Epi 25

8.7K 686 35
                                    

အချိန်တွေတဖြည်းဖြည်းနဲ့ကုန်ဆုံးလာလိုက်တာ အခုဆိုရင် စျာန်တို့စာမေးပွဲဖြေဆိုရန် အချိန်တစ်လသာလိုတော့သည် ။ ဒီကြားထဲမှာ ပိုးကချော့တစ်ခါခြောက်တစ်လှည့်နှင့်စျာန့်ကိုစာသင်ရသည် ။ စျာန်ဆိုတာ တင်းလွန်းလို့လဲမရသလို ၊ လျှော့လွန်းလို့လဲမဖြစ်တဲ့သူမျိုး အခွင့်အရေးကိုရရင်ရသလိုယူတတ်သေးသည့်လူဆိုးကောင် ။

ဒီကြားထဲမှာ ထက်မြတ်နဲ့စျာန့်ကြား ခေါင်းကိုက်ရသူမှာပိုးပင်ဖြစ်သည် ။ ကျောင်းတော်ကတည်းကမတည့်ကျသူတွေက ခုထိမပြီးနိုင်မစီးနိုင်ရှိနေသေးသည် ။ ပိုးစကားကနှစ်ယောက်လုံးအပေါ်ထိရောက်မှုရှိပေမယ့် ပိုးရှေ့တွင်သာ ။ ပိုးကွယ်ရာရောက်သည်နှင့် မတည့်ကြတော့သည်ကို ပိုးသိသည် ။

ဒီနေ့ညီမလေးသွဲ့ကစာမေးပွဲပြီး၍ အိမ်ပြန်လာတော့မည်ဖြစ်တာကြောင့် မီးဖိုချောင်ဝင်ကာ ညီမလေးကြိုက်တတ်သည့်ဟင်းလျာတွေကို ချက်ပြုတ်ပြင်ဆင်နေမိသည် ။

" ပိုးရေပိုး "

အိမ်နောက်ဖေးမှာဟင်းချက်နေတုန်း အိမ်ရှေ့ကနေအော်ခေါ်နေတဲ့ ရွှန်းရဲ့အသံကြောင့် ပိုးအိမ်ရှေ့ထွက်လာတော့ ဧည့်ခန်းထဲထိုင်နေတဲ့ နီယံနဲ့ရွှန်း ။ ပိုးလဲဧည့်ခန်းထဲကခုံလွတ်တွင်ဝင်ထိုင်ကာ လာရင်းကိစ္စကိုမေးလိုက်သည် ။

" စောစောစီးစီးဘာဖြစ်လာကြတာလဲ "

" ဘာဖြစ်ရမလဲ ငါတို့အောင်စာရင်းတွေထွက်ပြီအဲ့တာလာပြောတာ "

ရွှန်းဆီက အောင်စာရင်းဆိုသောအသံကြောင့် ပိုးရင်ခုန်လာသည် ။ ဖြေနိုင်သည်ဆိုပေမယ့်လဲ ကြောက်တော့ကြောက်နေမိသည် ။

" ငါတို့သုံးယောက်လုံးအောင်တယ်မလားဟင် "

" အောင်တာပေါ့ဟ ငပျင်းမရွှန်းတောင်အောင်သေးတာပဲကို "

နီယံ့အပြောကြောင့် ရွှန်းကနီယံ့ကိုမျက်စောင်းထိုးလိုက်သည် ။

" ငါကပျင်းပေမယ့်ဉာဏ်ကောင်းတယ် သဘောပေါက်ချောကလက်ကောင် "

" နင့်ဘိုးအေချောကလက်ကောင်ပါလား "

" ငါခေါ်ရင်မကြိုက်ချင်ဘူး လင်ခေါ်ရင်ပီတိတွေဖြာပြီး အီးအီးတွေပါနေလိုက် "

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now