system 091

By TeeKo0

1.1M 121K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(3.20)End....

8.7K 854 31
By TeeKo0

Unicode

"မင်းသားဖေးလစ်ရဲ့လက်တွဲဖော်ကတကယ့်ရွှေရောင်အလင်းတိုင်လုံးကိုထုတ်လွှင့်ခဲ့တဲ့သူမဟုတ်လား"

အနည်းငယ်ရဲရင့်သည့်ရှောင်ကျန့်တို့အနီးကလူတစ်ယောက်မှာဝင်ရောက်မေးမြန်းလာသည်။

ရှောင်ကျန့်ကတစ်ခြားသူတွေရဲ့အူကြောင်ကြောင်အပြုအမူတွေကိုဂရုမစိုက်စွာဒရမ်မာဆက်ချိုးနေလိုက်သည်။

"အမှန်တော့ကျွန်တော်ဒီကိစ္စကိုပြောချင်စိတ်မရှိခဲ့ပါဘူး"

ရှောင်ကျန့်ကသူ့စကားကိုစိတ်ဝင်တစားပြန်လည်မေးမြန်းမဲ့သူကိုစောင့်စားလိုက်သည်။သို့သော်လူတိုင်းနီးပါးဟာရှောင်ကျန့်ချခဲ့တဲ့ဗုံးတစ်လုံးကြောင့်အသိစိတ်မဝင်သေးတာကြောင့်သူဘာပြောလိုက်မှန်းတောင်မသိလိုက်ကြပေ။

ရိုင်နယ်တေးဟာရှောင်ကျန့်လိုချင်တဲ့အဓိပ္ပါယ်ကိုသဘောပေါက်နားလည်စွာဖြင့်အနီးအနားရှိခုနကမေးခွန်းထုတ်လာသူအားမျက်နှာဖုံးအောက်ကနေခပ်စူးစူးအကြည့်တစ်ချက်ပေးလိုက်သည်။

ထိုလူမှာမမြင်ရသည့်ထိုအကြည့်ကြောင့်ပင်တစ်ချက်မျှတုန်ရီသွားပြီးစကားထစ်လျက်မေးလာသည်။

"ဘာ.....ဘာကိုဆိုလိုချင်တာလဲ"

ထိုလူ၏စကားကြောင့်လူအုပ်ဟာအသိစိတ်ပြန်ဝင်လာရင်းရှောင်ကျန့်ပြောလာမည့်စကားကိုသာစောင့်ဆိုင်းနေကြသည်။

ရှောင်ကျန့်ဟာကျေနပ်စွာဖြင့်သူ့ချစ်သူရဲ့ခေါင်ကြီးကိုထပ်မံပုတ်ပေးလိုက်သည်။

သူ့ချစ်ချစ်ကအတော်ဆုံးပဲ.....

သူ့ရဲ့သရုပ်ဆောင်မုဟာချက်ချင်းဆိုသလိုဝင်သွားကာဘယ်နှကြိမ်မြောက်မှန်းမသိသောသက်ပြင်းကိုသာထပ်မံချလိုက်မိသည်။

"အမှန်တော့အဲ့ဒီနေ့ကမြို့တော်ဝန်အိုင်းစက်နဲ့တစ်ခြားမှော်နက်ကျင့်ကြံသူတွေကိုကျွန်တော့်ရဲ့လက်တွဲဖော်ကိုယ်တိုင်ဖြေရှင်းပေးခဲ့တာပါ....."

လူတိုင်းဟာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းရှောင်ကျန့်စကားကြောင့်မျက်လုံးပြူးသွားသည်။

"ကျွန်တော်တို့နှစ်ယောက်ကဖြေရှင်းပြီးတာနဲ့ဒီအတိုင်းပြီးဆုံးသွားဖို့ပဲမျှော်လင့်ခဲ့တာ.....မထင်မှတ်ထားတာကကျွန်တော့်ညီမကဒီအခွင့်အရေးကိုဝင်ယူပြီးနာမည်ကျော်ကြားဖို့အသုံးချလာတာကိုပဲ......"

တစ်ဖက်တွင်ကြမ်းပြင်ထက်၌လဲကျနေသည့်လယ်ရိုဟာရှောင်ကျန့်ရဲ့စကားကြောင့်ထိတ်လန့်တုန်လှုပ်သွားကာအတင်းအကြပ်ဝင်ရောက်ငြင်းဆိုလာသည်။

"မဟုတ်ဘူး.....သူလိမ်နေတာ....လိမ်နေတာ....သူ့ကိုမယုံနဲ့"

လူတိုင်း၏ဓားထက်ထက်နှင့်တူသောအကြည့်တွေမှာလယ်ရိုဆီကျရောက်ပေမယ့်ထိတ်လန့်တုန်လှုပ်နေသောလယ်ရိုကသတိမထားမိသေးပေ။

ခုနကရိုင်နယ်တေးထိန်းချုပ်လိုက်တဲ့ရွှေရောင်အလင်းနံရံကိုမြင်လိုက်ရုံဖြင့်ပင်ဘယ်သူလိမ်လဲဆိုတာသိသာနေပြီဖြစ်သည်။အရူးတွေသာသူမရဲ့စကားကိုယုံကြည့်ပေလိမ့်မည်။သူမကဘယ်သူ့ကိုလှည့်စားဖို့ကြိုးစားနေတာလဲ။

ခန်းမကျယ်အတွင်းရှိဂုဏ်သရေရှိလူတိုင်းဟာထိုစုန်းမ၏လှည့်စားလိမ်ညာခြင်းကိုခံစားလိုက်ရကြောင်းစဥ်းစားလိုက်ရုံဖြင့်ပင်မုန်းတီးရွံရှာစိတ်မှာထိန်းချုပ်မရအောင်ပေါ်ပေါက်လာကြသည်။

ရှောင်ကျန့်ကစိတ်ထဲမှာကြိတ်ပြုံးလိုက်ပေမယ့်အပြင်ဘက်တွက်တော့ပုံမှန်အမူအရာမျက်နှာသေဖြင့်သာခပ်တည်တည်ပင်ရိုင်နယ်တေး၏ဝံပုလွေမျက်နှာဖုံးကြီးကိုဆွဲချွတ်ပစ်လိုက်သည်။

လူတိုင်း၏ပင့်သက်ရှိုက်သံနှင့်အတူဇာတ်လိုက်မလယ်ရိုရဲ့အစိမ်းရောင်မျက်ဝန်းတွေမှာပြူးကျယ်ဝိုင်းစက်သွားရင်းတုန်လှုပ်ခြောက်ခြားသွားသည်။

ဘာ.....ဘာလို့သူဖြစ်နေတာလဲ.....

ရှောင်ကျန့်ဟာသူ့ချစ်သူရဲ့ရုပ်ရည်ကိုဂုဏ်ယူစွာသူ့ရဲ့သေးသွယ်တဲ့မေးလေးကိုပင့်မြှောက်လိုက်သည်။သူနည်းနည်းတော့သဝန်တိုပေမယ့်သူ့မှာဒီလိုချစ်သူချောချောလေးရထားတာကိုမှသူများတွေကိုလိုက်မကြွားရင်နှမြောစရာကြီးဖြစ်နေမှာပေါ့.......

"မဟုတ်ဘူး.....နင်လိမ်နေတာ....သူတို့ကရုပ်တူပေမယ့်သူ့မှာရွှေရောင်ဆံပင်ရှည်နဲ့မျက်လုံးတွေရှိတယ်....."

လယ်ရိုဟာငြင်းချင်ဇောနဲ့ပြောလိုက်ပေမယ့်သူမရဲ့စကားကသူမကိုယ်တိုင်ဝန်ခံလိုက်တာဖြစ်မှန်းသဘောမပေါက်သေးချေ။

ရှောင်ကျန့်ကသူ့ခွေးပေါက်ကြီးရဲ့ခေါင်းကိုပုတ်လိုက်သည်။ရိုင်နယ်တေးကချက်ချင်းပင်သူ့ရဲ့ဖုံးကွယ်သိမ်းဆည်းထားသည့်အရှိန်အဝါနဲ့ဆံပင်၊မျက်လုံးအရောင်ကိုဖော်ပြလိုက်သည်။

ရိုင်နယ်တေးရဲ့ကျဥ်းမြောင်းရှည်လျားကာလှပသည့်အနက်ရောင်မျက်ဝန်းတွေနှင့်အနက်ရောင်ဆံနွယ်ရှည်တွေမှာတောက်ပတဲ့တော်ဝင်ရွှေရောင်အဖြစ်သို့အားလုံး၏အကြည့်အောက်မှာတင်ပြောင်းလဲသွားသည်။

မူလကရှောင်ကျန့်၏စကားကိုအနည်းငယ်မယုံသကင်္ာဖြစ်နေသူများဟာရိုင်နယ်တေး၏သူမတူအောင်ချောမောလှပသောရုပ်ရည်နှင့်ရွှေရောင်ဆံပင်နှင့်မျက်လုံးအရောင်၊အထူးသဖြင့်သူ့ရဲ့မြင့်မြတ်တဲ့သဘာဝဧကရာဇ်အရှိန်အဝါကြောင့်လုံးဝအကြွင်းမဲ့ယုံကြည်သွားကြသည်။

လက်စ်ဇိုင်းယားမျိုးနွယ်စုရဲ့သဘာဝကပေးအပ်ထားတဲ့ပျောက်ဆုံးနေသူဧကရာဇ်မျိုးဆက်ဟာပြန်လည်ပေါ်ပေါက်လာခဲ့ပြီး၎င်းကငြင်းဆန်မရသည့်အမှန်တရားသာဖြစ်သည်။

"မင်းတွေ့ခဲ့တာကတကယ်ပဲသူလေ.....ငါကမင်းရဲ့နာမည်ကျော်ကြားမှုကိုမတားဆီးချင်ပါဘူး.....ဒါပေမယ့်......."

ရှောင်ကျန့်ကစိတ်မကောင်းသည့်ဟန်ဖြင့်သက်ပြင်းကိုသာထပ်မံချလိုက်သည်။

"မင်းရဲ့လုပ်ရပ်ကမင်းကိုဖော်ထုတ်သွားခဲ့တာပဲ.....မင်းကိုငါအကြိမ်ကြိမ်တားတယ်.....မင်းကဂရုမစိုက်ဘူး.....မင်းသာငါ့ကိုမတိုက်ခိုက်ခဲ့ရင်ငါ့ချစ်သူကလည်းသူ့ရဲ့သရုပ်မှန်ကိုဖော်ထုတ်ပြီးကာကွယ်ပေးခဲ့မှာမဟုတ်သလိုငါကလည်းအခုလိုရှင်းပြပြီးဖြေရှင်းချက်ပေးနေစရာမလိုဘူး...."

ရှောင်ကျန့်၏စကားကိုလူတိုင်းထောက်ခံကြသည်။ရှောင်ကျန့်ရဲ့အော်စကာဆုရလောက်သည့်သရုပ်ဆောင်ချက်ကြောင့်မည်သူမှသူ့ဖြေရှင်းချက်ကိုသံသယမဝင်ကြပေ။

လယ်ရိုဟာခေါင်းကိုသာအဆတ်မပြတ်ခါရမ်းနေသည်။ရိုင်နယ်တေးဟာသွေးပျက်နေသည့်လယ်ရိုကိုမျက်လုံးမှေးကျဥ်းလျက်ခဏမျှစိုက်ကြည့်လိုက်ပြီးနောက်တွင်လူတိုင်း၏နားထဲသို့နောက်ထပ်ဗုံးတစ်လုံးပစ်ချထည့်လိုက်သည်။

"သူမရဲ့ခန္ဓာကိုယ်ထဲမှာမှိန်ဖျော့နေတဲ့လက်စ်ဇိုင်းယားမျိုးနွယ်ရဲ့သွေးအနည်းငယ်ရှိနေတယ်"

လူတိုင်း၏မျက်နှာမှာများပြားလှတဲ့သတင်းအချက်အလက်တွေကြောင့်အရောင်အမျိုးမျိုး၊ခံစားချက်အမျိုးမျိုးဖြတ်ပြေးသွားသည်။နောက်ဆုံး၌သူတို့ရဲ့မျက်နှာထက်ရှိအထင်သေးရွံရှာမှုတွေမှာဖုံးမရဖိမရအောင်ကိုပေါ်ပေါက်လာသည်။

သူတို့အတွက်လယ်ရိုရဲ့လုပ်ရပ်မှာသူ့မျိုးနွယ်စုကိုသစ္စာဖောက်တာနဲ့မခြားနားပေ။သူမရဲ့ခန္ဓာကိုယ်ထဲမှာလက်စ်ဇိုင်းယားမျိုးနွယ်စုသွေးတွေစီးဆင်းနေပေမယ့်သူမကသူမရဲ့ဧကရာဇ်နေရာမှာဝင်ရောက်လိမ်လည်ပြီးနာမည်ယူသည်။

ဒါကမျိုးနွယ်စုဝင်တိုင်း၏စိတ်ထဲမှာမျိုးနွယ်စုသစ္စာဖောက်တစ်ယောက်နှင့်တူညီပြီးသူမရဲ့ယခင်လိမ်လည်လှည့်ဖြားမှုတွေနဲ့ပါယှဥ်ကြည့်လိုက်ရင်သူမကိုရွံရှာသည့်စိတ်မှာလုံးဝထိန်းချုပ်၍ပင်မရတော့ချေ။

ဒီလောက်ထိအဆိပ်ပြင်းတဲ့မိန်းမမျိုးကိုသူတို့တစ်သက်နဲ့တစ်ကိုယ်မမြင်တွေ့ခဲ့ဖူးကြပေ။

ဤသို့ဖြင့်မင်းသမီးလယ်ရိုကိုဂုဏ်ပြုချီးမြှင့်သည့်ပွဲမှာသူမရဲ့အပုတ်အပွအကြံအစည်များပေါ်ပေါက်လာခြင်းဖြင့်သာအဆုံးသတ်သွားသည်။

လယ်ရို၏လိမ်လည်လှည့်ဖျားမှုများဟာလုံးဝထိန်းချုပ်မရအောင်ပျံ့နှံ့သွားသည်။မူလကသူမကိုမိုးထိမတတ်ချီးကျူးနေသူများမှာသူမရဲ့ရွံစရာလုပ်ရပ်တွေကြောင့်ချက်ချင်းပင်ပြောင်းလဲရှုံ့ချလာကြသည်။

ကြောက်စရာအကောင်းဆုံးသောဗုံးမှာလက်စ်ဇိုင်းယားမျိုးနွယ်စုဧကရာဇ်ပြန်လည်ပေါ်ပေါက်လာသည်ဟူသောသတင်းပင်ဖြစ်သည်။

မင်းသမီးလယ်ရို၏စက်ဆုပ်ဖွယ်ရာအကြံအစည်များမှာလူတိုင်း၏နားဖျားသို့ပျံ့လွင့်လာပြီးအထူးသဖြင့်မျိုးနွယ်စုကိုသစ္စာဖောက်သည့်လုပ်ရပ်မျိုးဟာလုံးဝခွင့်မလွှတ်နိုင်အောင်ကိုကြီးမားလွန်းသည်။

အကယ်၍ဒီကမ္ဘာမှာသာအင်တာနက်ရှိရင်ဇာတ်လိုက်မလယ်ရိုမှာအဆုံးမရှိတဲ့အဆဲပင်လယ်ကြီးထဲနစ်မြုတ်သွားပေလိမ့်မည်ဖြစ်သည်။

သူမရဲ့လိမ်လည်လှည့်ဖျားသည့်လုပ်ရပ်ကြောင့်မျိုးနွယ်စုတိုင်းရဲ့ဘုရင်မင်းမြတ်တွေဟာလယ်ရိုကိုသေဒဏ်ပေးဖို့ရန်သာဆုံးဖြတ်ချက်ချလိုက်ကြသည်။

ဘုရင်မင်းမြတ်အန်ဒီဖိုင်းစမစ်တတ်ဟာလယ်ရိုအတွက်စိတ်မကောင်းဖြစ်သွားပေမယ့်သူမလုပ်ရပ်ကိုသူမပြန်လည်ခံစားရတာဖြစ်တာကြောင့်သူဘာမှမတတ်နိုင်ပေ။

ရိုင်နယ်တေးနဲ့ပတ်သတ်ရင်တော့မျိုးနွယ်စုဘုရင်တိုင်းကအညံ့ခံကြသည်။လက်စ်ဇိုင်းယားမျိုးနွယ်စုတွေကိုကျွန်ပြုနှိပ်စက်ခဲ့သည်မှာသူတို့ရဲ့ဘိုးဘေးဘီဘင်တွေကပြုလုပ်ခဲ့ကြတာဖြစ်ပြီးထို့အတွက်လည်းသူတို့ကအစကတည်းကနောင်တရနေကြတာဖြစ်သည်။

အရေးကြီးဆုံးကဒီကမ္ဘာတွင်အားကြီးသူကိုသာဦးစားပေးဦးညွှတ်ကြသည်။

ရိုင်နယ်တေး၏သဘာဝဧကရာဇ်အရှိန်အဝါမှာသက်ရှိတိုင်းကိုဖိအားပေးသတ်ဖြတ်၊အနိုင်ယူနိုင်သည်။ဒီ့အတွက်မျိုးနွယ်စုတိုင်းဟာ၎င်းဧကရာဇ်ကိုခေါင်းငုံ့အမိန့်နာခံရုံကလွဲ၍မပြုလုပ်နိုင်ကြချေ။

လယ်ရိုကိုတော့အကျဥ်းထောင်တစ်ခုတွင်ချုပ်နှောင်ထားပြီးအချိန်ကျလျှင်ပြည်သူတွေရှေ့တင်ပဲသေဒဏ်ပေးဖို့အထိပါဆုံးဖြတ်ထားသည်။

သူမကြောင့်မျိုးနွယ်စုပါရမီရှင်တ်ချို့သေဆုံးခဲ့သည့်အပြင်သူမရဲ့မျိုးနွယ်ဝင်ဧကရာဇ်ရဲ့ဂုဏ်သိက္ခာကိုခိုးယူရဲသည်ကလုံးဝချေဖျက်မရသည့်အပြစ်ဒဏ်သာဖြစ်သည်။ဒီ့အပြင်သူမကမျိုးနွယ်စုတိုင်းကိုသူမရဲ့ကျော်ကြားမှုအတွက်ခုတုံးလုပ်၊လိမ်လည်လှည့်ဖြားခဲ့သေးသည်။

မျိုးနွယ်စုတိုင်းကသူမကိုခွင့်မလွှတ်နိုင်ကြချေ။

ရှောင်ကျန့်ကလယ်ရိုကိုအကျဥ်းထောင်ထဲထိသွားတွေ့ခဲ့သေးသည်။သို့သော်သူမကလုံးဝရူးသွားမှန်းမထင်ထားခဲ့ပေ။

သူမရဲ့ပါးစပ်ကနေ
"ငါလုပ်နိုင်တယ်...."ဆိုသည်ကိုသာတစ်တွတ်တွတ်ရေရွတ်နေပြီးရှောင်ကျန့်ကိုမြင်သည်နှင့်အရူးတစ်ယောက်ကိုသောင်းကျန်းဖျက်ဆီးပြစ်ကာရန်ရှာလာသည်။

သူမရဲ့အနိုင်ယူလိုစိတ်၊မာနနဲ့အရာအားလုံးထက်သာချင်စိတ်ကလွန်စွာအစွန်းရောက်လွန်းနေတာကြောင့်ရူးသွပ်သွားတာဖြစ်ကြောင်းအုန်းသီးကတော့ပြောသည်။

ကွပ်မျက်မည့်နေ့တွင်လယ်ရိုကိုဗီလိန်ဖေးလစ်တုန်းကလိုမြင်းနှင့်ဆွဲခေါ်သွားခြင်းတော့မလုပ်ပေ။သို့သော်လမ်းတစ်လျောက်တွင်သူမကိုပြည်သူတွေကခဲနှင့်ဝိုင်းပေါက်ကြသည်။တစ်ချို့ကပုတ်နေသည့်အသီးအနှံတစ်ချို့နှင့်ပစ်ပေါက်ကြပြီးတစ်ချို့တွေကလေးလံညစ်ပတ်သည့်အမှိုက်တွေနဲ့ပစ်ပေါက်ကြသည်။ဤကမ္ဘာတွင်ကိုယ့်မျိုးနွယ်စုကိုသစ္စာဖောက်ခြင်းမှာအဆိုးရွားဆုံးသောပြစ်မှုတစ်ခုဖြစ်ပြီးထိုသူတွေကိုလူတိုင်းကမုန်းတီးရွံရှာစက်ဆုပ်ကြသည်။

သူမရဲ့ကြီးမားသည့်လိမ်လည်လှည့်ဖြားမှုတွေကြောင့်မည်သူမှသူမကိုမသနားကြပေ။

ကွက်မျက်စင်ထက်တွင်ဇာတ်လိုက်မလယ်ရိုကိုကွက်မျက်သည့်အချိန်၌ရှောင်ကျန့်မှာထိုနေရာကိုသွားရောက်ခြင်းမရှိခဲ့ချေ။အုန်းသီးဆီကဇာတ်လိုက်မသေဆုံးသွားပြီဖြစ်ကြောင်းကြားသိသွားသည့်အခါမှသာသူ့ပုခုံးထက်ရှိလေးလံသည့်ဝန်ထုတ်ဝန်ပိုးတွေမှာလွတ်ကျသွားသလိုခံစားလိုက်ရသည်။

တဖြည်းဖြည်းဖြင့်အချိန်တွေကြာမြင့်လာတဲ့အခါလူတွေပါးစပ်ဖျားမှာပြောနေကျဖြစ်တဲ့ဇာတ်လိုက်မလယ်ရိုဟာအမေ့လျော့ခံတစ်ယောက်ဖြစ်လာသည်။

"သခင်......."

ရိုင်နယ်တေးကရှောင်ကျန့်ရဲ့ခါးလေးကိုတင်းတင်းကြပ်ကြပ်ဖက်တွယ်ရင်းခပ်ချွဲချွဲအသံလေးဖြင့်ဆိုသည်။

"ဟိုအဘိုးကြီးတွေကကျွန်တော့်ကိုသူတို့ရဲ့အရေးကြီးအလုပ်တစ်ချို့ကိုခွဲပေးချင်နေကြတယ်.....ကျွန်တော်ကသခင်နဲ့ပဲတစ်ချိန်လုံးကပ်နေချင်တဲ့ဟာ....."

ပြောရင်းဆိုရင်းဖြင့်သူကရှောင်ကျန့်ရဲ့လည်တိုင်လေးကိုလျက်လိုက်သည်။အကြောင်းအရင်းကတော့ရိုင်နယ်တေးကလက်စ်ဇိုင်းယားမျိုးနွယ်စုရဲ့သဘာဝကပေးအပ်တဲ့ဧကရာဇ်ဆိုတာ​ပေါ်ပေါက်ပြီးကတည်းကဖြစ်သည်။ဧကရာဇ်တစ်ယောက်ရဲ့တာဝန်ကိုမဖြစ်မနေထမ်းဆောင်ရမည်ဟုဆိုကာမျိုးနွယ်စုကိုယ်စီရဲ့ဘုရင်မင်းမြတ်တိုင်းတွေဟာဒီကမ္ဘာရဲ့အရေးကြီးကိစ္စမှန်သမျှကိုပေးအပ်လာသည်။

တစ်ချို့ဘုရင်တွေဆိုသူတို့ရဲ့ဝန်ထုတ်ဝန်ပိုးတွေလျော့ကျလာတော့မည်ဆိုကာကြိတ်၍ဝမ်းသာနေကြသည်။ဒါပေမယ့်ရိုင်နယ်တေးကတော့လုံးဝကိုမပျော်နိုင်ပါချေ။သူသာဧကရာဇ်တစ်ယောက်ရဲ့တာဝန်ဝတ္တရားတွေနဲ့လုံးပမ်းနေရရင်သူ့ဇနီးလေးနားကပ်ဖို့အချိန်နည်းပါးသွားလိမ့်မည်ဖြစ်သည်။

ရှောင်ကျန့်ကသူ့လည်တိုင်ထက်မှာမျက်နှာအပ်ရင်းစိတ်ကြိုက်ပြုမူနေသည့်သူ့ချစ်သူရဲ့ခေါင်းကြီးကိုပွတ်သပ်ပေးလိုက်ရင်းအကြံအစည်တစ်ခုနဲ့အတူသူ့ရဲ့လှပတဲ့အပြာရောင်မျက်လုံးလေးတစ်စုံမှာလက်ကနဲဖြစ်သွားသည်။

"ငါ့မှာအကြံတစ်ခုတော့ရှိတယ်...."

နောက်တစ်နေ့တွင်.......
ဘုရင်မင်းမြတ်အန်ဒီရဲ့အယုံကြည်ရဆုံးသောလက်ထောက်ဖြစ်သူမိုးရစ်ခ်သည်ရုံးခန်းအတွင်းစာရွက်တစ်ရွက်ကိုကိုင်ဆောင်လျက်ဟိုလျှောက်လိုက်ဒီလျှောက်လိုက်ဖြင့်ပြာယာခတ်နေသည်။

"သေစမ်း.....အရှင့်ကိုဘယ်လိုပြောရတော့မှာလဲ...."

"ဘာတွေပြာယာခတ်နေတာလဲ"

မိုးရစ်ခ်ဟာထိုအသံကြောင့်လန့်ဖြန့်သွားပြီးရုံးခန်းအပေါက်ဝသို့လှည့်ကြည့်လိုက်မိသည်။အပေါက်ဝတွင်ဘုရင်မင်းမြတ်အန်ဒီမှာနံရံကိုမှီလျက်ပင်မျက်မှောင်ကြုတ်ကာမိုးရစ်ခ်ကိုစိုက်ကြည့်နေသည်။

"ငါ့မျက်နှာကကြောက်စရာကောင်းနေလို့လား"

ဘုရင်မင်းမြတ်အန်ဒီကထိတ်လန့်သွားသည့်မိုးရစ်ခ်၏မျက်နှာကြောင့်သံသယဖြင့်ကြည့်လာသည်။

"အ...အရှင်....ဟို.....မင်းသားဖေးလစ်..."

"ဖေးလစ်ဘာဖြစ်လို့လဲ"

မိုးရစ်ခ်ကသူ့လက်ထဲကစာရွက်ကိုဘုရင်မင်းမြတ်အန်ဒီဆီရိုသေစွာကမ်းပေးသည်။ဘုရင်မင်းမြတ်အန်ဒီကသာမန်မျက်နှာအမူအရာဖြင့်သာစာရွက်ထဲကသပ်ရပ်သည့်လက်ရေးလက်သားဖြင့်စာကိုဖတ်လိုက်ပေမယ့်ချက်ချင်းဖြင့်သူ့မျက်နှာမှာဒေါသကြောင့်ရှုံ့တွသွားသည်။

သို့/ချစ်လှစွာသောအဖေ

အဖေ့ရဲ့သားချောလေးကအဖေ့ရဲ့ချောမောတဲ့သမက်လေးကိုကမ္ဘာအနှံ့ဟန်းနီးမွန်းထွက်ဖို့ဆွဲခေါ်သွားပြီဖြစ်ပါတယ်။ဒါကြောင့်အရေးကြီးကိစ္စတွေကိုအဖေကိုယ်တိုင်ကိုင်တွယ်ပေးဖို့မျှော်လင့်ပါတယ်။စိတ်ချယုံကြည်စွာလက်လွှဲခဲ့ပါတယ်နော်......

ပုံ
အဖေ့ရဲ့သားချောလေးဖေးလစ်....

"ဒီခွေးကောင်လေးတွေ.....ငါ့ကိုဒုက္ခပေးသွားကြပြန်ပြီ"

ဘုရင်မင်းမြတ်အန်ဒီဟာသူ့လက်ထဲကစာရွက်ကိုလုံးချေလိုက်ရင်းသူ့သမက်မှာဧကရာဇ်တစ်ယောက်ဖြစ်နေလည်းသောက်ဂရုမစိုက်နိုင်တော့ချေ။သူ့တို့လုပ်ပုံကနောက်ဆက်တွဲကိစ္စတွေ၊ပြဿနာတွေအားလုံးကိုသူ့လက်ထဲအပ်သွားသည်လေ။

ထိုအချိန်တွင်ေရှာင်ကျန့်တို့စုံတွဲမှာသာယာနေသလောက်ဖိုင်းမစ်တတ်အင်ပါယာနန်းတော်ထဲ၌ကျယ်လောင်သည့်ဒေါသတကြီးအော်သံကြီးကြောင့်ငှက်တွေတောင်ထပျံကုန်ကြသည်။

အရမ်းကိုမွေးရကျိုးနပ်တဲ့သားလေးပါလား......

________________________________________________________________

Zawgyi






ရိုင်နယ်တေးဟာရှောင်ကျန့်လိုချင်တဲ့အဓိပ္ပါယ်ကိုသဘောပေါက်နားလည်စွာဖြင့်အနီးအနားရှိခုနကမေးခွန်းထုတ်လာသူအားမျက်နှာဖုံးအောက်ကနေခပ်စူးစူးအကြည့်တစ်ချက်ပေးလိုက်သည်။























မူလကရှောင်ကျန့်၏စကားကိုအနည်းငယ်မယုံသကင်္ာဖြစ်နေသူများဟာရိုင်နယ်တေး၏သူမတူအောင်ချောမောလှပသောရုပ်ရည်နှင့်ရွှေရောင်ဆံပင်နှင့်မျက်လုံးအရောင်၊အထူးသဖြင့်သူ့ရဲ့မြင့်မြတ်တဲ့သဘာဝဧကရာဇ်အရှိန်အဝါကြောင့်လုံးဝအကြွင်းမဲ့ယုံကြည်သွားကြသည်။


























သူမရဲ့ပါးစပ်ကနေ






"သခင်......."







နောက်တစ်နေ့တွင်.......


"ဘာတွေပြာယာခတ်နေတာလဲ"





"ဖေးလစ်ဘာဖြစ်လို့လဲ"


သို့/ချစ်လှစွာသောအဖေ


ပုံ



ထိုအချိန်တွင်ေရှာင်ကျန့်တို့စုံတွဲမှာသာယာနေသလောက်ဖိုင်းမစ်တတ်အင်ပါယာနန်းတော်ထဲ၌ကျယ်လောင်သည့်ဒေါသတကြီးအော်သံကြီးကြောင့်ငှက်တွေတောင်ထပျံကုန်ကြသည်။


________________________________________________________________

Continue Reading

You'll Also Like

287K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
15.1K 1.2K 20
CFY×LYX= Love Starting date- 9.6.2020 Finish date- 3.8.2020
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
223K 36.8K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .