Epi 31

8.8K 669 30
                                    

မနက်စောစောစီးစီးဖုန်းဆက်ကာ တွေ့ရအောင်ချိန်းပြီး မလာရင်အိမ်ထိလိုက်လာမည်ဆိုသော အာကာ့ရဲ့ခြိမ်းခြောက်စကားကြောင့် နီယံ့မှာလာရသည် ။ ရည်းစကားပြောထားပြီး နူးနူးညံ့ညံ့မရှိပါပဲ လူကိုခြိမ်းလားခြောက်လားလုပ်နေသည့်သကောင့်သားကို ဘယ်လိုများရည်းစားတော်ရမလဲ စဥ်းစားလို့မရ ။

ဆိုင်ရောက်တော့လဲလူကအူကြောင်ကျား ။ ဒီလိုစျေးကြီးတဲ့ ဆိုင်ကြီးဆိုင်ကောင်းကိုတစ်ခါမှမထိုင်ဖူးတာကြောင့် ဝတ်လာသည့်အဝတ်အစားနှင့် တစ်မျိုးဖြစ်ကာ တခြားသူတွေကိုကြည့်ပြီး တခါမှမသိမ်ငယ်ဖူးသည့်စိတ်ကလေးဝင်လာမိသည် ။

ဒါကိုပင် ဆိုင်ရှေ့မှာထွက်မစောင့်တဲ့အာကာ့ကို ပိုပြီးစိတ်တိုဒေါသဖြစ်မိသည် ။ ဆိုင်ထဲဝင်ကာ ရှာကြည့်တော့ ထောင့်စွန်းဝိုင်းမှာ မင်းသားရှုံးအောင်ပြင်ဆင်ခြယ်သလာတဲ့အာကာ့ကိုကြည့်ကာ ကိုယ့်ကိုကိုယ်ပြန်ငုံ့ကြည့်မိသည် ။ တဆက်တည်းမှာပဲ တော်တော်ထောင့်ကြိုက်သည့်ကောင်ဟု မှတ်ချက်ပေးမိသည် ။

ဆိုင်ထဲဝင်လာကတည်းက ပုဆိုးနှင့်ရှပ်လက်ရှည်အပြာနုရောင်ဝတ်ဆင်လာသည့် အကို့ကိုတွေ့ပေမယ့် မသိချင်ယောင်ဆောင်ကာဖုန်းပွတ်နေလိုက်သည် ။ ရင်ထဲမှာအမြဲခေါ်နေမိတဲ့နာမ်စားလေးကိုအပြင်မှာတော့ထုတ်မခေါ်မိ ။ ဒီလိုလေး တွေ့လိုက်တာနဲ့ရန်ဖြစ်နေရတာကိုက ပျော်စရာကောင်းနေပြီဖြစ်သည် ။ ချောကလက် ချောကလက်ဆိုပြီး ဘယ်တော့မှမကြိုက်ဘူးကြွေးကြော်ထားကာမှ ဘယ်ကဘယ်လိုဒီလိုအရိုင်းအစိုင်းကိုချစ်မိသွားသည်မသိ ။

မိမိရှေ့မှာဝင်ထိုင်မှ အာကာဖုန်းကိုဘေးချကာ စကားပြောလိုက်သည် ။

" ခင်ဗျားကလဲနောက်ကျလိုက်တာ "

ရောက်လာကတည်းကစကားအကောင်းမပြောပဲ ချိန်းထားသည့်ကြားကမရောက်ရောက်အောင်လာခဲ့သူကို အရင်ဆုံးဆောက်နဲ့ထွင်းချလိုက်သည့်အာကာ့ကို နီယံရန်စောင်ကြည့်လိုက်သည် ။

" မင်းကခြိမ်းလားခြောက်လားလုပ်လို့ငါရောက်အောင်လာခဲ့တာ ဒီလိုဆိုင်မျိုးငါတစ်ခါမှမရောက်ဖူးဘူး မနည်းရှာပြီးလာခဲ့ရတာကိုငါ့ကို​သောက်ပြစ်မပြောနဲ့ "

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now