{Edit}မြတ်နိုးခြင်းများအားဆော...

By MoLLy-HannaH

481K 33.6K 1.1K

ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ Sissy type ဂိုက်လေးတို့ရဲ့ချစ်စရာရိုမန့်လေးကိုမှ နူးနူးညံ့ညံ့လေးပါ ။ Cover ကို P... More

Epi 1
Epi 2
Epi 3
Epi 4
Epi 5
Epi 6
Epi 7
Epi 8
Epi 9
Epi 10
Epi 11
Epi 12
Epi 13
Epi 14
Epi 15
Epi 16
Epi 17
Epi 18
Epi 19
Epi 20
Epi 21
Epi 22
Epi 23
Epi 24
Epi 25
Epi 26
Epi 27
Epi 28
Epi 29
Epi 30
Epi 32
Epi 33
Epi 34
Epi 35
Epi 36
Fic Name 💙
Epi 37
Epi 38
Epi 39
Epilogue
Thank You!!!
Extra-1
အသိပေး၊တောင်းပန်ခြင်း။

Epi 31

8.9K 674 30
By MoLLy-HannaH

မနက်စောစောစီးစီးဖုန်းဆက်ကာ တွေ့ရအောင်ချိန်းပြီး မလာရင်အိမ်ထိလိုက်လာမည်ဆိုသော အာကာ့ရဲ့ခြိမ်းခြောက်စကားကြောင့် နီယံ့မှာလာရသည် ။ ရည်းစကားပြောထားပြီး နူးနူးညံ့ညံ့မရှိပါပဲ လူကိုခြိမ်းလားခြောက်လားလုပ်နေသည့်သကောင့်သားကို ဘယ်လိုများရည်းစားတော်ရမလဲ စဥ်းစားလို့မရ ။

ဆိုင်ရောက်တော့လဲလူကအူကြောင်ကျား ။ ဒီလိုစျေးကြီးတဲ့ ဆိုင်ကြီးဆိုင်ကောင်းကိုတစ်ခါမှမထိုင်ဖူးတာကြောင့် ဝတ်လာသည့်အဝတ်အစားနှင့် တစ်မျိုးဖြစ်ကာ တခြားသူတွေကိုကြည့်ပြီး တခါမှမသိမ်ငယ်ဖူးသည့်စိတ်ကလေးဝင်လာမိသည် ။

ဒါကိုပင် ဆိုင်ရှေ့မှာထွက်မစောင့်တဲ့အာကာ့ကို ပိုပြီးစိတ်တိုဒေါသဖြစ်မိသည် ။ ဆိုင်ထဲဝင်ကာ ရှာကြည့်တော့ ထောင့်စွန်းဝိုင်းမှာ မင်းသားရှုံးအောင်ပြင်ဆင်ခြယ်သလာတဲ့အာကာ့ကိုကြည့်ကာ ကိုယ့်ကိုကိုယ်ပြန်ငုံ့ကြည့်မိသည် ။ တဆက်တည်းမှာပဲ တော်တော်ထောင့်ကြိုက်သည့်ကောင်ဟု မှတ်ချက်ပေးမိသည် ။

ဆိုင်ထဲဝင်လာကတည်းက ပုဆိုးနှင့်ရှပ်လက်ရှည်အပြာနုရောင်ဝတ်ဆင်လာသည့် အကို့ကိုတွေ့ပေမယ့် မသိချင်ယောင်ဆောင်ကာဖုန်းပွတ်နေလိုက်သည် ။ ရင်ထဲမှာအမြဲခေါ်နေမိတဲ့နာမ်စားလေးကိုအပြင်မှာတော့ထုတ်မခေါ်မိ ။ ဒီလိုလေး တွေ့လိုက်တာနဲ့ရန်ဖြစ်နေရတာကိုက ပျော်စရာကောင်းနေပြီဖြစ်သည် ။ ချောကလက် ချောကလက်ဆိုပြီး ဘယ်တော့မှမကြိုက်ဘူးကြွေးကြော်ထားကာမှ ဘယ်ကဘယ်လိုဒီလိုအရိုင်းအစိုင်းကိုချစ်မိသွားသည်မသိ ။

မိမိရှေ့မှာဝင်ထိုင်မှ အာကာဖုန်းကိုဘေးချကာ စကားပြောလိုက်သည် ။

" ခင်ဗျားကလဲနောက်ကျလိုက်တာ "

ရောက်လာကတည်းကစကားအကောင်းမပြောပဲ ချိန်းထားသည့်ကြားကမရောက်ရောက်အောင်လာခဲ့သူကို အရင်ဆုံးဆောက်နဲ့ထွင်းချလိုက်သည့်အာကာ့ကို နီယံရန်စောင်ကြည့်လိုက်သည် ။

" မင်းကခြိမ်းလားခြောက်လားလုပ်လို့ငါရောက်အောင်လာခဲ့တာ ဒီလိုဆိုင်မျိုးငါတစ်ခါမှမရောက်ဖူးဘူး မနည်းရှာပြီးလာခဲ့ရတာကိုငါ့ကို​သောက်ပြစ်မပြောနဲ့ "

" ဟုတ်ပါပြီဗျာ ကျွန်တော်မှားတယ်ပဲထားလိုက်ပါ ခင်ဗျားကလဲဘုရားနဲ့မှားလာတာလား "

" ဘုရားသွားမှပုဆိုးဝတ်ရမှာလား မင်းငါ့ကိုတကူးတကခေါ်ပြီး ဒီလိုခနဲ့တဲ့တဲ့စကားတွေပြောနေတော့မှာလား "

" ဒီလိုစကားမပြောလို့ ခင်ဗျားကိုကျွန်တော်ကတီတီတာတာလေးတွေနဲ့ချစ်စကားတွေပြောရမှာလား "

အာကာ့စကားကြောင့် နီယံမှာမျက်နှာတွေထူပူလာကာ နီရဲလာ၏။ စားပွဲထိုးလေးလာချပေးသော မုန့်အစုံနှင့်အအေးခွက် ကိုယူသောက်ကာ အာကာ့စကားကိုမကြားချင်ယောင်ဆောင်ကာ လျစ်လျူရှု့ထားလိုက်သည် ။

" ခင်ဗျားဘာမှစားမလာဘူးလား ကျွန်တော့်ကိုဂရုမစိုက်ပဲမုန့်ကိုပဲအသဲအသန်စားနေတာ ကျွန်တော့်ထက်မုန့်ကပိုကောင်းနေလို့လား "

" မင်းကောင်းမကောင်းငါကဘယ်လိုလုပ်သိမလဲ မုန့်ကတော့အရမ်းကောင်းတယ် "

" ကျွန်တော်ကောင်းမကောင်းသိချင်ရင်စားကြည့်လေ အဟင်း "

ကိုယ့်မှာစားနေရင်းအရှက်ခွဲခံလိုက်ရတာကြောင့် အနိုင်ရချင်ဇောဖြင့်ရှေ့မကြည့်နောက်မကြည့်ပြောမိရာ နီယံကိုယ့်အတတ်ကိုယ်စူးတော့သည် ။ ဒါကိုပင် ရှေ့ကနေမေးထောက်ကာကြည့်ပြီး မျက်ခုံးတွန့်ပြကာရန်စနေတဲ့ကောင်ကို ဆွဲထိုးပစ်ချင်စိတ်ကတဖွားဖွား ။

" မင်းတော်တော်ရိုင်းပါလား "

" အရင်ထဲကရိုင်းနေတာပဲ အဟက် ခင်ဗျားကလေတော်တော်စွာတယ် စွာတာမဟုတ်ဘူးရိုင်းတာပါလေ "

" မြေနိုးလေးဘောပဲ ငါပြန်မယ် "

ဆိုပြီး ဒေါနဲ့မောနဲ့ထရပ်လိုက်သူကို အာကာလက်ကဖမ်းဆွဲလိုက်တာအရှိန်အနည်းငယ်ပါသွားတာကြောင့် အာကာ့ပေါ်ဖင်ထိုင်ရက်လဲကျသွားတော့သည် ။

" မင်းဘယ်လိုလုပ်လိုက်တာလဲခွေးသတောင်းစား "

ဘေးဝိုင်းတွေမှာလဲ စားသုံးသူတချို့ရှိနေတာကြောင့် ရှက်ရှက်နှင့်အံကြိတ်ကာစကားဆိုမိသည် ။ ဒါကိုပင်သကောင့်သားက ကျေနပ်နေဟန် မြန်မာကားတွေထဲကနိုင်လူအပြုံးမျိုးဖြင့် ခါးကိုတင်းတင်းကြပ်ကြပ်ဖက်တွယ်ထားသည် ။ နီယံကလဲမခေ တံတောင်ဖြင့်တွက်ကာ ဖယ်ပေးခိုင်းပေမယ့် အကြောတင်းကောင်က အပြုံးမပျက်ဖက်ထားလေသည် ။

" မင်းမဖယ်ရင်မင်းရဲ့ငယ်ပါပေါ်ဆောင့်ထိုင်ချမှာပေါ့ "

' ဟာ သွားပြီ '

အနေအထားကိုမေ့လျော့ကာ အနိုင်ရချင်ဇောဖြင့် ပြောလိုက်ပေမယ့် ထောင်ချောက်ဆင်စရာမလိုပဲ အာကာ့အကွက်ထဲကို လှလှပပခုန်ဝင်သွားသောနီယံ ။

" ဆောင့်ချလိုက်လေ ကျွန်တော့အကြိုက်ပေါ့ ဒါနဲ့နေပါဦး ခင်ဗျားအဖြေတောင်ပြန်မပေးသေးပဲ ဟိုဒင်းဟိုဟာထိတွေးနေတာလား "

" ဘာကွ "

" မှန်သွားလို့လား ခင်ဗျားတော်တော်ထန်တာပဲ "

" ဖယ် ငါပြန်မယ် မင်းလိုကောင် သေတောင်မချစ်ဘူးကွ မှတ်ထား "

" ခင်ဗျားခုကျွန်တော့်ပေါ်ထိုင်ချလိုက်တာနော် ကျွန်တော့်လူပျိုဘဝလေးပျက်သွားပြီ အဲ့တာခင်ဗျားတာဝန်ယူတော့ "

" -ီးမို့တာဝန်ယူရမှာလား ငါကမင်းကိုမုဒိန်းကျင့်နေတာလဲမဟုတ် မင်းဆွဲလို့ဖင်ထိုင်ရက်ပြန်ကျတာလေ ခွေးသတောင်းစားရဲ့ "

" ရတယ်လေ ခင်ဗျားကအေးဆေးတာဝန်မယူမှတော့ခင်ဗျားမိဘတွေနဲ့စကားဆက်ပြောကြတာပေါ့ "

ပြောပြီးခုံပေါ်မှထကာ ၁သောင်းတန်တစ်ရွက်စားပွဲပေါ်တင်ပြီး နီယံ့လက်ကိုဆွဲကာ ဆိုင်ထဲမှထွက်လာခဲ့သည် ။ နောက်က 
နေနီယံကတော့ ဗရုတ်သုတ်ခနိုင်စွာ ယက်ကန်ယက်ကန်ဖြင့်လိုက်ပါလာရှာသည် ။

..............

မှဲ့ညိုလေးနှင့်တရားဝင်တွဲခွင့်ရကတည်းက ပျောက်ချက်သားကောင်းနေသည့်ထက်မြတ် ။ ဘယ်အချိန်မှာဘယ်လိုပုံစံမျိုးနှင့်ပြန်ပေါ်လာပြီး ဘယ်လိုဒုက္ခပေးဦးမည်ကိုမသိသေး ။ ပြောလျှင်ပြောသည့်အတိုင်းလုပ်တတ်သည့်သူက ဒီအတိုင်းတော့ကျော်သွားပေးမည်မဟုတ်ကြောင်းကို စျာန်ကောင်းကောင်းသိသည် ။

မွေးနေ့ကလည်းနီးနေပြီဖြစ်သည့်အတွက် Suprise လုပ်ရန် ကြိုတင်ပြင်ဆင်နေရပြီး ချစ်ရသူကိုတောင်သိပ်ပြီးအချိန်မပေးနိုင် ။ Google နဲ့ပဲတနေ့တနေ့အလုပ်ပတ်ရှုပ်နေမိသည် ။ အမှတ်တရလေးဖြစ်စေချင်အတွက် အကောင်းဆုံးနှင့် အမှတ်တရဖြစ်မည့်အရာများကိုသာ ကြိုတင်စီစဥ်ထားဖြစ်သည် ။

ညကလဲညဥ့်နက်မှအိပ်ပျော်သွားပြီး မနက်ပိုင်းကျ ပုံမှန်ထက်စောနိုးနေကာ မှဲ့ညိုလေးကိုသတိရလာတာကြောင့် ရေချိုးသန့်စင်ကာ အားလုံးပြင်ဆင်ပြီးတော့ ၈နာရီခွဲ ။

ရုံးချိန်ဖြစ်တာကြောင့် ကားတွေအ​တော်ကြပ်နေပြီး မှဲ့ညိုလေးကိုအရမ်းလွမ်းနေတာကြောင့် တွေ့ချင်စိတ်များနေကာ ပိတ်နေတဲ့ကားလမ်းမပေါ်မှာ ဆဲရေးတိုင်းထွာမိသည် ။

မှဲ့ညိုလေးတို့လမ်းထဲဝင်လာတော့ ထုံးစံအတိုင်း ရပ်ကွက်ထဲကပါပါရာဇီတွေရဲ့အကြည့်တွေကစျာန့်ဆီမှာ ။ ဒီအကြည့်လောက်ကိုစျာန်တို့ကမမှုသေး ။ မှဲ့ညိုလေးတို့အိမ်ရှေ့ကားရပ်တော့ ဆိုင်ထဲမှာ မှဲ့ညိုလေးမေမေကထိုင်နေသည် ။ စျာန်ကားပေါ်မှဆင်းကာ ဆိုင်ထဲဝင်သွားပြီး ယောက္ခမကြီးကိုစတင်မိတ်ဆက်လိုက်သည် ။

" အန်တီ လွန်းငယ်ရှိလားခင်ဗျ "

" ဟိုဘက်လမ်းမှာအကြွေးတောင်းခိုင်းလိုက်တယ်သား ခဏစောင့်လေတအောင့်နေပြန်လာမှာ "

" ဟုတ်ကဲ့ "

ပြောပြီး ချစ်ယောက္ခမကြီး နေရာချပေးသောခုံတွင်ဝင်ထိုင်ကာ ချစ်ရသူ၏အပြန်လမ်းကိုစောင့်မျှော်နေမိသည် ။

တစ်ဖက်လမ်းတွင်အကြွေးတောင်းပြီး ပြန်လာတော့ ခြံရှေ့မှာရပ်ထားသည့် ပြိုင်ကားအနီရဲရဲလေးကြောင့် ဘယ်သူရောက်နေသည်ဆိုတာကိုပိုးသိလိုက်သည် ။ ဒီရက်တွေမှာ စကားကောင်းကောင်းမပြောဖြစ်တာကြောင့် လွမ်းနေခဲ့ရသူကို ခုလိုမထင်မှတ်ပဲ ဘွားခနဲရောက်ချလာတော့ ပျော်မိတာတော့အမှန်ပင် ။ လူဆိုးကောင်ကတော့ လူဆိုးကောင်ဆိုသည့်နာမည်အတိုင်းပါပဲ ။ လူကိုရင်ခုန်အောင်လုပ်သည့် နေရာတွင် နှစ်ယောက်မရှိသူဖြစ်သည် ။ ပိုး မောင့်အနားသွားကာ မောင်ဟုခေါ်မည်ကြံပြီးမှ မေမေရှိနေသည်ကိုသတိရသွားကာ စျာန်ဟုပြောင်းခေါ်လိုက်သည် ။

" စျာန် ရောက်နေတာကြာပြီလား "

အခေါ်အဝေါ်ကြောင့် မျက်မှောင်ကုတ်ကာ ကြည့်နေသောချစ်ရသူလူဆိုးကောင်ကိုပြုံးပြကာ အိမ်ထဲဝင်ဖို့ခေါ်လိုက်သည် ။

" အိမ်ထဲကိုလာလေ တစ်ခုခုဧည့်ခံရအောင်လို့ "

မောင့်ကိုခေါ်ကာ ပိုးကရှေ့ကနေထွက်လာခဲ့သည် ။ ဒါကိုပင် လူဆိုးကောင်က မျက်နှာမသာမယာဖြင့် လိုက်ပါလာကာ အိမ်ထဲရောက်တော့ ဧည့်ခန်းထဲထိုင်သည်အထိ ပိုးကိုစကားပြောမလာပေ ။ ပိုးလဲ မောင့်ဘေးကခုံလွတ်တွင်ဝင်ထိုင်လိုက်ကာ မောင့်လက်ကိုကိုင်ကာ အကျိုးအကြောင်းရှင်းပြရတော့သည် ။

" မောင် "

လှည့်ကြည့်မလာ

" ငယ့်ကိုစိတ်ဆိုးနေတာလားဟင် ခုနကမေမေရှိနေလို့နာမည်ခေါ်လိုက်မိတာပါ ဟင့် မောင်ကငယ့်ကိုစကားမပြောတော့ "

ရှိုက်သံလေးတစွန်းတစသံကြားသည်နှင့် 
စျာန်မှားသွားပြီဟု ကိုယ့်ကိုကိုယ်အပြစ်ဖို့ကာ ငယ့်စကား​တောင်မဆုံးသေးချစ်ရသူကိုချော့ဖို့ပြင်ရသည် ။ သိလာခဲ့တဲ့သက်တမ်းတလျှောက်မှာ ဒီလိုမျက်ရည်ကျသည့်ပုံစံမျိုးကို မတွေ့ဖူးတာကြောင့် ရင်ထဲစိုးထိတ်မိသည် ။

" အာ မောင်တောင်းပန်ပါတယ်ငယ်ရယ် မောင်လူဆိုးကငယ့်ကိုမျက်ရည်ကျအောင်လုပ်မိသွားပြီ မောင်ကမကောင်းဘူးနော် မောင်ကတောင်းပန်တာမို့မငိုပါနဲ့တော့ကလေးလေးရယ် ငယ့်မျက်ရည်တွေမြင်ရတာ ဟော့ဒီနေရာကအရမ်းနာတယ်ငယ် "

ဘယ်ဘတ်ရင်အုံကိုပုတ်ပြကာ စိတ်မကောင်းဖြစ်ကြောင်းပြောလာသော ချစ်ရသူလူဆိုးကောင်ကြောင့် ပိုးကျလက်စမျက်ရည်တွေကိုသုတ်ပစ်ကာ စကားပြောလိုက်သည် ။

" မောင်ကငယ့်ကိုစကားမပြောတော့ ငယ်စိတ်မကောင်းဖြစ်တာပေါ့ ဟင့် "

" ကလေးလေးကငိုတော့ မောင်ဖြင့်လန့်သွားတာပဲ "

ချစ်ရသူကိုရင်ခွင်ထဲဆွဲပွေ့ကာ အငိုတိတ်စေရန်ချော့မော့ကာ ဆံနွယ်လေးနမ်းရှိုက်လိုက်သည် ။ ရင်ခွင်ထဲကချစ်ရသူကို အပြင်ထုတ်ကာ မျက်နှာချင်းဆိုင်ပြီး မျက်ရည်စတွေသုတ်ဖယ်ပေးပြီး မျက်နှာပြင်အနှံ့အနမ်းမိုးတွေရွာသွန်းပစ်လိုက်သည် ။ မတွေ့ဖြစ်တဲ့ရက်တွေမှာ ငယ်ကတော့အငိုသန်တဲကလေးလေးလိုဖြစ်လာသည် ။

" အာ တော်ပြီမောင် ဧည့်ခန်းထဲမှာ မေမေဝင်လာလို့တွေ့သွားရင်ပြဿနာတတ်လိမ့်မယ် "

" ဟုတ်ပါပြီဗျာ "

" ဒါနဲ့ မောင်ဒီရက်ပိုင်းအလုပ်တွေရှုပ်နေတာလား "

" ဟုတ်တယ် မောင်နည်းနည်းအလုပ်များနေတာရယ် အပြင်သွားရအောင်လေ အဝတ်စားသွားလဲချည် "

" ဟင် ​ဗြုန်းစားကြီးရောက်လာပြီးအပြင်သွားမလို့လား "

" ဟုတ်တယ် အရမ်းလွမ်းနေလို့မောင့်ကလေးလေးကို "

" ဟုတ်ပါပြီ ခဏစောင့်အဝတ်စားလဲလိုက်မယ် "

၅မိနစ်လောက်လာတော့ အခန်းထဲမှပြန်ထွက်လာသည့် ချစ်ရသူဟာ ဘာမှထွေထွေထူးထူးပြင်ဆင်ခြယ်သထားခြင်းမရှိပါပဲ ပါးကွက်က​လေးနှစ်ဖက်နှင့် ပကတိလှပကာ မျက်နှာကလေးဟာကြည်လင်လို့ ချစ်စရာကောင်းနေပါ၏။

" ခဏလေး မေမေ့ကိုသွားပြောလိုက်ဦးမယ် ကားထဲမှာစောင့်နေ "

" ဟုတ် "
.
.
.
.
.
အိမ်ကနေစထွက်လာကတည်းက သီချင်းလေးတညည်းညည်းဖြင့် လက်တစ်ဖက်ကပိုးလက်ကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ကားစတီယာရင်ကိုကိုင်ကာမောင်းနေပြီး တစ်ချက်တစ်ချက် ပိုးကိုလှည့်ကြည့်တတ်သည့်ချစ်ရသူမောင် ။ ကားကြပ်လို့ကားရပ်ရင် နဖူးကိုလာလာနမ်းသေးသည် ။

၄၅မိနစ်လောက်ကားမောင်းလာခဲ့ပြီး အေးချမ်းသည့် ရပ်ကွက်ကလေးထဲကိုဝင်လာသည် ။ ဘယ်ကိုသွားနေသည်ကို ခုချိန်ထိပိုးမသိရသေး ။ မေးလဲမမေးဖြစ်သလို မောင့်ဘက်ကလည်း အလိုက်တသိနှင့်ပြောပြမလာ ။

" မောင် ခုဘယ်ကိုသွားနေတာလဲဟင် "

" အရမ်းလှတဲ့ဆိုင်တစ်ဆိုင်ကိုသွားနေတာ ငယ်ရောက်ရင်ကြိုက်မှာပါ facebook မှာ တွေ့လို့ "

" အော် "

ခဏကြာတော့ မောင်ပြောသည့်ဆိုင်ကိုရောက်လာသည် ။ နေရာကလေးကအေးချမ်းကာ လူပါးသည့်အရပ်မျိုးဖြစ်သည် ။ ဆိုင်နာမည်လေးကထူးဆန်းစွာ တောသဘာဝဆိုသည့်အတိုင်း တောသဘာဝတောအရသာကို အပြည့်အဝပေးစွမ်းထားသည် ။

ကားရပ်ကာနေရာထားပြီး လျှောက်လမ်းလေးအတိုင်းဝင်လာသည်နှင့် လျှောက်လမ်းတစ်လျှောက်မှာ အာဆီယံသပြေပင်တွေတန်းစီစိုက်ပျိုးထားပြီး ဘေးတစ်ဖက်တစ်ချက်စီမှာလည်း ပုံစံအမျိုးမျိုးဖြင့်အလှဆင်ထားသည် ။ အကုန်လုံးကို ဝါးကိုသာအသုံးပြုထားတာကြောင့် မျက်စိအမြင်အေးကာ တစ်မျိုးလေးဆန်းသစ်ကြည့်ကောင်းနေသည် ။

" ငယ်သဘောကျရဲ့လား "

" အင်း အရမ်းသဘောကျတယ် "

" မောင် "

" ဗျာ "

" တောသဘာဝဆိုးတဲ့အတိုင်း တောသဘာဝတောအလှကိုခံစားရအောင်ပြင်ဆင်ထားတာ အရမ်းလှတယ်နော် ဆိုင်ခန်းလေးတွေသီးသန့်ထားပေးတာကလဲအရမ်းအဆင်ပြေတယ် "

" ဟုတ်တယ်ငယ်ရဲ့ စစ​တွေ့ကတည်းက မောင်ကငယ့်ကိုလိုက်ပို့ပေးချင်တာ ငယ်ကသဘောကျတယ်ဆိုလို့မောင်ပျော်ပါတယ် "

.............

ထက်မြတ် Screen ပေါ်က လူနှစ်ယောက်၏လှုပ်ရှာမှုအစုံစုံကိုကြည့်ကာ တစ်ဖက်ကိုဖုန်းခေါ်လိုက်သည် ။

" အေး "

"...."

" မနက်ဖြန်ကစပြီးဆက်လိုက်စရာမလိုတော့ဘူး မကြာခင်မှာအဆုံးသတ်ရမယ့်နေ့ကိုရောက်လာတော့မယ် အဲ့မတိုင်ခင်တော့ပျော်ကြစမ်းပါစေ "

"........"

" အေး "

ဖုန်းကျသွားတော့ ထက်မြတ်ဖုန်းကိုစားပွဲပေါ်တင်ကာ တဟားဟားအော်ရယ်ပစ်လိုက်သည် ။

" သိပ်ကောင်းတယ် ကြိုးစားထားစျာန်ဇွဲ အဲ့နေ့မှာမင်းအချိန်ကုန်ခံကြိုးစားထားသမျှကိုသဲထဲရေသွန်ဖြစ်အောင်ငါကသေချာပေါက်အဆုံးသတ်ပေးမယ် ဟားဟားဟား "

13/3/22
13/6/22(Edit Date)

မနက္ေစာေစာစီးစီးဖုန္းဆက္ကာ ေတြ႕ရေအာင္ခ်ိန္းၿပီး မလာရင္အိမ္ထိလိုက္လာမည္ဆိုေသာ အာကာ့ရဲ႕ၿခိမ္းေျခာက္စကားေၾကာင့္ နီယံ့မွာလာရသည္ ။ ရည္းစကားေျပာထားၿပီး ႏူးႏူးညံ့ညံ့မရွိပါပဲ လူကိုၿခိမ္းလားေျခာက္လားလုပ္ေနသည့္သေကာင့္သားကို ဘယ္လိုမ်ားရည္းစားေတာ္ရမလဲ စဥ္းစားလို႔မရ ။

ဆိုင္ေရာက္ေတာ့လဲလူကအူေၾကာင္က်ား ။ ဒီလိုေစ်းႀကီးတဲ့ ဆိုင္ႀကီးဆိုင္ေကာင္းကိုတစ္ခါမွမထိုင္ဖူးတာေၾကာင့္ ဝတ္လာသည့္အဝတ္အစားႏွင့္ တစ္မ်ိဳးျဖစ္ကာ တျခားသူေတြကိုၾကည့္ၿပီး တခါမွမသိမ္ငယ္ဖူးသည့္စိတ္ကေလးဝင္လာမိသည္ ။

ဒါကိုပင္ ဆိုင္ေရွ႕မွာထြက္မေစာင့္တဲ့အာကာ့ကို ပိုၿပီးစိတ္တိုေဒါသျဖစ္မိသည္ ။ ဆိုင္ထဲဝင္ကာ ရွာၾကည့္ေတာ့ ေထာင့္စြန္းဝိုင္းမွာ မင္းသားရႈံးေအာင္ျပင္ဆင္ျခယ္သလာတဲ့အာကာ့ကိုၾကည့္ကာ ကိုယ့္ကိုကိုယ္ျပန္ငုံ႕ၾကည့္မိသည္ ။ တဆက္တည္းမွာပဲ ေတာ္ေတာ္ေထာင့္ႀကိဳက္သည့္ေကာင္ဟု မွတ္ခ်က္ေပးမိသည္ ။

ဆိုင္ထဲဝင္လာကတည္းက ပုဆိုးႏွင့္ရွပ္လက္ရွည္အျပာႏုေရာင္ဝတ္ဆင္လာသည့္ အကို႔ကိုေတြ႕ေပမယ့္ မသိခ်င္ေယာင္ေဆာင္ကာဖုန္းပြတ္ေနလိုက္သည္ ။ ရင္ထဲမွာအၿမဲေခၚေနမိတဲ့နာမ္စားေလးကိုအျပင္မွာေတာ့ထုတ္မေခၚမိ ။ ဒီလိုေလး ေတြ႕လိုက္တာနဲ႕ရန္ျဖစ္ေနရတာကိုက ေပ်ာ္စရာေကာင္းေနၿပီျဖစ္သည္ ။ ေခ်ာကလက္ ေခ်ာကလက္ဆိုၿပီး ဘယ္ေတာ့မွမႀကိဳက္ဘူးေႂကြးေၾကာ္ထားကာမွ ဘယ္ကဘယ္လိုဒီလိုအရိုင္းအစိုင္းကိုခ်စ္မိသြားသည္မသိ ။

မိမိေရွ႕မွာဝင္ထိုင္မွ အာကာဖုန္းကိုေဘးခ်ကာ စကားေျပာလိုက္သည္ ။

" ခင္ဗ်ားကလဲေနာက္က်လိဳက္တာ "

ေရာက္လာကတည္းကစကားအေကာင္းမေျပာပဲ ခ်ိန္းထားသည့္ၾကားကမေရာက္ေရာက္ေအာင္လာခဲ့သူကို အရင္ဆုံးေဆာက္နဲ႕ထြင္းခ်လိဳက္သည့္အာကာ့ကို နီယံရန္ေစာင္ၾကည့္လိုက္သည္ ။

" မင္းကၿခိမ္းလားေျခာက္လားလုပ္လို႔ငါေရာက္ေအာင္လာခဲ့တာ ဒီလိုဆိုင္မ်ိဳးငါတစ္ခါမွမေရာက္ဖူးဘူး မနည္းရွာၿပီးလာခဲ့ရတာကိုငါ့ကို​ေသာက္ျပစ္မေျပာနဲ႕ "

" ဟုတ္ပါၿပီဗ်ာ ကြၽန္ေတာ္မွားတယ္ပဲထားလိုက္ပါ ခင္ဗ်ားကလဲဘုရားနဲ႕မွားလာတာလား "

" ဘုရားသြားမွပုဆိုးဝတ္ရမွာလား မင္းငါ့ကိုတကူးတကေခၚၿပီး ဒီလိုခနဲ႕တဲ့တဲ့စကားေတြေျပာေနေတာ့မွာလား "

" ဒီလိုစကားမေျပာလို႔ ခင္ဗ်ားကိုကြၽန္ေတာ္ကတီတီတာတာေလးေတြနဲ႕ခ်စ္စကားေတြေျပာရမွာလား "

အာကာ့စကားေၾကာင့္ နီယံမွာမ်က္ႏွာေတြထူပူလာကာ နီရဲလာ၏။ စားပြဲထိုးေလးလာခ်ေပးေသာ မုန့္အစုံႏွင့္အေအးခြက္ ကိုယူေသာက္ကာ အာကာ့စကားကိုမၾကားခ်င္ေယာင္ေဆာင္ကာ လ်စ္လ်ဴရႈ႕ထားလိုက္သည္ ။

" ခင္ဗ်ားဘာမွစားမလာဘူးလား ကြၽန္ေတာ့္ကိုဂ႐ုမစိုက္ပဲမုန့္ကိုပဲအသဲအသန္စားေနတာ ကြၽန္ေတာ့္ထက္မုန့္ကပိုေကာင္းေနလို႔လား "

" မင္းေကာင္းမေကာင္းငါကဘယ္လိုလုပ္သိမလဲ မုန့္ကေတာ့အရမ္းေကာင္းတယ္ "

" ကြၽန္ေတာ္ေကာင္းမေကာင္းသိခ်င္ရင္စားၾကည့္ေလ အဟင္း "

ကိုယ့္မွာစားေနရင္းအရွက္ခြဲခံလိုက္ရတာေၾကာင့္ အနိုင္ရခ်င္ေဇာျဖင့္ေရွ႕မၾကည့္ေနာက္မၾကည့္ေျပာမိရာ နီယံကိုယ့္အတတ္ကိုယ္စူးေတာ့သည္ ။ ဒါကိုပင္ ေရွ႕ကေနေမးေထာက္ကာၾကည့္ၿပီး မ်က္ခုံးတြန့္ျပကာရန္စေနတဲ့ေကာင္ကို ဆြဲထိုးပစ္ခ်င္စိတ္ကတဖြားဖြား ။

" မင္းေတာ္ေတာ္ရိုင္းပါလား "

" အရင္ထဲကရိုင္းေနတာပဲ အဟက္ ခင္ဗ်ားကေလေတာ္ေတာ္စြာတယ္ စြာတာမဟုတ္ဘူးရိုင္းတာပါေလ "

" ေျမနိုးေလးေဘာပဲ ငါျပန္မယ္ "

ဆိုၿပီး ေဒါနဲ႕ေမာနဲ႕ထရပ္လိုက္သူကို အာကာလက္ကဖမ္းဆြဲလိုက္တာအရွိန္အနည္းငယ္ပါသြားတာေၾကာင့္ အာကာ့ေပၚဖင္ထိုင္ရက္လဲက်သြားေတာ့သည္ ။

" မင္းဘယ္လိုလုပ္လိုက္တာလဲေခြးသေတာင္းစား "

ေဘးဝိုင္းေတြမွာလဲ စားသုံးသူတခ်ိဳ႕ရွိေနတာေၾကာင့္ ရွက္ရွက္ႏွင့္အံႀကိတ္ကာစကားဆိုမိသည္ ။ ဒါကိုပင္သေကာင့္သားက ေက်နပ္ေနဟန္ ျမန္မာကားေတြထဲကနိုင္လူအၿပဳံးမ်ိဳးျဖင့္ ခါးကိုတင္းတင္းၾကပ္ၾကပ္ဖက္တြယ္ထားသည္ ။ နီယံကလဲမေခ တံေတာင္ျဖင့္တြက္ကာ ဖယ္ေပးခိုင္းေပမယ့္ အေၾကာတင္းေကာင္က အၿပဳံးမပ်က္ဖက္ထားေလသည္ ။

" မင္းမဖယ္ရင္မင္းရဲ႕ငယ္ပါေပၚေဆာင့္ထိုင္ခ်မွာေပါ့ "

' ဟာ သြားၿပီ '

အေနအထားကိုေမ့ေလ်ာ့ကာ အနိုင္ရခ်င္ေဇာျဖင့္ ေျပာလိုက္ေပမယ့္ ေထာင္ေခ်ာက္ဆင္စရာမလိုပဲ အာကာ့အကြက္ထဲကို လွလွပပခုန္ဝင္သြားေသာနီယံ ။

" ေဆာင့္ခ်လိဳက္ေလ ကြၽန္ေတာ့အႀကိဳက္ေပါ့ ဒါနဲ႕ေနပါဦး ခင္ဗ်ားအေျဖေတာင္ျပန္မေပးေသးပဲ ဟိုဒင္းဟိုဟာထိေတြးေနတာလား "

" ဘာကြ "

" မွန္သြားလို႔လား ခင္ဗ်ားေတာ္ေတာ္ထန္တာပဲ "

" ဖယ္ ငါျပန္မယ္ မင္းလိုေကာင္ ေသေတာင္မခ်စ္ဘူးကြ မွတ္ထား "

" ခင္ဗ်ားခုကြၽန္ေတာ့္ေပၚထိုင္ခ်လိဳက္တာေနာ္ ကြၽန္ေတာ့္လူပ်ိဳဘဝေလးပ်က္သြားၿပီ အဲ့တာခင္ဗ်ားတာဝန္ယူေတာ့ "

" -ီးမို႔တာဝန္ယူရမွာလား ငါကမင္းကိုမုဒိန္းက်င့္ေနတာလဲမဟုတ္ မင္းဆြဲလို႔ဖင္ထိုင္ရက္ျပန္က်တာေလ ေခြးသေတာင္းစားရဲ႕ "

" ရတယ္ေလ ခင္ဗ်ားကေအးေဆးတာဝန္မယူမွေတာ့ခင္ဗ်ားမိဘေတြနဲ႕စကားဆက္ေျပာၾကတာေပါ့ "

ေျပာၿပီးခုံေပၚမွထကာ ၁ေသာင္းတန္တစ္႐ြက္စားပြဲေပၚတင္ၿပီး နီယံ့လက္ကိုဆြဲကာ ဆိုင္ထဲမွထြက္လာခဲ့သည္ ။ ေနာက္က 
ေနနီယံကေတာ့ ဗ႐ုတ္သုတ္ခနိုင္စြာ ယက္ကန္ယက္ကန္ျဖင့္လိုက္ပါလာရွာသည္ ။

..............

မွဲ႕ညိုေလးႏွင့္တရားဝင္တြဲခြင့္ရကတည္းက ေပ်ာက္ခ်က္သားေကာင္းေနသည့္ထက္ျမတ္ ။ ဘယ္အခ်ိန္မွာဘယ္လိုပုံစံမ်ိဳးႏွင့္ျပန္ေပၚလာၿပီး ဘယ္လိုဒုကၡေပးဦးမည္ကိုမသိေသး ။ ေျပာလွ်င္ေျပာသည့္အတိုင္းလုပ္တတ္သည့္သူက ဒီအတိုင္းေတာ့ေက်ာ္သြားေပးမည္မဟုတ္ေၾကာင္းကို စ်ာန္ေကာင္းေကာင္းသိသည္ ။

ေမြးေန႕ကလည္းနီးေနၿပီျဖစ္သည့္အတြက္ Suprise လုပ္ရန္ ႀကိဳတင္ျပင္ဆင္ေနရၿပီး ခ်စ္ရသူကိုေတာင္သိပ္ၿပီးအခ်ိန္မေပးနိုင္ ။ Google နဲ႕ပဲတေန႕တေန႕အလုပ္ပတ္ရႈပ္ေနမိသည္ ။ အမွတ္တရေလးျဖစ္ေစခ်င္အတြက္ အေကာင္းဆုံးႏွင့္ အမွတ္တရျဖစ္မည့္အရာမ်ားကိုသာ ႀကိဳတင္စီစဥ္ထားျဖစ္သည္ ။

ညကလဲညဥ့္နက္မွအိပ္ေပ်ာ္သြားၿပီး မနက္ပိုင္းက် ပုံမွန္ထက္ေစာနိုးေနကာ မွဲ႕ညိုေလးကိုသတိရလာတာေၾကာင့္ ေရခ်ိဳးသန့္စင္ကာ အားလုံးျပင္ဆင္ၿပီးေတာ့ ၈နာရီခြဲ ။

႐ုံးခ်ိန္ျဖစ္တာေၾကာင့္ ကားေတြအ​ေတာ္ၾကပ္ေနၿပီး မွဲ႕ညိုေလးကိုအရမ္းလြမ္းေနတာေၾကာင့္ ေတြ႕ခ်င္စိတ္မ်ားေနကာ ပိတ္ေနတဲ့ကားလမ္းမေပၚမွာ ဆဲေရးတိုင္းထြာမိသည္ ။

မွဲ႕ညိုေလးတို႔လမ္းထဲဝင္လာေတာ့ ထုံးစံအတိုင္း ရပ္ကြက္ထဲကပါပါရာဇီေတြရဲ႕အၾကည့္ေတြကစ်ာန့္ဆီမွာ ။ ဒီအၾကည့္ေလာက္ကိုစ်ာန္တို႔ကမမႈေသး ။ မွဲ႕ညိုေလးတို႔အိမ္ေရွ႕ကားရပ္ေတာ့ ဆိုင္ထဲမွာ မွဲ႕ညိုေလးေမေမကထိုင္ေနသည္ ။ စ်ာန္ကားေပၚမွဆင္းကာ ဆိုင္ထဲဝင္သြားၿပီး ေယာကၡမႀကီးကိုစတင္မိတ္ဆက္လိုက္သည္ ။

" အန္တီ လြန္းငယ္ရွိလားခင္ဗ် "

" ဟိုဘက္လမ္းမွာအေႂကြးေတာင္းခိုင္းလိုက္တယ္သား ခဏေစာင့္ေလတေအာင့္ေနျပန္လာမွာ "

" ဟုတ္ကဲ့ "

ေျပာၿပီး ခ်စ္ေယာကၡမႀကီး ေနရာခ်ေပးေသာခုံတြင္ဝင္ထိုင္ကာ ခ်စ္ရသူ၏အျပန္လမ္းကိုေစာင့္ေမွ်ာ္ေနမိသည္ ။

တစ္ဖက္လမ္းတြင္အေႂကြးေတာင္းၿပီး ျပန္လာေတာ့ ၿခံေရွ႕မွာရပ္ထားသည့္ ၿပိဳင္ကားအနီရဲရဲေလးေၾကာင့္ ဘယ္သူေရာက္ေနသည္ဆိုတာကိုပိုးသိလိုက္သည္ ။ ဒီရက္ေတြမွာ စကားေကာင္းေကာင္းမေျပာျဖစ္တာေၾကာင့္ လြမ္းေနခဲ့ရသူကို ခုလိုမထင္မွတ္ပဲ ဘြားခနဲေရာက္ခ်လာေတာ့ ေပ်ာ္မိတာေတာ့အမွန္ပင္ ။ လူဆိုးေကာင္ကေတာ့ လူဆိုးေကာင္ဆိုသည့္နာမည္အတိုင္းပါပဲ ။ လူကိုရင္ခုန္ေအာင္လုပ္သည့္ ေနရာတြင္ ႏွစ္ေယာက္မရွိသူျဖစ္သည္ ။ ပိုး ေမာင့္အနားသြားကာ ေမာင္ဟုေခၚမည္ႀကံၿပီးမွ ေမေမရွိေနသည္ကိုသတိရသြားကာ စ်ာန္ဟုေျပာင္းေခၚလိုက္သည္ ။

" စ်ာန္ ေရာက္ေနတာၾကာၿပီလား "

အေခၚအေဝၚေၾကာင့္ မ်က္ေမွာင္ကုတ္ကာ ၾကည့္ေနေသာခ်စ္ရသူလူဆိုးေကာင္ကိုၿပဳံးျပကာ အိမ္ထဲဝင္ဖို႔ေခၚလိုက္သည္ ။

" အိမ္ထဲကိုလာေလ တစ္ခုခုဧည့္ခံရေအာင္လို႔ "

ေမာင့္ကိုေခၚကာ ပိုးကေရွ႕ကေနထြက္လာခဲ့သည္ ။ ဒါကိုပင္ လူဆိုးေကာင္က မ်က္ႏွာမသာမယာျဖင့္ လိုက္ပါလာကာ အိမ္ထဲေရာက္ေတာ့ ဧည့္ခန္းထဲထိုင္သည္အထိ ပိုးကိုစကားေျပာမလာေပ ။ ပိုးလဲ ေမာင့္ေဘးကခုံလြတ္တြင္ဝင္ထိုင္လိုက္ကာ ေမာင့္လက္ကိုကိုင္ကာ အက်ိဳးအေၾကာင္းရွင္းျပရေတာ့သည္ ။

" ေမာင္ "

လွည့္ၾကည့္မလာ

" ငယ့္ကိုစိတ္ဆိုးေနတာလားဟင္ ခုနကေမေမရွိေနလို႔နာမည္ေခၚလိုက္မိတာပါ ဟင့္ ေမာင္ကငယ့္ကိုစကားမေျပာေတာ့ "

ရွိုက္သံေလးတစြန္းတစသံၾကားသည္ႏွင့္ 
စ်ာန္မွားသြားၿပီဟု ကိုယ့္ကိုကိုယ္အျပစ္ဖို႔ကာ ငယ့္စကား​ေတာင္မဆုံးေသးခ်စ္ရသူကိုေခ်ာ့ဖို႔ျပင္ရသည္ ။ သိလာခဲ့တဲ့သက္တမ္းတေလွ်ာက္မွာ ဒီလိုမ်က္ရည္က်သည့္ပုံစံမ်ိဳးကို မေတြ႕ဖူးတာေၾကာင့္ ရင္ထဲစိုးထိတ္မိသည္ ။

" အာ ေမာင္ေတာင္းပန္ပါတယ္ငယ္ရယ္ ေမာင္လူဆိုးကငယ့္ကိုမ်က္ရည္က်ေအာင္လုပ္မိသြားၿပီ ေမာင္ကမေကာင္းဘူးေနာ္ ေမာင္ကေတာင္းပန္တာမို႔မငိုပါနဲ႕ေတာ့ကေလးေလးရယ္ ငယ့္မ်က္ရည္ေတြျမင္ရတာ ေဟာ့ဒီေနရာကအရမ္းနာတယ္ငယ္ "

ဘယ္ဘတ္ရင္အုံကိုပုတ္ျပကာ စိတ္မေကာင္းျဖစ္ေၾကာင္းေျပာလာေသာ ခ်စ္ရသူလူဆိုးေကာင္ေၾကာင့္ ပိုးက်လက္စမ်က္ရည္ေတြကိုသုတ္ပစ္ကာ စကားေျပာလိုက္သည္ ။

" ေမာင္ကငယ့္ကိုစကားမေျပာေတာ့ ငယ္စိတ္မေကာင္းျဖစ္တာေပါ့ ဟင့္ "

" ကေလးေလးကငိုေတာ့ ေမာင္ျဖင့္လန့္သြားတာပဲ "

ခ်စ္ရသူကိုရင္ခြင္ထဲဆြဲေပြ႕ကာ အငိုတိတ္ေစရန္ေခ်ာ့ေမာ့ကာ ဆံႏြယ္ေလးနမ္းရွိုက္လိုက္သည္ ။ ရင္ခြင္ထဲကခ်စ္ရသူကို အျပင္ထုတ္ကာ မ်က္ႏွာခ်င္းဆိုင္ၿပီး မ်က္ရည္စေတြသုတ္ဖယ္ေပးၿပီး မ်က္ႏွာျပင္အႏွံ႕အနမ္းမိုးေတြ႐ြာသြန္းပစ္လိုက္သည္ ။ မေတြ႕ျဖစ္တဲ့ရက္ေတြမွာ ငယ္ကေတာ့အငိုသန္တဲကေလးေလးလိုျဖစ္လာသည္ ။

" အာ ေတာ္ၿပီေမာင္ ဧည့္ခန္းထဲမွာ ေမေမဝင္လာလို႔ေတြ႕သြားရင္ျပႆနာတတ္လိမ့္မယ္ "

" ဟုတ္ပါၿပီဗ်ာ "

" ဒါနဲ႕ ေမာင္ဒီရက္ပိုင္းအလုပ္ေတြရႈပ္ေနတာလား "

" ဟုတ္တယ္ ေမာင္နည္းနည္းအလုပ္မ်ားေနတာရယ္ အျပင္သြားရေအာင္ေလ အဝတ္စားသြားလဲခ်ည္ "

" ဟင္ ​ျဗဳန္းစားႀကီးေရာက္လာၿပီးအျပင္သြားမလို႔လား "

" ဟုတ္တယ္ အရမ္းလြမ္းေနလို႔ေမာင့္ကေလးေလးကို "

" ဟုတ္ပါၿပီ ခဏေစာင့္အဝတ္စားလဲလိုက္မယ္ "

၅မိနစ္ေလာက္လာေတာ့ အခန္းထဲမွျပန္ထြက္လာသည့္ ခ်စ္ရသူဟာ ဘာမွေထြေထြထူးထူးျပင္ဆင္ျခယ္သထားျခင္းမရွိပါပဲ ပါးကြက္က​ေလးႏွစ္ဖက္ႏွင့္ ပကတိလွပကာ မ်က္ႏွာကေလးဟာၾကည္လင္လို႔ ခ်စ္စရာေကာင္းေနပါ၏။

" ခဏေလး ေမေမ့ကိုသြားေျပာလိုက္ဦးမယ္ ကားထဲမွာေစာင့္ေန "

" ဟုတ္ "
.
.
.
.
.
အိမ္ကေနစထြက္လာကတည္းက သီခ်င္းေလးတညည္းညည္းျဖင့္ လက္တစ္ဖက္ကပိုးလက္ကိုကိုင္ထားၿပီး က်န္လက္တစ္ဖက္ျဖင့္ ကားစတီယာရင္ကိုကိုင္ကာေမာင္းေနၿပီး တစ္ခ်က္တစ္ခ်က္ ပိုးကိုလွည့္ၾကည့္တတ္သည့္ခ်စ္ရသူေမာင္ ။ ကားၾကပ္လို႔ကားရပ္ရင္ နဖူးကိုလာလာနမ္းေသးသည္ ။

၄၅မိနစ္ေလာက္ကားေမာင္းလာခဲ့ၿပီး ေအးခ်မ္းသည့္ ရပ္ကြက္ကေလးထဲကိုဝင္လာသည္ ။ ဘယ္ကိုသြားေနသည္ကို ခုခ်ိန္ထိပိုးမသိရေသး ။ ေမးလဲမေမးျဖစ္သလို ေမာင့္ဘက္ကလည္း အလိုက္တသိႏွင့္ေျပာျပမလာ ။

" ေမာင္ ခုဘယ္ကိုသြားေနတာလဲဟင္ "

" အရမ္းလွတဲ့ဆိုင္တစ္ဆိုင္ကိုသြားေနတာ ငယ္ေရာက္ရင္ႀကိဳက္မွာပါ facebook မွာ ေတြ႕လို႔ "

" ေအာ္ "

ခဏၾကာေတာ့ ေမာင္ေျပာသည့္ဆိုင္ကိုေရာက္လာသည္ ။ ေနရာကေလးကေအးခ်မ္းကာ လူပါးသည့္အရပ္မ်ိဳးျဖစ္သည္ ။ ဆိုင္နာမည္ေလးကထူးဆန္းစြာ ေတာသဘာဝဆိုသည့္အတိုင္း ေတာသဘာဝေတာအရသာကို အျပည့္အဝေပးစြမ္းထားသည္ ။

ကားရပ္ကာေနရာထားၿပီး ေလွ်ာက္လမ္းေလးအတိုင္းဝင္လာသည္ႏွင့္ ေလွ်ာက္လမ္းတစ္ေလွ်ာက္မွာ အာဆီယံသေျပပင္ေတြတန္းစီစိုက္ပ်ိဳးထားၿပီး ေဘးတစ္ဖက္တစ္ခ်က္စီမွာလည္း ပုံစံအမ်ိဳးမ်ိဳးျဖင့္အလွဆင္ထားသည္ ။ အကုန္လုံးကို ဝါးကိုသာအသုံးျပဳထားတာေၾကာင့္ မ်က္စိအျမင္ေအးကာ တစ္မ်ိဳးေလးဆန္းသစ္ၾကည့္ေကာင္းေနသည္ ။

" ငယ္သေဘာက်ရဲ႕လား "

" အင္း အရမ္းသေဘာက်တယ္ "

" ေမာင္ "

" ဗ်ာ "

" ေတာသဘာဝဆိုးတဲ့အတိုင္း ေတာသဘာဝေတာအလွကိုခံစားရေအာင္ျပင္ဆင္ထားတာ အရမ္းလွတယ္ေနာ္ ဆိုင္ခန္းေလးေတြသီးသန့္ထားေပးတာကလဲအရမ္းအဆင္ေျပတယ္ "

" ဟုတ္တယ္ငယ္ရဲ႕ စစ​ေတြ႕ကတည္းက ေမာင္ကငယ့္ကိုလိုက္ပို႔ေပးခ်င္တာ ငယ္ကသေဘာက်တယ္ဆိုလို႔ေမာင္ေပ်ာ္ပါတယ္ "

.............

ထက္ျမတ္ Screen ေပၚက လူႏွစ္ေယာက္၏လႈပ္ရွာမႈအစုံစုံကိုၾကည့္ကာ တစ္ဖက္ကိုဖုန္းေခၚလိုက္သည္ ။

" ေအး "

"...."

" မနက္ျဖန္ကစၿပီးဆက္လိုက္စရာမလိုေတာ့ဘူး မၾကာခင္မွာအဆုံးသတ္ရမယ့္ေန႕ကိုေရာက္လာေတာ့မယ္ အဲ့မတိုင္ခင္ေတာ့ေပ်ာ္ၾကစမ္းပါေစ "

"........"

" ေအး "

ဖုန္းက်သြားေတာ့ ထက္ျမတ္ဖုန္းကိုစားပြဲေပၚတင္ကာ တဟားဟားေအာ္ရယ္ပစ္လိုက္သည္ ။

" သိပ္ေကာင္းတယ္ ႀကိဳးစားထားစ်ာန္ဇြဲ အဲ့ေန႕မွာမင္းအခ်ိန္ကုန္ခံႀကိဳးစားထားသမွ်ကိုသဲထဲေရသြန္ျဖစ္ေအာင္ငါကေသခ်ာေပါက္အဆုံးသတ္ေပးမယ္ ဟားဟားဟား "

13/3/22
13/6/22(Edit Date)

Continue Reading

You'll Also Like

3.4K 212 35
အချစ်ဆိုတာကိုယုံရအောင် ငါအရူးမဟုတ်ဘူး။ ငါအတွက်အချစ်ဆိုတာမရှိဘူး(တိုင်းမဟာမင်း) မတွေ့ကြတော့ဖို့ရည်ရွယ်ထားပေမယ့် တွေ့ဖို့ဖြစ်လာခဲ့ရင် လက်တုံ့ပြန်မိမလား...
228K 34.7K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
1.4K 102 13
Zawgyi ေက်းဇူးျပဳ၍ ထပ္ဆံုးအပိုင္းက 'ဖတ္ျဖစ္ေအာင္ဖတ္ေပးပါ'ဆိုတဲ့ စာကို ဖတ္ေပးပါရွင္...❤️ Startdate_6.11.2021 __________________________________ Unicod...
3.5M 360K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္