Unicode
ရှောင်ကျန့်စရောက်သည့်အချိန်တွင်ဇာတ်လိုက်တို့ကျောင်းကိုပြောင်းဖို့ရန်ပြင်ဆင်ပြီးနေပြီဖြစ်သည်။
သူ့ရဲ့မွဲနေတဲ့ယခုအချိန်ကာလအရအခုလိုအခန်းကျဥ်းလေးထဲမှာနေနိုင်ဖို့ရန်အတွက်တောင်ငှားစရာပိုက်ဆံနည်းနေခဲ့သည်။သူ့ရဲ့သနားစရာငမွဲဘဝကိုငဲ့ညှာသောအားဖြင့်ကောင်းမွန်တဲ့အလုပ်လေးတစ်ခုကိုရှာဖွေတွေ့ရှိထားသည်။ဤသည်မှာလိုင်းပေါ်တွင်pageတစ်ခုထောင်ပြီးမကောင်းဆိုးဝါးနှင်သည့်အလုပ်နှင့်ပရလောကနှင့်ပတ်သပ်သည့်အလုပ်တစ်ချို့ကိုအော်ဒါမှာယူနိုင်ကြောင်းဖြစ်သည်။
၎င်းကိစ္စကိုလူတော်တော်များများကအယုံအကြည်မရှိကြပေမယ့်တကယ်ကြုံတွေ့နေရသူတွေအနေနဲ့ကတော့လွန်စွာအထောက်အကူဖြစ်စေသည်။
အခုတလောလိုအပ်သည့်ငွေတွေအတွက်ကတော့အုန်းသီးဆီကနေpoints 100သုံးပြီးဝယ်ယူထားသည်။ထို့အတွက်သူ့တွင်စိုးရိမ်စရာသိပ်မရှိပေ။
ဒီလိုနဲ့ရှောင်ကျန့်ဟာကျောင်းစတတ်ရမည့်အချိန်သို့ကျရောက်လာသည်။ရှောင်ကျန့်ဟာစာအုပ်လေးတ်အုပ်ကိုရင်ဘတ်မှာပိုက်ထားရင်းအင်္ကျီရင်ဘတ်ပေါ်တွင်ဘောပင်လေးတစ်ချောင်းချိတ်ထားသည်။ရှောင်ကျန့်ရဲ့ချစ်စဖွယ်ခေါင်းလုံးလုံးလေးမှာတစ်ခါလှုပ်ရှားလိုက်တိုင်းဝဲကနဲဖြစ်သွားတတ်သည်။အရှေ့ကနေဦးဆောင်ကာခေါ်လာသည့်ကျောင်းဆရာမမှာခဏခဏမနေနိုင်အောင်သူမ,နောက်ကကျောင်းသားလေးကိုခိုးခိုးကြည့်နေမိသည်။
ဘယ်နေရာကကြည့်ကြည့်ဘာလို့အရမ်းတွေချစ်စရာကောင်းနေရတာလဲလို့.....
ကျောင်းတတ်ချိန်ဖြစ်နေတာကြောင့်ကော်ရစ်တာတစ်လျောက်တွင်လူတွေကင်းရှင်းနေ၏။
ရှောင်ကျန့်ရဲ့အနက်ရောင်မက်မုံပွင့်သဏ္ဍာန်မျက်လုံးဝိုင်းကြီးတွေမှာကြယ်တာယာတွေစုစည်းထားသလိုလင်းလက်တောက်ပနေပြီးသူ့မျက်နှာသေးသေးလေးနဲ့ပါပေါင်းစပ်လိုက်တဲ့အခါမြင်သူတစ်ကာကိုစွဲလမ်းသွားစေနိုင်သည်။
စာသင်ခန်းအရှေ့ရောက်တော့ဆရာမကသူ့ကိုအခန်းပြင်မှာခဏလောက်စောင့်ခိုင်းရင်းသူမကအရင်ဆုံးဆူညံနေသည့်အခန်းထဲသို့ဝင်ရောက်သွားသည်။
ဆူညံပြီးစကားများနေကြသည့်ကျောင်းသားတွေမှာအတန်းပိုင်ဆရာမအခန်းထဲသို့ရောက်လာသည်ကိုမြင်သည်နှင့်ကမန်းကတန်းသူတို့နေရာသို့သွားထိုင်ကာငြိမ်သက်တိတ်ဆိတ်သွားကြသည်။အတန်းပိုင်ဆရာမကတစ်တန်းလုံးကိုဝေ့ဝဲကာစိုက်ကြည့်လိုက်သည်။တိတ်ဆိတ်နေသည့်စာသင်ခန်းထဲတွင်အတန်းပိုင်ဆရာမ၏အသံမှာရှင်းလင်းစွာထွက်ပေါ်လာသည်။
"အဟမ်း.....ကျောင်းသားတို့....
ဒီနေ့ဆရာမတို့အခန်းကိုကျောင်းသား
အသစ်တစ်ယောက်ပြောင်းလာတယ်...."
ကျောင်းသား/သူတိုင်း၏မျက်နှာမှာစိတ်ဝင်စားဟန်ပေါ်လာကြကာစာသင်ခန်းတံခါးသို့များပြားလှသည့်မျက်လုံးတွေမှာကျရောက်သွားကြသည်။
"သားလေး.....ဝင်လာလို့ရပြီ..."
စာသင်ခန်းတံခါးမှာအားလုံး၏အကြည့်တွေအောက်မှာတင်လုံးဝပွင့်ဟသွားပြီးပိန်ပိန်ပါးပါးနှင့်သေးသေးကွေးကွေးခန္ဓာကိုယ်လေးတစ်ခုမှာတွန့်ဆုတ်စွာဝင်ရောက်လာသည်။
ကောင်ငယ်လေး၏မျက်လုံးဝိုင်းကြီးတွေမှာတစ်ခန်းလုံးကိုဝေ့ဝဲကြည့်ရှု့လိုက်ပြီးအနည်းငယ်ရှက်တတ်ဟန်ပေါ်သည်။
အိုး.....ဘယ်လိုတောက်ချစ်ဖို့ကောင်းလွန်းတဲ့အရုပ်လေးပါလိမ့်.....
ကျောင်းသား/သူတိုင်း၏စိတ်အတွင်းတွင်၎င်းအူယားစရာအကောင်သေးသေးလေးနှင့်တူလွန်းသူရှောင်ကျန့်အားကြည့်ကာဝါးစားချင်စိတ်ပင်ပေါက်လာသည်။
ရှောင်ကျန့်ရဲ့ထူးခြားကောင်းမွန်လှတဲ့မျက်နှာလေးကြောင့်လူတိုင်းဟာသူ့ကိုရှက်တတ်သည့်ကောင်လေးအဖြစ်တစ်ဖက်သက်သတ်မှတ်လိုက်ကြသည်။
ရှောင်ကျန့် : "....."ငါဘယ်နားမှာရှက်နေလို့လဲ.....
ရှောင်ကျန့်ဟာwhite boardထက်တွင်တစ်တန်းလုံးမြင်ရစေရန်စကားလုံးတစ်ချို့အားချရေးမိတ်ဆက်လိုက်သည်။
""'နိဟောင်.....ငါ့နာမည်ကရန်ဖန်းပါ.....ပြီးတော့...ငါကစကားမပြောနိုင်ဘူး""'
လူတိုင်း၏တတ်ကြွပျော်ရွှင်နေသည့်အကြည့်တွေမှာနောက်ဆုံးစာကြောင်းနားတွင်ရပ်တန့်သွားကြသည်။တစ်တန်းလုံးဟာအလွန့်အလွန်ချစ်ဖို့ကောင်းလွန်းလှသည့်ကောင်ငယ်လေးအားဂရုဏာသက်သည့်မျက်ဝန်းတွေဖြင့်ကြည့်နေရုံသာတတ်နိုင်ကြသည်။
ချစ်စရာကောင်ငယ်လေး၏ဆွံ့အမှုကသူတို့ကိုအချစ်မလျော့စေတဲ့အပြင်အတတ်နိုင်ဆုံးမျက်နှာသေးသေးလေးမငြှိုးစေရန်ပင်ကြိုးစားလာစေချင်သည်။ယခုလောလောဆည်၌အတန်းတစ်ခုလုံးနှင့်အတန်းပိုင်ဆရာမ၏ဂရုဏာသက်ခြင်းကိုအလူးအလဲခံနေရသူရှောင်ကျန့်မှာတစ်တန်းလုံးကိုခြုံကြည့်ရင်းဇာတ်လိုက်ဖြစ်သူကိုလိုက်လံရှာဖွေကြည့်လိုက်သည်။မူလဇာတ်ကြောင်းအရဇာတ်လိုက်နှင့်ရန်ဖန်းမှာအခန်းချင်းတူမှန်းဖော်ပြထားသည်။
သို့သော်......
ယခုအချိန်၌တတ်ကြွလွန်းသူအမောင်ဇာတ်လိုက်မှာဘယ်တွေရောက်နေတာပါလိမ့်......
"ဆရာမနဥ်...."
ကမန်းကတန်းပြေးလွှားသံနှင့်အတူစာသင်ခန်းတံခါးမှာဝုန်းကနဲပွင့်ဟသွားပြီးအရပ်မြင့်မြင့်ပုံသဏ္ဍာန်တစ်ခုဝင်ရောက်လာသည်။
"ကျွန်တော်နောက်ကျသွားလို့တောင်းပန်ပါတယ်ဗျာ......ကျွန်တော်လမ်းမှာမေ့လဲနေတဲ့အဖွားတစ်ယောက်နဲ့တွေ့......."
ချင်းထန်၏စကားများမှာအတန်းပိုင်ဆရာမဘေးနားမှာမတ်တပ်ရပ်နေသည့်ခပ်သေးသေးခန္ဓာကိုယ်လေးတစ်ခုကြောင့်လုံးဝရပ်တန့်သွားသည်။ထိုပုံရိပ်လေး၏ခေါင်းလုံးလုံးလေးမှာချင်းထန်ရှိရာဆီစောင့်ငဲ့ကြည့်လာချိန်၌ချင်းထန်၏တည်ငြိမ်နေတဲ့နှလုံးသားတစ်စုံမှာတဒိတ်ဒိတ်ဖြင့်ပုံမှန်မဟုတ်စွာစတင်ခုန်လှုပ်လာသည်။
ကောင်ငယ်လေး၏အနက်ရောင်ဖြင့်ကြယ်တာယာတွေစုစည်းထားသကဲ့သို့မျက်လုံးဝိုင်းကြီးတွေကြောင့်သူ့ရဲ့ခြေဖျားလက်ဖျားလေးတွေတောင်တုန်ရင်ချင်လာသည်။
အရမ်းလှတာပဲ......
ချင်းထန်၏အူကြောင်ကြောင်ကြောင်ဖြင့်ငေးမောနေပုံမှာအတန်းပိုင်ဆရာမ၏အသံကြောင့်သတိပြန်ဝင်လာသည်။
"ချင်းထန်.....နင်တစ်နေ့မဟုတ်တစ်နေ့၊တစ်ခုမဟုတ်တစ်ခုဖြစ်ပြီးတော့ကိုနောက်ကျနေတော့တာပဲ....."
"အာ......ကျွန်တော်တောင်းပန်ပါတယ်ဆရာမနဥ်....နောက်တစ်ခေါက်မဖြစ်စေရတော့ပါဘူး...."
"နင်နေ့တိုင်းပြောနေတာပဲလေ.....ထားလိုက်တော့.....ကိုယ့်နေရာကိုယ်အရင်ဆုံးသွားထိုင်"
"ဟုတ်...."
ချင်းထန်ဟာသူ့ခေါင်းသူကုတ်လိုက်ရင်းရှောင်ကျန့်အနားကနေဖြတ်ကျော်၍ဟိုးအနောက်ဆုံးတန်းရှိပြတင်းပေါက်နားကခုံမှာသွားထိုင်သည်။
ချင်းထန်ဟာကောင်ငယ်လေးနားကဖြတ်လျှောက်သွားချိန်၌ခပ်သင်းသင်းကိုယ်သင်းနံ့လေးကိုရဖြစ်အောင်ရလိုက်သေးသည်။သူ့ရဲ့နှလုံးခုန်နှုန်းမှာမြန်သထက်မြန်လာပြီးသူ့ရဲ့ခန့်ညားတဲ့မျက်နှာကြီးကိုတောင်အကြောင်းရင်းမသိနီမြန်းလာစေသည်။
ချင်းထန်ဟာသူ့နေရာသူဝင်ထိုင်ရင်းသူ့ဘေးနားကဆံပင်အနီရောင်နှင့်သူ့သူငယ်ချင်းဖြစ်သူဝေထန်စီအားလက်တို့ကာမေးမြန်းလိုက်သည်။
"သူကကျောင်းသားသစ်လား..."
ချောမောသည့်မျက်နှာဖြင့်ဝေထန်စီဟာလွတ်သည့်ခုံတစ်နေရာတွင်ဝင်ထိုင်နေသောရှောင်ကျန့်အားစိတ်ဝင်စားသည့်မျက်နှာဖြင့်ကြည့်ရှု့နေရင်းချင်းထန်၏အမေးကိုခေါင်းငြှိမ့်ပြသည်။
"ဟုတ်တယ်....."
ဝေထန်စီဟာချင်းထန်ဘက်လှည့်ရင်းwhite boardဘက်မေးငေါ့ပြသည်။ချင်းထန်ဟာwhite boardထက်ကလှပသည့်လက်ရေးလက်သားဖြင့်စာတန်းတစ်ချို့ကိုဖတ်ကြည့်ရင်းအံ့အားသင့်စွာဖြင့်တစ်လှုပ်လှုပ်ဖြစ်နေသည့်ရှောင်ကျန့်ရှိရာဆီသို့လှည့်ကြည့်လိုက်မိသည်။
ဒီကောင်ငယ်လေးကစကားမပြောနိုင်ဖူးတဲ့လား......
ချင်းထန်၏စိတ်ထဲတွင်ရန်ဖန်းဆိုသည့်ချစ်စရာကောင်လေးအကြောင်းတွေသာပြည့်နှက်နေရင်းတွေးတောနေမိသည်။
တစ်ဖက်တွင်ေရှာင်ကျန့်ဟာလွတ်နေသည့်ခုံတစ်နေရာတွင်လှုပ်စိလှုပ်စိဖြင့်ဝင်ထိုင်နေစဥ်သူ့ရဲ့ထိုင်ခုံဖော်အသစ်စက်စက်လေးဖြစ်တဲ့မျက်မှန်ဝတ်ထားသည့်ကောင်လေးတစ်ယောက်ကသူ့ကိုယ်သူမိတ်ဆက်လာသည်။
"တွေ့ရတာဝမ်းသာပါတယ်ရန်ဖန်း.....ငါ့နာမည်ကပိုင်မင်ပါ.....ငါ့မင်းနဲ့သူငယ်ချင်းလုပ်ခွင့်ရှိမလား...."
ပိုင်မင်ရဲ့မျက်နှာထက်တွင်အပြုံးကြီးတစ်ခုနဲ့အတူရှောင်ကျန့်ရဲ့အူတူတူမျက်နှာလေးကိုသဘောကျစွာစိုက်ကြည့်လာသည်။
ရှောင်ကျန့်ဟာပိုင်မင်ကိုချစ်စရာကောင်းလွန်းသည့်အပြုံးလေးတစ်ခုနဲ့အတူသူ့လက်ထဲကစာအုပ်ပေါ်၌သူပြောချင်သည့်စကားလုံးတစ်ချို့ကိုချရေးရင်းပိုင်မင်ဘက်စာအုပ်လေးထောင်ပြလိုက်သည်။
""'တွေ့ရတာဝမ်းသာပါတယ်ဗျ.....ကျွန်တော်လဲပိုင်မင်နဲ့သူငယ်ချင်းဖြစ်ချင်ပါတယ်""'
ရှောင်ကျန့်ရဲ့အပြုအမူတစ်ခုချင်းစီကရိုးရှင်းပေမယ့်အနီးအနားမှာစောင့်ကြည့်နေသူတိုင်းရဲ့ရင်ထဲကိုကလိကလိဖြစ်စေရန်စွမ်းဆောင်နိုင်လွန်းသည်။
ရှောင်ကျန့်တို့ခုံအရှေ့ဘက်မှာထိုင်သည့်ကျောင်းသူတစ်ယောက်သည်နောက်ဘက်လှည့်လာရင်းတစ်ခစ်ခစ်ထရယ်သည်။ရှောင်ကျန့်ရဲ့နားလည်သည့်အကြည့်လေးကိုမြင်သည့်အခါမှသူမရဲ့မျက်နှာပိုးကိုသတ်လိုက်ရင်းသူမကိုယ်သူမမိတ်ဆက်သည်။
"ငါ့နာမည်ကချင်ဖေးဖေး....ငါ့ကိုလဲပိုင်မင်လိုခင်နိုင်ပါတယ်နော်"
ရှောင်ကျန့်ကစာအုပ်လေးပေါ်မှာထပ်မံချရေးလိုက်ရင်းခေတ်ဆန်ဆန်ဖြင့်လှပသည့်ကျောင်းသူချင်ဖေးဖေးဘက်စာအုပ်လေးထောင်ပြလိုက်ပြန်သည်။
""'တွေ့ရတာဝမ်းသာပါတယ်ဗျ....ကျွန်တော့်ကိုအခုလိုခင်မင်ပေးတာပဲအရမ်းဝမ်းသာပါတယ်""'
ချင်ဖေးဖေး၏လှပသည့်မျက်နှာမှာဖုံးဖိမရတော့အောင်ကိုပြုံးဖြီးဖြီးဖြစ်သွာကာရှောင်ကျန့်ရဲ့ပါးဖောင်းဖောင်းလေးတွေကိုသွားဆွဲသည်။
"ဘာလို့ဒီလောက်ထိချစ်ဖို့ကောင်းပြီးလိမ္မာနေရတာလဲလို့.....အား.....အူယားစရာကောင်းလိုက်တာ...."
ပိုင်မင်ကချင်ဖေးဖေးရဲ့မကောင်းဆိုးဝါးလိုလက်တွေအားရိုက်ချလိုက်သည်။ရှောင်ကျန့်ရဲ့ပါးလေးတွေမှာချင်ဖေးဖေး၏လက်ချက်ကြောင့်ရဲတွတ်နေပြီး၎င်းကသူ့ကိုထပ်ဆင့်တိုးကာချစ်ဖို့ကောင်းသွားစေသည်။
ရှောင်ကျန့်ဟာသူ့ရဲ့ပါးလေးတွေကိုပွတ်လိုက်ရင်းချင်ဖေးဖေးရဲ့စကားကိုစိတ်ထဲကနေပြန်ဖြေပေးလိုက်မိသည်။
ဘာဖြစ်လို့လဲဆိုတော့မူလရန်ဖန်းကအရမ်းရိုးသားပြီးလိမ္မာရေးခြားရှိတဲ့သူဖြစ်နေလို့လေ.......
ဤသို့ဖြင့်အသေးအမွှားကိစ္စလေးတွေကတစ်ဆင့်စာသင်နေရင်းကနေနေ့လည်စာစားချိန်သို့ကျရောက်လာသည်။ပိုင်မင်နဲ့ချင်ဖေးဖေးတို့နှစ်ယောက်ဟာချက်ချင်းပင်ရှောင်ကျန့်အားကျောင်းကန်တင်းရှိရာဆီသို့ဆွဲခေါ်သွား၏။
ကံကောင်းသည်လားကံဆိုးသည်လားတော့မသိပေမယ့်ပိုင်မင်နှင့်ချင်ဖေးဖေးတို့နှစ်ယောက်မှာဇာတ်လိုက်ချင်းထန်နှင့်သူငယ်ချင်းအရင်းအချာကြီးတွေဖြစ်နေကြသည်လေ။
ချင်းထန်နှင့်ဝေထန်စီဆိုသည့်ဆံပင်အနီဖြင့်လူမှာရှောင်ကျန့်တို့နဲ့အတူကန်တင်းသို့အတူတကွထွက်လာသည်။ဇာတ်လိုက်ချင်းထန်ကရှောင်ကျန့်နားကပ်ရင်းသူ့ကိုယ်သူနဲ့ဝေထန်စီကိုပါမိတ်ဆက်လာသည်။ချင်းထန်၏တတ်ကြွကာရင်းနှီးလွယ်သည့်အကျင့်စရိုက်ကြောင့်လမ်းတစ်လျောက်လုံးသူ့ရဲ့စကားသံတွေဖြင့်သာပြည့်နှက်နေခဲ့၏။
"ဟေး....ငါတို့ဒီမှာ..."
မိန်းကလေးတစ်ယောက်ကကန်တင်း၏တစ်နေရာတွင်လက်ယမ်းပြကာဇာတ်လိုက်တို့အဖွဲ့အားလှမ်းခေါ်သည်။
"အို့.....ဒီကချစ်စရာကောင်လေးကဘယ်သူများလဲ"
အနားရောက်လာသည့်ဇာတ်လိုက်တို့အဖွဲ့ထဲမှာအူတိအူကြောင်လေးဖြင့်ကြားညှပ်ပါလာသည့်ရှောင်ကျန့်ကိုကြည့်ရင်းခုနကအော်ခေါ်သည့်မိန်းကလေးနှင့်အတူထိုင်နေသောကျောင်းသားတစ်ယောက်ကစိတ်ဝင်တစားမေးသည်။ထိုသူတွင်ဆံပင်အဝါရောင်နှင့်အပြာရောင်မျက်လုံးတစ်စုံရှိပြီးအနောက်တိုင်းမျက်နှာကျပုံစံအနည်းငယ်ပေါ်လွင်ကာအတော်လေးချောမောသည်။
သူ့ရဲ့အသံနေအသံထားကိုကြည့်ရုံဖြင့်ပင်ရည်းစားရှုပ်တတ်သူမှန်းသိသာ၏။
ချင်ဖေးဖေးကမိခင်ကြီးတစ်ယောက်လိုရှောင်ကျန့်ကိုသူမအနောက်ပို့ကာ,ကာကွယ်ဟန်ပြုသည်။
"ဟေး....ဟေး....အက်ဒမ်....ရန်ဖန်းကနင်ပွေနေကျသူတွေနဲ့မတူဘူး....လာမရောစမ်းပါနဲ့...ကိုယ့်ဘာသာကိုယ်နေစမ်းပါ...."
ချင်ဖေးဖေး၏စကားကိုအက်ဒမ်ဆိုသည့်သူကပုခုံးလေးသာတွန့်ပြရင်းချင်ဖေးဖေးနောက်ကနေမျက်လုံးလေးပေါ်ရုံသာစောင်းငဲ့ကြည့်နေသည့်ခေါင်းလုံးလုံးလေးဆီ၌အာရုံရောက်နေသည်။
လူတိုင်းဟာဝင်ထိုင်လိုက်ရင်းဇာတ်လိုက်ချင်းထန်ကရှောင်ကျန့်ကိုကျန်လူတွေနဲ့မိတ်ဆက်ပေးသည်။
"ရန်ဖန်း.....သူ့နာမည်ကအက်ဒမ်လို့ခေါ်တယ်....သူကဥရောပသွေးနည်းနည်ရောပြီးပွေရှုပ်တတ်ပေမယ့်သဘောကောင်းတဲ့သူတစ်ယောက်ပါ....ဒါကြောင့်စိတ်ထဲသိပ်ထားမနေနဲ့...."
"ငါကချောတဲ့လှတဲ့သူတွေဆိုပိုတောင်သဘောကောင်းသေးတယ်...."
ချင်းထန်၏စကားကိုအက်ဒမ်ကဝင်ရောက်ကာပြောဆို၍ရှောင်ကျန့်အားမျက်လုံးလေးတစ်ဖက်မှိတ်ပြသည်။
ချင်းထန်၏မျက်နှာမှာပုတ်သိုးသွားရင်းရှိုးထုတ်နေတဲ့အက်ဒမ်ရဲ့လက်မောင်းကိုလက်သီးနဲ့တစ်ချက်လောက်ထိုးထည့်လိုက်သည်။ထို့နောက်အက်ဒမ်၏ရှုံ့မဲ့သွားသည့်မျက်နှာကိုလျစ်လျူရှု့ရင်းနောက်ထပ်မိန်းကလေးတစ်ယောက်နဲ့မိတ်ဆက်ပေးသည်။
"သူမကဝေဝေတဲ့....သူမကအရမ်းအနေအေးတယ်....စာနဲ့ပတ်သပ်ရင်သူမကိုမေးတာအကောင်းဆုံးပဲ"
ဝေဝေဆိုသည့်ချစ်စဖွယ်မိန်းကလေးကရှောင်ကျန့်ကိုနှစ်လိုဖွယ်ကောင်းစွာပြုံးပြလာသည်။ဘယ်လိုပဲဖြစ်ဖြစ်ရှောင်ကျန့်ကတော့ဇာတ်လိုက်တို့သူငယ်ချင်းအဖွဲ့ကိုအမြင်ကောင်းတွေရှိသည်။အကုန်လုံးကတတ်ကြွ၊ပျော်ရွှင်တတ်တဲ့လူငယ်လေးတွေဖြစ်ကြတာကြောင့်မူလကမ္ဘာမှာသူငယ်ချင်းမရှိတဲ့ရှောင်ကျန့်အတွက်လွန်စွာကျေနပ်နှစ်သိမ့်စေသည်။
သူ့အတွက်တာဝန်ထမ်းဆောင်တဲ့ကမ္ဘာတိုင်းမှာသူ့ကိုချစ်ခင်ပြီးကောင်းမွန်တဲ့မည်သူ့ကိုမဆိုသူကသံယောဇဥ်ထားတတ်သည်။
အကယ်၍ဆိုးယုတ်သည့်မကောင်းဆိုးဝါးဝိဥာဥ်သာအမှန်တကယ်လွတ်သွားခဲ့လျှင်ဒီလူတွေကိုအကောင်းဆုံးပြန်လည်ကာကွယ်ပေးဖို့ဆုံးဖြတ်လိုက်သည်။အသေအချာပြောရရင်ရှောင်ကျန့်ဆိုသည့်သူကမေတ္တာငတ်နေသည့်လူငယ်လေးတစ်ယောက်သာဖြစ်သည်လေ။သူ့အပေါ်ကောင်းပေးတဲ့မည်သူ့ကိုမဆိုဒီ့ထက်ပိုမိုကောင်းပေးချင်သည်မှာသူ့ရဲ့ဆန္ဒသာဖြစ်သည်။
ရှောင်ကျန့်ကသူဆောင်နေကျစာအုပ်လေးပေါ်တွင်သူပြောချင်သည့်စကားစုတစ်ချို့ကိုချရေးရန်ပြင်လိုက်ချိန်တွင်ကန်တင်းဟာရုတ်တရတ်ဆူညံသွားသည်။
"ဝိုး....ကျောင်းနတ်သမီးလေးလာတယ်ဟေ့...."
ရှောင်ကျန့်တို့အုပ်စု၏အကြည့်မှာကန်တင်းထဲသို့ဝင်ရောက်လာသည့်လွန်စွာလှပသောမိန်းကလေးတစ်ယောက်ဆီသို့ကျရောက်သွား၏။သူမတွင်ရှည်လျားဖြောင်းစင်းသည့်ခြေတံရှည်တစ်စုံနှင့်အတူမာနကြီးပေမယ့်အလွန့်အလွန်လှပသည့်မျက်နှာလေးတစ်ခုရှိသည်။ခန္ဓာကိုယ်အချိုးအစားမှာသွယ်လျပြီးအရွယ်မရောက်သေးပေမယ့်ရှိသင့်သည့်နေရာတွင်ရှိရမည့်အမို့အမောက်တွေဖြင့်ယောက်ျားသားတိုင်းကိုမျက်စိကျသရေယိုစေနိုင်သည်။
ထိုမိန်းကလေးမှာကျောင်းရဲ့queenတစ်ဖြစ်လည်းကျောင်းရဲ့ပန်းပွင့်လေးဖြစ်သူယင်းမီဖြစ်သည်။တစ်နည်းအားဖြင့်ဆိုရသော်ဇာတ်လိုက်နဲ့မပေါင်းဖက်လိုက်ရပဲသေသွားရသည့်ဇာတ်လိုက်မဖြစ်သည်။
"ဒါလင်...."
ယင်းမီ၏အသံမှာအတော်လေးချိုသာသလိုဇာတ်လိုက်ကိုကြည့်သည့်သူမရဲ့မျက်ဝန်းတွေမှာလည်းနူးညံ့နေသည်။
သို့သော်သူမရဲ့အကြည့်မှာဇာတ်လိုက်တို့အုပ်စုရဲ့တစ်နေရာရှိရှောင်ကျန့်ရဲ့အလွန်၊အလွန့်၊အလွန်ချစ်စရာကောင်းလွန်းသည့်မျက်နှာလေးကိုမြင်သည်နှင့်တောင့်တင်းသွားသည်။
ရှောင်ကျန့်၏တစ်မူထူးခြားစွာလှပသန့်စင်လွန်းသည့်မျက်နှာလေးကြောင့်သူမ၏မျက်လုံးအတွင်းတွင်မနာလိုမှုတစ်စုံတရာဖြတ်ပြေးသွားသည်။
__________________________________________________________________
စာရေးသူမှာပြောစရာရှိပါတယ်......
စာရေးသူ : "လူတိုင်းကိုပြောချင်တာကဇာတ်လိုက်ကMLမဟုတ်ပါဘူးလို့.....ဒီတစ်ခေါက်MLကဘယ်လိုလူမျိုးဖြစ်မလဲခန့်မှန်းကြည့်ကြပါလား....နောက်တစ်ပိုင်းဆိုMLပါလာပါလိမ့်မယ်...."
************************
************
Zawgyi
ေရွာင္က်န့္စေရာက္သည့္အခ်ိန္တြင္ဇာတ္လိုက္တို႔ေက်ာင္းကိုေျပာင္းဖို႔ရန္ျပင္ဆင္ၿပီးေနၿပီျဖစ္သည္။
သူ႕ရဲ႕မြဲေနတဲ့ယခုအခ်ိန္ကာလအရအခုလိုအခန္းက်ဥ္းေလးထဲမွာေနနိုင္ဖို႔ရန္အတြက္ေတာင္ငွားစရာပိုက္ဆံနည္းေနခဲ့သည္။သူ႕ရဲ႕သနားစရာငမြဲဘဝကိုငဲ့ညွာေသာအားျဖင့္ေကာင္းမြန္တဲ့အလုပ္ေလးတစ္ခုကိုရွာေဖြေတြ႕ရွိထားသည္။ဤသည္မွာလိုင္းေပၚတြင္pageတစ္ခုေထာင္ၿပီးမေကာင္းဆိုးဝါးႏွင္သည့္အလုပ္ႏွင့္ပရေလာကႏွင့္ပတ္သပ္သည့္အလုပ္တစ္ခ်ိဳ႕ကိုေအာ္ဒါမွာယူနိုင္ေၾကာင္းျဖစ္သည္။
၎ကိစၥကိုလူေတာ္ေတာ္မ်ားမ်ားကအယုံအၾကည္မရွိၾကေပမယ့္တကယ္ႀကဳံေတြ႕ေနရသူေတြအေနနဲ႕ကေတာ့လြန္စြာအေထာက္အကူျဖစ္ေစသည္။
အခုတေလာလိုအပ္သည့္ေငြေတြအတြက္ကေတာ့အုန္းသီးဆီကေနpoints 100သုံးၿပီးဝယ္ယူထားသည္။ထို႔အတြက္သူ႕တြင္စိုးရိမ္စရာသိပ္မရွိေပ။
ဒီလိုနဲ႕ေရွာင္က်န့္ဟာေက်ာင္းစတတ္ရမည့္အခ်ိန္သို႔က်ေရာက္လာသည္။ေရွာင္က်န့္ဟာစာအုပ္ေလးတ္အုပ္ကိုရင္ဘတ္မွာပိုက္ထားရင္းအကၤ်ီရင္ဘတ္ေပၚတြင္ေဘာပင္ေလးတစ္ေခ်ာင္းခ်ိတ္ထားသည္။ေရွာင္က်န့္ရဲ႕ခ်စ္စဖြယ္ေခါင္းလုံးလုံးေလးမွာတစ္ခါလႈပ္ရွားလိုက္တိုင္းဝဲကနဲျဖစ္သြားတတ္သည္။အေရွ႕ကေနဦးေဆာင္ကာေခၚလာသည့္ေက်ာင္းဆရာမမွာခဏခဏမေနနိုင္ေအာင္သူမ,ေနာက္ကေက်ာင္းသားေလးကိုခိုးခိုးၾကည့္ေနမိသည္။
ဘယ္ေနရာကၾကည့္ၾကည့္ဘာလို႔အရမ္းေတြခ်စ္စရာေကာင္းေနရတာလဲလို႔.....
ေက်ာင္းတတ္ခ်ိန္ျဖစ္ေနတာေၾကာင့္ေကာ္ရစ္တာတစ္ေလ်ာက္တြင္လူေတြကင္းရွင္းေန၏။
ေရွာင္က်န့္ရဲ႕အနက္ေရာင္မက္မုံပြင့္သ႑ာန္မ်က္လုံးဝိုင္းႀကီးေတြမွာၾကယ္တာယာေတြစုစည္းထားသလိုလင္းလက္ေတာက္ပေနၿပီးသူ႕မ်က္ႏွာေသးေသးေလးနဲ႕ပါေပါင္းစပ္လိုက္တဲ့အခါျမင္သူတစ္ကာကိုစြဲလမ္းသြားေစနိုင္သည္။
စာသင္ခန္းအေရွ႕ေရာက္ေတာ့ဆရာမကသူ႕ကိုအခန္းျပင္မွာခဏေလာက္ေစာင့္ခိုင္းရင္းသူမကအရင္ဆုံးဆူညံေနသည့္အခန္းထဲသို႔ဝင္ေရာက္သြားသည္။
ဆူညံၿပီးစကားမ်ားေနၾကသည့္ေက်ာင္းသားေတြမွာအတန္းပိုင္ဆရာမအခန္းထဲသို႔ေရာက္လာသည္ကိုျမင္သည္ႏွင့္ကမန္းကတန္းသူတို႔ေနရာသို႔သြားထိုင္ကာၿငိမ္သက္တိတ္ဆိတ္သြားၾကသည္။အတန္းပိုင္ဆရာမကတစ္တန္းလုံးကိုေဝ့ဝဲကာစိုက္ၾကည့္လိုက္သည္။တိတ္ဆိတ္ေနသည့္စာသင္ခန္းထဲတြင္အတန္းပိုင္ဆရာမ၏အသံမွာရွင္းလင္းစြာထြက္ေပၚလာသည္။
"အဟမ္း.....ေက်ာင္းသားတို႔....
ဒီေန႕ဆရာမတို႔အခန္းကိုေက်ာင္းသား
အသစ္တစ္ေယာက္ေျပာင္းလာတယ္...."
ေက်ာင္းသား/သူတိုင္း၏မ်က္ႏွာမွာစိတ္ဝင္စားဟန္ေပၚလာၾကကာစာသင္ခန္းတံခါးသို႔မ်ားျပားလွသည့္မ်က္လုံးေတြမွာက်ေရာက္သြားၾကသည္။
"သားေလး.....ဝင္လာလို႔ရၿပီ..."
စာသင္ခန္းတံခါးမွာအားလုံး၏အၾကည့္ေတြေအာက္မွာတင္လုံးဝပြင့္ဟသြားၿပီးပိန္ပိန္ပါးပါးႏွင့္ေသးေသးေကြးေကြးခႏၶာကိုယ္ေလးတစ္ခုမွာတြန့္ဆုတ္စြာဝင္ေရာက္လာသည္။
ေကာင္ငယ္ေလး၏မ်က္လုံးဝိုင္းႀကီးေတြမွာတစ္ခန္းလုံးကိုေဝ့ဝဲၾကည့္ရႈ႕လိုက္ၿပီးအနည္းငယ္ရွက္တတ္ဟန္ေပၚသည္။
အိုး.....ဘယ္လိုေတာက္ခ်စ္ဖို႔ေကာင္းလြန္းတဲ့အ႐ုပ္ေလးပါလိမ့္.....
ေက်ာင္းသား/သူတိုင္း၏စိတ္အတြင္းတြင္၎အူယားစရာအေကာင္ေသးေသးေလးႏွင့္တူလြန္းသူေရွာင္က်န့္အားၾကည့္ကာဝါးစားခ်င္စိတ္ပင္ေပါက္လာသည္။
ေရွာင္က်န့္ရဲ႕ထူးျခားေကာင္းမြန္လွတဲ့မ်က္ႏွာေလးေၾကာင့္လူတိုင္းဟာသူ႕ကိုရွက္တတ္သည့္ေကာင္ေလးအျဖစ္တစ္ဖက္သက္သတ္မွတ္လိုက္ၾကသည္။
ေရွာင္က်န့္ : "....."ငါဘယ္နားမွာရွက္ေနလို႔လဲ.....
ေရွာင္က်န့္ဟာwhite boardထက္တြင္တစ္တန္းလုံးျမင္ရေစရန္စကားလုံးတစ္ခ်ိဳ႕အားခ်ေရးမိတ္ဆက္လိုက္သည္။
""'နိေဟာင္.....ငါ့နာမည္ကရန္ဖန္းပါ.....ၿပီးေတာ့...ငါကစကားမေျပာနိုင္ဘူး""'
လူတိုင္း၏တတ္ႂကြေပ်ာ္႐ႊင္ေနသည့္အၾကည့္ေတြမွာေနာက္ဆုံးစာေၾကာင္းနားတြင္ရပ္တန့္သြားၾကသည္။တစ္တန္းလုံးဟာအလြန့္အလြန္ခ်စ္ဖို႔ေကာင္းလြန္းလွသည့္ေကာင္ငယ္ေလးအားဂ႐ုဏာသက္သည့္မ်က္ဝန္းေတြျဖင့္ၾကည့္ေန႐ုံသာတတ္နိုင္ၾကသည္။
ခ်စ္စရာေကာင္ငယ္ေလး၏ဆြံ႕အမႈကသူတို႔ကိုအခ်စ္မေလ်ာ့ေစတဲ့အျပင္အတတ္နိုင္ဆုံးမ်က္ႏွာေသးေသးေလးမျငႇိုးေစရန္ပင္ႀကိဳးစားလာေစခ်င္သည္။ယခုေလာေလာဆည္၌အတန္းတစ္ခုလုံးႏွင့္အတန္းပိုင္ဆရာမ၏ဂ႐ုဏာသက္ျခင္းကိုအလူးအလဲခံေနရသူေရွာင္က်န့္မွာတစ္တန္းလုံးကိုၿခဳံၾကည့္ရင္းဇာတ္လိုက္ျဖစ္သူကိုလိုက္လံရွာေဖြၾကည့္လိုက္သည္။မူလဇာတ္ေၾကာင္းအရဇာတ္လိုက္ႏွင့္ရန္ဖန္းမွာအခန္းခ်င္းတူမွန္းေဖာ္ျပထားသည္။
သို႔ေသာ္......
ယခုအခ်ိန္၌တတ္ႂကြလြန္းသူအေမာင္ဇာတ္လိုက္မွာဘယ္ေတြေရာက္ေနတာပါလိမ့္......
"ဆရာမနဥ္...."
ကမန္းကတန္းေျပးလႊားသံႏွင့္အတူစာသင္ခန္းတံခါးမွာဝုန္းကနဲပြင့္ဟသြားၿပီးအရပ္ျမင့္ျမင့္ပုံသ႑ာန္တစ္ခုဝင္ေရာက္လာသည္။
"ကြၽန္ေတာ္ေနာက္က်သြားလို႔ေတာင္းပန္ပါတယ္ဗ်ာ......ကြၽန္ေတာ္လမ္းမွာေမ့လဲေနတဲ့အဖြားတစ္ေယာက္နဲ႕ေတြ႕......."
ခ်င္းထန္၏စကားမ်ားမွာအတန္းပိုင္ဆရာမေဘးနားမွာမတ္တပ္ရပ္ေနသည့္ခပ္ေသးေသးခႏၶာကိုယ္ေလးတစ္ခုေၾကာင့္လုံးဝရပ္တန့္သြားသည္။ထိုပုံရိပ္ေလး၏ေခါင္းလုံးလုံးေလးမွာခ်င္းထန္ရွိရာဆီေစာင့္ငဲ့ၾကည့္လာခ်ိန္၌ခ်င္းထန္၏တည္ၿငိမ္ေနတဲ့ႏွလုံးသားတစ္စုံမွာတဒိတ္ဒိတ္ျဖင့္ပုံမွန္မဟုတ္စြာစတင္ခုန္လႈပ္လာသည္။
ေကာင္ငယ္ေလး၏အနက္ေရာင္ျဖင့္ၾကယ္တာယာေတြစုစည္းထားသကဲ့သို႔မ်က္လုံးဝိုင္းႀကီးေတြေၾကာင့္သူ႕ရဲ႕ေျခဖ်ားလက္ဖ်ားေလးေတြေတာင္တုန္ရင္ခ်င္လာသည္။
အရမ္းလွတာပဲ......
ခ်င္းထန္၏အူေၾကာင္ေၾကာင္ေၾကာင္ျဖင့္ေငးေမာေနပုံမွာအတန္းပိုင္ဆရာမ၏အသံေၾကာင့္သတိျပန္ဝင္လာသည္။
"ခ်င္းထန္.....နင္တစ္ေန႕မဟုတ္တစ္ေန႕၊တစ္ခုမဟုတ္တစ္ခုျဖစ္ၿပီးေတာ့ကိုေနာက္က်ေနေတာ့တာပဲ....."
"အာ......ကြၽန္ေတာ္ေတာင္းပန္ပါတယ္ဆရာမနဥ္....ေနာက္တစ္ေခါက္မျဖစ္ေစရေတာ့ပါဘူး...."
"နင္ေန႕တိုင္းေျပာေနတာပဲေလ.....ထားလိုက္ေတာ့.....ကိုယ့္ေနရာကိုယ္အရင္ဆုံးသြားထိုင္"
"ဟုတ္...."
ခ်င္းထန္ဟာသူ႕ေခါင္းသူကုတ္လိုက္ရင္းေရွာင္က်န့္အနားကေနျဖတ္ေက်ာ္၍ဟိုးအေနာက္ဆုံးတန္းရွိျပတင္းေပါက္နားကခုံမွာသြားထိုင္သည္။
ခ်င္းထန္ဟာေကာင္ငယ္ေလးနားကျဖတ္ေလွ်ာက္သြားခ်ိန္၌ခပ္သင္းသင္းကိုယ္သင္းနံ႕ေလးကိုရျဖစ္ေအာင္ရလိုက္ေသးသည္။သူ႕ရဲ႕ႏွလုံးခုန္ႏႈန္းမွာျမန္သထက္ျမန္လာၿပီးသူ႕ရဲ႕ခန့္ညားတဲ့မ်က္ႏွာႀကီးကိုေတာင္အေၾကာင္းရင္းမသိနီျမန္းလာေစသည္။
ခ်င္းထန္ဟာသူ႕ေနရာသူဝင္ထိုင္ရင္းသူ႕ေဘးနားကဆံပင္အနီေရာင္ႏွင့္သူ႕သူငယ္ခ်င္းျဖစ္သူေဝထန္စီအားလက္တို႔ကာေမးျမန္းလိုက္သည္။
"သူကေက်ာင္းသားသစ္လား..."
ေခ်ာေမာသည့္မ်က္ႏွာျဖင့္ေဝထန္စီဟာလြတ္သည့္ခုံတစ္ေနရာတြင္ဝင္ထိုင္ေနေသာေရွာင္က်န့္အားစိတ္ဝင္စားသည့္မ်က္ႏွာျဖင့္ၾကည့္ရႈ႕ေနရင္းခ်င္းထန္၏အေမးကိုေခါင္းျငႇိမ့္ျပသည္။
"ဟုတ္တယ္....."
ေဝထန္စီဟာခ်င္းထန္ဘက္လွည့္ရင္းwhite boardဘက္ေမးေငါ့ျပသည္။ခ်င္းထန္ဟာwhite boardထက္ကလွပသည့္လက္ေရးလက္သားျဖင့္စာတန္းတစ္ခ်ိဳ႕ကိုဖတ္ၾကည့္ရင္းအံ့အားသင့္စြာျဖင့္တစ္လႈပ္လႈပ္ျဖစ္ေနသည့္ေရွာင္က်န့္ရွိရာဆီသို႔လွည့္ၾကည့္လိုက္မိသည္။
ဒီေကာင္ငယ္ေလးကစကားမေျပာနိုင္ဖူးတဲ့လား......
ခ်င္းထန္၏စိတ္ထဲတြင္ရန္ဖန္းဆိုသည့္ခ်စ္စရာေကာင္ေလးအေၾကာင္းေတြသာျပည့္ႏွက္ေနရင္းေတြးေတာေနမိသည္။
တစ္ဖက္တြင္ေရှာင်ကျန့်ဟာလွတ်နေသည့်ခုံတစ်နေရာတွင်လှုပ်စိလှုပ်စိဖြင့်ဝင်ထိုင်နေစဥ်သူ့ရဲ့ထိုင်ခုံဖော်အသစ်စက်စက်လေးဖြစ်တဲ့မျက်မှန်ဝတ်ထားသည့်ကောင်လေးတစ်ယောက်ကသူ့ကိုယ်သူမိတ်ဆက်လာသည်။
"ေတြ႕ရတာဝမ္းသာပါတယ္ရန္ဖန္း.....ငါ့နာမည္ကပိုင္မင္ပါ.....ငါ့မင္းနဲ႕သူငယ္ခ်င္းလုပ္ခြင့္ရွိမလား...."
ပိုင္မင္ရဲ႕မ်က္ႏွာထက္တြင္အၿပဳံးႀကီးတစ္ခုနဲ႕အတူေရွာင္က်န့္ရဲ႕အူတူတူမ်က္ႏွာေလးကိုသေဘာက်စြာစိုက္ၾကည့္လာသည္။
ေရွာင္က်န့္ဟာပိုင္မင္ကိုခ်စ္စရာေကာင္းလြန္းသည့္အၿပဳံးေလးတစ္ခုနဲ႕အတူသူ႕လက္ထဲကစာအုပ္ေပၚ၌သူေျပာခ်င္သည့္စကားလုံးတစ္ခ်ိဳ႕ကိုခ်ေရးရင္းပိုင္မင္ဘက္စာအုပ္ေလးေထာင္ျပလိုက္သည္။
""'ေတြ႕ရတာဝမ္းသာပါတယ္ဗ်.....ကြၽန္ေတာ္လဲပိုင္မင္နဲ႕သူငယ္ခ်င္းျဖစ္ခ်င္ပါတယ္""'
ေရွာင္က်န့္ရဲ႕အျပဳအမူတစ္ခုခ်င္းစီကရိုးရွင္းေပမယ့္အနီးအနားမွာေစာင့္ၾကည့္ေနသူတိုင္းရဲ႕ရင္ထဲကိုကလိကလိျဖစ္ေစရန္စြမ္းေဆာင္နိုင္လြန္းသည္။
ေရွာင္က်န့္တို႔ခုံအေရွ႕ဘက္မွာထိုင္သည့္ေက်ာင္းသူတစ္ေယာက္သည္ေနာက္ဘက္လွည့္လာရင္းတစ္ခစ္ခစ္ထရယ္သည္။ေရွာင္က်န့္ရဲ႕နားလည္သည့္အၾကည့္ေလးကိုျမင္သည့္အခါမွသူမရဲ႕မ်က္ႏွာပိုးကိုသတ္လိုက္ရင္းသူမကိုယ္သူမမိတ္ဆက္သည္။
"ငါ့နာမည္ကခ်င္ေဖးေဖး....ငါ့ကိုလဲပိုင္မင္လိုခင္နိုင္ပါတယ္ေနာ္"
ေရွာင္က်န့္ကစာအုပ္ေလးေပၚမွာထပ္မံခ်ေရးလိုက္ရင္းေခတ္ဆန္ဆန္ျဖင့္လွပသည့္ေက်ာင္းသူခ်င္ေဖးေဖးဘက္စာအုပ္ေလးေထာင္ျပလိုက္ျပန္သည္။
""'ေတြ႕ရတာဝမ္းသာပါတယ္ဗ်....ကြၽန္ေတာ့္ကိုအခုလိုခင္မင္ေပးတာပဲအရမ္းဝမ္းသာပါတယ္""'
ခ်င္ေဖးေဖး၏လွပသည့္မ်က္ႏွာမွာဖုံးဖိမရေတာ့ေအာင္ကိုၿပဳံးၿဖီးၿဖီးျဖစ္သြာကာေရွာင္က်န့္ရဲ႕ပါးေဖာင္းေဖာင္းေလးေတြကိုသြားဆြဲသည္။
"ဘာလို႔ဒီေလာက္ထိခ်စ္ဖို႔ေကာင္းၿပီးလိမၼာေနရတာလဲလို႔.....အား.....အူယားစရာေကာင္းလိုက္တာ...."
ပိုင္မင္ကခ်င္ေဖးေဖးရဲ႕မေကာင္းဆိုးဝါးလိုလက္ေတြအားရိုက္ခ်လိဳက္သည္။ေရွာင္က်န့္ရဲ႕ပါးေလးေတြမွာခ်င္ေဖးေဖး၏လက္ခ်က္ေၾကာင့္ရဲတြတ္ေနၿပီး၎ကသူ႕ကိုထပ္ဆင့္တိုးကာခ်စ္ဖို႔ေကာင္းသြားေစသည္။
ေရွာင္က်န့္ဟာသူ႕ရဲ႕ပါးေလးေတြကိုပြတ္လိုက္ရင္းခ်င္ေဖးေဖးရဲ႕စကားကိုစိတ္ထဲကေနျပန္ေျဖေပးလိုက္မိသည္။
ဘာျဖစ္လို႔လဲဆိုေတာ့မူလရန္ဖန္းကအရမ္းရိုးသားၿပီးလိမၼာေရးျခားရွိတဲ့သူျဖစ္ေနလို႔ေလ.......
ဤသို႔ျဖင့္အေသးအမႊားကိစၥေလးေတြကတစ္ဆင့္စာသင္ေနရင္းကေနေန႕လည္စာစားခ်ိန္သို႔က်ေရာက္လာသည္။ပိုင္မင္နဲ႕ခ်င္ေဖးေဖးတို႔ႏွစ္ေယာက္ဟာခ်က္ခ်င္းပင္ေရွာင္က်န့္အားေက်ာင္းကန္တင္းရွိရာဆီသို႔ဆြဲေခၚသြား၏။
ကံေကာင္းသည္လားကံဆိုးသည္လားေတာ့မသိေပမယ့္ပိုင္မင္ႏွင့္ခ်င္ေဖးေဖးတို႔ႏွစ္ေယာက္မွာဇာတ္လိုက္ခ်င္းထန္ႏွင့္သူငယ္ခ်င္းအရင္းအခ်ာႀကီးေတြျဖစ္ေနၾကသည္ေလ။
ခ်င္းထန္ႏွင့္ေဝထန္စီဆိုသည့္ဆံပင္အနီျဖင့္လူမွာေရွာင္က်န့္တို႔နဲ႕အတူကန္တင္းသို႔အတူတကြထြက္လာသည္။ဇာတ္လိုက္ခ်င္းထန္ကေရွာင္က်န့္နားကပ္ရင္းသူ႕ကိုယ္သူနဲ႕ေဝထန္စီကိုပါမိတ္ဆက္လာသည္။ခ်င္းထန္၏တတ္ႂကြကာရင္းႏွီးလြယ္သည့္အက်င့္စရိုက္ေၾကာင့္လမ္းတစ္ေလ်ာက္လုံးသူ႕ရဲ႕စကားသံေတြျဖင့္သာျပည့္ႏွက္ေနခဲ့၏။
"ေဟး....ငါတို႔ဒီမွာ..."
မိန္းကေလးတစ္ေယာက္ကကန္တင္း၏တစ္ေနရာတြင္လက္ယမ္းျပကာဇာတ္လိုက္တို႔အဖြဲ႕အားလွမ္းေခၚသည္။
"အို႔.....ဒီကခ်စ္စရာေကာင္ေလးကဘယ္သူမ်ားလဲ"
အနားေရာက္လာသည့္ဇာတ္လိုက္တို႔အဖြဲ႕ထဲမွာအူတိအူေၾကာင္ေလးျဖင့္ၾကားညွပ္ပါလာသည့္ေရွာင္က်န့္ကိုၾကည့္ရင္းခုနကေအာ္ေခၚသည့္မိန္းကေလးႏွင့္အတူထိုင္ေနေသာေက်ာင္းသားတစ္ေယာက္ကစိတ္ဝင္တစားေမးသည္။ထိုသူတြင္ဆံပင္အဝါေရာင္ႏွင့္အျပာေရာင္မ်က္လုံးတစ္စုံရွိၿပီးအေနာက္တိုင္းမ်က္ႏွာက်ပဳံစံအနည္းငယ္ေပၚလြင္ကာအေတာ္ေလးေခ်ာေမာသည္။
သူ႕ရဲ႕အသံေနအသံထားကိုၾကည့္႐ုံျဖင့္ပင္ရည္းစားရႈပ္တတ္သူမွန္းသိသာ၏။
ခ်င္ေဖးေဖးကမိခင္ႀကီးတစ္ေယာက္လိုေရွာင္က်န့္ကိုသူမအေနာက္ပို႔ကာ,ကာကြယ္ဟန္ျပဳသည္။
"ေဟး....ေဟး....အက္ဒမ္....ရန္ဖန္းကနင္ေပြေနက်သဴေတြနဲ႕မတူဘူး....လာမေရာစမ္းပါနဲ႕...ကိုယ့္ဘာသာကိုယ္ေနစမ္းပါ...."
ခ်င္ေဖးေဖး၏စကားကိုအက္ဒမ္ဆိုသည့္သူကပုခုံးေလးသာတြန့္ျပရင္းခ်င္ေဖးေဖးေနာက္ကေနမ်က္လုံးေလးေပၚ႐ုံသာေစာင္းငဲ့ၾကည့္ေနသည့္ေခါင္းလုံးလုံးေလးဆီ၌အာ႐ုံေရာက္ေနသည္။
လူတိုင္းဟာဝင္ထိုင္လိုက္ရင္းဇာတ္လိုက္ခ်င္းထန္ကေရွာင္က်န့္ကိုက်န္လူေတြနဲ႕မိတ္ဆက္ေပးသည္။
"ရန္ဖန္း.....သူ႕နာမည္ကအက္ဒမ္လို႔ေခၚတယ္....သူကဥေရာပေသြးနည္းနည္ေရာၿပီးေပြရႈပ္တတ္ေပမယ့္သေဘာေကာင္းတဲ့သူတစ္ေယာက္ပါ....ဒါေၾကာင့္စိတ္ထဲသိပ္ထားမေနနဲ႕...."
"ငါကေခ်ာတဲ့လွတဲ့သူေတြဆိုပိုေတာင္သေဘာေကာင္းေသးတယ္...."
ခ်င္းထန္၏စကားကိုအက္ဒမ္ကဝင္ေရာက္ကာေျပာဆို၍ေရွာင္က်န့္အားမ်က္လုံးေလးတစ္ဖက္မွိတ္ျပသည္။
ခ်င္းထန္၏မ်က္ႏွာမွာပုတ္သိုးသြားရင္းရွိုးထုတ္ေနတဲ့အက္ဒမ္ရဲ႕လက္ေမာင္းကိုလက္သီးနဲ႕တစ္ခ်က္ေလာက္ထိုးထည့္လိုက္သည္။ထို႔ေနာက္အက္ဒမ္၏ရႈံ႕မဲ့သြားသည့္မ်က္ႏွာကိုလ်စ္လ်ဴရႈ႕ရင္းေနာက္ထပ္မိန္းကေလးတစ္ေယာက္နဲ႕မိတ္ဆက္ေပးသည္။
"သူမကေဝေဝတဲ့....သူမကအရမ္းအေနေအးတယ္....စာနဲ႕ပတ္သပ္ရင္သူမကိုေမးတာအေကာင္းဆုံးပဲ"
ေဝေဝဆိုသည့္ခ်စ္စဖြယ္မိန္းကေလးကေရွာင္က်န့္ကိုႏွစ္လိုဖြယ္ေကာင္းစြာၿပဳံးျပလာသည္။ဘယ္လိုပဲျဖစ္ျဖစ္ေရွာင္က်န့္ကေတာ့ဇာတ္လိုက္တို႔သူငယ္ခ်င္းအဖြဲ႕ကိုအျမင္ေကာင္းေတြရွိသည္။အကုန္လုံးကတတ္ႂကြ၊ေပ်ာ္႐ႊင္တတ္တဲ့လူငယ္ေလးေတြျဖစ္ၾကတာေၾကာင့္မူလကမၻာမွာသူငယ္ခ်င္းမရွိတဲ့ေရွာင္က်န့္အတြက္လြန္စြာေက်နပ္ႏွစ္သိမ့္ေစသည္။
သူ႕အတြက္တာဝန္ထမ္းေဆာင္တဲ့ကမၻာတိုင္းမွာသူ႕ကိုခ်စ္ခင္ၿပီးေကာင္းမြန္တဲ့မည္သူ႕ကိုမဆိုသူကသံေယာဇဥ္ထားတတ္သည္။
အကယ္၍ဆိုးယုတ္သည့္မေကာင္းဆိုးဝါးဝိဥာဥ္သာအမွန္တကယ္လြတ္သြားခဲ့လွ်င္ဒီလူေတြကိုအေကာင္းဆုံးျပန္လည္ကာကြယ္ေပးဖို႔ဆုံးျဖတ္လိုက္သည္။အေသအခ်ာေျပာရရင္ေရွာင္က်န့္ဆိုသည့္သူကေမတၱာငတ္ေနသည့္လူငယ္ေလးတစ္ေယာက္သာျဖစ္သည္ေလ။သူ႕အေပၚေကာင္းေပးတဲ့မည္သူ႕ကိုမဆိုဒီ့ထက္ပိုမိုေကာင္းေပးခ်င္သည္မွာသူ႕ရဲ႕ဆႏၵသာျဖစ္သည္။
ေရွာင္က်န့္ကသူေဆာင္ေနက်စာအုပ္ေလးေပၚတြင္သူေျပာခ်င္သည့္စကားစုတစ္ခ်ိဳ႕ကိုခ်ေရးရန္ျပင္လိုက္ခ်ိန္တြင္ကန္တင္းဟာ႐ုတ္တရတ္ဆူညံသြားသည္။
"ဝိုး....ေက်ာင္းနတ္သမီးေလးလာတယ္ေဟ့...."
ေရွာင္က်န့္တို႔အုပ္စု၏အၾကည့္မွာကန္တင္းထဲသို႔ဝင္ေရာက္လာသည့္လြန္စြာလွပေသာမိန္းကေလးတစ္ေယာက္ဆီသို႔က်ေရာက္သြား၏။သူမတြင္ရွည္လ်ားေျဖာင္းစင္းသည့္ေျခတံရွည္တစ္စုံႏွင့္အတူမာနႀကီးေပမယ့္အလြန့္အလြန္လွပသည့္မ်က္ႏွာေလးတစ္ခုရွိသည္။ခႏၶာကိုယ္အခ်ိဳးအစားမွာသြယ္လ်ၿပီးအ႐ြယ္မေရာက္ေသးေပမယ့္ရွိသင့္သည့္ေနရာတြင္ရွိရမည့္အမို႔အေမာက္ေတြျဖင့္ေယာက္်ားသားတိုင္းကိုမ်က္စိက်သေရယိုေစနိုင္သည္။
ထိုမိန္းကေလးမွာေက်ာင္းရဲ႕queenတစ္ျဖစ္လည္းေက်ာင္းရဲ႕ပန္းပြင့္ေလးျဖစ္သူယင္းမီျဖစ္သည္။တစ္နည္းအားျဖင့္ဆိုရေသာ္ဇာတ္လိုက္နဲ႕မေပါင္းဖက္လိုက္ရပဲေသသြားရသည့္ဇာတ္လိုက္မျဖစ္သည္။
"ဒါလင္...."
ယင္းမီ၏အသံမွာအေတာ္ေလးခ်ိဳသာသလိုဇာတ္လိုက္ကိုၾကည့္သည့္သူမရဲ႕မ်က္ဝန္းေတြမွာလည္းႏူးညံ့ေနသည္။
သို႔ေသာ္သူမရဲ႕အၾကည့္မွာဇာတ္လိုက္တို႔အုပ္စုရဲ႕တစ္ေနရာရွိေရွာင္က်န့္ရဲ႕အလြန္၊အလြန့္၊အလြန္ခ်စ္စရာေကာင္းလြန္းသည့္မ်က္ႏွာေလးကိုျမင္သည္ႏွင့္ေတာင့္တင္းသြားသည္။
ေရွာင္က်န့္၏တစ္မူထူးျခားစြာလွပသန့္စင္လြန္းသည့္မ်က္ႏွာေလးေၾကာင့္သူမ၏မ်က္လုံးအတြင္းတြင္မနာလိုမႈတစ္စုံတရာျဖတ္ေျပးသြားသည္။
__________________________________________________________________
စာေရးသူမွာေျပာစရာရွိပါတယ္......
စာေရးသူ : "လူတိုင္းကိုေျပာခ်င္တာကဇာတ္လိုက္ကMLမဟုတ္ပါဘူးလို႔.....ဒီတစ္ေခါက္MLကဘယ္လိုလူမ်ိဳးျဖစ္မလဲခန့္မွန္းၾကည့္ၾကပါလား....ေနာက္တစ္ပိုင္းဆိုMLပါလာပါလိမ့္မယ္...."
************************
************