"ခိုင်မာနှောင်ကြိုး"

By myanaykyalsin17

11.7K 1K 379

အားလုံးပဲ မင်္ဂလာပါရှင့် BL Fic အသစ်လေးနဲ့ ထပ်မံ တွေ့ဆုံခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ BL Fic အသစ်လေးကိုတော့ "ခိ... More

အပိုင်း ၁ Unicode
အပိုင်း ၁ zawgyi
အပိုင်း ၂ unicode
အပိုင်း ၂ zawgyi
အပိုင်း ၃ unicode
အပိုင်း ၃ zawgyi
အပိုင်း ၄ unicode
အပိုင်း ၄ Zawgyi
အပိုင်း ၅ unicode
အပိုင်း ၅ zawgyi
အပိုင်း ၆ Unicode
အပိုင်း ၆ zawgyi
အပိုင်း ၇ unicode
အပိုင်း ၇ zawgyi
အပိုင်း ၈ unicode
အပိုင်း ၈ zawgyi
အပိုင်း ၉ Unicode
အပိုင်း ၉ Zawgyi
အပိုင်း ၁၀ unicode
အပိုင်း ၁၀ Zawgyi
အပိုင်း ၁၁ unicode
အပိုင်း ၁၁ Zawgyi
အပိုင်း ၁၂ unicode
အပိုင်း ၁၂ zawgyi
အပိုင်း ၁၃ unicode
အပိုင်း ၁၃ zawgyi
အပိုင်း ၁၄ unicode
အပိုင်း ၁၅ unicode
အပိုင်း ၁၅ zawgyi
အပိုင်း ၁၆ unicode
အပိုင်း ၁၆ zawgyi
အပိုင်း ၁၇ unicode
အပိုင်း ၁၇ Zawgyi
အပိုင်း ၁၈ unicode
အပိုင်း ၁၈ Zawgyi
အပိုင်း ၁၉ unicode
အပိုင်း ၁၉ Zawgyi
အပိုင်း ၂၀ unicode
အပိုင်း ၂၀ zawgyi
အပိုင်း ၂၁ unicode
အပိုင်း ၂၁ zawgyi
အပိုင်း ၂၂ unicode
အပိုင်း ၂၂ zawgyi
အပိုင်း ၂၃ unicode
အပိုင်း ၂၃ Zawgyi
အပိုင်း ၂၄ unicode
အပိုင်း ၂၄
အပိုင်း ၂၅ unicode
အပိုင်း ၂၅ zawgyi
အပိုင်း ၂၆ unicode
အပိုင်း ၂၆ zawgyi
အပိုင်း ၂၇ unicode
အပိုင်း ၂၇ zawgyi
အပိုင်း ၂၈ unicode
အပိုင်း ၂၈ Zawgyi
အပိုင်း ၂၉ unicode
အပိုင်း ၂၉ Zawgyi
အပိုင်း ၃၀ unicode
အပိုင်း ၃၀ zawgyi
အပိုင်း ၃၁ unicode
အပိုင်း ၃၁ zawgyi
အပိုင်း ၃၂ unicode
အပိုင်း ၃၂ Zawgyi
အပိုင်း ၃၃ unicode
အပိုင်း ၃၃ zawgyi
အပိုင်း ၃၄ unicode
အပိုင်း ၃၄ zawgyi
အပိုင်း ၃၅ unicode
အပိုင်း ၃၅ zawgyi
အပိုင်း ၃၆ unicode
အပိုင်း ၃၆ zawgyi
အပိုင်း ၃၇ unicode
အပိုင်း ၃၇ zawgyi

အပိုင်း ၁၄ zawgyi

78 5 0
By myanaykyalsin17


ခိုင်မာနှောင်ကြိုး

အပိုင်း ၁၄

"ပဲ....ပြုတ်....ပူ....ပူ...လေး..."

"ပဲပြုတ်....လာပါဦးခင်ဗျ။"

"လာပြီ။"

ပဲပြုတ်ရောင်းသူ အဒေါ်ကြီးက ပဲပြုတ်တောင်းကို ရွက်ထားလျက်နှင့်ပင် အနားသို့ အလျှင်အမြန်ရောက်လာပါသည်။အသက်ကြီး ပေမယ့် အတော်လေးကို သွက်လက်ဖျတ်လတ်သော အဒေါ်ကြီး တယောက်ပင် ဖြစ်လေသည်။

"ကိုဧည့်သည် ကိုယ်တိုင် ပဲပြုတ် ထွက်ဝယ်လို့ ပါလား။ရွှေရင်အေးကော..."

"ရွှေရင်အေး ဖျားနေလို့ပါ အဒေါ်။"

အဒေါ်ကြီး ခေါင်းပေါ်မှ ပဲပြုတ်တောင်းကို အောက်သို့ ကူချပေးရင်း ပြောလိုက်သည်။

"ဟယ်...ဘယ်လိုဖြစ်ရတာတုန်း။ရွှေရင်အေး က ကျန်းမာရေး ကောင်းတယ်။ဖျားခဲပါတယ်တော်။"

"မနေ့က ဈေးရောင်းထွက်ရင်း မိုးမိသွားလို့ပါ အဒေါ်။"

"ဟုတ်ပါ့အေ။မိုးကလည်း အချိန်အခါ မဟုတ် ရွာလိုက်တာ ပြောမနေပါနဲ့တော့။ငါတို့ အိမ်မလည်း မိုးတွေ ယိုလို့လေ။ပုံးနဲ့ ရေခံထားရတယ်။ပဲပြုတ် က ဘယ်လောက်ဖိုး ယူမှာလဲ ကိုဧည့်သည်။"

"ရွှေရင်အေး ဝယ်နေကျ အတိုင်းပဲ ပေးပါ အဒေါ်။"

"အေး...အေး။ငါတို့ အိမ်မလည်း အခုထိ အမိုး ပြန်မမိုးရသေးဘူး။မိုးမရောက်ခင်လေး အိမ်မိုးမယ်လို့ ဆိုပြီး ငွေစုနေတုန်း။မိုးကလည်း အချိန်အခါ မဟုတ် ဗြုန်းဆို ရွာချတာအေ။အိမ်လည်း မိုးယိုပါကောလား။"

ပဲပြုတ်ကို တောင်းထဲကနေ ဇွန်းနှင့် ခပ်၊ ချိန်ခွင်ထဲ ချိန်ရင်း အဒေါ်ကြီး က ပြောလေသည်။သူတို့ အိမ်လေးကတော့ မိုးရေ မယို။ဒါကလည်း အိမ်ရှင်ဖြစ်သူ အန်တီစိုး၏ ကျေးဇူးကြောင့်ဟု ပြောရပေမည်။အိမ်ရှင်တယောက်အနေနှင့် အိမ်ဌားတယောက်၏ အိမ်ကို ပစ်မထား။ လိုအပ်တာ မှန်သမျှ အကုန်လုပ်ပေးသည်။တကယ်ကို စိတ်ထားကောင်းသော အိမ်ရှင်တယောက်လည်း ဖြစ်ပါသည်။ဇင် တို့ ညီအကိုကိုလည်း သားသမီး အရင်းလို ချစ်ခင်သည်။အသေးအဖွဲ ကိစ္စလေးက အစ ဂရုတစိုက် ရှိလှပေသည်။ဇင် တို့ ညီအကို ကံကောင်းလှပေသည်။

"ရော့...ပဲပြုတ်."

ပဲပြုတ် ရသည်နှင့် ပဲပြုတ်ဖိုး ပေးလိုက်သည်။ပဲပြုတ်ဖိုး ပိုက်ဆံပေးပြီးသည်နှင့် တောင်းကို အဒေါ်ကြီး ခေါင်းပေါ် ပြန်ပြီး ပင့်တင်ပေးလိုက်ပါသည်။

"ရွှေရင်အေး ကိုလည်း ဂရုစိုက်ဦး။ဆေးခန်းပို့ရမယ် ဆိုလည်း ပို့ပေး။အဖျားရက်ရှည်နေရင် ဈေးရောင်းပျက်တယ်။တနေ့ဝင်ငွေလည်း လျော့တယ်။ငါတို့တွေက တနေ့လုပ်မှ တနေ့စား ဆိုတော့ တနေ့ဈေးရောင်း မထွက်နိုင်ရင် တနေ့ရတဲ့ငွေ နစ်နာတာပဲ။"

"ဟုတ်ကဲ့ပါ...အဒေါ်။ကျွန်တော် ဂရုစိုက်ပါ့မယ်။"

ပဲပြုတ်ရောင်းသော အဒေါ်ကြီး ထွက်သွားတော့ သူလည်း အိမ်ထဲသို့ ပြန်ဝင်လာလိုက်သည်။ငယ်လေးနှင့်ဧပရယ် ကတော့ အိပ်ယာမထသေးပေ။သူ နောက်ဖေးကို ဝင်မည် အလုပ်မှာပဲ ဇင် က အခန်းထဲမှ ထွက်လာလေသည်။ဆံပင်ရှည်လေးတွေက ဖွာဆန်ကြဲလို့။ စူပုတ်ပုတ်လေးနှင့် မျက်နှာခပ်နွမ်းနွမ်းနှင့် အိပ်ချင်မူးတူး ပုံစံလေးက မနက်ခင်းလေးမှာ မြင်ရတာ မင်္ဂလာ ရှိလှပေသည်။ဇင့် ကို ပြုံးပြလိုက်သည်။အဖျားရှိသေးလားဟု စမ်းကြည့်ရန်အတွက် ဇင့် အနားသို့ သွားလိုက်သည်။အနားအရောက်မှာတော့ ဇင့် နဖူးလေးကို အဖျားစမ်းဖို့အတွက် လက်လှမ်းလိုက်စဉ် ဇင် က သူ့ကို ပြူးကြောင်ကြောင်လေး ကြည့်ပြီး ခေါင်းကို နောက်ဆုတ်လိုက်တာကြောင့် သူ့လက်က လေထဲမှာ တန့်သွားသည်။နဖူးကို အဖျားစမ်းဖို့ လက်မခံသောကြောင့် လက်ဖျံကို လှမ်းဆွဲပြီး သွေးခုန်နှုန်းစမ်းလိုက်သည်။

"အဖျားနည်းနည်း ရှိသေးတယ်။"

"ခင်ဗျားက အဲ့လိုလည်း အဖျားစမ်းတတ်တာပဲလား။"

သူလုပ်နေတာကို ကြည့်ပြီး ဇင် က မေးခြင်း ဖြစ်သည်။

"အလိုလို စမ်းသပ်တတ်တာပါ။"

"ဪ..."

လည်ပင်းကို လက်ညှိုး၊လက်ခလယ်နှင့် အသာထောက်ပြီး နှလုံးခုန်နှုန်း အကြိမ်အရေအတွက်ကိုတောင် စမ်းသပ်တတ်သည် ဆိုတာကိုတော့ သူ မပြောတော့ပါ။

"သက်သာရဲ့လား။"

"အင်း...သက်သာပါတယ်။ပဲပြုတ်ဝယ်ထားတာလား။"

သူ့လက်ထဲမှာ ကိုင်ထားသော ပဲပြုတ် ပန်းကန်ကို ကြည့်ကာ ပြောခြင်း ဖြစ်သည်။

"ပဲပြုတ်နဲ့ထမင်းကြော် မလို့လေ။ပဲပြုတ်ဝယ်ထားတာ။"

"အင်း...ကျွန်တော် ကြော်ပေးမယ်။"

"မကြော်ပါနဲ့။ကျွန်တော် ပဲ ကြော်ပါ့မယ်။နေကောင်းသေးတာလည်း မဟုတ်ဘဲနဲ့ နားနားနေနေ နေပါ။မနက်စာကော ဘာစားချင်လဲ။ ကျွန်တော် ဘာလုပ်ပေးရမလဲ။"

"ရတယ်။သီးသန့်လုပ်မနေနဲ့။ထမင်းကြော်ပဲ စားမယ်။ပြန်လာမှ စားမယ်။ကျွန်တော် ဈေးသွားလိုက်ဦးမယ်။"

"ဟင်...ဖျားနေတာကို ဈေးသွားမလို့လား။"

"အင်း...သွားမှ ဖြစ်မယ်လေ။ငယ်လေးတို့ ထမင်းချိုင့်အတွက် ဟင်းစားလည်း လိုသေးတယ်။"

"မသွားပါနဲ့။ကျွန်တော် သွားပေးပါ့မယ်။လိုချင်တာသာ ပြောလိုက်ပါ။"

"ခင်ဗျား မဝယ်တတ်ပါဘူး။"

ပြောပြီးသည်နှင့် အနားကနေ ထွက်သွားလေသည်။အိမ်အောက်သို့ ဆင်းသွားပြီး ရေကပြင်မှာ မျက်နှာသွားသစ်လေသည်။သူလည်း မီးဖိုချောင်ထဲ ဝင်ကာ ထမင်းကြော် ကြော်လိုက်သည်။ဇင် လုပ်သလို သူ လိုက်လုပ်ခြင်း ဖြစ်သည်။

"ပေး...ကျွန်တော် လုပ်ပေးမယ်။"

သူ ထမင်းကြော် နေစဉ် ဇင် က အနားရောက်လာပြီး သူ့လက်ထဲမှ ဟင်းမွှေနေသော ဇွန်းကို ယူကာ သူ့ကို နေရာမှ ဖယ်ခိုင်းပြီး ထမင်းကြော် ဆက်ကြော်လေသည်။

"နေလည်း ကောင်းကောင်း ကောင်းသေးတာ မဟုတ်ဘဲနဲ့ ကျွန်တော် ကြော်ပါ့မယ်။ဖယ်ပါ။"

ဇင့် လက်ထဲမှ ဇွန်းကို ပြန်ယူဖို့ ကြိုးစားတော့ ဇင် က လက်မခံပေ။

"ရပါတယ်။ကျွန်တော် လုပ်နိုင်တယ်။ဒီလောက် ဖျားတာလေးနဲ့ ကျွန်တော် ဘာမှ မဖြစ်ဘူး။"

ဇင် က ထမင်းကြော် ပြီးသည်နှင့် ဈေးခြင်းဆွဲကာ ထွက်လာပြန်သည်။မြင်တော့ သူ မနေနိုင်ပြန်။

"ကျွန်တော်လည်း ဈေးလိုက်ခဲ့မယ်။"

"ဘာလိုက်လုပ်မှာလဲ။အိမ်မှာပဲ နေပါ။"

"အဖျားလည်း ပျောက်သေးတာ မဟုတ်ဘဲနဲ့ တယောက်တည်း ဈေးသွားရင်း ဈေးထဲမှာ မူးလဲနေရင် ဘယ်လိုလုပ်မလဲ။ကျွန်တော် စိတ်မချဘူး။"

သူ ပြောစကားကြောင့် ဇင် က သဲ့သဲ့လေး ပြုံးလေသည်။

"စိတ်ချပါ။ကျွန်တော် ဘာမှ မဖြစ်ဘူးနော်။အမြန်သွားပြီး အမြန်ပြန်လာခဲ့မယ်။ဟင်းစားဝယ်ရုံပဲ။"

"ဒီနေ့ ဈေးရောင်းမထွက်ဘူး မဟုတ်လား။"

"အင်း...မထွက်ဘူး။"

ဈေးရောင်းမထွက်ဘူး ဆိုသော စကားကို ဇင့် နှုတ်ဖျားမှ ကြားရချိန် သူစိတ်ပူတာတွေ တဝက်လျော့ သွားလေသည်။ဒါပေမဲ့ ဈေးသွားမည် ဆိုတာကိုတော့ စိတ်ထဲဘဝင်မကျသေးချေ။ဇင် ကတော့ ဈေးခြင်းဆွဲပြီး ထွက်လာလေပြီ။

"ဈေးကို ကျွန်တော်လည်း အတူလိုက်ခဲ့မယ်လေ။"

သူ့အပြောကြောင့် ဇင် က လမ်းသွားနေရာမှ ရုတ်တရက် ရပ်တန့်သွားသည်။ပြီးတော့ သူ့ဘက်သို့ ပြန်လှည့်လာပြီး သူ့ကို စိုက်ကြည့်လေသည်။ဇင့်မျက်နှာက တည်တင်း၍ နေလေပြန်သည်။အဖျားသွေးကြောင့် ထင်သည်။ဇင့်၏ မျက်ဝန်းတွေက ကြည်လင်မှုတော့ သိပ်မရှိသေးပါ။

"ခင်ဗျားက ဘာလိုက်လုပ်မှာလဲ။မလိုက်ရပါဘူး။ခင်ဗျား သာ ကျွန်တော်နဲ့ ဈေးကို အတူလိုက်လာရင် ဈေးထဲက လူတွေ ဘာပြောကြမလဲ ဆိုတာ ခင်ဗျား နားမလည်ဘူးလား။"

"ဟို.... အဲ့ဒါက..."

"ခင်ဗျားကို သူများတွေ လက်ညှိုးထိုး ပြောဆိုကြမှာကို သိရက်နဲ့တော့ အပြောခံရမယ့် နေရာအထိ ကျွန်တော် ခေါ်မသွားနိုင်ဘူး။ခင်ဗျား အိမ်မှာပဲ နေခဲ့ပါ။ကျွန်တော် ဘာမှမဖြစ်ဘူး။"

ဇင့် ၏ ဇင်ယော်တောင် မျက်ခုံးက ကျုံ့လို့နေပြီး တခုခုကို စိတ်ဘဝင်မကျကြောင်း ပြသနေလေသည်။သူလည်း ဘာမှ ဆက်မပြောဖြစ်တော့ဘဲ အိမ်ရှေ့သို့ ထွက်သွားသည့် ဇင့် ကိုသာ ငေးကြည့်နေမိသည်။

"မောင်ရွှေရင်အေး... ဖျားနေလို့ဆို။"

ဇင် ခြံထဲမရောက်ခင်မှာပဲ အသံနှင့်အတူ ရောက်လာသူက အန်တီစိုး ပင် ဖြစ်သည်။အန်တီစိုး မနက်စောစောစီးစီး ရောက်လာပြီး ဇင် နေမကောင်းသည့် သတင်း လာမေးပုံထောက်ရင်တော့ ပဲပြုတ်ရောင်းသူ အဒေါ်ကြီး သတင်းပေးမှုကြောင့် သိသွားခြင်း ဖြစ်ပေလိမ့်မည်။

"နည်းနည်းပါးပါး ဖျားတာပါ။အခု သက်သာသွားပါပြီ အန်တီစိုး။"

"နေမကောင်းတာကို အိပ်ယာထဲ နားနားနေနေ မနေဘဲ ခြင်းတောင်းဆွဲပြီး ဘယ်သွားမလို့လဲ။"

ဇင့် လက်ထဲမှ ခြင်းတောင်းကို မြင်သွား၍ မေးခြင်းပင် ဖြစ်လေသည်။

"ဈေးခဏသွားမလို့ပါ အန်တီစိုး။"

"နေမကောင်း ဖြစ်နေတာတောင် ဈေးသွားဦးမလို့လား။ဒီနေ့ ဈေးရောင်းထွက်ဦးမှာလား ။တနေ့တလေ နားလိုက်လေ။"

"ဈေးရောင်းတော့ မထွက်ပါဘူး။ဈေးက ဟင်းစားလေး သွားဝယ်ချင်လို့ပါ။ငယ်လေးတို့ ထမင်းချိုင့်အတွက် ဟင်းစား လိုလို့။"

"ဟင်းစားလိုတာများ။အန်တီစိုး ဝယ်လာခဲ့ပေးမယ်။အန်တီစိုးလည်း ခဏနေ ဈေးသွားမှာ။ဘာဝယ်မှာလဲသာ ပြော။"

အန်တီစိုး ၏ စကားများကြောင့် သူ အခုမှပဲ ဇင့် အတွက် စိတ်ပူတာတွေ လျော့တော့သည်။အန်တီစိုး ပြောတာကိုတော့ ဇင် တယောက် ဖယ်ရှားဖို့ အင်အားရှိမည် မဟုတ်။ဝယ်မည့် ပစ္စည်းတွေကို ပြောနေရသည်။

"အေး...အန်တီစိုး ဝယ်ခဲ့ပေးမယ်။"

"ပိုက်ဆံယူသွားပါဦး အန်တီစိုး။"

"ပိုက်ဆံက အကြောင်းမဟုတ်ဘူး။ပြန်လာမှ တွက်ပြီးပေး။အခု ဘာဆေးသောက်ထားလဲ။"

"အခုတော့ ဘာမှ မသောက်ရသေးပါဘူး။ညက အဖျားတွေ တက်လို့ ဆေးတခွက် တိုက်ထားပါတယ် အန်တီစိုး။"

ဒီစကားတွေကိုတော့ သူက ဝင်ပြောခြင်း ဖြစ်သည်။ညတုန်းက ဇင် အဖျားတက်တဲ့ အကြောင်းတွေကိုလည်း ပြောပြလိုက်ပါသည်။

"တော်သေးတာပေါ့။ကိုဧည့်သည် ရှိနေလို့။ကလေးတွေချည်းပဲဆိုရင် ညရေးညတာ ဘာမှ လုပ်တတ်မှာ မဟုတ်ဘူး။အခုကော မောင်ရွှေရင်အေး ကို ဘာကျွေးပြီးပြီလဲ။ဆေးကောသောက်ပြီးပြီလား။"

"အခုထိတော့ မနက်စာ မစားရသေးပါဘူး။ဆေးလည်း မသောက်ရသေးဘူး။"

"တခုခုတော့ ကျွေးလိုက်ဦး ကိုဧည့်သည်။မာတဲ့အရာတွေတော့ မကျွေးနဲ့ဦး။အန်တီစိုး ဈေးက ပေါင်မုန့်နဲ့နို့ဝယ်လာခဲ့မယ်။အခုတော့ ဆေးသောက်ထားဦး။ ညနေကျရင် ဆေးခန်းသွားလိုက်ဦးနော်။ကဲ...နေမစောင်းခင် အန်တီစိုး ဈေးသွားလိုက်ဦးမယ်။မောင်ရွှေရင်အေး လည်း နေမကောင်းချိန် နားလို့ရတုန်း နားနားနေနေ နေဦး။အလုပ်တွေချည်းပဲ လုပ်မနေနဲ့ဦး။"

"ဟုတ်ကဲ့။"

အန်တီစိုး လည်း ပြောပြောဆိုဆိုပဲ အိမ်ပေါ်မှ ဆင်းသွားလေသည်။ဇင် လည်း စိတ်လျော့ဟန်ဖြင့် အိမ်ထဲသို့ ဝင်သွားလေသည်။ထိုအချိန်မှာပဲ ဧပရယ် က အိပ်ယာမှ နိုးလာလေသည်။နိုးနိုးချင်းပဲ အကိုကြီး နားလာသည်။သူ့အကိုကြီး၏ နဖူးကို လက်ခုံနှင့် စမ်းကြည့်သည်။အရပ်ချင်းကွာနေတော့ ခြေဖျားလေးထောက်ပြီး နဖူးကို သွေးခုန်နှုန်း စမ်းလေသည်။

"ကိုယ်တော့ သိပ်မပူတော့ဘူး။သက်သာရဲ့လား ကိုကြီး။"

"အင်း....သက်သာတယ် ဧပရယ်။"

"ကိုကြီး ညက ဖျားတော့ သား အတော်လေး လန့်သွားတယ်။ဘာလုပ်ပေးရမှန်း မသိလို့ ကိုကြီးဧည့်သည် ကို နှိုးပြီး ပြောရတယ်။ကိုကြီးဧည့်သည် အိမ်မှာ ရှိနေလို့ တော်သေးတယ်။ကိုကြီး ကို ကိုကြီးဧည့်သည် ကပဲ အဖျားကျအောင် လုပ်ပေးတာ။"

ဧပရယ် က ပြောတော့ ဇင် က သူ့ကို လှမ်းကြည့်သည်။ဇင် လှမ်းကြည့်နေသောကြောင့် သူလည်း ဇင့် အကြည့်တွေကို ရင်မဆိုင်ရဲသောကြောင့် အနားက ထွက်လာလိုက်သည်။အခန်းထဲသို့ ဝင်လိုက်သည်။အခန်းထဲရောက်တော့ အိပ်ယာကို သပ်သပ်ရပ်ရပ် ခေါက်သိမ်းထားတာ တွေ့ရသည်။ဇင် သိမ်းသွားတာ ဖြစ်သည်။သူလည်း အိပ်ယာ ခြေရင်းမှာ ရှိနေသော ညက ဇင် ချွေးစိုလို့ လဲပေးထားသော အဝတ်အစားတွေကို စုယူလိုက်သည်။ချွေးစိုတုန်း ခဏ ဝတ်ထားသည် ဆိုပေမယ့် လျှော်ဖွတ်မှ ရပေလိမ့်မည်။ အဝတ်အစားတွေကို ပိုက်ကာ အခန်းထဲမှ ထွက်လာလိုက်သည်။

"အဲ့ဒါ ဘာလုပ်မလို့လဲ။"

အဝတ်အစားတွေ တပွေ့တပိုက်နှင့် အခန်းထဲမှ ထွက်လာသည့် သူ့ကို မြင်တော့ ဇင် က မေးလေသည်။

"အဝတ်သွားလျှော်မလို့ပါ။"

"အဲ့ဒါ ကျွန်တော့် အဝတ်တွေ မဟုတ်လား။"

"ဟုတ်တယ်။ညက ချွေးစိုလို့ လဲပေးထားတာ။"

"အဲ့အင်္ကျီတွေကို အခု ဘာလုပ်မလို့လဲ။"

"သွားလျှော်မလို့ပါ။"

"အဓိပ္ပာယ်မရှိတာဗျာ....ပေး...ကျွန်တော့်ကို...။"

သူ့လက်ထဲမှာ ရှိနေသော အဝတ်အစားတွေကို ဇင် က ဆွဲယူသည်။သူကလည်း မပေးပါ။ပြန်ဆွဲထားလိုက်သည်။နှစ်ယောက်ပြိုင်ဆွဲတော့ အဝတ်အစားတွေက အလယ်မှာ ဖြစ်နေသည်။

"ပေးဗျာ။ခင်ဗျား လျှော်စရာ မလိုဘူး။ကျွန်တော့်ဖာသာ လျှော်မယ်။"

"နေမှ ကောင်းကောင်း မကောင်းသေးတာ အဝတ်ဘယ်လျှော်လို့ ရပါ့မလဲ။ကျွန်တော် လျှော်ပေးပါ့မယ်။အပန်းမကြီးပါဘူး။"

"ရတယ်။ကျွန်တော်ဖာသာ လျှော်မယ်။ပေး..."

ဇင် က သူ့လက်ထဲမှ အဝတ်တွေကို ဆောင့်ဆွဲလိုက်တာကြောင့် အရှိန်လည်း ပါပြီး ဇင့် ၏ အားကို မတွန်းလှန်နိုင်စွာ သူ့ခန္ဓာကိုယ် တခုလုံး ဇင့် ဘက်ကို ယိုင်သွားလေသည်။သူ့ ခန္ဓာကိုယ် ဇင့် အပေါ် ယိုင်ကျလာမှုကြောင့် ဇင် လည်း နောက်သို့ ခြေလှမ်း ဆုတ်သွားလေသည်။

"အိုး...ဆောရီး...။"

သူ လျှင်မြန်စွာ တောင်းပန်လိုက်ပြီး ကိုယ်ချင်း ခွာလိုက်သည်။လက်ထဲက အဝတ်အားလုံးကတော့ ဇင့် လက်ထဲသို့ ပါသွားလေသည်။

"ကျွန်တော် လျှော်ပေးပါ့မယ်။နေမကောင်းနေတာကို မလျှော်ပါနဲ့။"

"ခင်ဗျားက အကြီးလေ။ကျွန်တော် ဝတ်ထားတဲ့ အဝတ်တွေကို ဘယ်လိုလုပ်လျှော်ခိုင်းလို့ ရမှာလဲ။ကျွန်တော် ငရဲကြီးပါ့မယ်ဗျာ။"

သူ တားချိန်တောင် မရလိုက်ဘဲ ဇင် က အနားက ထွက်သွားလေသည်။

"ပေး...ကိုကြီး သား လျှော်ပေးမယ်။"

သူနှင့်ဇင် အဝတ်အစားလုနေသည်ကို ဧပရယ် က မြင်သွားသည် ထင်ပါသည်။ဇင့် လက်ထဲမှ အဝတ်အစားတွေကို လျှော်ပေးမည်ဟု ဆိုကာ‌ တောင်းနေလေသည်။

"ဧပရယ် က ကျောင်းသွားရမှာလေ။ကျောင်းသွားဖို့ ပြင်တော့။ငယ်လေး ကိုလည်း နှိုးလိုက်တော့။အဝတ်တွေက ကိုကြီး ဖာသာ လျှော်လို့ရတယ်။ဘာမှမဖြစ်ဘူး။ကိုကြီးက အရမ်းဖျားတာမှ မဟုတ်တာ။အခု အဖျားတောင် မရှိတော့ဘူး။နေကောင်းသွားပြီ။"

"ပေးပါ....ကိုကြီးရာ။တခါတလေမှ သားက လျှော်ပေးရတာပါ။ဒီလောက် အဝတ်အစားက လျှော်ရတာ မြန်ပါတယ်။"

ဧပရယ် က ဇင့် လက်ထဲမှ အဝတ်အစားတွေကို အလျှင်အမြန် ဆွဲယူလိုက်တာကြောင့် ဇင် လက်ထဲမှ လွှတ်ပေးလိုက်ရလေသည်။ဧပရယ့် ကို အဝတ်မလျှော်စေချင်ပေမယ့်လည်း သူကတော့ ဇင် အဝတ်မလျှော်ရမှန်း သိတော့ ကျိတ်ပျော်နေမိသည်။ခဏနေတော့ ငယ်လေး လည်း နိုးလာသည်။ငယ်လေး ကတော့ ကလေးပီပီ အအိပ်မက်သူမို့ ညက သူ့အကိုကြီး နေမကောင်း တာကို မသိလိုက်ပေ။ဘယ်အချိန်ရောက်မှ သိလည်း ဆိုရင် မနက်ထမင်းကြော် စားချိန်ရောက်မှပဲ သိလေသည်။ဇင် က ထမင်းကြော် မစားဘဲ နွားနို့နှင့် ပေါင်မုန့် သာ စားလေသည်။သူတို့ မနက်စာ မစားခင် အချိန်လေးမှာပဲ အန်တီစိုး က ဟင်းစားတွေ လာပေးသွားသည်။

"ညက ကိုကြီး ဖျားတာ သား မသိလိုက်ဘူး။သား အိပ်ပျော်သွားတာ။"

ထမင်းကြော် စားရင်း စပ်ဖြီးဖြီး မျက်နှာလေးနှင့် ငယ်လေး က ပြောလေသည်။ဇင် ကတော့ သူ့ညီလေး ပြောသမျှကို ပြုံးပြုံးကြီး နားထောင်နေလေ သည်။ဇင် က အမြဲတမ်း အဲ့လိုပဲ ဖြစ်သည်။သူ့ညီလေးတွေ ဘာလုပ်လုပ်၊ ဘာပြောပြော ဝမ်းသာပီတိ ဖြာနေတတ်သူပါ။နံနက်စာ စားပြီးသည်နှင့် ဇင် က မီးဖိုချောင်သို့ ဝင်သွားသည်။သူလည်း မနေနိုင်ဘဲ ဇင့် နောက်သို့ လိုက်သွားရလေသည်။

"ဘာချက်မလဲ။ကျွန်တော် ချက်ပေးမယ်လေ။နေကောင်းသေးတာလည်း မဟုတ်ဘဲ နားနားနေနေ သွားနေပါ။"

"ရပါတယ်။ကျွန်တော်ပဲ ချက်ပါ့မယ်။"

"မဟုတ်တာ။ကျွန်တော် ချက်ပေးပါ့မယ်။ဘာဟင်းချက်ပေးရမလဲပဲပြောပါ။"

သူလည်း ဇင် ချက်တာ ကြည့်ထားရင်း ဟင်းတွေ စမ်းချက်ကြည့်သည့် အတွက် ချက်သင့်သလောက်တော့ ချက်တတ်နေပါပြီ။ချက်ရင်း ပျက်သွားသည့် ဟင်းတွေလည်း ရှိသည်ပေါ့။ဇင် က သူ ပြောသော စကားကို အရေးမစိုက်ဘဲ ကြက်သားကို အတုံးလေးတွေ ဖြစ်အောင် ခုတ်ထစ်နေပါသည်။ဇင် က စကားပြန်မပြောသည့် အတွက် ဇကာထဲမှာ ရှိနေသော ပဲပြားတွေကို ယူလိုက်သည်။

"ပဲပြားတွေက တုံးမှာလား။ဘယ်လိုချက်မှာလဲဟင်။"

"ဆီပြန်ချက်မှာ။ပြီးရင် အာလူးနဲ့ကြက်သား ချက်မယ်။"

ဇင် ပြောသည့် အတိုင်းပင် ပဲပြားကို အနေတော် အပြားလေးတွေ လုပ်ပေးလိုက်သည်။ဇင် က ပဲပြားကို ခပ်ပျော့ပျော့လေး ကြော်ပြီး ကြော်ပြီးသားတွေကို အတုံးလေးတွေ ပြန်တုံးကာ ဆီပြန်ပြန်ချက်ခြင်း ဖြစ်သည်။ကြက်သားနှင့်အာလူးကိုတော့ ရေကျန်ဆီကျန်လေး ချက်တတ်သည်။ပဲပြားလေးတွေ လှီးပြီးသည်နှင့် အာလူးနွှာပေးပါသည်။အနေတော် အတုံးလေးတွေ တုံးပြီး ရေဆေးပေးထားသည်။ ဇင် ချက်လျှင် အဆင်သင့် ဖြစ်နေအောင်ပင် ဖြစ်သည်။

ဇင် က နှပ်ထားသည့် ကြက်သားကို စတင်ချက်ပြုတ်ပါသည်။ကြက်သားရေတဝက်ကျသည်နှင့် အာလူးထည့်သည်။ အာလူးနှင့်ကြက်သားကို ဆီပြန်အောင် အဖုံးအုပ်ထားပြီး ဆီပြန်လာပြီ ဆိုလျှင် ရေအနည်းငယ်ထည့်ကာ အိုးကို အဖုံးပြန်အုပ်ကာ ဟင်းအကျက်ကို စောင့်နေရသည်။ဇင် လုပ်ကိုင်နေပုံကို ကြည့်နေရင်း ဇင့် ကို အကဲခတ် ကြည့်လိုက်ချိန်မှာ ဇင့် ခန္ဓာကိုယ်နှင့် မျက်နှာပြင် မှာ ချွေးစလေးတွေ ထွက်နေသည်။ဇင့် ကို ကြည့်ရတာ နွမ်းနယ်နေသည်။အဖျားလေး အနည်းငယ် ကျန်သေးတော့ ဇင် စိတ်လည်း ရွှင်လန်းပုံ မရပေ။

"ကျွန်တော် ဆက်ချက်ထားလိုက်ပါ့မယ်။ချွေးတွေ အရမ်းထွက်နေတယ်။ခဏသွားနားလိုက်ပါလား။"

"ရတယ်။"

"ရတယ် မလုပ်ပါနဲ့။ကိုယ့်ကျန်းမာရေးလည်း ကိုယ်ဂရုစိုက်ပါဦး။"

"ကျွန်တော် သိပါတယ်။"

"သိပါတယ် ပြောနေပြီး အခု နားလို့လား။အလုပ်နဲ့လက်နဲ့ အဆက်မပြတ် လုပ်နေမှတော့ အဖျားက ဘယ်လိုလုပ်ကျမှာလဲ။ဆေးလည်း အခုထိ မသောက်သေးဘူး။ဆေးသောက်ဖို့ ပြင်တော့။ကျန်တာ ကျွန်တော် ဆက်လုပ်မယ်။သွားနားတော့ဗျာ။"

ဇင့် ကို တခါမှ မပြောဖူးသော လေသံနှင့် ပြောနေသည့်အတွက် ဇင် လည်း သူ့ကို ထူးဆန်းသလို ကြည့်နေလေသည်။ဇင့် လက်ကို အတင်းဆွဲကာ ထိုင်ရာမှ ထခိုင်းလိုက်သည်။ထခိုင်းတိုင်း ပါမလာဘဲ ပေကပ်ကပ်နှင့် ထိုင်နေသည်။

"ထပါဗျာ။ဆေးသောက်ပြီး ခဏသွားနားပါ။ကလေးတွေ အတွက် ကျောင်းသွားဖို့ အတွက်လည်း စိတ်မပူပါနဲ့။ကျွန်တော် အားလုံး တာဝန်ယူပြီး လုပ်ပေးပါ့မယ်။"

သူ ဘယ်လိုပင် ပြောပြော ဇင် က ထိုင်ရာမှ မထပါ။ဆွဲထားတဲ့ သူ့လက်ထဲမှ လက်ကို အတင်းပြန်ဆွဲထုတ်နေသည်။ဇင် ဟာ အဲ့လောက်ထိ ပြောဆိုရခက်တဲ့ လူမှန်း သူ အစက မသိခဲ့ပေ။အခုတော့ လက်ပေါက်ကပ်သူလို့ပဲ သတ်မှတ်ရမလား။

"ကျွန်တော့် လက်ကို လွှတ်။ကျွန်တော် ဘာမှမဖြစ်တော့ဘူး။အဖျားကျသွားပြီ ဆေးသောက်စရာလည်း မလိုတော့ဘူး။"

ဇင် က ဆေးသောက် ကြောက်သူမှန်း သူ မေ့လို့မဖြစ်ပေ။ သူ့လက်ထဲမှာ ဇင် လက်ကောက်ဝတ် ရှိနေတာ။အဖျားအနည်းငယ် ရှိသေးသည် ဆိုတာ သူသိပါသည်။

"အဖျားနည်းနည်း ရှိသေးတယ်။ဆေးသောက်မှ ပျောက်မယ်လေ။"

"မသောက်ချင်ဘူးဗျာ။ဖယ်...ကျွန်တော့် လက်ကို လွှတ်။"

ဇင် က သူ့လက်ကို ဆောင့်ဆွဲလိုက်သောကြောင့် အရှိန်နှင့် သူ့လက်ပါ ဇင့် ဆီ ပါသွားသည်။မတ်တပ်ရပ်နေသည့် သူ့ခန္ဓာကိုယ် ဇင့်ဘက်သို့ ယိမ်းယိုင်သွားပြီး ဇင့်ခန္ဓာကိုယ်ပေါ် သူပြုတ်ကျသွားသည်။လဲပြိုကျမသွားအောင် ဇင့် ပခုံးပေါ် သူ့လက်တဖက် ထောက်တင်ကာ ထိန်းထားလိုက်ရပါတော့သည်။အနီးကပ်ဆုံး ရှိသွားသည့် မျက်နှာနှစ်ခု။အကြည့်ချင်း ဆုံသွားမိပြီး သတိပြန်ဝင်လာသူက သူသာ ဖြစ်သည်။ ဇင်နှင့် ခန္ဓာကိုယ်ချင်း ခွာလိုက်ပြီး လက်ကိုပါ လွှတ်ပေးလိုက်သည်။

"ခင်ဗျားကို ကျွန်တော် ပြောဦးမယ်။ဒီအဖျားလောက်လေးနဲ့ ကျွန်တော် သေမသွားဘူး။ကျွန်တော့် ကို လူမမာတယောက်လို မဆက်ဆံပါနဲ့။ကျွန်တော် မကြိုက်ဘူး။ကျွန်တော်က ဘာမှမဖြစ်ဘူးလို့ ပြောရင် ဘာမှမဖြစ်ဘူးပဲ။ခင်ဗျား အခုလိုတွေ လုပ်နေတာ ကျွန်တော့် အတွက် စိတ်အနှောင့်အယှက် ဖြစ်တယ်။ပွစိ ပွစိ လာလုပ်ပြီး စကားများ မနေနဲ့။စိတ်ရှုပ်တယ်။ခင်ဗျား ကျွန်တော့်နားမှာ မနေနဲ့တော့။သွားတော့ဗျာ။သွားတော့။"

ဇင် က လက်တခါခါ၊ အသံခပ်ပြတ်ပြတ်၊ လေသံခပ်မာမာဖြင့် ပြတ်ပြတ်သားသားပင် သူ့ကို နှင်ထုတ်နေပါပြီ။ဇင့် ကို ဆက်ပြောနေလည်း ဇင် က သူ့စကားကို နားထောင်မည် မဟုတ်ဘူး ဆိုတာ သူသိနေသောကြောင့် ဇင့် အနားကနေ မထွက်လာချင်ပေမယ့် ထွက်လာလိုက်ရပါသည်။ဇင် ဟာ သူ့ စေတနာကို အခုချိန်ထိ နားမလည်သူပါလား။သူ စိတ်မကောင်း ဖြစ်သွားမိပါသည်။

ကလေးတွေ ကျောင်းသွားပြီးသည်အထိ သူနှင့်ဇင် စကားမပြောဖြစ်ပါ။ဇင် ကလည်း အိမ်အလုပ်တွေကို ဆက်တိုက်လုပ်နေသလို သူကလည်း အဝတ်အစားတွေ ထိုင်ချုပ်နေလိုက်ပါတော့သည်။ဇင် လည်း သူ့ကို တချက်မှ လှမ်းမကြည့်သလို သူလည်း ဇင့် ကို ဟိုဟာလုပ်ပါ။ဒီဟာ လုပ်ပါ ဆိုပြီး မပြောတော့ပါ။

"အကိုရေ...အကို။"

ခြံထိပ်မှ တစာစာ အော်သံကြောင့် အဝတ်ချုပ်နေရာမှ သူလှမ်းကြည့်လိုက်တော့ ကြွေရုပ်ကမ္ဘာ ဖြစ်နေသည်။

"ဪ...လာလေ ညီမ။"

ကြွေရုပ်ကမ္ဘာ လာချိန်မှာတော့ ဇင် က မီးဖိုချောင် ထဲမှာ ဖြစ်လေသည်။သူ၏ ဖိတ်ခေါ်မှုကြောင့် ကြွေရုပ်ကမ္ဘာ က အိမ်ပေါ်သို့ တက်လာပါသည်။

"လာ..ညီမ...ထိုင်....။"

သူ စက်ခုံပေါ်မှ ဆင်းပြီး ကြွေရုပ်ကမ္ဘာ ထိုင်ဖို့ အတွက် အခန်းထောင့်မှ ဖျာကို ယူကာ ခင်းပေးလိုက်သည်။

"ရတယ် အကို။ဖျာခင်းမနေပါနဲ့။ညီမ ကြမ်းခင်းပေါ်မှာပဲ ထိုင်လိုက်ပါ့မယ်။"

ကြွေရုပ်ကမ္ဘာ က သူ့အပြောအတိုင်းပင် ဖျာပေါ်မှာ မထိုင်ဘဲ ကြမ်းခင်းပေါ်မှာ ထိုင်လေသည်။ဒီလို ဆိုတော့လည်း သူက အားနာရ လေသည်။သူလည်း ကြွေရုပ်ကမ္ဘာ နှင့် မလှမ်းမကမ်း ကြမ်းခင်း မှာပဲ ထိုင်လိုက်သည်။

"အင်္ကျီအပ်ထားတာတွေက မရသေးဘူး ညီမ။မနက်ဖြန်တော့ နှစ်ထည် ရမယ်။"

"ဟုတ်ကဲ့....အင်္ကျီမရသေးဘူး ဆိုတာ ညီမ သိပါတယ်။အခုက ညီမ အလှူလာဖိတ်တာပါ။"

"အလှူ...။"

"ဟုတ်ကဲ့...ညီမတို့ အိမ်ပြောင်းလာတာ ကြာပေမယ့် အိမ်တက်အလှူ မလုပ်ရသေးလို့။တနင်္ဂနွေနေ့ ကျရင် အိမ်မှာ အိမ်တက်အလှူ လုပ်မယ်။အကို လာခဲ့နော်။ကလေးတွေလည်း ခေါ်လာခဲ့ပါနော်။"

အဲ့ဒါမှ ခက်ပြီ။ဇင် က သူများအလှူသွားတာကို ကြိုက်မည့်ပုံ မပေါ်။သူတို့နှစ်ယောက်ကို အတင်းတွေ ပြောထားသည့် ဈေးကိုတောင် ဇင် က မလိုက်ခိုင်းတာ။အလှူလို လူများသည့် နေရာမျိုး ဆိုရင် သွားခိုင်းမည် မဟုတ်။မလာနိုင်ကြောင်း သူ ငြင်းရမည်။

"ကျွန်တော့်ကို တကူးတက လာဖိတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ် ညီမ။ဟို...အလှူကတော့လေ လာဖို့ အဆင်မပြေလောက်လို့ပါ။ အပ်ထည်တွေ ချုပ်ရမှာလည်း များနေလို့ပါ။ကျွန်တော် အလုပ်များ နေလို့ပါ။"

"အကိုရယ်...အလှူလာတာ ဘယ်လောက်ကြာမှာ မလို့လဲ။ခဏတဖြုတ်ပဲဟာ။လာခဲ့ပါ...နော်....."

ကြွေရုပ်ကမ္ဘာ က ချွဲနွဲ့သလို ဟန်ပန်လေးနှင့် ပြောနေလေသည်။ဒုက္ခပါပဲ။သူမှ သွားလို့ မဖြစ်တာ။ဆင်ခြေ တခုခုတော့ ထပ်ပေးမှ ဖြစ်ပေမည်။

"ဟို..ကျွန်တော့် မှာက အလှူအတန်း ဝတ်စရာ အဝတ်အစား ကောင်းကောင်းလည်း မရှိလို့ပါ။တကယ် အားနာပါတယ်။"

"အို...အကိုကလဲ။ဘာဝတ်လာလာ ရပါတယ်။ကိစ္စမရှိပါဘူး။အကို က ဘာဝတ်ဝတ် ချောပြီးသားပဲဟာကို။"

"ဒုန်း...ခွမ်း....ဂလုံ ....ဂွမ်....။"

အသံများကြောင့် နောက်ကို လှည့်ကြည့်လိုက်သည်။ကြွေရုပ်ကမ္ဘာ ကပါ သူကြည့်သလို လိုက်ကြည့်သည်။အသံလာရာကတော့ ဇင် ရှိနေသော မီးဖိုချောင်အတွင်းမှ ဖြစ်သည်။ကြမ်းပြင်ပေါ်မှာ ဇလုံတွေနှင့် အခြားပစ္စည်းတွေ ပြန့်ကျဲကျနေတော့သည်။ ဇင် ကတော့ မျက်နှာထား ထန်ထန်နှင့် သူတို့ဘက်သို့ ကြည့်နေသည်။ကျနေသော အရာတွေကိုလည်း ကောက်ယူခြင်း မရှိသေးပါ။သူလည်း မနေနိုင်ဘဲ ဇင် ရှိရာသို့ သွားလိုက်ပြီး ဖရိုဖရဲ ကျနေသော ဇလုံတွေကို တခုချင်းစီ သေချာကြည့်မိသည်။မတော်ဆ ပြုတ်ကျသည့် ပုံစံမဟုတ်ဘဲ ပစ္စည်းတွေကို အထပ်လိုက်ယူကာ လွှဲပြီး လွှင့်ပြစ်လိုက်သည့် ပုံစံမျိုးပါ။သူလည်း ဇင့် ကို ဘာမှ ပြောမနေတော့ဘဲ ပစ္စည်းများကို တခုချင်းစီ လိုက်ကောက်လိုက်သည်။သူ ကောက်တာကို မြင်သော ဇင် က ......

"ရတယ်။ကိစ္စမရှိဘူး။လာကောက်မပေးနဲ့။ပေး...။"

သူ့လက်ထဲမှ ပစ္စည်းတွေကို ဆောင့်ဆွဲယူသွားပြီး မျက်နှာကလည်း စူပုတ်ပြီး မျက်မှောင်ကြီး ကလည်း ကျုံ့လို့နေသည်။ဇင် ဘာများဖြစ်လို့လဲ။နေမကောင်း ဖြစ်နေချိန် စိတ်မကြည်မှန်း သူနားလည်ပါသည်။ဒါပေမဲ့ ဇလုံတွေ၊ ပစ္စည်းတွေကို လွင့်ပစ်တဲ့အထိ ဇင် က ဘာများ သူ့အပေါ် မကျေနပ်ရှိလို့လဲ။ဇင် က လူမှုရေးခေါင်းပါးသူ တယောက်လည်း မဟုတ်ဘဲနဲ့ အိမ်ကို ဧည့်သည် လာချိန် ခဏလေးမှာ အိမ်က ပစ္စည်းတွေကို အခုလို အခြေအနေ ဖြစ်အောင် ဘာလို့ လုပ်ရသလဲ။ဇင်၏ အခုလို ပုံစံကို သူတခါမှ မမြင်ဖူးသည့်အတွက် ထူးဆန်းလို့သာ နေပါသည်။

ကြွေရုပ်ကမ္ဘာ ကလည်း သူတို့နှစ်ယောက်ကို ကြည့်ပြီး အခြေအနေကို အကဲခတ်ကြည့်နေလေသည်။ဇင့် ပုံစံက သိပ်မဟန်မှန်း သိလို့နဲ့ တူပါသည်။နှုတ်ဆက်စကား ဆိုလေသည်။

"အကို ညီမ ပြန်တော့မယ်။အလှူကို လာဖြစ်အောင်တော့ လာပါနော် အကို။"

ကြွေရုပ်ကမ္ဘာ က အိမ်နောက်ဖေးမှာ ရှိနေသူ သူကြားအောင် လှမ်းပြောသောကြောင့် သူလည်း အိမ်ရှေ့သို့ ပြန်ထွက်လာရပါသည်။

"ပြန်တော့မလို့လား ညီမ။ကျွန်တော် အားနာလိုက်တာ။ဟို...အလှူနေ့ကျရင်လည်းလေ ကျွန်တော် မလာနိုင်လည်း တမျိုးတော့ မထင်ပါနဲ့နော်။"

"အကိုရယ်...ညီမ က လာစေချင်လို့ပါ။တောင်းဆိုပါတယ်။လာခဲ့ပါနော်။"

သူလည်း ဘာမှဆက်မပြောနိုင်တော့ ကတိလည်း မပေး။မတုန်မလှုပ်ဘဲ နေလိုက်သည်။ခဏနေတော့ ကြွေရုပ်ကမ္ဘာ လည်း ပြန်သွားလေသည်။ကြွေရုပ်ကမ္ဘာ ပြန်သွားတော့ သူလည်း ဇင့် အနားကို ပြန်သွားလိုက်ပေမယ့် ဇင် က သူ့ကိုတောင် ကြည့်လည်း မကြည့် ဂရုလည်း မစိုက်တော့ဘဲ ခြံထဲသို့ ဆင်းသွားပါတော့သည်။

ဇင့်စိတ်ကို သူလည်း တခါတလေ နားမလည်နိုင်လွန်း လှသည်။မနေ့ညက သူ့ကို ကလေး တယောက်လို ချွဲနွဲ့လွန်းကာ သူ့ဆီကို လာရောက်တိုးဝှေ့နေသူသည် အခုတော့လည်း သူ့အပေါ် သူစိမ်းဆန်လွန်းလှပေသည်။

****************

သူ စိတ်တိုတိုနှင့် ခြံထဲသို့ ဆင်းလာလိုက်သည်။ဆင်းလာတော့လည်း ဘာလုပ်ရမှန်း မသိလို့ ခြံထောင့်က မြက်တွေကို လက်နှင့် ဆွဲနှုတ်နေလိုက်သည်။စိတ်လိုက်မာန်ပါ လုပ်လိုက်သောကြောင့် လက်နာသွားသည်။သူ့လက်ဖဝါးကို ဖြန့်ကြည့်နေရင်းမှ စိတ်မကောင်း ဖြစ်လွန်းသွားပါသည်။သူ မမြင်ချင်။ထိုလူ့ အနားမှာ တယောက်ယောက် ရှိနေသည် ဆိုသော ဖြစ်ရပ်တွေကို သူ မမြင်တွေ့ချင်ပါ။အခုတော့ သူ့ရှေ့မှာ စကားတွေ ပြောနေလိုက်ကြတာများ ရယ်ရယ်မောမောနှင့် ဖြစ်သည်။ကောင်မလေး ကလည်း ထိုလူနှင့် အနီးကပ်ဆုံး နေရာမှာ ထိုင်နေလိုက်တာ ပူးလွန်းကပ်လွန်း နေသည်။

စကားပြောတာကလည်း ချွဲနွဲ့ပစ်နှစ်နေပြီး တရော်ချောင်းနှင့် ကျောက်ကျော ရောစပ်ထားသော လေသံနှင့်။ထိုလူ ဒီအသံကို ဘယ်လိုနားနှင့် နားထောင်နေသလဲ‌တော့ မသိ။သူကတော့ နားကြားမြင်းကပ်လွန်းလှပေသည်။အလှူလာဖိတ်တာလား။သမီးရည်းစား ချိန်းတွေ့နေသလားတောင် ခွဲမရတော့ဘူး။နေပါဦး။အလှူလာဖိတ်တာကလည်း ကြည့်ဦးလေ။ထိုလူနဲ့ကလေးနှစ်ယောက်ကိုပဲ ဖိတ်ပြီး သူ့ကျတော့ လာခဲ့ဖို့ တခွန်းမှ မခေါ်ဘူး။အလှူဖိတ်တာတောင် ကွက်ကြားမိုး ရွာလိုက်သေးသည်။

ဘာလဲ....ပြောသေးသည်။အကို က ဘာဝတ်ဝတ် ချောလွန်းသည်တဲ့။မိန်းကလေး တယောက်၏ နှုတ်က ယောက်ျားလေး တယောက် ချောကြောင်းကို ပြောစရာလား။ပြောတော့လည်း ကြည့်ဦး။လေသံက ချွဲပစ်၊ မျက်နှာက ပြုံးဖြီးနေပြီး အမြင်ကတ်လို့ ထရိုက်ချင်စိတ် ပေါက်သွားသည်။ကောင်မလေး ကို ထရိုက်လို့ မရတော့ ပန်းကန်စင် ပေါ်မှာ တင်ထားတဲ့ ဇလုံ၊ခွက် တွေကို ယူပြီး အရှိန်ပြင်းပြင်းနှင့် လွှဲပြီး ပစ်ချပလိုက်တာပေါ့။အသံကြားတော့မှ လှည့်ကြည့်ကြတယ်လေ။သူလည်း မျက်နှာကို အတင်းဆုံး၊အမာဆုံး ဖြစ်အောင် ထားပြီး မကျေနပ်ကြောင်း ပြပလိုက်တယ်လေ။အဲ့တော့မှ ကောင်မလေး အနားကနေ သူ့ဆီ ပြေးလာသည့် ထိုလူ။ပြန့်ကျဲနေသော ပစ္စည်းတွေကို လာကောက်ပေးနေသည်။စောနကတော့ ပုံစံတမျိုး အခုတော့ ပုံစံတမျိုးနဲ့ဆို‌တော့ သူ့စိတ်ကို ပိုတိုအောင် လုပ်နေသည်ဟု ခံစားမိသောကြောင့် ထိုလူ့ လက်ထဲမှ ပစ္စည်းတွေကို ဆောင့်ဆွဲယူပြီး လာမကောက်ပေးနဲ့ ဟု ဆိုကာ အော်ပလိုက်သည်။သူ့ကို ပြူးကြည့်နေသော အံ့ဩမျက်ဝန်းညိုလေးကို မသိချင်ယောင်ဆောင်ကာ အနားကနေ ထွက်သွားရန် နှင်လွှတ်လိုက်သည်။ကောင်မလေး ကလည်း သူတို့ အပြုအမူကို သဘောပေါက်ပုံဖြင့် ပြန်ဖို့ နှုတ်ဆက်နေလေပြီ။သူ့စိတ်ထဲမှာ ကြိတ်၍ ဝမ်းသာနေလေသည်။ဒါတောင် အလှူလာခဲ့ဖို့ ထပ်ပြီး ဖိတ်ပါသေးသည်။ကောင်မလေး ပြန်သွားသည်။ထိုလူ့ သူ့အနားသို့ ပြန်ရောက်လာပါသည်။သူလည်း စိတ်တိုတိုနှင့် စကားလည်း မပြော၊ ကြည်ဖြူတဲ့ အမူအရာလည်း မပြဘဲ ခြံထဲသို့ ဆင်းသွားလိုက်ပါတော့သည်။

ခြံထဲဆင်းပြီး မြက်ပင်တွေကိုပဲ ရမယ်ရှာ ခပ်ကြမ်းကြမ်း ဆွဲနှုတ်မိနေပါသည်။သူနှုတ်တာ အချိန် ဘယ်လောက်ကြာသွားသည် မသိ။သူ့လက်ကို ပြန်ကြည့်တော့ ပေါက်ပြဲနေလေသည်။စိတ်လိုက်မာန်ပါ လုပ်မိသော အကျိုးတွေပေါ့လေ။ဗိုက်ထဲလည်း အနည်းငယ် ဆာသယောင် ရှိလာသည်။ရေကပြင်မှာ လက်သွားဆေးလိုက်သည်။ထိုလူ သူ့ဆီတောင် လိုက်မလာဘဲ အိမ်ပေါ်မှာ ဘာများလုပ်နေသလဲ။ထိုလူ ဘာလုပ်နေသလဲ သိချင်စိတ်ဖြင့် အိမ်ပေါ်သို့ အမြန်တက်လာလိုက်သည်။

တွေ့လိုက်ရသော မြင်ကွင်းကတော့ သူမထင်ထားသော မြင်ကွင်းပါ။ကြမ်းခင်းပေါ်မှာ ညှပ်လက်စ အဝတ်အစား စတွေကြားထဲမှာ ခွေခွေလေး အိပ်နေသော သူ၏နတ်သားလေး။ခေါင်းအုံးတောင် မပါ။ဒီအတိုင်း အိပ်နေပုံထောက်ရင် အလွန်တရာ အိပ်ချင်စိတ်ကြောင့် အလုပ်လုပ်ရင်း အိပ်ပျော်သွားခြင်း ဖြစ်ပေလိမ့်မည်။အိပ်ချင်ရှာမည်ပေါ့။ညက သူအဖျားတွေ တက်တော့ တညလုံးနီးနီး မအိပ်ဘဲ သူ့ကို ပြုစုပေးထားရသည် မဟုတ်လား။မနက်ကလည်း အစောကြီးထ ကလေးတွေ ကျောင်းသွားဖို့ ကိစ္စလည်း ထိုလူပဲ လုပ်ကိုင်ပေးရသည်ပဲ မဟုတ်လား။

အိပ်နေသူ နိုးသွားမည် စိုး၍ ခြေဖွဖွလေး နင်းကာ သွားလိုက်သည်။ခေါင်းအုံးတလုံး၊ စောင်ပါးလေး တထည်ကို သွားယူလိုက်သည်။အိပ်နေသော ထိုလူ့အနားသို့ ပြန်လာပြီး စောင်ပါးလေးကို ခန္ဓာကိုယ်မှာ လွှားကာ အရင်ခြုံပေးလိုက်သည်။ပြီးတော့ ထိုလူ့အနားမှာ ဒူးထောက်ထိုင်ချကာ ခေါင်းကို အသာလေးမယူပြီး ခေါင်းအောက်မှာ ခေါင်းအုံးလေး ထိုးထည့်ပေးလိုက်သည်။ သူ့လုပ်ရပ်ကြောင့် အင့်ခနဲ တချက် ညည်းကာ ဘေးတစောင်းမှ ပက်လက်အနေအထား ပြောင်းသွားသောကြောင့် ထိုလူများ နိုးသွားမလားဟု စိုးရိမ်စိတ် ဖြစ်သွားပေမယ့် မနိုးပါ။ အိပ်ရေးပျက်ကာ ပင်ပန်းလွန်း၍ ဖြစ်မည်။သူ အနားလာတာတောင်မှ မသိပေ။ထိုလူ မနိုးဘူး ဆိုတာ စိတ်ချသွားသည် ဖြစ်သောကြောင့် သူလည်း အနားမှ မခွာတော့ဘဲ အိပ်နေသော ထိုလူ့မျက်နှာကိုသာ အားမနာတမ်း ကြည့်နေမိသည်။မျက်ဝန်းညိုလေး မှိတ်ထားချိန် မှာတောင် ကြည့်လို့ကောင်းလှပေသည်။ကော့ညွှတ်ရှည်လျားနေသော မျက်တောင်တွေဟာ မီးခြစ်ဆံလေး တင်ချင်စရာ။ နှာတံလေး ကလည်း စင်းလို့။ပါးပြင်လေးကလည်း ဖြူဝင်းသော အသားအရည်ကြောင့် မွှေးညှင်းစိမ်းလေးတွေတောင် မြင်နေရသည်။ပါးပြင်လေးကို လက်ညိုးထိပ်လေးနှင့် ထိုးကြည့်မိသည်။ပါးပြင် ခပ်တင်းတင်းလေး၏ လက်ညိုးကို ပြန်လည်တွန်းကန်နေတာ အိခနဲ၊အိခနဲ ကို နေတာပဲ။သူ သဘောကျလွန်းလို့ ပါးနှစ်ဖက်စလုံးကို အခါခါ ပြုလုပ်နေမိလေသည်။မျက်နှာအနှံ့ လက်ညှိုးလေးနှင့် လိုက်တို့ထိကြည့်ပြီး သူ့ကို ဆွဲဆောင်လွန်းသော နှုတ်ခမ်းလေးကို အရောက် လက်ညိုးလေးနှင့် အသာထိတွေ့မိချိန်မှာတော့ သဘောကျလွန်း၍ ခပ်ပြုံးပြုံးလေး ဖြစ်နေသော သူ့မျက်နှာဟာ တည်တံ့လို့ သွားပါတော့သည်။လက်ညှိုးနှင့် ထိမိရုံဖြင့် သူ မတင်းတိမ်နိုင်အောင် နူးညံ့သော နှုတ်ခမ်းသားလေးတွေက သူ့ကို ဆွဲဆောင်လွန်းလှပေသည်။ကြည့်နေရင်းမှ သူ့စိတ်ကို မထိန်းချုပ်နိုင်ဘဲ ထိလက်စ လက်ညှိုးလေးကို အသာဖယ်ကာ သူ့ခေါင်းကို တဖြေးဖြေး ခေါင်းငုံချကာ နှုတ်ခမ်းလေးဆီမှာ သူ့စိတ်ကို လွှတ်ချပေးလိုက်ပါတော့သည်။သကြားထက် ချိုသော အရသာ၊ ပျားရည်ထက် သောက်သုံးလို့ ကောင်းသော မြိန်ယှက်မှု။နှုတ်ခမ်းသားလေးကို နှလုံးသား ထဲမှာ ထာဝရ သိမ်းဆည်းထားချင်လောက်အောင် ဖြစ်မိသည်။ ဒီနှုတ်ခမ်းသားလေးနှင့် ဝေးကွာသွားရမည့် အရေးကို လားလားမှတောင် မတွေးချင်ပါ။သူ့မျက်ဝန်းကိုပါ စုံမှိတ်ထားရင်း နှုတ်ခမ်းသားလေး၏ အိစက်မှုကို နှလုံးသားနှင့် အပြည့် ခံစားနေလိုက်မိပါတော့သည်။

"ရွှေရင်အေး....မင်း နေမကောင်းဘူးဆို...ဆို...။"

အိမ်ပေါ်သို့ တက်လာသော ကိုသား တယောက်သည် မထင်ထားသော မြင်ကွင်းတခုကြောင့် ပြောလက်စ စကားပင်လျှင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်ပြီး မျက်လုံးပြူး၊ မျက်ဆံပြူးနှင့် အရှေ့ပဲ ဆက်သွားရတော့မလိုလို၊ အိမ်ပေါ်ကပဲ ပြေးဆင်းသွားရတော့ မလိုလို။ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာ ကိုသား ကို ရုတ်တရက် မြင်လိုက်ရသော ရွှေရင်အေး မှာလည်း ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ နှုတ်ခမ်းသားချင်း၊ မျက်နှာချင်း ခွာလိုက်ရလေသည်။ထိုလူ နိုးသွားမည် စိုးသော စိတ်တခုလည်း ရှိနေသောကြောင့် ထိတ်ထိတ်ပြာပြာ ထိုလူ့ကို ကြည့်လိုက်ပေမယ့် ခန္ဓာကိုယ်လေး လှုပ်သွားတာက လွဲရင် မနိုးလို့သာ တော်သေးသည်။သူလည်း အမြန်ထလိုက်ပြီး ကိုသား အနားသို့ သွားကာ ကိုသား၏ လက်ကို ဆွဲပြီး အိမ်ပြင်သို့ ခေါ်ထုတ်သွားရလေသည်။

ကိုသား ကို ဆွဲခေါ်လာရင်း လူမနေသော အိမ်တအိမ် ရှေ့မှာ ရပ်လိုက်သည်။ထိုအိမ်က လူမနေသော အိမ်ပျက်ကြီး ဖြစ်ပြီး အိမ်ရှေ့မှာ အုတ်ခုံတခုလည်း ရှိသည်။အုတ်ခုံပေါ်ကို မိုးထားသော သရက်ပင်တပင်ဟာ အရိပ်ကောင်းလွန်းလှသည်။သရက်ပင်က ခြံစည်းရိုးထိပ် အိမ်ဝန်းထဲမှာ ဖြစ်ပြီး ခြံပြင်ကိုလည်း သရက်ပင်က တဝက်ထိုးထွက်နေခြင်း ဖြစ်သည်။သရက်ပင်မှ ကျလာသော သရက်ကင်း အကြွေလေးတွေကို တခါတလေ ညီနှစ်ယောက်က ကောက်လာတတ်သေးသည်။သရက်ပင်၏ အရိပ်ကြောင့် ခြံထိပ်၏ အရိပ်လေးဟာ ခြံပြင်မှာ ရှိသော အုတ်ခုံလေးကို အရိပ်မိုးကာ ရှိနေသော အတွက် အုတ်ခုံလေးကလည်း အရိပ်ရလေသည်။အရိပ်ရသော ထိုအုတ်ခုံလေးမှာ သူနှင့်ကိုသား ထိုင်ကာ စကားပြော ဖြစ်ပါသည်။ကိုသား ကလည်း စောနက မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ့ကို မေးစရာ မေးခွန်းတွေ အများကြီး ရှိနေပါလိမ့်မည်။

"ကျွန်တော် တောင်းပန်ပါတယ်။"

"မင်းက ဘာကို တောင်းပန်တာလဲ ရွှေရင်အေး။"

"ကိုသား ကို မမြင်သင့်တာကို မြင်စေပြီး ကျွန်တော့် အိမ်မှာ မှီခိုနေသူကို ကျွန်တော်က.......မတရားကြံ....ကြံနေလို့ပါ။"

"မတရားကြံတယ်လို့တော့ မဟုတ်ပါဘူး။ငါလည်း မင်းကို အဲ့လို မထင်ရက်ပါဘူးကွာ။မင်းရဲ့ စိတ်သဘောထားကို ငါနားလည်ပါတယ်။"

"ဒါပေမဲ့ ကျွန်တော် စိတ်ထဲမှာ ကျွန်တော်ဘက်က သူ့အပေါ် မတရားဘူးလို့လည်း ခံစားနေရတယ်။"

"မင်း စိတ်ထဲ မထားပါနဲ့။ငါ တကယ့်ကို မင်းအပေါ်မှာ တမျိုးကို မမြင်ပါဘူး။"

"ကိုသား....ကျွန်တော့် ကို အထင်သေးသွားသလား။"

"ဘာကို အထင်သေးရမှာလဲ။"

"ဟို...ကျွန်တော်က ....ယောက်ျားလေး တယောက်ကို......။"

"အထင်ကြီးခြင်း၊ အထင်သေးခြင်း ဆိုတာ ခင်မင်ရင်းနှီးသူ အချင်းချင်း အတွက် ဆူးငြောင့် ခလုတ်တွေပဲ ရွှေရင်အေး။ငါက မင်းကို ဘာလို့ အထင်သေးရမှာလဲ။ပြီးတော့ မင်းက ဆယ်ကျော်သက်အရွယ်လေ။သူစိမ်းအချင်းချင်းပဲ တယောက်နဲ့တယောက် အနေနီးရင် ဒါမျိုးကိစ္စတွေက မတော်တဆ ဖြစ်တတ်တာပဲလေ။"

"ဒါ...ဒါ..မတော်တဆ မဟုတ်ဘူး ကိုသား။အနေနီး လို့လည်း မဟုတ်ဘူး။ကျွန်တော်....ကျွန်တော်....သူ့ကို....တမင်ရည်ရွယ်ချက် ရှိရှိ ပြုမူမိတာ။ကျွန်တော်...ကျွန်တော်...သူ့ကို မြင်ရင် ...အဲလိုစိတ်တွေ ခဏ၊ခဏ ဖြစ်တယ် ကိုသား။အဲ့ဒါကြောင့် ကျွန်တော့်ကို ကျွန်တော် သိလို့ စိတ်ပြောင်းဖို့ ကြိုးစားပါသေးတယ်။ဒါပေမဲ့....ဒါပေမဲ့ မရဘူး။ကျွန်တော့် စိတ်တွေက သူ့ဆီမှာပဲ တဝဲလည်လည် ဖြစ်နေတယ်။ ကျွန်တော်....ရူးနေပြီ ကိုသား။"

ရွှေရင်အေး ကို ကြည့်ကာ ကိုသား တယောက် စိတ်မကောင်း ဖြစ်မိသည်။အရွယ်နှင့် မလိုက်အောင် အလုပ်ကြိုးစားပြီး ညီငယ်တွေ အတွက် တာဝန်သိတတ်သည့် သူပါ။သူ့အသက်အရွယ်လေးနှင့် ရရာအလုပ်ကို လုပ်ပြီး ညီငယ်တွေကို ရှာဖွေကျွေးမွေးသည် ဆိုကတည်း လေးစားစရာ ကောင်းသည့် လူငယ် တယောက်ပါ။ဘဝက နာကျင်စရာတွေ ပြည့်နေပေမယ့် ဘာမှကို ဂရုမစိုက်မမှုဘဲ ကြံ့ကြံ့ခိုင် ရင်ဆိုင်ရဲလေသူပါ။အခုတော့ အချစ်ကို ထိတွေ့မိလို့ သောကတွေ ပွေနေရပြီကော။

ပတ်ဝန်းကျင်က လူတွေ ရွှေရင်အေးနှင့်ကိုဧည့်သည် ကို ဝိုင်းဝန်းပြောဆိုနေသည် ဆိုတာ သူသိသည်။ဒါပေမဲ့ ဘာမှမပြောဘဲ မသိချင်ယောင်သာ ဆောင်နေလိုက်သည်။တကယ် ဟုတ်ခြင်း၊မဟုတ်ခြင်း ဆိုတာထက် သူမေးလိုက်၍ ရွှေရင်အေးတို့ စိတ်ထိခိုက်သွားမည် စိုး၍ ဖြစ်သည်။သူ မသိဘူးလား ဆိုတော့လည်း နှစ်ယောက်စလုံး၏ အခြေအနေကို သတိထားမိသည့် အခါတွေလည်း ရှိခဲ့ဖူးပါသည်။

တခါက ရွှေရင်အေး က သူ ရည်းစားတယောက်လောက် ထားချင်ကြောင်း၊ ကောင်မလေး ဖြစ်လျှင် ပြီးရော ဆိုပြီး ပြောဖူးသည်။ သူရိပ်မိခဲ့ပါသည်။ရွှေရင်အေး ပြောသည့် သူ့ကို လူတယောက် စိုးမိုးနေသည်။အိပ်မက်ထဲမှာလည်း သူ့ပုံရိပ်တွေ၊ သူ့အစိတ်အပိုင်း တခုလုံးကိုလည်း မြင်ယောင်နေတယ်။မြင်လိုက်တိုင်းလည်း နှလုံးခုန်နှုန်းတွေ မြန်လာတယ်။ဘယ်လောက်ပဲ မောင်းထုတ်၊မောင်းထုတ် မရဘူး။ကျွန်တော့် အနားမှာ တဝဲလည်လည် ဖြစ်နေတယ် လို့ ရွှေရင်အေး သူ့ကို ဝန်ခံဖူးလေသည်။ဘယ်လိုပုံစံမျိုးလဲလို့ မေးပေမယ့် မဖြေပါ။မဖြေတော့ သူလည်း မမေးတော့ပါ။အခုတော့ ဘယ်သူဆိုတာ သူ သိရလေပြီ။

"မင်း ကိုဧည့်သည် ကို ချစ်နေပြီလား ရွှေရင်အေး။"

"သူ့ကို မြင်ရတိုင်း၊ သူ့ကို ထိတွေ့မိတိုင်း ရင်ခုန်တာ အချစ်ဆိုရင်....ကျွန်တော်....သူ့ကို...."

သူ စကားဆက်လို့ မရအောင် ရင်ထဲမှာ ပြည့်ကျပ်ဆို့နင့်လို့သာ နေပါသည်။

"အချစ် ဆိုတာ ဘာလဲ လို့ ငါ့ကို မေးတုန်းက မအံ့ဩခဲ့ဘူး။မင်း အရွယ်က အချစ်ကို ထိတွေ့ခွင့် ရနိုင်တဲ့ ရင်ခုန်တတ်စ အရွယ်ပဲလေ။ဒါပေမဲ့ မင်းအချစ်ဟာ ကိုဧည့်သည် ဆီမှာ ရှိနေလိမ့်မယ်လို့တော့ ငါတထစ်ချ မထင်ရဲခဲ့ဘူး။"

"ကျွန်တော် မှားနေပြီ မဟုတ်လား ကိုသား။ကျွန်တော်ဟာ ယောက်ျားလေး တယောက် ဖြစ်နေပြီး ကိုယ်နဲ့ တူညီတဲ့ ယောက်ျားလေး တယောက်ကို စိတ်ကစားမိပြီး သဘောကျတာက စမှားနေတာပေါ့။ကျွန်တော့်ရဲ့ ဖြစ်ပျက်နေမှုတွေဟာ ကျွန်တော့် ညီနှစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်နေပြီ။ကျွန်တော့်ကြောင့် သူကော၊ ကျွန်တော့် ညီတွေဟာ အများရဲ့ တံထွေးခွက်ထဲ ပက်လက်မျောတော့မယ် ထင်ပါရဲ့ဗျာ။"

ကိုသား က သူ့ပခုံးကို နှစ်သိမ့်သလိုနှင့် လာရောက်ဖက်လေသည်။

"ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းရင် မင်းနှလုံးသား သေသွားဖို့ပဲ ရှိတယ် ရွှေရင်အေး။မင်း ညီတွေက မင်းအတွက် အဓိက ဖြစ်သလို မင်းနှလုံးသားထဲမှာ ရှိနေတဲ့ ကိုဧည့်သည် ကလည်း အဓိက နေရာမှာ ပါဝင်နေတယ် မဟုတ်လား။ဒါနဲ့ ကိုဧည့်သည် ကကော မင်းအပေါ် ဘယ်လို သဘောထားရှိလဲ။"

"ကျွန်တော် သေချာ မသိဘူး ကိုသား။ကျွန်တော် ဘာလုပ်လုပ် သူက ငြိမ်ခံနေတယ်။နည်းနည်းပါးပါး ရုန်းတာမျိုး လုပ်ပေမယ့် ကြမ်းကြမ်းတမ်းတမ်း တွန်းထိုးတာမျိုးတော့ မရှိဘူး။သူက ခွင့်ပြုလို့ ကျွန်တော်က ပိုတိုးမိနေတာလားတော့ ကျွန်တော် မသိပါဘူး။ဒါပေမဲ့လေ သူ့ကို ဘယ်လောက်ပဲ ထိတွေ့ခွင့် ရရ ထပ်တိုးပြီး သူ့အပေါ်ကို အချိန်တိုင်း ပြုမူနေချင်မိတယ်။အခုနောက်ပိုင်း သူ့ကို မြင်တိုင်း ကျွန်တော့် စိတ်ကို မနည်းထိန်းနေရတယ်။ပြီးတော့ သူ့နားမှာ ကျွန်တော် မဟုတ်တဲ့ အခြားလူ ရှိနေတာမျိုးဆိုရင် ကျွန်တော် မကြိုက်ဘူး ကိုသား။ရှင်းရှင်းပြောရရင် ကျွန်တော် အဲ့လူကိုတောင် သူ့အနားကနေ ဆွဲခွာ ပလိုက်ချင်မိတယ်။ကျွန်တော့် စိတ်က သူ့အပေါ် အဲ့လိုတွေ ဖြစ်နေတယ် ကိုသား။"

"မင်း သဝန်တို နေတာပေါ့။"

"အဲ့ဒါကို သဝန်တိုတယ်လို့ ခေါ်သလား ကိုသား။"

သူ သေချာမသိသည့်အတွက် မေးလိုက်ခြင်းပင် ဖြစ်လေသည်။

"မင်းနှလုံးသားက ရင်ခုန်နေသူကို တယောက်ယောက်နဲ့ ထိတွေ့နေရင် မင်းမကြိုက်ဘူး။ဒေါသထွက်တယ် ဆိုရင် အဲ့ဒါက မင်း သူ့ကို သဝန်တိုတာပေါ့။"

ကိုသား ပြောပြတော့ သူလည်း ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေမိသည်။

"မင်း ချစ်နေကြောင်း ကိုဧည့်သည် ကို ဖွင့်ပြောပြီးပြီလား။"

"ဟင့်အင်း.....ကျွန်တော် ဘာမှ မပြောရသေးပါဘူး။ဖွင့်ပြောဖို့လည်း ကျွန်တော့်မှာ သတ္တိမရှိပါဘူး။ကျွန်တော် ပြောလိုက်မှ သူ...သူစိတ်ဆိုးသွားမှာ၊ ကျွန်တော့်ကို သူစိမ်းကားသွားမှာ ကျွန်တော် စိုးရိမ်တယ်။ပြီးတော့ ကျွန်တော် သူ့ကို ထိတွေ့ချင်နေပေမယ့် ကျွန်တော့်ကို အခွင့်အရေးသမား တယောက်လို့ ထင်သွားမှာကို အစိုးရိမ်ဆုံးပဲ ကိုသား။"

အခွင့်အရေးသမား အဖြစ်လည်း အထင်မခံချင်ဘူး။အမြဲတမ်းလည်း ထိတွေ့ချင်နေသည် ဆိုသော ရွှေရင်အေး အဖြစ်ကို ကြည့်ပြီး ရယ်ချင်ပေမယ့် မရယ်ရက်ပေ။

"ကိုဧည့်သည် က မင်းကို အဲ့လို ထင်မှာ မဟုတ်ပါဘူး။တဖက်လူအပေါ် အပြစ်မပြောတတ်တဲ့ ကိုဧည့်သည် စိတ်ကိုလည်း မင်းသိသင့်သလောက် သိသားပဲလေ။မင်း ရှေ့ဆက်တိုးလည်း ကိုဧည့်သည် က မင်းကို ဘာမှပြောမှာမှ မဟုတ်တာ။"

"သူ ဘာမှမပြောတာက ကျွန်တော့်ကို သတ်နေသလိုပဲ ကိုသား။သူ့ဘက်ကသာ ကျွန်တော့် အပြုအမူကို ပြတ်ပြတ်သားသား တုံ့ပြန်လိုက်ရင် ကျွန်တော် စိတ်ကို ဆုံးမပြီး သူနဲ့ ပြတ်ပြတ်သားသား နေလိုက်မှာပါ။အခုတော့ ...."

ရွှေရင်အေး ကို ကြည့်ရတာ ကိုဧည့်သည် နှင့် ပတ်သတ်ပြီး ဘေးကျပ်နံကျပ် ဖြစ်နေပုံရသည်။အချစ်နဲ့ စတွေ့သည့် အချိန်မှာပဲ အချစ်၏ နှိပ်စက်သော ဒဏ်ကို ခံစားနေရပြီ။

"ငါ ကိုယ်ချင်းစာ ပါတယ်ကွာ။"

"ကျွန်တော်လည်း သူ့ကို ရှောင်ပါတယ် ကိုသား။ရှောင်လို့လည်း မရ။ကျွန်တော့် နှလုံးသားထဲမှာကော၊ ကျွန်တော့် ဦးဏှောက် ထဲမှာပါ အချိန်တိုင်း စိုးမိုးနေတာ ကျွန်တော် ရှေ့ဆက်ပြီး ဘယ်လိုလုပ်ရမလဲ ကိုသား။"

ကိုသား ကလည်း အကြံပေးဖို့ ခက်နေဟန်ဖြင့် ဘာစကားမှ ထွက်မလာ။သူကလည်း ကိုသား ဘာပြောလာမလဲ နားစွင့်နေရင်း စကားသံ မကြားရတော့ သူစိတ်တွေလည်း လွင့်ကုန်သည်။ပတ်ဝန်းကျင်ကို ငေးမိငေးရာ ငေးနေချိန်မှာပင် သရက်ပင်ပေါ်မှ သရက်ကင်းလေး တလုံးဟာ သူ့ရှေ့သို့ ဘုတ်ခနဲ အသံနှင့်အတူ ကျလာသည်။သူလိုက်ကြည့်နေချိန်မှာပဲ ပြုတ်ကျလာသော သရက်ကင်းလေးဟာ ပြုတ်ကျသော နေရာမှာ မဟုတ်ဘဲ အရှိန်နှင့် ခုန်ဆွ၊ခုန်ဆွလေး ဖြစ်ကာ သူနှင့် ဝေးရာကို တဖြည်းဖြည်းလေး ရောက်လို့သာ သွားပါတော့သည်။ဝေးကွာသွားသော သရက်ကင်းလေးကို ကြည့်ရင်း ထိုလူကော သရက်ကင်းလေး ကဲ့သို့ပင် သူလည်းမဖိတ်ခေါ်ပါဘဲ သူ့ရှေ့သို့ ရုတ်တရက် ရောက်လာလေသည်။နေ့ရက်တွေ၊ အချိန်တွေ ကုန်လာတာနှင့်အမျှ ထိုလူလည်း သူနှင့် ဝေးရာကို ရောက်သွားဖို့ပဲ ရှိလေသည်။တနေ့နေ့ သူလည်း မနှင်ဘဲနှင့် သူနှင့် ဝေးရာကို ထွက်သွားနိုင်ပါသည်။ထိုနေ့ကို သူမရောက်ချင်တော့သည့် သူ့စိတ်ကို သူသာလျှင် အသိဆုံး ဖြစ်နေလေသည်။အဲ့နေ့သာ ရောက်လာလျှင် သူ ဘာဆက်လုပ်ရမှန်းမသိအောင် ခံနိုင်ရည်စွမ်းလည်း ရှိမည် မဟုတ်တော့ပါလေ။

27.3.2022 Sunday.

7:30 pm.

****************

စာဖတ်သူ ချစ်မိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။ကောင်းသောနေ့လေး ဖြစ်ပါစေ။

Continue Reading

You'll Also Like

1M 65.7K 85
[Unicode] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ [Zawgyi] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်...
319K 34.2K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
238K 6.9K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
457K 11K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."