Epi 28

8.1K 635 2
                                    

ဒီနေ့စျာန်တို့စာမေးပွဲဖြေပြီးသွား၍ နောက်ရက်တွေမှဲ့ညိုလေးနဲ့ နေ့တိုင်းတွေ့ခွင့်ရပြီဖြစ်သည် ။ ဒီနေ့ညကိုတော့ အာကာတို့နဲ့ Club မှာချိန်းထားတာကြောင့် မှဲ့ညိုလေးဆီမသွားနိုင်ပဲရှိလေသည် ။

စျာန်အောက်ထပ်ဆင်းလာတော့ ဒယ်ဒီနဲ့မာမီကဧည့်ခန်းထဲမှာထိုင်ကာ TV ကြည့်နေကြသည် ။ ဧည့်ခန်းထဲမဝင်တော့ပဲ အိမ်ရှေ့တန်းထွက်မလို့ ခြေလှမ်းပြင်တုန်းရှိသေး ဒယ်ဒီ့ရဲ့အခေါ်ကြောင့် စျာန်ဧည့်ခန်းဘက်ကိုဦးတည်ချက်ပြောင်းရသည် ။ ခုံလွတ်မှာဝင်ထိုင်ပြီး ပျင်းတိပျင်းရွဲဖြင့် ခြေလျှောထိုင်ကာ ဒယ့်ဒီဘာပြောလာမလဲနားထောင်နေလိုက်သည် ။

" အမဲကောင် "

" သားနားထောင်နေပါတယ် "

" မင်းဘာဆက်လုပ်မယ်စိတ်ကူးထားလဲ "

" စိတ်ကူးထားတာတွေကတော့များတယ် ပထမဆုံးစလုပ်ရမှာက မှဲ့ညိုလေးပြန်ချစ်လာအောင်ပဲ "

" မင်းကိုငါအလုပ်ကိစ္စပြောနေတာလေ ဟေ့ကောင် "

" ဒယ်ဒီရယ်အေးဆေးပေါ့ ခုမှစာမေးပွဲပြီးတာကို မှဲ့ညိုလေးဆီကအဖြေရအောင်ကြိုးစား
ပါရစေအုံး အလုပ်ကမသေမချင်းလုပ်ရမှာ ခုမှဲ့ညိုလေးသူများနောက်မပါအောင်အရင်လုပ်လိုက်အုံးမယ် "

ဦးမင်းထက်ထပ်ပြောရန်ပြင်တုန်းရှိသေး ဇနီးဖြစ်သူဝင်ပြောလာတာကြောင့် ဘာမှဆက်မပြောပဲ ငြိမ်နေလိုက်သည် ။

" ရှင်ကလဲ ခုမှသားလေးစာမေးပွဲပြီးတယ် အေးဆေးနားပါစေအုံးလား "

" မာမီကအတော်ဆုံးပဲ တချို့တွေကျသားလေးတစ်ယောက်ထဲမွေးထားပြီး ခိုင်းစားဖို့ချည်းတွေးနေတယ် "

သားအပြောကြောင့် ဒေါ်ခရေးဦးကပြုံးသည် ။
ထိုအခါ ဦမင်းထက်ရဲ့ဆဲသံတညံညံထွက်လာပြီး စျာန်နေရာကထွက်လာကာ အိမ်ရှေ့မှာရပ်ထားသော ကားပေါ်တတ်ကာ အာကာတို့နှင့်ချိန်းထားသော Phoenix ကိုထွက်လာခဲ့သည် ။

မရောက်တာကြာပြီဖြစ်တဲ့ Club ထဲကိုဝင်လိုက်သည်နှင့် လူအများရဲ့အကြည့်တွေကစျာန့်ဆီမှာ ။ အားလုံးကိုလျစ်လျူရှု့ကာ ထောင့်ကျကျဝိုင်းက အာကာတို့ဆီလျှောက်သွားလိုက်ပြီး ခုံလွတ်တွင်ဝင်ထိုင်လိုက်သည် ။

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )On viuen les histories. Descobreix ara