system 091

By TeeKo0

1.1M 122K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(4.8)

5.8K 701 6
By TeeKo0

Unicode

"ကိစ္စမရှိပါဘူး.....ခေါက်ဆွဲကြော်ကသာမန်လူစားတဲ့အစားအသောက်တစ်ခုပဲ....သာမန်မဟုတ်တာဘာမှမပါဘူး.....တကယ်လို့မင်းမစားချင်ရင်ငါ့မှာအစာပြေမုန့်တစ်ချို့ပါတယ်....."

ရှောင်ကျန့်မှာဇိုင်းကိုဖွဖွလေးပြုံးပြလိုက်ရင်းသူ့အရှေ့ကအစားအသောက်တွေကိုတစ်ခုမှမထိတော့ပေ။သူ့အနေနဲ့တစ်ခြားသူတွေကိုအမှန်တိုင်းသွားပြောရင်သူ့ကိုအရူးဇာတ်သွင်းသွားနိုင်သည်။သူပြောသည်အားမည်သူကယုံမည်နည်း။

ဘယ်လိုပဲဖြစ်ဖြစ်ဇိုင်းကဒီအစားအသောက်တွေမှာအန္တာရာယ်မရှိကြောင်းပြောထားတာကြောင့်အတော်လေးတော့စိတ်အေးရသည်။

ရှောင်ကျန့်ရဲ့တွန့်ဆုတ်နေသောအပြုအမူကိုသတိထားမိသွားသည့်ပိုင်မင်ကစားနေရင်းတန်းလန်းနှင့်ပင်မေးလာသည်။

"ရန်ဖန်း....မစားဘူးလား"

ရှောင်ကျန့်ကသူ့လက်ထဲကမပါမဖြစ်စာအုပ်လေးထဲ၌စကားလုံးတစ်ချို့အားရေးလိုက်ရင်းပိုင်မင်တို့ဘက်စာအုပ်လေးထောင်ပြလိုက်သည်။

""'ငါရင်နည်းနည်းပြည့်ချင်နေလို့""'

"ကားထဲကငါ့အိတ်ထဲမှာအစာကြေဆေးဘူးပါတယ်.....ငါသွားယူပေးမယ်လေ...."

စကားနည်းသည့်ဝေဝေကဝင်ရောက်ဆိုလာသည်။

ရှောင်ကျန့်မှာချက်ချင်းထယူတော့မည့်ဟန်ဖြင့်ဝေဝေအားမနည်းဆွဲထားလိုက်ရ၏။သူ့မှာဘာမှသိပ်ထွေထွေထူးထူးဖြစ်တာမဟုတ်ကြောင်းအတော်လေးရှင်းပြလိုက်ရသေးသည်။

ကျောင်းသား၊ကျောင်းသူတိုင်းကပျော်ရွှင်စွာစားသောက်နေကြသည်။၎င်းနှင့်ဆန့်ကျင်စွာရှောင်ကျန့်ဟာတော့ပြတင်းပေါက်ကနေတစ်ဆင့်အပြင်ဘက်ရှိညှို့မှိုင်းနေသည့်ကောင်းကင်ကြီးကိုသာနားလည်ရခက်သောမျက်ဝန်းနက်လေးတွေဖြင့်စိုက်ကြည့်နေသည်။

စားသောက်ပြီးစီးသွားသည်နှင့်ဆရာမင်ဟာကျောင်းသားတွေကိုကြည့်ကာအသံကျယ်ကျယ်ဖြင့်မေးမြန်းလိုက်သည်။

"ကျောင်းသားတွေ.....စားပြီးသောက်ပြီးသွားကြပြီလား"

"ဟုတ်...."

"ဒါဆိုမကြာခင်မှာပဲကားစထွက်မယ်"

ဝုန်း!!!!

ဆရာမင်၏စကားဆုံးသည်နှင့်အပြင်ဘက်ရှိကောင်းကင်ကြီးမှာကျယ်လောင်သည့်မိုးချိန်းသံနှင့်အတူတိမ်မဲတွေစတင်စုစည်းလာ၏။လေပြင်းတွေမှာပြင်းပြင်းထန်ထန်တိုက်ခတ်လာပြီးများပြားလှစွာသောမိုးရေစက်တွေမှာမရေတွက်နိုင်အောင်ကျဆင်းလာသည်။

"....."

ကျောင်းသားအုပ်စုမှာအပြောင်းအလဲမြန်လွန်းလှသည့်ရာသီဥတုကြီးကိုပါးစပ်အဟောင်းသားဖြင့်စိုက်ကြည့်နေရုံသာတတ်နိုင်ကြသည်။

"ဆရာ....ဆရာမိုးများခေါ်လိုက်တာလားဟင်"

ဆရာမင် : "....."

ကျောင်းသားတစ်ယောက်၏အရေမရအဖက်မရစကားကြောင့်ဆရာမင်၏နှုတ်ခမ်းမှာချက်ချင်းမဲ့ရွဲ့သွားသည်။

"အဓိပ္ပါယ်မရှိတာတွေ...."

ဝုန်း!!!!

ကျယ်လောင်လွန်းလှသည့်ကြောက်မက်ဖွယ်ရာမိုးချိန်းသံကဆရာမင်၏စကားသံကိုလုံးဝပြတ်တောက်သွားစေသည်။

"ဆရာမင်....မိုးကအရမ်းကြမ်းနေတယ်....ကျွန်တော်တို့သွားရမယ့်လမ်းတွေကတောင်တွေပေါ်ကွေ့ပတ်သွားရတာဆိုတော့ဒီရာသီဥတုနဲ့ဆိုရင်အရမ်းအန္တရာယ်များလွန်းတယ်"

ကားမောင်းသမားတစ်ယောက်ကဆရာမင်ကိုပြောသည်။ဆရာမင်ကလည်းဤသည်ကိုသေချာပေါက်နားလည်သည်။မိုးကနေ့ခင်းနေ့လည်ကြီးဘာကြောင့်ဒီလောက်ထိပြင်းပြင်းထန်ရွာနေမှန်းကိုမသိတော့ပေ။

ဒီလိုမိုးရေထဲမှာဆိုရင်တောင်ပတ်လမ်းတွေကချော်နေတာကြောင့်ကားမတော်တဆမှုဖြစ်နိုင်ချေအရမ်းများသည်။ဆရာမင်ကသူ့ကျောင်းသားတွေရဲ့အသက်ကိုဒီလိုကိစ္စလေးတစ်ခုကြောင့်လောင်းကြေးမထပ်နိုင်ပေ။

"ဆရာမင်....ကျွန်မတို့ဒီမှာပဲမိုးတိတ်တဲ့အထိစောင့်ရင်ကောင်းမယ်ထင်တယ်"

ရှောင်ကျန့်တို့အတန်းရဲ့အတန်းပိုင်ဆရာမလီကဆရာမင်ကိုဝင်ရောက်ဖြောင်းဖြအကြံပေးလာသည်။ဆရာမင်ဟာခေါင်းငြှိမ့်လိုက်ရင်းဆရာမလီရဲ့အကြံကိုသဘောတူလိုက်၏။

"သူဌေး....ဒီကကျောင်းသားတွေအတွက်အုပ်စုလိုက်နေနိုင်ဖို့အခန်းလွတ်ကျယ်ကျယ်လေးတွေများရှိလား...."

"ဒါပေါ့....ကျောင်းသားတွေအတွက်ဆိုတော့သေချာပေါက်ဈေးလျော့ပေးမှာပါ...."

"ကျေးဇူးတင်ပါတယ်သူဌေး...."

တည်းခိုခန်းပိုင်ရှင်ဖန်ဂူကချိုမြန်သည့်အပြုံးလေးတစ်ခုဖြင့်သဘောတူလာသည်။ကျောင်းသားတွေမှာခရီးဆက်မသွားနိုင်သည့်အတွက်အနည်းငယ်ညည်းညူသံတွေထွက်လာကြပေမယ့်ဆရာမင်၏စကားကိုတော့နားထောင်ကြသည်။

တစ်ခြားသူတွေသတိမထားမိခင်မှာပဲတည်းခိုခန်းပိုင်ရှင်ဖန်ဂူ၏မျက်နှာထက်တွက်ခန့်မှန်းမရသည့်ကြောက်မက်ဖွယ်ရာသွေးဆာသောအပြုံးတစ်ခုပေါ်ပေါက်လာသည်။

သူ့ရဲ့မျက်လုံးတွေမှာသွေးနီရောင်အဖြစ်ပြောင်းလဲလာပြီးကျောင်းသားကျောင်းသူတွေကိုသားကောင်တစ်ကောင်ကဲ့သို့စိုက်ကြည့်လာသည်။ရှောင်ကျန့်က၎င်းကိုမျက်လုံးထောင့်ကနေသတိထားမိသည်။

"ဒါကသာမန်မိုးမဟုတ်ဘူး....သာမန်လူတွေကိုထင်ယောင်ထင်မှားဖြစ်အောင်လုပ်ထားတာ....ငါပြန်ဖျက်ပေးလို့ရတယ်...."

ရှောင်ကျန့်ကဇိုင်းရဲ့စကားကြောင့်မျက်လုံးအရောင်လက်သွားသည်။သို့ပေမယ့်သူ့စိတ်ထဲတွင်အုန်းသီးရဲ့ဆန့်ကျင်သည့်အသံမှာနားကန်းမည်ထင်ရလောက်သည့်အထိအသည်းအသန်ထွက်ပေါ်လာသည်။

[host!!!!!ဒီလိုသာလုပ်ရင်မူလဇာတ်ကြောင်းကိုလုံးဝ၊လုံးဝသွေဖယ်သွားလိမ့်မယ်.....ပြီးတော့ဇာတ်လမ်းရဲ့မြှုပ်ကွက်တွေကိုဘယ်လိုရှာဖွေတော့မှာလဲဗျ....pointsတွေအများကြီးလွတ်သွားမှာနော်....]

'ငါသိပါတယ်'

ရှောင်ကျန့်ရဲ့မျက်နှာလေးမှာအနည်းငယ်ရှုံ့မဲ့သွားပေမယ့်အုန်းသီးရဲ့စကားကိုတော့ထောက်ခံလိုက်သည်။

ရှောင်ကျန့်ကဇိုင်းရဲ့ခေါင်းလေးကိုသူ့ရဲ့လက်ဖဝါးလေးနဲ့အုပ်ကိုင်လိုက်ရင်းဘာမှမလုပ်ဖို့ရန်ခေါင်းခါပြလိုက်သည်။

ကျောင်းသားတွေကိုဖန်ဂူကနားနေနိုင်မည့်အခန်းတွေကိုလိုက်ပြပေးသည်။

တစ်ယောက်တစ်ခန်းနေနိုင်သည့်အခန်းတွေလည်းရှိသလိုခုနှစ်ယောက်တစ်ပြိုင်တည်းနေလို့ရသည့်အခန်းတွေလည်းရှိသည်။

ရှောင်ကျန့်ကဇာတ်လိုက်ချင်းထန်၊ဝေထန်စီ၊အက်ဒမ်၊ပိုင်မင်နှင့်အခြားကျောင်းသားနှစ်ယောက်တို့နှင့်ခုနှစ်ယောက်တစ်ခန်းတည်းနေဖို့ရန်ဆွဲခေါ်ခြင်းခံလိုက်ရသည်။

မိန်းကလေးတွေကတော့သီးသန့်တစ်ခြားအခန်းတွေ၌သူ့အခန်းဖြင့်သူစုနေကြသည်။၎င်းကအကုန်အကျသက်သာသလိုမိုးတိတ်တာနဲ့ခရီးဆက်မှာဖြစ်သည့်အတွက်အလွန်အဆင်ပြေလှသည်။

လူတိုင်းကပြင်းထန်သည့်လေပြင်းတွေနဲ့အတူရွာသွန်းနေသည့်မိုးအားတိတ်ရန်စောင့်ဆိုင်းနေကြ၏။သူတို့စောင့်သည်။ဆက်လက်စောင့်သည်။စောင့်ရင်းစောင့်ရင်းဖြင့်မိုးဟာတိတ်လာမည့်အစားပိုမိုပြင်းထန်သထက်ပြင်းထန်လာသည်။နောက်ဆုံးမှာတော့ညနေရောက်သည်အထိမိုးကလုံးဝတိတ်သွားခြင်းမရှိချေ။

ဤသို့ဖြင့်ဆရာမင်နှင့်ဆရာမလီတို့ကဒီတစ်ညတော့တည်းခိုခန်းတွင်အိပ်ဖို့ရန်ဆုံးဖြတ်လိုက်ရုံသာတတ်နိုင်ကြသည်။

ကံကောင်းသည်ကတည်းခိုခန်း၌လိုအပ်သည့်အိပ်ယာအသုံးအဆောင်များမှာအဆင်သင့်ရှိနေခြင်းဖြစ်သည်။

အခန်းထဲတွင်အားလုံးပေါင်းတစ်ယောက်အိပ်ကုတင်ခုနှစ်လုံးရှိသည်။ချင်းထန်သည်သူ့ရဲ့ကုတင်လေးပေါ်တွင်ထိုင်နေရင်းတစ်စုံတစ်ခုအားစဥ်းစားမိသွားသည်။

"ဟေး....ဒီလိုမိုးအေးအေးနဲ့ညအချိန်မှာသရဲပုံပြင်တွေအကြောင်းပြောရင်အကောင်းဆုံးပဲလို့မထင်ဘူးလား...."

"ဝိုး....ဝိုး.....ဒါကိုငါသဘောတူတယ်"

ပိုင်မင်ကသူ့ရဲ့မျက်မှန်ကိုပင့်တင်ရင်းဝင်ရောက်သဘောတူလာသည်။

ထို့နောက်ရှောင်ကျန့်မှာဘုမသိဘမသိဆွဲခေါ်ခံလိုက်ရပြီးကော်ဇောခင်းထားသည့်ကြမ်းပြင်ထက်တွင်တစ်ခြားယောက်ျားလေးတွေနဲ့ဝိုင်းဖွဲ့ထိုင်လိုက်ရ၏။ဇိုင်းကတော့ထုံးစံအတိုင်းရှောင်ကျန့်အနားတွင်သာဖြစ်သည်။

သို့ပေမယ့်ဇိုင်းဟာဒီတစ်ခေါက်တွင်ရှောင်ကျန့်ရဲ့ပေါင်ပေါ်၌ကွေးကွေးလေးဖြင့်ခပ်တည်တည်လာထိုင်သည်။ရှောင်ကျန့်မှာဘာပြောရမှန်းတောင်မသိတော့ပေ။ဒီသေမင်းလေးစိတ်ချမ်းသာရင်ပြီးရောဆိုကာလွှတ်သာပေးထားလိုက်သည်။

"အရင်ဆုံးဘယ်သူစပြောမလဲ"

"ငါ.....ငါ....."

ပိုင်မင်ကထုံးစံအတိုင်းတတ်ကြွနေဟန်ဖြင့်သူ့လက်ကိုထောင်ပြသည်။

"ဟုတ်ပြီ....ပိုင်မင်....မင်းအရင်ပြော"

"အဟမ်း...."

ပိုင်မင်ကချောင်းခဏလောက်ဟမ့်လိုက်ရင်းစကားစလာသည်။

သရဲပုံပြင်ရဲ့အဓိကအချက်မှာပိုင်မင်ရဲ့အဖွားကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်သည်။

ပိုင်မင်ရဲ့အဖွား၁၄နှစ်အရွယ်၌ဖြစ်သည်။

ပိုင်မင်ရဲ့အဖွားမှာရွာလေးတစ်ရွာ၌နေထိုင်ကြသည်။ထိုခေတ်ကာလကစစ်ပွဲတွေဖြင့်သိပ်မငြိမ်းချမ်းပေ။ပိုင်မင်ရဲ့အဖွားမှာအပျိုပေါက်အရွယ်လေးဖြစ်သည်နှင့်အညီအရာရာကိုစူးစမ်းလေ့လာချင်သည်။လူကြီးတွေကမလုပ်နဲ့ဟုဆိုလျှင်ပိုမိုလုပ်ချင်လာသည့်ကလေးတစ်ယောက်ရဲ့ဖီဆန်လိုစိတ်အပြည့်ဖြင့်ကာလ ဆိုလည်းမမှားပေ။

ပိုင်မင်၏အဖွားနေသည့်ရွာလေးတွင် ဒုတိယကမ္ဘာစစ်ကာလကဆောက်လုပ်ထားသည့်အိမ်အိုကြီးတစ်လုံးရှိသည်။၎င်းအိမ်အိုကြီးမှာဒုတိယကမ္ဘာစစ်ကာလ၌ စစ်ဗိုလ်မိသားစုတစ်ခုလုံး အိမ်လုံးကျွတ်ရက်ရက်စက်စက်အသတ်ခံခဲ့ရသည်ဟုဆို၏။

ထိုအိမ်အိုကြီးမှာသရဲအလွန်ခြောက်သည်ဟူ၍နာမည်အရမ်းကြီးသည်။လူကြီးသူမများက၎င်းအိမ်ကြီး၏ခြံဝန်းအနားပင်မကပ်ဖို့ရန်ကလေးတွေကိုဆုံးမလေ့ရှိသည်။

သို့ပေမယ့်ကလေးတွေဟာအပြင်ပန်းတွင်လူကြီးတွေဆုံးမသမျှခေါင်းညှိတ်ကာလက်ခံဟန်ပြသော်လည်းတကယ့်တကယ်တွင်၎င်းခြံဝန်းကြီးထဲသို့ခိုးခိုးသွားတတ်ကြသည်။

ထိုခြံဝန်းထဲတွင်သရက်ပင်၊မလကာပင်၊မက်မွန်ပင်စသည်ဖြင့်စားချင်စဖွယ်အသီးတစ်ချို့မှာသဘာဝအတိုင်းပေါက်ရောက်နေတတ်သည်။ကလေးတစ်ချို့မှာခြံဝန်းထဲသို့ခဏ၊ခဏခိုးဝင်ရသည့်အဓိကအကြောင်းပြချင်မှာအသီးခူးချင်၍က,များသည်။

တစ်နေ့တွင်ပိုင်မင်ရဲ့အဖွားဟာသူ့သူငယ်ချင်းတွေနဲ့အလောင်းအစားလုပ်သည်။အကြောင်းအရင်းကအိမ်အိုကြီးထဲတစ်ယောက်တည်းဝင်ပြီးအိမ်ကြီးရဲ့ကိုယ်ပိုင်ပစ္စည်းတစ်ခုခုကိုယူလာနိုင်ရင်တစ်လတိတိခိုင်းသမျှလုပ်ပေးပါ့မယ်ဆိုသည့်ကတိဖြစ်သည်။

ပိုင်မင်ရဲ့အဖွားကစူးစမ်းချင်စိတ်နဲ့အတူသဘောတူလိုက်၏။ဤသို့ဖြင့်သူမဟာအိမ်အိုကြီးထဲသို့အကြောက်အလန့်မရှိတစ်ယောက်တည်းဝင်ရောက်သွားသည်။

သူမအိမ်ကြီးထဲသို့စဝင်သည်နှင့်တစ်စုံတစ်ယောက်ကသူမကိုတစ်ချိန်လုံးမျက်စိတောက်ထောက်စိုက်ကြည့်နေကြောင်းခံစားလိုက်ရသည်။ပိုင်မင်ရဲ့အဖွားဟာအနည်းငယ်ထိတ်လန့်တုန်လှုပ်သွားရင်းအိမ်အိုကြီးရဲ့အပေါက်ဝနားလေးမှာရှိနေတဲ့သော့လေးတစ်ချောင်းကိုကမန်းကတန်းကောက်ယူရင်းအပြင်သို့ပြေးထွက်သွားသည်။

သူမရဲ့သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါတွင်သူမလက်ထဲကရှေးဟောင်းသော့ကြောင့်အလောင်းအစားတွင်သူမနိုင်သွားသည်။

ဒါပေမယ့်ထိုနေ့ကစပြီးသူမထူးဆန်းတာတွေတစ်ခုမဟုတ်တစ်ခုကြုံလာရသည်။ကြက်သွန်လှီးရင်းဓားရှတာတို့၊ခဏခဏချော်လဲပြီးဒဏ်ရာရတာတို့၊သူမအပေါ်သို့ပစ္စည်းတစ်ခုခုပြုတ်ကျတတ်တာတို့,စသည်ဖြင့်တစ်ခုမဟုတ်တစ်ခုကံဆိုးမိုးမှောင်ကျမှုတွေမရေမတွက်နိုင်အောင်ရှိလာသည်။

ညဘက်တွင်လည်းကြောက်မက်ဖွယ်အိပ်မက်ဆိုးတစ်ခုအမြဲတမ်းမက်သည်။သူမအိပ်မက်ထဲတွင်ခေါင်းပြတ်နေသည့်ကိုယ်ထည်တစ်ခုမှာတစ်ကိုယ်လုံးသွေးတွေစွန်းပေလျက်သူမကိုတစ်စုံတစ်ခုအားပြန်ပေးရန်အတင်းအကြပ်တောင်းခံနေသည်။

ကံဆိုး၊ကံနိမ့်မှုတွေမရေတွက်နိုင်အောင်များပြားလာသောအခါတွင်ပိုင်မင်ရဲ့အဖွားဟာအပြင်းဖျား၊ဖျားပြီးအိပ်ယာထဲတွင်ဗုန်းဗုန်းလဲသည်အထိဖြစ်သွားခဲ့ရ၏။

သူမရဲ့မိသားစုကသူမကိုဆရာမျိုးစုံနဲ့ပြသပေမယ့်မည်သူမှကုသနိုင်ခြင်းမရှိပဲပိုင်မင်ရဲ့အဖွားမှာတနေ့တခြားပိုမိုပိန်ပါး၊ဖြူဖျော့လာသည်ကိုသာကြည့်နေနိုင်ခဲ့သည်။ပိုင်မင်ရဲ့အဖွားမှာသေလုမြောပါးဖြစ်လာပြီးခဏ၊ခဏမျက်ဖြူလန်ကာသတိလစ်နေတော့သည်။

နောက်ဆုံး၌ရွာရဲ့နတ်ဆရာမဖြစ်သူဟာပိုင်မင်ရဲ့အဖွားမှာမကောင်းဆိုးဝါးဝိဥာဥ်တွေပိုင်ဆိုင်သည့်တစ်စုံတစ်ခုအားပိုင်ရှင်ရဲ့ခွင့်ပြုချက်မရပါပဲယူဆောင်ထားသည်ဟုဆိုလာသည်။

ပိုင်မင်ရဲ့အဖွား၊မိသားစုမှာသူမရဲ့သူငယ်ချင်းတွေကိုအတင်းအကြပ်မေးမြန်းသည့်အခါမှသူမယူဆောင်လာသည့်သော့အကြောင်းသိရှိသွားကြသည်။သူမ၏မိသားစုမှာ၎င်းသော့အားရှာဖွေရင်းတွေ့သည်နှင့်ရွာကနတ်ဆရာမအကူအညီဖြင့်၎င်းအိမ်အိုကြီးထဲကမကောင်းဆိုးဝါးတွေကိုတောင်းပန်ရင်းသော့ကိုပြန်အပ်ခဲ့ကြသည်။

ထိုအချိန်မှစ၍သေလုမြောပါးဖြစ်နေသောပိုင်မင်ရဲ့အဖွားမှာမယုံကြည်နိုင်လောက်အောင်လူတိုင်းအရှေ့မှာတင်ပြန်လည်ကောင်းမွန်လာ၏။သူမရဲ့မိသားစုမှာသူမပြန်ကောင်းမွန်လာသည်အားလွန်စွာဝမ်းသာလာကြသလို၊သူမကိုလည်းဆူပူအပြစ်တင်ဆုံးမခဲ့ကြသည်။

ပိုင်မင်ရဲ့အဖွားမှာအတော်လေးနောင်တရသွားခဲ့ကာထိုအချိန်မှစ၍ထိုအိမ်အိုကြီးဘက်မျက်လုံးဖြင့်တောင့်လှည့်မကြည့်ရဲတော့သည်အထိအတော်လေးထိတ်လန့်သွားခဲ့သည်။

"မင်းအဖွားအတော်လေးခံစားခဲ့ရမှာနော်..."

"ဟုတ်တယ်ကွ....အဲ့ဒီအကြောင်းကိုအဖွားကိုယ်တိုင်ငါ့ကိုပြောပြခဲ့တာ....အဲ့တုန်းကအဖွားကြက်သီးတွေထသွားတာကိုငါမှတ်မိနေတုန်းပဲ...."

"မင်းဟာကတကယ်ရောဟုတ်ပါ့မလားကွာ.....ငါတော့သရဲတစ္ဆေတွေ၊မကောင်းဆိုးဝါးတွေရှိတာကိုမယုံပါဘူး...."

"လုပ်ကြံဇာတ်ကြီးလဲဖြစ်နေအုံးမယ်နော်"

"ခွေးကောင်တွေ.....ငါတကယ်ပြောနေတာ"

"ဟား....ဟား......."

ချင်းထန်တို့အုပ်စုကယေဘုယျအားဖြင့်ပိုင်မင်ပြောတာကိုသိပ်မယုံကြည်ကြပေ။ဒါပေမယ့်ရှောင်ကျန့်ကတော့ပိုင်မင်တကယ်ပြောနေမှန်းသိသည်။သူ့အတွက်မကောင်းဆိုးဝါးဝိဥာဥ်တွေဆိုသည်မှာစိမ်းသက်ခြင်းမရှိတော့ပေ။

"နင်တို့ဘာတွေပြောနေကြတာလဲ"

ရုတ်တရတ်သူတို့အနောက်ကထွက်ပေါ်လာသည့်မိန်းကလေးအသံကြောင့်လူတိုင်းမှာလန့်ဖြန့်သွားသည်။

"ဟ.....ချင်ဖေးဖေး....မင်းတို့ကမိန်းကလေးအခန်းမှာမနေပဲငါတို့ယောက်ျားလေးတွေအခန်းထဲကိုဘာလာလုပ်တာလဲ"

ဆံပင်အနီရောင်ဖြင့်ဝေထန်စီကဆူပုတ်နေသည့်မျက်နှာဖြင့်မေးလာသည်။

_________________________________________________________________

Zawgyi

"ကိစၥမရွိပါဘူး.....ေခါက္ဆြဲေၾကာ္ကသာမန္လူစားတဲ့အစားအေသာက္တစ္ခုပဲ....သာမန္မဟုတ္တာဘာမွမပါဘူး.....တကယ္လို႔မင္းမစားခ်င္ရင္ငါ့မွာအစာေျပမုန့္တစ္ခ်ိဳ႕ပါတယ္....."

ေရွာင္က်န့္မွာဇိုင္းကိုဖြဖြေလးၿပဳံးျပလိုက္ရင္းသူ႕အေရွ႕ကအစားအေသာက္ေတြကိုတစ္ခုမွမထိေတာ့ေပ။သူ႕အေနနဲ႕တစ္ျခားသူေတြကိုအမွန္တိုင္းသြားေျပာရင္သူ႕ကိုအ႐ူးဇာတ္သြင္းသြားနိုင္သည္။သူေျပာသည္အားမည္သူကယုံမည္နည္း။

ဘယ္လိုပဲျဖစ္ျဖစ္ဇိုင္းကဒီအစားအေသာက္ေတြမွာအႏၱာရာယ္မရွိေၾကာင္းေျပာထားတာေၾကာင့္အေတာ္ေလးေတာ့စိတ္ေအးရသည္။

ေရွာင္က်န့္ရဲ႕တြန့္ဆုတ္ေနေသာအျပဳအမူကိုသတိထားမိသြားသည့္ပိုင္မင္ကစားေနရင္းတန္းလန္းႏွင့္ပင္ေမးလာသည္။

"ရန္ဖန္း....မစားဘူးလား"

ေရွာင္က်န့္ကသူ႕လက္ထဲကမပါမျဖစ္စာအုပ္ေလးထဲ၌စကားလုံးတစ္ခ်ိဳ႕အားေရးလိုက္ရင္းပိုင္မင္တို႔ဘက္စာအုပ္ေလးေထာင္ျပလိုက္သည္။

""'ငါရင္နည္းနည္းျပည့္ခ်င္ေနလို႔""'

"ကားထဲကငါ့အိတ္ထဲမွာအစာေၾကေဆးဘူးပါတယ္.....ငါသြားယူေပးမယ္ေလ...."

စကားနည္းသည့္ေဝေဝကဝင္ေရာက္ဆိုလာသည္။

ေရွာင္က်န့္မွာခ်က္ခ်င္းထယူေတာ့မည့္ဟန္ျဖင့္ေဝေဝအားမနည္းဆြဲထားလိုက္ရ၏။သူ႕မွာဘာမွသိပ္ေထြေထြထူးထူးျဖစ္တာမဟုတ္ေၾကာင္းအေတာ္ေလးရွင္းျပလိုက္ရေသးသည္။

ေက်ာင္းသား၊ေက်ာင္းသူတိုင္းကေပ်ာ္႐ႊင္စြာစားေသာက္ေနၾကသည္။၎ႏွင့္ဆန့္က်င္စြာေရွာင္က်န့္ဟာေတာ့ျပတင္းေပါက္ကေနတစ္ဆင့္အျပင္ဘက္ရွိညွို႔မွိုင္းေနသည့္ေကာင္းကင္ႀကီးကိုသာနားလည္ရခက္ေသာမ်က္ဝန္းနက္ေလးေတြျဖင့္စိုက္ၾကည့္ေနသည္။

စားေသာက္ၿပီးစီးသြားသည္ႏွင့္ဆရာမင္ဟာေက်ာင္းသားေတြကိုၾကည့္ကာအသံက်ယ္က်ယ္ျဖင့္ေမးျမန္းလိုက္သည္။

"ေက်ာင္းသားေတြ.....စားၿပီးေသာက္ၿပီးသြားၾကၿပီလား"

"ဟုတ္...."

"ဒါဆိုမၾကာခင္မွာပဲကားစထြက္မယ္"

ဝုန္း!!!!

ဆရာမင္၏စကားဆုံးသည္ႏွင့္အျပင္ဘက္ရွိေကာင္းကင္ႀကီးမွာက်ယ္ေလာင္သည့္မိုးခ်ိန္းသံႏွင့္အတူတိမ္မဲေတြစတင္စုစည္းလာ၏။ေလျပင္းေတြမွာျပင္းျပင္းထန္ထန္တိုက္ခတ္လာၿပီးမ်ားျပားလွစြာေသာမိုးေရစက္ေတြမွာမေရတြက္နိုင္ေအာင္က်ဆင္းလာသည္။

"....."

ေက်ာင္းသားအုပ္စုမွာအေျပာင္းအလဲျမန္လြန္းလွသည့္ရာသီဥတုႀကီးကိုပါးစပ္အေဟာင္းသားျဖင့္စိုက္ၾကည့္ေန႐ုံသာတတ္နိုင္ၾကသည္။

"ဆရာ....ဆရာမိုးမ်ားေခၚလိုက္တာလားဟင္"

ဆရာမင္ : "....."

ေက်ာင္းသားတစ္ေယာက္၏အေရမရအဖက္မရစကားေၾကာင့္ဆရာမင္၏ႏႈတ္ခမ္းမွာခ်က္ခ်င္းမဲ့႐ြဲ႕သြားသည္။

"အဓိပ္ပါယ်မရှိတာတွေ...."

ဝုန္း!!!!

က်ယ္ေလာင္လြန္းလွသည့္ေၾကာက္မက္ဖြယ္ရာမိုးခ်ိန္းသံကဆရာမင္၏စကားသံကိုလုံးဝျပတ္ေတာက္သြားေစသည္။

"ဆရာမင္....မိုးကအရမ္းၾကမ္းေနတယ္....ကြၽန္ေတာ္တို႔သြားရမယ့္လမ္းေတြကေတာင္ေတြေပၚေကြ႕ပတ္သြားရတာဆိုေတာ့ဒီရာသီဥတုနဲ႕ဆိုရင္အရမ္းအႏၱရာယ္မ်ားလြန္းတယ္"

ကားေမာင္းသမားတစ္ေယာက္ကဆရာမင္ကိုေျပာသည္။ဆရာမင္ကလည္းဤသည္ကိုေသခ်ာေပါက္နားလည္သည္။မိုးကေန႕ခင္းေန႕လည္ႀကီးဘာေၾကာင့္ဒီေလာက္ထိျပင္းျပင္းထန္႐ြာေနမွန္းကိုမသိေတာ့ေပ။

ဒီလိုမိုးေရထဲမွာဆိုရင္ေတာင္ပတ္လမ္းေတြကေခ်ာ္ေနတာေၾကာင့္ကားမေတာ္တဆမႈျဖစ္နိုင္ေခ်အရမ္းမ်ားသည္။ဆရာမင္ကသူ႕ေက်ာင္းသားေတြရဲ႕အသက္ကိုဒီလိုကိစၥေလးတစ္ခုေၾကာင့္ေလာင္းေၾကးမထပ္နိုင္ေပ။

"ဆရာမင္....ကြၽန္မတို႔ဒီမွာပဲမိုးတိတ္တဲ့အထိေစာင့္ရင္ေကာင္းမယ္ထင္တယ္"

ေရွာင္က်န့္တို႔အတန္းရဲ႕အတန္းပိုင္ဆရာမလီကဆရာမင္ကိုဝင္ေရာက္ေျဖာင္းျဖအႀကံေပးလာသည္။ဆရာမင္ဟာေခါင္းျငႇိမ့္လိုက္ရင္းဆရာမလီရဲ႕အႀကံကိုသေဘာတူလိုက္၏။

"သူေဌး....ဒီကေက်ာင္းသားေတြအတြက္အုပ္စုလိုက္ေနနိုင္ဖို႔အခန္းလြတ္က်ယ္က်ယ္ေလးေတြမ်ားရွိလား...."

"ဒါေပါ့....ေက်ာင္းသားေတြအတြက္ဆိုေတာ့ေသခ်ာေပါက္ေဈးေလ်ာ့ေပးမွာပါ...."

"ေက်းဇူးတင္ပါတယ္သူေဌး...."

တည္းခိုခန္းပိုင္ရွင္ဖန္ဂူကခ်ိဳျမန္သည့္အၿပဳံးေလးတစ္ခုျဖင့္သေဘာတူလာသည္။ေက်ာင္းသားေတြမွာခရီးဆက္မသြားနိုင္သည့္အတြက္အနည္းငယ္ညည္းၫူသံေတြထြက္လာၾကေပမယ့္ဆရာမင္၏စကားကိုေတာ့နားေထာင္ၾကသည္။

တစ္ျခားသူေတြသတိမထားမိခင္မွာပဲတည္းခိုခန္းပိုင္ရွင္ဖန္ဂူ၏မ်က္ႏွာထက္တြက္ခန့္မွန္းမရသည့္ေၾကာက္မက္ဖြယ္ရာေသြးဆာေသာအၿပဳံးတစ္ခုေပၚေပါက္လာသည္။

သူ႕ရဲ႕မ်က္လုံးေတြမွာေသြးနီေရာင္အျဖစ္ေျပာင္းလဲလာၿပီးေက်ာင္းသားေက်ာင္းသူေတြကိုသားေကာင္တစ္ေကာင္ကဲ့သို႔စိုက္ၾကည့္လာသည္။ေရွာင္က်န့္က၎ကိုမ်က္လုံးေထာင့္ကေနသတိထားမိသည္။

"ဒါကသာမန္မိုးမဟုတ္ဘူး....သာမန္လူေတြကိုထင္ေယာင္ထင္မွားျဖစ္ေအာင္လုပ္ထားတာ....ငါျပန္ဖ်က္ေပးလို႔ရတယ္...."

ေရွာင္က်န့္ကဇိုင္းရဲ႕စကားေၾကာင့္မ်က္လုံးအေရာင္လက္သြားသည္။သို႔ေပမယ့္သူ႕စိတ္ထဲတြင္အုန္းသီးရဲ႕ဆန့္က်င္သည့္အသံမွာနားကန္းမည္ထင္ရေလာက္သည့္အထိအသည္းအသန္ထြက္ေပၚလာသည္။

[host!!!!!ဒီလိုသာလုပ္ရင္မူလဇာတ္ေၾကာင္းကိုလုံးဝ၊လုံးဝေသြဖယ္သြားလိမ့္မယ္.....ၿပီးေတာ့ဇာတ္လမ္းရဲ႕ျမႇုပ္ကြက္ေတြကိုဘယ္လိုရွာေဖြေတာ့မွာလဲဗ်....pointsေတြအမ်ားႀကီးလြတ္သြားမွာေနာ္....]

'ငါသိပါတယ္'

ေရွာင္က်န့္ရဲ႕မ်က္ႏွာေလးမွာအနည္းငယ္ရႈံ႕မဲ့သြားေပမယ့္အုန္းသီးရဲ႕စကားကိုေတာ့ေထာက္ခံလိုက္သည္။

ေရွာင္က်န့္ကဇိုင္းရဲ႕ေခါင္းေလးကိုသူ႕ရဲ႕လက္ဖဝါးေလးနဲ႕အုပ္ကိုင္လိုက္ရင္းဘာမွမလုပ္ဖို႔ရန္ေခါင္းခါျပလိုက္သည္။

ေက်ာင္းသားေတြကိုဖန္ဂူကနားေနနိုင္မည့္အခန္းေတြကိုလိုက္ျပေပးသည္။

တစ္ေယာက္တစ္ခန္းေနနိုင္သည့္အခန္းေတြလည္းရွိသလိုခုႏွစ္ေယာက္တစ္ၿပိဳင္တည္းေနလို႔ရသည့္အခန္းေတြလည္းရွိသည္။

ေရွာင္က်န့္ကဇာတ္လိုက္ခ်င္းထန္၊ေဝထန္စီ၊အက္ဒမ္၊ပိုင္မင္ႏွင့္အျခားေက်ာင္းသားႏွစ္ေယာက္တို႔ႏွင့္ခုႏွစ္ေယာက္တစ္ခန္းတည္းေနဖို႔ရန္ဆြဲေခၚျခင္းခံလိုက္ရသည္။

မိန္းကေလးေတြကေတာ့သီးသန့္တစ္ျခားအခန္းေတြ၌သူ႕အခန္းျဖင့္သူစုေနၾကသည္။၎ကအကုန္အက်သက္သာသလိုမိုးတိတ္တာနဲ႕ခရီးဆက္မွာျဖစ္သည့္အတြက္အလြန္အဆင္ေျပလွသည္။

လူတိုင္းကျပင္းထန္သည့္ေလျပင္းေတြနဲ႕အတူ႐ြာသြန္းေနသည့္မိုးအားတိတ္ရန္ေစာင့္ဆိုင္းေနၾက၏။သူတို႔ေစာင့္သည္။ဆက္လက္ေစာင့္သည္။ေစာင့္ရင္းေစာင့္ရင္းျဖင့္မိုးဟာတိတ္လာမည့္အစားပိုမိုျပင္းထန္သထက္ျပင္းထန္လာသည္။ေနာက္ဆုံးမွာေတာ့ညေနေရာက္သည္အထိမိုးကလုံးဝတိတ္သြားျခင္းမရွိေခ်။

ဤသို႔ျဖင့္ဆရာမင္ႏွင့္ဆရာမလီတို႔ကဒီတစ္ညေတာ့တည္းခိုခန္းတြင္အိပ္ဖို႔ရန္ဆုံးျဖတ္လိုက္႐ုံသာတတ္နိုင္ၾကသည္။

ကံေကာင္းသည္ကတည္းခိုခန္း၌လိုအပ္သည့္အိပ္ယာအသုံးအေဆာင္မ်ားမွာအဆင္သင့္ရွိေနျခင္းျဖစ္သည္။

အခန္းထဲတြင္အားလုံးေပါင္းတစ္ေယာက္အိပ္ကုတင္ခုႏွစ္လုံးရွိသည္။ခ်င္းထန္သည္သူ႕ရဲ႕ကုတင္ေလးေပၚတြင္ထိုင္ေနရင္းတစ္စုံတစ္ခုအားစဥ္းစားမိသြားသည္။

"ေဟး....ဒီလိုမိုးေအးေအးနဲ႕ညအခ်ိန္မွာသရဲပုံျပင္ေတြအေၾကာင္းေျပာရင္အေကာင္းဆုံးပဲလို႔မထင္ဘူးလား...."

"ဝိုး....ဝိုး.....ဒါကိုငါသေဘာတူတယ္"

ပိုင္မင္ကသူ႕ရဲ႕မ်က္မွန္ကိုပင့္တင္ရင္းဝင္ေရာက္သေဘာတူလာသည္။

ထို႔ေနာက္ေရွာင္က်န့္မွာဘုမသိဘမသိဆြဲေခၚခံလိုက္ရၿပီးေကာ္ေဇာခင္းထားသည့္ၾကမ္းျပင္ထက္တြင္တစ္ျခားေယာက္်ားေလးေတြနဲ႕ဝိုင္းဖြဲ႕ထိုင္လိုက္ရ၏။ဇိုင္းကေတာ့ထုံးစံအတိုင္းေရွာင္က်န့္အနားတြင္သာျဖစ္သည္။

သို႔ေပမယ့္ဇိုင္းဟာဒီတစ္ေခါက္တြင္ေရွာင္က်န့္ရဲ႕ေပါင္ေပၚ၌ေကြးေကြးေလးျဖင့္ခပ္တည္တည္လာထိုင္သည္။ေရွာင္က်န့္မွာဘာေျပာရမွန္းေတာင္မသိေတာ့ေပ။ဒီေသမင္းေလးစိတ္ခ်မ္းသာရင္ၿပီးေရာဆိုကာလႊတ္သာေပးထားလိုက္သည္။

"အရင္ဆုံးဘယ္သူစေျပာမလဲ"

"ငါ.....ငါ....."

ပိုင္မင္ကထုံးစံအတိုင္းတတ္ႂကြေနဟန္ျဖင့္သူ႕လက္ကိုေထာင္ျပသည္။

"ဟုတ္ၿပီ....ပိုင္မင္....မင္းအရင္ေျပာ"

"အဟမ္း...."

ပိုင္မင္ကေခ်ာင္းခဏေလာက္ဟမ့္လိုက္ရင္းစကားစလာသည္။

သရဲပုံျပင္ရဲ႕အဓိကအခ်က္မွာပိုင္မင္ရဲ႕အဖြားကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရသည့္ျဖစ္ရပ္မွန္ဇာတ္လမ္းျဖစ္သည္။

ပိုင္မင္ရဲ႕အဖြား၁၄ႏွစ္အ႐ြယ္၌ျဖစ္သည္။

ပိုင္မင္ရဲ႕အဖြားမွာ႐ြာေလးတစ္႐ြာ၌ေနထိုင္ၾကသည္။ထိုေခတ္ကာလကစစ္ပြဲေတြျဖင့္သိပ္မၿငိမ္းခ်မ္းေပ။ပိုင္မင္ရဲ႕အဖြားမွာအပ်ိဳေပါက္အ႐ြယ္ေလးျဖစ္သည္ႏွင့္အညီအရာရာကိုစူးစမ္းေလ့လာခ်င္သည္။လူႀကီးေတြကမလုပ္နဲ႕ဟုဆိုလွ်င္ပိုမိုလုပ္ခ်င္လာသည့္ကေလးတစ္ေယာက္ရဲ႕ဖီဆန္လိုစိတ္အျပည့္ျဖင့္ကာလ ဆိုလည္းမမွားေပ။

ပိုင္မင္၏အဖြားေနသည့္႐ြာေလးတြင္ ဒုတိယကမၻာစစ္ကာလကေဆာက္လုပ္ထားသည့္အိမ္အိုႀကီးတစ္လုံးရွိသည္။၎အိမ္အိုႀကီးမွာဒုတိယကမၻာစစ္ကာလ၌ စစ္ဗိုလ္မိသားစုတစ္ခုလုံး အိမ္လုံးကြၽတ္ရက္ရက္စက္စက္အသတ္ခံခဲ့ရသည္ဟုဆို၏။

ထိုအိမ္အိုႀကီးမွာသရဲအလြန္ေျခာက္သည္ဟူ၍နာမည္အရမ္းႀကီးသည္။လူႀကီးသူမမ်ားက၎အိမ္ႀကီး၏ၿခံဝန္းအနားပင္မကပ္ဖို႔ရန္ကေလးေတြကိုဆုံးမေလ့ရွိသည္။

သို႔ေပမယ့္ကေလးေတြဟာအျပင္ပန္းတြင္လူႀကီးေတြဆုံးမသမွ်ေခါင္းညွိတ္ကာလက္ခံဟန္ျပေသာ္လည္းတကယ့္တကယ္တြင္၎ၿခံဝန္းႀကီးထဲသို႔ခိုးခိုးသြားတတ္ၾကသည္။

ထိုၿခံဝန္းထဲတြင္သရက္ပင္၊မလကာပင္၊မက္မြန္ပင္စသည္ျဖင့္စားခ်င္စဖြယ္အသီးတစ္ခ်ိဳ႕မွာသဘာဝအတိုင္းေပါက္ေရာက္ေနတတ္သည္။ကေလးတစ္ခ်ိဳ႕မွာၿခံဝန္းထဲသို႔ခဏ၊ခဏခိုးဝင္ရသည့္အဓိကအေၾကာင္းျပခ်င္မွာအသီးခူးခ်င္၍က,မ်ားသည္။

တစ္ေန႕တြင္ပိုင္မင္ရဲ႕အဖြားဟာသူ႕သူငယ္ခ်င္းေတြနဲ႕အေလာင္းအစားလုပ္သည္။အေၾကာင္းအရင္းကအိမ္အိုႀကီးထဲတစ္ေယာက္တည္းဝင္ၿပီးအိမ္ႀကီးရဲ႕ကိုယ္ပိုင္ပစၥည္းတစ္ခုခုကိုယူလာနိုင္ရင္တစ္လတိတိခိုင္းသမွ်လုပ္ေပးပါ့မယ္ဆိုသည့္ကတိျဖစ္သည္။

ပိုင္မင္ရဲ႕အဖြားကစူးစမ္းခ်င္စိတ္နဲ႕အတူသေဘာတူလိုက္၏။ဤသို႔ျဖင့္သူမဟာအိမ္အိုႀကီးထဲသို႔အေၾကာက္အလန့္မရွိတစ္ေယာက္တည္းဝင္ေရာက္သြားသည္။

သူမအိမ္ႀကီးထဲသို႔စဝင္သည္ႏွင့္တစ္စုံတစ္ေယာက္ကသူမကိုတစ္ခ်ိန္လုံးမ်က္စိေတာက္ေထာက္စိုက္ၾကည့္ေနေၾကာင္းခံစားလိုက္ရသည္။ပိုင္မင္ရဲ႕အဖြားဟာအနည္းငယ္ထိတ္လန့္တုန္လႈပ္သြားရင္းအိမ္အိုႀကီးရဲ႕အေပါက္ဝနားေလးမွာရွိေနတဲ့ေသာ့ေလးတစ္ေခ်ာင္းကိုကမန္းကတန္းေကာက္ယူရင္းအျပင္သို႔ေျပးထြက္သြားသည္။

သူမရဲ႕သူငယ္ခ်င္းေတြနဲ႕ေတြ႕တဲ့အခါတြင္သူမလက္ထဲကေရွးေဟာင္းေသာ့ေၾကာင့္အေလာင္းအစားတြင္သူမနိုင္သြားသည္။

ဒါေပမယ့္ထိုေန႕ကစၿပီးသူမထူးဆန္းတာေတြတစ္ခုမဟုတ္တစ္ခုႀကဳံလာရသည္။ၾကက္သြန္လွီးရင္းဓားရွတာတို႔၊ခဏခဏေခ်ာ္လဲၿပီးဒဏ္ရာရတာတို႔၊သူမအေပၚသို႔ပစၥည္းတစ္ခုခုျပဳတ္က်တတ္တာတို႔,စသည္ျဖင့္တစ္ခုမဟုတ္တစ္ခုကံဆိုးမိုးေမွာင္က်မႈေတြမေရမတြက္နိုင္ေအာင္ရွိလာသည္။

ညဘက္တြင္လည္းေၾကာက္မက္ဖြယ္အိပ္မက္ဆိုးတစ္ခုအၿမဲတမ္းမက္သည္။သူမအိပ္မက္ထဲတြင္ေခါင္းျပတ္ေနသည့္ကိုယ္ထည္တစ္ခုမွာတစ္ကိုယ္လုံးေသြးေတြစြန္းေပလ်က္သူမကိုတစ္စုံတစ္ခုအားျပန္ေပးရန္အတင္းအၾကပ္ေတာင္းခံေနသည္။

ကံဆိုး၊ကံနိမ့္မႈေတြမေရတြက္နိုင္ေအာင္မ်ားျပားလာေသာအခါတြင္ပိုင္မင္ရဲ႕အဖြားဟာအျပင္းဖ်ား၊ဖ်ားၿပီးအိပ္ယာထဲတြင္ဗုန္းဗုန္းလဲသည္အထိျဖစ္သြားခဲ့ရ၏။

သူမရဲ႕မိသားစုကသူမကိုဆရာမ်ိဳးစုံနဲ႕ျပသေပမယ့္မည္သူမွကုသနိုင္ျခင္းမရွိပဲပိုင္မင္ရဲ႕အဖြားမွာတေန႕တျခားပိုမိုပိန္ပါး၊ျဖဴေဖ်ာ့လာသည္ကိုသာၾကည့္ေနနိုင္ခဲ့သည္။ပိုင္မင္ရဲ႕အဖြားမွာေသလုေျမာပါးျဖစ္လာၿပီးခဏ၊ခဏမ်က္ျဖဴလန္ကာသတိလစ္ေနေတာ့သည္။

ေနာက္ဆုံး၌႐ြာရဲ႕နတ္ဆရာမျဖစ္သူဟာပိုင္မင္ရဲ႕အဖြားမွာမေကာင္းဆိုးဝါးဝိဥာဥ္ေတြပိုင္ဆိုင္သည့္တစ္စုံတစ္ခုအားပိုင္ရွင္ရဲ႕ခြင့္ျပဳခ်က္မရပါပဲယူေဆာင္ထားသည္ဟုဆိုလာသည္။

ပိုင္မင္ရဲ႕အဖြား၊မိသားစုမွာသူမရဲ႕သူငယ္ခ်င္းေတြကိုအတင္းအၾကပ္ေမးျမန္းသည့္အခါမွသူမယူေဆာင္လာသည့္ေသာ့အေၾကာင္းသိရွိသြားၾကသည္။သူမ၏မိသားစုမွာ၎ေသာ့အားရွာေဖြရင္းေတြ႕သည္ႏွင့္႐ြာကနတ္ဆရာမအကူအညီျဖင့္၎အိမ္အိုႀကီးထဲကမေကာင္းဆိုးဝါးေတြကိုေတာင္းပန္ရင္းေသာ့ကိုျပန္အပ္ခဲ့ၾကသည္။

ထိုအခ်ိန္မွစ၍ေသလုေျမာပါးျဖစ္ေနေသာပိုင္မင္ရဲ႕အဖြားမွာမယုံၾကည္နိုင္ေလာက္ေအာင္လူတိုင္းအေရွ႕မွာတင္ျပန္လည္ေကာင္းမြန္လာ၏။သူမရဲ႕မိသားစုမွာသူမျပန္ေကာင္းမြန္လာသည္အားလြန္စြာဝမ္းသာလာၾကသလို၊သူမကိုလည္းဆူပူအျပစ္တင္ဆုံးမခဲ့ၾကသည္။

ပိုင္မင္ရဲ႕အဖြားမွာအေတာ္ေလးေနာင္တရသြားခဲ့ကာထိုအခ်ိန္မွစ၍ထိုအိမ္အိုႀကီးဘက္မ်က္လုံးျဖင့္ေတာင့္လွည့္မၾကည့္ရဲေတာ့သည္အထိအေတာ္ေလးထိတ္လန့္သြားခဲ့သည္။

"မင္းအဖြားအေတာ္ေလးခံစားခဲ့ရမွာေနာ္..."

"ဟုတ္တယ္ကြ....အဲ့ဒီအေၾကာင္းကိုအဖြားကိုယ္တိုင္ငါ့ကိုေျပာျပခဲ့တာ....အဲ့တုန္းကအဖြားၾကက္သီးေတြထသြားတာကိုငါမွတ္မိေနတုန္းပဲ...."

"မင္းဟာကတကယ္ေရာဟုတ္ပါ့မလားကြာ.....ငါေတာ့သရဲတစ္ေဆေတြ၊မေကာင္းဆိုးဝါးေတြရွိတာကိုမယုံပါဘူး...."

"လုပ္ႀကံဇာတ္ႀကီးလဲျဖစ္ေနအုံးမယ္ေနာ္"

"ေခြးေကာင္ေတြ.....ငါတကယ္ေျပာေနတာ"

"ဟား....ဟား......."

ခ်င္းထန္တို႔အုပ္စုကေယဘုယ်အားျဖင့္ပိုင္မင္ေျပာတာကိုသိပ္မယုံၾကည္ၾကေပ။ဒါေပမယ့္ေရွာင္က်န့္ကေတာ့ပိုင္မင္တကယ္ေျပာေနမွန္းသိသည္။သူ႕အတြက္မေကာင္းဆိုးဝါးဝိဥာဥ္ေတြဆိုသည္မွာစိမ္းသက္ျခင္းမရွိေတာ့ေပ။

"နင္တို႔ဘာေတြေျပာေနၾကတာလဲ"

႐ုတ္တရတ္သူတို႔အေနာက္ကထြက္ေပၚလာသည့္မိန္းကေလးအသံေၾကာင့္လူတိုင္းမွာလန့္ျဖန့္သြားသည္။

"ဟ.....ခ်င္ေဖးေဖး....မင္းတို႔ကမိန္းကေလးအခန္းမွာမေနပဲငါတို႔ေယာက္်ားေလးေတြအခန္းထဲကိုဘာလာလုပ္တာလဲ"

ဆံပင္အနီေရာင္ျဖင့္ေဝထန္စီကဆူပုတ္ေနသည့္မ်က္ႏွာျဖင့္ေမးလာသည္။

_________________________________________________________________

Continue Reading

You'll Also Like

315K 11.4K 46
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
95.7K 10.4K 120
အာဃာတနဲ့မေတ္တာ၊ ဦးနှောက်နဲ့ နှလုံးသား။ တိုင်းပြည်နဲ့လူမျိုး ၊ တာဝန်နဲ့ဝတ္တရား။ ဘယ်ကိုဆက်လျှောက် လမ်းပျောက်နေတဲ့အခါ... ဤနေရာမှာခြေစုံရပ်လို့။ အနောက်...
12.5K 755 10
[Unicode] Xiao hei Bai ဟာတရုတ်ပြည်ရဲ့top3 ကုမ္မဏီတွေထဲကတစ်ခုကိုဦးစီးတဲ့ ငယ်ရွယ်ထက်မြတ်တဲ့Ceo တစ်ယောက် တစ်နေ့အလုပ်ကိစ္စနဲ့ခရီးသွားရင်းလမ်းမှာကား acci...