{ ချည် }

By Rei_Er

651K 36.9K 952

ဇာတ်လမ်းလေးကို ရိုးရိုးရှင်းရှင်းလေးပဲရေးထားတာပါ။ စိတ်ကူးထဲကအတိုင်းရေးထားတာမို့ အပြင်မှာ လက်တွေ့မဆန်တဲ့အရာတွေ... More

Part {1}
Part {2}
Part {3}
Part {4}
Part {5}
Part {6}
Part {7}
Part {8}
Part {9}
Part {10}
Part {11}
Part {12}
Part {13}
Part {14}
Part {15}
Part {16}
Part {17}
Part {18}
Part {19}
Part {20}
Part {21}
Part {22}
Part {23}
Part {24}🚨🚨
Part {25}
Part {26}
Please
Part {27}
Part {28}
Part {29}
Part {30}
Part {31}
Part {32}
Part {33}
Part {35}
Part {36}
Part{37}
Part (38)
Part {38) ZG
Part (39)
Part (39)ZG
Part {40} Uni
Part {40} ZG
Part {41} Uni
Part {41} ZG
Part {42} Uni
Part {42} ZG
Part {43} Uni
Part {43} ZG
Part {44} Uni
Part {44} ZG
Part {45} End
Part {45} End (ZG)
🥹🥹

Part {34}

10.5K 616 5
By Rei_Er

တိမ်ဖြူဖြူ၊ မိုးသားပြာပြာတွေနဲ့ ပနံသင့်လှတဲ့ မိုးကုတ်စက်ဝိုင်း‌ေအာက်မှာ ဟိုဘက်ကူးခတ်၊ ဒီဘက်ကမ်းတစ်ခတ် လူးလွန့်နေတဲ့ ပင်လယ်ရေလှိုင်းပြာတွေက ရင်အစံုကိုလာရိုက်ခတ်သလိုမျိုး ဒီရေလှိုင်းလေသဖွယ် မြင်ရတဲ့သူတွေကို မျက်စိပဒေသာရှိလာကာ စိတ်ကိုကြည်လင်အေးမြစေတဲ့ စိတ်ခံစားမူ့တစ်စုံကိုပေးစွမ်းလျက်ရှိသည်။

ထိုပင်လယ်ပြာပြာရေလှိုင်းတွေကို မမှိန်မသုန်စိုက်ကြည့်နေတဲ့ လူတစ်‌ယောက်ကတော့ ကမ်းခြေသဲယောင်ပြင် အပေါ်မှာ ဟတ်ဟတ်ပတ်ပတ်ထိုင်ချလို့နေပြီး သူ့ရှေ့က မြင်ကွင်းတွေကို အရသာရှိရှိခံစားကြည့်နေသလိုမျိုးနဲ့ မျက်နှာပေါ်မှာလည်း အလိုမကျမူ့တွေက ထင်ဟတ်လို့နေသည်။

တိမ်၀လ္လာမိုးမြင့်သည် ညနေဘက်မှာ ပင်လယ်ဘက်ကို သျှားနဲ့ အတူလမ်းလျှောက်ထွက်လာတာမို့ လူတစ်ကိုယ်လုံးက ပေါ့ပေါ့ပါးပါးရှိပြီး စိတ်အစဉ်မှာလည်း အေးချမ်းလျက်ရှိကာ ဒီနေ့ နေသာသည်က သူ့အတွက် အရမ်းကို သာယာလှပတဲ့ နေ့လေး တစ်နေ့ ဖြစ်စေခဲ့ပါသည်။

သို့သော်...ထိုသာယာလှတဲ့‌ နေ့လေးက
လူတစ်ယောက်နဲ့ မဆုံမိသေးခင်အချိန်မှာပဲ ဖြစ်တည်ခဲ့တာပင်။

"ခင်ဗျား အဲဒီ့ကောင်နဲ့ ဘယ်ချိန်ကတည်းက သိနေခဲ့ကြတာလဲ"

အနားကိုတစ်ရွှေ့"လာနေတဲ့ လူကို မော့ကြည့်လိုက်ကာထိုလူရဲ့ လက်ထဲမှာလည်း ဂဏန်းကင်နဲ့၊ ငါးကင်အချိူ့တို့ကိုထည့်ထားတဲ့ အိတ်တစ်လုံးကိုလည်း ကိုင်ဆွဲလို့ထားသည်။
ကိုယ်ပြောတာကို သူကသဘောတကျရှိသလိုမျိုးနဲ့နဂိုကတည်းက ပြုံးရွှင်နေတဲ့ မျက်နှာထားကပိုလို့ အပြုံးများဝေဆာကာ သူ့ကိုပြုံးပြနေတာကို တွေ့လိုက်ရတော့ ဒီလူ တော်တော်ကို အရေထူလွန်းလှပါလားလို့ တိမ်၀လ္လာမိုးမြင့်ရဲ့ စိတ်ထဲ အတွေးတစ်ချို့က ၀င်လို့လာသည်။
ပို၍တောင် စိုးရိမ်စိတ်လေးတစ်စွန်းတစ်စက ရင်ဘတ်ထဲ ကိန်း၀ပ်လို့နေကာ၊ ဒီလူကို တစ်ခြားသူစိမ်းတစ်‌ေယာက်က ကိုယ့်လက်ထဲကနေ လုယူလို့သွားမှာကိုတောင် စိုးမိ၏။ ထိုလူသားကို ကိုယ်ပိုင်ဆိုင်လို့ထားခဲ့တာ မှန်ခဲ့သော်လည်း စိတ်မချမူ့နဲ့ သ၀န်တိုမူ့တွေက ရောယှက်လို့နေတာမို့ နောက်ဆုံးဖြစ်တည်လာတဲ့ စိတ်ရင်းခံစားချက်အချို့က ဒီလူကို ဆုံးရူံးရမှာကိုပင်။

"ကျုပ်မေးနေတယ်လေ၊ အဲ့လူနဲ့ ဘယ်ချိန်ကသိနေတာလဲလို့"

"မင်း ဘာဖြစ်နေတာလဲ၊ ရုပ်ကြီးကိုလည်းကြည့်ပါဦး၊ ကလေးကြီးကျနေတာပဲ"

"ကျုပ်မေးတာပဲ ခင်ဗျားဖြေပါ၊ အဲ့ကောင်နဲ့ ဘယ်ချိန်ကတည်းက သိနေခဲ့ကျလို့၊ အခုလို ရီရီမောမောနဲ့ စကားတွေပြောနေနိုင်ရတာလဲ"

"မင်းအဲ့ဒီအကြောင်းမေးတာကို ဘာလို့ ဒီလိုပုံစံဖြစ်နေရတာလဲ၊ လူတွေကြည့်နေတယ် မင်းမရှက်ဘူးလား"

"မရှက်ပါဘူး၊ ဘာလို့ရှက်ရမှာလဲ"
ဒါတွေအားလုံး ခင်ဗျားကြောင့် ဖြစ်ရတာ..!!

"အဲ့လူနဲ့ ငါနဲ့က သိတာမနေ့ကမှသိတာ၊ အဲ့တုန်းက မင်းကို ငါ၀ယ်စရာရှိလို့ခေါ်တာမင်းမလိုက်ခဲ့ဘူးလေ"

"အော်..ဒါနဲ့ပဲ ကျုပ်မပါတာကို အခွင့်အကောင်းယူပြီး တစ်ခြားအကောင်နဲ့ သွားတာပေါ့ ဟုတ်လား"

"တိမ်၀လ္လာမိုးမြင့် မင်းစကားပြောတာကို ဆင်ဆင်ခြင်ခြင်ပြော၊  အဲ့နေ့က အမှတ်မထင် သူ့ဆိုင်ကယ်နဲ့ ငါနဲ့တိုက်မိမလိုဖြစ်သွားတယ် တော်သေးတယ်၊ လူက ဘာမှမဖြစ်သွားဘူး၊ ဒီနေ့ တွေ့တာကလည်း အမှတ်မထင် တွေ့မိခဲ့ကြတာ၊ သူနဲ့ စကားပြောနေတာကလည်း သူ့ဘက်ကကိုယ့်ကို အဆင်ပြေလားဆိုတာ မေးရုံသက်သက်ပဲ၊  ကျန်တာ ဘာ အကန့်မှမရှိဘူး"

"အဲ့ဒီအကြောင်းတွေ ကျုပ်မသိရပါလား"

"အဲ့အချိန်က ငါ့မှာမင်းကိုပြောပြဖို့ အခွင့်အရေးရှိခဲ့လို့လား၊ မင်း ရှယ်ယာရှင်တွေနဲ့ အရေးတကြီးကိစ္စတွေ လုံးပန်းနေတဲ့ အချိန်မှာ ငါ့ရဲ့ မဖြစ်စလောက် ကိစ္စသေးသေးလေးက အကြုံး၀င်မှာတဲ့လား"

မာန်ထက်သျှားသည်လည်း ဒေါသသံကို အနည်းငယ်ထိန်းယူလိုက်ကာ စကားကို အဆင်ပြေသလို ပုံစံမျိုးဖြင့် အတော်အတန်အားယူပြီးပြောနေရတာဖြစ်သည်။
အဲ့နေ့က မတော်တဆမူ့တစ်ခု သျှားဖြစ်ခဲ့သည်။
ကံကောင်းတယ်လို့ပဲပြောရမလားပဲ၊ သိပ်ကြီး"မား" လူကိုမထိခိုက်တာမို့ အဆင်ပြေသွား၏။
တစ်ဖက်ကဆိုင်ကယ်က နောက်ကခရီးသည်နဲ့အတူ လမ်းချိုးကို ကွေ့ဝိူက်လာတဲ့ အခိုက်မှာ သျှားကလည်း လမ်းဖြတ်ကူးတဲ့ အချိန်နဲ့ သွားဆုံမိပြီး နှစ်ဦးနှစ်ဖက် အရှိန်လွန်သွားကြကာ ဆိုင်ကယ်လည်းပစ်လဲ၊ လူလည်းပဲ လန့်ပြီး လဲကျသွားခဲ့သည်။
ဆိုင်ကယ်သမားကောင်လေးကလည်း သဘောကောင်းရှာပါ၏။ သူကလည်း နောက်က လိုက်ပါခဲ့တဲ့ ခရီးသည်က အရေးတကြီးဖြစ်နေတာမို့ အလျင်လို‌မောင်းမိလိုက်ကြောင်းကိုလည်း ရှင်းပြလာ၏။
တစ်ဖက်ကလူက တောင်းပန်လာတော့လည်း သျှားသည်လည်းပဲ ဘာမှ အရေးတယူမရှိချင်တော့တာနဲ့ လူလည်း ဘာမှ မဖြစ်တာမို့ စကားကိုသိမ်ရာကနေဖြတ်လိုက်သည်။
တကယ်လည်းဒီမတော်တဆမှာ သျှားဘက်က မမှားပေ။
တစ်ဖက်က ဆိုင်ကယ်သမားက ကိုယ့်လမ်းမဟုတ်ပဲ မှားခဲ့တာကြောင့် ဒီလိုအခြေအနေကိုရောက်ရတာဖြစ်သည်။

ထိုကိစ္စဖြစ်စဉ်အခါက သျှား။သည် တိမ်၀လ္လာမိုးမြင့်ကို ပြောပြဖို့ စဉ်းစားပါသေးသည်။
သို့ပေမဲ့ သူအပြင်က ပြန်လာတဲ့ အချိန်မှာ ၀လ္လာက သူ့အလုပ်ဇယားတွေနဲ့ ရူပ်နေတဲ့အချိန်ဖြစ်သည်။
နှစ်ယောက်သား ပုသိမ်၊ ချောင်းသာကို အပျော်ခရီး ထွက်လာပါသောလည်း ၀လ္လာရဲ့ အလုပ်ကိစ္စတွေက ဒီဘက်ထိတောင် ပါလာခဲ့သည်။
ဒါကြောင့် ၀လ္လာမှာ အပျော်ခရီး ထွက်လာတယ်ဆိုပြီး လွတ်လွတ်လပ်လပ် မပျော်ပါးရ၊ ဗီယက်နမ်မှာရှိတဲ့ ကိုယ်စားလှယ်တွေနဲ့ meeting room၀င်ရသည်။
ဒါတွေအားလုံးက မျက်ကွယ်ပြုလို့မရတဲ့ အလုပ်ကိစ္စတွေမို့ သျှား နားလည်နိုင်ပါသည်။
၀လ္လာ မအားတဲ့အချိန်ဆိုရင် သျှား က အနားကနေ သိပ်အနှောင့်အယှက်မပေးတက်ပေ။
သူ Meeting၀င်နေရင်  သျှားက နံဘေးကနေ ထိုင်ပြီး အသာယာလေး နေ နေတက်သည်။
တစ်ခါတလေကျ စာအုပ်လေးတွေဖတ်ရင်း ၀လ္လာကို စောင့်နေလေ့ရှိသည်။

အခုသူတို့ ဒီဘက်ကိုရောက်တာ သုံးရက်မြောက်နေ့ကို ရောက်ခဲ့ပြီ၊ ဒါပေမဲ့ ဘယ်ကိုမှ မလည်ပတ်ရသေးပေ။
နောက်နှစ်ရက်လောက်နေရင် ပြန်ရတော့မှာမို့ သျှားက ရန်ကုန်က သူငယ်ချင်းတွေအတွက် လိုအပ်တာလေးတွေ၀ယ်ချင်တာနဲ့ အပြင်ကို ထွက်လာလိုက်တာပင်။
ကံဆိုးစွာနဲ့ပဲ ဒီလို မတော်တဆမူ့ ဖြစ်သွားခဲ့တော့ ၀လ္လာကို ပြောပြမယ်လို့ လုပ်တဲ့အချိန်မှာ သူမအားတာနဲ့ မပြောလိုက်တာပင်။
အခုမှ ဘုမသိ၊ ဘမသိနဲ့ လူကို သ၀န်တိုနေတာပင်။
သျှား တွေးရင်း၊ တွေးရင်းနဲ့ ဒေါသက ထွက်လာခဲ့ပြီ။

"ခင်ဗျားမျက်နှာက အဲ့ဒါ ဘာဖြစ်တာလဲ"

"ငါက ဘာဖြစ်နေလို့လဲ"

"ဘာလဲ ကျုပ်ပြောတာ မကြိုက်လို့လား"

"ငါကပဲမင်းအပြစ်တင်ပြောနေတဲ့ စကားတွေကို ၀မ်းပန်းတစ်သာနဲ့ပဲ ပြုံးပြနေရဦးမှာလား"

"ဘယ်မှာ  ခင်ဗျားကို အပြစ်တင်နေလို့လဲ"

"မင်းအခုငါ့ကို ပြောဆိုနေတာမဟုတ်ဘူးလား၊ အကြောင်းကိစ္စကို ရေရေလည်လည်မမေးဘူး လူကို ‌အော်ဖို့ပဲသိတယ်"

"ဟောဗျာ"

"မင်း ဘာကို ဟောဗျာလဲ၊ မင်းငါ့ကို ဒီလူနဲ့ စကားပြောနေလို့ မကြိုက်မှန်းငါသိတယ်၊ မင်း ငါ့ကိုဆို ဘာလို့ မယုံကြည်နိုင်ရတာလဲ"

သျှားသည် သူ့ရှေ့ကလူကို ‌စူပုပ်ပုပ်နဲ့ အော်ပြောလိုက်တော့ ထိုတစ်ယောက်က ဘာမှ နားမလည်တဲ့ အကြည့်တွေနဲ့ သူ့ကိုမော့ကြည့်လာပြန်တော့ ပိုတောင် ဒေါသ ထွက်ရပြန်လေပြီ။
သူပဲ အခုနက လူကိုမယုံကြည့်သလိုပုံမျိုးနဲ့ ပြောဆိုနေတာကို ကိုယ်ကပဲ သက်သက်မဲ့ ရန်ရှာနေသလိုပုံစံမျိုးနဲ့
တကယ်နားလည်ရခက်တဲ့လူပင်။

"အကို.."

"အကို"

ထိုအချိန်မှာ နောက်ကခေါ်တဲ့အသံကြောင့် သျှားက လှည့်ကြည့်လိုက်မိတယ်၊ သူနဲ့နည်းတူ ၀လ္လာကပါ သျှားနောက်ကျောခိုင်းထားတဲ့နောက်ကလူကို မော့ကြည့်လိုက်တော့ ထိုခေါ်သံပြုလာတဲ့ လူက သူတို့နှစ်ယောက်ကိုကြောင်အအလေးနဲ့ သျှားရဲ့ မျက်နှာကို တစ်လှည့်၊ ခက်ထန်မာကြောနေတဲ့ တိမ်၀လ္လာမိုးမြင့်ဆီသို့ တစ်လှည့်
သူ့မျက်လုံးများက နှစ်ယောက်သားကြားကို ယောက်ယက်ခတ်နေလျက်ရှိသည်။

သျှားက ဘာဖြစ်လို့လဲဆိုတဲ့အထာနဲ့  ထိူလူကို ကြည့်လိုက်တော့ ထိုလူက ခပ်စစအပြုံးလေးနဲ့ သူ့လက်တစ်ဖက်ကနေပြီး အမဲရောင် အိတ်ထုတ်လေးကို မြှောက်ပြ‌လာလေသည်။

"အကို ဒါလေး မေ့ကျန်ခဲ့လို့"

"အကို့ရဲ့ ခရုလေးတွေလေ၊ ဘာလဲ အကို
မလိုချင်တော့လို့လား"

"အော်"
ငါ မေ့ကျန်ခဲ့တာ!!

သျှားက အလျင်အမြန် ထိုကောင်လေးဆီက အိတ်ထုတ်လေးကို ဆွဲယူလိုက်ကာ ထိုကောင်လေးကိုလည်း မသိမသာမော့ကြည့်လိုက်သေး၏။
ထိုကောင်လေးက အခုနသူနဲ့စကားပြောနေတဲ့သူပင်။

နံဘေးနားက လူက မျက်မှောင်ကြုတ်ပြီး။သူတို့ကို စိုက်ကြည့်နေတာကို သိသိကြီးနဲ့ သျှားမှာ မသိချင်ယောင်ဆောင်ကာ ထိုကောင်လေးနဲ့ စကားပြောနေတော့ ၀လ္လာမှာ တကယ်ကိုဒေါသ ကငယ်ထိပ်သို့ရောက်ချလို့လာလေပြီ။

"ဒါနဲ့ အကို့ သဲဖြူကျွန်းကို သွားချင်လို့ဆို ကျွန်တော်လိုက်ပို့ပေးလို့ရမလား"

"အာ!!"

သျှားမှာ ဘာ‌ပြန်ပြောလို့ပြောရမယ်မှန်းမသိ၊ အခုချိန်ထိ နံဘေးကနေရပ်ပြီး ဘာမှ၀င်‌မပြောပဲ နေနေတဲ့ လူရဲ့ တုံ့ပြန်မူ့ကိုလည်း သူသိချင်မိသည်။
အခုနတော့ မိုးလာကဲလားနဲ့ အခုတော့ တစ်ခွန်း၊ တစ်ပါဒမျှတောင် ၀င်မပြောတဲ့သူကို သျှားတကယ်ကို အံ့ဩမိသည်။ ဒါနဲ့ပဲ သူ့ကို ရွှဲ့ပြချင်တဲ့စိတ်က တစ်ဖွား"ပေါ်လို့လာတာမို့....

"မင်းဘယ်အချိန် အားလဲဆိုတာ ငါ့ကိုပြောလေ"

"အကိုတကယ်ပြောတာလား"

"အင်း"
တကယ်ပြောတာပေါ့!!

"ဒါနဲ့ အကို့နောက်က လူက ကျွန်တော်တို့ကို စိုက်ကြည့်နေတယ်၊ ဘာလို့လဲ မသိဘူး"

"နေပါစေ၊ သူ့ကို အာရုံမထားနဲ့"

သျှားက ဂရုမစိုက်နေနဲ့ဆိုတဲ့ အကြည့်နဲ့ ၀လ္လာဘက်ကို တစ်ချက်လှည့်ကြည့်လိုက်ကာ မျက်စောင်းထိုးကြည့်ပစ်လိုက်တော့ ထိုတိမ်၀လ္လာမိုးမြင့်ဆိုတဲ့ လူက သူ့ကို မဲ့ပြုံး ပြုံးပြလာရင်း သူတို့ အနားကို လျှောက်လို့လာသည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ"

"ဟမ်"

ထိုကောင်လေးက သူ့ကိုမေးမယ်လို့မထင်ခဲ့မိတာကြောင့် ဘေးတစ်ပတ်လည်ကို လှည့်ကြည့်မိလိုက်သေးသည်။
ဒါပေမဲ့ ဘေးပတ်ပတ်လည်မှာ  ဘယ်သူမှကို မမြင်မိတာကြောင့် သူ့ကိုမေးလာတာမို့ ရုတ်တရပ်ကြောင်အနေမိသည်။ ထိုလူရဲ့အသံက ကြားရတဲ့သူတွေကို ကြက်သီးမွေးညင်းများတောင် ထစေမိသည်။
အသံက ကြည်လင်ပြတ်သားလျက်ရှိကာ အရှိန်အဝါများနှင့် ပြည့်နက်လို့နေကာ ဩဇာအာဏာများလည်းပါ၀င်လို့နေသည်။

သူ့က တစ်လှမ်ချင်းစီ သူတို့ဆီကို လှမ်းလာလို့နေသည်။
သူ့မျက်၀န်းတွေက နက်ရိူင်းလို့နေသည်။
ခက်ထန်သည်။
မာကြောသည်။

"မင်းကိုမေးနေတာလေ"
မင်းနာမည်ဘယ်လိုခေါ်လဲ!!
နောက်ပြီး...
သူ့နောက်ကိုရော ဘာလို့ လိုက်နေတာလဲ!!

"ဟမ်"
ဒီအကို့နောက်ကို ကျွန်တော်မလိုက်ပါဘူး!!
ဒါက သက်သက် တိုက်ဆိုင်သွားတာပါ။

"၀လ္လာ မင်း စိတ်ထဲကထင်နေသလိုမျိုးသူ့ကို
စွပ်စွဲမနေနဲ့"

"ဘာလဲ ခင်ဗျားက သူ့ဘက်ကနေကာကွယ်ပေးနေတာပေါ့ ဟုတ်လား"

"ငါကာကွယ်ပေးနေတာမဟုတ်ဘူး"
မဖြစ်သင့်တာတွေမဖြစ်ရအောင်လို့ ပြောပြနေတာ!!

"ခင်ဗျား နဲ့ စကားမပြောချင်ဘူး၊ ကျုပ်ဒီလူနဲ့ပဲပြောမယ်"

၀လ္လာက သူ့ရှေ့က ကောင်လေးကို မျက်တောင်တစ်ချက်မခတ်ပဲ စိုက်ကြည့်နေတာမို့ ထိုကောင်လေးမှာ တွန့်ဆုတ်၊ တွန့်ဆုတ် ဖြစ်နေ၏။
သျှား။သည်မှာလည်း  ဘာတွေလျှောက်လုပ်နေမှန်းမသိတဲ့ တိမ်၀လ္လာမိုးမြင့်ကို တကယ်ကို နားမလည်နိုင်တော့ပေ။

"မင်းရဲ့ လိပ်စာ ငါ့ကိုပေး"

"ကျွန်တော်၊ ကျွန်တော် အိမ်လိပ်စာလား"

"ဟုတ်တယ်၊ ငါ့ကိုပေး"
ဒါမှ မင်းလိုက်ပို့ပေးချင်နေတဲ့ သဲဖြူကျွန်းကို မင်းလိပ်စာမသိပဲ ငါတို့ ဘယ်လိုသွားမလဲ!!

"ကျွန်တော်ကို ဖုန်းဆက်လိုက်လို့ရတယ်လေ"
ကျွန်တော် လာခဲ့မှာပေါ့!!

"မလိုချင်ဘူး"

ထိုကောင်လေးနဲ့ ၀လ္လာအခြေအနေကသိပ်မဟန်တော့တာနဲ့ သျှားမှာ ကြား၀င်ရတော့သည်။
တကယ်တော့ တိမ်၀လ္လာမိုးမြင့်က သက်သက်မဲ့ ရစ်နေတာပင်။ ဒီအခြေအနေကိုလည်း တစ်ဖက်ကကောင်လေးက တော်တော်လေး နားလည်မူ့ရှိသည်လို့ ပြောရမည်။
ဒီနေရာမှာ စိတ်ဆတ်တဲ့ လူမျိုးဆို တိမ်၀လ္လာမိုးမြင့်နဲ့ နဘန်းသတ်ရလိမ့်မည်ဆိုတာ မလွဲဧကန်ပင်။

"၀လ္လာ မင်းတော်လိုက်တော့၊ ဟို ဘက်က မင််းကလည်းပြန်လိုက်တာကောင်းမယ်ထင်တယ်၊ နောက်လိုအပ်တာရှိရင် မင်းကို ငါတို့ဆက်သွယ်လိုက်မယ်!!"

"ဟုတ်..ဟုတ်ကဲ့"
ဒါ ကျွန်တော်ရဲ့ ဖုန်းနံပတ်လေး၊ လိုအပ်တာရှ်ိရင် ဆက်သွယ်လိုက်ပါ!!

"ကောင်းပါပြီ"

သျှားက စကားလမ်းကြောင်းပြောင်းကာ ထိုလူကို ပြန်ခိုင်းလိုက်ရတော့သည်။
မဟုတ်ရင် ဒီနေရာမှာ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာမယ်ဆိုတာကိာ သျှား ကြိုမြင်နေလို့ပင်။

"မင် ဘယ်လိုလုပ်လိုက်တာလဲ"
မသိတဲ့လူတစ်ယောက်‌အပေါ်ကို အဲ့လောက်ထိ ပြုမူပြဖို့ လိုအပ်လို့လား!!

"ခင်ဗျားကလေ၊ ကိုယ့်အနားလာကပ်တဲ့သူက လူကောင်းလား လူဆိုးလားဆိုတာကို တကယ်မသိသေးတာပဲ။
ခင်ဗျား လူတွေအကြောင်း ဘာမှ မသိသေပါဘူး!!

"ငါ မသိသေးဘူးလို့ပဲထား၊ မင်းကရော လူတစ်ယောက်လုံးအပေါ်မှာအခုလိုမျိုး မရိုင်းပြသင့်ပါဘူး"

"တော်ပြီ၊ မာန်ထက်သျှား ခင်ဗျားနဲ့ စကားဆက်ပြောနေလို့ အလကားပဲ၊ ကျုပ် ဘာပဲ လုပ်လုပ်၊ ခင်ဗျားက ကျုပ်ကိုအပြစ်‌မြင်နေမှာပဲမို့လား၊  ဒါကြောင့် ဒီကိစ္စ ဒီမှာတင်ပဲ ရပ်လိုက်ကြရအောင်"

၀လ္လာသည် ဒီလူကို မအော်မိအောင် စိတ်ကို အတော်လေးကို ဆွဲဆန့်ထားရတာဖြစ်သည်။
သူ့က သူ့နံဘေးလာတဲ့သူတွေကို အကုန်သူ့စိတ်လိုမျိုး ရှိတယ်လို့ ထင်နေပုံရတယ်။
လူတိုင်းကမဆိုးသလို၊ လူတိုင်းကလည်း လူကောင်းသူ‌ေကာင်းမဖြစ်နိုင်ပေ။

>>>>>>>>

"ဟဲလို"
သားရီး ဖုန်းမခေါ်တာကြာပြီ၊ အခုရောဘာကိစ္စရှိပြန်ပြီလဲ"

"ငါ့ကို လူတစ်ယောက်အကြောင်းစုံစမ်းပေးဦး"

"ဘယ်သူလဲ"

"The Hit  ကုမ္မဏီနဲ့ပတ်သတ်တဲ့ အချက်အလက်တွေ ငါအားလုံးလိုချင်တယ်၊နောက်ပြီး သူတို့ကုမ္မဏီရဲ့ ပင်မ ပဲ့ကိုင်ရှင်ဖြစ်တဲ့ မိုးစက်အာဏာ ရဲ့ profileအားလုံးကိုလည်း ငါသိချင်တယ်၊ အာ့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်"

"ဘာကိစ္စမို့လို့ မင်း အဲ့ကုမ္မဏီသေးသေးလေးရဲ့အကြောင်းကို စိတ်၀င်စားသွားရတာလဲ"

တစ်ဖက်က ဇာနည်က မေးလာတော့ ၀လ္လာက သက်ပြင်းအနည်းငယ်ချမိသည်။
ဒီ‌အကြောင်းတွေကို စုံစမ်းခိုင်းရင် အခုလက်ရှိဖြစ်‌ေနတဲ့
အခြေအနေကိုလည်း ဇာနည် သိသင့်တယ်ဆိုတာလည်းမှန်ပေသည်။
ဒါကြောင့် သူဒီနေ့ဖြစ်သွားခဒ့တဲ့ ကိစ္စအနည်းငယ်ကို ပြန်ပြောပြလိုက်တော့ ဇာနည်မှာ ပါးစပ်အဟောင်းသားဖြစ်သွားမိသည်။

The Hit ဆိုတဲ့ ကုမ္မဏီက မကြာသေးခင်ကမှ တည်ထောင်ထားတဲ့ ကုမ္မဏီသေးသေးလေးပင်။
ဒီလို နာမည်မရှိ၊ စီးပွားရေးလောကထဲကို မနေ့တစ်နေ့ကမှ ရောက်လာတဲ့ ဒီလို ကုမ္မဏီသေးသေးလေးက
Matsuya ဆိုတဲ့ ဆိုရှယ်ပေါ်မှာတောင် နာမည်ကြီးလွန်းလှတဲ့ ကုမ္မဏီအကြီးကြီးကိုမှ  လာပြီးတိုက်ခိုက်ဖို့ရည်ရွယ်နေတဲ့ ဆိုတဲ့ ကိစ္စကိုကြားလိုက်တော့
ဇာနည်မှာ တကယ်ကို အံ့ဩမိတာပင်။

"မင်းဒီကိစ္စကို ငါ့သာလွှဲလိုက်၊ မင်းခရီးကိုသာ မင်းရဲ့
လူနဲ့ ပျော်ပျော်ရွှင်ရွှင် အတူဖြတ်သန်းလိုက်စမ်းပါ"

"ငါလည်း အဲ့လို လုပ်ချင်ပါတယ်၊ သူက အခုငါ့ကိုကောက်နေတယ်လေ၊ ဟိုတစ်နေ့က ကိစ္စကို အခဲမကြေနိုင်ဖြစ်နေတာ ဒါကြောင့် ငါလည်း ဒီအတိုင်းပစ်ထားလိုက်တယ်"

"ဒါဆိုရင် ဟိုနေ့ကမင်းတို့တွေ့ခဲ့တဲ့လူက အခုမင်းထင်နေတဲ့လူလား"

"ငါလည်း အဲ့လိုတွေးမိတာပဲ၊ ဒါကြောင့် မင်းကို ကူညီခိုင်းတာ"

"အေးပါကွာ၊ ငါအားလုံးသိရတာနဲ့ မင်းကိုmailပို့ထားလိုက်မယ်"

"ကောင်းပြီ"

သူငယ်ချင်းနှစ်ယောက်သား စကားပြောနေကြရင်း မ‌ကြာခင်မှာပဲ သူ့အနားကနေ ဖြတ်လျှောက်သွားတဲ့ မာန်ထက်သျှားကို ၀လ္လာမော့ကြည့်လိုက်၏။
ဒီလူတကယ်ပဲ လူကိုစကားမပြောပဲနေနိုင်သည်၊
၀လ္လာမှာ အတွေးအားလုံးတို့ကို ခေါင်းခါယမ်းထုတ်လိုက်ကာ စီးကရက်တစ်လိပ်ကို မီးငြှိလိုက်ရင်း ၀ရံတာဘက်သို့ ထွက်လာခဲ့လိုက်တော့၏။

(ZawGyi)

တိမ္ျဖဴျဖဴ၊ မိုးသားျပာျပာေတြနဲ႔ ပနံသင့္လွတဲ့ မိုးကုတ္စက္ဝိုင္းေ‌အာက္မွာ ဟိုဘက္ကူးခတ္၊ ဒီဘက္ကမ္းတစ္ခတ္ လူးလြန္႔ေနတဲ့ ပင္လယ္ေရလႈိင္းျပာေတြက ရင္အစံုကိုလာ႐ိုက္ခတ္သလိုမ်ိဳး ဒီေရလႈိင္းေလသဖြယ္ ျမင္ရတဲ့သူေတြကို မ်က္စိပေဒသာရွိလာကာ စိတ္ကိုၾကည္လင္ေအးျမေစတဲ့ စိတ္ခံစားမူ့တစ္စုံကိုေပးစြမ္းလ်က္ရွိသည္။

ထိုပင္လယ္ျပာျပာေရလႈိင္းေတြကို မမွိန္မသုန္စိုက္ၾကည့္ေနတဲ့ လူတစ္‌ေယာက္ကေတာ့ ကမ္းေျခသဲေယာင္ျပင္ အေပၚမွာ ဟတ္ဟတ္ပတ္ပတ္ထိုင္ခ်လို႔ေနၿပီး သူ့ေရွ႕က ျမင္ကြင္းေတြကို အရသာရွိရွိခံစားၾကည့္ေနသလိုမ်ိဳးနဲ႔ မ်က္ႏွာေပၚမွာလည္း အလိုမက်မူ့ေတြက ထင္ဟတ္လို႔ေနသည္။

တိမ္၀လႅာမိုးျမင့္သည္ ညေနဘက္မွာ ပင္လယ္ဘက္ကို သွ်ားနဲ႔ အတူလမ္းေလွ်ာက္ထြက္လာတာမို႔ လူတစ္ကိုယ္လုံးက ေပါ႔ေပါ႔ပါးပါးရွိၿပီး စိတ္အစဉ္မွာလည္း ေအးခ်မ္းလ်က္ရွိကာ ဒီေန႔ ေနသာသည္က သူ့အတြက္ အရမ္းကို သာယာလွပတဲ့ ေန႔ေလး တစ္ေန႔ ျဖစ္ေစခဲ့ပါသည္။

သို႔ေသာ္...ထိုသာယာလွတဲ့‌ ေန႔ေလးက
လူတစ္ေယာက္နဲ႔ မဆုံမိေသးခင္အခ်ိန္မွာပဲ ျဖစ္တည္ခဲ့တာပင္။

"ခင္ဗ်ား အဲဒီ့ေကာင္နဲ႔ ဘယ္ခ်ိန္ကတည္းက သိေနခဲ့ၾကတာလဲ"

အနားကိုတစ္ေရႊ႕"လာေနတဲ့ လူကို ေမာ့ၾကည့္လိုက္ကာထိုလူရဲ႕ လက္ထဲမွာလည္း ဂဏန္းကင္နဲ႔၊ ငါးကင္အခ်ိဴ႕တို႔ကိုထည့္ထားတဲ့ အိတ္တစ္လုံးကိုလည္း ကိုင္ဆြဲလို႔ထားသည္။
ကိုယ္ေျပာတာကို သူကသေဘာတက်ရွိသလိုမ်ိဳးနဲ႔နဂိုကတည္းက ၿပဳံးရႊင္ေနတဲ့ မ်က္ႏွာထားကပိုလို႔ အၿပဳံးမ်ားေဝဆာကာ သူ့ကိုၿပဳံးျပေနတာကို ေတြ႕လိုက္ရေတာ့ ဒီလူ ေတာ္ေတာ္ကို အေရထူလြန္းလွပါလားလို႔ တိမ္၀လႅာမိုးျမင့္ရဲ႕ စိတ္ထဲ အေတြးတစ္ခ်ိဳ႕က ၀င္လို႔လာသည္။
ပို၍ေတာင္ စိုးရိမ္စိတ္ေလးတစ္စြန္းတစ္စက ရင္ဘတ္ထဲ ကိန္း၀ပ္လို႔ေနကာ၊ ဒီလူကို တစ္ျခားသူစိမ္းေတစ္‌ယာက္က ကိုယ့္လက္ထဲကေန လုယူလို႔သြားမွာကိုေတာင္ စိုးမိ၏။ ထိုလူသားကို ကိုယ္ပိုင္ဆိုင္လို႔ထားခဲ့တာ မွန္ခဲ့ေသာ္လည္း စိတ္မခ်မူ့နဲ႔ သ၀န္တိုမူ့ေတြက ေရာယွက္လို႔ေနတာမို႔ ေနာက္ဆုံးျဖစ္တည္လာတဲ့ စိတ္ရင္းခံစားခ်က္အခ်ိဳ႕က ဒီလူကို ဆုံး႐ူံးရမွာကိုပင္။

"က်ဳပ္ေမးေနတယ္ေလ၊ အဲ့လူနဲ႔ ဘယ္ခ်ိန္ကသိေနတာလဲလို႔"

"မင္း ဘာျဖစ္ေနတာလဲ၊ ႐ုပ္ႀကီးကိုလည္းၾကည့္ပါဦး၊ ကေလးႀကီးက်ေနတာပဲ"

"က်ဳပ္ေမးတာပဲ ခင္ဗ်ားေျဖပါ၊ အဲ့ေကာင္နဲ႔ ဘယ္ခ်ိန္ကတည္းက သိေနခဲ့က်လို႔၊ အခုလို ရီရီေမာေမာနဲ႔ စကားေတြေျပာေနႏိုင္ရတာလဲ"

"မင္းအဲ့ဒီအေၾကာင္းေမးတာကို ဘာလို႔ ဒီလိုပုံစံျဖစ္ေနရတာလဲ၊ လူေတြၾကည့္ေနတယ္ မင္းမရွက္ဘူးလား"

"မရွက္ပါဘူး၊ ဘာလို႔ရွက္ရမွာလဲ"
ဒါေတြအားလုံး ခင္ဗ်ားေၾကာင့္ ျဖစ္ရတာ..!!

"အဲ့လူနဲ႔ ငါနဲ႔က သိတာမေန႔ကမွသိတာ၊ အဲ့တုန္းက မင္းကို ငါ၀ယ္စရာရွိလို႔ေခၚတာမင္းမလိုက္ခဲ့ဘူးေလ"

"ေအာ္..ဒါနဲ႔ပဲ က်ဳပ္မပါတာကို အခြင့္အေကာင္းယူၿပီး တစ္ျခားအေကာင္နဲ႔ သြားတာေပါ႔ ဟုတ္လား"

"တိမ္၀လႅာမိုးျမင့္ မင္းစကားေျပာတာကို ဆင္ဆင္ျခင္ျခင္ေျပာ၊  အဲ့ေန႔က အမွတ္မထင္ သူ့ဆိုင္ကယ္နဲ႔ ငါနဲ႔တိုက္မိမလိုျဖစ္သြားတယ္ ေတာ္ေသးတယ္၊ လူက ဘာမွမျဖစ္သြားဘူး၊ ဒီေန႔ ေတြ႕တာကလည္း အမွတ္မထင္ ေတြ႕မိခဲ့ၾကတာ၊ သူနဲ႔ စကားေျပာေနတာကလည္း သူ့ဘက္ကကိုယ့္ကို အဆင္ေျပလားဆိုတာ ေမး႐ုံသက္သက္ပဲ၊  က်န္တာ ဘာ အကန္႔မွမရွိဘူး"

"အဲ့ဒီအေၾကာင္းေတြ က်ဳပ္မသိရပါလား"

"အဲ့အခ်ိန္က ငါ႔မွာမင္းကိုေျပာျပဖို႔ အခြင့္အေရးရွိခဲ့လို႔လား၊ မင္း ရွယ္ယာရွင္ေတြနဲ႔ အေရးတႀကီးကိစၥေတြ လုံးပန္းေနတဲ့ အခ်ိန္မွာ ငါ႔ရဲ႕ မျဖစ္စေလာက္ ကိစၥေသးေသးေလးက အႀကဳံး၀င္မွာတဲ့လား"

မာန္ထက္သွ်ားသည္လည္း ေဒါသသံကို အနည္းငယ္ထိန္းယူလိုက္ကာ စကားကို အဆင္ေျပသလို ပုံစံမ်ိဳးျဖင့္ အေတာ္အတန္အားယူၿပီးေျပာေနရတာျဖစ္သည္။
အဲ့ေန႔က မေတာ္တဆမူ့တစ္ခု သွ်ားျဖစ္ခဲ့သည္။
ကံေကာင္းတယ္လို႔ပဲေျပာရမလားပဲ၊ သိပ္ႀကီး"မား" လူကိုမထိခိုက္တာမို႔ အဆင္ေျပသြား၏။
တစ္ဖက္ကဆိုင္ကယ္က ေနာက္ကခရီးသည္နဲ႔အတူ လမ္းခ်ိဳးကို ေကြ႕ဝိူက္လာတဲ့ အခိုက္မွာ သွ်ားကလည္း လမ္းျဖတ္ကူးတဲ့ အခ်ိန္နဲ႔ သြားဆုံမိၿပီး ႏွစ္ဦးႏွစ္ဖက္ အရွိန္လြန္သြားၾကကာ ဆိုင္ကယ္လည္းပစ္လဲ၊ လူလည္းပဲ လန္႔ၿပီး လဲက်သြားခဲ့သည္။
ဆိုင္ကယ္သမားေကာင္ေလးကလည္း သေဘာေကာင္းရွာပါ၏။ သူကလည္း ေနာက္က လိုက္ပါခဲ့တဲ့ ခရီးသည္က အေရးတႀကီးျဖစ္ေနတာမို႔ အလ်င္လို‌ေမာင္းမိလိုက္ေၾကာင္းကိုလည္း ရွင္းျပလာ၏။
တစ္ဖက္ကလူက ေတာင္းပန္လာေတာ့လည္း သွ်ားသည္လည္းပဲ ဘာမွ အေရးတယူမရွိခ်င္ေတာ့တာနဲ႔ လူလည္း ဘာမွ မျဖစ္တာမို႔ စကားကိုသိမ္ရာကေနျဖတ္လိုက္သည္။
တကယ္လည္းဒီမေတာ္တဆမွာ သွ်ားဘက္က မမွားေပ။
တစ္ဖက္က ဆိုင္ကယ္သမားက ကိုယ့္လမ္းမဟုတ္ပဲ မွားခဲ့တာေၾကာင့္ ဒီလိုအေျခအေနကိုေရာက္ရတာျဖစ္သည္။

ထိုကိစၥျဖစ္စဉ္အခါက သွ်ား။သည္ တိမ္၀လႅာမိုးျမင့္ကို ေျပာျပဖို႔ စဉ္းစားပါေသးသည္။
သို႔ေပမဲ့ သူအျပင္က ျပန္လာတဲ့ အခ်ိန္မွာ ၀လႅာက သူ့အလုပ္ဇယားေတြနဲ႔ ႐ူပ္ေနတဲ့အခ်ိန္ျဖစ္သည္။
ႏွစ္ေယာက္သား ပုသိမ္၊ ေခ်ာင္းသာကို အေပ်ာ္ခရီး ထြက္လာပါေသာလည္း ၀လႅာရဲ႕ အလုပ္ကိစၥေတြက ဒီဘက္ထိေတာင္ ပါလာခဲ့သည္။
ဒါေၾကာင့္ ၀လႅာမွာ အေပ်ာ္ခရီး ထြက္လာတယ္ဆိုၿပီး လြတ္လြတ္လပ္လပ္ မေပ်ာ္ပါးရ၊ ဗီယက္နမ္မွာရွိတဲ့ ကိုယ္စားလွယ္ေတြနဲ႔ meeting room၀င္ရသည္။
ဒါေတြအားလုံးက မ်က္ကြယ္ျပဳလို႔မရတဲ့ အလုပ္ကိစၥေတြမို႔ သွ်ား နားလည္ႏိုင္ပါသည္။
၀လႅာ မအားတဲ့အခ်ိန္ဆိုရင္ သွ်ား က အနားကေန သိပ္အေႏွာင့္အယွက္မေပးတက္ေပ။
သူ Meeting၀င္ေနရင္  သွ်ားက နံေဘးကေန ထိုင္ၿပီး အသာယာေလး ေန ေနတက္သည္။
တစ္ခါတေလက် စာအုပ္ေလးေတြဖတ္ရင္း ၀လႅာကို ေစာင့္ေနေလ့ရွိသည္။

အခုသူတို႔ ဒီဘက္ကိုေရာက္တာ သုံးရက္ေျမာက္ေန႔ကို ေရာက္ခဲ့ၿပီ၊ ဒါေပမဲ့ ဘယ္ကိုမွ မလည္ပတ္ရေသးေပ။
ေနာက္ႏွစ္ရက္ေလာက္ေနရင္ ျပန္ရေတာ့မွာမို႔ သွ်ားက ရန္ကုန္က သူငယ္ခ်င္းေတြအတြက္ လိုအပ္တာေလးေတြ၀ယ္ခ်င္တာနဲ႔ အျပင္ကို ထြက္လာလိုက္တာပင္။
ကံဆိုးစြာနဲ႔ပဲ ဒီလို မေတာ္တဆမူ့ ျဖစ္သြားခဲ့ေတာ့ ၀လႅာကို ေျပာျပမယ္လို႔ လုပ္တဲ့အခ်ိန္မွာ သူမအားတာနဲ႔ မေျပာလိုက္တာပင္။
အခုမွ ဘုမသိ၊ ဘမသိနဲ႔ လူကို သ၀န္တိုေနတာပင္။
သွ်ား ေတြးရင္း၊ ေတြးရင္းနဲ႔ ေဒါသက ထြက္လာခဲ့ၿပီ။

"ခင္ဗ်ားမ်က္ႏွာက အဲ့ဒါ ဘာျဖစ္တာလဲ"

"ငါက ဘာျဖစ္ေနလို႔လဲ"

"ဘာလဲ က်ဳပ္ေျပာတာ မႀကိဳက္လို႔လား"

"ငါကပဲမင္းအျပစ္တင္ေျပာေနတဲ့ စကားေတြကို ၀မ္းပန္းတစ္သာနဲ႔ပဲ ၿပဳံးျပေနရဦးမွာလား"

"ဘယ္မွာ  ခင္ဗ်ားကို အျပစ္တင္ေနလို႔လဲ"

"မင္းအခုငါ႔ကို ေျပာဆိုေနတာမဟုတ္ဘူးလား၊ အေၾကာင္းကိစၥကို ေရေရလည္လည္မေမးဘူး လူကို ‌ေအာ္ဖို႔ပဲသိတယ္"

"ေဟာဗ်ာ"

"မင္း ဘာကို ေဟာဗ်ာလဲ၊ မင္းငါ႔ကို ဒီလူနဲ႔ စကားေျပာေနလို႔ မႀကိဳက္မွန္းငါသိတယ္၊ မင္း ငါ႔ကိုဆို ဘာလို႔ မယုံၾကည္ႏိုင္ရတာလဲ"

သွ်ားသည္ သူ့ေရွ႕ကလူကို ‌စူပုပ္ပုပ္နဲ႔ ေအာ္ေျပာလိုက္ေတာ့ ထိုတစ္ေယာက္က ဘာမွ နားမလည္တဲ့ အၾကည့္ေတြနဲ႔ သူ့ကိုေမာ့ၾကည့္လာျပန္ေတာ့ ပိုေတာင္ ေဒါသ ထြက္ရျပန္ေလၿပီ။
သူပဲ အခုနက လူကိုမယုံၾကည့္သလိုပုံမ်ိဳးနဲ႔ ေျပာဆိုေနတာကို ကိုယ္ကပဲ သက္သက္မဲ့ ရန္ရွာေနသလိုပုံစံမ်ိဳးနဲ႔
တကယ္နားလည္ရခက္တဲ့လူပင္။

"အကို.."

"အကို"

ထိုအခ်ိန္မွာ ေနာက္ကေခၚတဲ့အသံေၾကာင့္ သွ်ားက လွည့္ၾကည့္လိုက္မိတယ္၊ သူနဲ႔နည္းတူ ၀လႅာကပါ သွ်ားေနာက္ေက်ာခိုင္းထားတဲ့ေနာက္ကလူကို ေမာ့ၾကည့္လိုက္ေတာ့ ထိုေခၚသံျပဳလာတဲ့ လူက သူတို႔ႏွစ္ေယာက္ကိုေၾကာင္အအေလးနဲ႔ သွ်ားရဲ႕ မ်က္ႏွာကို တစ္လွည့္၊ ခက္ထန္မာေၾကာေနတဲ့ တိမ္၀လႅာမိုးျမင့္ဆီသို႔ တစ္လွည့္
သူ့မ်က္လုံးမ်ားက ႏွစ္ေယာက္သားၾကားကို ေယာက္ယက္ခတ္ေနလ်က္ရွိသည္။

သွ်ားက ဘာျဖစ္လို႔လဲဆိုတဲ့အထာနဲ႔  ထိူလူကို ၾကည့္လိုက္ေတာ့ ထိုလူက ခပ္စစအၿပဳံးေလးနဲ႔ သူ့လက္တစ္ဖက္ကေနၿပီး အမဲေရာင္ အိတ္ထုတ္ေလးကို ေျမႇာက္ျပ‌လာေလသည္။

"အကို ဒါေလး ေမ့က်န္ခဲ့လို႔"

"အကို႔ရဲ႕ ခ႐ုေလးေတြေလ၊ ဘာလဲ အကို
မလိုခ်င္ေတာ့လို႔လား"

"ေအာ္"
ငါ ေမ့က်န္ခဲ့တာ!!

သွ်ားက အလ်င္အျမန္ ထိုေကာင္ေလးဆီက အိတ္ထုတ္ေလးကို ဆြဲယူလိုက္ကာ ထိုေကာင္ေလးကိုလည္း မသိမသာေမာ့ၾကည့္လိုက္ေသး၏။
ထိုေကာင္ေလးက အခုနသူနဲ႔စကားေျပာေနတဲ့သူပင္။

နံေဘးနားက လူက မ်က္ေမွာင္ၾကဳတ္ၿပီး။သူတို႔ကို စိုက္ၾကည့္ေနတာကို သိသိႀကီးနဲ႔ သွ်ားမွာ မသိခ်င္ေယာင္ေဆာင္ကာ ထိုေကာင္ေလးနဲ႔ စကားေျပာေနေတာ့ ၀လႅာမွာ တကယ္ကိုေဒါသ ကငယ္ထိပ္သို႔ေရာက္ခ်လို႔လာေလၿပီ။

"ဒါနဲ႔ အကို႔ သဲျဖဴကြၽန္းကို သြားခ်င္လို႔ဆို ကြၽန္ေတာ္လိုက္ပို႔ေပးလို႔ရမလား"

"အာ!!"

သွ်ားမွာ ဘာ‌ျပန္ေျပာလို႔ေျပာရမယ္မွန္းမသိ၊ အခုခ်ိန္ထိ နံေဘးကေနရပ္ၿပီး ဘာမွ၀င္‌မေျပာပဲ ေနေနတဲ့ လူရဲ႕ တုံ႔ျပန္မူ့ကိုလည္း သူသိခ်င္မိသည္။
အခုနေတာ့ မိုးလာကဲလားနဲ႔ အခုေတာ့ တစ္ခြန္း၊ တစ္ပါဒမွ်ေတာင္ ၀င္မေျပာတဲ့သူကို သွ်ားတကယ္ကို အံ့ဩမိသည္။ ဒါနဲ႔ပဲ သူ့ကို ရႊဲ႕ျပခ်င္တဲ့စိတ္က တစ္ဖြား"ေပၚလို႔လာတာမို႔....

"မင္းဘယ္အခ်ိန္ အားလဲဆိုတာ ငါ႔ကိုေျပာေလ"

"အကိုတကယ္ေျပာတာလား"

"အင္း"
တကယ္ေျပာတာေပါ႔!!

"ဒါနဲ႔ အကို႔ေနာက္က လူက ကြၽန္ေတာ္တို႔ကို စိုက္ၾကည့္ေနတယ္၊ ဘာလို႔လဲ မသိဘူး"

"ေနပါေစ၊ သူ့ကို အာ႐ုံမထားနဲ႔"

သွ်ားက ဂ႐ုမစိုက္ေနနဲ႔ဆိုတဲ့ အၾကည့္နဲ႔ ၀လႅာဘက္ကို တစ္ခ်က္လွည့္ၾကည့္လိုက္ကာ မ်က္ေစာင္းထိုးၾကည့္ပစ္လိုက္ေတာ့ ထိုတိမ္၀လႅာမိုးျမင့္ဆိုတဲ့ လူက သူ့ကို မဲ့ၿပဳံး ၿပဳံးျပလာရင္း သူတို႔ အနားကို ေလွ်ာက္လို႔လာသည္။

"မင္းနာမည္ ဘယ္လိုေခၚလဲ"

"ဟမ္"

ထိုေကာင္ေလးက သူ့ကိုေမးမယ္လို႔မထင္ခဲ့မိတာေၾကာင့္ ေဘးတစ္ပတ္လည္ကို လွည့္ၾကည့္မိလိုက္ေသးသည္။
ဒါေပမဲ့ ေဘးပတ္ပတ္လည္မွာ  ဘယ္သူမွကို မျမင္မိတာေၾကာင့္ သူ့ကိုေမးလာတာမို႔ ႐ုတ္တရပ္ေၾကာင္အေနမိသည္။ ထိုလူရဲ႕အသံက ၾကားရတဲ့သူေတြကို ၾကက္သီးေမြးညင္းမ်ားေတာင္ ထေစမိသည္။
အသံက ၾကည္လင္ျပတ္သားလ်က္ရွိကာ အရွိန္အဝါမ်ားႏွင့္ ျပည့္နက္လို႔ေနကာ ဩဇာအာဏာမ်ားလည္းပါ၀င္လို႔ေနသည္။

သူ့က တစ္လွမ္ခ်င္းစီ သူတို႔ဆီကို လွမ္းလာလို႔ေနသည္။
သူ့မ်က္၀န္းေတြက နက္ရိူင္းလို႔ေနသည္။
ခက္ထန္သည္။
မာေၾကာသည္။

"မင္းကိုေမးေနတာေလ"
မင္းနာမည္ဘယ္လိုေခၚလဲ!!
ေနာက္ၿပီး...
သူ့ေနာက္ကိုေရာ ဘာလို႔ လိုက္ေနတာလဲ!!

"ဟမ္"
ဒီအကို႔ေနာက္ကို ကြၽန္ေတာ္မလိုက္ပါဘူး!!
ဒါက သက္သက္ တိုက္ဆိုင္သြားတာပါ။

"၀လႅာ မင္း စိတ္ထဲကထင္ေနသလိုမ်ိဳးသူ့ကို
စြပ္စြဲမေနနဲ႔"

"ဘာလဲ ခင္ဗ်ားက သူ့ဘက္ကေနကာကြယ္ေပးေနတာေပါ႔ ဟုတ္လား"

"ငါကာကြယ္ေပးေနတာမဟုတ္ဘူး"
မျဖစ္သင့္တာေတြမျဖစ္ရေအာင္လို႔ ေျပာျပေနတာ!!

"ခင္ဗ်ား နဲ႔ စကားမေျပာခ်င္ဘူး၊ က်ဳပ္ဒီလူနဲ႔ပဲေျပာမယ္"

၀လႅာက သူ့ေရွ႕က ေကာင္ေလးကို မ်က္ေတာင္တစ္ခ်က္မခတ္ပဲ စိုက္ၾကည့္ေနတာမို႔ ထိုေကာင္ေလးမွာ တြန္႔ဆုတ္၊ တြန္႔ဆုတ္ ျဖစ္ေန၏။
သွ်ား။သည္မွာလည္း  ဘာေတြေလွ်ာက္လုပ္ေနမွန္းမသိတဲ့ တိမ္၀လႅာမိုးျမင့္ကို တကယ္ကို နားမလည္ႏိုင္ေတာ့ေပ။

"မင္းရဲ႕ လိပ္စာ ငါ႔ကိုေပး"

"ကြၽန္ေတာ္၊ ကြၽန္ေတာ္ အိမ္လိပ္စာလား"

"ဟုတ္တယ္၊ ငါ႔ကိုေပး"
ဒါမွ မင္းလိုက္ပို႔ေပးခ်င္ေနတဲ့ သဲျဖဴကြၽန္းကို မင္းလိပ္စာမသိပဲ ငါတို႔ ဘယ္လိုသြားမလဲ!!

"ကြၽန္ေတာ္ကို ဖုန္းဆက္လိုက္လို႔ရတယ္ေလ"
ကြၽန္ေတာ္ လာခဲ့မွာေပါ႔!!

"မလိုခ်င္ဘူး"

ထိုေကာင္ေလးနဲ႔ ၀လႅာအေျခအေနကသိပ္မဟန္ေတာ့တာနဲ႔ သွ်ားမွာ ၾကား၀င္ရေတာ့သည္။
တကယ္ေတာ့ တိမ္၀လႅာမိုးျမင့္က သက္သက္မဲ့ ရစ္ေနတာပင္။ ဒီအေျခအေနကိုလည္း တစ္ဖက္ကေကာင္ေလးက ေတာ္ေတာ္ေလး နားလည္မူ့ရွိသည္လို႔ ေျပာရမည္။
ဒီေနရာမွာ စိတ္ဆတ္တဲ့ လူမ်ိဳးဆို တိမ္၀လႅာမိုးျမင့္နဲ႔ နဘန္းသတ္ရလိမ့္မည္ဆိုတာ မလြဲဧကန္ပင္။

"၀လႅာ မင္းေတာ္လိုက္ေတာ့၊ ဟို ဘက္က မင္္းကလည္းျပန္လိုက္တာေကာင္းမယ္ထင္တယ္၊ ေနာက္လိုအပ္တာရွိရင္ မင္းကို ငါတို႔ဆက္သြယ္လိုက္မယ္!!"

"ဟုတ္..ဟုတ္ကဲ့"
ဒါ ကြၽန္ေတာ္ရဲ႕ ဖုန္းနံပတ္ေလး၊ လိုအပ္တာရွ္ိရင္ ဆက္သြယ္လိုက္ပါ!!

"ေကာင္းပါၿပီ"

သွ်ားက စကားလမ္းေၾကာင္းေျပာင္းကာ ထိုလူကို ျပန္ခိုင္းလိုက္ရေတာ့သည္။
မဟုတ္ရင္ ဒီေနရာမွာ မလိုလားအပ္တဲ့ ျပႆနာေတြျဖစ္လာမယ္ဆိုတာကိာ သွ်ား ႀကိဳျမင္ေနလို႔ပင္။

"မင္ ဘယ္လိုလုပ္လိုက္တာလဲ"
မသိတဲ့လူတစ္ေယာက္‌အေပၚကို အဲ့ေလာက္ထိ ျပဳမူျပဖို႔ လိုအပ္လို႔လား!!

"ခင္ဗ်ားကေလ၊ ကိုယ့္အနားလာကပ္တဲ့သူက လူေကာင္းလား လူဆိုးလားဆိုတာကို တကယ္မသိေသးတာပဲ။
ခင္ဗ်ား လူေတြအေၾကာင္း ဘာမွ မသိေသပါဘူး!!

"ငါ မသိေသးဘူးလို႔ပဲထား၊ မင္းကေရာ လူတစ္ေယာက္လုံးအေပၚမွာအခုလိုမ်ိဳး မ႐ိုင္းျပသင့္ပါဘူး"

"ေတာ္ၿပီ၊ မာန္ထက္သွ်ား ခင္ဗ်ားနဲ႔ စကားဆက္ေျပာေနလို႔ အလကားပဲ၊ က်ဳပ္ ဘာပဲ လုပ္လုပ္၊ ခင္ဗ်ားက က်ဳပ္ကိုအျပစ္‌ျမင္ေနမွာပဲမို႔လား၊  ဒါေၾကာင့္ ဒီကိစၥ ဒီမွာတင္ပဲ ရပ္လိုက္ၾကရေအာင္"

၀လႅာသည္ ဒီလူကို မေအာ္မိေအာင္ စိတ္ကို အေတာ္ေလးကို ဆြဲဆန္႔ထားရတာျဖစ္သည္။
သူ့က သူ့နံေဘးလာတဲ့သူေတြကို အကုန္သူ့စိတ္လိုမ်ိဳး ရွိတယ္လို႔ ထင္ေနပုံရတယ္။
လူတိုင္းကမဆိုးသလို၊ လူတိုင္းကလည္း လူေကာင္းေသူ‌ကာင္းမျဖစ္ႏိုင္ေပ။

>>>>>>>>

"ဟဲလို"
သားရီး ဖုန္းမေခၚတာၾကာၿပီ၊ အခုေရာဘာကိစၥရွိျပန္ၿပီလဲ"

"ငါ႔ကို လူတစ္ေယာက္အေၾကာင္းစုံစမ္းေပးဦး"

"ဘယ္သူလဲ"

"The Hit  ကုမၼဏီနဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြ ငါအားလုံးလိုခ်င္တယ္၊ေနာက္ၿပီး သူတို႔ကုမၼဏီရဲ႕ ပင္မ ပဲ့ကိုင္ရွင္ျဖစ္တဲ့ မိုးစက္အာဏာ ရဲ႕ profileအားလုံးကိုလည္း ငါသိခ်င္တယ္၊ အာ့ မင္းကိုပဲ ဒုကၡေပးရေတာ့မယ္"

"ဘာကိစၥမို႔လို႔ မင္း အဲ့ကုမၼဏီေသးေသးေလးရဲ႕အေၾကာင္းကို စိတ္၀င္စားသြားရတာလဲ"

တစ္ဖက္က ဇာနည္က ေမးလာေတာ့ ၀လႅာက သက္ျပင္းအနည္းငယ္ခ်မိသည္။
ဒီ‌အေၾကာင္းေတြကို စုံစမ္းခိုင္းရင္ အခုလက္ရွိေျဖစ္‌နတဲ့
အေျခအေနကိုလည္း ဇာနည္ သိသင့္တယ္ဆိုတာလည္းမွန္ေပသည္။
ဒါေၾကာင့္ သူဒီေန႔ျဖစ္သြားခဒ့တဲ့ ကိစၥအနည္းငယ္ကို ျပန္ေျပာျပလိုက္ေတာ့ ဇာနည္မွာ ပါးစပ္အေဟာင္းသားျဖစ္သြားမိသည္။

The Hit ဆိုတဲ့ ကုမၼဏီက မၾကာေသးခင္ကမွ တည္ေထာင္ထားတဲ့ ကုမၼဏီေသးေသးေလးပင္။
ဒီလို နာမည္မရွိ၊ စီးပြားေရးေလာကထဲကို မေန႔တစ္ေန႔ကမွ ေရာက္လာတဲ့ ဒီလို ကုမၼဏီေသးေသးေလးက
Matsuya ဆိုတဲ့ ဆိုရွယ္ေပၚမွာေတာင္ နာမည္ႀကီးလြန္းလွတဲ့ ကုမၼဏီအႀကီးႀကီးကိုမွ  လာၿပီးတိုက္ခိုက္ဖို႔ရည္ရြယ္ေနတဲ့ ဆိုတဲ့ ကိစၥကိုၾကားလိုက္ေတာ့
ဇာနည္မွာ တကယ္ကို အံ့ဩမိတာပင္။

"မင္းဒီကိစၥကို ငါ႔သာလႊဲလိုက္၊ မင္းခရီးကိုသာ မင္းရဲ႕
လူနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ အတူျဖတ္သန္းလိုက္စမ္းပါ"

"ငါလည္း အဲ့လို လုပ္ခ်င္ပါတယ္၊ သူက အခုငါ႔ကိုေကာက္ေနတယ္ေလ၊ ဟိုတစ္ေန႔က ကိစၥကို အခဲမေၾကႏိုင္ျဖစ္ေနတာ ဒါေၾကာင့္ ငါလည္း ဒီအတိုင္းပစ္ထားလိုက္တယ္"

"ဒါဆိုရင္ ဟိုေန႔ကမင္းတို႔ေတြ႕ခဲ့တဲ့လူက အခုမင္းထင္ေနတဲ့လူလား"

"ငါလည္း အဲ့လိုေတြးမိတာပဲ၊ ဒါေၾကာင့္ မင္းကို ကူညီခိုင္းတာ"

"ေအးပါကြာ၊ ငါအားလုံးသိရတာနဲ႔ မင္းကိုmailပို႔ထားလိုက္မယ္"

"ေကာင္းၿပီ"

သူငယ္ခ်င္းႏွစ္ေယာက္သား စကားေျပာေနၾကရင္း မ‌ၾကာခင္မွာပဲ သူ့အနားကေန ျဖတ္ေလွ်ာက္သြားတဲ့ မာန္ထက္သွ်ားကို ၀လႅာေမာ့ၾကည့္လိုက္၏။
ဒီလူတကယ္ပဲ လူကိုစကားမေျပာပဲေနႏိုင္သည္၊
၀လႅာမွာ အေတြးအားလုံးတို႔ကို ေခါင္းခါယမ္းထုတ္လိုက္ကာ စီးကရက္တစ္လပ္ကို မီးၿငႇိလိုက္ရင္း ၀ရံတာဘက္သို႔ ထြက္လာခဲ့လိုက္ေတာ့၏။




















































Continue Reading

You'll Also Like

1.1K 80 17
Takemichi hijo de la diosa de la belleza y el dios del tiempo. Este solo conoce la mansión en donde a pasado sus corto tiempo de vida, debido a que s...
12.3K 1.5K 15
တိမ္ေတြဟာငိုတတ္သလား.....?
214K 19.8K 38
JiKook KookMin (Complete)
1.3M 216K 92
ဗိုလ္ခ်ဳပ္ႀကီးရဲ့ ဗန္ပိုင္းယားအိုမီဂါ The General's Vampire Omega Title - 上将的omega吸血鬼 Author - Little Baldy (秃子小贰) Translation Status - Completed ...