{Edit}မြတ်နိုးခြင်းများအားဆော...

By MoLLy-HannaH

481K 33.6K 1.1K

ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ Sissy type ဂိုက်လေးတို့ရဲ့ချစ်စရာရိုမန့်လေးကိုမှ နူးနူးညံ့ညံ့လေးပါ ။ Cover ကို P... More

Epi 1
Epi 2
Epi 3
Epi 4
Epi 5
Epi 6
Epi 7
Epi 8
Epi 9
Epi 10
Epi 11
Epi 12
Epi 13
Epi 14
Epi 15
Epi 16
Epi 17
Epi 18
Epi 19
Epi 20
Epi 21
Epi 22
Epi 23
Epi 24
Epi 25
Epi 26
Epi 27
Epi 28
Epi 29
Epi 30
Epi 31
Epi 32
Epi 33
Epi 35
Epi 36
Fic Name 💙
Epi 37
Epi 38
Epi 39
Epilogue
Thank You!!!
Extra-1
အသိပေး၊တောင်းပန်ခြင်း။

Epi 34

8.3K 643 28
By MoLLy-HannaH

ဆေးရုံတစ်ခု၏VIP room တွင် ကုတင်ထက်လဲလှောင်းနေသော လူနာတစ်ဦးရှိသလို လူနာ၏ဘေးတွင်ထိုင်ကာ ပုဝါဖြူကိုရေစိမ်ကာညှစ်ပြီး လူနာ၏လက်ချောင်းလေးတွေကိုပွတ်သုတ်ပေးနေရင်း မျက်ရည်တွေကျနေတဲ့အမျိုးသားငယ်တစ်ဦး ။ သူ့ကိုကြည့်ရသည်မှာ အလွန်ကိုပူဆွေးဝမ်းနည်းနေဟန်ဖြစ်ပြီး အိပ်ရေးပျက်ညတွေများနေတာကြောင့် မျက်ကွင်းတွေညိုကာ နဂိုထက်ပိုပိန်လာပြီး အလွန်ကိုအားပျက်နေဟန်ပုံပေါ်သည် ။

ပိုး မောင့်ကိုရေဝတ်တိုက်ပေးနေရင်း အရင်အချိန်တွေကိုလွမ်းမိသည် ။ အရင်ကဘေးကနေတီတီတာတာပြောတတ်တဲ့မောင့်စကားတွေကိုနားယောင်ကာ မျက်ရည်ကကျလာပြန်သည် ။ ဒီနေ့နဲ့ဆို မောင်သတိမရတာ၉ရက်ရှိပြီဖြစ်သည် ။

ဒီ၉ရက်အတွင်းမှာ ရေချိုးချိန်ပဲအိမ်ပြန်ပြီး စားသောက်ပြီးသည်နှင့် ဆေးရုံမှာသာအချိန်ကုန်စေကာ မောင်သတိရလာမည့်အချိန်ကိုစောင့်နေမိသည် ။ မောင့်မေမေတို့ကအနားယူဖို့ပြောပေမယ့်လဲ ပိုးကနားမထောင်တာကြောင့် နောက်ဆုံးမှာလက်လျှော့သွားကြသည် ။

မောင့်ရဲ့လက်ဖဝါးပြင်ကျယ်ကို ပိုး၏လက်သေးသေးလေးနှစ်ဖက်နှင့်အုပ်ကိုင်ကာ စကားတွေပြောနေမိသည် ။

" မောင်လူဆိုးကောင် ငယ့်ကိုအကြာကြီးပစ်ထားတယ် အရင်လိုဘေးကနေတီတီတာတာလေးတွေလာပြောပါဦး "

ပြောနေရင်းပိုးမထိန်းနိုင်စွာမောင့်ဘေးကနေရာလွတ်မှာခေါင်းမှောက်ပြီး ငိုချပစ်လိုက်သည် ။

" မောင်ပြောတော့ငယ်ကမောင့်အပိုင်ဆို ငယ့်ခွင့်ပြုချက်မရှိပဲခုလိုအကြာကြီးအိပ်ပျော်နေရင် မောင့်ကိုတကယ်စိတ်ဆိုးမိတော့မယ် "

" သတိရလာပါတော့မောင်ရယ် ငယ့်ကိုတကယ်ချစ်ရင်မောင်မြန်မြန်သတိရလာပါတော့... ဟင့် "

.
.
.

နီယံနဲ့အာကာအပြင်ဘက်ကနေပိုးကိုကြည့်ကာစိတ်မကောင်းပေ ။ သူငယ်ချင်းဖြစ်သူခံစားနေရတာကိုကြည့်ပြီး နီယံပါမျက်ရည်ကျမိသည် ။

" ငိုမနေနဲ့လေခင်ဗျားရာ "

အာကာ နီယံ့ပါးပြင်ပေါ်ကမျက်ရည်တွေကိုသုတ်ပေးကာ ရင်ခွင်ထဲထည့်ကာဖက်ထားလိုက်ပြီး ကျောပြင်ကိုပွတ်သပ်ကာ ချော့မြူလိုက်သည် ။

အာကာ့ပွေ့ဖက်မှုကိုနီယံမရုန်းဖယ်မိပဲ ရင်ခွင်ထဲဝင်ကာငိုမိသည် ။

" ကြာရင်ပိုးလဲသွားလိမ့်မယ် "

" ဟုတ်တယ် အဲ့တာကြောင်ခင်ဗျားဖြောင်းဖျကြည့်ပါလား "

" ပြောလို့မရဘူး ခုချိန်မှာသိကြားမင်းဆင်းတားတောင်ရမှာမဟုတ်ဘူး ပိုးကတအားခေါင်းမာတာ စျာန်မြန်မြန်သတိရလာဖို့ပဲဆုတောင်းရမယ် "

" အင်း "

ရွှန်း ပိုးအတွက်ကြက်စွပ်ပြုတ်လုပ်လာခဲ့ပြီး တစ်လုံးချိုင့်လေးဆွဲကာ ဆေးရုံလျှောက်လမ်းအတိုင်းလျှောက်လာပြီး စျာန့်အခန်းနားရောက်ခါနီးမှ မြင်နေရတဲ့မြင်ကွင်းကြောင့် နီယံတို့အနားကိုသွားလိုက်ကာ

" နီယံ "

ရွှန်းအသံကြားမှ ရှက်ရှက်ဖြင့်ရင်ခွင်ထဲမှထွက်ကာ မျက်ရည်တွေကိုသုတ်လိုက်ပြီး ရွှန်းဘက်ကိုလှည့်လိုက်ကာစကားပြန်ပြောလိုက်သည် ။

" အော် ရောက်ပြီလားရွှန်း "

" အင်း "

အခန်းထဲကရွှန်းကိုတစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်ပြီး ကျချင်ချင်ဖြစ်နေသည့်မျက်ရည်စတွေကို မျက်တောင်ဖြင့်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည် ။

" ပိုးကိုဘယ်လိုစကားမျိုးနဲ့နှစ်သိမ့်ပေးရမှန်းတောင်မသိတော့ဘူး ပိုးတအားခံစားနေရမှာ "

" ငါတို့ဘက်ကတတ်နိုင်သလောက်လုပ်ပေးရုံပေါ့ဟာ လာ အထဲသွားရအောင် "

" အင်း "

ရွှန်းနဲ့နီယံအထဲဝင်သွားကာ ပိုးဘေးနားမတ်တပ်ရပ်ကာ ပိုးပုံစံကိုကြည့်ပြီး စိတ်ထဲဘယ်လိုမှနေလို့မကောင်းတော့ ။ ထိန်းထားသည့်ကြားမှရွှန်းမျက်ရည်ကျလာကာ မရှိုက်မိအောင်အံကိုတင်းတင်းကြိတ်ရင်း မျက်ရည်တွေသုတ်ပစ်လိုက်ကာ ပိုးပခုံးကိုကိုင်လိုက်ပြီး ခေါ်လိုက်သည် ။

" ပိုး စွပ်ပြုတ်သောက်ရအောင်နော် "

ထိုအခါမှ ပိုးခေါင်းထောင်လာကာ မျက်ရည်တွေသုတ်လိုက်ပြီး သူငယ်ချင်းတွေဘက်လှည့်ကာ စကားပြန်ပြောလိုက်သည် ။

" အင်း ရောက်လာပြီလား "

" ပိုး "

" ဟင် "

ပြောလို့မရမှန်းသိပေမယ့်လည်း ရွှန်းထပ်ပြီးဖြောင်းဖျကြည့်ဖို့ကြိုးစားချင်သည် ။ ယခု ပိုးပုံစံမှာ အိပ်ရေးပျက်ညတွေများနေတာကြောင့် မျက်ကွင်းတွေညိုကာ ငိုထားရလွန်း၍ မျက်လုံးတွေမို့အစ်နေလေသည် ။ ၉ရက်အတွင်းမှာသိသိသာသာပိန်သွားပြီး ပုံစံမှာအားအင်ပြတ်လတ်နေမှန်းသိသာသည် ။

" တစ်ရက်လောက်အိမ်မှာအေးဆေးပြန်နားနေပါလားဟင် ဒီပုံစံအတိုင်းဆိုရင်စျာန်သတိမရခင် ပိုးလဲသွားလိမ့်မယ် "

" ဟင့်အင်း ငါမပြန်ဘူး မောင်သတိပြန်ရလာတဲ့အခါ အရင်ဆုံးငါ့ကိုတွေ့ချင်မှာ ခုလိုဖြစ်ရတာလဲ ငါ့နောက်လိုက်လာရင်းဖြစ်ရတာ "

" ဟင်း စျာန်သတိရလာလို့ နင့်ပုံစံကိုတွေ့ရင်သူစိတ်ကောင်းမှာမဟုတ်ဘူး သူကနင့်ကိုအရမ်းချစ်တာလေ "

ရွှန်းစကားကြောင့် ပိုးတွေဝေသွားကာ ခဏတော့ငြိမ်သွားမိသည် ။

' ဟုတ်တယ် မောင်ကငယ့်ကိုအရမ်းချစ်တာ ဒီပုံစံကိုသာတွေ့သွားခဲ့မယ်ဆိုရင် သူ့ကြောင့်ဆိုပြီးအပြစ်တင်နေအုံးမှာလား '

ပိုးရဲ့ငြိမ်နေပုံထောက်ရင် ဒီတခါပြောတာ အရာရောက်သည်ထင် နီယံ့ကိုကြည့်လိုက်တော့ အကြည့်ချင်းဆုံကာ ပြုံးပြီးလက်မထောင်ပြတော့ ရွှန်းလဲခေါင်းငြိမ့်ပြကာ ပိုးကိုဆက်ပြောလိုက်သည် ။

" သူ့ကြောင့်ပဲနင်အန္တရာယ်ဇုန်ထဲရောက်ခဲ့ရတယ် ထပ်ပြီး သူ့ကြောင့်ပဲဒီလိုပုံစံဖြစ်သွားတယ်ဆိုရင် "

" အင်း ငါအိမ်ပြန်မယ် "

ရွှန်းစကားမဆုံးခင် ပိုး ကြားဖြတ်ကာပြောလိုက်သည် ။ မောင်စိတ်ဆင်းရဲရမည်ကို ထပ်ပြီးမကြားလိုတော့ပြီ ။ ဒါကြောင့် အိမ်ပြန်အနားယူဖို့ကို ဒီတခါမှာပိုးလက်ခံလိုက်သည် ။

" ဒါဆို ခုပဲရွှန်းနဲ့အတူပြန်လိုက်တော့နော် "

နီယံ့စကားကြောင့် ပိုး နှာခေါင်းရှုံ့လိုက်သည် ။ လူကိုညနေထိတောင် ပေးမနေပဲချက်ချင်းကိုပြန်လွှတ်နေတော့ပါပဲ ။

" ဘာလို့လဲ ညနေမှပြန်မယ်လေ "

" လိမ္မာပါတယ် ပိုးလေးရယ် ခုပြန်ရအောင်နော် အချိန်အကြာကြီးအနားယူဖို့လိုတယ်လေ "

ရွှန်းရဲ့စကားကိုနီယံကပါထောက်ခံသည် ။

" ဟုတ်တယ် ပိုး အနားယူသင့်တယ် "

" အင်းပါ ပိုးပြန်ပါ့မယ် "

သူငယ်ချင်းတွေနှင့်စကားပြောပြီး မောင့်ဘက်ကိုလှည့်ကာ နှာဖူးထက်အနမ်းတစ်ပွင့်စွန့်ကြဲပြီး မောင့်ကိုနှုတ်ဆက်စကားဆိုလိုက်သည် ။

" ငယ်အိမ်ခဏပြန်လိုက်အုံးမယ် မောင်မြန်မြန်သတိရလာပေးရမယ်နော် မောင်သတိရလာတဲ့အခါမောင့်ကိုဘယ်လောက်လွမ်းကြောင်း မောင့်ကိုဘယ်လောက်ထိချစ်မြတ်နိုးသလဲဆိုတာကိုပြောပြမှာမို့ ငယ့်ရဲ့အကြင်နာအနမ်းနဲ့အတူမောင်အမြန်ဆုံးသတိရလာပါစေ မွ "

မောင့်ကိုနှုတ်ဆက်ပြီး သူငယ်ချင်းတွေဘက်ပြန်လှည့်ကာ နီယံနဲ့အခန်းပြင်ကအာကာကိုပါနှုတ်ဆက်ခဲ့ပြီး ရွှန်းနှင့်အတူ တက္ကစီဌားကာအိမ်ပြန်လာခဲ့လိုက်သည် ။

............

အဖြူရောင်လွင်ပြင်ကြီးထဲ စျာန်တစ်ယောက်လမ်းလျှောက်လာခဲ့ရင်း လမ်းဆုံတစ်ခုတွင် ဘယ်လမ်းကိုကွေ့ရမှန်းစဥ်းသားရခက်နေ၏ ။ ထိုစဥ်အသံတစ်သံထွက်ပေါ်လာခဲ့သည် ။ လူအရိပ်လဲမမြင်ရသလို ဘာပြောလိုက်သလဲဆိုတာကိုလဲ ရှင်းရှင်းလင်းလင်းမကြားလိုက်ရပေ ။

" ဘယ်သူရှိလဲ ကျွန်တော့်ကိုကူညီပါအုံး ကျွန်တော်ဘယ်လမ်းသွားရမှန်းမသိဘူးဖြစ်နေတယ် "

တစ်ဖက်လူဆီမှအဖြေပြန်မလာခင် လမ်းတစ်ဖက်မှ ဆူညံသံတချို့ကိုကြားနေရတာကြောင့် စျာန် ခေါင်းကိုက်လာသည် ။ နေရာမှာတင် ဒူးထောက်ကာ နားထင်ကိုဖိပွတ်ရင်း ဦးနှောက်ကိုအလုပ်ပေးရသည် ။ ထိုစဥ် နောက်ထပ်အသံတစ်ခုထပ်ထွက်ပေါ်လာသည် ။ ယခုအခါကြားရသည့်အသံမှာ ပထမတစ်ခါကြားရသလို ဆူညံမနေပါပဲ မူးနောက်နောက်ဖြစ်နေသည့်အာရုံကို ကြည်လင်လန်းဆန်းစေကာ အသံလေးကအေးချမ်းကာနားဝင်ပီယံရှိလှသည် ။ ဒီအသံကို စျာန် ကြားဖူးသလိုလိုရှိနေတာကြောင့် ဦးနှောက်ကိုခဏအလုပ်ပေးကာ အကြောင်းအရာတွေကို ဆက်စပ်တွေးတောကြည့်သည် ။

ထိုစဥ် ကားaccidentမဖြစ်ခင်ကအချိန်တွေ ခေါင်းထဲတရိပ်ရိပ်ပြန်ပေါ်လာကာ အရင်ဦးဆုံးငယ့်ဆီသွားတယ် ငယ့်ကိုမတွေ့တော့၍ငယ့်နောက်လိုက်ရာကနေ ကားaccidentဖြစ်တယ်ဆိုတာကခေါင်းထဲအနှေးကွက်ပြသလိုတစ်ကွက်ချင်းပြန်ပေါ်လာသည် ။

" မောင်မြန်မြန်သတိရလာပေးရမယ်နော် မောင်သတိရလာတဲ့အခါ မောင့်ကိုဘယ်လောက်လွမ်းကြောင်း မောင့်ကိုဘယ်လောက်ထိချစ်မြတ်နိုးရသလဲဆိုတာကိုပြောပြမှာမို့ ငယ့်ရဲ့အကြင်နာအနမ်းနဲ့အတူ မောင်အမြန်ဆုံးသတိရလာပါစေ "

" မောင်ပြောတော့ငယ်ကမောင့်အပိုင်ဆို ငယ့်ခွင့်ပြုချက်မရှိပဲ ခုလိုအကြာကြီးအိပ်ပျော်နေကင်ငယ်တကယ်စိတ်ဆိုးမိတော့မယ် "

" သတိရလာပါတော့မောင်ရယ် ငယ့်ကိုတကယ်ချစ်ရင် မောင်မြန်မြန်သတိရလာပါတော့....ဟင့် "

နားထဲသို့တိုးဝင်လာသော အေးချမ်းတဲ့ငယ့်အသံလေး တစ်ဖက်ကဆူဆူညံညံအသံတွေကပိုပြီးကျယ်လောင်လာကာ တဖန်ပြန်လည်ပြီးခေါင်းတွေကိုက်ခဲလာသည် ။ ထိုစဥ် ထပ်ပြီးကြားလိုက်ရတဲ့ ငယ့်ရဲငိုသံကြောင့် ဘယ်ဘတ်ရင်အုံမှဆစ်ခနဲနာကျင်သွားကာ မျက်လုံးကိုစုံမှိတ်လိုက်ပြီး ငယ့်အသံကိုအာရုံစိုက်နားထောင်လိုက်သည် ။ ငယ့်ရဲ့ရှိုက်ငိုသံကိုရှင်းရှင်းလင်းလင်းကြားလိုက်ရတဲ့အခါ စျာန်နေရာမှထကာ ဘယ်ဘက်လမ်းကိုပြေးဝင်သွားပြီး ပြေးရင်းပြေးရင်းလမ်းကမဆုံးနိုင်ပဲ မြူတွေကြားပျောက်သွားသည် ။

..............

နောက်တနေ့မနက်တွင်

ဝသုန် အာကာ နီယံ တို့ သုံးယောက်ဆေးရုံစောင့်နေစဥ် တံခါးဖွင့်သံကြားလို့ လှည့်ကြည့်လိုက်တော့ စျာန့်မာမီနှင့်ဒယ်ဒီ ။

၃ယောက်သားနေရာမှထကာ လူကြီးတွေကိုနေရာပေးလိုက်သည် ။

" သားတို့လဲပင်ပန်းနေပြီ အိမ်ပြန်ပြီးနားကြအုံးနော် အန်တီတို့စောင့်လိုက်မယ် "

" ဟုတ် အန်တီ အဲ့တာဆိုသားတို့ပြန်လိုက်ပါအုံးမယ် "

" အင်း သားတို့ "

" စျာန် ငါတို့အားလုံးမင်းကိုမျှော်နေတယ် မြန်မြန်သတိရလာတော့ မင်းမြန်မြန်သတိမရလာရင် မပိုးကိုတခြားသူနောက်ထည့်ပေးလိုက်မှာ "

အာကာ့ရဲ့ရွှတ်နောက်နောက်စကားကို ဘယ်သူကမှအပြစ်မတင်ကြပေ ။ စျာန့်ကိုနှုတ်ဆက်ပြီး ၃ယောက်သားလှည့်ပြန်မည်အပြု ဝသုန့်စကားကြောင့်အကုန်လုံးစျာန့်အနားရောက်သွားကြသည် ။

" စျာန် စျာန် လက်လှုပ်သွားတယ် "

" ဟင် တကယ်လား "

" ဟုတ်တယ်
ငါသေချာတွေ့လိုက်တယ် "

စျာန့်မေမေကပျော်လွန်း၍မျက်ရည်ကျလာသည်။ ဦးမင်းထက်က ဇနီးဖြစ်သူပုခုံးကိုကိုင်ကာနှစ်သိမ့်ပေးလိုက်သည် ။ အာကာကအရေးပေါ်ခလုတ်ကိုနှိပ်ပြီး ခဏအကြာ ဆရာဝန်နှင့်nurseလေးတွေအပြေးရောက်လာကြသည် ။

" ဆရာ ကျွန်မသားအခြေနေလေးကြည့်ပေးပါအုံး "

" စိုးရိမ်စရာတော့မရှိပါဘူး လူနာကသတိရလာတော့မှာပါ "

စျာန်သတိရနေပေမယ့် အခန်းထဲမှာပြောနေသည့်စကားသံတွေကိုအတိုင်းသားကြားနေရသည် ။ မျက်လုံးကတော်တော်နှင့်ဖွင့်လို့မရသေးတာကြောင့် အားယူကာဖြည်းဖြည်းချင်းဖွင့်လိုက်သည် ။ မျက်လုံးထဲ အလင်းရောင်စူးခနဲဝင်ရောက်လာတာကြောင့် ချက်ချင်းပြန်ပိတ်လိုက်ကာ စကားပြောဖို့ အားယူကြည့်ပေမယ့် လည်ချောင်းထဲခြောက်ကပ်လို့ဘာအသံမှထွက်မလာ ။ ဒုတိယအကြိမ် ထပ်ကြိုးစားပြီးမျက်လုံးဖွင့်လိုက်ကာ အရင်ဆုံးရှာမိသည်ကချစ်ရပါသောငယ် ။ ငယ့်ကိုမတွေ့တာကြောင့် အားယူကာငယ့်နာမည်ကိုခေါ်လိုက်သည် ။

" ငယ် "

ပထမတခါမှာ ဘယ်သူမှမကြားပေ ။ ကြိုးစားပြီး အသံထွက်အောင်ထပ်ခေါ်လိုက်သည် ။

" ငယ် "

" စျာန် သတိရလာပြီ !  "

အာကာ့အသံကြောင့် စကားပြောနေသည့် ဆရာဝန်နှင့်စျာန့်မာမီ ဒယ်ဒီတို့ရဲ့အာရုံစျာန့်ဆီရောက်လာကာ ဆရာဝန်ကစျာန့်ကိုဆေးစစ်နေပြီး ကျန်လူတွေကဘေးကနေအခြေနေကိုကြည့်နေလိုက်သည် ။

" ရေ "

ရေတောင်းသောက်တဲ့အခါ ဝသုန်မှ ဂွမ်းကိုရေစွတ်ကာနှုတ်ခမ်းဟစေပြီး ပါးစပ်ထဲထည့်ပေးလိုက်သည် ။ သည်လိုပုံစံမျိုးအကြိမ်ကြိမ်လုပ်ပေးပြီးချိန်မှာတော့ စျာန်အဆင်ပြေသွားသည် ။

" သားသက်သာလား ဘယ်လိုနေသေးလဲ "

ဆရာဝန်ရဲ့အမေးကို စျာန်လိမ်လိုက်ကာ ခေါင်းငြိမ့်ပြလိုက်သည် ။
။ နာကျင်မှုကိုလျစ်လျူရှု့ကာ ချစ်ရသူကိုမတွေ့သေး၍မေးလိုက်သည် ။

" ငယ် "

" ဟုတ်သားပဲ ပိုးသိရင်ဝမ်းသာမှာဖုန်းဆက်လိုက်အုံးမယ် "

ပြောပြီး နီယံကချက်ချင်းပဲဖုန်းထုတ်ကာ ပိုးဆီဖုန်းဆက်လိုက်သည် ။ ခဏအကြာဖုန်းကိုင်လာတော့ ပိုးအသံမှာသိသိသာသာမကောင်းလှပေ ။ " စျာန်သတိရပြီ " လို့လဲ ပြောလိုက်ရော အသံတွေတုန်ကာ " ခုချက်ချင်းလာခဲ့မယ်" ဆိုပြီးဖုန်းချသွားလေသည် ။

............

နီယံ့ဆီမှ ' မောင်သတိရလာပြီ ' ဆိုသော သတင်းရရချင်း ရေတောင်မချိုးနိုင်ပဲ အဝတ်အစားလဲကာ တက္ကစီဌားပြီး ဆေးရုံကိုထွက်လာခဲ့သည် ။ မနက်ပိုင်းရုံးတတ်ချိန်ဖြစ်တာကြောင့် ကားလမ်းတွေပိတ်ကာ ခရီးကြန့်ကြာနေသည် ။ ကားပေါ်မှာဖင်တကြွကြွဖြင့် ရှေ့ကိုမျှော်မျှော်ကြည့်ရတာကအမော။ ဒါကို
ကားမောင်းသူ ဦးလေးကသတိထားမိသည်ထင် မေးလာသည် ။

" အရေးကြီးလို့လားသမီး သမီးကိုကြည့်ရတာစိတ်လောနေသလိုပဲ "

" ဟုတ်တယ်ဦးလေး "

" အင်းအင်း ဦးလေးအမြန်မောင်းပေးမယ် "

" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "

အချိန်တစ်ခုကြာပြီးသည့်နောက် ကားလေးဟာ ဆေးရုံရှေ့ကိုဆိုက်ရောက်လာပြီး ငွေရှင်းကာ ပိုးဆေးရုံထဲအပြေးတစ်ပိုင်းဖြင့်ဝင်လာခဲ့သည် ။ ဆေးရုံထဲဝင်လာသည့်လမ်းတစ်လျှောက် လူတွေရဲ့ကွက်ကြည့်ကွက်ကြည့်ကိုလည်းဂရုမစိုက်အား ။ နောက်ဆုံးမှာ အမောတကောဖြင့် စျာန့်ရဲ့အခန်းရှေ့ကိုရောက်လာခဲ့ပြီး အခန်းထဲကိုတန်းမဝင်နိုင်သေးပဲ အခန်းရှေ့မှာအမောဖြေနေမိသည် ။ ပြီးမှ အခန်းတံခါးဖွင့်ကာ မောင့်အနားကိုအပြေးသွားလိုက်သည် ။

အခန်းတံခါးဖွင့်သံကြောင့် အခန်းထဲရှိလူအားလုံး၏အကြည့်မှာ ဝင်လာသည့်သူထံတွင် ။ အမြဲတမ်းသနပ်ခါးလိမ်းကာကြော့ကြော့ကော့ကော့နေတတ်သည့်ပိုးဟာ ခုချိန်မှာ သနပ်ခါးတောင်မလိမ်းနိုင်ပဲဖရိုဖရဲဆန်စွာ ။

အခန်းထဲဝင်လာပြီး ဘယ်သူ့ကိုမှအာရုံမရပဲ စျာန့်ဆီကိုတစိုက်မတ်မတ်လျှောက်သွားသည့်ပိုးကိုကြည့်ကာ အားလုံးပဲ အလိုက်တသိအခန်းထဲမှထွက်သွားကြသည် ။

" မောင် သက်သာလားဟင် "

အခန်းထဲဝင်လာကတည်းက ချစ်ရသူ၏ပုံစံကိုကြည့်ခြင်းဖြင့် မည်မျှစိတ်ပူပန်နေသလဲဆိုတာ ထင်ထင်ရှားရှား ။ ချစ်ရသူ၏အမေးကို
ပြုံးကာခေါင်းငြိမ့်ပြလိုက်ပြီး အနားကိုတိုးလာစေရန်ခေါ်လိုက်သည် ။  အနားရောက်လာသည့်ငယ့်ကို ရှေ့နည်းနည်းထပ်တိုးစေကာ နှုတ်ခမ်းချင်းဖိကပ်ရုံမျှ ဖွဖွလေးအနမ်းပေးလိုက်သည် ။ ထိုအခါ မျက်လုံးလေးပြူးကျယ်သွားပြီး ကြောင်တောင်တောင်လေးကြည့်နေသောချစ်ရသူကို ​သွားပေါ်သည်အထိရယ်ပြလိုက်သည် ။ ထိုအခါမှ သတိရကာ ဖယ်ခွာသွားပြီး လက်ကလေးနှင့်နှုတ်ခမ်းကိုအုပ်ကိုင်ကာ မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်လုပ်နေပုံကအသည်းယားစရာ ။

ပိုး အနမ်းခံလိုက်ရပြီး သတိလက်လွတ်မောင့်ကိုပြူးကြည့်နေမိသည် ။ သတိရလာမှမောင့်အနားမှဖယ်လိုက်ပြီး ရန်စောင်သလိုလေးမျက်စောင်းထိုးလိုက်သည် ။

" ခွင့်ပြုချက်မရှိပဲအကြာကြီးအိပ်နေပြီး ခုမှခွင့်ပြုချက်မတောင်းပဲနမ်းပြန်ပြီ မောင်ကတကယ့်လူဆိုးကောင်ပဲ "

" မောင်လူဆိုးလေးကို ငယ်ကမချစ်တော့ဘူးလား "

" ချစ်တာပေါ့ "

" ဒါဆိုဆေးရုံကဆင်းတာနဲ့လက်ထပ်ရအောင် မောင် ငယ့်ကိုစိတ်မချတော့ဘူး "

" မောင်ကလဲ လက်ထပ်ဖို့ကျငယ်သေးတယ်လေ "

" ငယ့်ရဲ့မောင်ကလေ အသက်ငယ်ပေမယ့်ဘယ်လောက်တော်လဲဆိုတာ ယူပြီးရင်ငယ်သိလိမ့်မယ် နော် နော် နော် လက်ထပ်ကြရအောင်နော် "

' အာ လူဆိုးကောင် စကားကိုဘယ်လိုပြောနေတာလဲမသိဘူး '

" ဒါမယ့် မေမေ့ကိုဘာမှမပြောရသေးဘူး

" ငယ့်မေမေကတစ်နည်းမဟုတ်တစ်နည်းနဲ့သိနေလောက်ပြီ သဘောတူလက်ခံလာအောင်မောင်ကကြိုးစားမှာမို့ ငယ်ကခေါင်းလေးတစ်ချက်ငြိမ့်ရုံပဲ "

" ခဏလေးနေပါအုံး သတိရတာနဲ့မင်္ဂလာဆောင်ဖို့တန်းပြောတာပဲ ဟွန့် "

" ငယ်ဝင်လာကတည်းကမောင့်ရောဂါတစ်ဝက်လောက်သက်သာနေပါပြီ

" အပိုတွေ "

" ပိုလားမပိုလား လက်ထပ်ဖို့ပြောတာကိုပဲကြည့်လေ "

" ကျေးဇူးတင်ပါတယ်မောင်။တကယ်ကိုကျေးဇူးတင်ပါတယ်။မောင်သာတစ်ခုခုဖြစ်သွားရင် "

မျက်ရည်တွေကျရင်း ကျေးဇူးတင်စကားဆိုနေသော ချစ်ရသူ၏စကားကိုဖြတ်ကာ စျာန်ပြောလိုက်သည်။

" မောင်ဘာမှမဖြစ်တာမို့ ငယ်မငိုနဲ့တော့နော် "

အခန်းအပြင်ကနေကြည့်နေသောသူငယ်ချင်းတွေမှာ ပိုးရဲ့အရင်လိုပုံစံမျိုးကိုပြန်တွေ့ရတာကြောင့် ခုမှပဲစိတ်အေးရတော့သည် ။

21/3/22
14/6/22(Edit Date)

ေဆး႐ုံတစ္ခု၏VIP room တြင္ ကုတင္ထက္လဲေလွာင္းေနေသာ လူနာတစ္ဦးရွိသလို လူနာ၏ေဘးတြင္ထိုင္ကာ ပုဝါျဖဴကိုေရစိမ္ကာညွစ္ၿပီး လူနာ၏လက္ေခ်ာင္းေလးေတြကိုပြတ္သုတ္ေပးေနရင္း မ်က္ရည္ေတြက်ေနတဲ့အမ်ိဳးသားငယ္တစ္ဦး ။ သူ႕ကိုၾကည့္ရသည္မွာ အလြန္ကိုပူေဆြးဝမ္းနည္းေနဟန္ျဖစ္ၿပီး အိပ္ေရးပ်က္ညေတြမ်ားေနတာေၾကာင့္ မ်က္ကြင္းေတြညိုကာ နဂိုထက္ပိုပိန္လာၿပီး အလြန္ကိုအားပ်က္ေနဟန္ပုံေပၚသည္ ။

ပိုး ေမာင့္ကိုေရဝတ္တိုက္ေပးေနရင္း အရင္အခ်ိန္ေတြကိုလြမ္းမိသည္ ။ အရင္ကေဘးကေနတီတီတာတာေျပာတတ္တဲ့ေမာင့္စကားေတြကိုနားေယာင္ကာ မ်က္ရည္ကက်လာျပန္သည္ ။ ဒီေန႕နဲ႕ဆို ေမာင္သတိမရတာ၉ရက္ရွိၿပီျဖစ္သည္ ။

ဒီ၉ရက္အတြင္းမွာ ေရခ်ိဳးခ်ိန္ပဲအိမ္ျပန္ၿပီး စားေသာက္ၿပီးသည္ႏွင့္ ေဆး႐ုံမွာသာအခ်ိန္ကုန္ေစကာ ေမာင္သတိရလာမည့္အခ်ိန္ကိုေစာင့္ေနမိသည္ ။ ေမာင့္ေမေမတို႔ကအနားယူဖို႔ေျပာေပမယ့္လဲ ပိုးကနားမေထာင္တာေၾကာင့္ ေနာက္ဆုံးမွာလက္ေလွ်ာ့သြားၾကသည္ ။

ေမာင့္ရဲ႕လက္ဖဝါးျပင္က်ယ္ကို ပိုး၏လက္ေသးေသးေလးႏွစ္ဖက္ႏွင့္အုပ္ကိုင္ကာ စကားေတြေျပာေနမိသည္ ။

" ေမာင္လူဆိုးေကာင္ ငယ့္ကိုအၾကာႀကီးပစ္ထားတယ္ အရင္လိုေဘးကေနတီတီတာတာေလးေတြလာေျပာပါဦး "

ေျပာေနရင္းပိုးမထိန္းနိုင္စြာေမာင့္ေဘးကေနရာလြတ္မွာေခါင္းေမွာက္ၿပီး ငိုခ်ပစ္လိုက္သည္ ။

" ေမာင္ေျပာေတာ့ငယ္ကေမာင့္အပိုင္ဆို ငယ့္ခြင့္ျပဳခ်က္မရွိပဲခုလိုအၾကာႀကီးအိပ္ေပ်ာ္ေနရင္ ေမာင့္ကိုတကယ္စိတ္ဆိုးမိေတာ့မယ္ "

" သတိရလာပါေတာ့ေမာင္ရယ္ ငယ့္ကိုတကယ္ခ်စ္ရင္ေမာင္ျမန္ျမန္သတိရလာပါေတာ့... ဟင့္ "

.
.
.

နီယံနဲ႕အာကာအျပင္ဘက္ကေနပိုးကိုၾကည့္ကာစိတ္မေကာင္းေပ ။ သူငယ္ခ်င္းျဖစ္သူခံစားေနရတာကိုၾကည့္ၿပီး နီယံပါမ်က္ရည္က်မိသည္ ။

" ငိုမေနနဲ႕ေလခင္ဗ်ားရာ "

အာကာ နီယံ့ပါးျပင္ေပၚကမ်က္ရည္ေတြကိုသုတ္ေပးကာ ရင္ခြင္ထဲထည့္ကာဖက္ထားလိုက္ၿပီး ေက်ာျပင္ကိုပြတ္သပ္ကာ ေခ်ာ့ျမဴလိုက္သည္ ။

အာကာ့ေပြ႕ဖက္မႈကိုနီယံမ႐ုန္းဖယ္မိပဲ ရင္ခြင္ထဲဝင္ကာငိုမိသည္ ။

" ၾကာရင္ပိုးလဲသြားလိမ့္မယ္ "

" ဟုတ္တယ္ အဲ့တာေၾကာင္ခင္ဗ်ားေျဖာင္းဖ်ၾကည့္ပါလား "

" ေျပာလို႔မရဘူး ခုခ်ိန္မွာသိၾကားမင္းဆင္းတားေတာင္ရမွာမဟုတ္ဘူး ပိုးကတအားေခါင္းမာတာ စ်ာန္ျမန္ျမန္သတိရလာဖို႔ပဲဆုေတာင္းရမယ္ "

" အင္း "

႐ႊန္း ပိုးအတြက္ၾကက္စြပ္ျပဳတ္လုပ္လာခဲ့ၿပီး တစ္လုံးခ်ိဳင့္ေလးဆြဲကာ ေဆး႐ုံေလွ်ာက္လမ္းအတိုင္းေလွ်ာက္လာၿပီး စ်ာန့္အခန္းနားေရာက္ခါနီးမွ ျမင္ေနရတဲ့ျမင္ကြင္းေၾကာင့္ နီယံတို႔အနားကိုသြားလိုက္ကာ

" နီယံ "

႐ႊန္းအသံၾကားမွ ရွက္ရွက္ျဖင့္ရင္ခြင္ထဲမွထြက္ကာ မ်က္ရည္ေတြကိုသုတ္လိုက္ၿပီး ႐ႊန္းဘက္ကိုလွည့္လိုက္ကာစကားျပန္ေျပာလိုက္သည္ ။

" ေအာ္ ေရာက္ၿပီလား႐ႊန္း "

" အင္း "

အခန္းထဲက႐ႊန္းကိုတစ္ခ်က္ၾကည့္ကာ သက္ျပင္းခ်လိဳက္ၿပီး က်ခ်င္ခ်င္ျဖစ္ေနသည့္မ်က္ရည္စေတြကို မ်က္ေတာင္ျဖင့္ပုတ္ခတ္ပုတ္ခတ္လုပ္လိုက္သည္ ။

" ပိုးကိုဘယ္လိုစကားမ်ိဳးနဲ႕ႏွစ္သိမ့္ေပးရမွန္းေတာင္မသိေတာ့ဘူး ပိုးတအားခံစားေနရမွာ "

" ငါတို႔ဘက္ကတတ္နိုင္သေလာက္လုပ္ေပး႐ုံေပါ့ဟာ လာ အထဲသြားရေအာင္ "

" အင္း "

႐ႊန္းနဲ႕နီယံအထဲဝင္သြားကာ ပိုးေဘးနားမတ္တပ္ရပ္ကာ ပိုးပုံစံကိုၾကည့္ၿပီး စိတ္ထဲဘယ္လိုမွေနလို႔မေကာင္းေတာ့ ။ ထိန္းထားသည့္ၾကားမွ႐ႊန္းမ်က္ရည္က်လာကာ မရွိုက္မိေအာင္အံကိုတင္းတင္းႀကိတ္ရင္း မ်က္ရည္ေတြသုတ္ပစ္လိုက္ကာ ပိုးပခုံးကိုကိုင္လိုက္ၿပီး ေခၚလိုက္သည္ ။

" ပိုး စြပ္ျပဳတ္ေသာက္ရေအာင္ေနာ္ "

ထိုအခါမွ ပိုးေခါင္းေထာင္လာကာ မ်က္ရည္ေတြသုတ္လိုက္ၿပီး သူငယ္ခ်င္းေတြဘက္လွည့္ကာ စကားျပန္ေျပာလိုက္သည္ ။

" အင္း ေရာက္လာၿပီလား "

" ပိုး "

" ဟင္ "

ေျပာလို႔မရမွန္းသိေပမယ့္လည္း ႐ႊန္းထပ္ၿပီးေျဖာင္းဖ်ၾကည့္ဖို႔ႀကိဳးစားခ်င္သည္ ။ ယခု ပိုးပုံစံမွာ အိပ္ေရးပ်က္ညေတြမ်ားေနတာေၾကာင့္ မ်က္ကြင္းေတြညိုကာ ငိုထားရလြန္း၍ မ်က္လုံးေတြမို႔အစ္ေနေလသည္ ။ ၉ရက္အတြင္းမွာသိသိသာသာပိန္သြားၿပီး ပုံစံမွာအားအင္ျပတ္လတ္ေနမွန္းသိသာသည္ ။

" တစ္ရက္ေလာက္အိမ္မွာေအးေဆးျပန္နားေနပါလားဟင္ ဒီပုံစံအတိုင္းဆိုရင္စ်ာန္သတိမရခင္ ပိုးလဲသြားလိမ့္မယ္ "

" ဟင့္အင္း ငါမျပန္ဘူး ေမာင္သတိျပန္ရလာတဲ့အခါ အရင္ဆုံးငါ့ကိုေတြ႕ခ်င္မွာ ခုလိုျဖစ္ရတာလဲ ငါ့ေနာက္လိုက္လာရင္းျဖစ္ရတာ "

" ဟင္း စ်ာန္သတိရလာလို႔ နင့္ပုံစံကိုေတြ႕ရင္သူစိတ္ေကာင္းမွာမဟုတ္ဘူး သူကနင့္ကိုအရမ္းခ်စ္တာေလ "

႐ႊန္းစကားေၾကာင့္ ပိုးေတြေဝသြားကာ ခဏေတာ့ၿငိမ္သြားမိသည္ ။

' ဟုတ္တယ္ ေမာင္ကငယ့္ကိုအရမ္းခ်စ္တာ ဒီပုံစံကိုသာေတြ႕သြားခဲ့မယ္ဆိုရင္ သူ႕ေၾကာင့္ဆိုၿပီးအျပစ္တင္ေနအုံးမွာလား '

ပိုးရဲ႕ၿငိမ္ေနပုံေထာက္ရင္ ဒီတခါေျပာတာ အရာေရာက္သည္ထင္ နီယံ့ကိုၾကည့္လိုက္ေတာ့ အၾကည့္ခ်င္းဆုံကာ ၿပဳံးၿပီးလက္မေထာင္ျပေတာ့ ႐ႊန္းလဲေခါင္းၿငိမ့္ျပကာ ပိုးကိုဆက္ေျပာလိုက္သည္ ။

" သူ႕ေၾကာင့္ပဲနင္အႏၱရာယ္ဇုန္ထဲေရာက္ခဲ့ရတယ္ ထပ္ၿပီး သူ႕ေၾကာင့္ပဲဒီလိုပုံစံျဖစ္သြားတယ္ဆိုရင္ "

" အင္း ငါအိမ္ျပန္မယ္ "

႐ႊန္းစကားမဆုံးခင္ ပိုး ၾကားျဖတ္ကာေျပာလိုက္သည္ ။ ေမာင္စိတ္ဆင္းရဲရမည္ကို ထပ္ၿပီးမၾကားလိုေတာ့ၿပီ ။ ဒါေၾကာင့္ အိမ္ျပန္အနားယူဖို႔ကို ဒီတခါမွာပိုးလက္ခံလိုက္သည္ ။

" ဒါဆို ခုပဲ႐ႊန္းနဲ႕အတူျပန္လိုက္ေတာ့ေနာ္ "

နီယံ့စကားေၾကာင့္ ပိုး ႏွာေခါင္းရႈံ႕လိုက္သည္ ။ လူကိုညေနထိေတာင္ ေပးမေနပဲခ်က္ခ်င္းကိုျပန္လႊတ္ေနေတာ့ပါပဲ ။

" ဘာလို႔လဲ ညေနမွျပန္မယ္ေလ "

" လိမၼာပါတယ္ ပိုးေလးရယ္ ခုျပန္ရေအာင္ေနာ္ အခ်ိန္အၾကာႀကီးအနားယူဖို႔လိုတယ္ေလ "

႐ႊန္းရဲ႕စကားကိုနီယံကပါေထာက္ခံသည္ ။

" ဟုတ္တယ္ ပိုး အနားယူသင့္တယ္ "

" အင္းပါ ပိုးျပန္ပါ့မယ္ "

သူငယ္ခ်င္းေတြႏွင့္စကားေျပာၿပီး ေမာင့္ဘက္ကိုလွည့္ကာ ႏွာဖူးထက္အနမ္းတစ္ပြင့္စြန့္ႀကဲၿပီး ေမာင့္ကိုႏႈတ္ဆက္စကားဆိုလိုက္သည္ ။

" ငယ္အိမ္ခဏျပန္လိုက္အုံးမယ္ ေမာင္ျမန္ျမန္သတိရလာေပးရမယ္ေနာ္ ေမာင္သတိရလာတဲ့အခါေမာင့္ကိုဘယ္ေလာက္လြမ္းေၾကာင္း ေမာင့္ကိုဘယ္ေလာက္ထိခ်စ္ျမတ္နိုးသလဲဆိုတာကိုေျပာျပမွာမို႔ ငယ့္ရဲ႕အၾကင္နာအနမ္းနဲ႕အတူေမာင္အျမန္ဆုံးသတိရလာပါေစ မြ "

ေမာင့္ကိုႏႈတ္ဆက္ၿပီး သူငယ္ခ်င္းေတြဘက္ျပန္လွည့္ကာ နီယံနဲ႕အခန္းျပင္ကအာကာကိုပါႏႈတ္ဆက္ခဲ့ၿပီး ႐ႊန္းႏွင့္အတူ တကၠစီဌားကာအိမ္ျပန္လာခဲ့လိုက္သည္ ။

............

အျဖဴေရာင္လြင္ျပင္ႀကီးထဲ စ်ာန္တစ္ေယာက္လမ္းေလွ်ာက္လာခဲ့ရင္း လမ္းဆုံတစ္ခုတြင္ ဘယ္လမ္းကိုေကြ႕ရမွန္းစဥ္းသားရခက္ေန၏ ။ ထိုစဥ္အသံတစ္သံထြက္ေပၚလာခဲ့သည္ ။ လူအရိပ္လဲမျမင္ရသလို ဘာေျပာလိုက္သလဲဆိုတာကိုလဲ ရွင္းရွင္းလင္းလင္းမၾကားလိုက္ရေပ ။

" ဘယ္သူရွိလဲ ကြၽန္ေတာ့္ကိုကူညီပါအုံး ကြၽန္ေတာ္ဘယ္လမ္းသြားရမွန္းမသိဘူးျဖစ္ေနတယ္ "

တစ္ဖက္လူဆီမွအေျဖျပန္မလာခင္ လမ္းတစ္ဖက္မွ ဆူညံသံတခ်ိဳ႕ကိုၾကားေနရတာေၾကာင့္ စ်ာန္ ေခါင္းကိုက္လာသည္ ။ ေနရာမွာတင္ ဒူးေထာက္ကာ နားထင္ကိုဖိပြတ္ရင္း ဦးႏွောက္ကိုအလုပ္ေပးရသည္ ။ ထိုစဥ္ ေနာက္ထပ္အသံတစ္ခုထပ္ထြက္ေပၚလာသည္ ။ ယခုအခါၾကားရသည့္အသံမွာ ပထမတစ္ခါၾကားရသလို ဆူညံမေနပါပဲ မူးေနာက္ေနာက္ျဖစ္ေနသည့္အာ႐ုံကို ၾကည္လင္လန္းဆန္းေစကာ အသံေလးကေအးခ်မ္းကာနားဝင္ပီယံရွိလွသည္ ။ ဒီအသံကို စ်ာန္ ၾကားဖူးသလိုလိုရွိေနတာေၾကာင့္ ဦးႏွောက္ကိုခဏအလုပ္ေပးကာ အေၾကာင္းအရာေတြကို ဆက္စပ္ေတြးေတာၾကည့္သည္ ။

ထိုစဥ္ ကားaccidentမျဖစ္ခင္ကအခ်ိန္ေတြ ေခါင္းထဲတရိပ္ရိပ္ျပန္ေပၚလာကာ အရင္ဦးဆုံးငယ့္ဆီသြားတယ္ ငယ့္ကိုမေတြ႕ေတာ့၍ငယ့္ေနာက္လိုက္ရာကေန ကားaccidentျဖစ္တယ္ဆိုတာကေခါင္းထဲအႏွေးကြက္ျပသလိုတစ္ကြက္ခ်င္းျပန္ေပၚလာသည္ ။

" ေမာင္ျမန္ျမန္သတိရလာေပးရမယ္ေနာ္ ေမာင္သတိရလာတဲ့အခါ ေမာင့္ကိုဘယ္ေလာက္လြမ္းေၾကာင္း ေမာင့္ကိုဘယ္ေလာက္ထိခ်စ္ျမတ္နိုးရသလဲဆိုတာကိုေျပာျပမွာမို႔ ငယ့္ရဲ႕အၾကင္နာအနမ္းနဲ႕အတူ ေမာင္အျမန္ဆုံးသတိရလာပါေစ "

" ေမာင္ေျပာေတာ့ငယ္ကေမာင့္အပိုင္ဆို ငယ့္ခြင့္ျပဳခ်က္မရွိပဲ ခုလိုအၾကာႀကီးအိပ္ေပ်ာ္ေနကင္ငယ္တကယ္စိတ္ဆိုးမိေတာ့မယ္ "

" သတိရလာပါေတာ့ေမာင္ရယ္ ငယ့္ကိုတကယ္ခ်စ္ရင္ ေမာင္ျမန္ျမန္သတိရလာပါေတာ့....ဟင့္ "

နားထဲသို႔တိုးဝင္လာေသာ ေအးခ်မ္းတဲ့ငယ့္အသံေလး တစ္ဖက္ကဆူဆူညံညံအသံေတြကပိုၿပီးက်ယ္ေလာင္လာကာ တဖန္ျပန္လည္ၿပီးေခါင္းေတြကိုက္ခဲလာသည္ ။ ထိုစဥ္ ထပ္ၿပီးၾကားလိုက္ရတဲ့ ငယ့္ရဲငိုသံေၾကာင့္ ဘယ္ဘတ္ရင္အုံမွဆစ္ခနဲနာက်င္သြားကာ မ်က္လုံးကိုစုံမွိတ္လိုက္ၿပီး ငယ့္အသံကိုအာ႐ုံစိုက္နားေထာင္လိုက္သည္ ။ ငယ့္ရဲ႕ရွိုက္ငိုသံကိုရွင္းရွင္းလင္းလင္းၾကားလိုက္ရတဲ့အခါ စ်ာန္ေနရာမွထကာ ဘယ္ဘက္လမ္းကိုေျပးဝင္သြားၿပီး ေျပးရင္းေျပးရင္းလမ္းကမဆုံးနိုင္ပဲ ျမဴေတြၾကားေပ်ာက္သြားသည္ ။

..............

ေနာက္တေန႕မနက္တြင္

ဝသုန္ အာကာ နီယံ တို႔ သုံးေယာက္ေဆး႐ုံေစာင့္ေနစဥ္ တံခါးဖြင့္သံၾကားလို႔ လွည့္ၾကည့္လိုက္ေတာ့ စ်ာန့္မာမီႏွင့္ဒယ္ဒီ ။

၃ေယာက္သားေနရာမွထကာ လူႀကီးေတြကိုေနရာေပးလိုက္သည္ ။

" သားတို႔လဲပင္ပန္းေနၿပီ အိမ္ျပန္ၿပီးနားၾကအုံးေနာ္ အန္တီတို႔ေစာင့္လိုက္မယ္ "

" ဟုတ္ အန္တီ အဲ့တာဆိုသားတို႔ျပန္လိုက္ပါအုံးမယ္ "

" အင္း သားတို႔ "

" စ်ာန္ ငါတို႔အားလုံးမင္းကိုေမွ်ာ္ေနတယ္ ျမန္ျမန္သတိရလာေတာ့ မင္းျမန္ျမန္သတိမရလာရင္ မပိုးကိုတျခားသူေနာက္ထည့္ေပးလိုက္မွာ "

အာကာ့ရဲ႕႐ႊတ္ေနာက္ေနာက္စကားကို ဘယ္သူကမွအျပစ္မတင္ၾကေပ ။ စ်ာန့္ကိုႏႈတ္ဆက္ၿပီး ၃ေယာက္သားလွည့္ျပန္မည္အျပဳ ဝသုန့္စကားေၾကာင့္အကုန္လုံးစ်ာန့္အနားေရာက္သြားၾကသည္ ။

" စ်ာန္ စ်ာန္ လက္လႈပ္သြားတယ္ "

" ဟင္ တကယ္လား "

" ဟုတ္တယ္
ငါေသခ်ာေတြ႕လိုက္တယ္ "

စ်ာန့္ေမေမကေပ်ာ္လြန္း၍မ်က္ရည္က်လာသည္။ ဦးမင္းထက္က ဇနီးျဖစ္သူပုခုံးကိုကိုင္ကာႏွစ္သိမ့္ေပးလိုက္သည္ ။ အာကာကအေရးေပၚခလုတ္ကိုႏွိပ္ၿပီး ခဏအၾကာ ဆရာဝန္ႏွင့္nurseေလးေတြအေျပးေရာက္လာၾကသည္ ။

" ဆရာ ကြၽန္မသားအေျခေနေလးၾကည့္ေပးပါအုံး "

" စိုးရိမ္စရာေတာ့မရွိပါဘူး လူနာကသတိရလာေတာ့မွာပါ "

စ်ာန္သတိရေနေပမယ့္ အခန္းထဲမွာေျပာေနသည့္စကားသံေတြကိုအတိုင္းသားၾကားေနရသည္ ။ မ်က္လုံးကေတာ္ေတာ္ႏွင့္ဖြင့္လို႔မရေသးတာေၾကာင့္ အားယူကာျဖည္းျဖည္းခ်င္းဖြင့္လိုက္သည္ ။ မ်က္လုံးထဲ အလင္းေရာင္စူးခနဲဝင္ေရာက္လာတာေၾကာင့္ ခ်က္ခ်င္းျပန္ပိတ္လိုက္ကာ စကားေျပာဖို႔ အားယူၾကည့္ေပမယ့္ လည္ေခ်ာင္းထဲေျခာက္ကပ္လို႔ဘာအသံမွထြက္မလာ ။ ဒုတိယအႀကိမ္ ထပ္ႀကိဳးစားၿပီးမ်က္လုံးဖြင့္လိုက္ကာ အရင္ဆုံးရွာမိသည္ကခ်စ္ရပါေသာငယ္ ။ ငယ့္ကိုမေတြ႕တာေၾကာင့္ အားယူကာငယ့္နာမည္ကိုေခၚလိုက္သည္ ။

" ငယ္ "

ပထမတခါမွာ ဘယ္သူမွမၾကားေပ ။ ႀကိဳးစားၿပီး အသံထြက္ေအာင္ထပ္ေခၚလိုက္သည္ ။

" ငယ္ "

" စ်ာန္ သတိရလာၿပီ !  "

အာကာ့အသံေၾကာင့္ စကားေျပာေနသည့္ ဆရာဝန္ႏွင့္စ်ာန့္မာမီ ဒယ္ဒီတို႔ရဲ႕အာ႐ုံစ်ာန့္ဆီေရာက္လာကာ ဆရာဝန္ကစ်ာန့္ကိုေဆးစစ္ေနၿပီး က်န္လူေတြကေဘးကေနအေျခေနကိုၾကည့္ေနလိုက္သည္ ။

" ေရ "

ေရေတာင္းေသာက္တဲ့အခါ ဝသုန္မွ ဂြမ္းကိုေရစြတ္ကာႏႈတ္ခမ္းဟေစၿပီး ပါးစပ္ထဲထည့္ေပးလိုက္သည္ ။ သည္လိုပုံစံမ်ိဳးအႀကိမ္ႀကိမ္လုပ္ေပးၿပီးခ်ိန္မွာေတာ့ စ်ာန္အဆင္ေျပသြားသည္ ။

" သားသက္သာလား ဘယ္လိုေနေသးလဲ "

ဆရာဝန္ရဲ႕အေမးကို စ်ာန္လိမ္လိုက္ကာ ေခါင္းၿငိမ့္ျပလိုက္သည္ ။
။ နာက်င္မႈကိုလ်စ္လ်ဴရႈ႕ကာ ခ်စ္ရသူကိုမေတြ႕ေသး၍ေမးလိုက္သည္ ။

" ငယ္ "

" ဟုတ္သားပဲ ပိုးသိရင္ဝမ္းသာမွာဖုန္းဆက္လိုက္အုံးမယ္ "

ေျပာၿပီး နီယံကခ်က္ခ်င္းပဲဖုန္းထုတ္ကာ ပိုးဆီဖုန္းဆက္လိုက္သည္ ။ ခဏအၾကာဖုန္းကိုင္လာေတာ့ ပိုးအသံမွာသိသိသာသာမေကာင္းလွေပ ။ " စ်ာန္သတိရၿပီ " လို႔လဲ ေျပာလိုက္ေရာ အသံေတြတုန္ကာ " ခုခ်က္ခ်င္းလာခဲ့မယ္" ဆိုၿပီးဖုန္းခ်သြားေလသည္ ။

............

နီယံ့ဆီမွ ' ေမာင္သတိရလာၿပီ ' ဆိုေသာ သတင္းရရခ်င္း ေရေတာင္မခ်ိဳးနိုင္ပဲ အဝတ္အစားလဲကာ တကၠစီဌားၿပီး ေဆး႐ုံကိုထြက္လာခဲ့သည္ ။ မနက္ပိုင္း႐ုံးတတ္ခ်ိန္ျဖစ္တာေၾကာင့္ ကားလမ္းေတြပိတ္ကာ ခရီးၾကန့္ၾကာေနသည္ ။ ကားေပၚမွာဖင္တႂကြႂကြျဖင့္ ေရွ႕ကိုေမွ်ာ္ေမွ်ာ္ၾကည့္ရတာကအေမာ။ ဒါကို
ကားေမာင္းသူ ဦးေလးကသတိထားမိသည္ထင္ ေမးလာသည္ ။

" အေရးႀကီးလို႔လားသမီး သမီးကိုၾကည့္ရတာစိတ္ေလာေနသလိုပဲ "

" ဟုတ္တယ္ဦးေလး "

" အင္းအင္း ဦးေလးအျမန္ေမာင္းေပးမယ္ "

" ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ "

အခ်ိန္တစ္ခုၾကာၿပီးသည့္ေနာက္ ကားေလးဟာ ေဆး႐ုံေရွ႕ကိုဆိုက္ေရာက္လာၿပီး ေငြရွင္းကာ ပိုးေဆး႐ုံထဲအေျပးတစ္ပိုင္းျဖင့္ဝင္လာခဲ့သည္ ။ ေဆး႐ုံထဲဝင္လာသည့္လမ္းတစ္ေလွ်ာက္ လူေတြရဲ႕ကြက္ၾကည့္ကြက္ၾကည့္ကိုလည္းဂ႐ုမစိုက္အား ။ ေနာက္ဆုံးမွာ အေမာတေကာျဖင့္ စ်ာန့္ရဲ႕အခန္းေရွ႕ကိုေရာက္လာခဲ့ၿပီး အခန္းထဲကိုတန္းမဝင္နိုင္ေသးပဲ အခန္းေရွ႕မွာအေမာေျဖေနမိသည္ ။ ၿပီးမွ အခန္းတံခါးဖြင့္ကာ ေမာင့္အနားကိုအေျပးသြားလိုက္သည္ ။

အခန္းတံခါးဖြင့္သံေၾကာင့္ အခန္းထဲရွိလူအားလုံး၏အၾကည့္မွာ ဝင္လာသည့္သူထံတြင္ ။ အၿမဲတမ္းသနပ္ခါးလိမ္းကာေၾကာ့ေၾကာ့ေကာ့ေကာ့ေနတတ္သည့္ပိုးဟာ ခုခ်ိန္မွာ သနပ္ခါးေတာင္မလိမ္းနိုင္ပဲဖရိုဖရဲဆန္စြာ ။

အခန္းထဲဝင္လာၿပီး ဘယ္သူ႕ကိုမွအာ႐ုံမရပဲ စ်ာန့္ဆီကိုတစိုက္မတ္မတ္ေလွ်ာက္သြားသည့္ပိုးကိုၾကည့္ကာ အားလုံးပဲ အလိုက္တသိအခန္းထဲမွထြက္သြားၾကသည္ ။

" ေမာင္ သက္သာလားဟင္ "

အခန္းထဲဝင္လာကတည္းက ခ်စ္ရသူ၏ပုံစံကိုၾကည့္ျခင္းျဖင့္ မည္မွ်စိတ္ပူပန္ေနသလဲဆိုတာ ထင္ထင္ရွားရွား ။ ခ်စ္ရသူ၏အေမးကို
ၿပဳံးကာေခါင္းၿငိမ့္ျပလိုက္ၿပီး အနားကိုတိုးလာေစရန္ေခၚလိုက္သည္ ။  အနားေရာက္လာသည့္ငယ့္ကို ေရွ႕နည္းနည္းထပ္တိုးေစကာ ႏႈတ္ခမ္းခ်င္းဖိကပ္႐ုံမွ် ဖြဖြေလးအနမ္းေပးလိုက္သည္ ။ ထိုအခါ မ်က္လုံးေလးျပဴးက်ယ္သြားၿပီး ေၾကာင္ေတာင္ေတာင္ေလးၾကည့္ေနေသာခ်စ္ရသူကို ​သြားေပၚသည္အထိရယ္ျပလိုက္သည္ ။ ထိုအခါမွ သတိရကာ ဖယ္ခြာသြားၿပီး လက္ကေလးႏွင့္ႏႈတ္ခမ္းကိုအုပ္ကိုင္ကာ မ်က္လုံးေလးပုတ္ခတ္ပုတ္ခတ္လုပ္ေနပုံကအသည္းယားစရာ ။

ပိုး အနမ္းခံလိုက္ရၿပီး သတိလက္လြတ္ေမာင့္ကိုျပဴးၾကည့္ေနမိသည္ ။ သတိရလာမွေမာင့္အနားမွဖယ္လိုက္ၿပီး ရန္ေစာင္သလိုေလးမ်က္ေစာင္းထိုးလိုက္သည္ ။

" ခြင့္ျပဳခ်က္မရွိပဲအၾကာႀကီးအိပ္ေနၿပီး ခုမွခြင့္ျပဳခ်က္မေတာင္းပဲနမ္းျပန္ၿပီ ေမာင္ကတကယ့္လူဆိုးေကာင္ပဲ "

" ေမာင္လူဆိုးေလးကို ငယ္ကမခ်စ္ေတာ့ဘူးလား "

" ခ်စ္တာေပါ့ "

" ဒါဆိုေဆး႐ုံကဆင္းတာနဲ႕လက္ထပ္ရေအာင္ ေမာင္ ငယ့္ကိုစိတ္မခ်ေတာ့ဘူး "

" ေမာင္ကလဲ လက္ထပ္ဖို႔က်ငယ္ေသးတယ္ေလ "

" ငယ့္ရဲ႕ေမာင္ကေလ အသက္ငယ္ေပမယ့္ဘယ္ေလာက္ေတာ္လဲဆိုတာ ယူၿပီးရင္ငယ္သိလိမ့္မယ္ ေနာ္ ေနာ္ ေနာ္ လက္ထပ္ၾကရေအာင္ေနာ္ "

' အာ လူဆိုးေကာင္ စကားကိုဘယ္လိုေျပာေနတာလဲမသိဘူး '

" ဒါမယ့္ ေမေမ့ကိုဘာမွမေျပာရေသးဘူး

" ငယ့္ေမေမကတစ္နည္းမဟုတ္တစ္နည္းနဲ႕သိေနေလာက္ၿပီ သေဘာတူလက္ခံလာေအာင္ေမာင္ကႀကိဳးစားမွာမို႔ ငယ္ကေခါင္းေလးတစ္ခ်က္ၿငိမ့္႐ုံပဲ "

" ခဏေလးေနပါအုံး သတိရတာနဲ႕မဂၤလာေဆာင္ဖို႔တန္းေျပာတာပဲ ဟြန့္ "

" ငယ္ဝင္လာကတည္းကေမာင့္ေရာဂါတစ္ဝက္ေလာက္သက္သာေနပါၿပီ

" အပိုေတြ "

" ပိုလားမပိုလား လက္ထပ္ဖို႔ေျပာတာကိုပဲၾကည့္ေလ "

" ေက်းဇူးတင္ပါတယ္ေမာင္။တကယ္ကိုေက်းဇူးတင္ပါတယ္။ေမာင္သာတစ္ခုခုျဖစ္သြားရင္ "

မ်က္ရည္ေတြက်ရင္း ေက်းဇူးတင္စကားဆိုေနေသာ ခ်စ္ရသူ၏စကားကိုျဖတ္ကာ စ်ာန္ေျပာလိုက္သည္။

" ေမာင္ဘာမွမျဖစ္တာမို႔ ငယ္မငိုနဲ႕ေတာ့ေနာ္ "

အခန္းအျပင္ကေနၾကည့္ေနေသာသူငယ္ခ်င္းေတြမွာ ပိုးရဲ႕အရင္လိုပုံစံမ်ိဳးကိုျပန္ေတြ႕ရတာေၾကာင့္ ခုမွပဲစိတ္ေအးရေတာ့သည္ ။

21/3/22
14/6/22(Edit Date)

Continue Reading

You'll Also Like

228K 34.7K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
308K 11.3K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
6.2K 486 40
အရောင်တွေကင်းမဲ့တဲ့ ဖယောင်းတိုင်လေးမှာ တစ်သက်တာထာဝရ ကိုယ့်အချစ်မီးစာလေး ထွန်းညှိလို့ထားချင်သည်... Main character-ပိုင်စိုးသူ❤ဖယောင်းဖြူ A/N:Ukeအလှလေး...
399K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...