"ခိုင်မာနှောင်ကြိုး"

Par myanaykyalsin17

11.8K 1K 379

အားလုံးပဲ မင်္ဂလာပါရှင့် BL Fic အသစ်လေးနဲ့ ထပ်မံ တွေ့ဆုံခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ BL Fic အသစ်လေးကိုတော့ "ခိ... Plus

အပိုင်း ၁ Unicode
အပိုင်း ၁ zawgyi
အပိုင်း ၂ unicode
အပိုင်း ၂ zawgyi
အပိုင်း ၃ unicode
အပိုင်း ၃ zawgyi
အပိုင်း ၄ unicode
အပိုင်း ၄ Zawgyi
အပိုင်း ၅ unicode
အပိုင်း ၅ zawgyi
အပိုင်း ၆ Unicode
အပိုင်း ၆ zawgyi
အပိုင်း ၇ unicode
အပိုင်း ၇ zawgyi
အပိုင်း ၈ unicode
အပိုင်း ၈ zawgyi
အပိုင်း ၉ Unicode
အပိုင်း ၉ Zawgyi
အပိုင်း ၁၀ unicode
အပိုင်း ၁၀ Zawgyi
အပိုင်း ၁၁ unicode
အပိုင်း ၁၁ Zawgyi
အပိုင်း ၁၂ unicode
အပိုင်း ၁၂ zawgyi
အပိုင်း ၁၃ unicode
အပိုင်း ၁၃ zawgyi
အပိုင်း ၁၄ unicode
အပိုင်း ၁၄ zawgyi
အပိုင်း ၁၅ unicode
အပိုင်း ၁၅ zawgyi
အပိုင်း ၁၆ unicode
အပိုင်း ၁၆ zawgyi
အပိုင်း ၁၇ unicode
အပိုင်း ၁၇ Zawgyi
အပိုင်း ၁၈ unicode
အပိုင်း ၁၈ Zawgyi
အပိုင်း ၁၉ unicode
အပိုင်း ၁၉ Zawgyi
အပိုင်း ၂၀ zawgyi
အပိုင်း ၂၁ unicode
အပိုင်း ၂၁ zawgyi
အပိုင်း ၂၂ unicode
အပိုင်း ၂၂ zawgyi
အပိုင်း ၂၃ unicode
အပိုင်း ၂၃ Zawgyi
အပိုင်း ၂၄ unicode
အပိုင်း ၂၄
အပိုင်း ၂၅ unicode
အပိုင်း ၂၅ zawgyi
အပိုင်း ၂၆ unicode
အပိုင်း ၂၆ zawgyi
အပိုင်း ၂၇ unicode
အပိုင်း ၂၇ zawgyi
အပိုင်း ၂၈ unicode
အပိုင်း ၂၈ Zawgyi
အပိုင်း ၂၉ unicode
အပိုင်း ၂၉ Zawgyi
အပိုင်း ၃၀ unicode
အပိုင်း ၃၀ zawgyi
အပိုင်း ၃၁ unicode
အပိုင်း ၃၁ zawgyi
အပိုင်း ၃၂ unicode
အပိုင်း ၃၂ Zawgyi
အပိုင်း ၃၃ unicode
အပိုင်း ၃၃ zawgyi
အပိုင်း ၃၄ unicode
အပိုင်း ၃၄ zawgyi
အပိုင်း ၃၅ unicode
အပိုင်း ၃၅ zawgyi
အပိုင်း ၃၆ unicode
အပိုင်း ၃၆ zawgyi
အပိုင်း ၃၇ unicode
အပိုင်း ၃၇ zawgyi

အပိုင်း ၂၀ unicode

232 23 6
Par myanaykyalsin17


ခိုင်မာနှောင်ကြိုး အပိုင်း ၂၀

"ဟယ်...အကို.....ဈေးလာတာလား။"

"ဪ...ဟုတ်ကဲ့....အင်္ကျီကြယ်သီးတပ်ဖို့ ကြယ်သီး လာဝယ်တာပါ။"

သူ ဈေးထဲသို့ ကြယ်သီး လာဝယ်စဉ် ကြွေရုပ်ကမ္ဘာနှင့် ဈေးထဲမှာ ဆုံခြင်း ဖြစ်သည်။

"ဟုတ်လား။ညီမ လည်း ဈေးလာဝယ်တာ။"

ယူလာသည့် ခြင်းတောင်းကို မြှောက်ပြရင်း ပြောလေသည်။

"ဈေးကွဲမှ လာဖြစ်တော့ ဘာဝယ်ရမှန်းမသိ ယောင်ချာချာ ဖြစ်နေတာ။အကို ကော ဝယ်ပြီးပြီလား။"

"ဟုတ်ကဲ့။ဝယ်ပြီးလို့ အခုပဲ ကျွန်တော် ပြန်တော့မှာပါ။သွားလိုက်ပါဦးမယ်ခင်ဗျ။"

"ဟယ်...အကို နေပါဦး။"

အနောက်မှ အသံကြောင့် ခြေလှမ်းကို ရပ်တန့်လိုက်သည်။ကြွေရုပ်ကမ္ဘာ က သူ့ရှေ့ရောက်လာပါသည်။သူ့ကို စူးစမ်းကာ ကြည့်သည်။

"အကို...နေကောင်းသွားပြီလား။"

"ဟုတ်ကဲ့...ကောင်းသွားပါပြီ။"

"အဲ့နေ့က ဘာလို့ မူးလဲသွားတာလဲ အကို။ဆေးခန်းကော သွားပြရဲ့လား။"

"ဟုတ်ကဲ့။ပြပါတယ်။သွေးပေါင်ကျတာပါ။"

"ဪ..ဂရုစိုက်ဦးနော်။အားရှိတဲ့ အစားအစာတွေစား။အကို ဘာစားချင်လဲ။အိုး....."

ဈေးကွဲချိန် ဆိုပေမယ့် ဈေးထဲမှာ လူတွေ ရှိနေသော အချိန် ဖြစ်နေသောကြောင့် လမ်းကျကျ ရပ်ကာ စကားပြောနေသူ သူတို့နှစ်ယောက်ကို လူတွေက တိုးတိုးတိုက်တိုက်ပင်။ကြွေရုပ်ကမ္ဘာ ကို တိုက်သွားတာ ပြင်းသောကြောင့် ခန္ဓာကိုယ် ယိုင်သွားပြီး သူ့ဘက်သို့ ရောက်လာသည့် အတွက် လဲမကျသွားအောင် ထိန်းပေးလိုက်သည်။မျက်လုံးပြူးပြူး ပြုံးတုံ့တုံ့နှင့် ကြည့်နေသူကို ပြန်လည် ပြုံးပြဖို့ရန်လည်း သူမေ့နေလေသည်။

"ဂရုစိုက်လျှောက်ပါ။"

ဂရုစိုက်ဖို့ ပြောရင်း နှုတ်ဆက်စကား ဆိုလိုက်သည်။

"ခဏလေးပါ အကို။တွေ့တုန်းလေး တခုခု ကျွေးချင်လို့ပါ။"

"ကျွန်တော် မဆာပါဘူး။စားခဲ့ပြီးပါပြီ။အိမ်မှာ ဘယ်သူမှ မရှိလို့ ပြန်လိုက်ပါဦးမယ်။"

"နေပါဦး အကို။ဆိုင်မှာ ထိုင်မစားရင်လည်း အိမ်ကို ထုတ်ပြီး သယ်သွားလည်း ရတာပဲ။"

"နေပါစေ။"

"ညီမ အကို့ကို တခုခု ဝယ်ကျွေးချင်လို့ပါ အကိုရယ်နော်။"

သူ့ဆီ အမြဲတမ်း အဝတ်အစား လာချုပ်နေသူ ဆိုတော့လည်း အားနာစိတ်ဖြင့်လည်း ခေါင်းမညိတ်ချင်။ဆိုင်တဆိုင်မှာ ကောင်မလေး တယောက်နှင့် အတူ တွဲထိုင်ဖို့ ရပ်ကွက်ထဲမှ လူတွေ အတွက်လည်း အမြင်အားဖြင့် မသင့်တော်ပေ။အခုလို စကားရပ်ပြောနေတာတောင် လွန်လှပါပြီ။ဇင် သိသွားရင်လည်း ပြဿနာ တက်လိမ့်မည်။

"ကျေးဇူးတင်ပါတယ်။မစားပါရစေနဲ့။ကျွန်တော် သွားတော့မယ်နော်။"

နှုတ်ဆက်စကား ဆိုကာ အမြန်ဆုံးသော ခြေလှမ်းနှင့် အိမ်သို့ ပြန်လာရလေသည်။သူ အိမ်ရောက်ပြီး သိပ်မကြာခင်မှာပဲ ကြွေရုပ်ကမ္ဘာ အိမ်သို့ ရောက်လာပြန်သည်။

"အကို့ အတွက် ကြေးအိုး ဝယ်လာပေးတာ။"

"ဟာ...မဟုတ်တာ။ကျွန်တော် မယူပါရစေနဲ့။"

သူ့ရှေ့သို့ ရောက်လာသော ကြေးအိုး ထုပ်ကို ရှောင်ဖယ်ရန် ခြေလှမ်းကို နောက်သို့ ဆုတ်လိုက်သည်။သူ တလှမ်းဆုတ်တိုင်း ကြွေရုပ်ကမ္ဘာ က ရှေ့တလှမ်း တိုးလာလေသည်။

"ယူပါ အကိုရယ်။စားစေချင်လို့ ဝယ်လာတာပါ။"

"ညီမ အိမ်က အမေကို ကျွေးလိုက်ပါ။အကို မယူပါရစေနဲ့နော်။ကျေးဇူးတင်ပါတယ်။"

ကြွေရုပ်ကမ္ဘာ က တဇွတ်ထိုး နိုင်မှန်း သူ သတိထားမိသွားပါသည်။သူ မယူမချင်းကို အတင်းပေးနေပြီး ကြေးအိုးကတော့ သူတို့နှစ်ယောက် ကြားထဲမှာ လုံးလည် လိုက်လို့နေသည်။တယောက်တလှည့် တွန်းထိုးပေးရင်းဖြင့် ကြေးအိုး၏ အိတ်ဟာ ကြွေရုပ်ကမ္ဘာ၏ လက်ကို သွားကပ်မိကာ ပူသွားလေပြီ။

"ဆောရီး....အရမ်းပူသွားလား။"

"အဲ့ဒါကြောင့် အကို ကို ပေးတာ ယူပါလို့ ပြောတာကို။"

ငိုမဲ့မဲ့ မျက်နှာလေးကြောင့် အရမ်းပူသွားမှန်း သူ ခန့်မှန်းမိသည်။လက်ကိုကြည့်လိုက်တော့ အသားဖြူသူမို့ အပူကပ်တဲ့ အနာက ရဲနေတာကို တွေ့ရသည်။မြင်ရတော့လည်း သူ အားနာလွန်းသွားသည်။

"ဆေးထည့်လိုက်ပါလား။"

"ရတယ်။မလိုဘူး။ရော့...ကြေးအိုးပဲ ယူ။"

ကြွေရုပ်ကမ္ဘာ ပေးသော ကြေးအိုး ထုပ်ကို အယောင်ယောင် အမှားမှား ဖြင့် ယူလိုက်မိသည်။စိတ်များဆိုးသွားသလား နှုတ်ခမ်းလေးက မသိမသာ စူနေလေသည်။သူလည်း ထပ်မံကာ တောင်းပန်လိုက်ပါသည်။

"အပူလောင် သွားတဲ့ အတွက် တောင်းပန်ပါတယ်။"

"တောင်းပန်စကား ပြောနေမယ့် အစား ညီမ ပေးတဲ့ ကြေးအိုးကို အကို ကုန်အောင် သောက်ပါ။ဒါဆို ညီမ အပူလောင် ရကျိုးနပ်ပါတယ်။"

ကြွေရုပ်ကမ္ဘာ ပြန်သွားတော့ များပြားလှတဲ့ ကြေးအိုးကို ကြည့်ပြီး ဇင် ပြန်လာလို့ ဒီကြေးအိုး ဘယ်ကရသလဲ မေးရင် ဘယ်လိုဖြေရမလဲ ဆိုတာ သူတွေးနေမိသည်။ဇင်နှင့်သူ ပြေလည်နေသည့် အချိန် ကြေးအိုး တပွဲကြောင့် ပြဿနာ မဖြစ်ချင်ပါ။ကြေးအိုး ကို ကြည့်ရင်း ခေါင်းကိုသာ အထပ်ထပ် ကုတ်နေမိပါတော့သည်။

***********

"အကို"

"ဟင်"

"ကျွန်တော် အကို့ကို လက်ဆောင်ပေးစရာ ရှိတယ်။"

"ဘာများလဲ။"

ဆုပ်ထားသည့် လက်ထဲမှ အရာကို ဖြန့်ပြလိုက်လေသည်။

"ဟင်....ဒါက......။ဈေးကြီးလား။"

ပစ္စည်းကို တွေ့တွေ့ချင်း ပြောသည့် အကို့ စကားကြောင့် သူရယ်မိသည်။

" platinum အစစ်လို့ အကို က ထင်နေတာလား။အထင်မကြီးနဲ့ အကို။ကျွန်တော် လမ်းဘေးမှာ ရောင်းနေတာ တွေ့လို့ ဝယ်လာတာ။ငွေ လား။ဘာလားတော့ မသိဘူး။"

ဇင့် လက်ထဲမှ ပစ္စည်းကို ယူကြည့်လိုက်တော့ ဆွဲကြိုးနှစ်ကုံး ဖြစ်သည်။လော့ကဒ်ကတော့ တကြိုးမှာ ဌက်ကလေး တကောင်စီ။

"ရောင်းတဲ့သူ ပြောတာကတော့ သူတို့နှစ်ယောက်က ဌက်မောင်နှံတဲ့။အရပ်စကားနဲ့ ပြောရရင် လင်မယားပေါ့ဗျာ။"

"ဌက်မောင်နှံကို ဘာလို့ တကောင်စီ ခွဲပစ်ရတာလဲ။အတူပူးထားရမှာ မဟုတ်ဘူးလား။"

"ကျွန်တော် သိပါတယ်။ဒီဆွဲကြိုးက အကို တကုံး၊ ကျွန်တော် တကုံးလေ။ကျွန်တော်တို့ နှစ်ယောက် မခွဲသ၍ သူတို့နှစ်ကောင်လည်း မခွဲရတော့ဘူးပေါ့။အကို ဝတ်ထားရမယ်နော်။သူတို့နှစ်ယောက် မခွဲရအောင်လည်း အကို တာဝန်ယူရမယ် သိလား။"

ပြုံးကြည့်နေသော မျက်နှာအမူအရာဟာ အကို ပေးသော ကတိဟုသာ သူမှတ်ယူပါသည်။သူလည်း အကို့ကို ပြန်ပြုံးပြလိုက်သည်။ ဒါဟာလည်း သူပေးသော ကတိပေါ့။

"ရော့....အကို ကျွန်တော့်ကို ဝတ်ပေး။"

အကို့ လက်ထဲသို့ ဆွဲကြိုးတကုံး ထည့်ပေးလိုက်သည်။အကို့ ရှေ့မှာ ဒူးထောက်ကာ ခေါင်းကို ငုံပေးလိုက်သည်။အကို က ဆွဲကြိုးလေးမှ ချိတ်ကို ဖြုတ်ကာ သူ လည်တိုင်မှာ ဆွဲကြိုးဆင်ပေးလေသည်။ သူ့ခေါင်းကို အကို့ ရင်ခွင်နှင့် အနီးစပ်ဆုံးထိ တိုးထားလိုက်သည်။သူ့အတွက် အနွေးထွေးဆုံး ရင်ခွင်ဟာ အကို့ရင်ခွင်ပါပဲလား။

"ဆွဲပြီးပြီ။"

အကို့၏ သတိပေးသံကြောင့် သူခေါင်းကို ပြန်မော့လိုက်သည်။ရင်ထဲမှာလည်း ဟာသွားသည်။အကို့ ရင်ခွင်နှင့် အဝေးမှာ သူ မနေလိုသည့် သူ့စိတ်ဟာ အံ့ဩစရာတော့ မရှိ။

"ဇင်နဲ့ လိုက်တယ်။"

"ကျွန်တော်လို ခပ်ကြမ်းကြမ်း လူနဲ့တောင် လိုက်တယ်ဆိုရင် အကိုနဲ့ဆို ပိုပြီး လိုက်ဖက်မှာပေါ့။လာ ကျွန်တော် ဆွဲပေးမယ်။"

ထိုင်နေသူ အကို့၏ နောက်ဘက်သို့ သွားလိုက်ပြီး အပေါ်စီးမှ နေ၍ အကို့ လည်တိုင်ကျော့မှာ ဆွဲကြိုးလေးကို သီကုံးပေးလိုက်ပါသည်။ အကို က သူ့ရင်ဘတ်မှာ တွဲခိုသွားသော ဌက်ကလေးကို လက်နှင့် ဆုပ်ကိုင်ကြည့်နေချိန် သူ့မျက်လုံးများကတော့ အကို့၏ ဂုတ်သား ဖွေးဖွေးလေး တွေကနေ အကြည့်မလွဲနိုင်။အဖိုးအခ နည်းပါးသော ဆွဲကြိုးတောင် အကို လည်တိုင် အရောက်မှာ တင့်တယ်စွာ တန်ဖိုး တက်သွားပါသည်။ကြည့်နေရင်းမှ သူ့စိတ်တွေကို ထိန်းမရသည့် အဆုံး ခေါင်းကို ငုံချကာ အကို့ လည်တိုင်ဆီ သူ့နှုတ်ခမ်းသားကို ထိကပ် လိုက်ပါသည်။အကို့ ခန္ဓာကိုယ် တွန့်ခနဲ ဖြစ်သွားသည့်တိုင် သူမဖယ်ခွာမိပေ။အကို က ခန္ဓာကိုယ်ကို ရှေ့ကိုင်းလိုက်မှသာ သူနှုတ်ခမ်းသားတွေ အကို့ ဂုတ်သားမှ ဝေးသွားလေသည်။အကို က ခေါင်းလှည့်ကာ နောက်ပြန်ကြည့်လာသည်။ထိတ်လန့်နေသော အကို့ မျက်နှာကို မြင်ရလေသည်။ကြည့်နေပုံက ဆွဲဆောင်မှု ရှိသည်မို့ ထိုမျက်နှာလေးကိုပါ အမှတ်တံဆိပ် ခတ်လိုက်ရင် ဒီတခါ အကို စိတ်ဆိုးသွားနိုင်သည်။ဒါ့ကြောင့် သူ့စိတ်ကို ထိန်းကာ တံထွေးကိုသာ မြိုချနေမိပါသည်။

"ဇင်"

ခပ်အုပ်အုပ်လေး အကို့ ခေါ်သံဟာ ဘာကို ဆိုလိုသည် ဆိုတာ သူသိသည်။

"ကလေးတွေမှ မရှိတာကို အကို ကလဲ..."

သူ့ စကားသံအဆုံး အကို့ဆီမှ မျက်စောင်းလေး တချက်ကို သူရလိုက်သည်။နဂိုကတည်းက မျက်လုံးလှသူလေး ဆိုတော့ ဘယ်လိုနေနေ လှနေနိုင်သူလေးပါပဲလေ။

"ဆွဲကြိုး က အကိုနဲ့ အရမ်းလိုက်တာပဲ။"

ဆွဲကြိုးလေးကို ကိုင်ကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော် ပိုက်ဆံ များများရှိတဲ့ တနေ့ကျရင် platinum အစစ်နဲ့ ဆွဲကြိုး လုပ်ပေးမယ်။"

"ဒါနဲ့တင် လုံလောက်ပါပြီ။အစစ်ရယ်၊အတုရယ် လို့တော့ မဟုတ်ပါဘူး ။တန်ဖိုးထားမယ် ဆိုရင် တန်ဖိုးတက်လာမှာပါ။ဒါလေးလည်း လှပါတယ် ဇင်။"

အသံချိုချိုလေးနှင့် စကားပြောတတ်သူ အကို့ကို ကြည့်ရင်း သူ ကိုယ်တိုင်လည်း ပီတိတွေဖြာလို့ နေပါတော့သည်။

**********

လက်ထဲမှ ကိုင်ထားသည့် စာတွေကို ကြည့်ရင်း သူ့စိတ်တွေ ထိန်းနိုင်သိမ်းမရ ယောက်ယက်ခတ်ကာ ဒေါသတွေကလည်း အလိပ်လိုက် ထွက်လာလေသည်။စာကိုင်ထားသည့် လက်တွေဟာလည်း တဆတ်ဆတ် တုန်လို့နေပါသည်။သစ်စလေး စူးစိုက်ဝင်နေသော လက်ချောင်း နှင့်အတူ စာကို ဆုပ်ကိုင်ထားမိလိုက်သည်။သူ့လက်မှာ သစ်စဆူးသွားလို့ နှုတ်ဖို့ရာ အကို့ အခန်းထဲမှာ အပ် ဝင်ရှာရင်း အကို သိမ်းထားသော စာများကို သူ တွေ့သွားခြင်းပင် ဖြစ်သည်။ဒါက သာမန် မာကြောင်း၊သာကြောင်း ရေးထားတဲ့ စာမှမဟုတ်ဘဲ။လက်ရေးက မိန်းကလေး လက်ရေး ဆိုတာ သေချာသည်။အဲ့ဒီ့မိန်းကလေး ဘယ်သူဆိုတာ မေးစရာ မလိုအောင် သူ သိသည်။ဒီစာတွေက အကို့ အခန်းထဲမှာ ရှိနေသည် ဆိုကတည်းက အကို့ ပစ္စည်း ဆိုတာ သိသာနေပြီ။ တယုတယ ဗူးထဲထည့် သိမ်းထားပုံထောက်ရင် တန်ဖိုးထားလွန်းသည့် ပစ္စည်း ဖြစ်နေသောကြောင့်ပေါ့။ စာတစောင်ချင်း ပေါ်မှာ ရေးထိုးထားသော date တွေဟာလည်း နေ့စွဲတွေ မတူပါ။Date တွေကို ကြည့်ရတာ မနေ့တနေ့ကဟာတွေ မဟုတ်။ဒီစာတွေကို တမြတ်တနိုးထားပြီး အိပ်ယာဝင်တိုင်း အမြဲဖတ်ပြီး ကြည်နူးနေမည့် အကို့ မျက်နှာကို မြင်ယောင်ရင်း ဝမ်းနည်းစိတ်တွေ လှိုက်တက်လို့ လာသည်။သူ့ အနားမှာ ရှိနေပေမယ့်၊ သူ့အလိုကို လိုက်နေပေမယ့်၊ သူပြောသည့် စကားကို အမြဲခေါင်းညိတ်တတ်ပေမယ့်၊ သူ ဘာလုပ်လုပ် ငြိမ်ခံတတ်ပေမယ့် တကယ်တမ်းကျတော့ အကို့ရဲ့စိတ်က သူ့ဆီမှာမှ မရှိတာ။အကို့ဆီက သူ ရနေတာ အခွံတွေချည်းပါပဲလား။ဘာမှ မလုပ်မကိုင်နိုင်ဘဲ ဖင်ထိုင်လျက် ကျလောက်တဲ့ အထိ ပူဆွေးမှုတွေ ဖြစ်သွားသည်။ပါးပြင်ပေါ်မှာ လိမ့်ကျလာသည့် အပူချောင်းကိုတော့ သူမသုတ်ဖယ်မိ။သူ အကို့ကို စိတ်ဆင်းရဲအောင် လုပ်မိနေပြီလား။သူ ဖြစ်ချင်တာ၊ သူ လုပ်ချင်တာ တခုကိုပဲ ရှေ့တန်းတင်မိနေပြီလား။အကို့စိတ်ရင်းကို သူ မဖတ်မိတာ သူ့အမှား။အကို သူ့အပေါ် စိတ်ဝင်စားမှုနဲ့ သဘောကျနေပြီဟု အထင်နှင့် သူ့ကိုယ်သူ အထင်ကြီးမိလေပြီ။တကယ်တမ်း အကို့နှလုံးသားကို နေရာယူထားသူက သူမှမဟုတ်ဘဲလေ။

ဆုပ်ချေထားမိသော စာတွေကို သေချာ ပြန်ဖြန့်ရင်း စာပေါ်ကျသွားသော မျက်ရည်တွေကြောင့် မှင်ပြန့်သွားလို့ စာဖတ်မရမှာ စိုးမိသည်။ လက်ရာခြေရာ ပျက်နေတာ မြင်ရင် အကို စိတ်ဆိုးသွားလေမလား။စာလေးတွေကို သေချာပြန်ခေါက်ကာ နဂိုနေရာမှာပဲ သေချာပြန်ထား လိုက်ပြီး မျက်ရည်သုတ်ကာ အခန်းထဲမှ ထွက်လာလိုက်သည်။

"ဇင်"

ကိုသားနှင့် စကားပြောနေစဉ် ခပ်တိုးတိုး ခေါ်သံကြောင့် မော့ကြည့်လိုက်တော့ အကို။အပြုံးများဖြင့် သူ့ကို စီးကြိုနေသည်။ဒါ သူ့ရှေ့မှာ အကို့၏ ဟန်ဆောင်မှုတွေပေါ့။

"လာကြိုတာ စောလှချည်လား ရွှေရင်အေး။"

"အန်တီစိုး အိမ်မှာ TV ကြည့်နေတဲ့ ငယ်လေးတို့ကိုပါ ပြန်ရင် ပြန်ခေါ်ချင်တာနဲ့ စောစောထွက်လာလိုက်တာ အမသီတာ။"

ပြောပြောဆိုဆို သူလည်း ထိုင်ရာမှ ထရပ်လိုက်သည်။

"ခဏနေပါဦး။အိမ်မှာ သာကူကြိုထားတယ်။စောနကမှ ကျက်လို့။ကလေးတွေ အတွက် ယူသွားဦး။"

"ဟုတ်ကဲ့။"

"မနက်ဖြန်ညမှ အေးဆေးတွေ့ကြဦးမယ်။အဲ့ကျမှ ငါ့ကို သေချာပြောပြပေါ့။"

သူ ခေါင်းညိတ်လိုက်ပါသည်။လတ်တလောမှာ တယောက်ကို ရင်ဖွင့်ချင်တာတော့ အမှန်ပင်။ပြန်ဖို့ရန်အတွက် အကို့ကို လှမ်းကြည့်လိုက်ပြီး ခြေလှမ်းပြင်တော့လည်း အကို က နောက်မှာ ခပ်ယို့ယို့လေးပါ။

"ကိုသားရေ မနက်ကျရင် မုန့်လက်ဆောင်းဖတ် လိုချင်လို့ပါ။ဟယ်...အကို။"

ရေစက်ကပဲ မကုန်နိုင်တာလား။တိုက်ဆိုင်မှုကပဲ များလွန်းနေသလားတော့ မသိ။ဒီကောင်မလေးနှင့်ပဲ ခဏခဏ လာတွေ့နေသည်။အကို့နားကို အလိုလို ရောက်သွားသော ကောင်မလေးကို သူ မတားလိုက်နိုင်။ကိုသား က မြင်တော့ ဘာလဲ ဆိုသော အထာနှင့် သူ့ကို ကြည့်ပြီး မျက်ခုံးပင့်ပြသည်။သူလည်း သက်ပြင်းချရင်း ခေါင်းခါပြလိုက်သည်။

"အကိုကော.... မုန့်လက်ဆောင်းဖတ် လာဝယ်တာလား။"

"မဟုတ်ပါဘူး။အမသီတာ ဆီ ခဏလာတာပါ။"

"ဟုတ်လား။ဟိုနေ့ကလေ ညီမ ပေးလိုက်တဲ့ ကြေးအိုးသောက်လို့ ကောင်းလားဟင်။"

အကို သူ့ကို ထိတ်လန့်စွာ လှမ်းကြည့်ပေမယ့် သူ မသိချင်ယောင်ဆောင်ကာ မျက်နှာကို တဖက်သို့ လှည့်လိုက်သည်။အကို ကြယ်သီး သွားဝယ်ရင်း လမ်းကြုံလို့ ဝယ်လာသည့် ကြေးအိုး ဟု အကို့ နှုတ်က ထွက်ခဲ့သည် မဟုတ်လား။အကို မမြင်နိုင်အောင် နှုတ်ခမ်းလေး လှုပ်ရုံသာ ပြုံးလိုက်သည်။အချစ်ဆိုတာ လိမ်ညာတတ်အောင်လည်း သင်ပေးတတ်ပါလား။

"ဟုတ်....ဟုတ် ကျွန်တော် သွားတော့မယ်နော်။"

သူ့နောက်မှာ လိုက်လာသည်ကို သူသိပေမယ့် ခြေလှမ်းတွေကို မရပ်နားမိ။

"ဇင်"

ခေါ်သံကို မလွန်ဆန်နိုင်စွာ ခြေလှမ်းကို ရပ်တန့်လိုက်သည်။ချက်ချင်း ဆိုသလို သူ့ရှေ့သို့ ရောက်လာသော အကို။

"တောင်းပန်ပါတယ် ဇင်။"

"ဘာအတွက်လဲ။"

"တကယ်တော့ ကြေးအိုး က ကြွေရုပ်ကမ္ဘာ ဝယ်ပေးတာပါ။"

ထုံးစံအတိုင်း ကြောက်ရွံ့နေသော လေသံသဲ့သဲ့လေး။

"အကို ကျွန်တော့် ကို အလိမ်စကားတွေ ပြောတတ်နေပြီပဲ။"

"တောင်းပန်ပါတယ်။တကယ်လို့ အမှန်အတိုင်း ပြောလိုက်ရင် ဇင် စိတ်မကောင်း ဖြစ်သွားမှာ စိုးလို့ပါ။"

"အခုကော ကျွန်တော် ပျော်နေရလို့လား။"

"လိမ်ပြောမိတဲ့ အတွက် တောင်းပန်ပါတယ်။နောက်မဖြစ်စေရပါဘူး။"

သူ အကို့ မျက်နှာကို သေချာစိုက်ကြည့်ပြီးမှ ပြောလိုက်သည်။ဝမ်းနည်းရိပ် ထင်နေသော မျက်ဝန်းဟာ အတောင်ပံခတ်သွားလေပြီ။လမ်းမှာ ငိုချတော့မည်ဟန် ရှိနေသောကြောင့် သူ့စိတ်ကို ပြန်လည် ထိန်းချုပ်ရလေသည်။အကို လိမ်ချင်လို့ လိမ်တာ မဟုတ်ဘူး လို့လည်း သူသိသည်။ကောင်မလေး ပေးလိုက်သော ကြေးအိုး ကို မယူမဖြစ် ယူလိုက်ရသည်။ယူလိုက်ပြီးသော ကြေးအိုးကိုလည်း လွှင့်ပစ်လို့ မရ။သွန်ပစ်လို့ မရ။သူ့ကိုလည်း ကောင်မလေး‌ ပေးသော ကြေးအိုး ဟု ပွင့်ပွင့်လင်းလင်း မပြောရဲပေ။မပြောရဲတာလည်း သူ့၏ လုပ်ရပ်ကြောင့်ပင်။ဟိုတလောက ဖြစ်သွားခဲ့ဖူးသည် မဟုတ်လား။ဒီတော့လည်း နောက်တခါ ကြုံရပြန်မည် ဆိုတာ သိတော့လည်း အကို သူ့ကို ဘယ်ပြောရဲပါ့မလဲ။အကို့ အလွန် မဟုတ်ပါ။စကတည်းက သူ့လုပ်ရပ်ကြောင့်သာ ပဲလေ။

အန်တီစိုး အိမ်ရောက်တဲ့အထိ သူတို့နှစ်ယောက် စကားမပြောဖြစ်တော့။ကလေးနှစ်ယောက်ကို ခေါ်ပြီး ပြန်လာသည့် လမ်းတလျှောက်မှာ ဧပရယ် က သူနှင့် အတူ လမ်းလျှောက်ပြီး ငယ်လေးနှင့်အကို ကတော့ သူတို့နောက်ကနေ ခပ်ဖြေးဖြေးလေး လမ်းလျှောက်ရင်း လိုက်လာလေသည်။ငယ်လေး၏ စကားပြောသံ ကတော့ ခပ်စူးစူးလေးနှင့် ကြားနေရသည်။ငယ်လေး မေးနေသော အကြောင်းအရာတွေကို ပြန်ဖြေသော အကို့ အသံကတော့ တိုးတိတ်လွန်းသောကြောင့် သူ မနည်း အာရုံစိုက် နားထောင်မှ သာလျှင် ကြားရပေသည်။ သဲသဲကွဲကွဲတော့ မဟုတ်။

"ဇင် ကျွန်တော့် ကို စိတ်ဆိုးနေသေးလားဟင်။"

ညဘက် နှစ်ယောက် ဆုံဖြစ်တော့ နှစ်ကိုယ်သား ကြားရုံ ခပ်တိုးတိုးလေး လေသံလေးနှင့် ပြောလေသည်။

သူဘာမှပြန်မဖြေဘဲ အကို့ ကို စိုက်ကြည့်နေလိုက်သည်။သူ့ မျက်လုံး၏ အဓိပ္ပာယ်ကို သိဟန်ဖြင့် အကို မျက်လွှာချသွားလေသည်။

"ကျွန်တော် ထပ်ပြီး တောင်းပန်ပါရစေ။နောင်မဖြစ်စေရပါဘူး။ဇင့် ကို စိတ်ဆင်းရဲအောင် နောင် မလုပ်တော့ပါဘူး။"

"ဝမ်းနည်းမနေနဲ့တော့။ကျွန်တော် စိတ်မဆိုးပါဘူး။"

"ဒါဆို ဘာလို့ စကားမပြောဘဲ နေနေတာလဲ။"

သူ စကားသိပ်မပြောတာ အကို ရိပ်မိမည်ဆိုတာ သူသိသည်။ဒါပေမဲ့ လောလောဆယ် သူ အကို့ကို စကားသိပ်မပြောချင်။ပြီးတော့ အကို့ အနားမှာလည်း မနေချင်ဘဲ ခဏတာ ရှောင်ထွက်ချင်၍ ဖြစ်သည်။ထိုစာတွေကို မဟုတ်ဘူး ဆိုတာ သက်သေပြနိုင်သည့် အချိန်ထိ ဆိုရင် ပိုကောင်းမည်။ဒါတွေဟာ မဖြစ်နိုင်။စာတွေကို သူ ဖတ်မိသွားသည် ဆိုတာ အကို တောင် မသိသေးဘဲလေ။ဘယ်လို သက်သေပြမလဲ။ ပါးစပ်က ထုတ်မေးဖို့လည်း သူမဝံ့ရဲပါ။အကို့ဘက်က ဟုတ်ပါသည်ဟု ဝန်ခံလာမည်ကို စာတွေ့ခဲ့ရတာထက် ပိုကြောက်သည်။

"ကျွန်တော် စိတ်မဆိုးဘူးလို့ ပြောပြီးပြီပဲ။ကျွန်တော် ကိုသား အိမ်ခဏ သွားလိုက်ဦးမယ်။"

"ဟင်....ဒီအချိန်ကြီးလား။"

"ခဏပါ။"

စာကျက်နေကြသော ငယ်လေးတို့ကိုပါ နှုတ်ဆက်ပြီး ကိုသား အိမ်သို့ ထွက်လာလိုက်သည်။ကိုသား ကတော့ သူ ပြန်ရောက်လာလို့ အံ့ဩနေသည်။ကိုသား အိမ်၏ ခြံထဲမှာ စကားပြောဖြစ်ကြသည်။

"ကျွန်တော် ကိုသားကို ပြောစရာ ရှိလို့ ပြန်လာခဲ့တာပါ။"

"မင်း ကြည့်ရတာလည်း မအီမလည်နဲ့ ပါလား။စောနက ဟိုကောင်မလေးနဲ့ ကိုဧည့်သည် ကို တွဲမြင်လိုက်ရလို့လား။"

"အဲ့တာလည်း ပါတာပေါ့။"

"အဲ့တာလည်း ပါတာပေါ့ ဆိုတော့ အခြားလည်း ရှိသေးတယ် ဆိုတဲ့ သဘောလား။"

သူ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ပြီးတော့ အကို့ အခန်းထဲမှာ သူတွေ့ခဲ့သည့် စာအကြောင်းကို ကိုသား သိအောင် ပြောပြလိုက်ပါသည်။

"ဟုတ်ပါ့မလားကွာ။မင်းကလဲ။ကိုဧည့်သည် က အဲ့လိုတော့ မလုပ်လောက်ပါဘူး။"

"ကျွန်တော် က လိမ်ပြောတယ်လို့ ကိုသား က ပြောချင်တာလား။"

"ဟာ...ငါဆိုလိုချင်တာ အဲ့လို မဟုတ်မှန်း မင်းသိရက်နဲ့ကွာ။"

"အကို့ အခန်းထဲမှာ ရှိနေတဲ့ စာတွေက အကို ယူလာတာ မဟုတ်ဘဲ သူ့ဖာသာတော့ ခြေထောက်ပေါက်ပြီး ရောက်မလာနိုင်ဘူး မဟုတ်လား။"

"ဒါတော့ ဟုတ်ပါတယ်။ဒါဆို ကိုဧည့်သည်က မင်းမသိအောင်.......။"

"ကျွန်တော် အကို့အပေါ် အတ္တများ အရမ်း ကြီးသွားပြီလား။ကျွန်တော် ဖြစ်ချင်တာ တခုထဲကိုပဲ ရှေ့တန်းတင်ပြီး အကို့ စိတ်ဆန္ဒကို လျစ်လျူရှုမိနေပြီလားဗျာ။ကျွန်တော့်ကိုယ် ကျွန်တော်လည်း သိပ်ကို အထင်ကြီးသွားမိတယ်။အကို ကျွန်တော့် ကို သဘောကျနေပြီ ဆိုတဲ့ အတွေးနဲ့ စိတ်ကြီးဝင်မိနေတယ် ကိုသားရယ်။တကယ်တမ်းကျတော့ အကို့ စိတ်က ကျွန်တော့် ဆီမှာ မရှိဘူး ဆိုတာ သိလိုက်ရပြီ။ကျွန်တော် ဘာဆက်လုပ်ရမလဲဟင် ကိုသား။"

"ဟုတ်ပါ့မလားကွာ။ကိုဧည့်သည် က မင်းမသိအောင် အခြားကောင်မလေး တယောက်အပေါ် စိတ်ယိမ်းနေတယ်ဆိုတာ ဟုတ်ပါ့မလား။"

"သက်သေတောင် ကျွန်တော် မြင်ခဲ့ပြီးပြီပဲ ကိုသားရာ။"

"ကောင်မလေးကို မင်း ဘယ်သူလို့ ထင်လဲ။"

"ကျွန်တော် ပါးစပ်က ဖွင့်မပြောပါရစေနဲ့။ကိုသား လည်း ရိပ်မိမှာပါ။"

သူ ထင်ထားမိသော ကောင်မလေးနှင့် ရွှေရင်အေး ထင်ထားသော ကောင်မလေးဟာ တယောက်တည်း ဖြစ်နေသည် ဆိုတာ မှားစရာတော့ အကြောင်းမရှိ။စိတ်ဓာတ်ကျနေသော ရွှေရင်အေး ကို ကြည့်ပြီး ကိုသားလည်း စိတ်မကောင်း ဖြစ်မိလေသည်။မဟုတ်နိုင်ပါဘူးလို့ ငြင်းခုံဖို့ရာလည်း ကောင်မလေးက ကိုဧည့်သည် ကို အရေးပေးကပ်လွန်းသည်။ကိုဧည့်သည် ပုံစံကတော့ သိသိသာသာ ရှောင်နေသည့် ပုံစံမျိုးပါ။ဒါပေမဲ့လည်း မိန်းကလေးနဲ့ ယောက်ျားလေးလေ။သစ်ငုတ်တိုတောင် နှဲ့ပါများရင် နဲ့လာသေးတာပဲ။ကိုဧည့်သည် ဆိုတာ ဘာသားနဲ့ လုပ်ထားတာမှတ်လို့။ရွှေရင်အေး ကို ကြည့်ပြီး ကိုသားတယောက် ရင်မောစွာ သက်ပြင်း အခါခါ ချနေမိပါသည်။

25.4.2022 Monday.

11:00 pm.

******

ဖတ်ရှုပေးသူ တဦး၊တယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်ရှင့်။စိတ်နဲ့ခန္ဓာ ပျော်ရွှင်ကျန်းမာကြပါစေ။

Continuer la Lecture

Vous Aimerez Aussi

352K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
270K 7.2K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
92.5K 2.5K 24
ရိုးသားကြိုးစားသည့် ကျေးတောသူမလေး"စံပယ်မွှေး"နှင့် မြန်မာ့TopTenစာရင်း၀င် CEOလေး"နေဂုဏ်မာန်"တို့တွေ့ဆုံကြတဲ့အခါမှာ.. 🌼အသက်၉နှစ်ကွာတဲ့သူတို့နှစ်ယောက်...
2.5M 157K 100
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...