားဒိုင်မေးရှင်းထဲကထွက်ပေါ်လာသည့်ဖိအားအရှိန်အဝါကြောင့်အတော်လေးတောင့်ခံနေရချိန်တွင်သူ့ရဲ့ချစ်လှစွာသောဖေဖေကတော့အိပ်ငိုက်နေပုံရနေသည်။
ပြီးတော့ပျင်းရိစွာဝှားသမ်းလိုက်၏။
လဲ့ချင်းယန် : "....."
ဖေဖေကတော့ဖေဖေပါပဲ.....တစ်ခြားသူတွေနဲ့နှိုင်းယှဥ်လို့ကိုမရဘူး.....
အမှန်တကယ်တော့ရှောင်ကျန့်ကတစ်ခြားသူတွေခံစားနေရတဲ့ဖိအားကိုသတိတောင်မထားမိပါချေ။သူသိတာကဒီဖိအားဆိုတဲ့အရာမှာသူ့ကိုအိပ်ချင်လာအောင်နူးနူးညံ့ညံ့ချော့သိပ်နေသကဲ့သို့သာခံစားမိနေသည်။
သက်တောင့်သက်သာရှိလွန်းလို့ဒီနေရာမှာတင်လှဲချပြီးအိပ်ချပစ်လိုက်ချင်တယ်......
နောက်ထပ်သုံးနာရီကျော်လောက်စောင့်ဆိုင်းပြီးနောက်တွင်ကျန်ရစ်သောစွမ်းအားမြင့်ကျင့်ကြံသူတိုင်း၏ကျောပြင်ထက်တွင်ချွေးစေးတွေကျဆင်းလာသည်။သို့သော်လူတိုင်းကယခုနေရာမှထွက်ခွာဖို့ရန်ခေါင်းကျောမာနေကြဆဲသာဖြစ်သည်။လှိုဏ်ဂူနှင့်အနီးဆုံးနေရာတွင်ရှိနေမှသာအတားအဆီးအားနည်းသွားသည့်အခါတွင်တစ်ခြားသူတွေထက်ပိုမိုမြန်ဆန်စွာဝင်ရောက်နိုင်ပြီးတန်ဖိုးကြီးရတနာအားဦးစွာရရှိနိုင်ပေလိမ့်မည်ဟုထင်မှတ်ထားကြသည်။
ကံကောင်းစွာဖြင့်ထိုအချိန်လေး၌လှိုဏ်ဂူအတွင်းရှိအတားအဆီးမှာသိသိသာသာအားနည်းလာကြောင်းကျင့်ကြံသူတိုင်းသတိထားမိလိုက်သည်။
ဆယ့်ငါးမိနစ်လောက်ထပ်မံစောင့်ဆိုင်းပြီးနောက်တွင်ထိုအတားအဆီးမှာလုံးဝအားနည်းသွားပြီဖြစ်ကြောင်းသိလိုက်သည်။
အကုန်လုံး၏မျက်နှာမှာဝမ်းအားအားရဖြင့်ဝင်းပသွားကြသည်။
လှိုဏ်ဂူထဲရှိသီးခြားဒိုင်မေးရှင်းလုံးဝအားနည်းလာမှန်းသေချာသွားသည့်အခါတွင်သူ့လောဘသူလုံးဝမထိန်းချုပ်နိုင်တော့သည့်မော်တယ်အဆင့်ကျင့်ကြံသူတစ်ယောက်မှာ၎င်းလှိုဏ်ဂူအတွင်းသို့ပြေးဝင်သွားသည်။
တစ်ခြားသောစွမ်းအားမြင့်ကျင့်ကြံသူတွေဟာထိုသူအားတားဆီးခြင်းမရှိပေ။လူတိုင်းကထိုအရူးအားစမ်းသပ်ခံအနေဖြင့်စတေးရန်အလိုရှိကြသည်။
အားလုံးရဲ့အကြည့်အောက်မှာတင်၎င်းမော်တယ်အဆင့်ကျင့်ကြံသူဟာလှိုဏ်ဂူထဲဝင်လိုက်သည်နှင့်အားနည်းသောအတားအဆီးကြောင့်ပြင်းပြင်းထန်ထန်သွေးပွက်ပွက်အန်လျက်ပြန်ကန်ထွက်လာသည်။
ထို့နောက်ထိုကျင့်ကြံသူမှာပြင်းထန်လှသောသေလုနီးပါးအတွင်းဒဏ်ရာကြာင့်သတိလစ်မေ့မြောသွားသည်။
ကျင့်ကြံသူတိုင်းရဲ့မျက်လုံးမှာပြူးကျယ်ထိတ်လန့်သွားပြီးပင့်သက်ရှိုက်သံအစီအရီထွက်ပေါ်လာ၏။ထိုအတားအဆီးမှာအားအနည်းဆုံးအချိန်ကာလသို့ရောက်နေတာတောင်သာမန်မော်တယ်အဆင့်ကျင့်ကြံသူတွေဝင်ရောက်နိုင်ခြင်းမရှိသေးပေ။
အဓိပ္ပါယ်ကအင်မော်တယ်အဆင့်အောက်မည်သည့်ကျင့်ကြံသူမှဝင်ရောက်နိုင်မည်မဟုတ်ပေ။ထိုသတင်းအချက်အလက်ကြောင့်အကြီးအကဲယီဖျောင်ရှင်းနောက်ကလူငယ်အုပ်စုမှာစိတ်ဓာတ်ကျသွားကြသည်။
သူတို့လူငယ်အုပ်စုမှာမော်တယ်အဆင့်တွေဖြစ်ကြတာကြောင့်သီးခြားဒိုင်မေးရှင်းထဲဝင်ရောက်ဖို့ဆိုသည်မှာအဓိပ္ပါယ်မရှိတော့ပေ။
၎င်းနောက်စွမ်းအားမြင့်ကျင့်ကြံသူတွေဟာတစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင်ဖြင့်လှိုဏ်ဂူထဲပြေးဝင်သွားကြသည်။
ရှောင်ကျန့်အနေနဲ့သူ့'သား'ဖြစ်သူအားသိပ်ပြီးစိုးရိမ်ပူပန်မနေပါချေ။သူကဒီကမ္ဘာရဲ့ဇာတ်လိုက်တစ်ယောက်ဖြစ်နေတာနဲ့အညီဒီဖိအားလောက်ကိုအသာလေးတောင့်ခံနိုင်သည်မှာယုတ်တိရှိလှသည်။
အကြီးအကဲယီဖျောင်ရှင်းကသူ့နောက်ကလူငယ်အုပ်စုအားဒီနေရာကနေသာစောင့်ဆိုင်းနေဖို့ရန်တစ်တွတ်တွတ်မှာကြာင်းရင်းလုလုကိုခေါ်ဆောင်၍ရှောင်ကျန့်တို့သားအဖနှစ်ယောက်နဲ့အတူလှိုဏ်ဂူဆီသို့ဦးတည်လိုက်သည်။
အကြီးအကဲယီဖျောင်ရှင်းကလုလုရဲ့နောက်ခံအမှန်ကိုသိနေလောက်မည်ဟုထင်သည်။မဟုတ်ရင်သူမကိုအလကားအသေခံပြီးလှိုဏ်ဂူထဲခေါ်လာမည်မဟုတ်ပေ။
ရှောင်ကျန့်ကဇာတ်လိုက်ရဲ့လက်ကိုမိဘတစ်ယောက်ကသူ့သားသမီးအားစိတ်မချသလိုမျိုးဆွဲယူ၍လှိုဏ်ဂူအတွင်းသို့အတူတကွဆွဲခေါ်လာခဲ့သည်။
ရှောင်ကျန့်ဟာတစ်ခြားကျင့်ကြံသူတွေနည်းတူလှိုဏ်ဂူအတွင်းကအတားအဆီးကိုဖြတ်ကျော်သွားသည်။တစ်မူထူးခြားသည်ကကျင့်ကြံသူတိုင်းကသူတို့စွမ်းအားကုန်ထုတ်သုံး၍ဖြတ်ကျော်နေရပါသော်လည်းရှောင်ကျန့်အတွက်တော့ပန်းခြံထဲလမ်းလျှောက်နေသလိုကိုငြင်သာနေသည်။အတားအဆီးကိုဖြတ်ကျော်ပြီးနောက်တွင်စူးရှသည့်အလင်းတန်းတစ်မှာရုတ်တရတ်ပေါ်ပေါက်လာလျက်ကျင့်ကြံသူတိုင်းကိုသီးခြားနေရာလွတ်စီသို့ခေါ်ဆောင်သွားသည်။
ရှောင်ကျန့်၏ခန္ဓာကိုယ်တစ်ခုလုံးမှာပေါ့ပါးလာပြီးသူကိုင်ဆောင်ထားသည့်လဲ့ချင်းယန်၏လက်ကိုတောင်မခံစားမိတော့ပေ။
ေရှာင်ကျန့်သတိဝင်ချိန်တွင်သူ့ရဲ့ခန္ဓာကိုယ်မှာလေပေါ်၍ရှိနေသည်။ကြည့်ရသည်မှာသီးခြားဒိုင်မေးရှင်းကသူ့ကိုတစ်ခြားသူတွေနဲ့မတူညီသည့်နေရာတစ်ခုသို့ခေါ်ဆောင်လာသည်ဖြစ်ဟန်ရ၏။
ရှောင်ကျန့် : "....."
ရှောင်ကျန့်၏ခန္ဓာကိုယ်မှာလေပေါ်မှကြမ်းပြင်ထက်သို့အရှိန်ဖြင့်ပြုတ်ကျလာသည်။အလွန်ထူးဆန်းလွန်းစွာဖြင့်သူပျံသန်း၍မရခဲ့ပါချေ။
တစ်စုံတစ်ခု၏ပျံသန်းရန်တားမြစ်ထားသောတားမြစ်နယ်မြေထဲရောက်နေသလိုမျိုး။
ရှောင်ကျန့်မှာအတော်လေးလန့်ဖြန့်သွားသည်။သူကဒီကမ္ဘာမှာတောင်ပြိုင်ဘက်ကင်းလိုတည်ရှိမှုမျိုးနဲ့ကြီးမြတ်သောကောင်းကင်နတ်ဘုရားအထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
သို့သော်လည်းပဲဒီလိုဒိုင်မေးရှင်းတစ်ခု၍သူ့ရဲ့စွမ်းအင်အားလုံးထုတ်သုံးမရအောင်ထိန်းချုပ်ခြင်းခံထားရသည်။
၎င်းကသူ့ကိုအန္တရာယ်ပေးခြင်းမရှိသော်လည်းဒီနေရာတွင်သူကသာမန်လူတစ်ယောက်နှင့်ခြားနားခြင်းမရှိတော့ပေ။
ရှောင်ကျန့်ကသူ့ရဲ့ခန္ဓာကိုယ်အားထိန်းချုပ်နိုင်စွမ်းမရှိစွာဖြင့်ပင်အောက်ဘက်သို့အရှိန်ဖြင့်ပြုတ်ကျသွားသည်။သူနာကျင်မည်အထင်နဲ့မျက်လုံးတင်းတင်းကြပ်ကြပ်မှိတ်ချလိုက်ပေမယ့်အေးစက်သည့်ကြမ်းပြင်အစားတစ်စုံတစ်ခုပေါ်သို့တန်းတန်းမတ်မတ်ပြုတ်ကျလာသည်။
၎င်းကသူ့ကိုအင့်ကနဲအသံမြည်သွားစေပေမယ့်နာကျင်ခြင်းတော့မရှိခဲ့ပေ။
ရှောင်ကျန့်ဟာသူ့လက်ဖဝါးနဲ့ခန္ဓာကိုယ်အောက်ကအရာအားဟိုကိုင်ဒီကိုင်ဖြင့်စမ်းသပ်လိုက်ပြီးခေါင်းလေးထောင်လိုက်သည်။
ဒါက.....တကယ်ကြီးလူတစ်ယောက်ဖြစ်နေတာ....
ရှောင်ကျန့်အောက်ရှိထိုလူမှာကျယ်ပြန့်တဲ့ကျောက်စိမ်းကုတင်ထက်၍လဲလျောင်းနေခဲ့တာဖြစ်သည်။တစ်နည်းဆိုရသော်ထိုလူမှာအိပ်ပျော်နေသည်ဟုလဲဆိုနိုင်၏။
ရှောင်ကျန့်မှာထိုသူ၏လှဲလေျာင်းအိပ်စက်နေသည့်ရင်ဘတ်ပေါ်၌ခွထိုင်နေခြင်းဖြစ်သည်။
ရှောင်ကျန့် : "....."
sorry ပါbro.....
မင်းအိပ်စက်နေတာကိုနှောင့်ယှက်မယ့်အစီအစဥ်မရှိခဲ့ပါဘူး.....
ရှောင်ကျန့်မှာအမှတ်မထင်ဖြင့်တစ်ဖက်လူ၏မျက်နှာကိုစူးစမ်းမိသွားပြီးနောက်တွင်လုံးဝကြက်သေသေသွားမိသည်။
ထိုသူကချောသည်။စောက်ရမ်းချောလွန်းသည်။ပိုးစိုးပက်စက်ကိုချောလွန်းနေသည်။
ထိုသူ၏ငွေဖြူရောင်မျက်တောင်ရှည်တွေစင်းကျနေသည့်မျက်လုံးတစ်စုံမှာပိတ်ထား၍အနီရောင်နှုတ်ခမ်းတစ်စုံမှာတင်တင်းတင်းကြပ်ကြပ်စေ့ပိတ်ထား၏။
ထိုသူတွင်အလွန်အကျူးလှပချောမောသည့်မျက်နှာလေးအပြင်တစ်မူထူးခြားသည့်ငွေဖြူရောင်ဆံနွယ်ရှည်တွေပိုင်ဆိုင်ထားသည်။ထိုသူ၏လှပတဲ့မျက်နှာမှာအိပ်မောကျနေသည့်ဟန်ပေါ်နေပေမယ့်အေးတိအေးစက်နိုင်မှုမှာစွဲကပ်ငြိနေသေးသည်။
ရှောင်ကျန့်ကတစ်ဖက်လူရဲ့လက်ရာမြောက်တဲ့မျက်ခုံးတန်းတွေကိုသူ့လက်ချောင်းထိပ်လေးတွေနဲ့ထိတွေ့ကြည့်လိုက်သည်။
ပြီးတော့နှာတံစင်းစင်း၊နူးညံ့လှတဲ့နှုတ်ခမ်းပါးတစ်စုံနှင့်ယောက်ျားပီသလှသောမေးရိုးထင်းထင်းတို့အားသဘောတကျသတိလက်လွတ်ဖြင့်ထိတွေကိုင်တွယ်နေမိသည်။
ဒီလူကအရမ်း၊အရမ်း၊အရမ်းတွေချောလွန်းနေတော့ရှောင်ကျန့်ကနေရာအနှံ့မစူးစမ်းပဲမနေနိုင်ပါချေ။ထို့ကြောင့်ရှောင်ကျန့်ဟာသူယခုချိန်ထိတစ်ဖက်လူရဲ့ကိုယ်ပေါ်တွင်တတ်ထိုင်ထားမှန်းသတိမထားမိခဲ့ပေ။
ရှောင်ကျန့်ရဲ့အကြည့်မှာတဖြည်းဖြည်းဖြင့်တစ်ဖက်လူ၏ဝတ်ရုံအောက်ကလှပတဲ့လိပ်ပြာညှပ်ရိုးဆီသို့အခြေကျသွားသည်။သူ့စိတ်ထဲမှာသူ့ကိုယ်သူနှာဘူးတစ်ယောက်နဲ့အတော်လေးတူေ
ကြောင်းကိုသတိထားမိပေမယ့်သူ့လက်ချောင်းတွေမှာထိန်းချုပ်မရအောင်ထိုသူရဲ့ညှပ်ရိုးတွေအားထိတွေ့ကိုင်တွယ်ပြီးသွားပြီဖြစ်သည်။
ထိုအချိန်၌ရုတ်တရက်ပင်သွယ်လျကြီးမားလှပတဲ့လက်ကြီးတစ်ဖက်မှာရှောင်ကျန့်ရဲ့သေးသွယ်သောလက်ကောက်ဝတ်လေးအားလာရောက်ဆုပ်ကိုင်သည်။
ရှောင်ကျန့်မှာလန့်ဖြန့်သွားပြီးလက်ပိုင်ရှင်ကိုကြည့်လိုက်မိရာတွင်မူလကစေ့ပိတ်ထားသည့်ချောမောလှပသောတစ်ဖက်လူ၏ပယင်းရောင်ကဲ့သို့မျက်လုံးတွေမှာသူ့ကိုတည်တည်ငြိမ်ငြိမ်ဖြင့်စိုက်ကြည့်နေ၏။
ရှောင်ကျန့် : "....."
သူဘယ်တုန်းကနိုးနေတာလဲဟင်.....
ရှောင်ကျန့်မှာသူ့ရဲ့နှာဘူးကျတဲ့လုပ်ရပ်လေးတွေကိုတစ်ဖက်ပိုင်ရှင်မှာတိတိကျကျအချိန်ကိုက်ကြီးမိသွားခြင်းကိုခံလိုက်ရတာကြောင့်မျက်နှာတစ်ခုလုံးရှက်ရွံ့စွာရဲတတ်လာသည်။
ရှည်လျားကျဥ်းမြောင်းလှပတဲ့ပယင်းရောင်မျက်လုံးပိုင်ရှင်ဟာသူ့အပေါ်မှာတတ်ထိုင်နေတဲ့ရှောင်ကျန့်၏မျက်နှာရဲရဲလေးကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေ၏။
အတော်ကြာတိတ်ဆိတ်နေပြီးနောက်တွင်ရှောင်ကျန့်မှာတစ်ဖက်လူ၏မျက်တောင်တစ်ချက်မခတ်တမ်းစိုက်ကြည့်ခံနေရမှုကြောင့်သူ့ရဲ့မျက်နှာသေးသေးလေးမှာနီရဲသထက်နီရဲလာပြီးပန်းသီးလေးတစ်လုံးနဲ့တောင်တူလာသည်။
ရှောင်ကျန့်ရဲ့နေရခက်မှုလေးကိုထိုလူကစိုက်ကြည့်နေရင်းပထမဦးဆုံးသောစကားကိုအသံထွက်ဆိုလာခဲ့သည်။
"မင်း..."
တစ်ဖက်လူ၏အသံမှာအတော်လေးဩရှပြီးလွန်စွာနားထောင်ကောင်းလှသည်။
ရှောင်ကျန့်သူ့ရဲ့မျက်လုံးနက်လေးတွေကိုပင့်မလျက်ရင်တစ်ထိတ်ထိတ်ဖြင့်ကြည့်လာသည်။ဘာပဲဖြစ်ဖြစ်တစ်ဖက်လူပေါ်အမှားလုပ်တာသူကိုယ်တိုင်သာဖြစ်တာကြောင့်အပြစ်ပေးခံရလဲမတတ်နိုင်ပေ။
"မင်းငါ့ကိုထိတယ်"
"တောင်းပန်ပါတယ်"
ရှောင်ကျန့်ရဲ့ချစ်စရာခေါင်းလုံးလုံးလေးမှာပိုမိုငုံ့ကိုင်းသွားသည်။
"ဒီတော့မင်းငါ့ကိုတာဝန်ယူရမယ်"
"ဟမ်"
အေးတိအေးစက်ဖြင့်ထိုသူ၏စကားအဆုံး၌ရှောင်ကျန့်ကလန့်ဖြန့်သွားကာငုံ့ကိုင်းနေသည့်ခေါင်းလေးကိုမော့ကြည့်လိုက်မိသည်။
တစ်ဖက်လူ၏မျက်နှာမှာစနောက်နေဟန်မရပဲလွန်စွာလေးနက်နေပြီးပုံမှန်အေးတိအေးစက်စရိုက်ကလဲပြောင်းလဲမသွားပေ။
ခုနကစကားကဘာကြီးလဲ!!!
"ငါ...."
"မင်းငါ့မျက်နှာကိုလည်းကိုင်တယ်....တာဝန်မယူလို့မရတော့ဘူး"
ထိုသူ၏အလွန်အမင်းချောမောလှပသောမျက်နှာမှာအတော်လေးတည်နေလျက်လေးလေးနက်နက်ကိုဆိုလာပြန်သည်။
မသိရင်ရှောင်ကျန့်ကပဲသူ့ကိုမဒိမ်းကျင့်လိုက်သလိုမျိုး.....
ရှောင်ကျန့် : "....."
"ဒါ....ဒါပေမယ့်.....ငါမင်းနာမည်တောင်မသိဘူးလေ"
"ချင်းယွမ်မူ"
"....."
"ငါ့နာမည်"
ရှောင်ကျန့်မှာဆွံ့အလွန်းလို့ဘာပြောရမှန်းတောင်မသိတော့ပေ။
"ငါ့နာမည်သိသွားပြီ....မင်းတာဝန်ယူတော့"
What the hell!!!!
"မင်း!!!မင်းငါဘယ်သူလဲဆိုတာတောင်သိလို့လား"
ရှောင်ကျန့်ကတရှုးရှုးတရှဲရှဲဒေါသထွက်လာသည်။သို့ပေမယ့်သူဘယ်လောက်ပဲရုန်းကန်ပါစေတစ်ဖက်လူလက်အတွင်းမှသူ့ရဲ့လက်ကောက်ဝတ်မှာနည်းနည်းလေးတောင်လှုပ်ရှားမှုမရှိခဲ့ပေ။
"မင်းနာမည်"
"ငါကဘာကြောင့်ပြောရမှာလဲ"
"ဒါကမင်းမပြောတာ....ငါမမေးတာမဟုတ်ဘူး....တာဝန်ယူပေးတော့"
"ဒီဖေ...."
"ငါကမင်းအဖေမဟုတ်ဘူး"
"....."
ရှောင်ကျန့်မှာဒီလူနဲ့စကားဆက်ပြောရင်သွေးတတ်ပြီးသေတော့မယ်လို့ခံစားနေရသည်။
သူ့ရဲ့ရုန်းကန်မှုကပိုမိုပြင်းထန်လာသည့်အခါတွင်ချင်းယွမ်မူကရှောင်ကျန့်ရဲ့တစ်ကိုယ်လုံးကိုဆွဲယူ၍သူ့အောက်တွင်ဖိချပြစ်လိုက်သည်။
"ငါ့ကိုလွှတ်....မင်း!!!အွန့်"
ရှောင်ကျန့်ရဲ့ပါးစပ်ဟလာသည့်အချိန်တွင်ချင်းယွမ်မူကအချိန်ကိုက်ဆိုသလိုသူ့လျှာကိုရှောင်ကျန့်ခံတွင်းထဲထိုးထည့်လိုက်ပြီးအပြင်းအထန်မွှေနှောက်ပြစ်လိုက်သည်။
ေဒါသအိုးရှောင်ကျန့်ဟာသူ့ပါးစပ်ထဲတိုးဝင်လာသည့်လျှာကိုကိုက်ချမည်ပြင်လိုက်ချိန်၌ချင်းယွမ်မူ၏လက်တစ်ဖက်မှာရှောင်ကျန့်ရဲ့မေးရိုးကိုအတင်းအကြပ်ချုပ်ကိုင်၍ကြမ်းတမ်းစွာနမ်းရှိုက်လာသည်။
ရှောင်ကျန့်ရဲ့ရုန်းကန်နေတဲ့လျှာလေးကိုအတင်းအကြပ်ဆွဲယူပွတ်တိုက်၍ခပ်ကြမ်းကြမ်းဆွဲစုပ်ယူသည်။
ထိုအချိန်၌အတင်းအကြပ်ရုန်းကန်နေသည့်ရှောင်ကျန့်ဟာတစ်စုံတစ်ခုကိုသတိထားမိသွားပြီးသူ့မျက်လုံးတွေပြူးကျယ်ကုန်သည်။
သူ့ရဲ့အနက်ရောင်နွယ်ရှည်တွေမှာမူလပင်လယ်ပြာရောင်အဖြစ်ပြောင်းလဲလာပြီးဆံပင်တွေရှည်ထွက်လာသည်။သူ့ရဲ့မျက်နှာဟာလည်းပြောင်းလဲလာပြီးသူ့နဖူးအလည်တည့်တည့်ကအပြာရောင်ကျောက်လေးကိုတောင်မဖုံးကွယ်နိုင်တော့ပေ။
ရှောင်ကျန့်ရဲ့အစစ်အမှန်ရုပ်သွင်မှာဘာကြောင့်မှန်းမသိပါပဲသူ့အလိုလိုပေါ်ပေါက်လာသည်။ကံကောင်းစွာဖြင့်အမြှီးတော့ပေါ်ထွက်မလာခဲ့ပါချေ။
ချင်းယွမ်မူရဲ့ငွေဖြူရောင်ဆံနွယ်ရှည်တွေနဲ့ရှောင်ကျန့်ရဲ့ပင်လယ်ပြာရောင်ဆံနွယ်ရှည်တွေမှာလှပစွာဖြင့်အချင်းချင်းခွဲဖြာလို့မရအောင်အထိရောနှောကုန်သည်။
ချင်းယွမ်မူ၏တစ်ကိုယ်လုံးမြိုချမတတ်အနမ်းတွေအောက်၌လွတ်မြောက်သည့်အခါတွင်ရှောင်ကျန့်မှာလေကိုအငမ်းမရရှုရှိုက်လိုက်မိသည်။
"ဒါကမင်းရဲ့မျက်နှာအစစ်ပေါ့"
ချင်းယွမ်မူကရှောင်ကျန့်ရဲ့ဖြာကျနေတဲ့ပင်လယ်ပြာရောင်ဆံနွယ်ရှည်တွေကိုနူးနူးညံ့ညံ့ထိကိုင်ရင်းဆိုသည်။ထို့နောက်အနမ်းကြောင့်မျက်ရည်ကြည်လေးတွေဝေ့ဝဲနေသည့်ရှောင်ကျန့်ရဲ့ပင်လယ်ပြာရောင်မျက်လုံးလေးပေါ်၌နူးညံ့ညင်သာလှတဲ့အနမ်းတစ်ခုကိုတံဆိပ်ရိုက်နှက်လိုက်သည်။
__________________________________________________________________
ပြဇာတ်တို။
တစ်ခြားလူ : (ချင်းယွမ်မူကိုအနည်းငယ်ထိလိုက်သည်။)
ချင်းယွမ်မူ : "မင်းငါ့ကိုထိရဲတယ်!!!!"(ဓားဆွဲထုတ်လိုက်သည်။)
****
ရှောင်ကျန့် : (ချင်းယွမ်မူကိုအနည်းငယ်ထိလိုက်သည်။)
ချင်းယွမ်မူ : "မင်းငါ့ကိုထိလိုက်တယ်....တာဝန်ယူပေးတော့"(ရုပ်တည်ကြီးဖြင့်)
ရှောင်ကျန့် : "....."
**********************************************************
Zawgyi
ကျင့်ကြံခြင်းအဆင့်
မော်တယ်အဆင့် - 1 to 10
နတ်ဘုရားအဆင့် - 1 to 10
သူတော်စင်အဆင့် - 1 to 10
*******************
********
လဲ့ချင်းယန် : "....."
အဓိပ္ပါယ်ကအင်မော်တယ်အဆင့်အောက်မည်သည့်ကျင့်ကြံသူမှဝင်ရောက်နိုင်မည်မဟုတ်ပေ။ထိုသတင်းအချက်အလက်ကြောင့်အကြီးအကဲယီဖျောင်ရှင်းနောက်ကလူငယ်အုပ်စုမှာစိတ်ဓာတ်ကျသွားကြသည်။
သူတို့လူငယ်အုပ်စုမှာမော်တယ်အဆင့်တွေဖြစ်ကြတာကြောင့်သီးခြားဒိုင်မေးရှင်းထဲဝင်ရောက်ဖို့ဆိုသည်မှာအဓိပ္ပါယ်မရှိတော့ပေ။
ေရှာင်ကျန့်သတိဝင်ချိန်တွင်သူ့ရဲ့ခန္ဓာကိုယ်မှာလေပေါ်၍ရှိနေသည်။ကြည့်ရသည်မှာသီးခြားဒိုင်မေးရှင်းကသူ့ကိုတစ်ခြားသူတွေနဲ့မတူညီသည့်နေရာတစ်ခုသို့ခေါ်ဆောင်လာသည်ဖြစ်ဟန်ရ၏။
ရှောင်ကျန့် : "....."
ေရွာင္က်န့္မွာထိုသူ၏လွဲေလျာင်းအိပ်စက်နေသည့်ရင်ဘတ်ပေါ်၌ခွထိုင်နေခြင်းဖြစ်သည်။
ရှောင်ကျန့် : "....."
sorry ပါbro.....
ရှောင်ကျန့် : "....."
"မင်း..."
"မင်းငါ့ကိုထိတယ်"
"တောင်းပန်ပါတယ်"
"ဟမ်"
ခုနကစကားကဘာကြီးလဲ!!!
"ငါ...."
ရှောင်ကျန့် : "....."
"ချင်းယွမ်မူ"
"....."
"ငါ့နာမည်"
What the hell!!!!
"မင်းနာမည်"
"ဒီဖေ...."
"ငါကမင်းအဖေမဟုတ်ဘူး"
"....."
ေဒါသအိုးရှောင်ကျန့်ဟာသူ့ပါးစပ်ထဲတိုးဝင်လာသည့်လျှာကိုကိုက်ချမည်ပြင်လိုက်ချိန်၌ချင်းယွမ်မူ၏လက်တစ်ဖက်မှာရှောင်ကျန့်ရဲ့မေးရိုးကိုအတင်းအကြပ်ချုပ်ကိုင်၍ကြမ်းတမ်းစွာနမ်းရှိုက်လာသည်။
__________________________________________________________________
ပြဇာတ်တို။
****
ရှောင်ကျန့် : "....."
**********************************************************