Epi 16

9.5K 785 10
                                    

ပိုးတို့တွေဆေးရုံရောက်လာမှ နီယံလည်းစိတ်သက်သာရာရတော့သည် ။ ဒါတောင်ဝသုန်ကသူ့သူငယ်ချင်း ခုလိုဖြစ်တာသူ့ကြောင့်ဆိုပြီး ရောက်လာကတည်းကနီယံ့ကိုပြဿနာရှာနေတာ စျာန်ကတစ်နေရာကိုခေါ်ထုတ်သွားပေးသည် ။ ဝသုန်ပြောတာလဲမှန်နေတာကြောင့် နီယံငြိမ်နေရုံသာတတ်နိုင်တော့သည် ။ ဒဏ်ရာသိပ်မပြင်းထန်တာကြောင့် ဆေးထည့်ပေးပြီးပြန်လို့ရသည်အဆင်ပြေသည်ပြောသော်လည်း အာကာကခေါင်းမာကာတစ်ညအိပ်မယ်ချည်းလုပ်နေသည် ။ သူများတွေကဆေးရုံမတတ်ချင်လို့ အသည်းအသန်ငြင်းနေချိန်အာကာကတော့ ခေါင်းမူးနေသေးသည်ဟုအကြောင်းပြကာ တစ်ညအိပ်မှဖြစ်မည်တဲ့လေ ။

" ငါတကယ်အဆင်မပြေဘူး တစ်ညတော့ဆေးရုံမှာနေမှရမှာ "

" ဒီမှာဆိုမင်းတစ်ယောက်ထဲ အိမ်ပဲပြန်လိုက်ပါ  သူငယ်ချင်းတွေလဲရှိတော့တ​စ်
ခုခုဆိုကူညီပေးလို့ရတယ်လေ "

သူတို့နှစ်ယောက်ငြင်းခုန်နေတာကို ပိုးနဲ့ရွှန်းကဘာမှမပြောပဲ ဘေးကနေသာရပ်ကြည့်နေသည် ။ ထိုစဥ် ဝသုန်နဲ့စျာန်ကပြန်ဝင်လာပြီး ဘာတွေဖြစ်နေမှန်းသေချာမသိတာကြောင့်ဝသုန်ကမေးလိုက်သည် ။

" ဘာလို့လဲအာကာ မင်းနေရတာအဆင်မပြေဘူးလား "

" မပြေဘူးကွာ ငါကခေါင်းထဲမူးနောက်နောက်ဖြစ်နေသေးတယ် အဲ့တာကြောင့်ဆေးရုံမှာတစ်ညအိပ်မှရမယ်ပြောတာ အဲ့တာကိုလက်မခံပဲအိမ်ပြန်ဖို့ချည်းပြောနေတယ် "

အာကာ့စကားဆုံးတော့ဝသုန်က နီယံ့ကိုစူးစိုက်ကြည့်သည် ။

" ခုနကဆရာဝန်ပြောတာတော့အိမ်ပြန်အနားယူလဲအဆင်ပြေတယ်တဲ့ "

" ဆရာဝန်ကအဆင်ပြေတယ်ပြောတာနဲ့ခင်ဗျားကလက်ခံတယ်ပေါ့ ကာယကံရှင်ကအဆင်မပြေဘူးပြောနေတာတောင်မှလေ ခင်ဗျားတော်တော်တာဝန်မဲ့တာပဲ "

သူတို့ဘက်ကသူငယ်ချင်းကဝင်ပါလာပြီး လွန်လာတာကြောင့် ရွှန်းကလည်းငြိမ်မနေတော့ပဲဝင်ပြောလာတော့သည် ။

" နီယံသာတာဝန်မဲ့ရင်နင့်သူငယ်ချင်းကိုဆေးရုံတောင်ခေါ်မလာဘူး ငါ့သူငယ်ချင်းကဘယ်တော့မှလူတစ်ဖက်သားကိုနာကျင်အောင်မလုပ်ဘူး ခုလိုဖြစ်တာကလဲနင်တို့သူငယ်ချင်းလွန်လာလို့စိတ်ဆိုးပြီးဆိုင်ကယ်မောင်းထွက်သွားတာ အေး ခုအိမ်ပြန်ဖို့ပြောတယ်ဆိုတာကလည်း သူ့ကိုအေးအေးဆေးဆေးအနားယူစေချင်လို့စေတနာနဲ့ပြောတာ "

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now