Unicode
ယင်းမီကရှောင်ကျန့်ရဲ့လှပတဲ့မျက်နှာသေးသေးလေးကိုတစ်ချက်သာကြည့်ရင်းချင်းထန်ဘေးကလွတ်နေသည့်တစ်နေရာတွင်ဝင်ထိုင်သည်။
ယင်းမီရောက်လာသည်နှင့်မူလကလွတ်လပ်ပေါ့ပါးနေသည့်သူတို့ဝိုင်းရှိလေထုမှာအနည်းငယ်တင်းကြပ်သွားသည်။ရည်းစားရှုပ်သည့်အက်ဒမ်အပါအဝင်တစ်ခြားသူတွေ၏မျက်နှာကိုကြည့်ရသည်မှာဇာတ်လိုက်မယင်းမီကိုသိပ်ပြီးသဘောကျပုံမရချေ။
တစ်ခြားသူတွေရဲ့မျက်နှာအမူအရာကိုနားမလည်သည့်ချင်းထန်ကယင်းမီကိုရှောင်ကျန့်နှင့်ထပ်မံမိတ်ဆက်ပေးသည်။
"ရန်ဖန်း....သူမကယင်းမီလေ....ကျောင်းရဲ့နတ်သမီးလေးလည်းဟုတ်တယ်...."
"ပြီးတော့ဒါလင့်ရဲ့ကောင်မလေး....."
ယင်းမီကချင်းထန်၏စကားကိုဝင်ရောက်ဖြတ်ကာပြောသည်။ချင်းထန်၏မျက်နှာမှာအနည်းငယ်ကို့ယို့ကားယားဖြစ်သွား၏။
"အဟမ်း....ရန်ဖန်းကတော့ငါတို့အခန်းကိုဒီနေ့မှပြောင်းလာခဲ့တာ...."
ချင်းထန်ဟာအနည်းငယ်ကို့ယို့ကားယားနိုင်လာသည့်လေထုကိုဖြိုဖျက်ဖို့ရန်ချောင်းတစ်ချက်ဟန့်လိုက်ရင်းလူတိုင်းကိုရှောင်ကျန့်နဲ့မိတ်ဆက်ပေးသည်။
ရှောင်ကျန့်ကစာအုပ်လေးပေါ်တွင်စာတစ်ချို့ရေးကာလူတိုင်းမြင်ရရန်စာအုပ်လေးထောင်ပြလိုက်သည်။
""'ကျွန်တော်လည်းအားလုံးနဲ့တွေ့ရတာဝမ်းသာပါတယ်ဗျ""'
ယင်းမီကရှောင်ကျန့်ကိုမျက်မှောင်ကြုတ်ကာကြည့်လိုက်ရင်းအနည်းငယ်ခနဲ့ကာစကားဆိုလာသည်။
"ဘာတွေစတန့်ထွင်နေတာလဲ....သာမန်အတိုင်းပါးစပ်နဲ့ပြောလိုက်ရင်ပြီးနေတာပဲမဟုတ်လား"
ယင်းမီ၏စကားကြောင့်ချင်းထန်၊ဝေထန်စီ၊ပိုင်မင်နဲ့ချင်ဖေးဖေးတို့၏မျက်နှာအမူအရာမှာတွန့်ဆုတ်သွားဟန်ပေါ်ပေါက်လာသည်။
သူတို့ရဲ့ပါးစပ်ကနေရန်ဖန်းလေးကအ,နေကြောင်းပြောမထွက်နိုင်ကြပေ။
ရှောင်ကျန့်၏မျက်နှာလေးကတော့ခပ်ပြုံးပြုံးလေးဖြင့်သာနောက်ထပ်စကားလုံးတစ်ချို့ကိုစာအုပ်ပေါ်သို့ချရေးလိုက်ပြန်သည်။
""'ကျွန်တော်ကစကားမပြောနိုင်လို့ပါဗျ""'
တစ်ဝိုင်းလုံးတိတ်ဆိတ်သွားပြီးနောက်ယင်းမီ၏ရွံရှာသည့်ဟန်ဖြင့်အသံသာထွက်ပေါ်လာသည်။
"ဒါဆိုနင်က'အ'နေတာပေါ့...."
ယင်းမီ၏အသံမှာမတိုးပေ။
ကန်တင်းတစ်ခုလုံးနီးပါးမှာလုံးဝတိတ်ဆိတ်ငြိမ်သက်သွားတာကြောင့်ယင်းမီ၏မျက်နှာမှာအနည်းငယ်ထူးဆန်းသွားသည်။အမှန်တကယ်တော့ရှောင်ကျန့်ရဲ့ချစ်စဖွယ်ကောင်းလွန်းသည့်မျက်နှာလေးကြောင့်ကန်တင်းတစ်ခုလုံးနီးပါးကလူတွေဟာရှောင်ကျန့်ရှိရာဝိုင်းဆီသို့အာရုံစိုက်နေကြတာဖြစ်သည်။
ကျောင်းရဲ့နာမည်ကြီးတွေနဲ့အတူထိုင်နေသည့်ရှောင်ကျန့်ရဲ့မျက်နှာလေးမှာအသက်ရှုမှားဖွယ်လှပသလိုသူ့ရဲ့အပြုအမူတစ်ခုချင်းစီကအလွန်ချစ်စရာကောင်းလွန်းနေသည်လေ။
ထို့အတွက်ခိုးကြောင်ခိုးဝှက်ကြည့်နေသူများအနေနဲ့ဇာတ်လိုက်မရဲ့စကားကိုရှင်းရှင်းလင်းလင်းကြီးကြားလိုက်ရသည်မှာမလွဲပေ။
တစ်ခြားသူတွေမပြောနဲ့၊ပုံမှန်ပျော်ပျော်နေတတ်သည့်ဇာတ်လိုက်ချင်းထန်တောင်မှာအတော်လေးဒေါပွသွားသည်။ယင်းမီရဲ့လုပ်ရပ်ကကောင်ငယ်လေးကိုနှိမ့်ချလိုက်သည်နှင့်မကွာခြားပေ။သူမကတစ်ဖက်လူရဲ့အားနည်းချက်ကိုလှောင်ပြောင်နေခြင်းကြောင့်လူတိုင်း၏ရင်ထဲကသူမရဲ့ပုံရိပ်မှာလုံးဝပြောင်းလဲသွားသည်။
သူတို့ကအားနည်းသူကိုဂရုဏာသက်ကာအတတ်နိုင်ဆုံးဂရုစိုက်ပေးချင်ကြသည်။အထူးသဖြင့်ရှောင်ကျန့်လိုအရုပ်လေးဖြင့်တူလွန်းတဲ့ချစ်စရာကောင်ငယ်လေးကိုဖြစ်သည်။၎င်းကသူ့ကိုလူတိုင်းအားစောင့်ရှောက်ရန်လိုအပ်သည့်တိရိစ္ဆာန်သေးသေးလေးတစ်ကောင်နှင့်အထင်မှားသွားစေသည်။
လူတိုင်း၏အကြည့်အောက်၌ပင်ရှောင်ကျန့်ရဲ့အနက်ရောင်ခေါင်းလုံးလုံးလေးမှာအောက်သို့ငုံ့ကိုင်းသွားရင်းသူ့ရဲ့စာအုပ်လေးပေါ်တွင်စာလုံးတစ်ချို့ကိုရေးချလိုက်သည်။
""'ကျွန်တော်သန့်စင်ခန်းတစ်ချက်လောက်သွားလို့ရမလား...""'
ရှောင်ကျန့်ရဲ့မျက်နှာလေးကလွန်စွာညှိုးငယ်နေပြီးသူ့ရဲ့စာအုပ်လေးကိုပိုက်လျက်ဇာတ်လိုက်တို့ဝိုင်းမှာထွက်ခွာသွားသည်။
"ဘာတွေလာသရုပ်ဆောင်ပြနေတာလဲ...."
ယင်းမီကနှာခေါင်းတစ်ချက်ရှုံလိုက်သည်။သို့သော်သူမရဲ့လုပ်ရပ်ကိုသည်းမခံနိုင်တော့သည့်ချင်ဖေးဖေးဟာဒေါသတကြီးစားပွဲခုံကိုအားဖြင့်ထုချလိုက်သည်။
"တော်သင့်ပြီထင်တယ်နော်ယင်းမီ......နင်လုပ်တာရိုင်းလွန်းတယ်...."
ချင်ဖေးဖေးဟာဒေါသတကြီးဖြင့်ထထွက်သွားသည်။
"ချင်ဖေးဖေးပြောတာမှန်တယ်....မင်းရန်ဖန်းကိုတောင်းပန်သင့်တယ်လို့ငါထင်တယ်"
ပိုင်မင်၏မျက်နှာဟာလည်းတင်းမာနေလျက်ချင်ဖေးဖေးနည်းတူထထွက်သွားသည်။အက်ဒမ်၊ဝေထန်စီနှင့်ဝေဝေတို့ကလည်းယင်းမီကိုအဓိပ္ပါယ်ပါပါစိုက်ကြည့်လိုက်ရင်းကန်တင်းထဲကနေထွက်ခွာသွားသည်။ယင်းမီ၏လှပသောမျက်နှာမှာမဲပုတ်သွားရင်းထိုလူတွေရဲ့လုပ်ရပ်ကိုသည်းမခံနိုင်တော့သကဲ့သို့လက်သီးတင်းတင်းဆုပ်လိုက်သည်။
အခုမှကျောင်းပြောင်းလာတဲ့ငအ,တစ်ယောက်ကြောင့်သူမပလစ်ခံရသည်ကအဓိပ္ပါယ်လုံးဝမရှိပေ။
သူမက'အ'လို့'အ'နေကြောင်းပြောတာဘာမှားလို့လဲ.....
"ဒါလင်....ဒါလင့်ရဲ့သူငယ်ချင်းတွေကမလွန်လွန်းဘူးလား...."
ယင်းမီကတစ်ယောက်တည်းသာကျန်ရစ်နေသည့်ချင်းထန်ကိုကြည့်ကာဆိုလာသည်။သို့ပေမယ့်သူမချစ်သူရဲ့မျက်နှာထက်ရှိသူမကိုစိတ်ပျက်ဟန်အကြည့်တွေကိုသာမြင်လိုက်ရသည်။
ယင်းမီ၏ခန္ဓာကိုယ်မှာတောင့်တင်းသွားပြီးချင်းထန်ကိုနားမလည်သည့်ဟန်ဖြင့်စိုက်ကြည့်လိုက်မိသည်။
"ယင်းမီ....မင်းဒီတစ်ခေါက်လုပ်ရပ်ကအရမ်းမှားတယ်...."
ထို့နောက်ချင်းထန်ကတစ်ခြားသူတွေကဲ့သို့ထထွက်သွားခဲ့သည်။မူလကလူစည်နေသည့်စားပွဲဝိုင်းတွင်ယင်းမီတစ်ယောက်တည်းသာကြောင်တောင်တောင်ဖြင့်ကျန်ရစ်ခဲ့၏။
ဘေးပတ်ဝန်းကျင်ရှိလူတွေရဲ့တစ်တွတ်တွတ်အသံတွေနဲ့အတူယင်းမီ၏မျက်နှာမှာတဖြည်းဖြည်းဖြူဆုတ်လာပြီးမုန်းတီးမှုတွေနဲ့အတူအံကြိတ်လိုက်သည်။
သူမရဲ့မျက်လုံးတွေမှာနီရဲလာပြီးယခုအဖြစ်အပျက်တွေရဲ့အဓိကတရားခံမှာဆွံ့အ,နေသည့်ရန်ဖန်းဆိုသည့်ကောင်လေးရဲ့အပြစ်ဖြစ်ကြောင်းတစ်ဖက်သတ်,သတ်မှတ်လိုက်သည်။
ထိုအရာအားလုံး၏အဓိကတရားခံဖြစ်သူရှောင်ကျန့်ကတော့ထွက်ခွာလာစဥ်ကလိုညှိုးငယ်နေသည့်မျက်နှာဖြင့်မဟုတ်ပါပဲလူပျက်သည့်ကော်ရစ်တာတစ်နေရာတွင်နံရံကိုအားရပါးရကန်လျက်သူ့ဒေါသတွေကိုဖွင့်ချနေသည်။
'fuck....သူကငါ့ကိုလှောင်ရဲတယ်ပေါ့....'
ရှောင်ကျန့်ဟာနံရံကိုအားရပါးရကန်ပြီးနောက်တွင်စိတ်ကျေနပ်စွာဖြင့်သက်ပြင်းချလိုက်သည်။မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့အကျင့်စရိုက်အရသူသာရန်လုပ်လိုက်ရင်သူ့ရဲ့ချစ်စရာပုံရိပ်လေးပျက်စီးသွားနိုင်သည်။
ပတ်ဝန်းကျင်မှာရှိတဲ့ဝိဥာဥ်တွေခမျာဒေါပွနေသည့်ရှောင်ကျန့်နားသို့မကပ်ရဲပါပဲပုန်းအောင်းကြောက်ရွံ့နေကြသည်။၎င်းကသူ့ရဲ့တောက်ပညာရပ်ကြောင့်ဖြစ်သည်။သူ့နားကိုသာမန်ဝိဥာဥ်တွေမကပ်နိုင်ပေ။
ရုတ်တရတ်ရှောင်ကျန့်ဟာလူပြတ်နေသည့်ကော်ရစ်တာထောင့်တစ်နေရာတွင်တစ်ရွေ့ရွေ့လျောက်လှမ်းနေသည့်ကျောင်းသားတစ်ယောက်အားမတော်တဆမြင်တွေ့လိုက်ရသည်။ထိုကျောင်းသားကနံရံနောက်မှာရပ်နေသည့်ရှောင်ကျန့်ကိုတွေ့ပုံမရချေ။
သူ့ကိုစိတ်ဝင်တစားဖြစ်သွားစေသည်ကထိုကျောင်းသား၏ကိုယ်ပေါ်၌တစ်ရိပ်ရိပ်ထွက်ပေါ်နေသည့်အမဲရောင်အရိပ်အငွေ့တွေသာဖြစ်သည်။
ရှောင်ကျန့်ရဲ့ကူးယူတတ်မြောက်ထားသည့်တောက်ပညာရပ်အရ၎င်းမှာမကောင်းတဲ့ဝိဥာဥ်တစ်ခုရဲ့ပူးကပ်ခြင်းကိုခံထားရကြောင်းအလိုအလျောက်သိနေသည်။
ထိုပူးကပ်ခံထားရသည့်ကျောင်းသားဘယ်နေရာကိုသွားနေတာလဲဆိုတာသူစိတ်ဝင်စားသွားသည်။
ရှောင်ကျန့်ဟာထိုကျောင်းသားအနောက်ခိုးကြောင်ခိုးဝှက်ဖြင့်လိုက်ပါသွား၏။တဖြည်းဖြည်းဖြင့်ရှောင်ကျန့်ဟာထိုသူမှာကျောင်းခေါင်မိုးထက်သို့သွားနေကြောင်းသတိထားမိလိုက်သည်။
ကျောင်းခေါင်မိုးဟာအတော်လေးမြင့်မားပြီးကျယ်ပြန့်သည်။ကျောင်းသား၊ကျောင်းသူတွေတစ်ယောက်မှမရှိပဲအေးမြသည့်လေပြေနဲ့အတူတိတ်ဆိတ်နေသည်။
မကောင်းဆိုးဝါးရဲ့ဝင်ပူးခြင်းကိုခံထားရတဲ့ထိုကျောင်းသားမှာခေါင်မိုးထက်မှတစ်ဆင့်ဝရန်တာရှိရာဆီသို့သွားသည်။ထိုကျောင်းသားအနောက်ကနေခိုးလိုက်လာသည့်ရှောင်ကျန့်မှာမျက်မှောင်ကြုတ်လိုက်ရင်းသူ့ရင်ထဲမကောင်းတာတစ်ခုခုဖြစ်တော့မည်ဟုခံစားလိုက်ရသည်။
ရှောင်ကျန့်ထင်နေသည့်အတိုင်းပင်ထိုကျောင်းသားဟာဝရန်တာရှိအုတ်ခုံပေါ်သို့တတ်သွားသည်။ရှောင်ကျန့်ရဲ့မျက်လုံးလေးတွေမှာပြူးကျယ်သွားရင်းလက်နှစ်ဖက်ကိုဆန့်တန်းကာခုန်ချဖို့ရန်ဟန်ပြင်နေသည့်ကျောင်းသားအားတားဆီးဖို့ရန်ပုန်းအောင်းနေရာမှချက်ချင်းထွက်လာသည်။
အချိန်ဆွဲပြီးတားဖို့ကလည်းစကားကမပြောနိုင်။အနားကပ်သွားရင်လည်းခုန်ချသွားမည်ကိုစိုးရပြန်သည်။
ငါ့နှယ်.....
ခုန်ချမယ်မှန်းသိရင်အစတည်းကကျောင်းခေါင်မိုးပေါ်မတတ်နိုင်အောင်တားလိုက်ရင်ကောင်းသား......
ကံကောင်းစွာဖြင့်ထိုကျောင်းသားမှာရှောင်ကျန့်ရဲ့အငွေ့အသက်ကိုခံစားမိသည်နှင့်ဇက်ကြီးစောင်းလျက်နောက်ပြန်လှည့်ကြည့်လာသည်။မျက်တွင်းကြီးတစ်ခုလုံးမှာနက်မှောင်နေပြီးမျက်လုံးကိုမမြင်တွေ့ရပေ။ထိုကျောင်းသား၏ပါးပြင်၊လည်ပင်းနှင့်လက်ဖျံရိုးတစ်လျောက်တွင်စက်ဆုပ်ဖွယ်အနက်ရောင်သွေးကြောတွေကိုထင်ထင်ရှားရှားမြင်တွေ့နေရသည်။
ရှောင်ကျန့်နှင့်ထိုကျောင်းသားကတစ်ယောက်ကိုတစ်ယောက်မလွတ်တမ်းစိုက်ကြည့်နေကြသည်။ရှောင်ကျန့်အနေနဲ့ဒီပူးကပ်ထားသည့်ဝိဥာဥ်ကိုအသာလေးသမနိုင်ပေမယ့်တစ်ဖက်ကျောင်းသားအတွက်ကတော့အန္တရာယ်များလွန်းနေသည်။
ရှောင်ကျန့်ကသူဆောင်နေကျစာအုပ်လးပေါ်တွင်စာတစ်ချို့ကိုကမန်းကတန်းချရေးလိုက်ရင်းထိုကျောင်းသားရှိရာဘက်သို့ထောင်ပြလိုက်သည်။၎င်းဝိဥာဥ်ရဲ့အမြင်အာရုံအရထိုစာကိုအသေးစိတ်တစ်လုံးချင်းစီကအစရှင်းရှင်းလင်းလင်းမြင်နိုင်မည်မှာသေချာသည်။
""'မင်းသူ့ကိုလွှတ်လိုက်""'
ရှောင်ကျန့်ရဲ့စာကိုမြင်သည်နှင့်ထိုကျောင်းသားတစ်ဖြစ်လဲမကောင်းတဲ့ဝိဥာဥ်ကဟက်ဟက်ပက်ပက်ထရယ်သည်။
"ဟား....ဟား....ဟား......"
ရှောင်ကျန့်၏ထိုဝိဥာဥ်ကိုအာရုံလွှဲပြောင်းမှုမှာအောင်မြင်သွားသည်။
'အုန်းသီး....'
[ကျွန်တော်ရှိပါတယ်host]
'သူ့ကိုကယ်လို့ရတဲ့နည်းလမ်းရှိလား....'
[လေပေါ်မိနစ်ပိုင်းလောင်ပျံဝဲစေနိုင်တဲ့အမှုန့်တစ်ချို့ရှိပါတယ်host.....အဲ့ဒါသာသူ့ကိုယ်ပေါ်မှာဖြူးချနိုင်ရင်ကျောင်းအောက်ပြုတ်ကျသွားမှာ
စိုးရိမ်စရာမလိုတော့ဘူး]
'ဝိုး....ဒါနဲ့ဘယ်လောက်လဲ'
[ဟီး....သိပ်မများပါဘူးhostရဲ့....
points 700လောက်ပါပဲ...]
ရှောင်ကျန့်နှာတစ်ချက်မှုတ်လိုက်ရင်းအုန်းသီးဆီကဝယ်ယူလိုက်သည်။ဒစ်စကောင့်ချပေးတဲ့အနေနဲ့အုန်းသီးဟာတစ်ဖက်ဝိဥာဥ်ဝင်ပူးခံနေရတဲ့ကျောင်းသားပေါ်၎င်းအမှုန့်တွေကိုအခမဲ့ကူညီကာဖြူးပေးလိုက်သည်။
မဟုတ်ရင်သူ့hostဆဲတာခံရလိမ့်မည်ဟုအာရုံရနေသည်။
[hostကျွန်တော်လုပ်ပြီးပြီ....]
ရှောင်ကျန့်ကကျေနပ်စွာတစ်ချက်ပြုံးလိုက်ရင်းခပ်တည်တည်ဖြင့်ထိုကျောင်းသားအနားတိုးကပ်သွားလိုက်သည်။
"မင်း!!!!မင်းတိုးရဲတိုးလာကြည့်နော်....ငါခုန်ချလိုက်မှာ"
ရှောင်ကျန့်ကသူ့ရဲ့လက်စွဲတော်စာအုပ်လေးနဲ့အကြောင်းပြန်လိုက်သည်။
""'ခုန်ချလိုက်လေ....""'
ပူးကပ်ခံထားရသည့်ကျောင်းသား : "....."
၎င်းဝိဥာဥ်ပူးကပ်ခံထားရသည့်ကျောင်းသားမှာအံတစ်ချက်ကြိတ်လိုက်ရင်းရှောင်ကျန့်အရှေ့မှာတင်ကျောင်းခေါင်မိုးထပ်မှခုန်ချသွားသည်။သို့သော်ရှောင်ကျန့်၏အေးဆေးစွာရပ်ကြည့်နေသည့်အကြည့်အောက်တွင်မတိုင်ခင်ကခုန်ချလိုက်သည့်ကျောင်းသား၏ခန္ဓာကိုယ်မှာလေပေါ်ပေါ့ပါးစွာလွင့်ပျံလာပြီးကျောင်းခေါင်မိုးထပ်သို့လေထဲတွဲလောင်းကျလျက်ပြန်လည်ရောက်ရှိလာသည်။
"....."
ရှောင်ကျန့်၏လက်မှာချက်ချင်းလှုပ်ရှားသွားပြီးလေပေါ်တန်းလန်းလေးဖြင့်ရုန်းကန်နေသည့်ထိုပူးကပ်ခံရသူကျောင်းသားအားအကျင်္ီကော်လာကနေတစ်ဆင့်ဆွဲကိုင်လိုက်သည်။ထို့နောက်ကြမ်းပြင်ထက်သို့အရှိန်ဖြင့်ဆွဲချလိုက်ရင်းထိုရုန်းကန်နေသည့်ကျောင်းသားအားပါးတွေချည်းလှိမ့်ပိတ်ပြီးရိုက်ချလိုက်သည်။
ပူးကပ်ထားသည့်ဝိဥာဥ် : "....."
ဝူး...ဝူး....ငါကသာမန်မကောင်းတဲ့ဝိဥာဥ်လေးတစ်ကောင်ပါ.....ငါ့နေရာမှာအစားထိုးမယ့်ဝိဥာဥ်လေးတစ်ခုလိုချင်လို့လုပ်မိတာပါလို့.....ဝူး....ဝူး....ဝူး.....
ေကျာင်းသားလေး၏မျက်နှာတစ်ခုလုံးဖူးယောင်သွားသည့်အခါမှရှောင်ကျန့်ဟာသူအနည်းငယ်လက်လွန်သွားမှန်းသိလိုက်သည်။
ငါဝိဥာဥ်ကိုရိုက်တာပါနော်....လူကိုမဟုတ်ဘူး....
ရှောင်ကျန့်ဟာအနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားလျက်သူ့pointsတွေအတွက်အစားယူလိုက်တယ်ဟုသာသဘောထားလိုက်သည်။တကယ်လည်းသူ့ရဲ့ကုန်ဆုံးသွားတဲ့pointsဒီဝိဥာဥ်ကိုစိတ်ဆိုးပြီးရိုက်လိုက်မိရုံပါ.....အဟွတ်....
နောက်ဆုံးမှာတော့အရိုက်ခံလိုက်ရသည့်သနားစရာမကောင်းဆိုးဝါးဝိဥာဥ်လေးမှာရှောင်ကျန့်ကိုဒူးထောက်တောင်းပန်လျက်နောက်ထပ်ဒီလိုလုပ်ရပ်မျိုးမလုပ်တော့ပါဘူးဟုကျိန်ဆိုကာငိုယိုပြီးထွက်ပြေးသွားသည်။
တစ်ဖက်ရှိကျောင်းသားမှာတော့ရှောင်ကျန့်လက်ချက်ကြောင့်မျက်နှာတစ်ခုလုံးဖူးယောင်နေလျက်သတိလစ်နေခဲ့သည်။
sorryဘဒို....ငါလည်းဒီလိုဖြစ်သွားဖို့အတွက်မမျှော်လင့်ထားပါဘူး.....
ရှောင်ကျန့်မှာသက်ပြင်းလေးအသာချရင်းရုတ်တရက်သူ့ရဲ့ခန္ဓာကိုယ်မှာတောင့်တင်းသွားသည်။သူ့ကျောပြင်အားကြောက်မက်ဖွယ်သားရဲကြီးတစ်ကောင်ကစိုက်ကြည့်နေကြောင်းခံစားလိုက်ရသည်။
ရှောင်ကျန့်ရဲ့မျက်ဝန်းနက်လေးတွေမှာအနောက်သို့လှည့်ကြည့်လိုက်ပြီးနောက်သူ့မျက်လုံးလေးတွေမှာအံ့အားသင့်သွားဟန်ပေါ်ပေါက်လာသည်။
ကျောင်းခေါင်မိုးထက်ရှိအမြင့်တစ်နေရာ၏အုတ်ခုံပေါ်တွင်၆နှစ်၇နှစ်အရွယ်ကလေးတစ်ယောက်ဟာသူ့ရဲ့ခြေထောက်သေးသေးလေးတွေကိုလွှဲယမ်းရင်းရှောင်ကျန့်ကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည်။
ကောင်ငယ်လေး၏မျက်လုံးမှာအစိမ်းရောင်တောက်ပနေပြီးရှည်လျားကော့ညွှတ်သည့်မျက်တောင်အရှည်ကြီးတွေဖြင့်ပါးဖောင်းဖောင်းကြီးတွေရှိသည်။ထိုကလေးငယ်၏ပါးပြင်တစ်ဖက်စီတွင်ထူးဆန်းသည့်အစက်လေးနှစ်ခုမှာလှပစွာတည်ရှိနေ၏။
အတော်လေးချစ်စရာကောင်းပြီးလှပတဲ့ကလေးတစ်ယောက်ဖြစ်ကြောင်းကိုတော့သူဝန်ခံရမည်။
နူးညံ့သည့်လေတစ်သုတ်မှာရှောင်ကျန့်၏မျက်နှာသေးသေးလေးထက်သို့ဝေ့ဝဲတိုက်ခတ်သွားသည်။
သူ့ရဲ့အနက်ရောင်ဆံပင်လေးတွေမှာအမြင်အာရုံကိုခဏဖုံးကွယ်သွားတာကြောင့်ရှောင်ကျန့်ဟာသူ့လက်လေးတွေဖြင့်ဆံပင်တစ်ချို့ကိုဖယ်ရှားလိုက်သည်။
ရှောင်ကျန့်ရဲ့အမြင်အာရုံမှာရှင်းလင်းသွားသည်နှင့်သူ့အရှေ့တွင်မူလကအဝေးတစ်နေရာတွင်ထိုင်နေသည့်ကောင်ငယ်လေး၏မျက်နှာမှာသူနဲ့တစ်ထွာလောက်ပင်မကွာတော့လောက်အောင်နီးကပ်နေခဲ့သည်။
အရေးကြီးဆုံးက.....
ဒီစွကလေးကသူနဲ့မျက်နှာချင်းဆိုင်ဖြစ်ဖို့ကိုလေပေါ်မှာပျံဝဲနေခြင်းသာဖြစ်သည်။
"မင်းငါ့ကိုမြင်ရတာလား"
၎င်းကလေးငယ်လေး၏အသံမှာလွန်စွာနူးညံ့ကာကလေးဆန်နေပေမယ့်တစ်မူထူးခြားသည့်အရှိန်အဝါတစ်ချို့လည်းရောယှက်နေသေးသည်။ကလေးငယ်လေးဟာတောင့်တင်းနေသည့်ရှောင်ကျန့်ကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေရင်းပြောသည်။
ရှောင်ကျန့်ကခေါင်းငြှိမ့်ပြသည်ကိုမြင်သည့်အခါမြေပြင်ထက်သို့ဆင်းသက်လိုက်သည်။ထိုအခါ၎င်းထူးဆန်းသည့်ကလေးငယ်၏အရပ်မှာရှောင်ကျန့်ရဲ့ခါးလောက်သာရှိကြောင်းသတိထားမိသွားသည်။
ထိုကလေး၏အစိမ်းရောင်မျက်လုံးတစ်စုံဟာဥာဏ်များမည့်ဟန်ဖြင့်တောက်ပသွားသည်။
"မင်းအခုဘယ်လိုအလျော်ပေးမလဲ.....မင်းကြောင့်ငါ့ရဲ့တာဝန်တစ်ခုပျက်စီးသွားပြီ"
ရှောင်ကျန့်ရဲ့နားမလည်သည့်ဟန်ပြူးကျယ်ဝိုင်းစက်နေသည့်မျက်ဝန်းနက်လေးတွေကိုကြည့်ရင်းထိုကလေးကသတိလစ်ကာဖူးယောင်နေသည့်မျက်နှာဖြင့်ကျောင်းသားဘက်သို့မေးငေါ့ပြသည်။
"သူ့ရဲ့ဝိဥာဥ်ကိုခေါ်သွားရမှာကငါ့ရဲ့တာဝန်ပဲ....အခုမင်းကဝင်ပြီးနှောင့်ယှက်လိုက်တော့သူ့ရဲ့သေရမယ့်ကံကလွဲချော်သွားပြီ"
ရှောင်ကျန့်၏မျက်လုံးထဲတွင်အံ့အားသင့်ဟန်နှင့်အတူထိုကလေးမှာဘယ်သူလဲဆိုတာသိချင်စိတ်ပေါ်ပေါက်လာသည်။
ဝိဥာဥ်တစ်ကောင်များလား.....
ရှောင်ကျန့်၏အတွေးမှန်သမျှကိုထိုကလေးကခန့်မှန်းနိုင်ဟန်ဖြင့်နှာခေါင်းရှုံလိုက်သည်။
"ငါကို့ဒီလိုအဆင့်အတန်းနိမ့်ကျတဲ့သတ္တဝါတွေနဲ့မနှိုင်းယှဥ်စမ်းပါနဲ့...."
ထိုကလေးငယ်ဟာပြောရင်းဆိုရင်းဖြင့်သူ့ရဲ့လက်သေးသေးလေးထဲတွင်အနက်နှင့်ရွှေရောင်ရောစပ်ထားသည့်မြင့်မြတ်သည့်အရှိန်အဝါတစ်ချို့နှင့်စာချုပ်တစ်ခုပေါ်ပေါက်လာကာဖြန့်ပြလိုက်သည်။
[အမည် - ဇိုင်း
အသက် - မသိ
အဆင့်အတန်း - မခန့်မှန်းနိုင်၊အလွန့်အလွန်မြင့်မား။
ယာယီအလုပ်အကိုင် - သေမင်း။]
ရှောင်ကျန့် : "....."
ငါဘာတွေမြင်နေရတာလဲဟင်.....
________________________________________________________________
Zawgyi
ယင္းမီကေရွာင္က်န႔္ရဲ႕လွပတဲ့မ်က္ႏွာေသးေသးေလးကိုတစ္ခ်က္သာၾကည့္ရင္းခ်င္းထန္ေဘးကလြတ္ေနသည့္တစ္ေနရာတြင္ဝင္ထိုင္သည္။
ယင္းမီေရာက္လာသည္ႏွင့္မူလကလြတ္လပ္ေပါ့ပါးေနသည့္သူတို႔ဝိုင္းရွိေလထုမွာအနည္းငယ္တင္းၾကပ္သြားသည္။ရည္းစားရႈပ္သည့္အက္ဒမ္အပါအဝင္တစ္ျခားသူေတြ၏မ်က္ႏွာကိုၾကည့္ရသည္မွာဇာတ္လိုက္မယင္းမီကိုသိပ္ၿပီးသေဘာက်ပဳံမရေခ်။
တစ္ျခားသူေတြရဲ႕မ်က္ႏွာအမူအရာကိုနားမလည္သည့္ခ်င္းထန္ကယင္းမီကိုေရွာင္က်န႔္ႏွင့္ထပ္မံမိတ္ဆက္ေပးသည္။
"ရန္ဖန္း....သူမကယင္းမီေလ....ေက်ာင္းရဲ႕နတ္သမီးေလးလည္းဟုတ္တယ္...."
"ၿပီးေတာ့ဒါလင့္ရဲ႕ေကာင္မေလး....."
ယင္းမီကခ်င္းထန္၏စကားကိုဝင္ေရာက္ျဖတ္ကာေျပာသည္။ခ်င္းထန္၏မ်က္ႏွာမွာအနည္းငယ္ကို႔ယို႔ကားယားျဖစ္သြား၏။
"အဟမ္း....ရန္ဖန္းကေတာ့ငါတို႔အခန္းကိုဒီေန႕မွေျပာင္းလာခဲ့တာ...."
ခ်င္းထန္ဟာအနည္းငယ္ကို႔ယို႔ကားယားနိုင္လာသည့္ေလထုကိုၿဖိဳဖ်က္ဖို႔ရန္ေခ်ာင္းတစ္ခ်က္ဟန႔္လိုက္ရင္းလူတိုင္းကိုေရွာင္က်န႔္နဲ႕မိတ္ဆက္ေပးသည္။
ေရွာင္က်န႔္ကစာအုပ္ေလးေပၚတြင္စာတစ္ခ်ိဳ႕ေရးကာလူတိုင္းျမင္ရရန္စာအုပ္ေလးေထာင္ျပလိုက္သည္။
""'ကြၽန္ေတာ္လည္းအားလုံးနဲ႕ေတြ႕ရတာဝမ္းသာပါတယ္ဗ်""'
ယင္းမီကေရွာင္က်န႔္ကိုမ်က္ေမွာင္ၾကဳတ္ကာၾကည့္လိုက္ရင္းအနည္းငယ္ခနဲ႕ကာစကားဆိုလာသည္။
"ဘာေတြစတန႔္ထြင္ေနတာလဲ....သာမန္အတိုင္းပါးစပ္နဲ႕ေျပာလိုက္ရင္ၿပီးေနတာပဲမဟုတ္လား"
ယင္းမီ၏စကားေၾကာင့္ခ်င္းထန္၊ေဝထန္စီ၊ပိုင္မင္နဲ႕ခ်င္ေဖးေဖးတို႔၏မ်က္ႏွာအမူအရာမွာတြန႔္ဆုတ္သြားဟန္ေပၚေပါက္လာသည္။
သူတို႔ရဲ႕ပါးစပ္ကေနရန္ဖန္းေလးကအ,ေနေၾကာင္းေျပာမထြက္နိုင္ၾကေပ။
ေရွာင္က်န့္၏မ်က္ႏွာေလးကေတာ့ခပ္ၿပဳံးၿပဳံးေလးျဖင့္သာေနာက္ထပ္စကားလုံးတစ္ခ်ိဳ႕ကိုစာအုပ္ေပၚသို႔ခ်ေရးလိုက္ျပန္သည္။
""'ကြၽန္ေတာ္ကစကားမေျပာနိုင္လို႔ပါဗ်""'
တစ္ဝိုင္းလုံးတိတ္ဆိတ္သြားၿပီးေနာက္ယင္းမီ၏႐ြံရွာသည့္ဟန္ျဖင့္အသံသာထြက္ေပၚလာသည္။
"ဒါဆိုနင္က'အ'ေနတာေပါ့...."
ယင္းမီ၏အသံမွာမတိုးေပ။
ကန္တင္းတစ္ခုလုံးနီးပါးမွာလုံးဝတိတ္ဆိတ္ၿငိမ္သက္သြားတာေၾကာင့္ယင္းမီ၏မ်က္ႏွာမွာအနည္းငယ္ထူးဆန္းသြားသည္။အမွန္တကယ္ေတာ့ေရွာင္က်န႔္ရဲ႕ခ်စ္စဖြယ္ေကာင္းလြန္းသည့္မ်က္ႏွာေလးေၾကာင့္ကန္တင္းတစ္ခုလုံးနီးပါးကလူေတြဟာေရွာင္က်န႔္ရွိရာဝိုင္းဆီသို႔အာ႐ုံစိုက္ေနၾကတာျဖစ္သည္။
ေက်ာင္းရဲ႕နာမည္ႀကီးေတြနဲ႕အတူထိုင္ေနသည့္ေရွာင္က်န႔္ရဲ႕မ်က္ႏွာေလးမွာအသက္ရႈမွားဖြယ္လွပသလိုသူ႕ရဲ႕အျပဳအမူတစ္ခုခ်င္းစီကအလြန္ခ်စ္စရာေကာင္းလြန္းေနသည္ေလ။
ထို႔အတြက္ခိုးေၾကာင္ခိုးဝွက္ၾကည့္ေနသူမ်ားအေနနဲ႕ဇာတ္လိုက္မရဲ႕စကားကိုရွင္းရွင္းလင္းလင္းႀကီးၾကားလိုက္ရသည္မွာမလြဲေပ။
တစ္ျခားသူေတြမေျပာနဲ႕၊ပုံမွန္ေပ်ာ္ေပ်ာ္ေနတတ္သည့္ဇာတ္လိုက္ခ်င္းထန္ေတာင္မွာအေတာ္ေလးေဒါပြသြားသည္။ယင္းမီရဲ႕လုပ္ရပ္ကေကာင္ငယ္ေလးကိုႏွိမ့္ခ်လိဳက္သည္ႏွင့္မကြာျခားေပ။သူမကတစ္ဖက္လူရဲ႕အားနည္းခ်က္ကိုေလွာင္ေျပာင္ေနျခင္းေၾကာင့္လူတိုင္း၏ရင္ထဲကသူမရဲ႕ပုံရိပ္မွာလုံးဝေျပာင္းလဲသြားသည္။
သူတို႔ကအားနည္းသူကိုဂ႐ုဏာသက္ကာအတတ္နိုင္ဆုံးဂ႐ုစိုက္ေပးခ်င္ၾကသည္။အထူးသျဖင့္ေရွာင္က်န့္လိုအ႐ုပ္ေလးျဖင့္တူလြန္းတဲ့ခ်စ္စရာေကာင္ငယ္ေလးကိုျဖစ္သည္။၎ကသူ႕ကိုလူတိုင္းအားေစာင့္ေရွာက္ရန္လိုအပ္သည့္တိရိစ္ဆာန္ေသးေသးေလးတစ္ေကာင္ႏွင့္အထင္မွားသြားေစသည္။
လူတိုင္း၏အၾကည့္ေအာက္၌ပင္ေရွာင္က်န့္ရဲ႕အနက္ေရာင္ေခါင္းလုံးလုံးေလးမွာေအာက္သို႔ငုံ႕ကိုင္းသြားရင္းသူ႕ရဲ႕စာအုပ္ေလးေပၚတြင္စာလုံးတစ္ခ်ိဳ႕ကိုေရးခ်လိဳက္သည္။
""'ကြၽန္ေတာ္သန့္စင္ခန္းတစ္ခ်က္ေလာက္သြားလို႔ရမလား...""'
ေရွာင္က်န့္ရဲ႕မ်က္ႏွာေလးကလြန္စြာညွိုးငယ္ေနၿပီးသူ႕ရဲ႕စာအုပ္ေလးကိုပိုက္လ်က္ဇာတ္လိုက္တို႔ဝိုင္းမွာထြက္ခြာသြားသည္။
"ဘာေတြလာသ႐ုပ္ေဆာင္ျပေနတာလဲ...."
ယင္းမီကႏွာေခါင္းတစ္ခ်က္ရႈံလိုက္သည္။သို႔ေသာ္သူမရဲ႕လုပ္ရပ္ကိုသည္းမခံနိုင္ေတာ့သည့္ခ်င္ေဖးေဖးဟာေဒါသတႀကီးစားပြဲခုံကိုအားျဖင့္ထုခ်လိဳက္သည္။
"ေတာ္သင့္ၿပီထင္တယ္ေနာ္ယင္းမီ......နင္လုပ္တာရိုင္းလြန္းတယ္...."
ခ်င္ေဖးေဖးဟာေဒါသတႀကီးျဖင့္ထထြက္သြားသည္။
"ခ်င္ေဖးေဖးေျပာတာမွန္တယ္....မင္းရန္ဖန္းကိုေတာင္းပန္သင့္တယ္လို႔ငါထင္တယ္"
ပိုင်မင်၏မျက်နှာဟာလည်းတင်းမာနေလျက်ချင်ဖေးဖေးနည်းတူထထွက်သွားသည်။အက်ဒမ်၊ဝေထန်စီနှင့်ဝေဝေတို့ကလည်းယင်းမီကိုအဓိပ္ပါယ်ပါပါစိုက်ကြည့်လိုက်ရင်းကန်တင်းထဲကနေထွက်ခွာသွားသည်။ယင်းမီ၏လှပသောမျက်နှာမှာမဲပုတ်သွားရင်းထိုလူတွေရဲ့လုပ်ရပ်ကိုသည်းမခံနိုင်တော့သကဲ့သို့လက်သီးတင်းတင်းဆုပ်လိုက်သည်။
အခုမွေက်ာင္းေျပာင္းလာတဲ့ငအ,တစ်ယောက်ကြောင့်သူမပလစ်ခံရသည်ကအဓိပ္ပါယ်လုံးဝမရှိပေ။
သူမက'အ'လို႔'အ'ေနေၾကာင္းေျပာတာဘာမွားလို႔လဲ.....
"ဒါလင္....ဒါလင့္ရဲ႕သူငယ္ခ်င္းေတြကမလြန္လြန္းဘူးလား...."
ယင္းမီကတစ္ေယာက္တည္းသာက်န္ရစ္ေနသည့္ခ်င္းထန္ကိုၾကည့္ကာဆိုလာသည္။သို႔ေပမယ့္သူမခ်စ္သူရဲ႕မ်က္ႏွာထက္ရွိသူမကိုစိတ္ပ်က္ဟန္အၾကည့္ေတြကိုသာျမင္လိုက္ရသည္။
ယင္းမီ၏ခႏၶာကိုယ္မွာေတာင့္တင္းသြားၿပီးခ်င္းထန္ကိုနားမလည္သည့္ဟန္ျဖင့္စိုက္ၾကည့္လိုက္မိသည္။
"ယင္းမီ....မင္းဒီတစ္ေခါက္လုပ္ရပ္ကအရမ္းမွားတယ္...."
ထို႔ေနာက္ခ်င္းထန္ကတစ္ျခားသူေတြကဲ့သို႔ထထြက္သြားခဲ့သည္။မူလကလူစည္ေနသည့္စားပြဲဝိုင္းတြင္ယင္းမီတစ္ေယာက္တည္းသာေၾကာင္ေတာင္ေတာင္ျဖင့္က်န္ရစ္ခဲ့၏။
ေဘးပတ္ဝန္းက်င္ရွိလူေတြရဲ႕တစ္တြတ္တြတ္အသံေတြနဲ႕အတူယင္းမီ၏မ်က္ႏွာမွာတျဖည္းျဖည္းျဖဴဆုတ္လာၿပီးမုန္းတီးမႈေတြနဲ႕အတူအံႀကိတ္လိုက္သည္။
သူမရဲ႕မ်က္လုံးေတြမွာနီရဲလာၿပီးယခုအျဖစ္အပ်က္ေတြရဲ႕အဓိကတရားခံမွာဆြံ႕အ,ေနသည့္ရန္ဖန္းဆိုသည့္ေကာင္ေလးရဲ႕အျပစ္ျဖစ္ေၾကာင္းတစ္ဖက္သတ္,သတ္မွတ္လိုက္သည္။
ထိုအရာအားလုံး၏အဓိကတရားခံျဖစ္သူေရွာင္က်န့္ကေတာ့ထြက္ခြာလာစဥ္ကလိုညွိုးငယ္ေနသည့္မ်က္ႏွာျဖင့္မဟုတ္ပါပဲလူပ်က္သည့္ေကာ္ရစ္တာတစ္ေနရာတြင္နံရံကိုအားရပါးရကန္လ်က္သူ႕ေဒါသေတြကိုဖြင့္ခ်ေနသည္။
'fuck....သူကငါ့ကိုေလွာင္ရဲတယ္ေပါ့....'
ေရွာင္က်န့္ဟာနံရံကိုအားရပါးရကန္ၿပီးေနာက္တြင္စိတ္ေက်နပ္စြာျဖင့္သက္ျပင္းခ်လိဳက္သည္။မူလခႏၶာကိုယ္ပိုင္ရွင္ရဲ႕အက်င့္စရိုက္အရသူသာရန္လုပ္လိုက္ရင္သူ႕ရဲ႕ခ်စ္စရာပုံရိပ္ေလးပ်က္စီးသြားနိုင္သည္။
ပတ္ဝန္းက်င္မွာရွိတဲ့ဝိဥာဥ္ေတြခမ်ာေဒါပြေနသည့္ေရွာင္က်န့္နားသို႔မကပ္ရဲပါပဲပုန္းေအာင္းေၾကာက္႐ြံ႕ေနၾကသည္။၎ကသူ႕ရဲ႕ေတာက္ပညာရပ္ေၾကာင့္ျဖစ္သည္။သူ႕နားကိုသာမန္ဝိဥာဥ္ေတြမကပ္နိုင္ေပ။
႐ုတ္တရတ္ေရွာင္က်န့္ဟာလူျပတ္ေနသည့္ေကာ္ရစ္တာေထာင့္တစ္ေနရာတြင္တစ္ေ႐ြ႕ေ႐ြ႕ေလ်ာက္လွမ္းေနသည့္ေက်ာင္းသားတစ္ေယာက္အားမေတာ္တဆျမင္ေတြ႕လိုက္ရသည္။ထိုေက်ာင္းသားကနံရံေနာက္မွာရပ္ေနသည့္ေရွာင္က်န့္ကိုေတြ႕ပုံမရေခ်။
သူ႕ကိုစိတ္ဝင္တစားျဖစ္သြားေစသည္ကထိုေက်ာင္းသား၏ကိုယ္ေပၚ၌တစ္ရိပ္ရိပ္ထြက္ေပၚေနသည့္အမဲေရာင္အရိပ္အေငြ႕ေတြသာျဖစ္သည္။
ေရွာင္က်န့္ရဲ႕ကူးယူတတ္ေျမာက္ထားသည့္ေတာက္ပညာရပ္အရ၎မွာမေကာင္းတဲ့ဝိဥာဥ္တစ္ခုရဲ႕ပူးကပ္ျခင္းကိုခံထားရေၾကာင္းအလိုအေလ်ာက္သိေနသည္။
ထိုပူးကပ္ခံထားရသည့္ေက်ာင္းသားဘယ္ေနရာကိုသြားေနတာလဲဆိုတာသူစိတ္ဝင္စားသြားသည္။
ေရွာင္က်န့္ဟာထိုေက်ာင္းသားအေနာက္ခိုးေၾကာင္ခိုးဝွက္ျဖင့္လိုက္ပါသြား၏။တျဖည္းျဖည္းျဖင့္ေရွာင္က်န့္ဟာထိုသူမွာေက်ာင္းေခါင္မိုးထက္သို႔သြားေနေၾကာင္းသတိထားမိလိုက္သည္။
ေက်ာင္းေခါင္မိုးဟာအေတာ္ေလးျမင့္မားၿပီးက်ယ္ျပန့္သည္။ေက်ာင္းသား၊ေက်ာင္းသူေတြတစ္ေယာက္မွမရွိပဲေအးျမသည့္ေလေျပနဲ႕အတူတိတ္ဆိတ္ေနသည္။
မေကာင္းဆိုးဝါးရဲ႕ဝင္ပူးျခင္းကိုခံထားရတဲ့ထိုေက်ာင္းသားမွာေခါင္မိုးထက္မွတစ္ဆင့္ဝရန္တာရွိရာဆီသို႔သြားသည္။ထိုေက်ာင္းသားအေနာက္ကေနခိုးလိုက္လာသည့္ေရွာင္က်န့္မွာမ်က္ေမွာင္ၾကဳတ္လိုက္ရင္းသူ႕ရင္ထဲမေကာင္းတာတစ္ခုခုျဖစ္ေတာ့မည္ဟုခံစားလိုက္ရသည္။
ေရွာင္က်န့္ထင္ေနသည့္အတိုင္းပင္ထိုေက်ာင္းသားဟာဝရန္တာရွိအုတ္ခုံေပၚသို႔တတ္သြားသည္။ေရွာင္က်န့္ရဲ႕မ်က္လုံးေလးေတြမွာျပဴးက်ယ္သြားရင္းလက္ႏွစ္ဖက္ကိုဆန့္တန္းကာခုန္ခ်ဖိဳ႕ရန္ဟန္ျပင္ေနသည့္ေက်ာင္းသားအားတားဆီးဖို႔ရန္ပုန္းေအာင္းေနရာမွခ်က္ခ်င္းထြက္လာသည္။
အခ်ိန္ဆြဲၿပီးတားဖို႔ကလည္းစကားကမေျပာနိုင္။အနားကပ္သြားရင္လည္းခုန္ခ်သြားမည္ကိုစိုးရျပန္သည္။
ငါ့ႏွယ္.....
ခုန္ခ်မယ္မွန္းသိရင္အစတည္းကေက်ာင္းေခါင္မိုးေပၚမတတ္နိုင္ေအာင္တားလိုက္ရင္ေကာင္းသား......
ကံေကာင္းစြာျဖင့္ထိုေက်ာင္းသားမွာေရွာင္က်န့္ရဲ႕အေငြ႕အသက္ကိုခံစားမိသည္ႏွင့္ဇက္ႀကီးေစာင္းလ်က္ေနာက္ျပန္လွည့္ၾကည့္လာသည္။မ်က္တြင္းႀကီးတစ္ခုလုံးမွာနက္ေမွာင္ေနၿပီးမ်က္လုံးကိုမျမင္ေတြ႕ရေပ။ထိုေက်ာင္းသား၏ပါးျပင္၊လည္ပင္းႏွင့္လက္ဖ်ံရိုးတစ္ေလ်ာက္တြင္စက္ဆုပ္ဖြယ္အနက္ေရာင္ေသြးေၾကာေတြကိုထင္ထင္ရွားရွားျမင္ေတြ႕ေနရသည္။
ေရွာင္က်န့္ႏွင့္ထိုေက်ာင္းသားကတစ္ေယာက္ကိုတစ္ေယာက္မလြတ္တမ္းစိုက္ၾကည့္ေနၾကသည္။ေရွာင္က်န့္အေနနဲ႕ဒီပူးကပ္ထားသည့္ဝိဥာဥ္ကိုအသာေလးသမနိုင္ေပမယ့္တစ္ဖက္ေက်ာင္းသားအတြက္ကေတာ့အႏၱရာယ္မ်ားလြန္းေနသည္။
ေရွာင္က်န့္ကသူေဆာင္ေနက်စာအုပ္လးေပၚတြင္စာတစ္ခ်ိဳ႕ကိုကမန္းကတန္းခ်ေရးလိုက္ရင္းထိုေက်ာင္းသားရွိရာဘက္သို႔ေထာင္ျပလိုက္သည္။၎ဝိဥာဥ္ရဲ႕အျမင္အာ႐ုံအရထိုစာကိုအေသးစိတ္တစ္လုံးခ်င္းစီကအစရွင္းရွင္းလင္းလင္းျမင္နိုင္မည္မွာေသခ်ာသည္။
""'မင္းသူ႕ကိုလႊတ္လိုက္""'
ေရွာင္က်န့္ရဲ႕စာကိုျမင္သည္ႏွင့္ထိုေက်ာင္းသားတစ္ျဖစ္လဲမေကာင္းတဲ့ဝိဥာဥ္ကဟက္ဟက္ပက္ပက္ထရယ္သည္။
"ဟား....ဟား....ဟား......"
ေရွာင္က်န့္၏ထိုဝိဥာဥ္ကိုအာ႐ုံလႊဲေျပာင္းမႈမွာေအာင္ျမင္သြားသည္။
'အုန္းသီး....'
[ကြၽန္ေတာ္ရွိပါတယ္host]
'သူ႕ကိုကယ္လို႔ရတဲ့နည္းလမ္းရွိလား....'
[ေလေပၚမိနစ္ပိုင္းေလာင္ပ်ံဝဲေစနိုင္တဲ့အမႈန့္တစ္ခ်ိဳ႕ရွိပါတယ္host.....အဲ့ဒါသာသူ႕ကိုယ္ေပၚမွာျဖဴးခ်နိဳင္ရင္ေက်ာင္းေအာက္ျပဳတ္က်သြားမွာ
စိုးရိမ္စရာမလိုေတာ့ဘူး]
'ဝိုး....ဒါနဲ႕ဘယ္ေလာက္လဲ'
[ဟီး....သိပ္မမ်ားပါဘူးhostရဲ႕....
points 700ေလာက္ပါပဲ...]
ေရွာင္က်န့္ႏွာတစ္ခ်က္မႈတ္လိုက္ရင္းအုန္းသီးဆီကဝယ္ယူလိုက္သည္။ဒစ္စေကာင့္ခ်ေပးတဲ့အေနနဲ႕အုန္းသီးဟာတစ္ဖက္ဝိဥာဥ္ဝင္ပူးခံေနရတဲ့ေက်ာင္းသားေပၚ၎အမႈန့္ေတြကိုအခမဲ့ကူညီကာျဖဴးေပးလိုက္သည္။
မဟုတ္ရင္သူ႕hostဆဲတာခံရလိမ့္မည္ဟုအာ႐ုံရေနသည္။
[hostကြၽန္ေတာ္လုပ္ၿပီးၿပီ....]
ေရွာင္က်န့္ကေက်နပ္စြာတစ္ခ်က္ၿပဳံးလိုက္ရင္းခပ္တည္တည္ျဖင့္ထိုေက်ာင္းသားအနားတိုးကပ္သြားလိုက္သည္။
"မင္း!!!!မင္းတိုးရဲတိုးလာၾကည့္ေနာ္....ငါခုန္ခ်လိဳက္မွာ"
ေရွာင္က်န့္ကသူ႕ရဲ႕လက္စြဲေတာ္စာအုပ္ေလးနဲ႕အေၾကာင္းျပန္လိုက္သည္။
""'ခုန္ခ်လိဳက္ေလ....""'
ပူးကပ္ခံထားရသည့္ေက်ာင္းသား : "....."
၎ဝိဥာဥ္ပူးကပ္ခံထားရသည့္ေက်ာင္းသားမွာအံတစ္ခ်က္ႀကိတ္လိုက္ရင္းေရွာင္က်န့္အေရွ႕မွာတင္ေက်ာင္းေခါင္မိုးထပ္မွခုန္ခ်သြားသည္။သို႔ေသာ္ေရွာင္က်န့္၏ေအးေဆးစြာရပ္ၾကည့္ေနသည့္အၾကည့္ေအာက္တြင္မတိုင္ခင္ကခုန္ခ်လိဳက္သည့္ေက်ာင္းသား၏ခႏၶာကိုယ္မွာေလေပၚေပါ့ပါးစြာလြင့္ပ်ံလာၿပီးေက်ာင္းေခါင္မိုးထပ္သို႔ေလထဲတြဲေလာင္းက်လ်က္ျပန္လည္ေရာက္ရွိလာသည္။
"....."
ရှောင်ကျန့်၏လက်မှာချက်ချင်းလှုပ်ရှားသွားပြီးလေပေါ်တန်းလန်းလေးဖြင့်ရုန်းကန်နေသည့်ထိုပူးကပ်ခံရသူကျောင်းသားအားအကျင်္ီကော်လာကနေတစ်ဆင့်ဆွဲကိုင်လိုက်သည်။ထို့နောက်ကြမ်းပြင်ထက်သို့အရှိန်ဖြင့်ဆွဲချလိုက်ရင်းထိုရုန်းကန်နေသည့်ကျောင်းသားအားပါးတွေချည်းလှိမ့်ပိတ်ပြီးရိုက်ချလိုက်သည်။
ပူးကပ္ထားသည့္ဝိဥာဥ္ : "....."
ဝူး...ဝူး....ငါကသာမန္မေကာင္းတဲ့ဝိဥာဥ္ေလးတစ္ေကာင္ပါ.....ငါ့ေနရာမွာအစားထိုးမယ့္ဝိဥာဥ္ေလးတစ္ခုလိုခ်င္လို႔လုပ္မိတာပါလို႔.....ဝူး....ဝူး....ဝူး.....
ေကျာင်းသားလေး၏မျက်နှာတစ်ခုလုံးဖူးယောင်သွားသည့်အခါမှရှောင်ကျန့်ဟာသူအနည်းငယ်လက်လွန်သွားမှန်းသိလိုက်သည်။
ငါဝိဥာဥ္ကိုရိုက္တာပါေနာ္....လူကိုမဟုတ္ဘူး....
ေရွာင္က်န့္ဟာအနည္းငယ္ရွက္ကိုးရွက္ကန္းျဖစ္သြားလ်က္သူ႕pointsေတြအတြက္အစားယူလိုက္တယ္ဟုသာသေဘာထားလိုက္သည္။တကယ္လည္းသူ႕ရဲ႕ကုန္ဆုံးသြားတဲ့pointsဒီဝိဥာဥ္ကိုစိတ္ဆိုးၿပီးရိုက္လိုက္မိ႐ုံပါ.....အဟြတ္....
ေနာက္ဆုံးမွာေတာ့အရိုက္ခံလိုက္ရသည့္သနားစရာမေကာင္းဆိုးဝါးဝိဥာဥ္ေလးမွာေရွာင္က်န့္ကိုဒူးေထာက္ေတာင္းပန္လ်က္ေနာက္ထပ္ဒီလိုလုပ္ရပ္မ်ိဳးမလုပ္ေတာ့ပါဘူးဟုက်ိန္ဆိုကာငိုယိုၿပီးထြက္ေျပးသြားသည္။
တစ္ဖက္ရွိေက်ာင္းသားမွာေတာ့ေရွာင္က်န့္လက္ခ်က္ေၾကာင့္မ်က္ႏွာတစ္ခုလုံးဖူးေယာင္ေနလ်က္သတိလစ္ေနခဲ့သည္။
sorryဘဒို....ငါလည္းဒီလိုျဖစ္သြားဖို႔အတြက္မေမွ်ာ္လင့္ထားပါဘူး.....
ေရွာင္က်န့္မွာသက္ျပင္းေလးအသာခ်ရင္း႐ုတ္တရက္သူ႕ရဲ႕ခႏၶာကိုယ္မွာေတာင့္တင္းသြားသည္။သူ႕ေက်ာျပင္အားေၾကာက္မက္ဖြယ္သားရဲႀကီးတစ္ေကာင္ကစိုက္ၾကည့္ေနေၾကာင္းခံစားလိုက္ရသည္။
ေရွာင္က်န့္ရဲ႕မ်က္ဝန္းနက္ေလးေတြမွာအေနာက္သို႔လွည့္ၾကည့္လိုက္ၿပီးေနာက္သူ႕မ်က္လုံးေလးေတြမွာအံ့အားသင့္သြားဟန္ေပၚေပါက္လာသည္။
ေက်ာင္းေခါင္မိုးထက္ရွိအျမင့္တစ္ေနရာ၏အုတ္ခုံေပၚတြင္၆ႏွစ္၇ႏွစ္အ႐ြယ္ကေလးတစ္ေယာက္ဟာသူ႕ရဲ႕ေျခေထာက္ေသးေသးေလးေတြကိုလႊဲယမ္းရင္းေရွာင္က်န့္ကိုမ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေနသည္။
ေကာင္ငယ္ေလး၏မ်က္လုံးမွာအစိမ္းေရာင္ေတာက္ပေနၿပီးရွည္လ်ားေကာ့ၫႊတ္သည့္မ်က္ေတာင္အရွည္ႀကီးေတြျဖင့္ပါးေဖာင္းေဖာင္းႀကီးေတြရွိသည္။ထိုကေလးငယ္၏ပါးျပင္တစ္ဖက္စီတြင္ထူးဆန္းသည့္အစက္ေလးႏွစ္ခုမွာလွပစြာတည္ရွိေန၏။
အေတာ္ေလးခ်စ္စရာေကာင္းၿပီးလွပတဲ့ကေလးတစ္ေယာက္ျဖစ္ေၾကာင္းကိုေတာ့သူဝန္ခံရမည္။
ႏူးညံ့သည့္ေလတစ္သုတ္မွာေရွာင္က်န့္၏မ်က္ႏွာေသးေသးေလးထက္သို႔ေဝ့ဝဲတိုက္ခတ္သြားသည္။
သူ႕ရဲ႕အနက္ေရာင္ဆံပင္ေလးေတြမွာအျမင္အာ႐ုံကိုခဏဖုံးကြယ္သြားတာေၾကာင့္ေရွာင္က်န့္ဟာသူ႕လက္ေလးေတြျဖင့္ဆံပင္တစ္ခ်ိဳ႕ကိုဖယ္ရွားလိုက္သည္။
ေရွာင္က်န့္ရဲ႕အျမင္အာ႐ုံမွာရွင္းလင္းသြားသည္ႏွင့္သူ႕အေရွ႕တြင္မူလကအေဝးတစ္ေနရာတြင္ထိုင္ေနသည့္ေကာင္ငယ္ေလး၏မ်က္ႏွာမွာသူနဲ႕တစ္ထြာေလာက္ပင္မကြာေတာ့ေလာက္ေအာင္နီးကပ္ေနခဲ့သည္။
အေရးႀကီးဆုံးက.....
ဒီစြကေလးကသူနဲ႕မ်က္ႏွာခ်င္းဆိုင္ျဖစ္ဖို႔ကိုေလေပၚမွာပ်ံဝဲေနျခင္းသာျဖစ္သည္။
"မင္းငါ့ကိုျမင္ရတာလား"
၎ကေလးငယ္ေလး၏အသံမွာလြန္စြာႏူးညံ့ကာကေလးဆန္ေနေပမယ့္တစ္မူထူးျခားသည့္အရွိန္အဝါတစ္ခ်ိဳ႕လည္းေရာယွက္ေနေသးသည္။ကေလးငယ္ေလးဟာေတာင့္တင္းေနသည့္ေရွာင္က်န့္ကိုမ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေနရင္းေျပာသည္။
ေရွာင္က်န့္ကေခါင္းျငႇိမ့္ျပသည္ကိုျမင္သည့္အခါေျမျပင္ထက္သို႔ဆင္းသက္လိုက္သည္။ထိုအခါ၎ထူးဆန္းသည့္ကေလးငယ္၏အရပ္မွာေရွာင္က်န့္ရဲ႕ခါးေလာက္သာရွိေၾကာင္းသတိထားမိသြားသည္။
ထိုကေလး၏အစိမ္းေရာင္မ်က္လုံးတစ္စုံဟာဥာဏ္မ်ားမည့္ဟန္ျဖင့္ေတာက္ပသြားသည္။
"မင္းအခုဘယ္လိုအေလ်ာ္ေပးမလဲ.....မင္းေၾကာင့္ငါ့ရဲ႕တာဝန္တစ္ခုပ်က္စီးသြားၿပီ"
ေရွာင္က်န့္ရဲ႕နားမလည္သည့္ဟန္ျပဴးက်ယ္ဝိုင္းစက္ေနသည့္မ်က္ဝန္းနက္ေလးေတြကိုၾကည့္ရင္းထိုကေလးကသတိလစ္ကာဖူးေယာင္ေနသည့္မ်က္ႏွာျဖင့္ေက်ာင္းသားဘက္သို႔ေမးေငါ့ျပသည္။
"သူ႕ရဲ႕ဝိဥာဥ္ကိုေခၚသြားရမွာကငါ့ရဲ႕တာဝန္ပဲ....အခုမင္းကဝင္ၿပီးႏွောင့္ယွက္လိုက္ေတာ့သူ႕ရဲ႕ေသရမယ့္ကံကလြဲေခ်ာ္သြားၿပီ"
ေရွာင္က်န့္၏မ်က္လုံးထဲတြင္အံ့အားသင့္ဟန္ႏွင့္အတူထိုကေလးမွာဘယ္သူလဲဆိုတာသိခ်င္စိတ္ေပၚေပါက္လာသည္။
ဝိဥာဥ္တစ္ေကာင္မ်ားလား.....
ေရွာင္က်န့္၏အေတြးမွန္သမွ်ကိုထိုကေလးကခန့္မွန္းနိုင္ဟန္ျဖင့္ႏွာေခါင္းရႈံလိုက္သည္။
"ငါကို႔ဒီလိုအဆင့္အတန္းနိမ့္က်တဲ့သတၱဝါေတြနဲ႕မႏွိုင္းယွဥ္စမ္းပါနဲ႕...."
ထိုကေလးငယ္ဟာေျပာရင္းဆိုရင္းျဖင့္သူ႕ရဲ႕လက္ေသးေသးေလးထဲတြင္အနက္ႏွင့္ေ႐ႊေရာင္ေရာစပ္ထားသည့္ျမင့္ျမတ္သည့္အရွိန္အဝါတစ္ခ်ိဳ႕ႏွင့္စာခ်ဳပ္တစ္ခုေပၚေပါက္လာကာျဖန့္ျပလိုက္သည္။
[အမည္ - ဇိုင္း
အသက္ - မသိ
အဆင့္အတန္း - မခန့္မွန္းနိုင္၊အလြန့္အလြန္ျမင့္မား။
ယာယီအလုပ္အကိုင္ - ေသမင္း။]
ေရွာင္က်န့္ : "....."
ငါဘာေတြျမင္ေနရတာလဲဟင္.....
________________________________________________________________