system 091

By TeeKo0

1.1M 121K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(4.19)End....

7.3K 792 39
By TeeKo0

Unicode

ဇိုင်းခန့်မှန်းမိသွားသည့်အကြောင်းအရင်းမှာလည်းမကောင်းဆိုးဝါးနေထိုင်ရာပတ်ဝန်းကျင်၌ပိုမိုနီးကပ်လာတာနဲ့အမျှများပြားလာသောမကောင်းဆိုးဝါးအငွေ့အသက်တွေကြောင့်ဖြစ်သည်။

ဇိုင်းအတွက်၎င်းကိုမြင်ရုံနှင့်တင်အခြေအနေတွေကိုခန့်မှန်းနိုင်ဖို့ရန်ခက်ခဲခြင်းမရှိပေ။

"အရမ်းကောင်းတယ်.....မင်းသိတာအရမ်းများနေရင်သေမှာမကြောက်ဘူးလား"

မကောင်းဆိုးဝါးကသူ့ရဲ့သွေးနီရောင်မျက်လုံးအိမ်ကြီးဖြင့်ရှောင်ကျန့်ကိုကြောက်မက်ဖွယ်ကောင်းစွာစိုက်ကြည့်ရင်းပြောသည်။

ရှောင်ကျန့်ကမည်သည့်အမူအရာမှမပြပေမယ့်ဇိုင်းရဲ့ချောမောတဲ့မျက်နှာမှာလွန်စွာတင်းမာသွားသည်။

သူ့အသည်းလေးကိုသူ့အရှေ့မှာဒီလိုပြောရဲတာနည်းတဲ့သတ္တိတော့မဟုတ်ဘူး......

မကောင်းဆိုးဝါးကသူမည်သည့်အရာအားသွားဆွမိလိုက်မှန်းမသိခဲ့ချေ။

ချက်ချင်းပင်မူလကလင်းထင်းနေသောဆေးရုံခန်းအတွင်း၌အလင်းပြောက်လေးတစ်ခုတောင်ရှာမတွေ့နိုင်လောက်သည်အထိမှောင်မဲသွားသည်။

ပွင့်ဟနေသောပြတင်းပေါက်တွေနဲ့တံခါးမှာအရှိန်ပြင်းစွာဝုန်းကနဲစောင့်ပိတ်သွားသည်။

ချင်းထန်၏မိခင်ဖြစ်သူမှာကြုံခဲ့ရသည့်အဖြစ်အပျက်တွေကြောင့်ကြောင်အမ်းအမ်းဖြစ်နေသည်။

မည်းနက်နေသည့်အမှောင်ထုထဲ၌အရာအားလုံးကိုပိုင်စိုးနိုင်သည့်မကောင်းဆိုးဝါးဝိဥာဥ်မှာဦးစွာဖြင့်စိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်နေသည့်အမျိုးသမီးကြီးအားစတင်တိုက်ခိုက်လာသည်။

သူ့ရဲ့လျို့ဝှက်ချက်တွေပေါ်ကုန်မှတော့သိုသိုသိပ်သိပ်လှုပ်ရှားနေစရာမလိုတော့ပေ။

သို့ပေမယ့်ချင်းထန်မိခင်၏ဝမ်းဗိုက်ထဲသို့မကောင်းဆိုးဝါးရဲ့လက်သည်းဖောက်ထွက်သွားတော့မည့်အချိန်၌သွယ်လျကြီးမားသည့်လက်ကြီးတစ်ဖက်ဟာမကောင်းဆိုးဝါးရဲ့လက်ကောက်ဝတ်ကိုလာရောက်ဆုပ်ကိုင်၍တားဆီးလာ၏။

အင်အားကြီးမားလှပါသည်ဟုဆိုသောဒီကမ္ဘာရဲ့မကောင်းဆိုးဝါးကြီးမှာထိုလက်တစ်ဖက်၏အားကြောင့်လှုပ်ရှားနိုင်ခြင်းမရှိတော့ချေ။

ဘာ.....ဘာကြီးလဲ....

"မင်းခုနကဘာပြောလိုက်တာလဲ...."

နက်မှောင်သည့်အမှောင်ထုထဲ၌ရှင်းရှင်းလင်းလင်းမြင်နိုင်သည့်မကောင်းဆိုးဝါးဟာဩရှရှအသံနဲ့အတူအရပ်မြင့်မြင့်ဖြင့်ဇိုင်းကသူ့လက်ကိုကျိုးကြေမတတ်ဆုပ်ကိုင်ထားကြောင်းမြင်လိုက်ရသည်။

"ဟမ်..."

ဇိုင်း၏ဆုပ်ကိုင်ထားမှုမှာတင်းကြပ်သထက်တင်းကြပ်လာပြီးသူ့မျက်လုံးအတွင်ရှိမုန်တိုင်းမှာကြမ်းတမ်းခက်ထန်နေသည်။

မကောင်းဆိုးဝါး၏နားထဲတွင်အရိုးကျိုးသံတောင်ကြားလိုက်သလိုခံစားလိုက်ရသည်။

"အပြစ်ဒဏ်ကြောင့်ဖမ်းချုပ်ခံထားရတဲ့သေမင်းဟောင်း"

ဇိုင်းရဲ့ထိုစကားကိုကြားသည့်အခါတွင်မကောင်းဆိုးဝါး၏မျက်နှာမှာလုံးဝပျက်ယွင်းသွားခဲ့သည်။

"မင်း!!!!မင်းဘယ်သူလဲ"

ဇိုင်း၏ချောမောသောမျက်နှာသေကြီးမှာလှောင်ပြုံးတစ်ခုပေါ်ပေါက်လာပြီးမကောင်းဆိုးဝါးကိုလက်ကောက်ဝတ်ကနေပေါ့ပါးစွာကိုင်မြှောက်လိုက်၍အခန်းနံရံသို့ပြစ်ပေါက်လိုက်သည်။

ဝုန်း!!!

ပြင်းထန်သည့်အားအရှိန်ကြောင့်အခန်းနံရံမှာတုန်ရီပြီးပြိုကျတော့မလိုဖြစ်ပျက်သွားပေမယ့်ထူးဆန်းစွာဖြင့်သူ့ဘာသာသူပြန်လည်တည်ငြိမ်သွားသည်မှာခြစ်ရာလေးတစ်ခုတောင်မထင်ခဲ့ပေ။

မကောင်းဆိုးဝါးကသူ့ရဲ့အနီရောင်သွေးကြောတွေဖောင်းထနေသောမျက်နှာအားကြမ်းပြင်ထက်တွင်လဲကျနေရာကနေခေါင်းထောင်၍ဖော်ပြလာသည်။

"မင်းလည်းသေမင်းတစ်ယောက်ပဲလား"

မကောင်းဆိုးဝါး၏မေးခွန်းကိုဇိုင်းကလှောင်ပြောင်သည့်ဟန်ပန်ဖြင့်ဟက်ကနဲတစ်ချက်ရယ်သည်။သို့ပေမယ့်သူ့မျက်လုံးတွေကလုံးဝပြုံးမနေခဲ့ချေ။

ဘာအကြောင်းကြောင့်မှန်းမသိပါပဲမကောင်းဆိုးဝါးမှာဇိုင်းရဲ့အမူအရာမဲ့တဲ့ချောမောသောမျက်နှာအားကြည့်ရင်းအလွန့်အလွန်အန္တရာယ်များမှုကြီးအားခံစားကျောရိုးတစ်ခုလုံးစိမ့်နေအောင်ခံစားနေရသည်။

"ငရဲပြည်ကထိန်းချုပ်ခံမကောင်းဆိုးဝါးတွေကိုလွှတ်ပေးပြီးလက်အောက်ခံအဖြစ်ခိုင်းစေတယ်.....လူပေါင်းများစွာရဲ့ဝိဥာဥ်ကိုစုပ်ယူစားသုံးပြီးလူသားတွေရဲ့ကြောက်မက်စရာအိပ်မက်ဆိုးဖြစ်စေခဲ့တယ်.....အဲ့ဒီနောက်ငရဲပြည်ကရာထူးကြီးသေမင်းတွေစုပေါင်းပြီးရှေးဟောင်းဂူသခင်္ျိုင်းတစ်ခုမှာချုပ်နှောင်ထားခဲ့ကြတယ်...."

ဇိုင်းရဲ့စကားတစ်ခွန်းဆီတိုင်းကမကောင်းဆိုးဝါးရဲ့မျက်နှာကိုထိန်းချုပ်မရနိုင်အောင်ပျက်ယွင်းသထက်ပျက်ယွင်းလာစေသည်။

သို့ပေမယ့်မကောင်းဆိုးဝါးမှာသူ့ရဲ့ကြောက်လန့်သွားမှုကိုကြိုးစားထိန်းချုပ်၍ထိတ်လန့်စရာအသံဖြင့်ဂရုမထားသည့်ဟန်ဖြင့်ဆိုလာ၏။

"မင်းငါ့အကြောင်းသိနေလည်းဘာမှထူးခြားမလာဘူး.....မင်းသေမင်းဖြစ်နေရင်တောင်အတူတူပဲ"

ဇိုင်းကဘာမှဆိုမလာပေ။သူ့အတွက်ဒီမကောင်းဆိုးဝါးကပြဿနာမဟုတ်ပေ။

ဒါပေမယ့်သူကဒီမကောင်းဆိုးဝါးကိုသူ့အချစ်လေးအားပြောခဲ့သည့်စကားစုကြောင့်ပိုမိုခံစားစေချင်သည်။

မကောင်းဆိုးဝါးကဇိုင်းရဲ့စိတ်ကူးကိုသတိမထားမိချေ။ဇိုင်းရဲ့အကြည့်အောက်မှာတင်မကောင်းဆိုးဝါး၏ခန္ဓာကိုယ်တစ်ခုလုံးရဲ့အကြောတွေမှာမူလပုံစံနှင့်ကွဲလွဲလာခဲ့သည်။

သူ့ရဲ့လက်နှင့်ခြေလေးဘက်မှာပင့်ကူလက်တွေကဲ့သို့ရှည်ထွက်လာပြီးခန္ဓာကိုယ်တစ်လျောက်နီရဲရဲအကြောတွေအားလုံးဖောင်းတတ်လာသည်။

သူ့ရဲ့သွေးနီရောင်မျက်အိမ်ထဲကနေအနီရောင်သွေးပြစ်ပြစ်တွေတားဆီးမရအောင်ကိုစီးကျလာ၏။

ထို့နောက်မကောင်းဆိုးဝါး၏ခန္ဓာကိုယ်မှာဖြတ်ကနဲပျောက်ကွယ်သွားပြီးနေရာအနှံကလက်တံရှည်ကဲ့သို့သောမမြင်ရတဲ့အခိုးအငွေ့တွေမှာဖြောင့်မတ်စွာမတ်တပ်ရပ်နေသည့်ဇိုင်းထံသို့ဦးတည်တိုက်ခိုက်လာသည်။

သို့သော်ဇိုင်းအနားရောက်သည်နှင့်ထိုအရာအားလုံးမှာသမုဒ္ဒရာကြီးတစ်ခုနဲ့ထိပ်တိုက်တွေ့ဆုံလိုက်ရတဲ့မီးတောက်ငယ်လေးတစ်ခုကဲ့သို့အငွေ့တောင်မထွက်နိုင်ပဲပျောက်ကွယ်သွားသည်။

ဇိုင်းရဲ့လက်မှာလှုပ်ရှားသွားပြီးနောက်တွင်ဝုန်းကနဲအသံတစ်ခုထွက်ပေါ်လာကာပျောက်ကွယ်သွားသည့်မကောင်းဆိုးဝါးဝိဥာဥ်ဟာမည်သည့်နေရာမှထွက်ပေါ်လာမှန်းမသိပါပဲနံရံနှင့်ပြင်းထန်သောအဟုန်ဖြင့်ခန္ဓာကိုယ်တစ်ခုလုံးဝင်ရိုက်ခြင်းခံထားရသည်။

"မင်း!!!!!"

"ဇိုင်း...."

ရှောင်ကျန့်ရဲ့အသံသေးသေးလေးကဇိုင်း၏အနောက်တွင်ထွက်ပေါ်လာသည်။ရှောင်ကျန့်ကဇိုင်းနဲ့မကောင်းဆိုးဝါးရဲ့လှုပ်ရှားမှုအားလုံးနဲ့စကားတွေကိုတစ်လုံးမကျန်ကြားမြင်လိုက်ရသည်။

ရှောင်ကျန့်ရဲ့အသံလေးကြောင့်ဇိုင်းရဲ့မျက်နှာသေကြီးမှာချက်ချင်းပျော့ပြောင်းနူးညံ့သွားသည်ကိုမကောင်းဆိုးဝါးကထင်ထင်ရှားရှားမြင်တွေ့လိုက်ရသည်။

ဒါကတကယ်အံ့ဩဖို့ကောင်းတာပဲ......

"အန်တီ.....သတိလစ်သွားပြီ"

ရှောင်ကျန့်ကချင်းထန်၏မိခင်အားထိန်းကိုင်ပေးထားပြီးသူ့ရဲ့ချစ်စရာမျက်နှာသေးသေးလေးထက်တွင်စိုးရိမ်မှုတွေပြည့်လျှံနေ၏။

ဇိုင်းရဲ့မိခင်၏မျက်နှာ၌အနက်ရောင်သွေးကြောတွေဖောင်းကြွလာသည်အားအရှင်းသားမြင်နေရသည်။ဒီအခန်းတစ်ခုလုံး၏အမှောင်ကျသွားမှုမှာဇိုင်းနဲ့ရှောင်ကျန့်အပေါ်အလုပ်မဖြစ်သော်လည်းသာမန်လူတစ်ယောက်ဖြစ်တဲ့ချင်းထန်ရဲ့မိခင်ဟာတော့အသက်အန္တရာယ်ရှိစေနိုင်သည်။

လူတစ်ယောက်၏အသက်ကြောင့်သာမဟုတ်ရင်ရှောင်ကျန့်ကဇိုင်းကိုဝင်ရောက်နှောင့်ယှက်မည်မဟုတ်ပေ။

မကောင်းဆိုးဝါးကဇိုင်းသူ့အပေါ်အာရုံစိုက်ခြင်းမရှိတော့သည်ကိုအခွင့်ကောင်းယူ၍ချင်းထန်၏ခန္ဓာကိုယ်အလွတ်ကြီးကိုပြစ်ကာထွက်ပြေးလွတ်မြောက်သွားခဲ့သည်။မကောင်းဆိုးဝါးထွက်သွားသည်နှင့်အခန်းတွင်း၌ပြန်လည်လင်းထိန်လာပြီးအဆုံးမဲ့အမှောင်ထုကြီးကချက်ချင်းပျောက်ကွယ်သွားသည်။

"မကောင်းဆိုးဝါးက....."

"သူမလွတ်ပါဘူး....."

ဇိုင်းကပုခုံးလေးတွန့်ပြကာထူးခြားသည့်အပြုံးတစ်ခုကိုရှောင်ကျန့်အားပြုံးပြလာသည်။

"အန်တီ့ကိုဘယ်လိုကယ်ကြမလဲ.....သူမကိုကြည့်ရတာပုံမှန်မဟုတ်တော့ဘူး..."

ရှောင်ကျန့်ကအတော်လေးစိုးရိမ်နေသည်။ဇိုင်းကဘာမှမပြောပါပဲခပ်ဖွဖွလေးသာပြုံးကာတစ်ကိုယ်လုံးရှိသွေးကြောတွေဖောင်းကြွလာသောအန်တီကြီး၏ခန္ဓာကိုယ်အတွင်းရှိဆိုးယုတ်တဲ့အနက်ရောင်အငွေ့တွေကိုဆွဲထုတ်လိုက်သည်။

ဆိုးယုတ်လှသောအနက်ရောင်အငွေ့တွေမှာဇိုင်းရဲ့လက်ဖဝါးထက်တွင်ထိန်းချုပ်ခံထားရသကဲ့သို့တစ်တိတိဖြင့်ရုန်းကန်နေသည်။ချင်းထန်မိခင်ရဲ့မျက်နှာနှင့်အသားအရည်မှာပြန်လည်ကောင်းမွန်လာသည်။

ရှောင်ကျန့်ကသက်ပြင်းလေးချလိုက်ရင်းဇိုင်းကိုမေးခွန်းထုတ်လိုသည့်အကြည့်လေးဖြင့်စိုက်ကြည့်လိုက်သည်။

"ကိုယ့်ကိုဒီလိုမကြည့်ပါနဲ့.....ကိုယ့်နှလုံးသားလေးယားစိယားစိဖြစ်လာပြီ...."

************

တစ်ဖက်တွင်ယင်းမီ,ကိုမာဝင်နေရာအထူးအခန်းထဲ၌ပိုင်မင်တို့အုပ်စုမှာငုတ်တုတ်လေးထိုင်နေကြသည်။

ယင်းမီ၏အမေနဲ့အဒေါ်ကဒီကလေးတစ်အုပ်အားရုတ်တရတ်ကြီးရောက်ရှိလာမှုကြောင့်နားမလည်နိုင်ဖြစ်နေပေမယ့်မောင်းတော့မထုတ်ကြချေ။

အခန်းတွင်၌တိတ်ဆိတ်ငြိမ်သက်နေသည်။

လူအများကြီးရှိနေပေမယ့်မည်သူကမှစကားစခြင်းမရှိသလိုကျောက်ရုပ်ကြီးတစ်ရုပ်ကဲ့သို့သာထိုင်နေခဲ့ကြသည်။လူတိုင်းကကိုယ့်အာရုံနှင့်ကိုယ်ဖြစ်နေတာကြောင့်အခန်းတွင်းရှိထူးဆန်းလာသည့်တစ်စုံတစ်ခုကိုသတိမထားမိလိုက်ပေ။

ယင်းမီ၏အဒေါ်ကပိုင်မင်တို့အုပ်စုအားကြည့်ရင်းမျက်မှောင်တစ်ချက်ကြုတ်လိုက်ကာဆေးရုံကုတင်ထက်သို့အမှတ်မထင်အကြည့်ရောက်သွားသည်။

"ယင်းမီလေးဘယ်ရောက်သွားတာလဲ"

သူမရဲ့အလန့်တကြားအသံကြောင့်လူတိုင်းရဲ့အကြည့်မှာဆေးရုံကုတင်ထက်သို့ကျရောက်သွားသည်။ထိုနေရာတွင်ကိုမာဝင်နေသည့်ယင်းမီမှာအကြောင်းအရင်းမရှိပျောက်ဆုံးနေပြီးကုတင်အလွတ်ကြီးသာရှိနေခဲ့သည်။

ပိုင်မင်တို့ဟာလည်းအံ့ဩထိတ်လန့်သွားကာအခန်းအနှံ့ပျောက်ဆုံးနေသူယင်းမီကိုလိုက်လံရှာဖွေကြသည်။

ရုတ်တရက်လင်းထင်းနေသည့်နေရောင်မှာညရောက်သကဲ့သို့မှောင်မည်းလာ၏။

"ဘာဖြစ်သွားတာလဲ"

"နေကြတ်သွားတာများလား"

လူတိုင်းတစ်ယောက်တစ်ပေါက်ဖြင့်စိတ်မတည်မငြိမ်ဖြစ်နေသည်။ပတ်ဝန်းကျင်မှာမှောင်သွားသည်ဟုဆိုသော်လည်းတစ်ယောက်ကိုတစ်ယောက်တော့အသာလေးမြင်တွေ့နိုင်နေသေးသည်။

မသိရင်သရဲကားထဲကသရဲခြောက်သည့်အခန်းကြီးနှင့်တောင်နင်လား၊ငါလားတူနေပြန်သည်။မည်သည်အတွက်ကြောင့်မှန်းမသိပေမယ့်အကုန်လုံးကြက်သီးတွေထနေသည်အားထိန်းချုပ်မရပေ။

ပိုင်မင်၊ချင်ဖေးဖေး၊ဝေဝေ၊ဝေထန်စီနှင့်အက်ဒမ်တို့ကအချင်းချင်းပူးကပ်နေရင်းတစ်ယောက်လက်တစ်ယောက်တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကြသည်။

ယင်းမီ၏အမေနဲ့အဒေါ်ဟာတော့မည်သည့်အရာကိုမှနားမလည်သေးပေ။ယင်းမီ,ကိုမာဖြစ်ရသည့်အကြောင်းအရင်းမှာလည်းမတော်တဆဖြစ်ရပ်ဟုသာသိထားကြသည်လေ။

ယင်းမီ၏အဒေါ်ဟာပျောက်ဆုံးသွားတဲ့တူမဖြစ်သူအားအမှောင်ထဲမှာလိုက်လံရှာဖွေနေရင်းသူမရဲ့လက်ခုံပေါ်သို့ရေတစ်စက်ကမျက်နှာကျက်မှတစ်ဆင့်ကျဆင်းလာ၏။

သူမကသိပ်ပြီးဂရုစိုက်မနေချေ။

သို့ပေမယ့်ထိုစီးကပ်ကပ်ရေစက်တွေမှာခဏခဏသူမခေါင်းပေါ်၊ဒါမှမဟုတ်လက်ခုံတွေပေါ်သို့ကျဆင်းလာတတ်သည်။

ယင်းမီရဲ့အဒေါ်ဟာမျက်မှောင်ကြုတ်ရင်းမျက်နှာကျက်ပေါ်သို့မော့ကြည့်လိုက်မိသည်။

မျက်နှာကျက်ပေါ်တွင်သူမတို့အသည်းအသန်ရှာဖွေနေသည့်ယင်းမီမှာအိမ်မြောင်တစ်ကောင်ကဲ့သို့ဇောက်ထိုကြီးတွယ်ကပ်ထားပြီးဆံပင်ရှည်တွေမှာဖားလျားကျနေလျက်အနက်ရောင်ဗြောင်မျက်ဆံအိမ်ကြီးဖြင့်ပြူးကျယ်စွာစိုက်ကြည့်နေသည်။

စီးကပ်ကပ်ရေစက်တွေဆိုသည်မှာယင်းမီပါးစပ်ထောင်ကစီးကျလာသောသရေတွေဖြစ်နေ၏။

"အားးးးးးးးးးးး"

ယင်းမီး၏အဒေါ်အကြောက်လွန်ကာမျက်လုံးေတွပြူးကျယ်သွားပြီးအာခေါင်ခြစ်၍ထအော်သည်။

'ယင်းမီ'သည်မျက်နှာကျက်ပေါ်ကနေသူမ၏အဒေါ်ပေါ်သို့တစ်ထွာလောက်ကျယ်သည့်ပါးစပ်ကြီးအားဖြဲ၍ကိုက်သတ်တော့မည့်ဟန်ဖြင့်ခုန်ဆင်းလာသည်။

ပုတ်ဟောင်နေသည့်ကြီးမားသောပါးစပ်ကြီးကိုကြည့်ပြီးယင်းမီရဲ့အဒေါ်မှာခြေထောက်တွေပျော့ခွေကာပြေးဖို့ရန်မေ့လျော့နေ၏။

ကံကောင်းစွာဖြင့်အနားတွင်ရှိနေတဲ့ဝေဝေဟာယင်းမီရဲ့အဒေါ်ကိုအဝေးသို့တွန်းထုတ်လိုက်နိုင်သည်။

ယင်းမီရဲ့အဒေါ်မှာဘေးဘက်သို့အတွန်းခံလိုက်ရပြီးကြမ်းပြင်ထက်ပြုတ်ကျသွားပေမယ့်သေတော့မည့်ဘေးကနေသီသီလေးလွတ်မြောက်သွားခြင်းဖြစ်သည်ကိုသူမကိုယ်တိုင်မနည်းနားလည်အောင်ကြိုးစားလိုက်ရသည်။

ယင်းမီရဲ့အမေကတော့မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ပြောင်းလဲနေတဲ့သူမသမီးဖြစ်သူအားမယုံကြည်နိုင်သောမျက်လုံးတွေနဲ့တောင့်ခဲ၍စိုက်ကြည့်နေမိသည်။

ဒါ.....ဒါသူမသမီးမဟုတ်ဘူး.....

'ယင်းမီ'ရဲ့အနက်ရောင်ဗြောင်မျက်အိမ်ကြီးကတောင့်ခဲနေသည့်ယင်းမီ၏အမေအားစိုက်ကြည့်၍ခုန်အုပ်လာသည်။

သို့ပေမယ့်မူလအဖြစ်အပျက်တွေကနေအတွေ့အကြုံရှိလာပြီဖြစ်တဲ့ချင်ဖေးဖေးကအနီးအနားရှိထိုခုံကိုအားဖြင့်ဆွဲယူ၍ယင်းမီ၏အမေကိုခုန်အုပ်လာသည့်ကြောက်မက်ဖွယ်ရာ'ယင်းမီ'ကိုအားကုန်ရိုက်ချလိုက်သည်။

'ယင်းမီ'ကိုအနည်းငယ်တုန့်ဆိုင်းစွာလုပ်လိုက်နိုင်သည့်အခါတွင်ချင်ဖေးဖေးကယင်းမီ၏အမေကိုဆွဲခေါ်၍ပိတ်ထားသည့်တံခါးဆီသို့ပြေးလေတော့သည်။

ဝေဝေကတော့ကြမ်းပြင်၌လဲကျနေသည့်ယင်းမီရဲ့အဒေါ်ကိုဆွဲထူ၍သူမတို့သူငယ်ချင်းအုပ်စုစီမနည်းဆွဲခေါ်လာခဲ့ရသည်။

"ဘာ.....ဘာတွေဖြစ်ကုန်တာလဲ.....ယင်း...ယင်းမီလေးကဘာလို့အဲ့ဒီပုံစံကြီးဖြစ်သွားရတာလည်း"

ယင်းမီရဲ့အဒေါ်ကဝေဝေရဲ့လက်ကောက်ဝတ်အားအတင်းအကြပ်ဆုပ်ကိုင်လာ၍သွေးပျက်နေသည့်မျက်နှာဖြင့်မေးလာသည်။ဝေဝေကအတင်းအကြပ်ဆုပ်ကိုင်ခြင်းခံထားရတာကြောင့်အတော်လေးနာကျင်နေပေမယ့်ဘာပြောရမှန်းလည်းတကယ်မသိပေ။

"အဒေါ့်တူမအကြောင်းနောက်မှရှင်းပြပေးပါ့မယ်.....အခုလောလောဆည်ဒီနေရာကလွတ်ဖို့အတွက်စဥ်းစားထားသင့်တယ်"

ယင်းမီရဲ့အဒေါ်ကဘာမှဆက်မပြောတော့ပေမယ့်သူမမျက်လုံးထဲရှိခြောက်ခြားမှုတွေကိုတော့ဖုံးကွယ်မရပေ။

ချင်ဖေးဖေကယင်းမီရဲ့အမေကိုဆွဲခေါ်ပြီးအခန်းတံခါးကိုဖွင့်သည်။ဒါပေမယ့်တံခါးမှာတင်းတင်းကြပ်ကြပ်စေ့ပိတ်ခြင်းခံထားရပြီးဘယ်လိုတွန်းဖွင့်ဖွင့်ပွင့်ဟလာခြင်းမရှိချေ။

ချင်ဖေး​ဖေးမှာ၎င်းကိုမျှော်လင့်ထားပြီးသားဖြစ်ပေမယ့်ပါးစပ်ကနေထုတ်ဆဲချင်လာသည်အားမထိန်းထားနိုင်သည်အထိဖြစ်လာ၏။

"fuck!!!ချီးလိုတံခါး....."

ထိုအချိန်၌သူမဆီသို့ထပ်မံခုန်အုပ်လာသည့်'ယင်းမီ'ကြောင့်ကြောင်အ,နေသေးသည့်အန်တီကြီးကိုဆွဲခေါ်၍တံခါးနားကနေခုန်ရှောင်လိုက်သည်။

ဒုန်း!!!!

ရုတ်တရက်မူလကဘယ်လောက်ဖွင့်ဖွင့်ပွင့်မလာတဲ့တံခါးကြီးမှာတစ်စုံတစ်ယောက်ရဲ့ကန်ဖွင့်ခြင်းကိုခံလိုက်ရပြီးတံခါးမှာပြုတ်ထွက်သွားကာခုန်ဝင်လာသည့်'ယင်းမီ'အားဝင်စောင့်ကာလွင့်ထွက်သွားစေသည်။

အကုန်လုံး၏ပါးစပ်အဟောင်းသားဖြင့်အကြည့်အောက်တွင်ဩရှရှနှင့်ယောက်ျားတစ်ယောက်၏အသံမှာတစ်စုံတစ်ယောက်အားတောင်းပန်သည့်ဟန်လေးဖြင့်ထွက်ပေါ်လာသည်။

"ကိုယ်တောင်းပန်ပါတယ်.....တံခါးကဒီလောက်ထိစုတ်ပဲ့နေမှန်းကိုယ်မထင်ထားလို့ပါ"

လူတိုင်း : "....."

မင်းညီမတံခါးပဲစုတ်ပဲ့.....

ထို့နောက်လူတိုင်းကတံခါးအပြင်ဘက်ရှိလူပုံရိပ်နှစ်ခုကိုထင်ထင်ရှားရှားမြင်တွေ့လိုက်ရသည်။

အရပ်ပိုမြင့်သည့်တစ်ယောက်မှာဇိုင်းဖြစ်ပြီးကျန်တစ်ယောက်ကတော့ချစ်စဖွယ်ဆူပုတ်ပုတ်မျက်နှာလေးနှင့်ရှောင်ကျန့်သာဖြစ်သည်။

"ခင်ဗျားတို့အဆင်ပြေကြရဲ့လား"

ရှောင်ကျန့်ရဲ့စိုးရိမ်တကြီးစကားလေးကိုလူတိုင်းကခေါင်းလေးငြှိမ့်ပြရုံသာတတ်နိုင်ကြသည်။

ေရှာင်ကျန့်ကစိတ်သက်သာရသွားသည့်ဟန်ဖြင့်သက်ပြင်းလေးအသာချပြီးနောက်တွင်လူမြင်မကောင်းအောင်ကို့ယို့ကားယားလဲကျနေသည့်'ယင်းမီ'အားသတိထားမိသွားသည်။

ရှောင်ကျန့် : "....."

တကယ်အဆင်ပြေတာရောဟုတ်ရဲ့လားဟင်......

ရှောင်ကျန့်ကသူ့ခေါင်းလေးကိုတစ်ချက်မျှကုတ်လိုက်ပြီးနောက်တွင်ဇိုင်းကိုလုပ်စရာရှိတာဆက်လုပ်ဖို့ရန်မေးလေးတစ်ချက်ဆတ်ပြလိုက်သည်။

ဇိုင်းကခပ်ဖွဖွပြုံး၍သူ့လက်ချောင်းရှည်တွေကိုဖြန့်လိုက်သည့်အခါတွင်ရုန်းကန်နေသောအနက်ရောင်အခိုးအငွေ့တွေမှာတစ်နေရာဆီသို့ဦးတည်ပြသလာသည်။

၎င်းမှာဝေထန်စီဖြစ်ပြီးဝေထန်စီ့ခမျာလည်းထိုအဖြစ်အပျက်ကြောင့်လန့်ဖြန့်သွားသည်။တစ်ခြားသူတွေရဲ့သံသယဝင်သည့်အကြည့်ကိုမြင်သည့်အခါတွင်ဝေထန်စီကလက်တကာကာဖြင့်ကြောက်လန့်စွာရှင်းပြလာသည်။

"ငါ....ငါမဟုတ်ဘူးနော်"

"ဝေထန်စီမဟုတ်တာကျွန်တော်သိပါတယ်"

ရှောင်ကျန့်ကအားနာသည့်မျက်နှာလေးဖြင့်ဆိုလာ၍ဇိုင်းကိုဆက်လုပ်ရန်အချက်ပြလိုက်သည်။

ဒီကမ္ဘာရဲ့စည်းမျဥ်းတွေကြောင့်big bossမကောင်းဆိုးဝါးကြီးကိုသူမနိုင်နိုင်မှတော့သူ့ချစ်သူကိုပဲအားကိုးလိုက်ပါတော့မယ်လေ။

ဇိုင်းကရှောင်ကျန့်ရဲ့အားကိုးလိုတဲ့အပြုအမူတွေကိုမငြင်းဆန်ပေ။

သူကကျေတောင်ကျေနပ်နေသေးသည်။

ဇိုင်းကသူ့လက်ထဲရှိဆိုးယုတ်တဲ့အနက်ရောင်အခိုးအငွေ့တွေကိုတစ်စစီချေမွပြစ်လိုက်သည်။

အော်သံနက်ကြီးတစ်ခုကဝေထန်စီရဲ့အကင်္ျီအိတ်ကပ်အတွင်း၌နားကန်းလုမတတ်ကျယ်လောင်စွာထွက်ပေါ်လာသည်။

ဝေထန်စီမှာလန့်ဖြန့်သွားပြီးသူ့အကင်္ျီအိတ်ထဲကသုံးပြီးသားဖြစ်တဲ့အဆောင်စာရွက်လေးကိုဆွဲထုတ်ကာအဝေးသို့လွှင့်ပစ်လိုက်မိသည်။

"အိုး.....ကျွန်တော်ပြောဖို့မေ့နေတာ.....ကျွန်တော်ပေးထားတဲ့ကံကောင်းခြင်းအဆောင်စာရွက်လေးကသုံးပြီးပြီဆိုရင်ကံကောင်းစေတဲ့အရာအားလုံးကုန်ခမ်းသွားတယ်.....ဆန့်ကျင်ဘက်ရလဒ်အနေနဲ့မကောင်းဆိုးဝါးတွေအလွယ်တကူပုန်းအောင်းလို့ရနိုင်တဲ့နိဗ္ဗာန်ဘုံကြီးဖြစ်သွားလိမ့်မယ်....."

ရှောင်ကျန့်ရဲ့အိုတိုးအမ်းတမ်းစကားလေးကြောင့်တစ်ဖက်ရှိပိုင်မင်ကြက်သီးတွေထလာ၍သူသိမ်းထားတဲ့အဆောင်စာရွက်ဟောင်းလေးကိုကမန်းကတမ်းဆွဲယူလွှင့်ပစ်လိုက်ပြန်သည်။

ဇိုင်းကတော့ထွက်ပြေးဖို့ဟန်ပြင်နေတဲ့မကောင်းဆိုးဝါးကိုထူးဆန်းသည့်အနက်ရောင်စာအုပ်တစ်အုပ်ထဲဆွဲယူ၍ထည့်ပိတ်ထားလိုက်၏။

ဒီလိုနဲ့ပဲဖိုင်နယ်ဘော့စ်ကြီးကအဆုံးသတ်သွားတယ်ပေါ့လေ.....ဘာမှလဲသူ့အတွက်သိပ်ခက်ခက်ခဲခဲမခံစားလိုက်ရပါလား.....

"အဲ့ဒါဘာစာအုပ်လည်း...."

ရှောင်ကျန့်ကသိလိုစိတ်ဖြင့်ပြည့်နှက်နေသည့်မျက်လုံးလေးတွေနဲ့ကြည့်ကာမေးလာသည်။

ရှောင်ကျန့်ဇိုင်းဆီမှာဒီလိုစာအုပ်မျိုးတစ်ခါမှမတွေ့ခဲ့ဖူးပေ။

"သေခြင်းnoteစာအုပ်လေ.....အရာအားလုံးရဲ့သေခြင်းရှင်ခြင်းကိုဆုံးဖြတ်ပေးလို့ရတယ်.....မကောင်းတဲ့ဝိဥာဥ်ဆိုးတွေကိုချုပ်နှောင်တဲ့နေရာမှာလည်းအသုံးပြုနိုင်တယ်"

"Wow....."

ဇိုင်းကရှောင်ကျန့်ရဲ့အနက်ရောင်မျက်လုံးဝိုင်းလေးတွေကိုချစ်မြတ်နိုးစွာစိုက်ကြည့်ရင်းသဘောကျစွာပြုံးလာသည်။

"ဒါ....ဒါနဲ့လေ....စိတ်မရှိပါနဲ့....ဒါကိုဘယ်လိုလုပ်ကြမလဲဟင်"

ပိုင်မင၏စကားကြောင့်ရှောင်ကျန့်နဲ့ဇိုင်းတို့ရဲ့အကြည့်မှာကို့ယို့ကားယားလဲကျနေသည့်'ယင်းမီ'ထံသို့ကျရောက်သွားသည်။

ဇိုင်းကတစ်ချက်သာစောင်းငဲ့ကြည့်၍လေထုတစ်နေရာအားစိုက်ကြည့်ကာဆိုလာသည်။

"ဆက်ပုန်းမနေနဲ့တော့"

လူတိုင်းကနောက်ထပ်မကောင်းဆိုးဝါးတစ်ကောင်များရောက်လာတာလားဟုစဥ်းစားမိသွားတာကြောင့်ကြောက်လန့်သွားကြသည်။

သို့ပေမယ့်လေဟာနယ်မှာလှုပ်ရှားသွားပြီးနောက်တစ်ကိုယ်လုံးအနက်ရောင်အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားသည့်ချောမောကာအရပ်မြင့်မြင့်ဖြင့်လူတစ်ယောက်ဟာရုတ်တရက်ကြီးထွက်ပေါ်လာသည်။

ထိုချောမောသည့်'လူ'ကဇိုင်းကိုတွေ့သည့်အခါတွင်တုန်ရီသွားကြောင်းလူတိုင်းသတိထားမိလိုက်ကြသည်။

"အရှင်...."

ထိုချောမောသည့်လူမှာဇိုင်းကိုအတော်လေးကြောက်လန့်လေးစားသည့်ဟန်ရှိသည်။

"သူကဘယ်သူလဲ"

"ဒီကိစ္စကိုတာဝန်ကျတဲ့သေမင်း"

ဇိုင်း၏ပေါ့ပေါ့တန်တန်စကားကိုကြားသည့်အခါတွင်လူတိုင်းပင့်သက်ရှိုက်သံမှာကကျယ်လောင်စွာထွက်ပေါ်လာသည်။

သေမင်း!!!!!

လာနောက်နေကြတာလား.....

ဒါကဒဏ္ဍာရီလာသေမင်းကြီးတဲ့.....

ဒါဆိုသေမင်းကိုယ်တိုင်ကအရှင်လို့ကြောက်ကြောက်လန့်လန့်ခေါ်နေရတဲ့ဒီလူကိုယ်တိုင်ကရော......

ဘုရားရေ.....ဆက်တောင်မတွေးရဲတော့ဘူး....

လူတိုင်း၏မျက်နှာမှာမတွေ့သင့်၊မကြားသင့်သည့်တစ်စုံတစ်ရာအားမြင်ကြားနေရသကဲ့သို့ဖြူဖျော့ထိတ်လန့်နေ၏။

"ဒီကကိစ္စအားလုံးကိုအဆင်ပြေအောင်ကိုင်တွယ်လိုက်.....ငါကတော့ဟန်းနီးမွန်းထွက်တော့မယ်"

သနားစရာသေမင်း : "....."

လူတိုင်း : "....."

ရှောင်ကျန့် : "ဟမ်...ဟမ်.......ဘာရယ်!!"

ရှောင်ကျန့်ကပါးစပ်အဟောင်းသားဖြင့်ဇိုင်းကိုစိုက်ကြည့်လိုက်မိသည်။

"ကိုယ်မင်းရဲ့ကိစ္စတွေမှာကူညီပေးထားတယ်လေ.....ကျေးဇူးဆပ်တဲ့အနေနဲ့ကိုယ်တို့မင်္ဂလာဆောင်ပြီးရင်ဟန်းနီးမွန်းခရီးထွက်ကြရအောင်...."

"ဒါပေမယ့်.....ကျွန်တော်လည်းဘာမှမသိခဲ့ရပါလား.....ပြီးတော့ကျွန်တော်ကကျောင်းတစ်ဖက်ကြီးနဲ့"

"အဆင်ပြေပါတယ်....ကျောင်းအတွက်လည်းစိတ်မပူနဲ့.....ကိုယ်အားလုံးစီစဥ်ပြီးသွားပြီ"

ဇိုင်းကပြုံးရွှင်စွာဖြင့်အားလုံးအရှေ့မှာတင်ရှောင်ကျန့်အားကောက်ပွေ့လိုက်ကာထိုနေရာမှထွက်ခွာသွားသည်။

အရာအားလုံးကမတိုင်မီအချိန်တွေကလိုပြန်လည်အေးချမ်းသွားသည်။

ဇိုင်းရဲ့ပြောပြချက်အရဆိုရင်သေခြင်းnoteထဲတွင်ဇာတ်လိုက်ချင်းထန်နဲ့ယင်းမီမှာသေဆုံးပြီးသွားပြီဖြစ်ကာပိုင်မင်၊ချင်ဖေးဖေး၊ဝေထန်စီ၊အက်ဒမ်နှင့်ဝေဝေတို့ဟာလည်းသေဆုံးရမည့်စာရင်းထဲပါဝင်လေသည်။

သို့ပေမယ့်ရှောင်ကျန့်ရဲ့ပြောင်းလဲမှုကအတော်လေးခလောက်ဆန်သွားစေသည်။ထို့အပြင်ရှောင်ကျန့်ရဲ့ပြင်းပြသောတောင်းဆိုမှုအရပျောက်ကွယ်လုနီးပါးဖြစ်နေသောဇာတ်လိုက်ချင်းထန်ရဲ့ဝိဥာဥ်ကိုပြန်လည်အားဖြည့်ပေးခဲ့ကာသူ့ခန္ဓာကိုယ်ထဲပြန်လည်ဝင်ရောက်စေခဲ့သည်။

ဇာတ်လိုက်ရဲ့သက်တမ်းမှာလည်းတိုးပွားလာပြီးနှစ်လလောက်ဆေးရုံမှာအနားယူလိုက်ရပေမယ့်အတော်လေးအဆင်ပြေသွား၏။

ဇာတ်လိုက်မယင်းမီနဲ့ပတ်သပ်ရင်တော့ကံကောင်းသည်ဟုဆိုနိုင်သလိုကံဆိုးသည်ဟုလဲဆိုနိုင်သည်။မကောင်းဆိုးဝါးဝိဥာဥ်ကြောင့်သူမရဲ့ဝိဥာဥ်မှာအတော်လေးထိခိုက်ပျက်စီးသွားပေမယ့်ခန္ဓာကိုယ်ထဲပြန်ဝင်နိုင်ဖို့ရန်အဆင်ပြေသေးသည်။သို့ပေမယ့်သူမရဲ့ဝိဥာဥ်အစိတ်အပိုင်းတစ်ချို့မှာမကောင်းဆိုးဝါးရဲ့ဝါးမျိုမှုကြောင့်သိပ်မပြည့်စုံတော့ပေ။

ဒီ့အတွက်သူမဟာငါးနှစ်တိတိကိုမာဝင်သွားခဲ့သည်။

ပိုင်မင်တို့ငါးယောက်နှင့်ယင်းမီ၏အမေနဲ့အဒေါ်၊ချင်းထန်ရဲ့မိခင်ဟာတော့ဇိုင်းနဲ့ပတ်သပ်ပြီးထူးခြားသည့်ကိစ္စရပ်တွေနဲ့အတူသေမင်းတွေနှင့်ပတ်သပ်၍မှတ်ဥာဏ်အဖျက်ခံလိုက်ရသည်။

သို့ပေမယ့်မကောင်းဆိုးဝါးနှင့်ပတ်သပ်သည့်အရာများအားလုံးကိုတော့တစ်သက်လုံးမမေ့ပျောက်နိုင်လောက်အောင်မှတ်မိနေကြသေးသည်။

"ရန်ဖန်း...."

"အင်း....ဘာဖြစ်လို့လဲ"

ဇိုင်းကပင်လယ်ပြင်ကြည့်နေသည့်ရှောင်ကျန့်ရဲ့ပါးပြင်ကိုသူ့နှာတံနစ်ဝင်သွားသည်အထိနမ်းရှုံလိုက်သည်။

"ကိုယ်တို့နောက်နှစ်နွေရာသီတွေမှာလည်းတစ်ခြားနိုင်ငံတွေမှာလျှောက်လည်ကြရအောင်...."

"ကျွန်တော်ကျောင်းပြီးရင်စဥ်းစားပေးမယ်"

ဇိုင်းကသူ့ရင်ခွင်ထဲမှီထားသည့်ရှောင်ကျန့်ရဲ့နဖူးလေးကိုထပ်မံနမ်းသည်။

"ရန်ဖန်း......"

ရှောင်ကျန့်မှာသူ့နားတွေအူသွားသည်ဟုထင်ရလောက်သည်အထိကျယ်လောင်တဲ့အသံမှာသူတို့အနောက်ကနေထွက်ပေါ်လာ၏။

ဇိုင်းရဲ့မျက်နှာမှာထိုအသံကြားသည်နှင့်ထိန်းမရတော့လောက်အောင်ကိုမဲမှောင်သွားသည်။

ရှောင်ကျန့်ကအူကြောင်ကြောင်လေးဖြင့်ဇိုင်းရဲ့ရင်ခွင်ထဲကနေခေါင်းလေးထုတ်ပြီးအနောက်ကိုလှမ်းကြည့်သည်။

ပိုင်မင်၊ချင်းထန်၊ဝေထန်စီ၊အက်ဒမ်၊ချင်ဖေးဖေးနဲ့ဝေဝေတို့၊အားလုံးပေါင်းခြောက်ယောက်တိတိမှာခရီးဆောင်အိတ်ကိုယ်စီဖြင့်ရှောင်ကျန့်ကိုပျော်ရွှင်စွာလက်လှမ်းပြနေကြသည်။

ရှောင်ကျန့် : "....."

ဒီကောင်တွေဘယ်ကနေဘယ်လိုရောက်လာကြပြန်တာလဲ......

ရှောင်ကျန့်မျက်နှာရှိမေးခွန်းကိုနားလည်ဟန်ဖြင့်ပိုင်မင်ကသူ့မျက်မှန်ကိုပင့်ကာတစ်ဟဲဟဲရယ်သည်။

"မင်းတို့အပျော်ခရီးထွက်သွားတယ်ကြားလို့.....အစ်ကိုရွှယ်လုံကလမ်းညွှန်ပေးလိုက်တာ"

အစ်ကိုရွှယ်လုံဆိုသည့်မှာဇိုင်းရဲ့အတွင်းရေးမှုးတစ်ဖြစ်လဲသေမင်းတစ်ပါးလည်းဖြစ်သည်။

အတွင်းရေးမှုးဆိုသည်မှာလည်းအမည်ခံသာဖြစ်၍ကားမောင်း၊ထမင်းချက်၊အဝတ်လျှော်၊အိမ်သန့်ရှင်းရေး၊စသည်ဖြင့်တောက်တိုမယ်ရအကုန်လုပ်ပေးရသူလည်းဖြစ်သည်။

ယခုလည်းပိုင်မင်တို့အုပ်စုရဲ့နားပူနားဆာလုပ်မှုကိုနားညီးလာ၍ဖြစ်ချင်ရာဖြစ်ဆိုကာရှောင်ကျန့်နဲ့ဇိုင်းအပန်းဖြေရာနေရာအားလမ်းညွှန်ပြလိုက်သည့်ဟန်ရသည်။

ဇိုင်းကအံတင်းတင်းတစ်ချက်လောက်ကြိတ်လိုက်သည်။

ဒီအုပ်စုကဒီလောက်ထိအနှောင့်အယှက်ပေးတတ်မှန်းသာသိရင်အစတည်းကမကယ်ခဲ့ပါဘူး......

________________________________________________________________

Zawgyi

ဇိုင္းခန့္မွန္းမိသြားသည့္အေၾကာင္းအရင္းမွာလည္းမေကာင္းဆိုးဝါးေနထိုင္ရာပတ္ဝန္းက်င္၌ပိုမိုနီးကပ္လာတာနဲ႕အမွ်မ်ားျပားလာေသာမေကာင္းဆိုးဝါးအေငြ႕အသက္ေတြေၾကာင့္ျဖစ္သည္။

ဇိုင္းအတြက္၎ကိုျမင္႐ုံႏွင့္တင္အေျခအေနေတြကိုခန့္မွန္းနိုင္ဖို႔ရန္ခက္ခဲျခင္းမရွိေပ။

"အရမ္းေကာင္းတယ္.....မင္းသိတာအရမ္းမ်ားေနရင္ေသမွာမေၾကာက္ဘူးလား"

မေကာင္းဆိုးဝါးကသူ႕ရဲ႕ေသြးနီေရာင္မ်က္လုံးအိမ္ႀကီးျဖင့္ေရွာင္က်န့္ကိုေၾကာက္မက္ဖြယ္ေကာင္းစြာစိုက္ၾကည့္ရင္းေျပာသည္။

ေရွာင္က်န့္ကမည္သည့္အမူအရာမွမျပေပမယ့္ဇိုင္းရဲ႕ေခ်ာေမာတဲ့မ်က္ႏွာမွာလြန္စြာတင္းမာသြားသည္။

သူ႕အသည္းေလးကိုသူ႕အေရွ႕မွာဒီလိုေျပာရဲတာနည္းတဲ့သတၱိေတာ့မဟုတ္ဘူး......

မေကာင္းဆိုးဝါးကသူမည္သည့္အရာအားသြားဆြမိလိုက္မွန္းမသိခဲ့ေခ်။

ခ်က္ခ်င္းပင္မူလကလင္းထင္းေနေသာေဆး႐ုံခန္းအတြင္း၌အလင္းေျပာက္ေလးတစ္ခုေတာင္ရွာမေတြ႕နိုင္ေလာက္သည္အထိေမွာင္မဲသြားသည္။

ပြင့္ဟေနေသာျပတင္းေပါက္ေတြနဲ႕တံခါးမွာအရွိန္ျပင္းစြာဝုန္းကနဲေစာင့္ပိတ္သြားသည္။

ခ်င္းထန္၏မိခင္ျဖစ္သူမွာႀကဳံခဲ့ရသည့္အျဖစ္အပ်က္ေတြေၾကာင့္ေၾကာင္အမ္းအမ္းျဖစ္ေနသည္။

မည္းနက္ေနသည့္အေမွာင္ထုထဲ၌အရာအားလုံးကိုပိုင္စိုးနိုင္သည့္မေကာင္းဆိုးဝါးဝိဥာဥ္မွာဦးစြာျဖင့္စိတ္နဲ႕ကိုယ္နဲ႕မကပ္ျဖစ္ေနသည့္အမ်ိဳးသမီးႀကီးအားစတင္တိုက္ခိုက္လာသည္။

သူ႕ရဲ႕လ်ိဳ႕ဝွက္ခ်က္ေတြေပၚကုန္မွေတာ့သိုသိုသိပ္သိပ္လႈပ္ရွားေနစရာမလိုေတာ့ေပ။

သို႔ေပမယ့္ခ်င္းထန္မိခင္၏ဝမ္းဗိုက္ထဲသို႔မေကာင္းဆိုးဝါးရဲ႕လက္သည္းေဖာက္ထြက္သြားေတာ့မည့္အခ်ိန္၌သြယ္လ်ႀကီးမားသည့္လက္ႀကီးတစ္ဖက္ဟာမေကာင္းဆိုးဝါးရဲ႕လက္ေကာက္ဝတ္ကိုလာေရာက္ဆုပ္ကိုင္၍တားဆီးလာ၏။

အင္အားႀကီးမားလွပါသည္ဟုဆိုေသာဒီကမၻာရဲ႕မေကာင္းဆိုးဝါးႀကီးမွာထိုလက္တစ္ဖက္၏အားေၾကာင့္လႈပ္ရွားနိုင္ျခင္းမရွိေတာ့ေခ်။

ဘာ.....ဘာႀကီးလဲ....

"မင္းခုနကဘာေျပာလိုက္တာလဲ...."

နက္ေမွာင္သည့္အေမွာင္ထုထဲ၌ရွင္းရွင္းလင္းလင္းျမင္နိုင္သည့္မေကာင္းဆိုးဝါးဟာဩရွရွအသံနဲ႕အတူအရပ္ျမင့္ျမင့္ျဖင့္ဇိုင္းကသူ႕လက္ကိုက်ိဳးေၾကမတတ္ဆုပ္ကိုင္ထားေၾကာင္းျမင္လိုက္ရသည္။

"ဟမ္..."

ဇိုင္း၏ဆုပ္ကိုင္ထားမႈမွာတင္းၾကပ္သထက္တင္းၾကပ္လာၿပီးသူ႕မ်က္လုံးအတြင္ရွိမုန္တိုင္းမွာၾကမ္းတမ္းခက္ထန္ေနသည္။

မေကာင္းဆိုးဝါး၏နားထဲတြင္အရိုးက်ိဳးသံေတာင္ၾကားလိုက္သလိုခံစားလိုက္ရသည္။

"အျပစ္ဒဏ္ေၾကာင့္ဖမ္းခ်ဳပ္ခံထားရတဲ့ေသမင္းေဟာင္း"

ဇိုင္းရဲ႕ထိုစကားကိုၾကားသည့္အခါတြင္မေကာင္းဆိုးဝါး၏မ်က္ႏွာမွာလုံးဝပ်က္ယြင္းသြားခဲ့သည္။

"မင္း!!!!မင္းဘယ္သူလဲ"

ဇိုင္း၏ေခ်ာေမာေသာမ်က္ႏွာေသႀကီးမွာေလွာင္ၿပဳံးတစ္ခုေပၚေပါက္လာၿပီးမေကာင္းဆိုးဝါးကိုလက္ေကာက္ဝတ္ကေနေပါ့ပါးစြာကိုင္ျမႇောက္လိုက္၍အခန္းနံရံသို႔ျပစ္ေပါက္လိုက္သည္။

ဝုန္း!!!

ျပင္းထန္သည့္အားအရွိန္ေၾကာင့္အခန္းနံရံမွာတုန္ရီၿပီးၿပိဳက်ေတာ့မလိုျဖစ္ပ်က္သြားေပမယ့္ထူးဆန္းစြာျဖင့္သူ႕ဘာသာသူျပန္လည္တည္ၿငိမ္သြားသည္မွာျခစ္ရာေလးတစ္ခုေတာင္မထင္ခဲ့ေပ။

မေကာင္းဆိုးဝါးကသူ႕ရဲ႕အနီေရာင္ေသြးေၾကာေတြေဖာင္းထေနေသာမ်က္ႏွာအားၾကမ္းျပင္ထက္တြင္လဲက်ေနရာကေနေခါင္းေထာင္၍ေဖာ္ျပလာသည္။

"မင္းလည္းေသမင္းတစ္ေယာက္ပဲလား"

မေကာင္းဆိုးဝါး၏ေမးခြန္းကိုဇိုင္းကေလွာင္ေျပာင္သည့္ဟန္ပန္ျဖင့္ဟက္ကနဲတစ္ခ်က္ရယ္သည္။သို႔ေပမယ့္သူ႕မ်က္လုံးေတြကလုံးဝၿပဳံးမေနခဲ့ေခ်။

ဘာအေၾကာင္းေၾကာင့္မွန္းမသိပါပဲမေကာင္းဆိုးဝါးမွာဇိုင္းရဲ႕အမူအရာမဲ့တဲ့ေခ်ာေမာေသာမ်က္ႏွာအားၾကည့္ရင္းအလြန့္အလြန္အႏၱရာယ္မ်ားမႈႀကီးအားခံစားေက်ာရိုးတစ္ခုလုံးစိမ့္ေနေအာင္ခံစားေနရသည္။

"ငရဲျပည္ကထိန္းခ်ဳပ္ခံမေကာင္းဆိုးဝါးေတြကိုလႊတ္ေပးၿပီးလက္ေအာက္ခံအျဖစ္ခိုင္းေစတယ္.....လူေပါင္းမ်ားစြာရဲ႕ဝိဥာဥ္ကိုစုပ္ယူစားသုံးၿပီးလူသားေတြရဲ႕ေၾကာက္မက္စရာအိပ္မက္ဆိုးျဖစ္ေစခဲ့တယ္.....အဲ့ဒီနောက်ငရဲပြည်ကရာထူးကြီးသေမင်းတွေစုပေါင်းပြီးရှေးဟောင်းဂူသခင်္ျိုင်းတစ်ခုမှာချုပ်နှောင်ထားခဲ့ကြတယ်...."

ဇိုင္းရဲ႕စကားတစ္ခြန္းဆီတိုင္းကမေကာင္းဆိုးဝါးရဲ႕မ်က္ႏွာကိုထိန္းခ်ဳပ္မရနိုင္ေအာင္ပ်က္ယြင္းသထက္ပ်က္ယြင္းလာေစသည္။

သို႔ေပမယ့္မေကာင္းဆိုးဝါးမွာသူ႕ရဲ႕ေၾကာက္လန့္သြားမႈကိုႀကိဳးစားထိန္းခ်ဳပ္၍ထိတ္လန့္စရာအသံျဖင့္ဂ႐ုမထားသည့္ဟန္ျဖင့္ဆိုလာ၏။

"မင္းငါ့အေၾကာင္းသိေနလည္းဘာမွထူးျခားမလာဘူး.....မင္းေသမင္းျဖစ္ေနရင္ေတာင္အတူတူပဲ"

ဇိုင္းကဘာမွဆိုမလာေပ။သူ႕အတြက္ဒီမေကာင္းဆိုးဝါးကျပႆနာမဟုတ္ေပ။

ဒါေပမယ့္သူကဒီမေကာင္းဆိုးဝါးကိုသူ႕အခ်စ္ေလးအားေျပာခဲ့သည့္စကားစုေၾကာင့္ပိုမိုခံစားေစခ်င္သည္။

မေကာင္းဆိုးဝါးကဇိုင္းရဲ႕စိတ္ကူးကိုသတိမထားမိေခ်။ဇိုင္းရဲ႕အၾကည့္ေအာက္မွာတင္မေကာင္းဆိုးဝါး၏ခႏၶာကိုယ္တစ္ခုလုံးရဲ႕အေၾကာေတြမွာမူလပုံစံႏွင့္ကြဲလြဲလာခဲ့သည္။

သူ႕ရဲ႕လက္ႏွင့္ေျခေလးဘက္မွာပင့္ကူလက္ေတြကဲ့သို႔ရွည္ထြက္လာၿပီးခႏၶာကိုယ္တစ္ေလ်ာက္နီရဲရဲအေၾကာေတြအားလုံးေဖာင္းတတ္လာသည္။

သူ႕ရဲ႕ေသြးနီေရာင္မ်က္အိမ္ထဲကေနအနီေရာင္ေသြးျပစ္ျပစ္ေတြတားဆီးမရေအာင္ကိုစီးက်လာ၏။

ထို႔ေနာက္မေကာင္းဆိုးဝါး၏ခႏၶာကိုယ္မွာျဖတ္ကနဲေပ်ာက္ကြယ္သြားၿပီးေနရာအႏွံကလက္တံရွည္ကဲ့သို႔ေသာမျမင္ရတဲ့အခိုးအေငြ႕ေတြမွာေျဖာင့္မတ္စြာမတ္တပ္ရပ္ေနသည့္ဇိုင္းထံသို႔ဦးတည္တိုက္ခိုက္လာသည္။

သို႔ေသာ္ဇိုင္းအနားေရာက္သည္ႏွင့္ထိုအရာအားလုံးမွာသမုဒၵရာႀကီးတစ္ခုနဲ႕ထိပ္တိုက္ေတြ႕ဆုံလိုက္ရတဲ့မီးေတာက္ငယ္ေလးတစ္ခုကဲ့သို႔အေငြ႕ေတာင္မထြက္နိုင္ပဲေပ်ာက္ကြယ္သြားသည္။

ဇိုင္းရဲ႕လက္မွာလႈပ္ရွားသြားၿပီးေနာက္တြင္ဝုန္းကနဲအသံတစ္ခုထြက္ေပၚလာကာေပ်ာက္ကြယ္သြားသည့္မေကာင္းဆိုးဝါးဝိဥာဥ္ဟာမည္သည့္ေနရာမွထြက္ေပၚလာမွန္းမသိပါပဲနံရံႏွင့္ျပင္းထန္ေသာအဟုန္ျဖင့္ခႏၶာကိုယ္တစ္ခုလုံးဝင္ရိုက္ျခင္းခံထားရသည္။

"မင္း!!!!!"

"ဇိုင္း...."

ေရွာင္က်န့္ရဲ႕အသံေသးေသးေလးကဇိုင္း၏အေနာက္တြင္ထြက္ေပၚလာသည္။ေရွာင္က်န့္ကဇိုင္းနဲ႕မေကာင္းဆိုးဝါးရဲ႕လႈပ္ရွားမႈအားလုံးနဲ႕စကားေတြကိုတစ္လုံးမက်န္ၾကားျမင္လိုက္ရသည္။

ေရွာင္က်န့္ရဲ႕အသံေလးေၾကာင့္ဇိုင္းရဲ႕မ်က္ႏွာေသႀကီးမွာခ်က္ခ်င္းေပ်ာ့ေျပာင္းႏူးညံ့သြားသည္ကိုမေကာင္းဆိုးဝါးကထင္ထင္ရွားရွားျမင္ေတြ႕လိုက္ရသည္။

ဒါကတကယ္အံ့ဩဖို႔ေကာင္းတာပဲ......

"အန္တီ.....သတိလစ္သြားၿပီ"

ေရွာင္က်န့္ကခ်င္းထန္၏မိခင္အားထိန္းကိုင္ေပးထားၿပီးသူ႕ရဲ႕ခ်စ္စရာမ်က္ႏွာေသးေသးေလးထက္တြင္စိုးရိမ္မႈေတြျပည့္လွ်ံေန၏။

ဇိုင္းရဲ႕မိခင္၏မ်က္ႏွာ၌အနက္ေရာင္ေသြးေၾကာေတြေဖာင္းႂကြလာသည္အားအရွင္းသားျမင္ေနရသည္။ဒီအခန္းတစ္ခုလုံး၏အေမွာင္က်သြားမႈမွာဇိုင္းနဲ႕ေရွာင္က်န့္အေပၚအလုပ္မျဖစ္ေသာ္လည္းသာမန္လူတစ္ေယာက္ျဖစ္တဲ့ခ်င္းထန္ရဲ႕မိခင္ဟာေတာ့အသက္အႏၱရာယ္ရွိေစနိုင္သည္။

လူတစ္ေယာက္၏အသက္ေၾကာင့္သာမဟုတ္ရင္ေရွာင္က်န့္ကဇိုင္းကိုဝင္ေရာက္ႏွောင့္ယွက္မည္မဟုတ္ေပ။

မေကာင္းဆိုးဝါးကဇိုင္းသူ႕အေပၚအာ႐ုံစိုက္ျခင္းမရွိေတာ့သည္ကိုအခြင့္ေကာင္းယူ၍ခ်င္းထန္၏ခႏၶာကိုယ္အလြတ္ႀကီးကိုျပစ္ကာထြက္ေျပးလြတ္ေျမာက္သြားခဲ့သည္။မေကာင္းဆိုးဝါးထြက္သြားသည္ႏွင့္အခန္းတြင္း၌ျပန္လည္လင္းထိန္လာၿပီးအဆုံးမဲ့အေမွာင္ထုႀကီးကခ်က္ခ်င္းေပ်ာက္ကြယ္သြားသည္။

"မေကာင္းဆိုးဝါးက....."

"သူမလြတ္ပါဘူး....."

ဇိုင္းကပုခုံးေလးတြန့္ျပကာထူးျခားသည့္အၿပဳံးတစ္ခုကိုေရွာင္က်န့္အားၿပဳံးျပလာသည္။

"အန္တီ့ကိုဘယ္လိုကယ္ၾကမလဲ.....သူမကိုၾကည့္ရတာပုံမွန္မဟုတ္ေတာ့ဘူး..."

ေရွာင္က်န့္ကအေတာ္ေလးစိုးရိမ္ေနသည္။ဇိုင္းကဘာမွမေျပာပါပဲခပ္ဖြဖြေလးသာၿပဳံးကာတစ္ကိုယ္လုံးရွိေသြးေၾကာေတြေဖာင္းႂကြလာေသာအန္တီႀကီး၏ခႏၶာကိုယ္အတြင္းရွိဆိုးယုတ္တဲ့အနက္ေရာင္အေငြ႕ေတြကိုဆြဲထုတ္လိုက္သည္။

ဆိုးယုတ္လွေသာအနက္ေရာင္အေငြ႕ေတြမွာဇိုင္းရဲ႕လက္ဖဝါးထက္တြင္ထိန္းခ်ဳပ္ခံထားရသကဲ့သို႔တစ္တိတိျဖင့္႐ုန္းကန္ေနသည္။ခ်င္းထန္မိခင္ရဲ႕မ်က္ႏွာႏွင့္အသားအရည္မွာျပန္လည္ေကာင္းမြန္လာသည္။

ေရွာင္က်န့္ကသက္ျပင္းေလးခ်လိဳက္ရင္းဇိုင္းကိုေမးခြန္းထုတ္လိုသည့္အၾကည့္ေလးျဖင့္စိုက္ၾကည့္လိုက္သည္။

"ကိုယ့္ကိုဒီလိုမၾကည့္ပါနဲ႕.....ကိုယ့္ႏွလုံးသားေလးယားစိယားစိျဖစ္လာၿပီ...."

************

တစ္ဖက္တြင္ယင္းမီ,ကိုမာဝင္ေနရာအထူးအခန္းထဲ၌ပိုင္မင္တို႔အုပ္စုမွာငုတ္တုတ္ေလးထိုင္ေနၾကသည္။

ယင္းမီ၏အေမနဲ႕အေဒၚကဒီကေလးတစ္အုပ္အား႐ုတ္တရတ္ႀကီးေရာက္ရွိလာမႈေၾကာင့္နားမလည္နိုင္ျဖစ္ေနေပမယ့္ေမာင္းေတာ့မထုတ္ၾကေခ်။

အခန္းတြင္၌တိတ္ဆိတ္ၿငိမ္သက္ေနသည္။

လူအမ်ားႀကီးရွိေနေပမယ့္မည္သူကမွစကားစျခင္းမရွိသလိုေက်ာက္႐ုပ္ႀကီးတစ္႐ုပ္ကဲ့သို႔သာထိုင္ေနခဲ့ၾကသည္။လူတိုင္းကကိုယ့္အာ႐ုံႏွင့္ကိုယ္ျဖစ္ေနတာေၾကာင့္အခန္းတြင္းရွိထူးဆန္းလာသည့္တစ္စုံတစ္ခုကိုသတိမထားမိလိုက္ေပ။

ယင္းမီ၏အေဒၚကပိုင္မင္တို႔အုပ္စုအားၾကည့္ရင္းမ်က္ေမွာင္တစ္ခ်က္ၾကဳတ္လိုက္ကာေဆး႐ုံကုတင္ထက္သို႔အမွတ္မထင္အၾကည့္ေရာက္သြားသည္။

"ယင္းမီေလးဘယ္ေရာက္သြားတာလဲ"

သူမရဲ႕အလန့္တၾကားအသံေၾကာင့္လူတိုင္းရဲ႕အၾကည့္မွာေဆး႐ုံကုတင္ထက္သို႔က်ေရာက္သြားသည္။ထိုေနရာတြင္ကိုမာဝင္ေနသည့္ယင္းမီမွာအေၾကာင္းအရင္းမရွိေပ်ာက္ဆုံးေနၿပီးကုတင္အလြတ္ႀကီးသာရွိေနခဲ့သည္။

ပိုင္မင္တို႔ဟာလည္းအံ့ဩထိတ္လန့္သြားကာအခန္းအႏွံ႕ေပ်ာက္ဆုံးေနသူယင္းမီကိုလိုက္လံရွာေဖြၾကသည္။

႐ုတ္တရက္လင္းထင္းေနသည့္ေနေရာင္မွာညေရာက္သကဲ့သို႔ေမွာင္မည္းလာ၏။

"ဘာျဖစ္သြားတာလဲ"

"ေနၾကတ္သြားတာမ်ားလား"

လူတိုင္းတစ္ေယာက္တစ္ေပါက္ျဖင့္စိတ္မတည္မၿငိမ္ျဖစ္ေနသည္။ပတ္ဝန္းက်င္မွာေမွာင္သြားသည္ဟုဆိုေသာ္လည္းတစ္ေယာက္ကိုတစ္ေယာက္ေတာ့အသာေလးျမင္ေတြ႕နိုင္ေနေသးသည္။

မသိရင္သရဲကားထဲကသရဲေျခာက္သည့္အခန္းႀကီးႏွင့္ေတာင္နင္လား၊ငါလားတူေနျပန္သည္။မည္သည္အတြက္ေၾကာင့္မွန္းမသိေပမယ့္အကုန္လုံးၾကက္သီးေတြထေနသည္အားထိန္းခ်ဳပ္မရေပ။

ပိုင္မင္၊ခ်င္ေဖးေဖး၊ေဝေဝ၊ေဝထန္စီႏွင့္အက္ဒမ္တို႔ကအခ်င္းခ်င္းပူးကပ္ေနရင္းတစ္ေယာက္လက္တစ္ေယာက္တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားၾကသည္။

ယင္းမီ၏အေမနဲ႕အေဒၚဟာေတာ့မည္သည့္အရာကိုမွနားမလည္ေသးေပ။ယင္းမီ,ကိုမာျဖစ္ရသည့္အေၾကာင္းအရင္းမွာလည္းမေတာ္တဆျဖစ္ရပ္ဟုသာသိထားၾကသည္ေလ။

ယင္းမီ၏အေဒၚဟာေပ်ာက္ဆုံးသြားတဲ့တူမျဖစ္သူအားအေမွာင္ထဲမွာလိုက္လံရွာေဖြေနရင္းသူမရဲ႕လက္ခုံေပၚသို႔ေရတစ္စက္ကမ်က္ႏွာက်က္မွတစ္ဆင့္က်ဆင္းလာ၏။

သူမကသိပ္ၿပီးဂ႐ုစိုက္မေနေခ်။

သို႔ေပမယ့္ထိုစီးကပ္ကပ္ေရစက္ေတြမွာခဏခဏသူမေခါင္းေပၚ၊ဒါမွမဟုတ္လက္ခုံေတြေပၚသို႔က်ဆင္းလာတတ္သည္။

ယင္းမီရဲ႕အေဒၚဟာမ်က္ေမွာင္ၾကဳတ္ရင္းမ်က္ႏွာက်က္ေပၚသို႔ေမာ့ၾကည့္လိုက္မိသည္။

မ်က္ႏွာက်က္ေပၚတြင္သူမတို႔အသည္းအသန္ရွာေဖြေနသည့္ယင္းမီမွာအိမ္ေျမာင္တစ္ေကာင္ကဲ့သို႔ေဇာက္ထိုႀကီးတြယ္ကပ္ထားၿပီးဆံပင္ရွည္ေတြမွာဖားလ်ားက်ေနလ်က္အနက္ေရာင္ေျဗာင္မ်က္ဆံအိမ္ႀကီးျဖင့္ျပဴးက်ယ္စြာစိုက္ၾကည့္ေနသည္။

စီးကပ္ကပ္ေရစက္ေတြဆိုသည္မွာယင္းမီပါးစပ္ေထာင္ကစီးက်လာေသာသေရေတြျဖစ္ေန၏။

"အားးးးးးးးးးးး"

ယင်းမီး၏အဒေါ်အကြောက်လွန်ကာမျက်လုံးေတွပြူးကျယ်သွားပြီးအာခေါင်ခြစ်၍ထအော်သည်။

'ယင္းမီ'သည္မ်က္ႏွာက်က္ေပၚကေနသူမ၏အေဒၚေပၚသို႔တစ္ထြာေလာက္က်ယ္သည့္ပါးစပ္ႀကီးအားၿဖဲ၍ကိုက္သတ္ေတာ့မည့္ဟန္ျဖင့္ခုန္ဆင္းလာသည္။

ပုတ္ေဟာင္ေနသည့္ႀကီးမားေသာပါးစပ္ႀကီးကိုၾကည့္ၿပီးယင္းမီရဲ႕အေဒၚမွာေျခေထာက္ေတြေပ်ာ့ေခြကာေျပးဖို႔ရန္ေမ့ေလ်ာ့ေန၏။

ကံေကာင္းစြာျဖင့္အနားတြင္ရွိေနတဲ့ေဝေဝဟာယင္းမီရဲ႕အေဒၚကိုအေဝးသို႔တြန္းထုတ္လိုက္နိုင္သည္။

ယင္းမီရဲ႕အေဒၚမွာေဘးဘက္သို႔အတြန္းခံလိုက္ရၿပီးၾကမ္းျပင္ထက္ျပဳတ္က်သြားေပမယ့္ေသေတာ့မည့္ေဘးကေနသီသီေလးလြတ္ေျမာက္သြားျခင္းျဖစ္သည္ကိုသူမကိုယ္တိုင္မနည္းနားလည္ေအာင္ႀကိဳးစားလိုက္ရသည္။

ယင္းမီရဲ႕အေမကေတာ့မေကာင္းဆိုးဝါးတစ္ေကာင္ကဲ့သို႔ေျပာင္းလဲေနတဲ့သူမသမီးျဖစ္သူအားမယုံၾကည္နိုင္ေသာမ်က္လုံးေတြနဲ႕ေတာင့္ခဲ၍စိုက္ၾကည့္ေနမိသည္။

ဒါ.....ဒါသူမသမီးမဟုတ္ဘူး.....

'ယင္းမီ'ရဲ႕အနက္ေရာင္ေျဗာင္မ်က္အိမ္ႀကီးကေတာင့္ခဲေနသည့္ယင္းမီ၏အေမအားစိုက္ၾကည့္၍ခုန္အုပ္လာသည္။

သို႔ေပမယ့္မူလအျဖစ္အပ်က္ေတြကေနအေတြ႕အႀကဳံရွိလာၿပီျဖစ္တဲ့ခ်င္ေဖးေဖးကအနီးအနားရွိထိုခုံကိုအားျဖင့္ဆြဲယူ၍ယင္းမီ၏အေမကိုခုန္အုပ္လာသည့္ေၾကာက္မက္ဖြယ္ရာ'ယင္းမီ'ကိုအားကုန္ရိုက္ခ်လိဳက္သည္။

'ယင္းမီ'ကိုအနည္းငယ္တုန့္ဆိုင္းစြာလုပ္လိုက္နိုင္သည့္အခါတြင္ခ်င္ေဖးေဖးကယင္းမီ၏အေမကိုဆြဲေခၚ၍ပိတ္ထားသည့္တံခါးဆီသို႔ေျပးေလေတာ့သည္။

ေဝေဝကေတာ့ၾကမ္းျပင္၌လဲက်ေနသည့္ယင္းမီရဲ႕အေဒၚကိုဆြဲထူ၍သူမတို႔သူငယ္ခ်င္းအုပ္စုစီမနည္းဆြဲေခၚလာခဲ့ရသည္။

"ဘာ.....ဘာေတြျဖစ္ကုန္တာလဲ.....ယင္း...ယင္းမီေလးကဘာလို႔အဲ့ဒီပုံစံႀကီးျဖစ္သြားရတာလည္း"

ယင္းမီရဲ႕အေဒၚကေဝေဝရဲ႕လက္ေကာက္ဝတ္အားအတင္းအၾကပ္ဆုပ္ကိုင္လာ၍ေသြးပ်က္ေနသည့္မ်က္ႏွာျဖင့္ေမးလာသည္။ေဝေဝကအတင္းအၾကပ္ဆုပ္ကိုင္ျခင္းခံထားရတာေၾကာင့္အေတာ္ေလးနာက်င္ေနေပမယ့္ဘာေျပာရမွန္းလည္းတကယ္မသိေပ။

"အေဒၚ့တူမအေၾကာင္းေနာက္မွရွင္းျပေပးပါ့မယ္.....အခုေလာေလာဆည္ဒီေနရာကလြတ္ဖို႔အတြက္စဥ္းစားထားသင့္တယ္"

ယင္းမီရဲ႕အေဒၚကဘာမွဆက္မေျပာေတာ့ေပမယ့္သူမမ်က္လုံးထဲရွိေျခာက္ျခားမႈေတြကိုေတာ့ဖုံးကြယ္မရေပ။

ခ်င္ေဖးေဖကယင္းမီရဲ႕အေမကိုဆြဲေခၚၿပီးအခန္းတံခါးကိုဖြင့္သည္။ဒါေပမယ့္တံခါးမွာတင္းတင္းၾကပ္ၾကပ္ေစ့ပိတ္ျခင္းခံထားရၿပီးဘယ္လိုတြန္းဖြင့္ဖြင့္ပြင့္ဟလာျခင္းမရွိေခ်။

ခ်င္ေဖးေဖးမွာ၎ကိုေမွ်ာ္လင့္ထားၿပီးသားျဖစ္ေပမယ့္ပါးစပ္ကေနထုတ္ဆဲခ်င္လာသည္အားမထိန္းထားနိုင္သည္အထိျဖစ္လာ၏။

"fuck!!!ခ်ီးလိုတံခါး....."

ထိုအခ်ိန္၌သူမဆီသို႔ထပ္မံခုန္အုပ္လာသည့္'ယင္းမီ'ေၾကာင့္ေၾကာင္အ,ေနေသးသည့္အန္တီႀကီးကိုဆြဲေခၚ၍တံခါးနားကေနခုန္ေရွာင္လိုက္သည္။

ဒုန္း!!!!

႐ုတ္တရက္မူလကဘယ္ေလာက္ဖြင့္ဖြင့္ပြင့္မလာတဲ့တံခါးႀကီးမွာတစ္စုံတစ္ေယာက္ရဲ႕ကန္ဖြင့္ျခင္းကိုခံလိုက္ရၿပီးတံခါးမွာျပဳတ္ထြက္သြားကာခုန္ဝင္လာသည့္'ယင္းမီ'အားဝင္ေစာင့္ကာလြင့္ထြက္သြားေစသည္။

အကုန္လုံး၏ပါးစပ္အေဟာင္းသားျဖင့္အၾကည့္ေအာက္တြင္ဩရွရွႏွင့္ေယာက္်ားတစ္ေယာက္၏အသံမွာတစ္စုံတစ္ေယာက္အားေတာင္းပန္သည့္ဟန္ေလးျဖင့္ထြက္ေပၚလာသည္။

"ကိုယ္ေတာင္းပန္ပါတယ္.....တံခါးကဒီေလာက္ထိစုတ္ပဲ့ေနမွန္းကိုယ္မထင္ထားလို႔ပါ"

လူတိုင္း : "....."

မင္းညီမတံခါးပဲစုတ္ပဲ့.....

ထို႔ေနာက္လူတိုင္းကတံခါးအျပင္ဘက္ရွိလူပုံရိပ္ႏွစ္ခုကိုထင္ထင္ရွားရွားျမင္ေတြ႕လိုက္ရသည္။

အရပ္ပိုျမင့္သည့္တစ္ေယာက္မွာဇိုင္းျဖစ္ၿပီးက်န္တစ္ေယာက္ကေတာ့ခ်စ္စဖြယ္ဆူပုတ္ပုတ္မ်က္ႏွာေလးႏွင့္ေရွာင္က်န့္သာျဖစ္သည္။

"ခင္ဗ်ားတို႔အဆင္ေျပၾကရဲ႕လား"

ေရွာင္က်န့္ရဲ႕စိုးရိမ္တႀကီးစကားေလးကိုလူတိုင္းကေခါင္းေလးျငႇိမ့္ျပ႐ုံသာတတ္နိုင္ၾကသည္။

ေရှာင်ကျန့်ကစိတ်သက်သာရသွားသည့်ဟန်ဖြင့်သက်ပြင်းလေးအသာချပြီးနောက်တွင်လူမြင်မကောင်းအောင်ကို့ယို့ကားယားလဲကျနေသည့်'ယင္းမီ'အားသတိထားမိသြားသည္။

ေရွာင္က်န့္ : "....."

တကယ္အဆင္ေျပတာေရာဟုတ္ရဲ႕လားဟင္......

ေရွာင္က်န့္ကသူ႕ေခါင္းေလးကိုတစ္ခ်က္မွ်ကုတ္လိုက္ၿပီးေနာက္တြင္ဇိုင္းကိုလုပ္စရာရွိတာဆက္လုပ္ဖို႔ရန္ေမးေလးတစ္ခ်က္ဆတ္ျပလိုက္သည္။

ဇိုင္းကခပ္ဖြဖြၿပဳံး၍သူ႕လက္ေခ်ာင္းရွည္ေတြကိုျဖန့္လိုက္သည့္အခါတြင္႐ုန္းကန္ေနေသာအနက္ေရာင္အခိုးအေငြ႕ေတြမွာတစ္ေနရာဆီသို႔ဦးတည္ျပသလာသည္။

၎မွာေဝထန္စီျဖစ္ၿပီးေဝထန္စီ့ခမ်ာလည္းထိုအျဖစ္အပ်က္ေၾကာင့္လန့္ျဖန့္သြားသည္။တစ္ျခားသူေတြရဲ႕သံသယဝင္သည့္အၾကည့္ကိုျမင္သည့္အခါတြင္ေဝထန္စီကလက္တကာကာျဖင့္ေၾကာက္လန့္စြာရွင္းျပလာသည္။

"ငါ....ငါမဟုတ္ဘူးေနာ္"

"ေဝထန္စီမဟုတ္တာကြၽန္ေတာ္သိပါတယ္"

ေရွာင္က်န့္ကအားနာသည့္မ်က္ႏွာေလးျဖင့္ဆိုလာ၍ဇိုင္းကိုဆက္လုပ္ရန္အခ်က္ျပလိုက္သည္။

ဒီကမၻာရဲ႕စည္းမ်ဥ္းေတြေၾကာင့္big bossမေကာင္းဆိုးဝါးႀကီးကိုသူမနိုင္နိုင္မွေတာ့သူ႕ခ်စ္သူကိုပဲအားကိုးလိုက္ပါေတာ့မယ္ေလ။

ဇိုင္းကေရွာင္က်န့္ရဲ႕အားကိုးလိုတဲ့အျပဳအမူေတြကိုမျငင္းဆန္ေပ။

သူကေက်ေတာင္ေက်နပ္ေနေသးသည္။

ဇိုင္းကသူ႕လက္ထဲရွိဆိုးယုတ္တဲ့အနက္ေရာင္အခိုးအေငြ႕ေတြကိုတစ္စစီေခ်မြျပစ္လိုက္သည္။

အော်သံနက်ကြီးတစ်ခုကဝေထန်စီရဲ့အကင်္ျီအိတ်ကပ်အတွင်း၌နားကန်းလုမတတ်ကျယ်လောင်စွာထွက်ပေါ်လာသည်။

ဝေထန်စီမှာလန့်ဖြန့်သွားပြီးသူ့အကင်္ျီအိတ်ထဲကသုံးပြီးသားဖြစ်တဲ့အဆောင်စာရွက်လေးကိုဆွဲထုတ်ကာအဝေးသို့လွှင့်ပစ်လိုက်မိသည်။

"အိုး.....ကြၽန္ေတာ္ေျပာဖို႔ေမ့ေနတာ.....ကြၽန္ေတာ္ေပးထားတဲ့ကံေကာင္းျခင္းအေဆာင္စာ႐ြက္ေလးကသုံးၿပီးၿပီဆိုရင္ကံေကာင္းေစတဲ့အရာအားလုံးကုန္ခမ္းသြားတယ္.....ဆန့္က်င္ဘက္ရလဒ္အေနနဲ႕မေကာင္းဆိုးဝါးေတြအလြယ္တကူပုန္းေအာင္းလို႔ရနိုင္တဲ့နိဗၺာန္ဘုံႀကီးျဖစ္သြားလိမ့္မယ္....."

ေရွာင္က်န့္ရဲ႕အိုတိုးအမ္းတမ္းစကားေလးေၾကာင့္တစ္ဖက္ရွိပိုင္မင္ၾကက္သီးေတြထလာ၍သူသိမ္းထားတဲ့အေဆာင္စာ႐ြက္ေဟာင္းေလးကိုကမန္းကတမ္းဆြဲယူလႊင့္ပစ္လိုက္ျပန္သည္။

ဇိုင္းကေတာ့ထြက္ေျပးဖို႔ဟန္ျပင္ေနတဲ့မေကာင္းဆိုးဝါးကိုထူးဆန္းသည့္အနက္ေရာင္စာအုပ္တစ္အုပ္ထဲဆြဲယူ၍ထည့္ပိတ္ထားလိုက္၏။

ဒီလိုနဲ႕ပဲဖိုင္နယ္ေဘာ့စ္ႀကီးကအဆုံးသတ္သြားတယ္ေပါ့ေလ.....ဘာမွလဲသူ႕အတြက္သိပ္ခက္ခက္ခဲခဲမခံစားလိုက္ရပါလား.....

"အဲ့ဒါဘာစာအုပ္လည္း...."

ေရွာင္က်န့္ကသိလိုစိတ္ျဖင့္ျပည့္ႏွက္ေနသည့္မ်က္လုံးေလးေတြနဲ႕ၾကည့္ကာေမးလာသည္။

ေရွာင္က်န့္ဇိုင္းဆီမွာဒီလိုစာအုပ္မ်ိဳးတစ္ခါမွမေတြ႕ခဲ့ဖူးေပ။

"ေသျခင္းnoteစာအုပ္ေလ.....အရာအားလုံးရဲ႕ေသျခင္းရွင္ျခင္းကိုဆုံးျဖတ္ေပးလို႔ရတယ္.....မေကာင္းတဲ့ဝိဥာဥ္ဆိုးေတြကိုခ်ဳပ္ႏွောင္တဲ့ေနရာမွာလည္းအသုံးျပဳနိုင္တယ္"

"Wow....."

ဇိုင္းကေရွာင္က်န့္ရဲ႕အနက္ေရာင္မ်က္လုံးဝိုင္းေလးေတြကိုခ်စ္ျမတ္နိုးစြာစိုက္ၾကည့္ရင္းသေဘာက်စြာၿပဳံးလာသည္။

"ဒါ....ဒါနဲ႕ေလ....စိတ္မရွိပါနဲ႕....ဒါကိုဘယ္လိုလုပ္ၾကမလဲဟင္"

ပိုင္မင၏စကားေၾကာင့္ေရွာင္က်န့္နဲ႕ဇိုင္းတို႔ရဲ႕အၾကည့္မွာကို႔ယို႔ကားယားလဲက်ေနသည့္'ယင္းမီ'ထံသို႔က်ေရာက္သြားသည္။

ဇိုင္းကတစ္ခ်က္သာေစာင္းငဲ့ၾကည့္၍ေလထုတစ္ေနရာအားစိုက္ၾကည့္ကာဆိုလာသည္။

"ဆက္ပုန္းမေနနဲ႕ေတာ့"

လူတိုင္းကေနာက္ထပ္မေကာင္းဆိုးဝါးတစ္ေကာင္မ်ားေရာက္လာတာလားဟုစဥ္းစားမိသြားတာေၾကာင့္ေၾကာက္လန့္သြားၾကသည္။

သို႔ေပမယ့္ေလဟာနယ္မွာလႈပ္ရွားသြားၿပီးေနာက္တစ္ကိုယ္လုံးအနက္ေရာင္အေနာက္တိုင္းဝတ္စုံဝတ္ဆင္ထားသည့္ေခ်ာေမာကာအရပ္ျမင့္ျမင့္ျဖင့္လူတစ္ေယာက္ဟာ႐ုတ္တရက္ႀကီးထြက္ေပၚလာသည္။

ထိုေခ်ာေမာသည့္'လူ'ကဇိုင္းကိုေတြ႕သည့္အခါတြင္တုန္ရီသြားေၾကာင္းလူတိုင္းသတိထားမိလိုက္ၾကသည္။

"အရွင္...."

ထိုေခ်ာေမာသည့္လူမွာဇိုင္းကိုအေတာ္ေလးေၾကာက္လန့္ေလးစားသည့္ဟန္ရွိသည္။

"သူကဘယ္သူလဲ"

"ဒီကိစၥကိုတာဝန္က်တဲ့ေသမင္း"

ဇိုင္း၏ေပါ့ေပါ့တန္တန္စကားကိုၾကားသည့္အခါတြင္လူတိုင္းပင့္သက္ရွိုက္သံမွာကက်ယ္ေလာင္စြာထြက္ေပၚလာသည္။

ေသမင္း!!!!!

လာေနာက္ေနၾကတာလား.....

ဒါကဒ႑ာရီလာေသမင္းႀကီးတဲ့.....

ဒါဆိုေသမင္းကိုယ္တိုင္ကအရွင္လို႔ေၾကာက္ေၾကာက္လန့္လန့္ေခၚေနရတဲ့ဒီလူကိုယ္တိုင္ကေရာ......

ဘုရားေရ.....ဆက္ေတာင္မေတြးရဲေတာ့ဘူး....

လူတိုင္း၏မ်က္ႏွာမွာမေတြ႕သင့္၊မၾကားသင့္သည့္တစ္စုံတစ္ရာအားျမင္ၾကားေနရသကဲ့သို႔ျဖဴေဖ်ာ့ထိတ္လန့္ေန၏။

"ဒီကကိစၥအားလုံးကိုအဆင္ေျပေအာင္ကိုင္တြယ္လိုက္.....ငါကေတာ့ဟန္းနီးမြန္းထြက္ေတာ့မယ္"

သနားစရာေသမင္း : "....."

လူတိုင္း : "....."

ေရွာင္က်န့္ : "ဟမ္...ဟမ္.......ဘာရယ္!!"

ေရွာင္က်န့္ကပါးစပ္အေဟာင္းသားျဖင့္ဇိုင္းကိုစိုက္ၾကည့္လိုက္မိသည္။

"ကိုယ္မင္းရဲ႕ကိစၥေတြမွာကူညီေပးထားတယ္ေလ.....ေက်းဇူးဆပ္တဲ့အေနနဲ႕ကိုယ္တို႔မဂၤလာေဆာင္ၿပီးရင္ဟန္းနီးမြန္းခရီးထြက္ၾကရေအာင္...."

"ဒါေပမယ့္.....ကြၽန္ေတာ္လည္းဘာမွမသိခဲ့ရပါလား.....ၿပီးေတာ့ကြၽန္ေတာ္ကေက်ာင္းတစ္ဖက္ႀကီးနဲ႕"

"အဆင္ေျပပါတယ္....ေက်ာင္းအတြက္လည္းစိတ္မပူနဲ႕.....ကိုယ္အားလုံးစီစဥ္ၿပီးသြားၿပီ"

ဇိုင္းကၿပဳံး႐ႊင္စြာျဖင့္အားလုံးအေရွ႕မွာတင္ေရွာင္က်န့္အားေကာက္ေပြ႕လိုက္ကာထိုေနရာမွထြက္ခြာသြားသည္။

အရာအားလုံးကမတိုင္မီအခ်ိန္ေတြကလိုျပန္လည္ေအးခ်မ္းသြားသည္။

ဇိုင္းရဲ႕ေျပာျပခ်က္အရဆိုရင္ေသျခင္းnoteထဲတြင္ဇာတ္လိုက္ခ်င္းထန္နဲ႕ယင္းမီမွာေသဆုံးၿပီးသြားၿပီျဖစ္ကာပိုင္မင္၊ခ်င္ေဖးေဖး၊ေဝထန္စီ၊အက္ဒမ္ႏွင့္ေဝေဝတို႔ဟာလည္းေသဆုံးရမည့္စာရင္းထဲပါဝင္ေလသည္။

သို႔ေပမယ့္ေရွာင္က်န့္ရဲ႕ေျပာင္းလဲမႈကအေတာ္ေလးခေလာက္ဆန္သြားေစသည္။ထို႔အျပင္ေရွာင္က်န့္ရဲ႕ျပင္းျပေသာေတာင္းဆိုမႈအရေပ်ာက္ကြယ္လုနီးပါးျဖစ္ေနေသာဇာတ္လိုက္ခ်င္းထန္ရဲ႕ဝိဥာဥ္ကိုျပန္လည္အားျဖည့္ေပးခဲ့ကာသူ႕ခႏၶာကိုယ္ထဲျပန္လည္ဝင္ေရာက္ေစခဲ့သည္။

ဇာတ္လိုက္ရဲ႕သက္တမ္းမွာလည္းတိုးပြားလာၿပီးႏွစ္လေလာက္ေဆး႐ုံမွာအနားယူလိုက္ရေပမယ့္အေတာ္ေလးအဆင္ေျပသြား၏။

ဇာတ္လိုက္မယင္းမီနဲ႕ပတ္သပ္ရင္ေတာ့ကံေကာင္းသည္ဟုဆိုနိုင္သလိုကံဆိုးသည္ဟုလဲဆိုနိုင္သည္။မေကာင္းဆိုးဝါးဝိဥာဥ္ေၾကာင့္သူမရဲ႕ဝိဥာဥ္မွာအေတာ္ေလးထိခိုက္ပ်က္စီးသြားေပမယ့္ခႏၶာကိုယ္ထဲျပန္ဝင္နိုင္ဖို႔ရန္အဆင္ေျပေသးသည္။သို႔ေပမယ့္သူမရဲ႕ဝိဥာဥ္အစိတ္အပိုင္းတစ္ခ်ိဳ႕မွာမေကာင္းဆိုးဝါးရဲ႕ဝါးမ်ိဳမႈေၾကာင့္သိပ္မျပည့္စုံေတာ့ေပ။

ဒီ့အတြက္သူမဟာငါးႏွစ္တိတိကိုမာဝင္သြားခဲ့သည္။

ပိုင္မင္တို႔ငါးေယာက္ႏွင့္ယင္းမီ၏အေမနဲ႕အေဒၚ၊ခ်င္းထန္ရဲ႕မိခင္ဟာေတာ့ဇိုင္းနဲ႕ပတ္သပ္ၿပီးထူးျခားသည့္ကိစၥရပ္ေတြနဲ႕အတူေသမင္းေတြႏွင့္ပတ္သပ္၍မွတ္ဥာဏ္အဖ်က္ခံလိုက္ရသည္။

သို႔ေပမယ့္မေကာင္းဆိုးဝါးႏွင့္ပတ္သပ္သည့္အရာမ်ားအားလုံးကိုေတာ့တစ္သက္လုံးမေမ့ေပ်ာက္နိုင္ေလာက္ေအာင္မွတ္မိေနၾကေသးသည္။

"ရန္ဖန္း...."

"အင္း....ဘာျဖစ္လို႔လဲ"

ဇိုင္းကပင္လယ္ျပင္ၾကည့္ေနသည့္ေရွာင္က်န့္ရဲ႕ပါးျပင္ကိုသူ႕ႏွာတံနစ္ဝင္သြားသည္အထိနမ္းရႈံလိုက္သည္။

"ကိုယ္တို႔ေနာက္ႏွစ္ႏြေရာသီေတြမွာလည္းတစ္ျခားနိုင္ငံေတြမွာေလွ်ာက္လည္ၾကရေအာင္...."

"ကြၽန္ေတာ္ေက်ာင္းၿပီးရင္စဥ္းစားေပးမယ္"

ဇိုင္းကသူ႕ရင္ခြင္ထဲမွီထားသည့္ေရွာင္က်န့္ရဲ႕နဖူးေလးကိုထပ္မံနမ္းသည္။

"ရန္ဖန္း......"

ေရွာင္က်န့္မွာသူ႕နားေတြအူသြားသည္ဟုထင္ရေလာက္သည္အထိက်ယ္ေလာင္တဲ့အသံမွာသူတို႔အေနာက္ကေနထြက္ေပၚလာ၏။

ဇိုင္းရဲ႕မ်က္ႏွာမွာထိုအသံၾကားသည္ႏွင့္ထိန္းမရေတာ့ေလာက္ေအာင္ကိုမဲေမွာင္သြားသည္။

ေရွာင္က်န့္ကအူေၾကာင္ေၾကာင္ေလးျဖင့္ဇိုင္းရဲ႕ရင္ခြင္ထဲကေနေခါင္းေလးထုတ္ၿပီးအေနာက္ကိုလွမ္းၾကည့္သည္။

ပိုင္မင္၊ခ်င္းထန္၊ေဝထန္စီ၊အက္ဒမ္၊ခ်င္ေဖးေဖးနဲ႕ေဝေဝတို႔၊အားလုံးေပါင္းေျခာက္ေယာက္တိတိမွာခရီးေဆာင္အိတ္ကိုယ္စီျဖင့္ေရွာင္က်န့္ကိုေပ်ာ္႐ႊင္စြာလက္လွမ္းျပေနၾကသည္။

ေရွာင္က်န့္ : "....."

ဒီေကာင္ေတြဘယ္ကေနဘယ္လိုေရာက္လာၾကျပန္တာလဲ......

ေရွာင္က်န့္မ်က္ႏွာရွိေမးခြန္းကိုနားလည္ဟန္ျဖင့္ပိုင္မင္ကသူ႕မ်က္မွန္ကိုပင့္ကာတစ္ဟဲဟဲရယ္သည္။

"မင္းတို႔အေပ်ာ္ခရီးထြက္သြားတယ္ၾကားလို႔.....အစ္ကို႐ႊယ္လုံကလမ္းၫႊန္ေပးလိုက္တာ"

အစ္ကို႐ႊယ္လုံဆိုသည့္မွာဇိုင္းရဲ႕အတြင္းေရးမႈးတစ္ျဖစ္လဲေသမင္းတစ္ပါးလည္းျဖစ္သည္။

အတြင္းေရးမႈးဆိုသည္မွာလည္းအမည္ခံသာျဖစ္၍ကားေမာင္း၊ထမင္းခ်က္၊အဝတ္ေလွ်ာ္၊အိမ္သန့္ရွင္းေရး၊စသည္ျဖင့္ေတာက္တိုမယ္ရအကုန္လုပ္ေပးရသူလည္းျဖစ္သည္။

ယခုလည္းပိုင္မင္တို႔အုပ္စုရဲ႕နားပူနားဆာလုပ္မႈကိုနားညီးလာ၍ျဖစ္ခ်င္ရာျဖစ္ဆိုကာေရွာင္က်န့္နဲ႕ဇိုင္းအပန္းေျဖရာေနရာအားလမ္းၫႊန္ျပလိုက္သည့္ဟန္ရသည္။

ဇိုင္းကအံတင္းတင္းတစ္ခ်က္ေလာက္ႀကိတ္လိုက္သည္။

ဒီအုပ္စုကဒီေလာက္ထိအႏွောင့္အယွက္ေပးတတ္မွန္းသာသိရင္အစတည္းကမကယ္ခဲ့ပါဘူး......

________________________________________________________________

Continue Reading

You'll Also Like

12.5K 754 10
[Unicode] Xiao hei Bai ဟာတရုတ်ပြည်ရဲ့top3 ကုမ္မဏီတွေထဲကတစ်ခုကိုဦးစီးတဲ့ ငယ်ရွယ်ထက်မြတ်တဲ့Ceo တစ်ယောက် တစ်နေ့အလုပ်ကိစ္စနဲ့ခရီးသွားရင်းလမ်းမှာကား acci...
224K 36.9K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
1.1M 58.3K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
51.8K 5.4K 45
✔Uploaded in both Zawgyi and Unicode. ကာကွယ်​ပေးမည် ဆို​သော ဒမ်ဘယ်​ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်​မျှော်စင်​ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်​...