Unicode
"တစ်ခြားတည်းခိုဆောင်တွေကအခန်းအားလုံးကလည်းပြည့်သွားပြီတဲ့....ဘယ်တတ်နိုင်ပါ့မလဲ....တစ်ယောက်ခန်းနှစ်ခန်းဆိုလဲမဆိုးပါဘူး....."
စီနီယာအစ်ကိုဆိုသည့်ချောမောသောလူငယ်လေးဟာခပ်ဖွဖွသာပြုံးရင်းသဘောကောင်းသည့်အစ်ကိုကြီးဟန်ပန်မျိုးဖြင့်လှပမောက်မာသည့်မိန်းကလေးကိုဆိုသည်။
"စီနီယာအစ်ကိုပြောလို့လက်ခံလိုက်တာနော်"
မောက်မာဝံ့ကြွားတဲ့မိန်းမလှလေးဟာစီနီယာအစ်ကိုဆိုသူ၏လက်မောင်းကိုဆွဲဖက်ထား၌ချွဲပြစ်နေသောအသံဖြင့်ဆိုလာသည်။
သူတို့နှစ်ယောက်ရဲ့အသံနေအသံထားအရအခန်းနှစ်ခန်းမှာသူတို့အပိုင်သာဖြစ်သည်ဟုသေချာနေဟန်ရသည်။
ရှောင်ကျန့် : "....."
ဒီအကွက်တွေကိုငါသိနေတယ်.....
ရှောင်ကျန့်ကသူ့ရဲ့ချောမွေ့နေတဲ့မေးစေ့လေးကိုပွတ်၍နောက်ထပ်လာမည့်ရှိုးပွဲအားပျော်ပျော်ရွှင်ရွှင်စောင့်ဆိုင်းနေလိုက်သည်။
ဟ...ဟ....ပြီးရင်ဒီဖေဖေကဘယ်လောက်ထိစွမ်းအားကြီးလဲဆိုတာသိရတော့မှာပါဖေ့သားရယ်.....
မောက်မာဝင့်ကြွားသည့်မိန်းမလှလေးကလှေကားပေါ်တောင်မတတ်ရသေးတဲ့ရှောင်ကျန့်နဲ့လဲ့ချင်းယန်တို့ဆီအာရုံစိုက်လာသည်။ထိုမိန်းကလေး၏မျက်ဝန်းတွေမှာသိသိသာသာသူမထက်လှပသည့်ရှောင်ကျန့်ကိုမြင်သောအခါတွင်သူမ၏မျက်နှာဟာမထိန်းချုပ်နိုင်လောက်အောင်ပျက်ယွင်းသွား၏။
သူမကသူမထက်လှပသည့်ယောက်ျားဖြစ်စေ၊မိန်းမဖြစ်စေလက်မခံနိုင်သည်မှာသေချာသည်။
စီနီယာအစ်ကိုဆိုသူဟာတော့ရှောင်ကျန့်ကိုမြင်သည့်အခါတွင်သူ့မျက်လုံးတွေမှာဝင်းလက်သွားသည်။
ထိုသူကသူတွေ့ဖူးသမျှလူတွေထဲမှာအလှဆုံးမဟုတ်ပေမယ့်တစ်ခြားသူတွေထက်ပိုမိုထူးထူးခြားခြားဆွဲဆောင်နိုင်သည့်အရှိန်အဝါတွေရှိသည်။
စီနီယာအစ်ကို၏မျက်လုံးအတွင်း၌ရှောင်ကျန့်ကိုကြည့်ရင်းရမ္မက်ခိုးတွေဝေလာ၏။
ဒါကိုရှောင်ကျန့်နဲ့လဲ့ချင်းယန်ကလည်းသတိထားမိသည်။ရှောင်ကျန့်ထိုးထွက်လာသည့်ဒေါသကိုထိန်းချုပ်လိုက်နိုင်ပေမယ့်စိတ်မြန်လက်မြန်ရှိလှသူအမောင်ဇာတ်လိုက်မှာသူ့ရဲ့ချစ်ဖေဖေအားအကြည့်လေးတစ်ချက်နှင့်ပင်အစော်ကားမခံနိုင်ပါချေ။
"မင်းငါ့အဖေကိုဒီလိုမျက်လုံးမျိုးနဲ့ဆက်ကြည့်နေရင်မင်းတစ်ကိုယ်လုံးကအရိုးတွေကျိုးကျေတဲ့အထိရိုက်ချိုးပြစ်မယ်...."
လဲ့ချင်းယန်၏ချောမောသောမျက်နှာမှာတရှုးရှုးတရှဲရှဲဖြင့်ဒေါသအကြီးအကျယ်ထွက်နေကာလက်သီးလက်မောင်းတန်းလျက်ပြောသည်။
လှပမောက်မာတဲ့မိန်းကလေးနှင့်ချောမောသည့်စီနီယာအစ်ကိုအပါအဝင်လူတိုင်းအူကြောင်ကြောင်ဖြစ်သွားကြသည်။
"ဟမ်....အဖေ???ဘယ်သူကမင်းအဖေလဲ"
စီနီယာအစ်ကို၏နားမလည်နိုင်သည့်ဟန်ဖြင့်စကားကိုလဲ့ချင်းယန်ကနှာခေါင်းရှုံလျက်ပြန်ဖြေသည်။
"မင်းငါ့အဖေကိုရွံစရာကောင်းတဲ့မျက်လုံးတွေနဲ့ကြည့်နေတာလေ"
ပြောရင်းဆိုရင်းဖြင့်လဲ့ချင်းယန်ကရှောင်ကျန့်ကိုလက်ညှိုးထိုးပြလိုက်သေးသည်။
ေရှာင်ကျန့် : "....."
ငါ့သားရေ....မင်းကမင်းအဖေကိုချောက်ထဲအတင်းတွေဆွဲချချင်နေပါလား....
လူတိုင်း၏အကြည့်မှာရှောင်ကျန့်ရဲ့လှပတဲ့မျက်နှာနုနုလေးထက်သို့ကျရောက်သွားပြီးတဖန်ဒေါသတစ်ရှုးရှုးထွက်နေတဲ့လဲ့ချင်းယန်၏မျက်နှာချောချောကိုစိုက်ကြည့်လိုက်မိပြန်သည်။
ဒါကသားအဖတွေလား.....
တစ်စက်မှလည်းရုပ်မတူဘူးနော်......
တစ်ခြားသူတွေရဲ့အူတိအူကြောင်တိတ်ဆတ်မှုကြီးဟာလှပမောက်မာသည့်မိန်းကလေး၏ဒေါသတကြီးစကားသံတစ်ခုရဲ့ချိုးဖြတ်ခြင်းကိုခံလိုက်ရသည်။
"စီနီယာအစ်ကို!!!!ရှင်တကယ်ပဲဒီအိုကြီးအိုမကိုသူပြောသလိုစိုက်ကြည့်နေခဲ့တာလား"
အိုကြီးအိုမရှောင်ကျန့် : "....."
ငါကအပြစ်ကင်းစင်တဲ့ဘေဘီလေးတစ်ယောက်ပါကွာ.....
ကြည့်ရသည်မှာဇာတ်လိုက်ရဲ့အဖေဆိုသည့်စကားကြောင့်သူ့ကိုကလေးတစ်ယောက်အဖေ'အိုကြီးအိုမ'ဟုထင်မှတ်သွားဟန်ရသည်။
လှမမောက်မာတဲ့မိန်းကလေးရဲ့မျက်နှာမှာဒေါသကြောင့်နီရဲတွတ်နေပြီးစီနီယာအစ်ကို၏ဖြေရှင်းချက်ကိုစောင့်ဆိုင်းနေသည်။
စီနီယာအစ်ကို၏မျက်နှာရှိထိတ်လန့်တုန့်ဆိုင်းသွားသည့်ဟန်ကြောင့်သူမအနေနဲ့အဖြစ်မှန်ကိုခန့်မှန်းမိလိုက်နိုင်သည်။
"ဂျူနီယာညီမလေး....ကိုယ်..."
ဖြန်း!!!!
မောက်မာဝင့်ကြွားသည့်မိန်းမလှလေးကစီနီယာအစ်ကို၏ချောမောသည့်မျက်နှာအားလူတိုင်းအရှေ့မှာတင်ကျယ်လောင်စွာပါးရိုက်ချလိုက်သည်။
"ရှင်ကျွန်မအဖေကိုဖြေရှင်းချက်ပေးဖို့ပြင်ဆင်ထား!!!"
မောက်မာဝံ့ကြွားသည့်မိန်းမလှလေးကစီနီယာအစ်ကိုဖြစ်သူအားလက်ညှိုးငေါက်ငေါက်ထိုးလျက်တည်းခိုဆောင်အတွင်းမှဆောင့်အောင့်ကာထွက်ခွာသွားသည်။
သက်တော်စောင့်ခုနှစ်ယောက်မှာတစ်ယာက်မျက်နှာတစ်ယောက်ကြည့်ရင်းထွက်ခွာသွားပြီဖြစ်တဲ့မိန်းကလေးအနောက်ကနေသာအပြေးလိုက်သွားကြသည်။
အမှန်တကယ်တွင်ထိုမိန်းကလေး၏အဖေမှာအတော်လေးစွမ်းအားကြီးသည့်ကျင့်ကြံသူလူအိုကြီးတစ်ယောက်ဖြစ်သည်။စီနီယာအစ်ကိုဆိုသူမှာလည်းထိုစွမ်းအားမြင့်ကျင့်ကြံသူလူအိုကြီး၏တပည့်တစ်ယောက်သာဖြစ်သည်။
ကြီးမားသည့်အရင်းအမြစ်တွေကိုရရှိဖို့အရေးထိုစီနီယာအစ်ကိုဆိုသူသည်သူ့ဆရာရဲ့သမီးဖြစ်သူဆီကိုချဥ်းကပ်ခဲ့သည်။သမီးဖြစ်သူကိုတုန်နေအောင်ချစ်သည့်ထိုလူအိုကြီးမှာသူ့တပည့်အားလက်ခံခဲ့ရုံသာလွဲ၍မတတ်နိုင်ခဲ့ပေ။
အခုတော့အရာအားလုံးပြီးဆုံးသွားပြီ။စီနီယာအစ်ကိုဖြစ်သူဟာမိန်းကလေးဖြစ်သူအနောက်သို့ပြေးလိုက်မသွားခင်ရှောင်ကျန့်နဲ့လဲ့ချင်းယန်အားမုန်းတီးသည့်မျက်လုံးများဖြင့်စိုက်ကြည့်သွားသေးသည်။
ဇာတ်လိုက်ရဲ့ရောက်ရာနေရာပြဿနာရှာတတ်သည့်အရှိန်အဝါကြောင့်သူတို့ကိုသတ်ဖြတ်ပြစ်ချင်သည်အထိမုန်းတီးသူတစ်ဦးမှာပေါ်ပေါက်လာခဲ့သည်။အရေးကြီးဆုံးမှာဖြစ်စဥ်တစ်လျောက်လုံးတိတ်ဆိတ်ငြိမ်သင်နေသည့်ရှောင်ကျန့်မှာဘုမသိဘမသိဇာတ်လိုက်နဲ့ရောပါသွားခဲ့ရခြင်းဖြစ်သည်။
"အဖေ....အဖေ့သားတော်တယ်မလား"
လဲ့ချင်းယန်ကရှောင်ကျန့်ကိုမိဘဆီကချီးကျူးခံချင်သည့်ကလေးတစ်ယောက်ကဲ့သို့တောက်ပသည့်မျက်လုံးကြီးတွေနဲ့စိုက်ကြည့်လာသည်။
"အေး....အေးပါ....ငါ့သားကအတော်ဆုံးပဲ"
အမှန်တကယ်ဆိုရှောင်ကျန့်ကဇာတ်လိုက်နဲ့ထိုအုပ်စုတိုက်ခိုက်တာကိုကြည့်ချင်နေတာဖြစ်သည်။အခုတော့ဇာတ်လိုက်ရဲ့စကားလေးတစ်ခွန်းနှစ်ခွန်းနဲ့တင်ထိုအဖွဲ့ကအမြှီးတောင်ရှာမရအောင်ထွက်သွားကြပြီ။
တကယ်ဆိုသူ့အဖေအကြည့်နဲ့စော်ကားခြင်းခံနေသည်ကိုမြင်တာနဲ့ဟိုကောင်ရဲ့သောက်ခွက်တွေကြီးဦးအောင်ဆော်လိုက်တာမျိုးပေါ့....
ဒါကသေချာပေါက်ကြည့်ကောင်းလိမ့်မယ်.....
ထိုနေ့ကအဖြစ်အပျက်ကအင်ပါယာမြို့တော်အတွင်းတွင်လှိုင်းကယက်အသေးလေးအဖြစ်သာသက်ရောက်ပြီးဘယ်သူမှသိပ်ပြီးစိတ်ထဲထားမနေတာကိုကျေးဇူးတင်ရမည်။
ေရှာင်ကျန့်ကအုန်းသီးရဲ့အကူအညီဖြင့်ဂူသင်္ချိုင်းနှင့်ပတ်သပ်သည့်သတင်းအချက်အလက်တွေကိုစုဆောင်းသည်။
ထို့နောက်သူသိခဲ့ရသည်မှာဂူသင်္ချိုင်း၏အတားအဆီးမှာအတော်လေးကြောက်မက်ဖွယ်ကောင်းသည်ဟူ၍။
အတားအဆီးကိုထိမိလိုက်တဲ့မည်သည့်စွမ်းအားကြီးကျင့်ကြံသူမဆိုအစိတ်စိတ်အမွှာမွှာပေါက်ကွဲပြီးသေဆုံးသွားကြသည်။
ထို့ကြောင့်လည်းယခုအချိန်အထိမည်သူကမှဂူသင်္ချိုင်းရှိရာဒိုင်မေးရှင်းထဲသို့ဝင်ဖို့ရန်လောကြီးနေခြင်းမရှိတာဖြစ်သည်။
စွမ်းအားကြီးဝင်္ကပါပညာရှင်တွေနဲ့ရှေ့ဖြစ်ဟောသူတွေရဲ့တွက်ချက်မှုအရာနောက်တစ်ပါတ်လောက်ဆိုရင်အတားအဆီးရဲ့အားအနည်းဆုံးသောအချိန်ကိုရောက်လာတော့မည်ဟုဆိုသည်။
ထိုအချိန်မှသာစွမ်းအားမြင့်ဂိုဏ်းကြီးတွေနဲ့ရှေးဟောင်းမိသားစုတစ်ချို့ဦးဆောင်ပြီးကျင့်ကြံသူအုပ်လိုက်ကြီးနှင့်ဒိုင်မေးရှင်းထဲဝင်ဖို့ရန်ဆုံးဖြတ်ထားကြသည်။
အုန်းသီး၏ကြိုးစားအားထုတ်မှုနှင့်အတူသီးခြားဒိုင်မေးရှင်းဆီသို့သွားရာမြေပုံအားရရှိခဲ့သည်။
ရှောင်ကျန့်ကသတင်းအချက်အလက်ကိုလွန်စွာကျေနပ်နှစ်ခြိုက်စွာဖြင့်အုန်းသီးကိုတောင်ချီးကျူးလိုက်သေးသည်။
သူ့hostဆီကရှားရှားပါးပါးချီးကျူးမှုကိုခံယူလိုက်ရသည့်အမောင်အုန်းသီးမှာsystem speacထဲတွင်ခုန်ပေါက်ပျော်ရွှင်နေလေသည်။
ဤသို့ဖြင့်ရှောင်ကျန့်နဲ့လဲ့ချင်းယန်မှာတစ်ပါတ်လုံးလုံး'နဂါးတစ်ကောင်၏အဟုန်'တည်းခိုဆောင်၌သာနေထိုင်၍အချိန်ကုန်ဆုံးမည်အားစောင့်ဆိုင်းနေကြသည်။
အဟမ်း.....ဒီတစ်ပါတ်အတွင်းဇာတ်လိုက်ရဲ့ပြဿနာရှာနိုင်စွမ်းကိုထည့်မတွက်ရင်ပေါ့....
ပထမနေ့တွင်စားသောက်ဆိုင်အောက်ထပ်၌ရှောင်ကျန့်ရဲ့လှပမှုကိုမနာလိုဖြစ်သွားသည့်ကျင့်ကြံသူမိန်းကလေးတစ်ယောက်နှင့်စကားများရန်ဖြစ်ကြသည်။အမောင်ဇာတ်လိုက်လဲ့ချင်းယန်မှာထိုမိန်းကလေးအား'သွားခေါကြီး'ဟုခေါ်လိုက်ရာထိုမိန်းကလေးမှာငိုယိုပြီးပြေးထွက်သွားသည်။
ရှောင်ကျန့် : "....."
ဒုတိယမြောက်နေ့တွင်မြို့ထဲလည်ပတ်နေချိန်တွင်ပစ္စည်းလိမ်ရောင်းနေသည့်ကျင့်ကြံသူအဖိုးကြီးအားပွစိ၊ပွစိသွားပြောရာမှအပြင်းအထန်စကားများကြပြန်သည်။ကံကောင်းစွာဖြင့်တော်ဝင်မြို့တော်အတွင်းမတိုက်ခိုက်ရဟုစည်းကမ်းရှိနေခဲ့သည်။မဟုတ်ရင်လဲ့ချင်းယန်ကြောင့်တစ်ခေါင်းလုံးမီးခိုးတွေထိုးထွက်လာသူအဖိုးကြီးမှာချက်ချင်းလည်ပင်းလာညှစ်ပြီးသတ်ဖြတ်မည်မှာသေချာသလောက်ရှိ၏။
ရှောင်ကျန့် : "....."
တတိယမြောက်နေ့တွင်တော့မြို့တော်ဈေးထဲ၌ကျင့်ကြံသူငါးယောက်၏အနိုင်ကျင့်ခံနေရသူကျင့်ကြံသူမိန်းကလေးဖြစ်သူအားခပ်တည်တည်ဖြင့်အားပေးအားမြှောက်သွားလုပ်ပြန်သည်။ထိုကျင့်ကြံသူမိန်းကလေးမှာမူလကရှက်ရွံ့တတ်သူပေမယ့်လဲ့ချင်းယန်၏အားပေးအားမြှောက်ကောင်းမှုကြောင့်ကျင့်ကြံသူငါးယောက်အားဆော်လိုက်လေရာငါးဦးလုံးထတောင်မထနိုင်ရှာတော့ပေ။
ထို့နောက်ထိုကျင့်ကြံသူမိန်းကလေးမှာလဲ့ချင်းယန်အားအသေရရ၊အရှင်ရရလိုက်ကပ်နေတာကြောင့်ဇာတ်လိုက်ခဗျာထိုမိန်းကလေးလက်ကလွတ်မြောက်စေရန်ရှောင်ကျန့်အားငိုကြီးချက်မဖြင့်အကူအညီတောင်းသည့်အခါမှသာလွတ်မြောက်လေတော့သည်။
ေရှာင်ကျန့် : "....."
ကျန်ရက်တွေမှာလည်းလဲ့ချင်းယန်မှာတစ်ခုမဟုတ်တစ်ခုဖြစ်ကာ၊တစ်ခုမဟုတ်တစ်ခုပြဿနာရှာပြီးနောက်ဆုံးရှောင်ကျန့်မှာဝင်ရောက်ဖြေရှင်းပေးရလွန်းလို့ခေါင်းမွှေးတောင်ပြောင်ချင်လာသလိုခံစားနေရသည်။
ဇာတ်လိုက်ကိုသားတော်မိလိုက်ခြင်းအားအကြီးအကျယ်နောင်တ,ရလာသလိုခံစားလိုက်ရသည်။
သူ့ရဲ့သွေးမတော်သားမစပ်သား၏တိုက်ခိုက်စွမ်းရည်အားမမြင်တွေ့ရသေးပေမယ့်လည်းကြောက်မက်ဖွယ်ရာပါးစပ်စွမ်းရည်အားဒီရက်ပိုင်းအတွင်းမှာအကြီးအကျယ်မြင်တွေ့နေရသည်ကိုတော့ငြင်းဆန်မရပေ။
လဲ့ချင်းယန်ပါးစပ်ဟ,လိုက်သည့်အခါတိုင်းမုန်တိုင်းထန်၊နာဂစ်တိုက်ခတ်လာသကဲ့သို့တစ်ယောက်မဟုတ်တစ်ယောက်နဲ့ပြဿနာတတ်လေ့ရှိသည်။
ဤသို့ဖြင့်'ဟန်းယန်'တောအုပ်အတွင်ရှိသီးခြားဒိုင်မေးရှင်းအတွင်းရှိအတားအစီးအားပျော့ချိန်သို့ရောက်ရှိလာသည့်အချိန်မှသာရှောင်ကျန့်သက်ပြင်းအသာချနိုင်တော့လေသည်။
ထို့နောက်ရှောင်ကျန့်ကဇာတ်လိုက်အားဒီတစ်ရက်လုံးစကားပြောခြင်းကိုအတင်းအကြပ်တားမြစ်ပိတ်ပင်ပြစ်လိုက်သည်။ဇာတ်လိုက်မှာမျက်နှာငယ်လေးဖြင့်သူ့'အဖေ'ပြောသည့်စကားအားနာခံရုံသာတတ်နိုင်လေသည်။
ရှောင်ကျန့်၏မူလရည်မှန်းချက်မှာသူ့တာဝန်ကြောင့်အပြင်ဇာတ်လိုက်ရဲ့ကျင့်ကြံရေးလမ်းစဥ်တစ်လျောက်ရှိုးပွဲကိုကြည့်ချင်၍ဖြစ်ပေမယ့်အခုတော့'အဖေ'ဖြစ်နေသည့်အကြောင်းပြချက်ကြောင့်လဲ့ချင်းယန်မွှေသမျှပြဿနာအားလုံးသူ့ခေါင်းပေါ်သို့သာပုံကျလာခဲ့သည်။
ရှောင်ကျန့်မှာဇာတ်လိုက်'အဖေ'ဖြစ်ရသောဆိုးကျိုးအားအပြည့်အဝခံစားနေရ၏။
ရှောင်ကျန့်ကလဲ့ချင်းယန်ကိုဦးဆောင်၍'ဟန်းယန်'တောအုပ်အတွင်းသို့ဝင်ရောက်လာသည်။လမ်းတစ်လျောက်တွင်သူတို့နှစ်ယောက်နည်းတူ'ဟန်းယန်'တောအုပ်အားဦးတည်နေသည့်တစ်ကိုယ်တော်ကျင့်ကြံသူများစွာနှင့်အချင်းချင်းစုပေါင်းဖွဲ့စည်းထားသည့်ကျင့်ကြံသူအုပ်စုတွေကိုမရေမတွက်နိုင်အောင်မြင်တွေ့နေရသည်။
အင်အားကြီးမားသည့်ကျင့်ကြံရေးဂိုဏ်းကြီးတွေကတော့'ဟွမ်ကျုံး'အင်ပါယာမိသားစုနှင့်အတူသီးခြားဒိုင်မေးရှင်း၏အနီးနားသို့ရောက်နှင့်နေလောက်ပြီဖြစ်မှန်းခန့်မှန်းမိသည်။
"မင်းဒီတစ်ပါတ်အတွင်းရှာထားတဲ့ပြဿနာတွေကိုနားလည်တယ်နော်....."
ရှောင်ကျန့်ကသွားရင်းလာရင်းဖြင့်သူ့ရဲ့သွေးမတော်သားမစပ်သားဖြစ်သူအားဆုံးမဩဝါဒခြွေနေသည်။လဲ့ချင်းယန်ဟာလည်းခေါင်းတစ်ဆတ်ဆတ်ငြှိမ့်ပြ၍သူနားလည်ပါကြောင်းထောက်ခံသည်။
"ဒီနေ့တစ်ရက်လုံးစကားမပြောရဘူး....ဒါမင်းရဲ့ချစ်ဖေဖေပေးတဲ့အပြစ်ဒဏ်အသေးစားလေးပဲ"
ရှောင်ကျန့်ကပေါ့ပါးစွာပင်လျှင်မြန်သောအရှိန်နှုန်းဖြင့်အရှေ့ကနေဦးဆောင်သွားသည်။အတော်ကြာသည်အထိသွားလာနေပြီးနောက်တွင်ရှောင်ကျန့်ကတစ်ခုခုမှားနေကြောင်းသတိထားမိလိုက်သည်။
ဇာတ်လိုက်ကသူ့စကားကြောင့်အသံထွက်မလာတာကနားလည်လို့ရပေမယ့်အခုတော့သူ့အနောက်မှာခြေသံနှင့်လူတစ်ယောက်၏အသက်ရှုသံတောင်မခံစားမိတော့ပေ။
ရှောင်ကျန့်လှည့်ကြည့်လိုက်တော့ထင်ထားသည့်အတိုင်းပင်လဲ့ချင်းယန်မှာဘယ်နိုင်ငံခြားသို့ရွက်လွှင့်ထွက်သွားမှန်းမသိရအောင်ကိုပျောက်ဆုံးနေပြီဖြစ်သည်။
ပြောရရင်ဇာတ်လိုက်ကသူ့အနောက်သို့ပါမလာခဲ့ချေ။
ရှောင်ကျန့် : "....."
ငါတစ်ခုခုများမေ့ကျန်ခဲ့တာလား.....
အမှန်တကယ်ပင်ရှောင်ကျန့်ကလဲ့ချင်းယန်ကိုမေ့ကျန်ခဲ့သည်။
ရှောင်ကျန့်ရဲ့ကျင့်ကြံဆင့်ကလွန်စွာမြင့်မားပြီးသူသာအလိုရှိရင်လေဟာနယ်ကိုအသာလေးဖြတ်ကျော်ပြီးဘယ်နေရာမဆိုသွားလာနိုင်သည်။
သူကသူ့ရဲ့သွားလာမှုအရှိန်နှုန်းကိုအလွန့်၊အလွန်လျော့ချထားပါသော်လည်းဒီအမြန်နှုန်းမှာလဲ့ချင်းယန်လိုက်နိုင်သည့်နှုန်းမျိုးမဟုတ်တော့ပေ။
ရှောင်ကျန့်ရဲ့'စကားမပြောရ'တားမြစ်ချက်ကြောင့်လဲ့ချင်းယန်မှာသူအနောက်မှာကျန်ခဲ့ကြောင်းမပြောနိုင်ခဲ့ချေ။ဒီလိုနဲ့သနားစရာဇာတ်လိုက်လေးမှာသူ့'အဖေ'၏မေ့ကျန်ခဲ့ခြင်းကိုရက်ရက်စက်စက်ခံစားလိုက်ရလေသည်။
__________________________________________________________________
ပြဇာတ်တို။
ဇာတ်လိုက်လဲ့ချင်းယန် : "ငါ့အဖေကငါ့ကိုမေ့ကျန်ခဲ့တယ်....ဝူး...ဝူး...."
ရှောင်ကျန့် : "သနားစရာဖေ့သားလေး....မင်းဘာလို့အဖေ့ကိုလှမ်းမခေါ်လိုက်တာလဲ"
ဇာတ်လိုက်လဲ့ချင်းယန် : "အဖေပဲတစ်နေ့လုံးပါးစပ်ပိတ်ထားရမယ်ဆို"
ရှောင်ကျန့် : "....."
**********************************************************
Zawgyi
"တစ္ျခားတည္းခိုေဆာင္ေတြကအခန္းအားလုံးကလည္းျပည့္သြားၿပီတဲ့....ဘယ္တတ္နိုင္ပါ့မလဲ....တစ္ေယာက္ခန္းႏွစ္ခန္းဆိုလဲမဆိုးပါဘူး....."
စီနီယာအစ္ကိုဆိုသည့္ေခ်ာေမာေသာလူငယ္ေလးဟာခပ္ဖြဖြသာၿပဳံးရင္းသေဘာေကာင္းသည့္အစ္ကိုႀကီးဟန္ပန္မ်ိဳးျဖင့္လွပေမာက္မာသည့္မိန္းကေလးကိုဆိုသည္။
"စီနီယာအစ္ကိုေျပာလို႔လက္ခံလိုက္တာေနာ္"
ေမာက္မာဝံ့ႂကြားတဲ့မိန္းမလွေလးဟာစီနီယာအစ္ကိုဆိုသူ၏လက္ေမာင္းကိုဆြဲဖက္ထား၌ခြၽဲျပစ္ေနေသာအသံျဖင့္ဆိုလာသည္။
သူတို႔ႏွစ္ေယာက္ရဲ႕အသံေနအသံထားအရအခန္းႏွစ္ခန္းမွာသူတို႔အပိုင္သာျဖစ္သည္ဟုေသခ်ာေနဟန္ရသည္။
ေရွာင္က်န့္ : "....."
ဒီအကြက္ေတြကိုငါသိေနတယ္.....
ေရွာင္က်န့္ကသူ႕ရဲ႕ေခ်ာေမြ႕ေနတဲ့ေမးေစ့ေလးကိုပြတ္၍ေနာက္ထပ္လာမည့္ရွိုးပြဲအားေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေစာင့္ဆိုင္းေနလိုက္သည္။
ဟ...ဟ....ၿပီးရင္ဒီေဖေဖကဘယ္ေလာက္ထိစြမ္းအားႀကီးလဲဆိုတာသိရေတာ့မွာပါေဖ့သားရယ္.....
ေမာက္မာဝင့္ႂကြားသည့္မိန္းမလွေလးကေလွကားေပၚေတာင္မတတ္ရေသးတဲ့ေရွာင္က်န့္နဲ႕လဲ့ခ်င္းယန္တို႔ဆီအာ႐ုံစိုက္လာသည္။ထိုမိန္းကေလး၏မ်က္ဝန္းေတြမွာသိသိသာသာသူမထက္လွပသည့္ေရွာင္က်န့္ကိုျမင္ေသာအခါတြင္သူမ၏မ်က္ႏွာဟာမထိန္းခ်ဳပ္နိုင္ေလာက္ေအာင္ပ်က္ယြင္းသြား၏။
သူမကသူမထက္လွပသည့္ေယာက္်ားျဖစ္ေစ၊မိန္းမျဖစ္ေစလက္မခံနိုင္သည္မွာေသခ်ာသည္။
စီနီယာအစ္ကိုဆိုသူဟာေတာ့ေရွာင္က်န့္ကိုျမင္သည့္အခါတြင္သူ႕မ်က္လုံးေတြမွာဝင္းလက္သြားသည္။
ထိုသူကသူေတြ႕ဖူးသမွ်လူေတြထဲမွာအလွဆုံးမဟုတ္ေပမယ့္တစ္ျခားသူေတြထက္ပိုမိုထူးထူးျခားျခားဆြဲေဆာင္နိုင္သည့္အရွိန္အဝါေတြရွိသည္။
စီနီယာအစ္ကို၏မ်က္လုံးအတြင္း၌ေရွာင္က်န့္ကိုၾကည့္ရင္းရမၼက္ခိုးေတြေဝလာ၏။
ဒါကိုေရွာင္က်န့္နဲ႕လဲ့ခ်င္းယန္ကလည္းသတိထားမိသည္။ေရွာင္က်န့္ထိုးထြက္လာသည့္ေဒါသကိုထိန္းခ်ဳပ္လိုက္နိုင္ေပမယ့္စိတ္ျမန္လက္ျမန္ရွိလွသူအေမာင္ဇာတ္လိုက္မွာသူ႕ရဲ႕ခ်စ္ေဖေဖအားအၾကည့္ေလးတစ္ခ်က္ႏွင့္ပင္အေစာ္ကားမခံနိုင္ပါေခ်။
"မင္းငါ့အေဖကိုဒီလိုမ်က္လုံးမ်ိဳးနဲ႕ဆက္ၾကည့္ေနရင္မင္းတစ္ကိုယ္လုံးကအရိုးေတြက်ိဳးေက်တဲ့အထိရိုက္ခ်ိဳးျပစ္မယ္...."
လဲ့ခ်င္းယန္၏ေခ်ာေမာေသာမ်က္ႏွာမွာတရႈးရႈးတရွဲရွဲျဖင့္ေဒါသအႀကီးအက်ယ္ထြက္ေနကာလက္သီးလက္ေမာင္းတန္းလ်က္ေျပာသည္။
လွပေမာက္မာတဲ့မိန္းကေလးႏွင့္ေခ်ာေမာသည့္စီနီယာအစ္ကိုအပါအဝင္လူတိုင္းအူေၾကာင္ေၾကာင္ျဖစ္သြားၾကသည္။
"ဟမ္....အေဖ???ဘယ္သူကမင္းအေဖလဲ"
စီနီယာအစ္ကို၏နားမလည္နိုင္သည့္ဟန္ျဖင့္စကားကိုလဲ့ခ်င္းယန္ကႏွာေခါင္းရႈံလ်က္ျပန္ေျဖသည္။
"မင္းငါ့အေဖကို႐ြံစရာေကာင္းတဲ့မ်က္လုံးေတြနဲ႕ၾကည့္ေနတာေလ"
ေျပာရင္းဆိုရင္းျဖင့္လဲ့ခ်င္းယန္ကေရွာင္က်န့္ကိုလက္ညွိုးထိုးျပလိုက္ေသးသည္။
ေရှာင်ကျန့် : "....."
ငါ့သားေရ....မင္းကမင္းအေဖကိုေခ်ာက္ထဲအတင္းေတြဆြဲခ်ခ်င္ေနပါလား....
လူတိုင္း၏အၾကည့္မွာေရွာင္က်န့္ရဲ႕လွပတဲ့မ်က္ႏွာႏုႏုေလးထက္သို႔က်ေရာက္သြားၿပီးတဖန္ေဒါသတစ္ရႈးရႈးထြက္ေနတဲ့လဲ့ခ်င္းယန္၏မ်က္ႏွာေခ်ာေခ်ာကိုစိုက္ၾကည့္လိုက္မိျပန္သည္။
ဒါကသားအဖေတြလား.....
တစ္စက္မွလည္း႐ုပ္မတူဘူးေနာ္......
တစ္ျခားသူေတြရဲ႕အူတိအူေၾကာင္တိတ္ဆတ္မႈႀကီးဟာလွပေမာက္မာသည့္မိန္းကေလး၏ေဒါသတႀကီးစကားသံတစ္ခုရဲ႕ခ်ိဳးျဖတ္ျခင္းကိုခံလိုက္ရသည္။
"စီနီယာအစ္ကို!!!!ရွင္တကယ္ပဲဒီအိုႀကီးအိုမကိုသူေျပာသလိုစိုက္ၾကည့္ေနခဲ့တာလား"
အိုႀကီးအိုမေရွာင္က်န့္ : "....."
ငါကအျပစ္ကင္းစင္တဲ့ေဘဘီေလးတစ္ေယာက္ပါကြာ.....
ၾကည့္ရသည္မွာဇာတ္လိုက္ရဲ႕အေဖဆိုသည့္စကားေၾကာင့္သူ႕ကိုကေလးတစ္ေယာက္အေဖ'အိုႀကီးအိုမ'ဟုထင္မွတ္သြားဟန္ရသည္။
လွမေမာက္မာတဲ့မိန္းကေလးရဲ႕မ်က္ႏွာမွာေဒါသေၾကာင့္နီရဲတြတ္ေနၿပီးစီနီယာအစ္ကို၏ေျဖရွင္းခ်က္ကိုေစာင့္ဆိုင္းေနသည္။
စီနီယာအစ္ကို၏မ်က္ႏွာရွိထိတ္လန့္တုန့္ဆိုင္းသြားသည့္ဟန္ေၾကာင့္သူမအေနနဲ႕အျဖစ္မွန္ကိုခန့္မွန္းမိလိုက္နိုင္သည္။
"ဂ်ဴနီယာညီမေလး....ကိုယ္..."
ျဖန္း!!!!
ေမာက္မာဝင့္ႂကြားသည့္မိန္းမလွေလးကစီနီယာအစ္ကို၏ေခ်ာေမာသည့္မ်က္ႏွာအားလူတိုင္းအေရွ႕မွာတင္က်ယ္ေလာင္စြာပါးရိုက္ခ်လိဳက္သည္။
"ရွင္ကြၽန္မအေဖကိုေျဖရွင္းခ်က္ေပးဖို႔ျပင္ဆင္ထား!!!"
ေမာက္မာဝံ့ႂကြားသည့္မိန္းမလွေလးကစီနီယာအစ္ကိုျဖစ္သူအားလက္ညွိုးေငါက္ေငါက္ထိုးလ်က္တည္းခိုေဆာင္အတြင္းမွေဆာင့္ေအာင့္ကာထြက္ခြာသြားသည္။
သက္ေတာ္ေစာင့္ခုႏွစ္ေယာက္မွာတစ္ယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္းထြက္ခြာသြားၿပီျဖစ္တဲ့မိန္းကေလးအေနာက္ကေနသာအေျပးလိုက္သြားၾကသည္။
အမွန္တကယ္တြင္ထိုမိန္းကေလး၏အေဖမွာအေတာ္ေလးစြမ္းအားႀကီးသည့္က်င့္ႀကံသူလူအိုႀကီးတစ္ေယာက္ျဖစ္သည္။စီနီယာအစ္ကိုဆိုသူမွာလည္းထိုစြမ္းအားျမင့္က်င့္ႀကံသူလူအိုႀကီး၏တပည့္တစ္ေယာက္သာျဖစ္သည္။
ႀကီးမားသည့္အရင္းအျမစ္ေတြကိုရရွိဖို႔အေရးထိုစီနီယာအစ္ကိုဆိုသူသည္သူ႕ဆရာရဲ႕သမီးျဖစ္သူဆီကိုခ်ဥ္းကပ္ခဲ့သည္။သမီးျဖစ္သူကိုတုန္ေနေအာင္ခ်စ္သည့္ထိုလူအိုႀကီးမွာသူ႕တပည့္အားလက္ခံခဲ့႐ုံသာလြဲ၍မတတ္နိုင္ခဲ့ေပ။
အခုေတာ့အရာအားလုံးၿပီးဆုံးသြားၿပီ။စီနီယာအစ္ကိုျဖစ္သူဟာမိန္းကေလးျဖစ္သူအေနာက္သို႔ေျပးလိုက္မသြားခင္ေရွာင္က်န့္နဲ႕လဲ့ခ်င္းယန္အားမုန္းတီးသည့္မ်က္လုံးမ်ားျဖင့္စိုက္ၾကည့္သြားေသးသည္။
ဇာတ္လိုက္ရဲ႕ေရာက္ရာေနရာျပႆနာရွာတတ္သည့္အရွိန္အဝါေၾကာင့္သူတို႔ကိုသတ္ျဖတ္ျပစ္ခ်င္သည္အထိမုန္းတီးသူတစ္ဦးမွာေပၚေပါက္လာခဲ့သည္။အေရးႀကီးဆုံးမွာျဖစ္စဥ္တစ္ေလ်ာက္လုံးတိတ္ဆိတ္ၿငိမ္သင္ေနသည့္ေရွာင္က်န့္မွာဘုမသိဘမသိဇာတ္လိုက္နဲ႕ေရာပါသြားခဲ့ရျခင္းျဖစ္သည္။
"အေဖ....အေဖ့သားေတာ္တယ္မလား"
လဲ့ခ်င္းယန္ကေရွာင္က်န့္ကိုမိဘဆီကခ်ီးက်ဴးခံခ်င္သည့္ကေလးတစ္ေယာက္ကဲ့သို႔ေတာက္ပသည့္မ်က္လုံးႀကီးေတြနဲ႕စိုက္ၾကည့္လာသည္။
"ေအး....ေအးပါ....ငါ့သားကအေတာ္ဆုံးပဲ"
အမွန္တကယ္ဆိုေရွာင္က်န့္ကဇာတ္လိုက္နဲ႕ထိုအုပ္စုတိုက္ခိုက္တာကိုၾကည့္ခ်င္ေနတာျဖစ္သည္။အခုေတာ့ဇာတ္လိုက္ရဲ႕စကားေလးတစ္ခြန္းႏွစ္ခြန္းနဲ႕တင္ထိုအဖြဲ႕ကအျမႇီးေတာင္ရွာမရေအာင္ထြက္သြားၾကၿပီ။
တကယ္ဆိုသူ႕အေဖအၾကည့္နဲ႕ေစာ္ကားျခင္းခံေနသည္ကိုျမင္တာနဲ႕ဟိုေကာင္ရဲ႕ေသာက္ခြက္ေတြႀကီးဦးေအာင္ေဆာ္လိုက္တာမ်ိဳးေပါ့....
ဒါကေသခ်ာေပါက္ၾကည့္ေကာင္းလိမ့္မယ္.....
ထိုေန႕ကအျဖစ္အပ်က္ကအင္ပါယာၿမိဳ႕ေတာ္အတြင္းတြင္လွိုင္းကယက္အေသးေလးအျဖစ္သာသက္ေရာက္ၿပီးဘယ္သူမွသိပ္ၿပီးစိတ္ထဲထားမေနတာကိုေက်းဇူးတင္ရမည္။
ေရှာင်ကျန့်ကအုန်းသီးရဲ့အကူအညီဖြင့်ဂူသင်္ချိုင်းနှင့်ပတ်သပ်သည့်သတင်းအချက်အလက်တွေကိုစုဆောင်းသည်။
ထို႔ေနာက္သူသိခဲ့ရသည္မွာဂူသခၤ်ိဳင္း၏အတားအဆီးမွာအေတာ္ေလးေၾကာက္မက္ဖြယ္ေကာင္းသည္ဟူ၍။
အတားအဆီးကိုထိမိလိုက္တဲ့မည္သည့္စြမ္းအားႀကီးက်င့္ႀကံသူမဆိုအစိတ္စိတ္အမႊာမႊာေပါက္ကြဲၿပီးေသဆုံးသြားၾကသည္။
ထို႔ေၾကာင့္လည္းယခုအခ်ိန္အထိမည္သူကမွဂူသခၤ်ိဳင္းရွိရာဒိုင္ေမးရွင္းထဲသို႔ဝင္ဖို႔ရန္ေလာႀကီးေနျခင္းမရွိတာျဖစ္သည္။
စြမ္းအားႀကီးဝကၤပါပညာရွင္ေတြနဲ႕ေရွ႕ျဖစ္ေဟာသူေတြရဲ႕တြက္ခ်က္မႈအရာေနာက္တစ္ပါတ္ေလာက္ဆိုရင္အတားအဆီးရဲ႕အားအနည္းဆုံးေသာအခ်ိန္ကိုေရာက္လာေတာ့မည္ဟုဆိုသည္။
ထိုအခ်ိန္မွသာစြမ္းအားျမင့္ဂိုဏ္းႀကီးေတြနဲ႕ေရွးေဟာင္းမိသားစုတစ္ခ်ိဳ႕ဦးေဆာင္ၿပီးက်င့္ႀကံသူအုပ္လိုက္ႀကီးႏွင့္ဒိုင္ေမးရွင္းထဲဝင္ဖို႔ရန္ဆုံးျဖတ္ထားၾကသည္။
ေရွာင္က်န့္ကသတင္းအခ်က္အလက္ကိုလြန္စြာေက်နပ္ႏွစ္ၿခိဳက္စြာျဖင့္အုန္းသီးကိုေတာင္ခ်ီးက်ဴးလိုက္ေသးသည္။
အုန္းသီး၏ႀကိဳးစားအားထုတ္မႈႏွင့္အတူသီးျခားဒိုင္ေမးရွင္းဆီသို႔သြားရာေျမပုံအားရရွိခဲ့သည္။
သူ႕hostဆီကရွားရွားပါးပါးခ်ီးက်ဴးမႈကိုခံယူလိုက္ရသည့္အေမာင္အုန္းသီးမွာsystem speacထဲတြင္ခုန္ေပါက္ေပ်ာ္႐ႊင္ေနေလသည္။
ဤသို႔ျဖင့္ေရွာင္က်န့္နဲ႕လဲ့ခ်င္းယန္မွာတစ္ပါတ္လုံးလုံး'နဂါးတစ္ေကာင္၏အဟုန္'တည္းခိုေဆာင္၌သာေနထိုင္၍အခ်ိန္ကုန္ဆုံးမည္အားေစာင့္ဆိုင္းေနၾကသည္။
အဟမ္း.....ဒီတစ္ပါတ္အတြင္းဇာတ္လိုက္ရဲ႕ျပႆနာရွာနိုင္စြမ္းကိုထည့္မတြက္ရင္ေပါ့....
ပထမေန႕တြင္စားေသာက္ဆိုင္ေအာက္ထပ္၌ေရွာင္က်န့္ရဲ႕လွပမႈကိုမနာလိုျဖစ္သြားသည့္က်င့္ႀကံသူမိန္းကေလးတစ္ေယာက္ႏွင့္စကားမ်ားရန္ျဖစ္ၾကသည္။အေမာင္ဇာတ္လိုက္လဲ့ခ်င္းယန္မွာထိုမိန္းကေလးအား'သြားေခါႀကီး'ဟုေခၚလိုက္ရာထိုမိန္းကေလးမွာငိုယိုၿပီးေျပးထြက္သြားသည္။
ေရွာင္က်န့္ : "....."
ဒုတိယေျမာက္ေန႕တြင္ၿမိဳ႕ထဲလည္ပတ္ေနခ်ိန္တြင္ပစၥည္းလိမ္ေရာင္းေနသည့္က်င့္ႀကံသူအဖိုးႀကီးအားပြစိ၊ပြစိသြားေျပာရာမွအျပင္းအထန္စကားမ်ားၾကျပန္သည္။ကံေကာင္းစြာျဖင့္ေတာ္ဝင္ၿမိဳ႕ေတာ္အတြင္းမတိုက္ခိုက္ရဟုစည္းကမ္းရွိေနခဲ့သည္။မဟုတ္ရင္လဲ့ခ်င္းယန္ေၾကာင့္တစ္ေခါင္းလုံးမီးခိုးေတြထိုးထြက္လာသူအဖိုးႀကီးမွာခ်က္ခ်င္းလည္ပင္းလာညွစ္ၿပီးသတ္ျဖတ္မည္မွာေသခ်ာသေလာက္ရွိ၏။
ေရွာင္က်န့္ : "....."
တတိယေျမာက္ေန႕တြင္ေတာ့ၿမိဳ႕ေတာ္ေဈးထဲ၌က်င့္ႀကံသူငါးေယာက္၏အနိုင္က်င့္ခံေနရသူက်င့္ႀကံသူမိန္းကေလးျဖစ္သူအားခပ္တည္တည္ျဖင့္အားေပးအားျမႇောက္သြားလုပ္ျပန္သည္။ထိုက်င့္ႀကံသူမိန္းကေလးမွာမူလကရွက္႐ြံ႕တတ္သူေပမယ့္လဲ့ခ်င္းယန္၏အားေပးအားျမႇောက္ေကာင္းမႈေၾကာင့္က်င့္ႀကံသူငါးေယာက္အားေဆာ္လိုက္ေလရာငါးဦးလုံးထေတာင္မထနိုင္ရွာေတာ့ေပ။
ထို႔ေနာက္ထိုက်င့္ႀကံသူမိန္းကေလးမွာလဲ့ခ်င္းယန္အားအေသရရ၊အရွင္ရရလိုက္ကပ္ေနတာေၾကာင့္ဇာတ္လိုက္ခဗ်ာထိုမိန္းကေလးလက္ကလြတ္ေျမာက္ေစရန္ေရွာင္က်န့္အားငိုႀကီးခ်က္မျဖင့္အကူအညီေတာင္းသည့္အခါမွသာလြတ္ေျမာက္ေလေတာ့သည္။
ေရှာင်ကျန့် : "....."
က်န္ရက္ေတြမွာလည္းလဲ့ခ်င္းယန္မွာတစ္ခုမဟုတ္တစ္ခုျဖစ္ကာ၊တစ္ခုမဟုတ္တစ္ခုျပႆနာရွာၿပီးေနာက္ဆုံးေရွာင္က်န့္မွာဝင္ေရာက္ေျဖရွင္းေပးရလြန္းလို႔ေခါင္းေမႊးေတာင္ေျပာင္ခ်င္လာသလိုခံစားေနရသည္။
ဇာတ္လိုက္ကိုသားေတာ္မိလိုက္ျခင္းအားအႀကီးအက်ယ္ေနာင္တ,ရလာသလိုခံစားလိုက္ရသည္။
သူ႕ရဲ႕ေသြးမေတာ္သားမစပ္သား၏တိုက္ခိုက္စြမ္းရည္အားမျမင္ေတြ႕ရေသးေပမယ့္လည္းေၾကာက္မက္ဖြယ္ရာပါးစပ္စြမ္းရည္အားဒီရက္ပိုင္းအတြင္းမွာအႀကီးအက်ယ္ျမင္ေတြ႕ေနရသည္ကိုေတာ့ျငင္းဆန္မရေပ။
လဲ့ခ်င္းယန္ပါးစပ္ဟ,လိုက္သည့္အခါတိုင္းမုန္တိုင္းထန္၊နာဂစ္တိုက္ခတ္လာသကဲ့သို႔တစ္ေယာက္မဟုတ္တစ္ေယာက္နဲ႕ျပႆနာတတ္ေလ့ရွိသည္။
ဤသို႔ျဖင့္'ဟန္းယန္'ေတာအုပ္အတြင္ရွိသီးျခားဒိုင္ေမးရွင္းအတြင္းရွိအတားအစီးအားေပ်ာ့ခ်ိန္သို႔ေရာက္ရွိလာသည့္အခ်ိန္မွသာေရွာင္က်န့္သက္ျပင္းအသာခ်နိဳင္ေတာ့ေလသည္။
ထို႔ေနာက္ေရွာင္က်န့္ကဇာတ္လိုက္အားဒီတစ္ရက္လုံးစကားေျပာျခင္းကိုအတင္းအၾကပ္တားျမစ္ပိတ္ပင္ျပစ္လိုက္သည္။ဇာတ္လိုက္မွာမ်က္ႏွာငယ္ေလးျဖင့္သူ႕'အေဖ'ေျပာသည့္စကားအားနာခံ႐ုံသာတတ္နိုင္ေလသည္။
ေရွာင္က်န့္၏မူလရည္မွန္းခ်က္မွာသူ႕တာဝန္ေၾကာင့္အျပင္ဇာတ္လိုက္ရဲ႕က်င့္ႀကံေရးလမ္းစဥ္တစ္ေလ်ာက္ရွိုးပြဲကိုၾကည့္ခ်င္၍ျဖစ္ေပမယ့္အခုေတာ့'အေဖ'ျဖစ္ေနသည့္အေၾကာင္းျပခ်က္ေၾကာင့္လဲ့ခ်င္းယန္ေမႊသမွ်ျပႆနာအားလုံးသူ႕ေခါင္းေပၚသို႔သာပုံက်လာခဲ့သည္။
ေရွာင္က်န့္မွာဇာတ္လိုက္'အေဖ'ျဖစ္ရေသာဆိုးက်ိဳးအားအျပည့္အဝခံစားေနရ၏။
ေရွာင္က်န့္ကလဲ့ခ်င္းယန္ကိုဦးေဆာင္၍'ဟန္းယန္'ေတာအုပ္အတြင္းသို႔ဝင္ေရာက္လာသည္။လမ္းတစ္ေလ်ာက္တြင္သူတို႔ႏွစ္ေယာက္နည္းတူ'ဟန္းယန္'ေတာအုပ္အားဦးတည္ေနသည့္တစ္ကိုယ္ေတာ္က်င့္ႀကံသူမ်ားစြာႏွင့္အခ်င္းခ်င္းစုေပါင္းဖြဲ႕စည္းထားသည့္က်င့္ႀကံသူအုပ္စုေတြကိုမေရမတြက္နိုင္ေအာင္ျမင္ေတြ႕ေနရသည္။
အင္အားႀကီးမားသည့္က်င့္ႀကံေရးဂိုဏ္းႀကီးေတြကေတာ့'ဟြမ္က်ဳံး'အင္ပါယာမိသားစုႏွင့္အတူသီးျခားဒိုင္ေမးရွင္း၏အနီးနားသို႔ေရာက္ႏွင့္ေနေလာက္ၿပီျဖစ္မွန္းခန့္မွန္းမိသည္။
"မင္းဒီတစ္ပါတ္အတြင္းရွာထားတဲ့ျပႆနာေတြကိုနားလည္တယ္ေနာ္....."
ေရွာင္က်န့္ကသြားရင္းလာရင္းျဖင့္သူ႕ရဲ႕ေသြးမေတာ္သားမစပ္သားျဖစ္သူအားဆုံးမဩဝါဒေႁခြေနသည္။လဲ့ခ်င္းယန္ဟာလည္းေခါင္းတစ္ဆတ္ဆတ္ျငႇိမ့္ျပ၍သူနားလည္ပါေၾကာင္းေထာက္ခံသည္။
"ဒီေန႕တစ္ရက္လုံးစကားမေျပာရဘူး....ဒါမင္းရဲ႕ခ်စ္ေဖေဖေပးတဲ့အျပစ္ဒဏ္အေသးစားေလးပဲ"
ေရွာင္က်န့္ကေပါ့ပါးစြာပင္လွ်င္ျမန္ေသာအရွိန္ႏႈန္းျဖင့္အေရွ႕ကေနဦးေဆာင္သြားသည္။အေတာ္ၾကာသည္အထိသြားလာေနၿပီးေနာက္တြင္ေရွာင္က်န့္ကတစ္ခုခုမွားေနေၾကာင္းသတိထားမိလိုက္သည္။
ဇာတ္လိုက္ကသူ႕စကားေၾကာင့္အသံထြက္မလာတာကနားလည္လို႔ရေပမယ့္အခုေတာ့သူ႕အေနာက္မွာေျခသံႏွင့္လူတစ္ေယာက္၏အသက္ရႈသံေတာင္မခံစားမိေတာ့ေပ။
ေရွာင္က်န့္လွည့္ၾကည့္လိုက္ေတာ့ထင္ထားသည့္အတိုင္းပင္လဲ့ခ်င္းယန္မွာဘယ္နိုင္ငံျခားသို႔႐ြက္လႊင့္ထြက္သြားမွန္းမသိရေအာင္ကိုေပ်ာက္ဆုံးေနၿပီျဖစ္သည္။
ေျပာရရင္ဇာတ္လိုက္ကသူ႕အေနာက္သို႔ပါမလာခဲ့ေခ်။
ေရွာင္က်န့္ : "....."
ငါတစ္ခုခုမ်ားေမ့က်န္ခဲ့တာလား.....
အမွန္တကယ္ပင္ေရွာင္က်န့္ကလဲ့ခ်င္းယန္ကိုေမ့က်န္ခဲ့သည္။
ေရွာင္က်န့္ရဲ႕က်င့္ႀကံဆင့္ကလြန္စြာျမင့္မားၿပီးသူသာအလိုရွိရင္ေလဟာနယ္ကိုအသာေလးျဖတ္ေက်ာ္ၿပီးဘယ္ေနရာမဆိုသြားလာနိုင္သည္။
သူကသူ႕ရဲ႕သြားလာမႈအရွိန္ႏႈန္းကိုအလြန့္၊အလြန္ေလ်ာ့ခ်ထားပါေသာ္လည္းဒီအျမန္ႏႈန္းမွာလဲ့ခ်င္းယန္လိုက္နိုင္သည့္ႏႈန္းမ်ိဳးမဟုတ္ေတာ့ေပ။
ေရွာင္က်န့္ရဲ႕'စကားမေျပာရ'တားျမစ္ခ်က္ေၾကာင့္လဲ့ခ်င္းယန္မွာသူအေနာက္မွာက်န္ခဲ့ေၾကာင္းမေျပာနိုင္ခဲ့ေခ်။ဒီလိုနဲ႕သနားစရာဇာတ္လိုက္ေလးမွာသူ႕'အေဖ'၏ေမ့က်န္ခဲ့ျခင္းကိုရက္ရက္စက္စက္ခံစားလိုက္ရေလသည္။
__________________________________________________________________
ျပဇာတ္တို။
ဇာတ္လိုက္လဲ့ခ်င္းယန္ : "ငါ့အေဖကငါ့ကိုေမ့က်န္ခဲ့တယ္....ဝူး...ဝူး...."
ေရွာင္က်န့္ : "သနားစရာေဖ့သားေလး....မင္းဘာလို႔အေဖ့ကိုလွမ္းမေခၚလိုက္တာလဲ"
ဇာတ္လိုက္လဲ့ခ်င္းယန္ : "အေဖပဲတစ္ေန႕လုံးပါးစပ္ပိတ္ထားရမယ္ဆို"
ေရွာင္က်န့္ : "....."
**********************************************************