system 091

By TeeKo0

1.1M 121K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(3.6)

7.9K 824 31
By TeeKo0

Unicode

"မင်းဘာလုပ်လိုက်လဲဆိုတာကိုယ့်ကိုယ်ကိုရောသိရဲ့လား.....ဒီလုပ်ရပ်ကမင်းကိုအန္တရာယ်ဖြစ်စေလိမ့်မယ်.....လူတိုင်းကမင်းရဲ့ဇစ်မြစ်ကိုစုံစမ်းဖို့ကြိုးစားလာနိုင်တယ်...."

ဘုရင်မင်းမြတ်အန်ဒီ ဖိုင်းစမစ်တတ်ကရှောင်ကျန့်ကိုကြည့်ရင်းပြောသည်။

"ဒါတော့စိတ်မပူပါနဲ့အဖေ"

ရှောင်ကျန့်ကစားပွဲပေါ်တွင်သူတင်ထားခဲ့သည့်ဝံပုလွေနက်လေးအားကောက်ပွေ့ယူလိုက်သည်။

"ကျွန်တော်ကမသေချာပဲဘာကိုမှတစ်ဇွတ်ထိုးမလုပ်တတ်ဘူး"

"ဒါဆို.....အဲ့ဒီကိုမင်းဘာသွားလုပ်တာလဲ"

"သူမရဲ့သွေးကိုလိုချင်လို့..."

"သူမ????"

ဘုရင်မင်းမြတ်အန်ဒီကနားမလည်သည့်ဟန်ဖြင့်ပြန်မေးလာသည်။ဒါကိုနားလည်သည့်မိုးရစ်ခ်ကဝင်ရောက်ရှင်းပြလာသည်။

"သူမဆိုတာအရှင့်ရဲ့သမီးတော်.....
မင်းသမီးလယ်ရိုကိုပြောတာပါ"

ဘုရင်မင်းမြတ်အန်ဒီကခေါင်းတစ်ချက်သာငြှိမ့်လိုက်ရင်းရှောင်ကျန့်ဆီပြန်လည်အာရုံစိုက်လိုက်သည်။

"ဘာအတွက်လဲ"

ဘုရင်မင်းမြတ်အန်ဒီ၏လေသံထဲမှာလယ်ရိုအားသူ့ရဲ့သမီးအဖြစ်မသတ်မှတ်ထားပုံပေါ်သည်။သူစိမ်းတစ်ယောက်အကြောင်းဆွေးနွေးနေကြသည်နှင့်ပင်တူသည်။

ရှောင်ကျန့်ကဘာမှဆက်မပြောတော့ပဲမိုးရစ်ခ်ကိုတ်ချက်စောင်းငဲ့ကြည့်လိုက်သည်။ဤသည်ကိုနားလည်သည့်ဘုရင်မင်းမြတ်အန်ဒီဟာမိုးရစ်ခ်ကိုတစ်ချက်ကြည့်ကာထွက်သွားဖို့ရန်လက်ဖြင့်အချက်ပြလိုက်သည်။

မိုးရစ်ခ်ကအလိုက်တသိပင်အရိုအသေတစ်ချက်ပေး၍အခန်းအတွင်းမှထွက်ခွာသွားရင်းတံခါးပင်ပိတ်ပေးသွားသေးသည်။

အခန်းထဲမှာတိတ်ဆိတ်သွားသည်။ရှောင်ကျန့်ကအိပ်ပျော်နေသည့်ဝံပုလွေနက်လေးကိုပွတ်သပ်ပေးရင်းပြုံးလိုက်သည်။

"အဖေ.....ပျောက်ဆုံးနေတဲ့'လက်စ်ဇိုင်းယား'မျိုးနွယ်စုဧကရာဇ်အကြောင်းကြားဖူးလား"

ဘုရင်းမင်းမြတ်အန်ဒီ၏ပုံမှန်မျက်နှာသေမှာပြောင်းလဲသွားရင်းရှောင်ကျန့်ကိုစူးစိုက်၍လေးလေးနက်နက်ကြည့်လာသည်။သူ့ရဲ့ဂုဏ်အယူရဆုံးနဲ့အချစ်ဆုံးသားမှာဘယ်အရာကိုမှပေါ့ပေါ့တန်တန်မပြောတတ်မှန်းသူသိသည်။

ဘုရင်မင်းမြတ်အန်ဒီ၏အပြာရောင်မျက်ဝန်းတစ်စုံမှာရှောင်ကျန့်ရင်ခွင်ထဲရှိပျော်ရွှင်စွာအိပ်မောကျနေသည့်ဝံပုလွေနက်လေးဆီရောက်ရှိသွားသည်။

ဝံပုလွေ.......

ပထမကထိုအနက်ရောင်ဝံပုလွေလေးကိုသိပ်ဂရုမစိုက်မိပေမယ့်သူ့သား၏စကားကြောင့်ပြန်လည်စဥ်းစားမိသွားသည်။

ရှောင်ကျန့်ကဘုရင်မင်းမြတ်အန်ဒီ၏အကြည့်အားရှောင်ကျန့်ကခပ်ဖွဖွသာပြုံးရင်းအဖြေပြန်ပေးသည်။

"အဖေကဥာဏ်ကောင်းပါတယ်.....ကျွန်တော်ဆိုလိုတဲ့အဓိပ္ပါယ်ကိုနားလည်မယ်လို့ထင်တယ်"

ဘုရင်မင်းမြတ်အန်ဒီ၏အပြာရောင်မျက်ဝန်းများမှာပြူးကျယ်သွားရင်းပင့်သက်ရှိုက်လိုက်မိသည်။ဘယ်လောက်ပဲခန့်မှန်းမိတယ်ပြောပြောတကယ်ကြားသိရတော့လည်းမထိတ်လန့်မအံ့ဩပဲမနေနိုင်ပါချေ။

သူကသူ့သားမလိမ်မှန်းအလိုလိုသိနေသည်။

"ဒီအကြောင်းဘယ်သူတွေသိသေးလဲ"

"ဟင့်အင်း.....အဖေတစ်ယောက်တည်းကိုပဲပြောပြရသေးတယ်"

"ကောင်းပြီ"

ဘုရင်မင်းမြတ်အန်ဒီကရှောင်ကျန့်ကိုနူးညံ့စွာစိုက်ကြည့်လိုက်ရင်းသက်ပြင်းထပ်မံချမိသွားသည်။

"ဒီကိစ္စကအရမ်းအရေးကြီးတယ်....တစ်ခြားသူတွေသာသိရင်ငါတောင်ကာကွယ်နိုင်ဖို့ခက်ခဲလိမ့်မယ်....."

ခဏလောက်တိတ်ဆိတ်သွားပြီးနောက်

"ငါမင်းအတွက်အန္တရာယ်တောအုပ်ထဲကစံအိမ်မှာနေဖို့အတွက်စီမံပေးမယ်.....အဲ့ဒီမှာရက်အတော်ကြာလောက်ရှောင်နေပြီးသူ့ကိုပျိုးထောင်လိုက်ပါ.....ကျန်တဲ့နောက်ဆက်တွဲကိစ္စတွေအားလုံးကိုငါရှင်းလိုက်မယ်"

"ကျေးဇူးပါအဖေ...."

ရှောင်ကျန့်ကဘုရင်မင်းမြတ်အန်ဒီ၏စဥ်းစားပေးမှုကိုစိတ်ရင်းဖြင့်ကျေးဇူးတင်လိုက်ရင်းအခန်းတွင်းမှထွက်ခွာရန်ပြင်လိုက်သည်။

"ဖေးလစ်...."

ဘုရင်မင်းမြတ်အန်ဒီ၏စကားကြောင့်ရှောင်ကျန့်၏ခြေထောက်တစ်စုံမှာရပ်တန့်သွားသည်။

"အဖေမင်းကိုချစ်တယ်နော်....."

ဘုရင်မင်းမြတ်အန်ဒီ၏မျက်ဝန်းမှာထူးဆန်းစွာနူးညံ့နေခဲ့သည်။ဘုရင်မင်းမြတ်ကအေးစက်စက်နိုင်သည်။သူ့ရဲ့ငယ်စဥ်ကအမှားကြောင့်သူ့တွင်သားသမီးပေါင်းများစွာရှိသည်။

သို့ပေမယ့်ဖေးလစ်ရဲ့မွေးအဖေတွေ့မှသူစတင်ချစ်တတ်လာသည်။သူကိုယ်သူအာဏာကြီးလာအောင်အမျိုးမျိုးကြိုးစားခဲ့သလိုမည်သည့်အမျိုးသမီးကိုမှလှည့်ကြည့်ခြင်းမပြုတော့ပေ။သူဘုရင်ဖြစ်တဲ့အခါသူ့ရဲ့တစ်ခြားမိန်းမတွေနဲ့ကလေးတွေကိုစွန့်ပြစ်ဖို့ထိတောင်လုပ်ခဲ့သေးသည်။သို့သော်ဖေးလစ်၏မွေးအဖေ၏တားဆီးမှုကြောင့်သူအကုန်လုံးကိုလွတ်လပ်ခွင့်နှင့်အတူကိုယ်ပိုင်ဆုံးဖြတ်စေခဲ့သည်။ထွက်သွားစေချင်တဲ့သူကထွက်သွားနိုင်ပြီး၊နန်းတော်ထဲနေချင်တဲ့သူကနေရစ်နိုင်သည်။

ဖေးလစ်လေးကိုကိုယ်ဝန်ဆောင်တုန်းကသူအရမ်းပျော်ရွှင်ခဲ့သည်။သူ့ဘဝတွင်အဖေဆိုတဲ့ခံစားချက်ကိုပထမဦးဆုံးခံစားခဲ့ဖူးခြင်းသာဖြစ်သည်။သို့သော်အမျိုးသမီးတစ်ယောက်ကသူ့ကိုဆေးခပ်ပြီးအတူတူအိပ်ခဲ့သည်။

သူသေလောက်အောင်နောင်တရဒေါသထွက်ခဲ့ပေမယ့်ထိုအမျိုးသမီးတွင်သူနဲ့ရသည့်ကိုယ်ဝန်ရှိနေခဲ့ပြီဖြစ်သည်။စိတ်ထားနူးညံ့သည့်ဖေးလစ်၏မွေးဖခင်ကသူ့ကိုခွင့်လွှတ်ခဲ့သည်။ဖေးလစ်၏မွေးဖခင်မှာဖေးလစ်လေးကိုမွေးပြီးပြီးချင်မှာပဲဆုံးပါးသွားခဲ့သည်။ထိုသူရဲ့ကိုယ်ပွားလေးဖြစ်တဲ့ဖေးလစ်ဟာသူ့ရဲ့ဒုတိယနှလုံးသားဟုပင်ဆိုနိုင်သည်။

သူ့ကိုဆေးခပ်ခဲ့သည့်အမျိုးသမီးဟာလယ်ရို၏မိခင်ဖြစ်ပြီးထို့ကြောင့်ပင်သူကလယ်ရိုကိုလျစ်လျူရှု့ထားရသည့်အကြောင်းအရင်းဖြစ်သည်။ကိုယ်နာကျည်းတဲ့မိန်းမတစ်ယောက်ရဲ့ကလေးကိုတော့ကိုယ့်စိတ်ကိုယ်တွန်းအားပေးပြီးမချစ်ပြနိုင်ပါချေ။

ရှောင်ကျန့်၏အပြာရောင်မျက်လုံးတစ်စုံမှာဘုရင်မင်းမြတ်အန်ဒီ၏စကားကြောင့်နွေးထွေးသွားသည်။

"ကျွန်တော်ရောပဲ......အဖေ..."

*************

ရှောင်ကျန့်ကသူ့ရဲ့အဖေဘုရင်မင်းမြတ်စီစဥ်ပေးသည့်အတိုင်းအန္တရာယ်တောအုပ်အလည်ရှိစံအိမ်ကြီး၌သွားရောက်နေထိုင်ခဲ့သည်။

အန္တရာယ်တောအုပ်ဆိုသည်မှာတားမြစ်တောအုပ်တစ်ခုဖြစ်ပြီးလွန်စွာအန္တရာယ်များ၊စွမ်းအားကြီးသည့်သားရဲများနှင့်အတူအဆိပ်ရှိသည့်အပင်ဆန်းပေါင်းများစွာရှိတာကြောင့်အလွန်အန္တရာယ်များသည့်တောအုပ်အဖြစ်နာမည်ကြီးသည်။

သို့သော်မည်သူမှမထင်မှတ်ထားသည်က၎င်းကြောက်မက်ဖွယ်တောအုပ်၏အလယ်တွင်သားရဲတိုင်းအထွတ်အမြတ်ထားရာစံအိမ်ကြီးတစ်အိမ်ရှိနေခဲ့ခြင်းဖြစ်သည်။

၎င်းစံအိမ်ကြီးမှာဖေးလစ်၏မွေးဖခင်နေထိုင်ခဲ့သောနေရာဖြစ်ပြီးဘုရင်မင်းမြတ်အန်ဒီနှင့်စတင်တွေ့ရှိခဲ့တဲ့နေရာလည်းဖြစ်သည်။

ဖေးလစ်ဖခင်၏နောက်ခံအစစ်အမှန်မှာလူမဟုတ်ပေ။သူကသဘာဝတရားကြီးမှစတင်မွေးဖွားရာအသက်စွမ်းအင်လုံးလေးသာဖြစ်ပြီးလူအသွင်အဖြစ်ပြောင်းလဲသွားခြင်းဖြစ်သည်။သူ့တွင်ရောဂါတိုင်းနှင့်မှော်ကျိန်စာတိုင်းကိုချေဖျက်နိုင်စွမ်းရှိပြီးသူ့ရဲ့သွေးအဆီအနှစ်ကိုစားသုံးနိုင်သူများမှာထာဝရရှင်သန်နိုင်စွမ်းအပြင်ကြီးမားသည့်စွမ်းအားကိုလည်းပိုင်ဆိုင်နိုင်သည်။

ဖေးလစ်ကိုမွေးဖွားစဥ်ကဖေးလစ်၏မွေးဖခင်မှာသူ့ရဲ့ဖြစ်တည်မှုစွမ်းအားတွေအကုန်ကိုဖေးလစ်အားပေးအပ်ခဲ့သည်။ထို့ကြောင့်လဲဖေးလစ်၏မွေးဖခင်မှာပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။

ယခုစံအိမ်ကြီးဆီကိုလည်းဘုရင်မင်းမြတ်နှင့်ဖေးလစ်သာလာခွင့်ရှိတာကြောင့်အလုံခြုံဆုံးသောနေရာအဖြစ်သတ်မှတ်နိုင်သည်။

ဝံပုလွေနက်လေးဟာတော့စံအိမ်ကြီးဆီကိုရောက်သည်နှင့်ဇာတ်လိုက်မဆီကသွေးစက်ကိုစတင်သန့်စင်နေခဲ့ပြီဖြစ်သည်။အသက်စွမ်းအင်တွေနဲ့သစ်ပင်ကြီးတစ်ပင်အောက်တွင်ကြီးမားသည့်ပိုးအိမ်လုံးကြီးတစ်ခုဟာတောက်ပတဲ့အလင်းတွေနဲ့အတူရွှေရောင်အလင်းတွေဖြာကျနေသည်။

ရှောင်ကျန့်ကကြီးမားသည့်ပိုးအိမ်ကြီးအားသူ့ရဲ့လက်လေးတွေနဲ့ထိလိုက်သည်။ပိုးအိမ်ကြီးထဲကအရာလေးကပိုးအိမ်အောက်ကနေတစ်ဆင့်ရှောင်ကျန့်၏လက်ဖဝါးလေးကိုလာရောက်ပွတ်သပ်လိုက်သလိုခံစားမိသည်။

ရှောင်ကျန့်ကဖွဖွလေးပြုံးလိုက်လေရာပတ်ဝန်းကျင်မှာတောက်ပသွားသကဲ့သို့ထင်ရသည်။ရုတ်တရတ်ရှောင်ကျန့်၏ပြုံးနေသောမျက်နှာလေးမှာတည်တင်းသွားပြီးတောအုပ်ရှိရာဘက်သို့ကြည့်လိုက်မိသည်။

မဖိတ်ခေါ်ထားသည့်ဧည့်သည်တစ်ချို့ကဒီနေရာသို့ရောက်လာခဲ့ပြီဖြစ်သည်။

ဒဏ်ရာအပြင်းအထန်ရထားသည့်လူနှစ်ယောက်ဟာစမ်းချောင်းလေးအတိုင်းမြောပါလာရင်းစိမ်းစိုလတ်ဆတ်သည့်မြက်ခင်းပြင်တစ်နေရာ၌သောင်တင်နေသည်။ငွေရောင်ဆံပင်ရှည်နှင့်အမျိုးသားမှာတစ်ကိုယ်လုံးဒဏ်ရာဒဏ်ချက်တွေနဲ့ပြည့်နှက်နေပြီးသတိလစ်နေသည်။ထိုအမျိုးသားကိုအစိမ်းရောင်ဆံနွယ်နှင့်လူကထိန်းကိုင်ထားရင်းမြက်ခင်းပြင်ပေါ်သို့ဆွဲတင်သည်။

ထို့နောက်ဆံပင်အစိမ်းရောင်နှင့်လူမှာအားပြတ်သွားဟန်ဖြင့်မြက်ခင်းပြင်ပေါ်သို့လဲကျသွားသည်။သူသတိမမေ့ခင်၌ငြင်သာသည့်​ခြေသံတစ်သံကြားလိုက်ရတာကြောင့်သူ့ခေါင်းကိုမော့ကြည့်မိလိုက်သည်။

ဆံပင်အစိမ်းရောင်နှင့်အမျိုးသား၏မျက်ဝန်းတစ်စုံမှာလုံးဝပြူးကျယ်သွားရင်းသူ့ကိုယ်သူသေပြီးနတ်ပြည်ရောက်လာတာဟုပင်ထင်လိုက်မိသွားသည်။

ရှည်လျားသည့်ငွေပြာရောင်ဆံနွယ်တွေမှာအနည်းငယ်လွင့်မြောရင်းနှိုင်းယှဥ်မရအောင်လှပသည့်အမျိုးသားငယ်တစ်ဦးမှာသူတို့အနားသို့လှမ်းလာသည်။ထိုသူကဆံပင်အစိမ်းရောင်နှင့်အမျိုးသားနားမှာဒူးထောက်ထိုင်ချလိုက်ရင်းသူ့ရဲ့ခေါင်းလေးကိုစောင်းလိုက်သည်။ထို့နောက်ထိုသူရဲ့လှပတဲ့ခပ်ရဲရဲနှုတ်ခမ်းသားလေးမှာလှုပ်ရှားသွားကြောင်းတွေ့မြင်လိုက်ရပြီးဆံပင်အစိမ်းရောင်နှင့်အမျိုးသားမှာသတိလစ်မေ့မြောသွားသည်။

သတိမလစ်ခင်တွင်သေသွားရတာလဲကောင်းသားဟုပင်တွေးမိလိုက်သေးသည်။ဒီလောက်ထိလှပတဲ့သူကိုနတ်ပြည်မှာမြင်တွေ့ခွင့်ရတာကလည်းကံကောင်းခြင်းတစ်မျိုးပါလားဟုစဥ်းစားမိလိုက်သည်။

________________________________________________________________

Zawgyi








"သူမ????"




"ဘာအတွက်လဲ"








ဝံပုလွေ.......



"အဖေကဥာဏ်ကောင်းပါတယ်.....ကျွန်တော်ဆိုလိုတဲ့အဓိပ္ပါယ်ကိုနားလည်မယ်လို့ထင်တယ်"





"ကောင်းပြီ"





"ကျေးဇူးပါအဖေ...."


"ဖေးလစ်...."









"ကျွန်တော်ရောပဲ......အဖေ..."

*************

















________________________________________________________________

Continue Reading

You'll Also Like

33.8K 4.2K 19
All the little things. ©® Helen_Fighter_Hnin Edits are mine unless stated otherwise. Some drabbles are inspired by random prompts from other social m...
635K 84.6K 143
Start Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]
288K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
2.2K 272 5
lee jeonghyeon × shen quanrui (oneshots collection) written in burmese