ထိုမှစခဲ့သော အချစ်များစွာသည်

By Fiendyy

638K 69.1K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... More

INTRO
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206
207 + 208
209 + 210

108

2.5K 237 3
By Fiendyy

အခန်း [ ၁၀၈ ]

" ဒါကတော့ သူ့ဟာနဲ့သူ တစ်ဖက်သတ်ကြီး ခေါ်လို့ရတယ်လို့ ထင်နေတာလေ၊ ကိုယ် ပြန်ထူးတာ မင်း ကြားလို့လား "
ဟန်ကျိုးလီသည် တောင့်တင်းသန်မာသော လက်ဖျံနှစ်ဖက်ကို ချဲထိုင်ထားသော ခြေတံရှည်တွေပေါ်မှာ မှေးတင်ယှက်ထားလိုက်ပြီးမှ ကိုယ်ကို ရှေ့သို့ ညွတ်၏။

အလယ်မှာ စားပွဲပုလေးခြားနေပေမယ့် လုမန် ရင်ထဲမှာတော့ ဗြောင်းဆန်နေသည်။

ဟန်ကျိုးလီက သူ့ဘာသာ စားပွဲနားနီးအောင် ခါးကိုင်း တိုးလိုက်တာပေမယ့် သူမကတော့ လူချင်းအရမ်းနီးသွားသလို ခံစားနေရ၏။

စိတ်တွေလည်း ရှုပ်ထွေးနောက်ကျိနေသည့်တိုင် ဟန်ကျိုးလီပြောတာကို ဖြည်းဖြည်းချင်း စဥ်းစားကြည့်လိုက်တော့ သိုက်ယီးရန်ခေါ်တာကို သူ လုံးဝ ပြန်မထူးခဲ့သည့်ပုံပင်။

" ဘယ့်နှယ်လဲ ကိုယ် ထူးမထူးသိရအောင် မင်းခေါ်ကြည့်ပါလား "
ဟန်ကျိုးလီက အသံကို နှိမ့်ချပြီး ပြောသည်။

လူကို ဖြားယောင်းမြှူဆွယ်နေသလို အက်ရှရှအသံကြောင့် လုမန် ကတုန်ကယင်ဖြစ်လာကာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းလေးတွေ ထိုးထိုးထောင်ထောင် ထလာတော့၏။

ခြေထောက်တွေ နုံးချည့်ပျော့ခွေလာခဲ့ခြင်းဟာ ဟန်ကျိုးလီရဲ့အသံကြောင့်လား..

ဒါပေမယ့် အသံနှင့်နှိုင်းယှဥ်ရလျှင် သူ့မျက်နှာကတော့ အတော် လေးနက်တည်ကြည်နေ၏။

မဟုတ်ရင် သဘောရှိ ကရောဟိ လာလုပ်နေသလားလို့ တွေးမိမည်ပင်။

ပါးစပ်ကလေးပြင်လိုက်ပေမယ့် လုမန် အသံတိတ်နေခဲ့မိ၏။ အတော်ကြာမှ..
" ကုမ္ပဏီမှာ မသင့်တော်ဘူးမို့လား "

" လူမြင်ကွင်းမှာမို့လို့ သူဌေးလို့ ခေါ်တာက ကိစ္စမရှိဘူး "

ဟန်ကျိုးလီ ​ပြောလိုက်သည်။ တကယ်တော့ လူမြင်ကွင်းမှာ အစ်ကိုဟန်လို့ ခေါ်စေချင်တာပါ။ ဒါပေမယ့် လုမန် ဘယ်တော့မှ မခေါ်မှာကိုလည်း သိနေသည်။

" ကိုယ်တို့နှစ်ယောက်တည်းရှိနေတဲ့အချိန်မှာတော့ ဒီလောက်ခပ်တန်းတန်းနေဖို့ မလိုပါဘူး၊ ဟုတ်တယ်မို့လား "

လူမြင်ကွင်းမှာ ခေါ်ဖို့တောင်းဆိုနေတာမဟုတ်သဖြင့် လုမန်က ခေါင်းညိတ်သဘောတူ၏။

" ဟုတ်ကဲ့ "

သဘောတူလိုက်တော့ ဟန်ကျိုးလီမျက်ဝန်းတွေပီတိဖြစ်သွားပြီး အပြုံးတွေအသက်ဝင်လာ၏။
" ဒါဆို တစ်ခါလောက် ခေါ်ကြည့် "

လုမန် ပါးစပ်ပြင်လိုက်သည်။ တကယ်လည်း ခေါ်ချင်ပါလျက်နှင့် ဒီစကားလုံးတွေ ပါးစပ်ကနေ ထွက်သွားရေးဟာ သိပ်ခက်ခဲနေသည်။

လျှာက လိပ်နေသလိုလို .. ဘယ်လိုလုပ်လုပ် အသံက မထွက်ဘဲ ပျောက်နေခဲ့၏။

" သူဌေး နေ့လယ်စာတွေ ရပါပြီ "
ရုတ်တရက်ကြီး ကျန့်ထျန်းမင်က တံခါးခေါက်သံပေးပြီး အထဲဝင်လာခဲ့၏။

ဟန်ကျိုးလီ စိတ်ပျက်သလို အံကြိတ်ပစ်လိုက်သည်။ ကျန့်ထျန်းမင် ဘယ်အချိန်ဖြစ်ဖြစ် ဝင်လာလို့ရလိုက်သားနဲ့ အချိန်ကောင်းမှ ဝင်လာပြီး သူ့ကိစ္စကို ဖျက်လိုဖျက်ဆီးလုပ်ရသလား!

" ယူခဲ့!.. "

ကျန့်ထျန်းမင် "..."

သူ အမှားလုပ်မိသွားလို့လား ?

သူဌေး ဘာဖြစ်လို့ ဒေါပွသွားရတာလဲ ?

ဒီနေ့ကျမှ အလုပ်လုပ်ရတာ ပင်ပန်းခက်ခဲလိုက်တာ.. သူပဲ အမှားတွေ လုပ်မိနေလို့လား ?

ကျန့်ထျန်းမင်မျက်နှာ ငိုမဲ့မဲ့ဖြစ်နေသည်။

ထို့ကြောင့် ဝယ်လာတာတွေကို စားပွဲပေါ်မှာ သွက်သွက်လက်လက် ပြင်ဆင်ပေးပြီးတာနှင့် အခန်းထဲကထွက်လာခဲ့လိုက်သည်။ သူဌေးမင်းကြီး အမျက်တော်ရှအောင် အထဲမှာနေပြီး လူပို မလုပ်ဝံ့ပေါင်..

" လက်သွားဆေးလိုက်ဦးမယ် "
လုမန်က သက်ပြင်းဖွဖွချလိုက်ပြီး ထရပ်၏။

ဘာလို့မှန်းမသိ အခြေအနေက ဟိုလိုလိုသည်လိုလို ဖြစ်လာတာကြောင့် စိတ်တည်ငြိမ်အောင် အပြင်ထွက်ဖို့လိုသည်။

သို့သော် ထိုအချိန်မှာပဲ ဟန်ကျိုးလီက ကောက်ကာငင်ကာ ထပြောလေ၏။
" သန့်စင်ခန်းက ရုံးခန်းထဲမှာပဲ .. ဟိုမယ် "

လုမန် : "..."

သူမ​အတွက်နှင့် နေ့လယ်စာစားဖို့ ကြန့်ကြာနေမည် စိုးသဖြင့် သန့်စင်ခန်းသို့ သွက်သွက်သွားလိုက်တော့သည်။

သူမ ပြန်ရောက်မှ သူ လက်ဆေးထွက်သွား၏။

ဒါပေမယ့် ပြန်ဝင်လာသည့်အခါ အရင်နေရာမှာမထိုင်ဘဲ ဘေးမှာ လာထိုင်သည်။

လုမန် : "..."

ခုကျမှ နေရာကို တမင်ပြောင်းထိုင်လို့ မရတော့သလို ဟန်ကျိုးလီအနီးမှာ ထိုင်ရခြင်းသည် နည်းနည်းမှ သက်သောင့်သက်သာမရှိသည့်အဖြစ်။

သူက တူတစ်စုံယူပြီး ကမ်းပေးသည်။ လုမန်က သူ့လက်တွေကို မထိမိအောင် အတတ်နိုင်ဆုံး ရှောင်ဖယ်ယူလိုက်ပေမယ့် ဟန်ကျိုးလီ သူ့လက်တွေပြန်ရုပ်လိုက်ချိန်မှာ သူမလက်ဖျားထိပ်လေးတွေနှင့် ထိမိသွားသေးသည်။

ရုတ်တရက် တဆတ်ဆတ်တုန်သွားရခြင်းမှာ ကိုင်ထားသည့်တူကို တင်းခနဲ ဆုပ်လိုက်မိသည်အထိ။ သူ့ကိုလည်း မကြည့်ရဲပေ။

ထို့ကြောင့် သူမနှင့်ထိသွားခဲ့သည့် လက်ချောင်းလေးတွေကို ဟန်ကျိုးလီ ပွတ်သပ်နေသည့်အဖြစ်ကို လုမန် မမြင်လိုက်။

ခဏလေး ထိမိခဲ့သည်ဆိုသော်လည်း ဟန်ကျိုးလီမှာတော့ လက်ချောင်းလေးတွေအကြား ဓာတ်လိုက်သလို ဖြစ်သွားခဲ့ကာ နည်းနည်းတောင် တုန်ချင်နေ၏။

လုမန်လည်း စိတ်တွေကယောက်ကယက်ဖြစ်လွန်းသဖြင့် ခေါင်းမဖော်ဘဲ စားသောက်နေလိုက်မိသည်။

ထိုစဥ်မှာ ဟန်ကျိုးလီက ခြေထောက်တွေကို သူမခြေထောက်နှင့်ထိမိသည်အထိ ချဲပစ်လိုက်သဖြင့် လုမန် တောင့်ခနဲ မတ်ကာ မသိအောင် ဝေ့ကြည့်မိတော့ ဟန်ကျိုးလီက ဒါကို သတိထားမိပုံမပေါ်။

ကိုယ့်ဘာသာ နည်းနည်းရွှေ့လိုက်တော့လည်း ခဏအကြာမှာ သူ့ခြေထောက်တွေက ဘေးမှာဖိကပ်ရောက်ချလာပြန်သည်။

သတိပြုမိရုံကလေး ထိကပ်ထိုင်နေကြခြင်းဖြစ်သော်လည်း ဘောင်းဘီတွေခြားနေသော်လည်း ပူနွေးခြင်းကို ခံစားမိနေတုန်းပင်။

*****

အခန္း [ ၁၀၈ ]

" ဒါကေတာ့ သူ႔ဟာနဲ႔သူ တစ္ဖက္သတ္ႀကီး ေခၚလို႔ရတယ္လို႔ ထင္ေနတာေလ၊ ကိုယ္ ျပန္ထူးတာ မင္း ၾကားလို႔လား "
ဟန္က်ိဳးလီသည္ ေတာင့္တင္းသန္မာေသာ လက္ဖ်ံႏွစ္ဖက္ကို ခ်ဲထိုင္ထားေသာ ေျခတံရွည္ေတြေပၚမွာ ေမွးတင္ယွက္ထားလိုက္ၿပီးမွ ကိုယ္ကို ေရ႔ွသို႔ ၫြတ္၏။

အလယ္မွာ စားပြဲပုေလးျခားေနေပမယ့္ လုမန္ ရင္ထဲမွာေတာ့ ေျဗာင္းဆန္ေနသည္။

ဟန္က်ိဳးလီက သူ႔ဘာသာ စားပြဲနားနီးေအာင္ ခါးကိုင္း တိုးလိုက္တာေပမယ့္ သူမကေတာ့ လူခ်င္းအရမ္းနီးသြားသလို ခံစားေနရ၏။

စိတ္ေတြလည္း ရႈပ္ေထြးေနာက္က်ိေနသည့္တိုင္ ဟန္က်ိဳးလီေျပာတာကို ျဖည္းျဖည္းခ်င္း စဥ္းစားၾကည့္လိုက္ေတာ့ သိုက္ယီးရန္ေခၚတာကို သူ လံုးဝ ျပန္မထူးခဲ့သည့္ပံုပင္။

" ဘယ့္ႏွယ္လဲ ကိုယ္ ထူးမထူးသိရေအာင္ မင္းေခၚၾကည့္ပါလား "
ဟန္က်ိဳးလီက အသံကို ႏိွမ့္ခ်ၿပီး ေျပာသည္။

လူကို ျဖားေယာင္းျမႇဴဆြယ္ေနသလို အက္ရွရွအသံေၾကာင့္ လုမန္ ကတုန္ကယင္ျဖစ္လာကာ တစ္ကိုယ္လံုး ၾကက္သီးေမြးညင္းေလးေတြ ထိုးထိုးေထာင္ေထာင္ ထလာေတာ့၏။

ေျခေထာက္ေတြ ႏံုးခ်ည့္ေပ်ာ့ေခြလာခဲ့ျခင္းဟာ ဟန္က်ိဳးလီရဲ့အသံေၾကာင့္လား..

ဒါေပမယ့္ အသံႏွင့္ႏိႈင္းယွဥ္ရလ်ွင္ သူ႔မ်က္ႏွာကေတာ့ အေတာ္ ေလးနက္တည္ၾကည္ေန၏။

မဟုတ္ရင္ သေဘာရိွ ကေရာဟိ လာလုပ္ေနသလားလို႔ ေတြးမိမည္ပင္။

ပါးစပ္ကေလးျပင္လိုက္ေပမယ့္ လုမန္ အသံတိတ္ေနခဲ့မိ၏။ အေတာ္ၾကာမွ..
" ကုမၸဏီမွာ မသင့္ေတာ္ဘူးမို႔လား "

" လူျမင္ကြင္းမွာမို႔လို႔ သူေဌးလို႔ ေခၚတာက ကိစၥမရိွဘူး "

ဟန္က်ိဳးလီ ​ေျပာလိုက္သည္။ တကယ္ေတာ့ လူျမင္ကြင္းမွာ အစ္ကိုဟန္လို႔ ေခၚေစခ်င္တာပါ။ ဒါေပမယ့္ လုမန္ ဘယ္ေတာ့မွ မေခၚမွာကိုလည္း သိေနသည္။

" ကိုယ္တို႔ႏွစ္ေယာက္တည္းရိွေနတဲ့အခ်ိန္မွာေတာ့ ဒီေလာက္ခပ္တန္းတန္းေနဖို႔ မလိုပါဘူး၊ ဟုတ္တယ္မို႔လား "

လူျမင္ကြင္းမွာ ေခၚဖို႔ေတာင္းဆိုေနတာမဟုတ္သျဖင့္ လုမန္က ေခါင္းညိတ္သေဘာတူ၏။

" ဟုတ္ကဲ့ "

သေဘာတူလိုက္ေတာ့ ဟန္က်ိဳးလီမ်က္ဝန္းေတြပီတိျဖစ္သြားၿပီး အၿပံဳးေတြအသက္ဝင္လာ၏။
" ဒါဆို တစ္ခါေလာက္ ေခၚၾကည့္ "

လုမန္ ပါးစပ္ျပင္လိုက္သည္။ တကယ္လည္း ေခၚခ်င္ပါလ်က္ႏွင့္ ဒီစကားလံုးေတြ ပါးစပ္ကေန ထြက္သြားေရးဟာ သိပ္ခက္ခဲေနသည္။

လ်ွာက လိပ္ေနသလိုလို .. ဘယ္လိုလုပ္လုပ္ အသံက မထြက္ဘဲ ေပ်ာက္ေနခဲ့၏။

" သူေဌး ေန့လယ္စာေတြ ရပါၿပီ "
ရုတ္တရက္ႀကီး က်န္႔ထ်န္းမင္က တံခါးေခါက္သံေပးၿပီး အထဲဝင္လာခဲ့၏။

ဟန္က်ိဳးလီ စိတ္ပ်က္သလို အံႀကိတ္ပစ္လိုက္သည္။ က်န္႔ထ်န္းမင္ ဘယ္အခ်ိန္ျဖစ္ျဖစ္ ဝင္လာလို႔ရလိုက္သားနဲ႔ အခ်ိန္ေကာင္းမွ ဝင္လာၿပီး သူ႔ကိစၥကို ဖ်က္လိုဖ်က္ဆီးလုပ္ရသလား!

" ယူခဲ့!.. "

က်န္႔ထ်န္းမင္ "..."

သူ အမွားလုပ္မိသြားလို႔လား ?

သူေဌး ဘာျဖစ္လို႔ ေဒါပြသြားရတာလဲ ?

ဒီေန့က်မွ အလုပ္လုပ္ရတာ ပင္ပန္းခက္ခဲလိုက္တာ.. သူပဲ အမွားေတြ လုပ္မိေနလို႔လား ?

က်န္႔ထ်န္းမင္မ်က္ႏွာ ငိုမဲ့မဲ့ျဖစ္ေနသည္။

ထို႔ေၾကာင့္ ဝယ္လာတာေတြကို စားပြဲေပၚမွာ သြက္သြက္လက္လက္ ျပင္ဆင္ေပးၿပီးတာႏွင့္ အခန္းထဲကထြက္လာခဲ့လိုက္သည္။ သူေဌးမင္းႀကီး အမ်က္ေတာ္ရွေအာင္ အထဲမွာေနၿပီး လူပို မလုပ္ဝံ့ေပါင္..

" လက္သြားေဆးလိုက္ဦးမယ္ "
လုမန္က သက္ျပင္းဖြဖြခ်လိုက္ၿပီး ထရပ္၏။

ဘာလို႔မွန္းမသိ အေျခအေနက ဟိုလိုလိုသည္လိုလို ျဖစ္လာတာေၾကာင့္ စိတ္တည္ၿငိမ္ေအာင္ အျပင္ထြက္ဖို႔လိုသည္။

သို႔ေသာ္ ထိုအခ်ိန္မွာပဲ ဟန္က်ိဳးလီက ေကာက္ကာငင္ကာ ထေျပာေလ၏။
" သန္႔စင္ခန္းက ရံုးခန္းထဲမွာပဲ .. ဟိုမယ္ "

လုမန္ : "..."

သူမ​အတြက္ႏွင့္ ေန့လယ္စာစားဖို႔ ၾကန္႔ၾကာေနမည္ စိုးသျဖင့္ သန္႔စင္ခန္းသို႔ သြက္သြက္သြားလိုက္ေတာ့သည္။

သူမ ျပန္ေရာကၼွ သူ လက္ေဆးထြက္သြား၏။

ဒါေပမယ့္ ျပန္ဝင္လာသည့္အခါ အရင္ေနရာမွာမထိုင္ဘဲ ေဘးမွာ လာထိုင္သည္။

လုမန္ : "..."

ခုက်မွ ေနရာကို တမင္ေျပာင္းထိုင္လို႔ မရေတာ့သလို ဟန္က်ိဳးလီအနီးမွာ ထိုင္ရျခင္းသည္ နည္းနည္းမွ သက္ေသာင့္သက္သာမရိွသည့္အျဖစ္။

သူက တူတစ္စံုယူၿပီး ကမ္းေပးသည္။ လုမန္က သူ႔လက္ေတြကို မထိမိေအာင္ အတတ္ႏိုင္ဆံုး ေရွာင္ဖယ္ယူလိုက္ေပမယ့္ ဟန္က်ိဳးလီ သူ႔လက္ေတျြပန္ရုပ္လိုက္ခ်ိန္မွာ သူမလက္ဖ်ားထိပ္ေလးေတြႏွင့္ ထိမိသြားေသးသည္။

ရုတ္တရက္ တဆတ္ဆတ္တုန္သြားရျခင္းမွာ ကိုင္ထားသည့္တူကို တင္းခနဲ ဆုပ္လိုကၼိသည္အထိ။ သူ႔ကိုလည္း မၾကည့္ရဲေပ။

ထို႔ေၾကာင့္ သူမႏွင့္ထိသြားခဲ့သည့္ လက္ေခ်ာင္းေလးေတြကို ဟန္က်ိဳးလီ ပြတ္သပ္ေနသည့္အျဖစ္ကို လုမန္ မျမင္လိုက္။

ခဏေလး ထိမိခဲ့သည္ဆိုေသာ္လည္း ဟန္က်ိဳးလီမွာေတာ့ လက္ေခ်ာင္းေလးေတြအၾကား ဓာတ္လိုက္သလို ျဖစ္သြားခဲ့ကာ နည္းနည္းေတာင္ တုန္ခ်င္ေန၏။

လုမန္လည္း စိတ္ေတြကေယာက္ကယက္ျဖစ္လြန္းသျဖင့္ ေခါင္းမေဖာ္ဘဲ စားေသာက္ေနလိုက္မိသည္။

ထိုစဥ္မွာ ဟန္က်ိဳးလီက ေျခေထာက္ေတြကို သူမေျခေထာက္ႏွင့္ထိမိသည္အထိ ခ်ဲပစ္လိုက္သျဖင့္ လုမန္ ေတာင့္ခနဲ မတ္ကာ မသိေအာင္ ေဝ့ၾကည့္မိေတာ့ ဟန္က်ိဳးလီက ဒါကို သတိထားမိပံုမေပၚ။

ကိုယ့္ဘာသာ နည္းနည္းေရႊ့လိုက္ေတာ့လည္း ခဏအၾကာမွာ သူ႔ေျခေထာက္ေတြက ေဘးမွာဖိကပ္ေရာက္ခ်လာျပန္သည္။

သတိျပဳမိရံုကေလး ထိကပ္ထိုင္ေနၾကျခင္းျဖစ္ေသာ္လည္း ေဘာင္းဘီေတျြခားေနေသာ္လည္း ပူေနြးျခင္းကို ခံစားမိေနတုန္းပင္။

*****

Continue Reading

You'll Also Like

2.8M 161K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
19.7K 1.2K 69
绝色倾城 ဆိုတဲ့စကားလုံးက အရိုးရှင်းဆုံးဆိုရလျှင် 'မိန်း​မောသွား​လောက်တဲ့ထိစွဲလမ်းခြင်း' လို့အဓိပ္ပါယ်ရပါတယ်။လူတစ်​​ယောက်ကိုပဲဖြစ်ဖြစ် အရာဝတ္ထုတစ်ခုကိုပဲဖ...
4.3K 373 97
Story Name- Your Highness, I Know My Wrongs Chapter- 95 Chapters(Completed) Not my story I just translation English to Myanmar Language All rights go...
351K 8.6K 29
"Why can't you tell me?" Cat Noir clutched her arm. "You know why Kitty," Ladybug tried to break away, but his grasp was too tight, "Cat, I'm going t...