"ခိုင်မာနှောင်ကြိုး"
By myanaykyalsin17
12.9K 1K 391
အားလုံးပဲ မင်္ဂလာပါရှင့် BL Fic အသစ်လေးနဲ့ ထပ်မံ တွေ့ဆုံခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ BL Fic အသစ်လေးကိုတော့ "ခိ... More
အပိုင်း ၁ Unicode
အပိုင်း ၁ zawgyi
အပိုင်း ၂ unicode
အပိုင်း ၂ zawgyi
အပိုင်း ၃ unicode
အပိုင်း ၃ zawgyi
အပိုင်း ၄ unicode
အပိုင်း ၄ Zawgyi
အပိုင်း ၅ unicode
အပိုင်း ၅ zawgyi
အပိုင်း ၆ Unicode
အပိုင်း ၆ zawgyi
အပိုင်း ၇ unicode
အပိုင်း ၇ zawgyi
အပိုင်း ၈ unicode
အပိုင်း ၈ zawgyi
အပိုင်း ၉ Unicode
အပိုင်း ၉ Zawgyi
အပိုင်း ၁၀ unicode
အပိုင်း ၁၀ Zawgyi
အပိုင်း ၁၁ unicode
အပိုင်း ၁၁ Zawgyi
အပိုင်း ၁၂ unicode
အပိုင်း ၁၂ zawgyi
အပိုင်း ၁၃ zawgyi
အပိုင်း ၁၄ unicode
အပိုင်း ၁၄ zawgyi
အပိုင်း ၁၅ unicode
အပိုင်း ၁၅ zawgyi
အပိုင်း ၁၆ unicode
အပိုင်း ၁၆ zawgyi
အပိုင်း ၁၇ unicode
အပိုင်း ၁၇ Zawgyi
အပိုင်း ၁၈ unicode
အပိုင်း ၁၈ Zawgyi
အပိုင်း ၁၉ unicode
အပိုင်း ၁၉ Zawgyi
အပိုင်း ၂၀ unicode
အပိုင်း ၂၀ zawgyi
အပိုင်း ၂၁ unicode
အပိုင်း ၂၁ zawgyi
အပိုင်း ၂၂ unicode
အပိုင်း ၂၂ zawgyi
အပိုင်း ၂၃ unicode
အပိုင်း ၂၃ Zawgyi
အပိုင်း ၂၄ unicode
အပိုင်း ၂၄
အပိုင်း ၂၅ unicode
အပိုင်း ၂၅ zawgyi
အပိုင်း ၂၆ unicode
အပိုင်း ၂၆ zawgyi
အပိုင်း ၂၇ unicode
အပိုင်း ၂၇ zawgyi
အပိုင်း ၂၈ unicode
အပိုင်း ၂၈ Zawgyi
အပိုင်း ၂၉ unicode
အပိုင်း ၂၉ Zawgyi
အပိုင်း ၃၀ unicode
အပိုင်း ၃၀ zawgyi
အပိုင်း ၃၁ unicode
အပိုင်း ၃၁ zawgyi
အပိုင်း ၃၂ unicode
အပိုင်း ၃၂ Zawgyi
အပိုင်း ၃၃ unicode
အပိုင်း ၃၃ zawgyi
အပိုင်း ၃၄ unicode
အပိုင်း ၃၄ zawgyi
အပိုင်း ၃၅ unicode
အပိုင်း ၃၅ zawgyi
အပိုင်း ၃၆ unicode
အပိုင်း ၃၆ zawgyi
အပိုင်း ၃၇ unicode
အပိုင်း ၃၇ zawgyi
ခိုင်မာနှောင်ကြိုး အပိုင်း ၃၈
အပိုင်း ၁၃ unicode
230 24 6
By myanaykyalsin17
ခိုင်မာနှောင်ကြိုး အပိုင်း ၁၃
ဈေးရောင်းပြန်လာလာချင်း ခြံထဲကို ဝင်လိုက်သည်နှင့် သင်းပျံ့သော ရနံ့တခုကို ရလေသည်။အဲ့ဒါကတော့ ခြံထောင့်မှ စပယ်ပန်းပင်မှ စပယ်ပန်းရနံ့ပင်။လှည်းကို ချပြီး အိမ်ထဲတောင် လှမ်းမကြည့်တော့ဘဲ စပယ်ပင် ရှိရာ ခြံထောင့်သို့ သွားလိုက်သည်။ထင်သည့် အတိုင်းပင် စပယ်ပင်မှာ စပယ်ပန်းတွေ ဖွေးဖွေးလှုပ်ပွင့်နေပါပြီ။စပယ်ပင်ကို နောက်ထပ် ဝယ်စိုက်ပေးထားသောကြောင့် စုစုပေါင်း စပယ်ပင် ခြောက်ပင် ရှိနေပါပြီ။ခါးပုံစ ခပ်ရှည်ရှည် ဖြစ်အောင် တိုပြီးသား ပုဆိုးကို ထပ်ပြီး တိုအောင် ခပ်တိုတိုထပ်ဝတ်သည်။ရှည်လျားသော ခါးပုံစ ဖြစ်သွားသည်နှင့် စပယ်ပန်းလေးတွေကို တပွင့်စီ ခူးကာ ခါးပုံစထဲသို့ ထည့်သည်။စပယ်တပွင့် ခူးလိုက်တိုင်း တခါပြုံးမိသည်။ စပယ်ခူးရသည့် အကြောင်းမှာ စပယ်ပန်း ကြိုက်သူလေးကို ပေးဖို့ရန်ပင် ဖြစ်သည်။ခါးပုံစထဲမှာ စပယ်ပန်းတွေ အတော်လေး ရလာပြီ။စပယ်ပန်းလေးတွေ ကျိုးကြေမှာ စိုးသဖြင့် ဂရုတစိုက် ကိုင်တွယ်ရလေသည်။စပယ်ပန်းတွေ အတော်ရပြီ ဆိုသည်နှင့် ပီတိအပြုံးနှင့်အတူ သူအိမ်ဘက် လှည့်ပြန်လာသည်။အိမ်ပေါက်ဝမှာ သူ့ကို စောင့်ကြိုနေသည့် သူလေးကို တွေ့ရလေသည်။ လက်ထဲမှာလည်း ရေတခွက်နှင့်ပေါ့။အဲ...ဒီတခါ ခွက်နှစ်ခွက်နှင့် ဖြစ်သည်။
"ပြန်လာတာ အသံကြားလိုက်ပြီး ဘယ်ရောက်သွားမှန်း မသိလို့။"
"အင်း...စပယ်ပန်း သွားခူးနေတာ။စပယ်ပန်းတွေ ပွင့်နေတာ အများကြီးပဲ။ဒီမှာ...။"
ခါးပုံစထဲက စပယ်ပန်းတွေကို ပြလိုက်တော့ အပြုံးလေးကို မြင်ရလေသည်။
"စပယ်ပန်းပွင့်နေတာ သိတယ်။အနံ့ ရနေတာ။အလုပ်မအားသေးတာနဲ့ မခူးဖြစ်ဘူး။ခူးလာပေးတာ ကျေးဇူးတင်ပါတယ်။ကျွန်တော် ပန်းထည့်ဖို့ ဇကာ သွားယူလိုက်ဦးမယ်။ဪ..ဒီမှာ...ရေ။ဒါက သံပုရာရည်။ဖျော်ထားတာ အရမ်းကြီး မကြာသေးဘူး။ရေသောက်မလား။သံပုရာရည် သောက်မလားဟင်။"
"အင်း......သံပုရာရည်ပဲ သောက်မယ်။"
သူ့လက်ထဲသို့ သံပုရာရည် ခွက်ကို ကမ်းပေးပြီး ရေခွက်ကို ပြန်ယူသွားကာ အိမ်ထဲသို့ ပြန်ဝင်သွားလေသည်။သူကလည်း လက်ထဲမှ သံပုရာရည်ကို အမြန်မော့ချလိုက်သည်။အရသာတော့ ရှိသား။ဖျော်ထားတာ ကြာလို့ နည်းနည်းခါးတာက လွဲရင်ပေါ့။ခဏနေတော့ ပြန်ထွက်လာပြီး လက်ထဲမှာ ဇကာလေး တခုပါလာလေသည်။
"ဒီထဲကို စပယ်ပန်းတွေ ထည့်ပေးနော်။"
သူ့လက်ထဲမှာ ကိုင်ထားသော သံပုရာရည်ခွက် အလွတ်ကို ထိုလူ့ လက်ထဲသို့ ထည့်လိုက်သည်။ခွက်ကို တဖက်က လှမ်းယူပြီး တဖက်လက်က ဇကာကို ကမ်းပေးလေသည်။ထိုလူက အိမ်ပေါက်ဝမှာ ရှိနေပြီး လှေခါးတထစ် ဆင်းလာသည်။သူက လှေခါးတထစ် တက်လိုက်သည်။သူတို့နှစ်ယောက်၏ အကွာအဝေးဟာ လှေခါးတထစ်စာသာ ရှိလေသည်။ဇကာလေးကို ရှေ့သို့ နည်းနည်း တိုးပေးတော့ ခါးပုံစထဲမှာ ထည့်ထားသော စပယ်ပန်းလေးတွေကို လက်ဖြင့် အသာအယာ ဆုပ်ယူပြီး ဇကာထဲသို့ ထည့်ပေးလိုက်လေသည်။ စပယ်ပန်းလေး ရတော့ ပျော်ရွှင်သွားသည့် မျက်နှာလေးနှင့် စပယ်ပန်းရနံ့လေးဟာ လိုက်ဖက်ညီညာလွန်းလှပါသည်။
"ကြိုးသီပြီး ဘုရားပန်းကပ်ရမယ်။"
ပါးစပ်ကလည်း ပြောပြီးသည်နှင့် စပယ်ပန်းတွေ ထည့်ထားသည့် ဇကာကို ယူကာ အနားမှ ထွက်ခွာသွားပါသည်။အိမ်ထဲသို့ ဝင်သွားပြီး ကြမ်းခင်းပေါ်သို့ ဇကာကို ချသည်။လူကလည်း ကြမ်းခင်းပေါ်မှာ ထိုင်သည်။ပြီးတော့ အပ်တခုယူပြီး အပ်ချည်ထိုးပြီး စပယ်ပန်းတွေ သီပါတော့သည်။သီလိုက်တာ ခဏလေး အချိန်မှာပင် စပယ်ပန်းကုံးလေးတွေ အတော်များများ ရသည်။ရလာသည့် ပန်းကုံးအချို့ကို ရေဆေးပြီး စပယ်ပန်းကုံးကို ပန်းကန်တချပ်ထဲ ထည့်ကာ ဘုရားကို ကပ်လှူသည်။အချို့ ပန်းကုံးတွေကိုတော့ အန်တီစိုးနှင့်အမသီတာ ကို ပေးမည်ဟု ရေရွတ်နေလေသည်။ထိုလူ လုပ်နေကိုင်နေပုံလေးကို ကြည့်ရင်း သူသဘောကျနေမိသည်။
ယောက်ျားလေးဖြစ်ပြီး ပန်းလည်း ကြိုက်သည်။အဝတ်အစားလည်း ချုပ်တတ်သည်။ပုဆိုးဝတ်ရင်လည်း ပုဆိုးစကို ခြေမျက်စိဖုံးပြီး အရှည်ကြီး ဝတ်တတ်သည်။ယဉ်ကျေးသည်။တဖက်သား အပေါ် လေးစားတတ်သည်။သိမ်သိမ်မွေ့မွေ့ နေတတ်သည်။အင်း...ပြောရရင် အငိုသန်သူလေးပေါ့။ တခါတလေ ငိုနေရင် သွားချော့ဖို့တောင် မထိရက်၊မတို့ရက်။ငိုနေရင်လည်း သိမ်မွေ့လွန်းလို့ ထိုင်ကြည့်နေရတာ သဘောကျမိသည့် အချိန်လည်း ရှိခဲ့ပြန်ရဲ့။တဖက်သား ငိုတာကို သဘောကျတဲ့ အဖြစ်ဟာ မကောင်းမှန်း သိပါသည်။ငိုကျွေးနေချိန် ကြည့်ကောင်းနေသူမို့ သူသဘောကျတာ မလွန်ဘူး ထင်ပါသည်။
အတူနေချိန် ကြာလာသည်နှင့်အမျှ ထိုလူ၏ လုပ်ရည်ကိုင်ရည်၊ နေပုံထိုင်ပုံ၊ အပြုအမူတွေကို ခြုံငုံ ကြည့်ပြီး တွေးမိတာက စည်းနှင့်ကမ်းနှင့် နေထိုင်ရပြီး အဆင့်အတန်း တခုရှိသော အသိုင်းအဝိုင်းကနေ လာသည့်သူလို့ သူယူဆမိသည်။အပြစ်အနာအဆာ ပြောစရာ မရှိအောင် ပြည့်စုံသူ ထိုလူဟာ သူ့အတွက်တော့ မိုးပေါ်က ကျလာသည့် နတ်သားလေး တပါးလိုပါပဲ။
ပြီးတော့ ရှိသေးသည်။ထိုလူ အိပ်စက်နေချိန်။ပုံမှန် အသက်ရှူသံအပြင် ဟောက်သံတောင် မကြားရ။ငြိမ်ငြိမ်သက်သက် ခွေခွေလေး အိပ်စက်နေရင် နူးညံ့လွန်းလှပေသည်။တကယ့်ကို အေးချမ်းသည့်သူလို့ ပြောလို့ရပေသည်။အစားစားရင်လည်း အခုထိ ဇွန်းနှင့်သာ စားသည်။လက်နှင့်လည်း မစားတတ်သူ။ထမင်းစားလျှင်လည်း ဇွန်းသံ၊ပန်းကန်သံ ဆူဆူညံညံ မကြားရ။ထမင်းလုံးလည်း မကျ။ ဘယ်အစားအစာပဲ စားစား ပလုပ်ပလောင်း မစားတတ်။အစားအစာကို ပါးစပ်ထဲသို့ တော်သင့်ရုံ ထည့်ပြီး နှုတ်ခမ်းသား နှစ်ခုကို ထိစပ်ကာ လှုပ်စိလှုပ်စိ ဝါးစားတတ်သည်။နှုတ်ခမ်းသားလေး လှုပ်စိလှုပ်စိ ဖြစ်အောင် စားနေသူလေးဟာ သူ့စိတ်ကို ညှို့ထားနိုင်စွမ်း ရှိခဲ့သည် မဟုတ်လား။ထိုလူဟာ ကြာလာလေ သူ့နှလုံးသားထဲ နစ်နစ်ဝင်လာလေ။နစ်ဝင်မှုကို ဆွဲနှုတ်ဖို့ရန် အလွန်ပင် ခက်ခဲနေပါပြီ။
သဘောကျရာကနေ ကြိုက်နှစ်သက်မှု။ကြိုက်နှစ်သက်ရာကနေ နှလုံးထဲမှာ နှုတ်မရသည့် ဆူးတချောင်း အဖြစ် တည်ရှိနေပြီ။ဒါကကော ဘယ်လောက်ထိ တည်မြဲနေပါ့မလဲ။တကယ်လို့ တနေ့နေ့......။အတိတ်ကို ပြန်ပြီး သတိရသွားသည့် တနေ့နေ့...။ထိုနေ့ကို ရောက်လာလျှင် ထိုလူ၏ အပြုံး၊အရယ်၊ဟန်ပန်အမူအရာတွေကို သူဘာမှ ထပ်ပြီး တွေ့ခွင့်ရတော့မည် မဟုတ်ပေ။ပုံရိပ်သာ ကျန်ခဲ့ပေမည်။ထိုနေ့....ထိုနေ့ကို ရောက်လာတော့မည်ဆိုလျှင်...။
ထိုလူ၏ လှုပ်ရှားမှုတွေကို ကြည့်ရင်း အတွေးလွန်မိနေသောသူကို ထိုလူက သတိထားမိသွားဟန်ဖြင့် ရယ်ပြလေသည်။ထိုလူ ရယ်ပြနေခြင်းကိုတောင် ပြန်ပြီး ရယ်မပြနိုင်လောက်အောင် အတွေးများနှင့် သူ့ရင်ထဲ မွန်းကျပ်နေလွန်းပါသည်။
********
မိုးကလည်း အချိန်မဟုတ် အခါမဟုတ် ရွာလေသည်။ဇင် ဈေးရောင်းထွက်ချိန်က မိုးက မရွာ။အခုများ ကျတော့လည်း သူ မဟုတ်သလို ရွာနေလိုက်တာ။ဒီလောက်တောင် မိုးရွာနေရင် ဇင် တယောက် မိုးမိတော့မှာ သေချာနေပြီ။လမ်းမှာ အဆင်ပြေရဲ့လား သိချင်သောကြောင့် ဖုန်းဆက်ကြည့်လိုက်သည်။ဇင် က တော်တော်နှင့် ဖုန်းမကိုင်ပေ။သူ စိတ်ပူသွားသည်။ငါးခါလောက် ခေါ်မှပဲ ဇင် က ဖုန်းကိုင်လေသည်။
"ဒီမှာ မိုးတွေ အရမ်းရွာနေလို့။လမ်းမှာ အဆင်ပြေရဲ့လား။"
မိုးသံကြောင့် စကားကို အတော်လေး အော်ပြောရလေသည်။
"ဟုတ်တယ်။ဒီမှာလည်း မိုးတွေ ရွာနေတယ်။မိုး ခိုစရာ နေရာမရှိလို့။ကျွန်တော့် တကိုယ်လုံးလည်း မိုးစိုနေပြီ။"
"ဒါဆို ပြန်လာတော့လေ။မိုးက အချိန်အခါ မဟုတ်ဘဲ ရွာတာ။ဒီမိုးမိရင် ဖျားတတ်တယ်။"
"ရတယ်။ကိစ္စမရှိဘူး။မိုးခိုစရာ နေရာ ရရင် ခဏခိုနေလိုက်မယ်။မုန့်တွေက ရောင်းဖို့ ကျန်သေးတယ်။မုန့်ရောင်းလို့ ကုန်မှ ပြန်လာလို့ ရမယ်။ငယ်လေးတို့ကော။"
"ပြန်လာကြပြီ။အိမ်မှာပဲ စာကြည့်နေကြတယ်။"
"အင်း..ပြီးရော...မိုးတွေ အရမ်းရွာနေရင် ကလေးတွေကို အပြင်ထွက်မဆော့ခိုင်းနဲ့နော်။ဖျားမှာစိုးလို့။"
အိမ်ထဲမှာ ရှိနေပါသည် ဆိုသော ကလေးနှစ်ယောက်ကို ဖျားမှာစိုးရိမ်နေသည်။မိုးမိနေသည့် ဇင့် ကို စိတ်ပူတော့ ရတယ်။ကိစ္စမရှိဘူး တဲ့လေ။ဇင် ဟာလေ ကိုယ့်အတွက် ကိုယ် ဘယ်တော့မှ မကြည့်။သူတပါးအတွက်ပဲ အမြဲစိတ်ပူတတ်သူလေး။
"ကလေးနှစ်ယောက် အတွက် စိတ်မပူပါနဲ့။ကျွန်တော် တယောက်လုံး ရှိပါတယ်။ကလေးတွေ ကလည်း မိုးရွာချိန် မိုးရေထဲမှာ ထွက်မဆော့ကြပါဘူး။မိုးရွာထဲမှာ ရှိနေရတဲ့ ကိုယ့်အတွက်ပဲ ကိုယ်ပူပါ။ဖျားနာမှာကို စိတ်ပူနေရတဲ့ ကျွန်တော်အတွက်လည်း စဉ်းစားပေးပါဦး။ရောင်းလို့မကုန်လည်း အိမ်ပြန်လာခဲ့ပါ။"
"တနေ့တာ မုန့်တွေ ရောင်းမကုန်ရင် ကျွန်တော် ရှုံးမှာပေါ့ဗျ။ဘယ်ပြန်လာလို့ ရမလဲ။"
"တနေ့တာ ရှုံးသွားတဲ့ ပိုက်ဆံတွေကို ကျွန်တော် ပြန်ပေးပါ့မယ်။မိုးခိုစရာ နေရာမရှိတာကို ပြန်ခဲ့ပါဗျာ..နော်..။"
"ခင်ဗျားက ပိုက်ဆံရှာနိုင်တယ်ဆိုပြီး ကျွန်တော် ရှာတဲ့ ပိုက်ဆံကို တန်ဖိုးမထားလို့ အလျှော်အစားနဲ့ လာလုပ်နေတာလား။"
"ကျွန်တော် ဆိုလိုတာ အဲ့လို သဘောမဟုတ်ပါဘူး။တခုခု ဖြစ်မှာစိုးလို့ စိုးရိမ်လို့ ပြောတာပါ။"
"ရပါတယ်ဆိုဗျာ။ကျွန်တော်က ဘာမှမဖြစ်ပါဘူး။မိုးရွာရွာ၊နေပူပူ နှစ်တိုင်း ဒီလိုပဲ ဈေးရောင်းနေကျ။စိတ်ချ။ဘာမှ မဖြစ်ဘူး။"
"အခုမိုးက ပုံမှန် ရွာတဲ့ မိုးမဟုတ်ဘူးလေ။အချိန်အခါမဟုတ် ရွာလို့ ပြောနေတာပါ။"
"ဪ ခက်ပါလား။ကျွန်တော် ဘာမှ မဖြစ်ပါဘူးဆိုဗျာ။ခင်ဗျားသာ ခင်ဗျားကိုယ်ခင်ဗျား ဂရုစိုက်။ခဏ ခဏ ဟိုဟာဖြစ်လိုက်၊ ဒီဟာဖြစ်လိုက်နဲ့များ။"
ဇင် အဲ့လောက်ထိ ပြောရခက်လိမ့်မယ်လို့ မထင်ထားမိ။စိတ်ပူလို့ ပူမှန်းမသိဘဲ ပိုက်ဆံကို တန်ဖိုးမထားဘဲ အလျှော်အစား လုပ်သည်ဟု ပြောရက်လေခြင်း။သူ ဖုန်းဆက်မပြောနိုင်ဘဲ ငြိမ်နေလိုက်သည်။သူ ငြိမ်တော့ ဇင့် အသံထွက်လာသည်။
"ခင်ဗျား စိတ်ပူနေမယ် ဆိုတာ ကျွန်တော် သိပါတယ်။မိုးခိုစရာ နေရာတွေ့ရင် မိုးခိုပြီး မိုးတိတ်မှ ထပ်ရောင်းမှာပါ။ကျွန်တော် အကောင်းအတိုင်း ပြန်လာမှာပါ။ဘာမှမဖြစ်ဘူး။စိတ်မပူနဲ့တော့နော်။"
ဇင် က လေသံခပ်ပျော့ပျော့လေးနှင့် ပြောလာတော့ ချော့တဲ့ သဘောမျိုးဆန်ဆန် ဖြစ်နေသည်။ဒီလို ဆိုတော့လည်း သူလည်း ကျေနပ်လိုက်ရသည်။
"အင်း..မြန်မြန်ပြန်လာခဲ့နော်။စောင့်နေမယ်။ဪ..ပြီးတော့လေ..... ကျွန်တော် ဌက်ပျော်သီးကြော် ကြော်ထားတယ် သိလား။"
"ဟင်....ခင်ဗျားက ကြော်တတ်လို့လား။"
စကားပြောရင်း နေချိန်မှာပဲ မိုးက အတန်အသင့် စဲသွားပြန်လေသည်။
"ကျွန်တော့်ကိုဆို အရမ်းအထင်သေးတာပဲ။အရင်က မလုပ်တတ်ပေမယ့် အခု လုပ်တတ်အောင် လုပ်ပါတယ်။အမသီတာ ကို မေးကြည့်ပြီး ကြော်ထားတာပါ။"
"အထင်မသေးပါဘူးဗျာ။ကျွန်တော်က ကြော်ရင်း ဆီပူလောင်မှာ စိုးရိမ်လို့ပါ။"
"ငယ်လေးတို့ကတော့ စားကောင်းတယ် ပြောတယ်။"
"အင်း..ဟုတ်လား။ကျွန်တော် ပြန်လာရင် စားကြည့်မယ်လေ။ကျွန်တော့်အတွက်ကော ကျန်သေးရဲ့လား။"
"ချန်ထားတာပေါ့။အများကြီးပဲ။"
"အင်း..ဒါဆို ဒါပဲလေ။မိုးတော့ နည်းနည်း စဲလာပြီ။ကျွန်တော် ဈေးသွားရောင်းလိုက်ဦးမယ်နော်။"
"ဟုတ်ကဲ့"
ဇင့် ဘက်က ဖုန်းချသွားပြီးမှ နားမှာ ကပ်ထားသော ဖုန်းကို ခွာလိုက်ပါသည်။ကလေးနှစ်ယောက်ကို ကြည့်လိုက်တော့ စာကြည့်နေကြသည်။ မိုးစဲသွားပြီ ဆိုပေမယ့် မိုးတွေ ထပ်မံကာ သဲကြီးမဲကြီး ရွာလာပြန်သည်။
"ဖုန်းဆက်တော့ ကိုကြီး ဘာပြောလဲ ကိုကြီးဧည့်သည်။"
"မုန့်ရောင်းလို့ ကုန်မှ ပြန်လာမယ်တဲ့။"
"ကိုကြီးကလည်း ဒီလောက် မိုးရွာနေတာကို အိမ်ကို အမြန်ပြန်လာတာ မဟုတ်ဘူး။"
သူတို့ ကိုကြီး က ပြောလို့မှ မရတာလို့တော့ ကလေးတွေကို မပြောချင်တော့ပါဘူး။သူတို့ ကိုကြီး ခေါင်းမာတာကို သူတို့လည်း သိမှာပေါ့။တံစက်မြိတ်မှာ ရေခံထားသော ရေပုံးက ရေပြည့်နေတာ မြင်သောကြောင့် သူ ထိုင်ရာမှ ထကာ အိမ်ရှေ့သို့ ထွက်ခဲ့ပြီး ပြည့်နေသော ရေပုံးကို ဆွဲကာ အိမ်ပေါ်သို့ တက်လာခဲ့သည်။နောက်ဖေးမှာ ရှိနေသော စဉ့်အိုးထဲသို့ ရေထည့်ရလေသည်။မိုးရွာတုန်း ရေခံပြီး ထည့်ထားတော့ ရေဖိုးသက်သာတာပေါ့။ဒီမှာက ရေတတိုင်ကီကို ၅၀၀ နဲ့ ပေးရတာ ဖြစ်သည်။နောက်ဖေးဆိုလည်း ဇင် ပဲ ရေခပ်ထည့်ရတာလေ။ပင်ပင်ပန်းပန်း ဈေးရောင်းပြန်လာပြီး ထမင်း၊ဟင်းချက်။အိမ်သာထဲရေထည့်၊ နောက်ဖေးမှာ ရေသုံးဖို့ ရေခပ် ထည့်ရတာလည်း ဇင် ပဲလေ။အခုလို ရေခပ်ထည့်ထားတော့ ဇင် လည်း မပင်ပန်းတော့ဘူးပေါ့။
"ကိုကြီးဧည့်သည် သား ကူလုပ်ပေးမယ်....ပေး.....။"
သူရေခပ်နေစဉ် ဧပရယ် က အနားသို့ ရောက်လာပြီး သူ့လက်ထဲမှ ပုံးကို ဆွဲယူလေသည်။
"ရတယ် ဧပရယ်။စာသွားကျက်ချေ။ကိုကြီး နိုင်ပါတယ်။"
ဧပရယ် က ဘာမှ မပြောဘဲ သူ့လက်ထဲမှ ရေပုံးကို နောက်ဖေးသို့ ယူသွားကာ ရေဖြည့်လေသည်။ရေပုံး အလွတ်ကို ပြန်ယူလာကာ တံစက်မြိတ်မှာ ရေသွားခံထားလိုက်သည်။ပြီးတော့ စာထိုင်ကျက်နေလေသည်။နှစ်ယောက်လုပ်တော့ အမြန်ပြီးသွားသည်။သူလည်း ဇင် ပြန်အလာကို စောင့်ရင်း စက်ပေါ်ပြန်တက်ကာ အဝတ်ချုပ်ရလေသည်။သူချုပ်နေသော အဝတ်အစားများမှာ ကြွေရုပ်ကမ္ဘာ လာအပ်ထားသော ဝမ်းဆက်များပင် ဖြစ်သည်။အားလုံးပေါင်း ဝမ်းဆက် ငါးထည်ပါ။အဝတ်ချုပ်ရင်းမှ သတိရသွားသည်။မိုးရွာတုန်း အဝတ်တွေလျှော်ထားလိုက်ရင် ရေကုန်လည်း သက်သာမည်။လုပ်လက်စ အလုပ်တွေကို ရပ်ကာ အဝတ်ဟောင်းထည့်ထားသော ခြင်းထဲမှ အဝတ်တွေကို ဇလုံတလုံး ထဲသို့ စုထည့်ပြီး ရေကပြင်သို့ ဆင်းရန်ပြင်နေချိန်မှာပဲ ဧပရယ်၏ လှမ်းမေးသံကို ကြားရလေသည်။
"ကိုကြီးဧည့်သည် ဘာလုပ်မလို့လဲ။"
"မိုးရေရတုန်းလေး အဝတ်လျှော်မလို့လေ။"
"မလျှော်ပါနဲ့။ဖျားနေပါ့မယ်။"
"ဘာမှမဖြစ်ဘူး။စိတ်ချ။အမြန်လျှော်ပြီး ပြန်လာခဲ့မယ်။"
"သား ကူလျှော်ပေးမယ်လေ။"
"မလျှော်ရပါဘူး။ဧပရယ်နဲ့ငယ်လေး က စာမေးပွဲ နီးနေပြီလေ။စာပဲကြည့်။ကိုကြီး အမြန်လျှော်ပြီး ပြန်လာခဲ့ပါ့မယ်။တော်ကြာ မိုးတိတ်သွားမှာ စိုးလို့။"
သူ ပြောပြောဆိုဆိုပဲ အဝတ်ထည့်ထားသော ရေဇလုံကို ပိုက်ကာ အိမ်အောက်သို့ ဆင်းလာလိုက်သည်။ရေကပြင် နေရာက မိုးရေ ပက်သည့် နေရာ ဖြစ်သည်။ခန္ဓာကိုယ်စိုတာ အကြောင်းမဟုတ် ခေါင်းစိုလို့ မဖြစ်သောကြောင့် အိမ်ပေါ်သို့ ပြန်တက်ကာ ပလက်စတစ်အိတ် အရွယ်တော် တခုယူလာပြီး သူ့ခေါင်းမှာ စွပ်လိုက်သည်။ဒီလောက်ဆိုရင်တော့ သူ့ခေါင်းလုံလောက်ပါပြီ။မိုးရွာပြီဆို ထီးမဆောင်းဘဲ ခေါင်းမှာ ပလက်စတစ်အိတ် ဆောင်းလျှင် ခေါင်းလုံသည် ဆိုတာ အစက သူလည်း မသိပါ။ဇင် ပြုလုပ်တာကို မြင်ပြီး သူလည်း လိုက်လုပ်ခြင်းပင် ဖြစ်လေသည်။ဇင် လုပ်သလို လိုက်လုပ်တာ တော်ရုံမိုးလောက်‌တော့ ခေါင်းတော့လုံသား။
အချိန်ဆွဲနေလို့ မရဘဲ အဝတ်ကို အမြန်လျှော်ရလေသည်။မိုးက အားကောင်းကောင်းနှင့် ရွာသဖြင့် သူ့ခန္ဓာကိုယ်လည်း စိုကုန်လေသည်။ မဖြစ်ချေပါ။တခါတည်း ရေချိုးမှ ဖြစ်တော့မည်။အဝတ်တွေကို အမိုးအောက်မှာ ရှိနေသော အဝတ်တန်းမှာ သွားလှမ်းလိုက်သည်။ အဝတ်တွေ လှမ်းပြီးသည်နှင့် ရေချိုးဖို့ရန် အပေါ်အဝတ်ကို ချွတ်လိုက်သည်။ရေလဲပုဆိုးကိုတော့ အခန်းထဲ ပြန်ယူရလေသည်။အောက်ခံ ဘောင်းဘီကိုတော့ အခန်းထဲမှာပဲ ချွတ်ခဲ့ပြီး လျှော်ဖို့ ယူလာလိုက်သည်။ရေစိုနေသော ပုဆိုးဝတ်လျက် အပေါ်ပိုင်း အင်္ကျီ မပါဘဲနှင့် သူဝတ်ထားသော အဝတ်အစားတွေကို လျှော်လိုက်ပါသည်။ခပ်သုတ်သုတ်လေး လျှော်လှမ်းပြီးသည်နှင့် ရေချိုးရပါသည်။သူ ရေချိုးနေချိန်မှာပဲ မိုးက အတော်လေး တိတ်သွားပါသည်။သူ ရေချိုးပြီးလို့ ရေလဲပုဆိုး လဲဝတ်လိုက်ပြီး အမြန်လျှော်ရသည်။
"ခင်ဗျား ဘာလုပ်နေတာလဲ။"
အနောက်ဘက်မှ အသံကြောင့် အဝတ်လျှော်နေသောသူ လန့်သွားလေသည်။နောက်ကို လှည့်ကြည့်လိုက်တော့ ဇင်။ဇင့် တကိုယ်လုံးလည်း မိုးရေတွေ စိုလို့နေသည်။ခေါင်းမှာတော့ ပလက်စတစ် အိတ်အမည်းကို ဆောင်းထားပါသေးသည်။သူ့ကို စူးစိုက်စွာ ကြည့်နေသောကြောင့် သူလည်း လျှော်လက်စ ပုဆိုးကို ကိုင်ဆဲပင် ယောင်ယမ်းကာ ထလိုက်သည်။
"ဟို...အဝတ်လျှော်..."
သူ့ကို စူးစိုက်ကြည့်နေသော မျက်ဝန်းများကြောင့် ပြောစကားတောင် အဆုံးထိ မထွက်လာနိုင်ပါ။ဇင် ကြည့်နေသော အကြည့်တွေက အရင်ကလို အကြည့်မျိုး မဟုတ်ဘဲ သူ့တကိုယ်လုံးကို ခြုံကြည့်နေသည်ဟု ခံစားလာရသည်။သူ ရေချိုးနေလို့ အပေါ်ပိုင်းအဝတ်ဗလာ ဖြစ်နေသည် ဆိုတာ သူကိုယ်တိုင် သတိထားမိသွားပြီး လျှော်လက်စ ပုဆိုးဖြင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖုံးကွယ်လိုက်မိသည်။ လုံတော့မလုံပါ။သူ့လုပ်ရပ်ကြောင့် ဇင့်မျက်နှာ တဖက်လှည့်သွားတာ သတိထားမိသည်။ခဏနေတော့ ဇင် သည် သူ့ဆီ မျက်နှာ ပြန်လှည့်လာသည်။ဒီတခါ မျက်နှာအနေအထား ပြောင်းသွားလေပြီ။
"ခင်ဗျား လူမြင်ကွင်းကြီး ထဲမှာ ရေချိုးနေတာ မြန်မြန်ဆန်ဆန် မချိုးဘဲနဲ့ ဘာလုပ်နေတာလဲ။မြန်မြန်လုပ်လေဗျာ။လမ်းမှာ လူတွေ သွားလာနေတာ ခင်ဗျား မမြင်ဘူးလား။"
ဇင် ပြောသောကြောင့် သူလည်း လမ်းပေါ်သို့ ယောင်ယမ်းကာ လှမ်းကြည့်လိုက်တော့ လူသွားတာလည်း မတွေ့ပါ။မိုးရွာတော့ လူတွေ အပြင်ကို ဘယ်သိပ်ထွက်ပါ့မလဲလေ။ဇင် က သူ့ကို ရေမြန်မြန်ချိုးဖို့ ပြောပြီးသည်နှင့် အနားက ထွက်သွားလေသည်။သူလည်း လျှော်လက်စ အဝတ်ကို အမြန်လျှော်ပြီး အိမ်ပေါ်သို့ အမြန်တက်ရပါသည်။သူ အိမ်ပေါ်တက်ချိန်မှာ ဇင် က သူ့လှည်းပေါ်မှ ပစ္စည်းတွေကို အောက်သို့ ချနေပါသည်။ကလေးနှစ်ယောက်ကလည်း ထွက်လာပြီး သူ့ကို ကူညီပါသည်။
သူလည်း အဝတ်အစား အမြန်ဝတ်ပြီး ဇင့် ကို ကူညီဖို့အတွက် အိမ်ရှေ့သို့ ပြန်ထွက်လာလိုက်သည်။အဓိက ဇင် အဝတ်အစား လဲဖို့ လိုအပ်ပါသည်။ဇင့် အတွက် အဝတ်အစားတွေ ယူပြီး ဇင့် အနားသို့ သွားလိုက်သည်။ဇင် က ရေကပြင်မှာ အိုးခွက်တွေ ဆေးနေပါပြီ။အဝတ်အစား ရေစိုကြီးနဲ့ပါ။
"အလုပ်‌ နောက်မှ လုပ်ပါလား။အဝတ်အစား အရင်လဲထားလိုက်လေ။"
လက်ထဲမှ အဝတ်အစားတွေကို ဇင့် ထံ ကမ်းပေးလိုက်သည်။
"ရတယ်။ပြီးရင် ကျွန်တော် တခါတည်း ရေချိုးမှာ။အဝတ်အစားတွေက တန်းပေါ်တင်ထားလိုက်လေ။ရေချိုးပြီးရင် လဲမယ်။ကျွန်တော့်ကို ရေလဲပုဆိုး တထည်သာပေး။အိမ်ပေါ်မတက်တော့ဘူး။ကြမ်းတွေ ရေစိုကုန်မှာစိုးလို့။"
ဇင် ပြောသည့် အတိုင်း အဝတ်အစားတွေကို တန်းပေါ်တင်ပေးထားပြီး ရေလဲပုဆိုးတထည် သွားယူပေးလိုက်သည်။ဇင် က အလုပ်လုပ်ပြီး သည်နှင့် ရေတန်းချိုးလေသည်။သူလည်း ဇင် ရေချိုးနေသောကြောင့် အားလုံး ထမင်းစားဖို့ အတွက် သူပြင်ဆင်ပေးရသည်။မနက်က ဇင် ချက်ပေးထားသည့် ဟင်းတွေကို မီးဖိုဖွင့်ကာ နွှေးလိုက်ပါသည်။ဟင်းနွေးပြီးသည်နှင့် ပန်းကန်ယူကာ ဟင်းတွေကို ထည့်လေသည်။ အိမ်ရှေ့သို့ ပြန်သွားလိုက်ပြီး ထမင်းစားပွဲခင်းသည်။နောက်ဖေးက ဟင်းတွေကို တပန်းကန်ချင်းစီ ပြန်ယူကာ ထမင်းစားပွဲပေါ်မှာ စီရီကာ ချသည်။သူ ထမင်း၊ဟင်းတွေ စားဖို့ အဆင်သင့် ဖြစ်နေသည့် အချိန်အထိ ညီအကိုသုံးယောက်စလုံး အိမ်ပေါ်သို့ တက်မလာသေး။
"ထမင်းစားကြမယ်လေ။အားလုံးခူးပြီးပြီ။"
ဒီနေ့လည်း ပြန်လာတာ ပုံမှန်ထက် နောက်ကျသည်လေ။မိုးကတော့ တိတ်သွားပါပြီ။ဇင် က ရေမိုးချိုးပြီး အိမ်ပေါ်သို့ တက်လာလေသည်။ သူ ပေးသည့် အဝတ်အစားကို သူ့ကို ကျောပေးလျက် ဝတ်နေလေသည်။ဘာရယ်မဟုတ်ဘဲ ဇင့်၏ ကျောပြင်ကို သူ ငေးကြည့်နေမိလေ သည်။ဇင် က အပြင်သားတွေသာ နေလောင်လို့ ညိုပေမယ့် အတွင်းသားတွေကတော့ အသားဖြူလေသည်။အသားအရောင်က နှစ်ရောင် ဖြစ်နေလေသည်။ဇင် လည်း နေပူစပ်ခါး လုပ်မစားရရင် အတော်လေး အသားဖြူမည့်သူပါ။ဧပရယ်နှင့်ငယ်လေး တို့နှစ်ယောက်လည်း အသားဖြူလေသည်။
သူငေးကြည့်နေချိန်မှာပဲ ဇင် က သူ၏ ကျောပြင်ကို အင်္ကျီဖြင့် ဖုံးလွှမ်းလိုက်လေပြီ။အဝတ်အစား ဝတ်ပြီး သည်နှင့် ဇင် သူ့ဘက်သို့ လှည့်လာသောကြောင့် ဇင့်ကို ငေးကြည့်နေသော သူနှင့် မျက်ဝန်းချင်းဆုံသွားလေသည်။သူလည်း ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံလိုက် လေသည်။အကြည့်သူခိုး လူမိသွားသည် မဟုတ်ပါလား။
ဇင် က အင်္ကျီလက်ကို ခေါက်တင်ရင်း ထမင်းစားပွဲဝိုင်းသို့ ရောက်လာလေသည်။သူကတော့ ထမင်းစားပွဲဝိုင်းနားမှာ ထိုင်ပြီး ထမင်း၊ဟင်းတွေ ယင်နားမှာ စိုး၍ ယပ်ခတ်ပေးနေလေသည်။ကလေးနှစ်ယောက်ကလည်း ထမင်းဝိုင်းကို ရောက်နေပါပြီ။ အရင်ရက်တွေကဆိုရင် ဇင် ဈေးရောင်းပြီးလို့ ပြန်လာတဲ့ အချိန်က စောနေတတ်သည်။လုပ်စရာရှိတာ လုပ်ပြီး ချိန်ထိဆိုလျှင် ညနေလေးနာရီလောက်သာ ရှိသေးသည်။အဲ့အချိန်ကျမှ ဇင် က ညနေစာ ချက်တတ်သည်။အခုတော့ နောက်ကျနေချိန်မို့ ညနေစာ မချက်တော့ဘဲ မနက်က ကျန်သည့် ဟင်းနှင့် သာ အားလုံး စားကြရပါမည်။
"ခဏလေး ကျွန်တော် ကန်စွန်းရွက်ကြော် တခွက်လောက် ကြော်လိုက်ဦးမယ်။"
"ရတယ် ကိုကြီး။မကြော်နဲ့ ။ရှိတာနဲ့ပဲ စားလိုက်မယ်လေ။"
"ခဏလေးစောင့်။ကန်စွန်းရွက်ကြော်တာ ဘယ်လောက်မှ မကြာပါဘူး။"
ဇင် ထွက်သွားတော့ သူလည်း နောက်ကနေ လိုက်လာလိုက်သည်။ကန်စွန်းရွက် ကူဆိတ်ပေးဖို့ပါ။ဇင် သည် ဇကာထဲမှာ ထည့်ထားသော ကန်စွန်းရွက်တစီးကို ယူပြီး စဉ်းနီတုံးပေါ်တင်ကာ ဓားနှင့်လှီးလိုက်တော့ သူ ကြောင်သွားသည်။ကန်စွန်းရွက် ဆိုတာ လက်နှင့် ဆိတ်ပြီး ကန်စွန်းရိုးတွေကို ဓားလေးနှင့် ဖြတ်ရတာ မဟုတ်ဘူးလား။
"ကန်စွန်းရွက်ကို အဲ့လို ဓားနဲ့ ခပ်ပါးပါးလှီးလို့ ရတာပဲလား။"
"ရတာပေါ့။"
"ဟို...အရင်တုန်းက သင်ပေးတုန်းက ကန်စွန်းရွက်က ဆိတ်ရတာဆို။"
"ဟုတ်တယ်လေ။အခုက အလျှင်လိုနေလို့။အားလုံး စားဖို့စောင့်နေကြတော့ အမြန်နည်းနဲ့ လုပ်လိုက်တာ။"
"ဪ"
သူထိုင်ကြည့်နေတုန်း စကားပြောရင်းနှင့်ပင် ကန်စွန်းရွက် လှီးလို့ပြီးသွားသလို၊ ကြက်သွန်ဖြူပါ နွှာလို့ ပြီးသွားလေသည်။မီးဖိုကိုဖွင့် ဒယ်အိုးကို တင်သည်။
"ရေတွေ ပြည့်နေပါလား။ခင်ဗျား ရေဖြည့်ထားတာလား။"
စဉ့်အိုးထဲမှာကော၊ ရေပုံးထဲမှာပါ ရေတွေ ပြည့်နေတာကို ယခုမှ မြင်သော ဇင် က သူ့ကို မေးလေသည်။
"ဟုတ်တယ်။မိုးရွာတာနဲ့ ရေခံပြီး ရေဖြည့်ထားတာ။ရေပြည့်နေတော့ ရေဝယ်ခ ပိုက်ဆံ သက်သာတာပေါ့။"
"ရပါတယ်ဗျာ...ခင်ဗျားကလဲ။ကျွန်တော် ပြန်လာမှ ရေဖြည့်မှာပေါ့။တော်ကြာ ခင်ဗျား ကိုယ်လက်တွေ နာနေပါ့မယ်။"
ဇင် က ကန်စွန်းရွက် လှီးထားတာတွေကို ရေစင်အောင် ဆေးရင်း ပြောသည်။
"ရေပုံး ခပ်သေးသေးနဲ့ပဲ ဆွဲထည့်တာပါ။ဧပရယ် ကလည်း ကူလုပ်ပေးပါတယ်။"
"နောက်ဆို မလုပ်ပါနဲ့ဗျာ။ကျွန်တော် လာမှ လုပ်ပါ့မယ်။မနိုင်မနင်း လုပ်လို့ ခင်ဗျား နေထိုင်မကောင်း ဖြစ်မှဖြင့် ကျွန်တော် ရင်ပူနေရပါ့မယ်။"
ဇင် က သူ့ကို ပြောရင်း တရှဲရှဲ ကြော်နေသော ကန်စွန်းရွက်ကြော် အိုးထဲသို့ ဆားနှင့်ဟင်းခတ်မှုန့် ထည့်လေသည်။မွှေကာ မြည်းကြည့်ပြီး ရပြီဆိုတာနှင့် အိုးပေါ်က ချကာ ပန်းကန်တလုံးထဲသို့ ထည့်လေသည်။အငွေ့တထောင်းထောင်းနှင့် စိမ်းစိမ်းစိုစို ကန်စွန်းရွက်ကြော်ဟာ ပန်းကန်ထဲမှာ စားချင်စဖွယ်ပါ။
ဇင် ကမ်းပေးသော ကန်စွန်းရွက်ကြော် ပန်းကန်ကို ယူကာ အိမ်ရှေ့မှာ ခင်းထားသည့် ထမင်းစားပွဲပေါ်မှာ တင်လိုက်သည်။ဇင် ကတော့ ဟင်းချက်ထားသော ဒယ်အိုးတွေ ဆေးပြီးမှ ရောက်လာသည်။ဇင် ရောက်လာမှ အားလုံး ထမင်းစားကြသည်။ထမင်းစားပြီးတော့ သူ ကြော်ထားသော ဌက်ပျောသီးကြော်ကို ဇင့် ကို ကျွေးသည်။
"စားကောင်းလားဟင်။"
"အင်း...ကောင်းတယ်။ခင်ဗျားက ကြော်တတ်သားပဲ။"
"အမသီတာ ကို မေးပြီး ကြော်ထားတာပါ။နောက်တခါလည်း နောက်တမျိုး မေးပြီးရင် အခြား မုန့်တွေ ကြော်ကျွေးမယ်နော်။"
"အင်း...ဒါပေမဲ့ အိမ်အလုပ်တွေ သိပ်မလုပ်ပါနဲ့။စားချင်တာ ရှိရင်လည်း ကျွန်တော်ပဲ လုပ်ကျွေးပါ့မယ်။ခင်ဗျား အလုပ်ပဲ ခင်ဗျား ပြီးအောင် လုပ်ပါ။အင်း...တခုတော့ ရှိတယ်။တချိန်လုံးလည်း စက်ပေါ်ထိုင်ပြီး အလုပ်ကြီးပဲ လုပ်မနေနဲ့။အညောင်းမိလိမ့်မယ်။အလုပ်လုပ်လိုက်၊ လမ်းလျှောက်လိုက် လုပ်ပေါ့။"
"ဟုတ်ကဲ့။"
စကားပြောရင်း စားလိုက်တာ ဇင့်အတွက် ချန်ထားတဲ့ ဌက်ပျော်သီးကြော် တပန်းကန်လုံး ကုန်သွားပါသည်။သူ ကြော်ထားသော ဌက်ပျောသီးကြော်ကို အားရပါးရ စားတာ မြင်တော့ သူ ဝမ်းသာလှသည်။ထမင်းစားပြီးသွားတော့ ကလေးနှစ်ယောက်က မြွေကစားနည်း ကို ကစားကြသည်။အံစာတုံးခေါက်ပြီး ကျတဲ့ နံပါတ်နှင့် အကွက်ရွှေ့ရတာ ဖြစ်သည်။
"ကိုကြီးဧည့်သည် ....လာ...သားတို့နဲ့ ဆော့မယ်လေ။"
ငယ်လေး က လှမ်းခေါ်လေသည်။သူလည်း ကလေးနှစ်ယောက်အနား သွားပြီး အတူ ဆော့လိုက်သည်။ဇင် ကတော့ သူ လုပ်စရာ ရှိတဲ့ အလုပ်တွေကို လုပ်နေပါသည်။ညကလည်း တဖြေးဖြေး မှောင်သွားလေသည်။သူလည်း ဒီနေ့တော့ အမသီတာတို့ အိမ်ကို မသွားဖြစ်။ ကစားပြီးသည်နှင့် ကလေးနှစ်ယောက်ကို စာပြရလေသည်။စာပြပြီးသည်နှင့် အိပ်ချိန်ရောက်သွားလေပြီ။ကလေးနှစ်ယောက်ကို မျက်နှာသစ်၊ သွားတိုက်ခိုင်းသည်။ဘုရားရှိခိုးပြီးသည်နှင့် အိပ်ယာဝင်ကြပြီ။ဇင် ကတော့ ထုံးစံအတိုင်း အလုပ်ပြီးသည်နှင့် စာအုပ်လေး တအုပ်ကိုင်ကာ ခြေထောက်ဆင်းကာ တိုင်ကို ကျောမှီပြီး စာအုပ်ဖတ်နေလေသည်။သူကလည်း ကလေးတွေကို ပုံပြောပြကာ သိပ်ရလေသည်။ ပြီးရင် အားလုံးကိုယ်စီ အိပ်ယာဝင်ကြရတော့မည်။သူတို့အားလုံး၏ နေ့စဉ်ဘဝဖြတ်သန်းမှုတွေဟာ ရိုးစင်းလွန်းလှပါသည်။
********
"ကိုကြီးဧည့်သည်...... ကိုကြီးဧည့်သည်။"
သူ အိပ်ပျော်နေစဉ် တယောက်ယောက်၏ လှုပ်နှိုးမှုကြောင့် သူ နိုးသွားလေသည်။လာနှိုးသူကို ကြည့်လိုက်တော့ ဧပရယ် ဖြစ်နေလေသည်။သူလည်း အိပ်နေရာမှ အလျှင်အမြန်ထလိုက်သည်။အချိန်ကတော့ ညသန်းခေါင်ကျော်လောက် ရှိနေပါပြီ။
"ဧပရယ်....ဘာဖြစ်လို့လဲ။"
"ကိုကြီး ဖျားနေတယ် ကိုကြီးဧည့်သည်။တအင်းအင်းနဲ့ ညည်းနေတယ်။"
"ဟင်....ဟုတ်လား။"
သူ အလျင်အမြန်ထလိုက်ပြီး ဇင် ရှိရာသို့ သွားလိုက်သည်။ခြင်ထောင်ကို မကြည့်လိုက်တော့ ဧပရယ် ပြောသည့်အတိုင်းပင် တအင်းအင်းနဲ့ ညည်းပြီး အဖျားတွေ တက်နေပါပြီ။အိပ်ခါနီးတုန်းကတော့ ဇင့် အခြေအနေက ဖျားတဲ့ပုံစံ မဟုတ်ပေ။တနေကုန် ဈေးရောင်းရင်း မိုးမိတော့ အိပ်ချိန် နားလိုက်တာနှင့် ဖျားသွားတာ ဖြစ်လိမ့်မည်။ငယ်လေးကတော့ ကလေးဆိုတော့ မနိုးဘဲ အိပ်နေဆဲ ဖြစ်သည်။ဇင့် ကို ကလေးတွေနှင့် အတူ တွဲသိပ်လို့ မဖြစ်တော့ အဖျားကူးမှာ စိုးရသည်။အရင်ဆုံး ဇင့် ကို သူ့အခန်းထဲသို့ ရွေ့မှ ဖြစ်ပေမည်။
"ဧပရယ်...ကိုကြီး ကို အခန်းထဲ နေရာပြောင်းရအောင်။ဒီမှာ ဆိုရင် ငယ်လေး တို့ကိုပါ အဖျားကူးမှာ စိုးရတယ်။"
"ဟုတ်ကဲ့ ကိုကြီးဧည့်သည်။သား ဘာလုပ်ပေးရလဲ။"
"အခန်းထဲ နေရာရွှေ့ရအောင်။ကူပေးနော်။"
"ဟုတ်ကဲ့။"
ဇင့် ကို နေရာရွှေ့ဖို့ လုပ်နေစဉ်မှာပဲ ဇင် က နိုးလာလေသည်။ရီဝေဝေ မျက်လုံးများနှင့် ကြည့်လေသည်။
"အိပ်ယာရွှေ့ရအောင်။"
"အင်...ဘာလဲ။"
ဇင့် အသံဟာ ခြောက်သွေ့အက်ကွဲလို့ နေပါပြီ။
"ဒီမှာဆို ကလေးတွေကို အဖျားကူးမှာ စိုးလို့။အခန်းထဲ သွားရအောင်နော်။အပြင်မှာ အေးလည်း အေးတယ်။"
သူ ပြောတော့ ဇင် က ခေါင်းညိတ်ကာ အိပ်နေရာမှ ထသည်။ဇင် ထလို့ရအောင် သူ ကူညီပေးတော့ လက်မခံပါ။ဒယိုးဒယိုင်နှင့်ပင် နောက်ဖေးသို့ ဝင်သွားလေသည်။
"ဘယ်သွားမလို့လဲ။"
"အိမ်သာ"
ဇင် က အိမ်သာ သွားမည် ပြောသောကြောင့် စိတ်မချ၍ ဇင့် နောက်သို့ လိုက်သွားလိုက်သည်။အိမ်သာ ထဲမှ ပြန်ထွက်လာတော့ ဇင် သည် သူ့အိပ်ယာသို့ ပြန်သွားနေပါသည်။သူ ဇင့် လက်ကို ဖမ်းဆွဲကာ အခန်းထဲ ဝင်ဖို့ သတိပေးရလေသည်။ဇင့် လက်လည်း ပူခြစ်လို့ နေသည်။
"ရတယ်။ခင်ဗျား ကို အဖျားကူးလိမ့်မယ်။"
"ကျွန်တော့်ကို အဖျားကူးမှာထက် ကလေးတွေ အဖျားမကူးဖို့ အရေးကြီးတယ်လေ။ကလေးတွေ ဖျားရင် ကျောင်းပျက်လိမ့်မယ်။"
သူ အဲ့လို ပြောမှပဲ အခန်းထဲသို့ သွားဖို့ ခြေလှမ်းပြင်ပါသည်။အခန်းထဲရောက်တော့ တွေ့ကရာ နေရာမှာ ထိုးအိပ်လေသည်။ဧပရယ် ကလည်း သူ့တို့ နောက်ကနေ လိုက်လာသောကြောင့် ဧပရယ့်၏ အကူအညီနှင့် ဇင့် ကို ခြင်ထောင်ထဲ အရောက်ပို့ဖို့ လုပ်ရလေသည်။ဇင် ခြင်ထောင်ထဲ ရောက်သွားတော့ ဇင် က ခေါင်းမထူနိုင်ပေ။ဇင့် လက်ဖျံမှ သွေးခုန်နှုန်းကို စမ်းကြည့်သည်။အဖျားသွေး တရာ့နှစ်၊ တရာ့သုံးလောက် ရှိမည်ဟု ခန့်မှန်းသည်။အဖျားကျအောင် ရေတပတ်တိုက်ပေးမှပင် ဖြစ်ပေလိမ့်မည်။ချွေးစိုနေသော အဝတ်အစားတွေလည်း လဲပေးရမည်။အဝတ်အစား လဲမပေးရင် ချွေးအအေးပတ်သွားနိုင်သည်။
"ဧပရယ်...ကိုကြီး ရဲ့ အဝတ်အစား လေး၊ငါးစုံလောက် ယူလာပေးပါလား။ချည်ထည်လေးတွေပဲ ယူလာပေးနော်။"
"ဟုတ်ကဲ့။"
ဧပရယ့်ကို အဝတ်အစားတွေ ယူခိုင်းပြီး သူကလည်း ဇင့် ကို ရေတပတ် တိုက်ပေးဖို့ အတွက် ပြင်ဆင်ရလေသည်။ရေဇလုံတခုထဲမှာ ရေအနည်းငယ်ထည့်ပြီး သဘက်အတိုလေးတခု ယူကာ အခန်းထဲသို့ ပြန်ဝင်လိုက်သည်။ဇင့် ၏ ညည်းသံလေးကို ခပ်သဲ့သဲ့လေး ကြားနေရပါသည်။
"ကိုကြီးဧည့်သည် အဝတ်အစားတွေ ရပြီ။"
"အေး။ထားခဲ့လိုက် ဧပရယ်။ပြီးရင် သွားအိပ်တော့နော်။မနက် ကျောင်းသွားရဦးမယ်လေ။"
ဧပရယ် က သူ့အကိုကြီးကို စိတ်မချသောကြောင့် အနားက မခွာပေ။
"ဧပရယ့် ကိုကြီး အတွက် စိတ်ချပါ။ကိုကြီး သေချာဂရုစိုက်ပါ့မယ်။သွားအိပ်တော့နော်။"
သူ ကတိတွေ အထပ်ထပ်ပေးမှ ဧပရယ် က အိပ်ယာသို့ ပြန်သွားလေသည်။ဒါတောင် အကိုကြီးကို စိတ်မချလို့ နောက်ကို လှည့်ကြည့် လှည့်ကြည့် လုပ်ကာ သွားလေသည်။အရင်ဆုံး ဇင့် ဝတ်ထားသော အဝတ်တွေကို ချွတ်ရလေသည်။သူ တယောက်တည်း ဇင့် ခန္ဓာကိုယ်ကို မပြီး အင်္ကျီလဲပေးရတာ သူ့အတွက် အတော်ခက်သည်။ဇင့် ကိုယ်အလေးချိန်က ထင်တာထက်ကို ပိုပြီး လေးလံပါသည်။ဇင့် ကိုယ်တိုင် ကလည်း သူ့ကို မှီတွယ်လာသောကြောင့် သူနောက်သို့ အနည်းငယ် ယိုင်သွားပြီး လက်တဖက်ကို ကြမ်းပြင်သို့ ထိန်းလိုက်ရသည်။ ဇင့် ကို လက်တဖက်နှင့် ထိန်းထားရင်းနှင့်ပင် ကျောပြင်မှာ စိုစွတ်နေသော ချွေးတွေကို ပုဆိုးပိုင်းစဖြင့် သုတ်ပေးလိုက်သည်။ကျောပြင်ကို သုတ်ပြီး သည်နှင့် ရင်ဘတ်ပိုင်းကိုပါ အသာအယာ သုတ်ပေးရလေသည်။ဇင် က သူ့ပခုံးမှာ ခေါင်းလေးမှီကာ အသံလည်း မထွက်ဘဲ သူလုပ်ပေးသမျှ ကို ငြိမ်သက်စွာ ခံယူလေသည်။ချွေးတွေ သုတ်ပေးပြီးသည်နှင့် ချည်ထည် အင်္ကျီ ခပ်ပါးပါးလေးကို ဝတ်ပေးလိုက်သည်။သူ့ကို မှီတွယ်နေသူ ကို ကျောဘက်မှ လက်ဖြင့် အသာပွေ့ဖက်ကာ ခေါင်းအုံးပေါ်သို့ ချပေးလိုက်သည်။ခပ်နွမ်းနွမ်းလေး အိပ်နေသူ၏ စိုနေသော မျက်နှာမှ ချွေးတွေကို မျက်နှာသုတ်ပဝါဖြင့် အသာအယာ သုတ်ပေးလိုက်ပြီးသည်နှင့် ရေဇလုံထဲသို့ ပဝါကို ရေနှစ်သည်။ရေနှစ်ပြီးသာ ပဝါကို ပြန်ဆွဲတင်ပြီး ရေညှစ်ပြီးသည်နှင့် ဇင့် နဖူးပေါ် ပဝါစကို တင်ပေးလိုက်သည် ။
ကိုယ်ပူရှိန်က မသေးတာကြောင့် ဇင့် ကို ဆေးတိုက်မှ ဖြစ်ပေမည်။ ဇင် အသားတွေ အတော်ပူနေပြီ။သူ ဇင့် အနားမှ ထကာ မီးဖိုချောင်သို့ ဝင်သွားသည်။ဇင် စားလို့ ရမည့် အစားအစာ တခုခုကို ရှာဖွေလိုက်သည်။ကလေးတွေ စားသော မုန့်များသာ ရှိသည်။အိမ်မှာ အမြဲတမ်း ရှိတတ်သော ပဲနို့ဗူးနှင့် မုန့်အခြောက်လေးတွေကိုသာ ယူလိုက်သည်။အကိုက်အခဲပျောက်ဆေးတလုံးနှင့် အစာအိမ်ဆေး တလုံးကို ဆေးဗူးထဲကနေ ယူလိုက်ပါသည်။ဇင့် အိမ်မှာတော့ အိမ်သုံးဆေး တော်တော်များများရှိသည်။ဗမာဆေး၊အင်္ဂလိပ်ဆေး အစုံရှိသည်။ လိမ်းဆေးမျိုးစုံလည်း ရှိသည်။ဒဏ်ရာရရင် ကပ်သည့် ပလာစတာကအစ ဒါဇင်လိုက်ဝယ်ထားပါသည်။ဓာတ်ဆားရည် ဆိုလည်း နှစ်မျိုးစလုံး ရှိသည်။ခြုံငုံပြောရရင် ဇင် က ကလေးသာသာလေး ဆိုပေမယ့် အစစအရာရာ စေ့စပ်သေချာပြီး ဆေးပညာ ဗဟုသုတလည်း ရှိထားသူ ဖြစ်သည်။ဇင် ဖတ်သော အချို့စာအုပ်တွေဟာ ဆေးပညာစာအုပ်တွေ ဖြစ်လေသည်။
ဓာတ်ဆားရည်၊စားစရာ၊ရေနှင့် လိုအပ်သော ဆေးတွေ ယူလာပြီး အခန်းထဲသို့ ပြန်လာလိုက်သည်။ခြင်ထောင်ထဲ ဝင်လိုက်လျှင် ဇင် က ပက်လက်အနေအထား ကနေ ဘေးတဇောင်း ဖြစ်နေပြီး နဖူးပေါ်မှာ တင်ပေးထားသည့် သဘက်ဟာလည်း အောက်သို့ ပြုတ်ကျလို့ နေပါပြီ။သဘက်စိုစိုကို ကောက်ပြီး ခြင်ထောင် အပြင်မှာ ရှိနေတဲ့ ဇလုံထဲ သို့ ပြန်ထည့် လိုက်ရပါသည်။အခုလောလောဆယ်က ဇင့် ကို ဆေးတိုက်ဖို့ ဖြစ်သည်။ဆေးဝင်သွားမှ အဖျားကျလိမ့်မည်။
"မုန့်စားပြီး ဆေးသောက်ရအောင်လေ။ခဏထနော်။"
ဇင်၏ ဂုတ်သားအောက်မှ လက်လျှိုသွင်းပြီး ထလို့ရအောင် ကူညီပေးလိုက်သည်။ဇင် က အလိုက်သင့်လေးပင် ပါလာပြီး အိပ်ရာမှ ထလာသည်။မျက်လုံးလည်း ပွင့်လာပြီး မှေးစင်းနေသော မျက်လုံးလေးနှင့် သူ့ကို လှမ်းကြည့်ပြီး ခေါင်းစိုက်ကျနေပြန်သည်။
"ဆေးသောက်ရအောင်နော်။ဓာတ်ဆားရည်လည်း ဖျော်လာပေးတယ်။အခု မုန့်နည်းနည်း စားပြီး ဆေးသောက်မယ်နော်။"
ပဲနို့ဗူးကို သောက်လို့ရအောင် အဆင်သင့် လုပ်ပေးပြီး ဇင့် လက်ထဲသို့ ထည့်ပေးတော့ ဇင့် လက်တွေ တုန်နေတာကို တွေ့ရသည်။
"မကိုင်နိုင်ဘူးလား။ကျွန်တော် တိုက်ပေးမယ်နော်။"
ပဲနို့ဗူးလေးကို သူ့လက်နှင့် ကိုင်ပေးပြီး ပိုက်ကို ဇင့် ပါးစပ်ထဲ ရောက်အောင် ပိုက်ကို တပ်ပေးလိုက်သည်။ဇင် က အလိုက်တသိပဲ သောက်သည်။ဒါပေမဲ့ အနည်းငယ်သာပါ။
"အကုန်သောက်လိုက်နော်။မုန့်ပါစား။ပြီးရင် ဆေးသောက်ရမယ်။"
ပဲနို့ကိုလည်း ကုန်အောင်‌ သောက်သည်။မုန့်ကိုလည်း စားသည်။ဒါပေမဲ့ ဆေးသောက်ခိုင်းတော့ ပြဿနာ တက်ပါသည်။ဇင် က မုန့်စားပြီးသည်နှင့် ချက်ချင်းပင် ထိုးအိပ်သွားလေသည်။ဆေးသောက်ဖို့ရန် ပြန်ထခိုင်းရလေသည်။အီလည်လည်နှင့် ထထိုင်ပြီး သူ့ပခုံးကို ခေါင်းမှီလာလေသည်။ဇင့် ခန္ဓာကိုယ်ပေါ် ပိကျလာသောကြောင့် နှစ်ယောက်စလုံး လဲမကျအောင် ထိန်းလိုက်ရပြန်ပါသည်။
"ကျွန်တော် ဆေးမသောက်ချင်ဘူး။"
"ဆေးမသောက်လို့ မရဘူးလေ။ဆေးသောက်မှ အဖျားကျမှာ။ကိုယ်တွေ အရမ်းပူနေတယ်။"
"ဟင့်အင်း...ဆေးမသောက်ချင်ဘူး။"
ဇင် က ခန္ဓာကိုယ်ကို ခပ်လျောလျောလေး လုပ်လိုက်ပြီး သူ့ပေါင်ပေါ်မှာ ခေါင်းအုံးအိပ်နေပါသည်။
"မသောက်လို့ မရဘူး။သောက်မှ ရမယ်။ဒါမှ အဖျားကျမှာ။"
"ဟင့်အင်း"
ခေါင်းတခါခါ လုပ်နေပါသည်။
"လိမ္မာပါတယ်။ဆေးသောက်နော်။ထ...ထ"
ဇင့် ကို အတင်းဆွဲထူလိုက်သည်။ခန္ဓာကိုယ် လိမ်ဖယ်ပြီး မထချင်၊ ထချင်နှင့် ထလာသည်။ခေါင်းကြီးကိုလည်း ကြမ်းပြင်နှင့် တိုက်မတက် ငုံထားသည်။ဇင့် လက်ကို ဆွဲယူပြီး လက်ဖဝါးထဲသို့ ဆေးလုံးတွေ ထည့်ပေးလိုက်သည်။ရေခွက်ကိုလည်း အခြားလက်တဖက်သို့ ထည့်ပေးလိုက်သည်။
"ဆေး သောက်နော်။"
"မသောက်လို့ မရဘူးလား။"
မျက်နှာငယ်လေးနှင့် သူ့ကို မော့ကြည့်ကာ ပြောနေသူကို မသောက်ချင်ရင် မသောက်နဲ့လို့ ပါးစပ်က ပြောမိမတတ် ဖြစ်သွားပါသည်။
"မရဘူး။သောက်နော်။အမြန်နေကောင်းမှ လုပ်ချင်တာ လုပ်လို့ရမှာပေါ့။"
လူကြီးတွေက ကလေးတွေကို နှစ်သိမ့်သလို လေသံနှင့် ပြောလိုက်သည်။ဇင် က ဘေးကျပ်နံကျပ် ဖြစ်သလိုနှင့် လက်ထဲမှ ဆေးကို ကြည့်လိုက်၊ သူ့မျက်နှာကို ကြည့်လိုက်နှင့် လုပ်နေလေသည်။သူလည်း ဇင့် လက်ကလေးကို အသာကိုင်လိုက်ပြီး ချော့မြူသလိုနှင့် ဆေးသောက်ခိုင်းရသည်။အဲ့အချိန်ကျမှ ဇင် လည်း ဆေးတွေကို ပါးစပ်ထဲ ကောက်ထည့်သည်။ပြီးတော့ ရေကို ကမူးရှုးထိုး သောက်သည်။ ဆေးသောက် ပြီးသည်နှင့် ပခုံးနှစ်ဖက်ကို တွန့်လိမ်ကာ ကြက်သီးထသလို ပြုလုပ်သည်။မျက်နှာတခုလုံးလည်း ရှုံ့မဲ့လို့နေပါသည်။ဇင့် ကို ကြည့်ရင်း ဇင် ဟာ ဆေးသောက်ရကြောက်သူ တယောက်မှန်း သူသိသွားလေသည်။
ဆေးသောက်ပြီးသည်နှင့် ရေခွက်ကို သူ့လက်ထဲသို့ ပြန်ထည့်ပေးပြီး သူ့ပေါင်ပေါ်တွင် ခေါင်းအုံးကာ လာအိပ်ပြန်သည်။ဒီတခါ ဇင့် ၏ လက်တဖက်က သူ၏ ခါးကို လာဖက်ထားလေသည်။ဇင်နှင့် ပတ်သတ်ပြီး ထပ်မံသိရှိရသည့် အချက်က ဇင် သည် နေမကောင်း ဖြစ်ခဲသူ ဖြစ်ပြီး နေမကောင်းဖြစ်ပြီဆိုလျှင်လည်း ချွဲနွဲ့တတ်သူ ဖြစ်မှန်း သတိထားမိသည်။သူ့ပေါင်ကို ခေါင်းအုံးအဖြစ် အသုံးပြုပြီး သူ့ခါးကို လက်တဖက်နှင့် ဖက်ကာ ဇင့် မျက်နှာက သူ့ဝမ်းဗိုက်ထဲ တိုးဝင်လာသူကို ကြည့်ပြီး ဇင် ဟာ နေမကောင်း ဖြစ်ချိန်ဆို အိမ်ကို ဦးဆောင်နေရသူ အိမ်ထောင်ဦးစီး တယောက်ပုံစံ မဟုတ်တော့ဘဲ ချွဲနွဲ့တတ်သူ တကယ့်ကို ပီဘိကလေးလေး တယောက် ဖြစ်သွားပါပြီ။ ချစ်ဖို့ကောင်းသော အမူအယာတွေ အကုန်ပေါ်လာပါသည်။
ဇင် စောနက ပြောတော့ သူ့ကို အဖျားကူးမှာ စိုးလို့တဲ့။အခုတော့ သူ့ပေါင်ပေါ်ကနေ ထမည့်ပုံ မပေါ်ဘဲ အခုလိုမျိုးပဲ တညလုံး အိပ်မည့်ပုံ။ မျက်နှာအောက်ငုံကြည့်လိုက်တာနှင့် သူနှင့်အနီးကပ်ဆုံး ရှိနေတာက ဇင့်၏ ခေါင်းပေါ်မှ ဆံနွယ်တွေပင် ဖြစ်သည်။သူ လက်နှင့် အသာလေး သပ်ပေးလိုက်သည်။ဇင့် ဆံပင်တွေ အတော်လေး ရှည်နေပြီ ဂုတ်ထောက်နေသော အနေအထားပင် ရောက်နေပြီ။ဇင် အခုထိ ဆံပင် မညှပ်သေးပေး။ဇင် က ဆံပင်အရှည်ထားရတာ ကြိုက်တယ် ထင်ပါသည်။ဆံပင်ရှည်ကို ခေါင်းမှာ ဘီးကုတ်ကုတ်ထားရတာ ဇင် က ကြိုက်ပုံရလေသည်။တခါတလေ ဂုတ်ထောက်ဆံပင်တွေကို ခေါင်းစည်းကြိုးလေးနှင့် စည်းနှောင်ထားတတ်ပါသေးသည်။အဲ့လို ပုံစံလေး ဇင်ဟာ တမျိုးကြည့်လို့ ကောင်းပြန်ပါသည်။ဇင် ဆံနွယ်လေးတွေကို သပ်ပေးရင်း ဂုတ်သားလေးတွေ ချွေးစိုနေတာ ခံစားမိ၍ အဝတ်ယူကာ သုတ်ပေးရလေသည်။မျက်နှာက သူ့ဝမ်းဗိုက်ထဲမှာ ဖွက်ထားသည့် အတွက် သုတ်ပေးလို့ မရပေ။ချွေးစိုနေပေမယ့် ဇင့်ဆီမှ ချွေးနံ့ပြင်းပြင်းကို မရပေ။ဇင့် မှာ ပုံမှန် ကိုယ်သင်းရနံ့သာ ရှိလေသည်။ဒါဟာလည်း ကောင်းသော ကုသိုလ်ကြောင့်ဟု ပြောရပေမည်။
အချိန်အနည်းငယ် ကြာတော့ ဇင် က ဘေးတဇောင်းမှ ပက်လက်အနေအထားသို့ ပြောင်းလိုက်သည်။ဇင် ခန္ဓာကိုယ် အနေအထား ပြောင်းလိုက်မှပဲ သူ့ခြေထောက် ကျင်နေတာကို သတိထားမိလေသည်။ဇင့် ခေါင်းလေးကို အသာမကာ တင်ပါးခွေ ထိုင်ထားသော သူ့ခြေထောက်ကို အသာဆန့်လိုက်ရသည်။ဇင် ကတော့ ဆေးအရှိန်နှင့် အိပ်လို့ကောင်းတုန်း ဖြစ်သည်။ဇင့် ကို ပြုစုပေးနေရင်း ပက်လက်အနေအထားကြောင့် သူနှင့် အနီးကပ်ဆုံး ဖြစ်နေသည့် ဇင်၏ မျက်နှာလေးကို အနီးကပ် ကြည့်မိလေသည်။နေပူစပ်ခါး ဈေးရောင်းနေရပေမယ့် အသားညိုတာလေး တခုသာ ဇင့် မှာ ပေါ်လွင်သည်။မျက်နှာလေးကတော့ ငယ်ရွယ်ဂုဏ်ကြောင့် ထင်သည်။နုဖတ်လို့ နေလေသည်။ချွန်နေသော နှာခေါင်းလေးကို မျက်ခုံးစပ်နားမှ နေ၍ လက်ညှိုးဖြင့် အသာထိပြီး အောက်ဘက်သို့ ဆင်းချလာပြီး နှာဖျားလေး အရောက်မှာ ရပ်တန့်လိုက်သည်။ ခပ်လုံးလုံးလေး ဖြစ်နေသော နှာခေါင်းထိပ်လေးကို လက်ညှိုးလေးနှင့် ဝေ့ဝိုက်ကာ ထိကြည့်မိသည်။ဇင်ယော်တောင် မျက်ခုံးလေးကို မျက်ခုံးလမ်းကြောင်း အတိုင်း ကောက်ကြောင်း ဆွဲမိသည်။ပူပူနွေးနွေး ဖြစ်နေသော ပါးပြင်လေးကို လက်ဖဝါးလေးနှင့် အုပ်ကိုင်လိုက်ပြီး လက်မလေးကတော့ ဇင့်၏ ပူပူနွေးနွေး ပါးပြင်လေးကို ပွတ်သပ်ပေးမိသည်။နေပူစပ်ခါး အလုပ်လုပ်စားရပေမယ့် ဝက်ခြံဆိုတာ တစက်မှ မရှိသည့် မျက်နှာလေးပါ။တခါတလေမှ မျက်နှာပေါ် ဝက်ခြံတလုံးတလေ တွေ့မိတာပါ။သနပ်ခါးတို့ထားလိုက်ရင် သိပ်မကြာခင် ပျောက်သွားတတ်သည်။ဆယ်ကျော်သက်အရွယ်မှာတောင် မျက်နှာပြင်ပေါ် ဝက်ခြံအများကြီး မပေါက်တာ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ကုသိုလ်ကံလည်း ဆိုတာ။ပါးပြင်မှာ ရှိနေသော မှဲ့ကလေးကို လက်နှင့် စမ်းကြည့်လိုက်သည်။ဇင့် မျက်နှာပေါ်က ဇင်ယော်တောင် မျက်ခုံးမွှေးနှင့် ပါးပြင်ပေါ်မှ မှဲ့ကလေးကတော့ ဇင့်၏ ထူးခြားသည့် အလှတရား တခုပင် ဖြစ်သည်။
ဇင့် မျက်နှာလေးကို ကိုင်ကြည့်နေရင်း သူ မနေ့ညက မက်သည့် အိပ်မက်တခုကို အခုလို ဇင့်မျက်နှာကို ကိုင်နေသလို သူ့မျက်နှာကို တယုတယ ကိုင်နေသူ တယောက်။သူ့ကို အဲ့လောက် အများကြီး မအိပ်နဲ့။ထတော့ လို့ နှိုးနေသည်။ မေတ္တာအပြည့် ပေးနေသူ။ ချိုအေးနေသော အသံ ရှိသူ။သူနှင့် အလွန်နီးကပ်စွာ ရှိနေပြီး သူ့ကို တမ်းတနေသူဟု ခံစားရလေသည်။အိပ်မက်ဖြစ်လို့ ဘယ်သူမှန်း သေချာမသိပေမယ့် အိပ်မက်က နိုးလာသည့် အချိန်မှာတော့ သူဟာ မျက်ရည်စက်တွေနှင့် မောဟိုက်စွာ ကျန်ခဲ့သည်။ဒီအိပ်မက်ဟာ သူ့အတိတ်၏ တစိတ်တပိုင်း ဖြစ်နိုင်သည်။အခုတလော ထူးဆန်းသည့် အိပ်မက်တွေ မကြာခဏ မက်နေတတ်သည်။သူ့စိတ်၏ နှိုးဆော်မှု တခုလား။ဒါမှမဟုတ် ဦးဏှောက်၏ လှို့ဆော်မှုကြောင့် အတိတ်ကို ပြန်လည် သတိရစေမည့် အပိုင်းအစလား ဆိုတာကတော့ သူကိုယ်တိုင်လည်း မသိနိုင်ပါ။အိပ်မက်အကြောင်း ကိုတော့ စကားမစပ်မိသေးသည့်အတွက် ဇင့် ကို အခုချိန်ထိ မပြောဖြစ်သေးပါ။
သူ အတိတ်မေ့သွားတာကို ပြန်သတိရသွားသည့်တိုင် ဒီမျက်နှာလေးကို သူ မမေ့သွားချင်။ဇင် တို့နဲ့အတူ နေခဲ့တဲ့ အချိန်ကာလလေးကို ထာဝရ ရင်ထဲမှာ ရှိနေချင်သလို၊ ဦးဏှောက်ထဲမှာလည်း မေ့မသွားချင်ပါ။ဇင် ဟာ သူ့ဘဝ တဆစ်ချိုးမှာ အမှတ်တရ ဖြစ်နေခဲ့တဲ့ သူတယောက်အဖြစ် သူ့နှလုံးသား မှတ်ကျောက်တင် ထားချင်ပါသည်။ဒီမိသားစုလေးနှင့် ခွဲရမည့် တနေ့ဆိုတာ သူ့ဘဝမှာ ရှိလာဦးမှာ ဖြစ်သည်။အဲ့နေ့ ဆိုတာ သူတကယ် မရောက်ချင်တော့။ဇင် ပြောသလို သူ့အတိတ်က မိသားစုကိုလည်း သူသိချင်သလို လက်ရှိ မိသားစုသစ်လေးကိုလည်း ခွဲခွာဖို့ အတွက် သူ့မှာ အင်အား မရှိဘူး ဆိုတာ သူကိုယ်တိုင်ပင် အသိဆုံး ဖြစ်ပါသည်။
23.3.2022 Wednesday.
11:10 pm.
************
စာဖတ်သူ ချစ်မိတ်ဆွေများ နေကောင်းကျန်းမာကြပါစေ။ဖတ်ရှုပေးသူ တဦး၊တယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။
Continue Reading
You'll Also Like
125K 5.5K 60
58.8K 3.2K 33
If you fall in love with a person with different personalities or he shows you dark side or something.........? Start date - 14 September 2021 End da...
1.7M 123K 67
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...
542K 48.5K 144
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်