system 091

By TeeKo0

1.1M 121K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(3.4)

7.6K 844 42
By TeeKo0

Unicode

တိုက်ပွဲကွင်းထဲတွင်အမှတ်စဥ်နဲ့အလိုက်တိုက်ခိုက်ကြသည်။

ဇာတ်လိုက်မ၏အမှတ်စဥ်မှာ၂၈ဖြစ်ပြီးရှောင်ကျန့်နှင့်ထက်ဝက်တိတိကွာသည်။ဇာတ်လိုက်မအလှည့်ကျချိန်တိုင်းသူမ၏သူ,မတူသည့်အလင်းစွမ်းအင်ကြောင့်လူတိုင်းကသူမကိုကျယ်လောင်စွာအားပေးကြသည်။ရှောင်ကျန့်ကတော့ထင်ထင်ရှားရှားတိုက်ခိုက်ခြင်းမရှိတာကြောင့်ဇာတ်လိုက်မလောက်ထင်ရှားခြင်းတော့မရှိချေ။သူကတိုက်ခိုက်ချိန်တိုင်းဝတ်ရုံနက်ကြီးခြုံထားတာကြောင့်လည်းပါသည်။

တဖြည်းဖြည်းဖြင့်ပါဝင်ယှဥ်ပြိုင်သူများမှာလျော့ကျလာပြီးဆက်တိုက်နိုင်ပွဲတွေထပ်လာတဲ့ဇာတ်လိုက်မလယ်ရိုနဲ့ရှောင်ကျန့်မှာပိုမိုထင်ရှားလာသည်။အထူးသဖြင့်ယခုအချိန်ထိမှော်ဂါထာသာသုံး၍တိုက်ခိုက်သည့်ရှောင်ကျန့်ကိုဖြစ်သည်။

သူကသူ့ရဲ့ကိုယ်ပိုင်မှော်စွမ်းအင်တွေအသုံးပြုခြင်းမရှိသေးပဲအားကောင်းသည့်မှော်ဂါထာတွေဖြင့်သာပြိုင်ဘက်ကိုအနိုင်ယူခဲ့သည်မဟုတ်ပါလား။

ရိန်းနဲ့ဝူလစ်စ်တောင်ရှောင်ကျန့်ကိုစိတ်ဝင်စားဟန်ပြလာကြသည်။လယ်ရိုဟာအံတင်းတင်းတစ်ချက်ကြိတ်လိုက်ရင်းသူမရဲ့ကျော်ကြားမှုကိုခိုးယူသွားသည့်မျက်နှာတောင်မဖော်ပြသည့်အကောင်အားမုန်းတီးစွာစိုက်ကြည့်လိုက်သည်။

ဒီကောင်ကသူ့ရဲ့ကိုယ်ပိုင်မှော်စွမ်းအင်ကိုတောင်မဖော်ပြရဲတဲ့အသုံးမကျတဲ့သူတစ်ယောက်ဆိုတာသေချာသည်။သူ့ရဲ့မျက်နှာကိုတောင်မပြရဲမှတော့သူ့ရုပ်ကိုယုံကြည်မှုမရှိတာသေချာသည်။

လယ်ရိုကသူမစိတ်ထဲကနေရှောင်ကျန့်ကိုအငြှိုးထားလိုက်သည်။

ပြိုင်ပွဲကတစ်ဖြည်းဖြည်းပြင်းထန်လာပြီးနောက်ဆုံးလူသုံးယောက်သာကျန်ရစ်တော့သည်။လယ်ရို၊ရှောင်ကျန့်နဲ့ခပ်ထွားထွာယောက်ျားလေးသူရဲကောင်းတစ်ယောက်ဖြစ်သည်။

ဤအတွက်သူတို့မဲနှိုက်ကြသည်။ဗလာကျတဲ့သူကဒုတိယပွဲစဥ်အတွက်လွတ်လပ်ခွင့်ရမှာဖြစ်ပြီးကျန်နှစ်ယောက်ကတိုက်ခိုက်ရမည်ဖြစ်သည်။ထိုနှစ်ယောက်ထဲမှအနိုင်ရသူကဗလာမဲကျသူနှင့်ထပ်မံတိုက်ခိုက်ပြီးပထမကိုရွေးချယ်လိမ့်မည်။

ဇာတ်လိုက်မလယ်ရိုကဗလာမဲကျသည်။ဤသို့နှင့်ရှောင်ကျန့်ကခပ်ထွားထွားလူငယ်သူရဲကောင်းနှင့်တိုက်ခိုက်ဖို့ရန်ဖြစ်လာသည်။

တိုက်ပွဲကွင်းထဲတွင်ရှောင်ကျန့်နှင့်ခပ်ထွားထွားလူငယ်သူရဲကောင်းမှာဆန့်ကျင်ဖက်တစ်ချက်ဆီတွင်မတ်တပ်ရပ်နေကြသည်။ခပ်ထွားထွားလူငယ်သူရဲကောင်း၏နာမည်မှာအိုလက်စ်ဖြစ်ပြီးအတော်လေးဖြောင့်မတ်ရိုးသားသည်။

အိုလက်စ်ကရှောင်ကျန့်ကိုလေးစားစွာစိုက်ကြည့်လိုက်သည်။ထို့နောက်သက်ပြင်းအသာချလိုက်ရင်းသူ့ရဲ့ကိုယ်ပိုင်လက်နက်ဖြစ်တဲ့ဓားရှည်ကိုဆင့်ခေါ်လိုက်သည်။

"ကျေးဇူးပြုပြီးကျုပ်ခင်ဗျားရဲ့မှော်စွမ်းအားကိုမြင်တွေ့ခွင့်ရှိမလား"

အိုလက်စ်၏တောင်းဆိုမှုကိုရှောင်ကျန့်ကတုံ့ဆိုင်းသွားပေမယ့်ခေါင်းငြှိမ့်ပြလိုက်သည်။ထို့နောက်ရှောင်ကျန့်ရဲ့ညာဘက်လက်ဟာလှုပ်ရှားသွားပြီးလှပတဲ့ခရစ်စတယ်ပုံစံအပြာရောင်ရေခဲတွေဟာဓားရှည်အဖြစ်သို့စုစည်း​ပြောင်းလဲသွားသည်။

ပွဲကြည့်စင်မြင်ရှိလူတိုင်းနီးပါးပင့်သက်ရှိုက်လိုက်ကြသည်။ဤသည်ကရှားပါးရေခဲမှော်စွမ်းအင်ဖြစ်နေသည့်အပြင်ဒီလောက်ထိကျွမ်းကျင်သောထိန်းချုပ်မှုစွမ်းရည်အားမြင်တွေ့ရသည်မှာရှားပါးလွန်းသောကြောင့်လဲဖြစ်သည်။

တစ်ဖက်စင်မြင့်ရှိရိန်းနှင့်ဝူလစ်စ်တို့ကစိတ်လှုပ်ရှားသွားသလို၊ဇာတ်လိုက်မလယ်ရို၏မျက်နှာမှာလည်းမနာလိုမှုကြောင့်စိမ်းပြာနေသည်။

သူမတောင်သူမရဲ့အလင်းစွမ်းအင်ကိုဒီလောက်ထိထိန်းချုပ်နိုင်စွမ်းမရှိပေ။

မကြာခင်မှာပဲလူအုပ်စုတိုင်းဆူညံ၊ဆူညံဖြစ်လာကြသည်။သူကဘာလို့ဓားရှည်ဖန်တီးလိုက်ရတာလဲ။မှော်ဆရာတွေကအနီးကပ်တိုက်ခိုက်တဲ့နေရာမှာဘယ်လောက်တောင်ဆိုးမှန်းလူတိုင်းသိသည်။မဟုတ်မှဒီလူကသူရဲကောင်းတစ်ယောက်နဲ့အနီးကပ်တိုက်ခိုက်မလို့တော့မဟုတ်ပါဘူးနော်.....ဒါကရူးနေတာမဟုတ်လို့ဘာလဲ.....

ပွဲကြည့်စင်ပေါ်ရှိလူတိုင်းဟာရှောင်ကျန့်ရဲ့လုပ်ပုံကိုကြည့်ပြီးခေါင်းများထိသွားတာလားလို့တွေးမိကြသည်။

ဇာတ်လိုက်မလယ်ရို၏မျက်နှာမှာကျေနပ်ဟန်အထင်းသားပေါ်ပေါက်လာသည်။

အိုလက်စ်၏မျက်နှာမှာလည်းအံ့အားသင့်ဟန်ပေါ်ပေါက်လာပေမယ့်သူ့ရဲ့မျက်နှာဟာချက်ချင်းတည်ငြိမ်သွားသည်။သူ့မသိစိတ်ထဲမှာဒီလူကပေါ့ပေါ့ပျက်ပျက်လုပ်နေတာမဟုတ်မှန်းသိနေသည်။

အိုလက်စ်ကသူ့ရဲ့ဓားရှည်ကိုတစ်ချက်လောက်ဝှေ့ယမ်းလိုက်ရင်းရှောင်ကျန့်ဆီသို့တိုးဝင်လိုက်သည်။ရှောင်ကျန့်ကသူ့ရဲ့စရစ်စတယ်အပြာရောင်ရေခဲဓားရှည်ကိုရှေ့သို့ထားရင်းအိုလက်စ်၏ဓားရှည်အားတားဆီးလိုက်သည်။

လူတိုင်းကရှောင်ကျန့်လွင့်ထွက်သွားမည်ဟုထင်လိုက်သည်။သို့သော်အိုလက်စ်၏ဓားရှည်မှာရှောင်ကျန့်၏ဓားရှည်နှင့်ကန့်လန့်ဖြတ်ထိသွားပေမယ့်ရှောင်ကျန့်မှာခြေတစ်လှမ်းပင်နောက်မဆုတ်သွားပေ။

လူတိုင်းမှာပါးစပ်အဟောင်းသားဖြင့်သူတို့ယခုမြင်နေရသည့်မြင်ကွင်းအားမယုံနိုင်သလိုစိုက်ကြည့်နေမိကြသည်။မှော်ဆရာတစ်ယောက်ကသူရဲကောင်းတစ်ယောက်နဲ့ထိပ်တိုက်ရင်ဆိုင်နိုင်တယ်တဲ့လား။

ဒါနဲ့တင်မပြီးသေးပဲရှောင်ကျန့်ဟာအိုလက်စ်ရဲ့ဓားရှည်ကိုတွန်းထုတ်လိုက်ပြီးဟာကွက်ဖြစ်သည့်ဗိုက်နေရာအားသူ့ရဲ့လွတ်နေသည့်ခြေထောက်တစ်ဖက်ဖြင့်ကန်လိုက်သည်။အိုလက်စ်၏မျက်နှာမှာရှုံ့မဲ့သွားရင်းဟိုးအဝေးသို့ပြင်းထန်စွာလွင့်စင်သွား၍တိုက်ပွဲနံရံနှင့်တိုက်မိပြီးမှရပ်တန့်သွားသည်။အိုလက်စ်တိုက်မိသည့်နံရံမှာအက်ကွဲသွားခြင်းကိုကြည့်ခြင်းအားဖြင့်ကန်လိုက်သူရဲ့ပြင်းအားကိုခန့်မှန်းနိုင်သည်။

ပတ်ဝန်းကျင်ကတိတ်ဆိတ်သွားသည်။လူတိုင်းဟာကြောင်တောင်တောင်လေးတွေဖြင့်သတိလစ်သွားပြီဖြစ်သည့်အိုလက်စ်အားစိုက်ကြည့်နေမိကြသည်။ရိန်းနဲ့ဝူလစ်စ်တို့နှစ်ယောက်လုံး၏မျက်လုံးတွေမှာလုံးဝပြူးကျယ်နေပြီးဇာတ်လိုက်မလယ်ရိုကလည်းယခုအချိန်ထိ၎င်းအဖြစ်အပျက်အားမယုံကြည်နိုင်သေးပေ။

ရှောင်ကျန့်ကသူ့ရဲ့ရေခဲဓားရှည်အားရုတ်သိမ်းလိုက်သည်။ပတ်ဝန်းကျင်ကိုတစ်ချက်ဝှေ့ကြည့်လိုက်ရင်းသူလုပ်တာဘာများမှားသွားလို့လဲဟုတွေးလိုက်မိသည်။

သူသေချာပေါက်အားထိန်းလိုက်တာပါ....ဒါကြောင့်ဟိုတစ်ယောက်ကသေချာပေါက်သေမှာတော့မဟုတ်ဘူး......

အတော်ကြာတိတ်ဆိတ်နေပြီးမှလူအုပ်ထဲတွင်လက်ခုပ်တီးသံတစ်သံထွက်ပေါ်လာပြီးချက်ချင်းပင်ပတ်ဝန်းကျင်တစ်ခုလုံးကျယ်လောင်သည့်လက်ခုပ်သံတွေမြည်ဟီးသွားသည်။နှစ်ပေါင်းများစွာကြာအောင်ကျင်းပခဲ့တဲ့ပွဲစဥ်တွေထဲတွင်ယခုလောက်ထိကျယ်လောင်စွာအားပေးသံမျိုးမရှိခဲ့ဖူးချေ။အထူးသဖြင့်မှော်ဆရာတွေမှာသူတို့မျက်နှာတွေနီရဲသည်အထိလက်ခုပ်တီးကြသည်။

ယခုရှောင်ကျန့်၏သန်မာမှုကမှော်ဆရာတွေရဲ့အားနည်းချက်ကိုကာကွယ်ပေးခဲ့သည်နှင့်တူသည်။

လယ်ရိုကသူမရဲ့နှုတ်ခမ်းကိုသွေးထွက်မတတ်ကိုက်လိုက်ရင်းသူမရဲ့လက်သည်းတွေမှာလက်ဖဝါးထဲစိုက်ဝင်သွားသည်အထိတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခဲ့သည်။သူမရဲ့အစိမ်းရောင်မျက်လုံးတစ်စုံမှာမနာလိုမှုကြောင့်နီရဲနေသည်။

ဒါပေမယ့်သူမကချက်ချင်းစိတ်လျော့ချလိုက်ပြီးပြိုင်ပွဲကွင်းထဲသို့ခုန်ဆင်းသွားလိုက်သည်။ဒီလူရဲ့ဂုဏ်ယူဝင့်ကြွားမှုတွေကိုသူမကိုယ်တိုင်ရိုက်ချိုးပြစ်မည်။

လယ်ရို၏ကွင်းပြင်ထဲရောက်ရှိလာမှုကလူတိုင်းကိုတိတ်ဆိတ်သွားစေသည်။တိုက်ပွဲကအတော်လေးအရှိန်မြင့်လာမှန်းလူတိုင်းခံစားမိကြသည်။

လယ်ရိုကရှောင်ကျန့်၏ဝတ်ရုံနက်ခြုံထားသည့်တစ်ကိုယ်လုံးအားခြုံကြည့်ရင်းမဲ့ပြုံးပြုံးလိုက်သည်။

"မင်းရဲ့မျက်နှာကိုဘာကြောင့်မဖော်ပြမှန်းငါမသိပေမယ့်....မင်းကိုကြည့်ရတာတစ်ခုခုကိုဖုံးကွယ်ထားသလိုပဲနော်.....ဒါမှမဟုတ်....မင်းမျက်နှာကတစ်ခုခုဖြစ်နေလို့များလား"

ဇာတ်လိုက်မလယ်ရို၏ခနဲ့သလိုစကားကြောင့်လူတိုင်းနီးပါးမျက်မှောင်ကြုတ်လိုက်မိသည်။ထိုထဲတွင်ရိန်းနှင့်ဝူလစ်စ်လည်းပါသည်။သူမ၏လုပ်ရပ်မှာတစ်ပါးသူ၏အားနည်းချက်ကိုလှောင်ပြောင်နေတာနှင့်တူသည်။

လယ်ရိုကတစ်ခြားသူတွေရဲ့သံသယကိုနှိုးစွလိုက်ချင်ရုံသာဖြစ်ပေမယ့်သူမတွက်ကိန်းမှားသွားသည်။ဤကမ္ဘာမှာသန်မာသူကိုသာမျက်နှာသာပေးသည့်ကမ္ဘာဖြစ်သောကြောင့်ရုပ်ရည်ကိုတစ်ကူးတစ်ကအာရုံစိုက်မနေကြပေ။

မင်းရဲ့မျက်နှာကိုလူအများကဲ့ရဲ့တာမျိုးမလိုချင်ဖူးဆိုရင်မင်းအနေနဲ့သန်မာဖို့လိုတယ်။ဥပမာအနေနဲ့မြိုးစားမင်းဖေးလစ်ကိုကြည့်ရင်သူ့မျက်နှာကရုပ်ဆိုးအကျည်းတန်တယ်လို့ပြောကြပေမယ့်သူ့ကိုဘယ်သူမှကဲ့ရဲ့အထင်သေးခြင်းမရှိကြချေ။သူကကျော်ကြားဆဲ၊ပါရမီအရှိဆုံးမင်းသားအဖြစ်လူတိုင်းလေးစားနေကြဆဲသာဖြစ်သည်။အကြောင်းအရင်းကတော့မင်းသားဖေးလစ်ကအလွန်သန်မာတာကြောင့်သာဖြစ်သည်။

လယ်ရို၏စကားကြောင့်လူတော်တော်များများ၏စိတ်ထဲတွင်သူမကိုရွံသွားကြသည်။

ဘာကိုမှနားမလည်သေးသည့်ဇာတ်လိုက်မသည်ရှောင်ကျန့်၏ဖုံးကွယ်ထားသည့်ပုံစံကိုသာဆက်လက်ခနဲ့နေခဲ့သည်။သူမပိုပြောလေတစ်ခြားသူတွေကသူမကိုပိုပြီးစက်ဆုပ်လေသာဖြစ်သည်။ရိန်းနှင့်ဝူလစ်စ်၏မျက်နှာမှာလည်းမဲမှောင်နေပြီးသူမကဤကဲ့သို့လူမျိုးမှန်းသူတို့အမှန်တကယ်မထင်ထားခဲ့ပေ။

ဝတ်ရုံအောက်ရှိရှောင်ကျန့်ကတော့မျက်ဆံပင်လှန်ချင်နေပြီဖြစ်သည်။သူတမင်သက်သက်ကိုသူမိန်းကလေးဖြစ်နေမှန်းမသိစေချင်လို့ဖုံးကွယ်ထားမိတာဖြစ်သည်။ဒါကိုအတင်းတွေခနဲ့နေမှတော့.....

နောက်မှငါ့အဆိုးမဆိုနဲ့နော်.....ဟမ့်...

ရှောင်ကျန့်ကလယ်ရိုကိုစိုက်ကြည့်လိုက်ရင်းပွဲစဥ်တစ်လျောက်လုံး၌ပထမဦးဆုံးသောစကားကိုဆိုလာသည်။

"ကောင်းပြီလေ....မင်းကငါ့မျက်နှာကိုဒီလောက်စိတ်ဝင်စားနေမှတော့ငါကပြပေးရုံပဲရှိတော့တာပေါ့"

လူတိုင်းတိတ်ဆိတ်သွားသည်။သူတို့နားကြားမှားတာမဟုတ်ရင်ဝတ်ရုံအောက်ကအသံမှာသေချာပေါက်အေးတိအေးစက်မိန်းကလေးတစ်ယောက်၏အသံဖြစ်နေသည်မဟုတ်လား။

ဘုရားရေ....သူတို့တစ်လျောက်လုံးအားပေးနေတဲ့သူကမိန်းကလေးမှော်ဆရာတစ်ယောက်ဖြစ်နေခဲ့တာလား......

လယ်ရို၏မျက်နှာမှာလည်းပြောင်းလဲသွားသည်။ဒီလူကတကယ်ကြီးကိုမိန်းကလေးတစ်ယောက်လား......

သူမပိုမိုအံကြိတ်လိုက်မိသည်။သူမကကိုယ့်ကိုယ်ကိုသန်မာတဲ့မိန်းကလေးမှော်ဆရာအဖြစ်တစ်လျောက်လုံးဂုဏ်ယူခဲ့သမျှယခုထိုသူကသူမရဲ့ဂုဏ်ယူဝင့်ကြွားမှုတွေကိုခိုးယူသွားပြန်သည်။

သူမထိုသူကိုမုန်းလွန်းလို့ရူးတော့မည်။

________________________________________________________________

Zawgyi

တိုက္ပြဲကြင္းထဲတြင္အမွတ္စဥ္နဲ႕အလိုက္တိုက္ခိုက္ၾကသည္။

ဇာတ္လိုက္မ၏အမွတ္စဥ္မွာ၂၈ျဖစ္ၿပီးေရွာင္က်န့္ႏွင့္ထက္ဝက္တိတိကြာသည္။ဇာတ္လိုက္မအလွည့္က်ခ်ိန္တိုင္းသူမ၏သူ,မတူသည့္အလင္းစြမ္းအင္ေၾကာင့္လူတိုင္းကသူမကိုက်ယ္ေလာင္စြာအားေပးၾကသည္။ေရွာင္က်န့္ကေတာ့ထင္ထင္ရွားရွားတိုက္ခိုက္ျခင္းမရွိတာေၾကာင့္ဇာတ္လိုက္မေလာက္ထင္ရွားျခင္းေတာ့မရွိေခ်။သူကတိုက္ခိုက္ခ်ိန္တိုင္းဝတ္႐ုံနက္ႀကီးၿခဳံထားတာေၾကာင့္လည္းပါသည္။

တျဖည္းျဖည္းျဖင့္ပါဝင္ယွဥ္ၿပိဳင္သူမ်ားမွာေလ်ာ့က်လာၿပီးဆက္တိုက္နိုင္ပြဲေတြထပ္လာတဲ့ဇာတ္လိုက္မလယ္ရိုနဲ႕ေရွာင္က်န့္မွာပိုမိုထင္ရွားလာသည္။အထူးသျဖင့္ယခုအခ်ိန္ထိေမွာ္ဂါထာသာသုံး၍တိုက္ခိုက္သည့္ေရွာင္က်န့္ကိုျဖစ္သည္။

သူကသူ႕ရဲ႕ကိုယ္ပိုင္ေမွာ္စြမ္းအင္ေတြအသုံးျပဳျခင္းမရွိေသးပဲအားေကာင္းသည့္ေမွာ္ဂါထာေတြျဖင့္သာၿပိဳင္ဘက္ကိုအနိုင္ယူခဲ့သည္မဟုတ္ပါလား။

ရိန္းနဲ႕ဝူလစ္စ္ေတာင္ေရွာင္က်န့္ကိုစိတ္ဝင္စားဟန္ျပလာၾကသည္။လယ္ရိုဟာအံတင္းတင္းတစ္ခ်က္ႀကိတ္လိုက္ရင္းသူမရဲ႕ေက်ာ္ၾကားမႈကိုခိုးယူသြားသည့္မ်က္ႏွာေတာင္မေဖာ္ျပသည့္အေကာင္အားမုန္းတီးစြာစိုက္ၾကည့္လိုက္သည္။

ဒီေကာင္ကသူ႕ရဲ႕ကိုယ္ပိုင္ေမွာ္စြမ္းအင္ကိုေတာင္မေဖာ္ျပရဲတဲ့အသုံးမက်တဲ့သူတစ္ေယာက္ဆိုတာေသခ်ာသည္။သူ႕ရဲ႕မ်က္ႏွာကိုေတာင္မျပရဲမွေတာ့သူ႕႐ုပ္ကိုယုံၾကည္မႈမရွိတာေသခ်ာသည္။

လယ္ရိုကသူမစိတ္ထဲကေနေရွာင္က်န့္ကိုအျငႇိုးထားလိုက္သည္။

ၿပိဳင္ပြဲကတစ္ျဖည္းျဖည္းျပင္းထန္လာၿပီးေနာက္ဆုံးလူသုံးေယာက္သာက်န္ရစ္ေတာ့သည္။လယ္ရို၊ေရွာင္က်န့္နဲ႕ခပ္ထြားထြာေယာက္်ားေလးသူရဲေကာင္းတစ္ေယာက္ျဖစ္သည္။

ဤအတြက္သူတို႔မဲႏွိုက္ၾကသည္။ဗလာက်တဲ့သူကဒုတိယပြဲစဥ္အတြက္လြတ္လပ္ခြင့္ရမွာျဖစ္ၿပီးက်န္ႏွစ္ေယာက္ကတိုက္ခိုက္ရမည္ျဖစ္သည္။ထိုႏွစ္ေယာက္ထဲမွအနိုင္ရသူကဗလာမဲက်သဴႏွင့္ထပ္မံတိုက္ခိုက္ၿပီးပထမကိုေ႐ြးခ်ယ္လိမ့္မည္။

ဇာတ္လိုက္မလယ္ရိုကဗလာမဲက်သည္။ဤသို႔ႏွင့္ေရွာင္က်န့္ကခပ္ထြားထြားလူငယ္သူရဲေကာင္းႏွင့္တိုက္ခိုက္ဖို႔ရန္ျဖစ္လာသည္။

တိုက္ပြဲကြင္းထဲတြင္ေရွာင္က်န့္ႏွင့္ခပ္ထြားထြားလူငယ္သူရဲေကာင္းမွာဆန့္က်င္ဖက္တစ္ခ်က္ဆီတြင္မတ္တပ္ရပ္ေနၾကသည္။ခပ္ထြားထြားလူငယ္သူရဲေကာင္း၏နာမည္မွာအိုလက္စ္ျဖစ္ၿပီးအေတာ္ေလးေျဖာင့္မတ္ရိုးသားသည္။

အိုလက္စ္ကေရွာင္က်န့္ကိုေလးစားစြာစိုက္ၾကည့္လိုက္သည္။ထို႔ေနာက္သက္ျပင္းအသာခ်လိဳက္ရင္းသူ႕ရဲ႕ကိုယ္ပိုင္လက္နက္ျဖစ္တဲ့ဓားရွည္ကိုဆင့္ေခၚလိုက္သည္။

"ေက်းဇူးျပဳၿပီးက်ဳပ္ခင္ဗ်ားရဲ႕ေမွာ္စြမ္းအားကိုျမင္ေတြ႕ခြင့္ရွိမလား"

အိုလက္စ္၏ေတာင္းဆိုမႈကိုေရွာင္က်န့္ကတုံ႕ဆိုင္းသြားေပမယ့္ေခါင္းျငႇိမ့္ျပလိုက္သည္။ထို႔ေနာက္ေရွာင္က်န့္ရဲ႕ညာဘက္လက္ဟာလႈပ္ရွားသြားၿပီးလွပတဲ့ခရစ္စတယ္ပုံစံအျပာေရာင္ေရခဲေတြဟာဓားရွည္အျဖစ္သို႔စုစည္းေျပာင္းလဲသြားသည္။

ပြဲၾကည့္စင္ျမင္ရွိလူတိုင္းနီးပါးပင့္သက္ရွိုက္လိုက္ၾကသည္။ဤသည္ကရွားပါးေရခဲေမွာ္စြမ္းအင္ျဖစ္ေနသည့္အျပင္ဒီေလာက္ထိကြၽမ္းက်င္ေသာထိန္းခ်ဳပ္မႈစြမ္းရည္အားျမင္ေတြ႕ရသည္မွာရွားပါးလြန္းေသာေၾကာင့္လဲျဖစ္သည္။

တစ္ဖက္စင္ျမင့္ရွိရိန္းႏွင့္ဝူလစ္စ္တို႔ကစိတ္လႈပ္ရွားသြားသလို၊ဇာတ္လိုက္မလယ္ရို၏မ်က္ႏွာမွာလည္းမနာလိုမႈေၾကာင့္စိမ္းျပာေနသည္။

သူမေတာင္သူမရဲ႕အလင္းစြမ္းအင္ကိုဒီေလာက္ထိထိန္းခ်ဳပ္နိုင္စြမ္းမရွိေပ။

မၾကာခင္မွာပဲလူအုပ္စုတိုင္းဆူညံ၊ဆူညံျဖစ္လာၾကသည္။သူကဘာလို႔ဓားရွည္ဖန္တီးလိုက္ရတာလဲ။ေမွာ္ဆရာေတြကအနီးကပ္တိုက္ခိုက္တဲ့ေနရာမွာဘယ္ေလာက္ေတာင္ဆိုးမွန္းလူတိုင္းသိသည္။မဟုတ္မွဒီလူကသူရဲေကာင္းတစ္ေယာက္နဲ႕အနီးကပ္တိုက္ခိုက္မလို႔ေတာ့မဟုတ္ပါဘူးေနာ္.....ဒါက႐ူးေနတာမဟုတ္လို႔ဘာလဲ.....

ပြဲၾကည့္စင္ေပၚရွိလူတိုင္းဟာေရွာင္က်န့္ရဲ႕လုပ္ပုံကိုၾကည့္ၿပီးေခါင္းမ်ားထိသြားတာလားလို႔ေတြးမိၾကသည္။

ဇာတ္လိုက္မလယ္ရို၏မ်က္ႏွာမွာေက်နပ္ဟန္အထင္းသားေပၚေပါက္လာသည္။

အိုလက္စ္၏မ်က္ႏွာမွာလည္းအံ့အားသင့္ဟန္ေပၚေပါက္လာေပမယ့္သူ႕ရဲ႕မ်က္ႏွာဟာခ်က္ခ်င္းတည္ၿငိမ္သြားသည္။သူ႕မသိစိတ္ထဲမွာဒီလူကေပါ့ေပါ့ပ်က္ပ်က္လုပ္ေနတာမဟုတ္မွန္းသိေနသည္။

အိုလက္စ္ကသူ႕ရဲ႕ဓားရွည္ကိုတစ္ခ်က္ေလာက္ေဝွ႕ယမ္းလိုက္ရင္းေရွာင္က်န့္ဆီသို႔တိုးဝင္လိုက္သည္။ေရွာင္က်န့္ကသူ႕ရဲ႕စရစ္စတယ္အျပာေရာင္ေရခဲဓားရွည္ကိုေရွ႕သို႔ထားရင္းအိုလက္စ္၏ဓားရွည္အားတားဆီးလိုက္သည္။

လူတိုင္းကေရွာင္က်န့္လြင့္ထြက္သြားမည္ဟုထင္လိုက္သည္။သို႔ေသာ္အိုလက္စ္၏ဓားရွည္မွာေရွာင္က်န့္၏ဓားရွည္ႏွင့္ကန့္လန့္ျဖတ္ထိသြားေပမယ့္ေရွာင္က်န့္မွာေျခတစ္လွမ္းပင္ေနာက္မဆုတ္သြားေပ။

လူတိုင္းမွာပါးစပ္အေဟာင္းသားျဖင့္သူတို႔ယခုျမင္ေနရသည့္ျမင္ကြင္းအားမယုံနိုင္သလိုစိုက္ၾကည့္ေနမိၾကသည္။ေမွာ္ဆရာတစ္ေယာက္ကသူရဲေကာင္းတစ္ေယာက္နဲ႕ထိပ္တိုက္ရင္ဆိုင္နိုင္တယ္တဲ့လား။

ဒါနဲ႕တင္မၿပီးေသးပဲေရွာင္က်န့္ဟာအိုလက္စ္ရဲ႕ဓားရွည္ကိုတြန္းထုတ္လိုက္ၿပီးဟာကြက္ျဖစ္သည့္ဗိုက္ေနရာအားသူ႕ရဲ႕လြတ္ေနသည့္ေျခေထာက္တစ္ဖက္ျဖင့္ကန္လိုက္သည္။အိုလက္စ္၏မ်က္ႏွာမွာရႈံ႕မဲ့သြားရင္းဟိုးအေဝးသို႔ျပင္းထန္စြာလြင့္စင္သြား၍တိုက္ပြဲနံရံႏွင့္တိုက္မိၿပီးမွရပ္တန့္သြားသည္။အိုလက္စ္တိုက္မိသည့္နံရံမွာအက္ကြဲသြားျခင္းကိုၾကည့္ျခင္းအားျဖင့္ကန္လိုက္သူရဲ႕ျပင္းအားကိုခန့္မွန္းနိုင္သည္။

ပတ္ဝန္းက်င္ကတိတ္ဆိတ္သြားသည္။လူတိုင္းဟာေၾကာင္ေတာင္ေတာင္ေလးေတြျဖင့္သတိလစ္သြားၿပီျဖစ္သည့္အိုလက္စ္အားစိုက္ၾကည့္ေနမိၾကသည္။ရိန္းနဲ႕ဝူလစ္စ္တို႔ႏွစ္ေယာက္လုံး၏မ်က္လုံးေတြမွာလုံးဝျပဴးက်ယ္ေနၿပီးဇာတ္လိုက္မလယ္ရိုကလည္းယခုအခ်ိန္ထိ၎အျဖစ္အပ်က္အားမယုံၾကည္နိုင္ေသးေပ။

ေရွာင္က်န့္ကသူ႕ရဲ႕ေရခဲဓားရွည္အား႐ုတ္သိမ္းလိုက္သည္။ပတ္ဝန္းက်င္ကိုတစ္ခ်က္ေဝွ႕ၾကည့္လိုက္ရင္းသူလုပ္တာဘာမ်ားမွားသြားလို႔လဲဟုေတြးလိုက္မိသည္။

သူေသခ်ာေပါက္အားထိန္းလိုက္တာပါ....ဒါေၾကာင့္ဟိုတစ္ေယာက္ကေသခ်ာေပါက္ေသမွာေတာ့မဟုတ္ဘူး......

အေတာ္ၾကာတိတ္ဆိတ္ေနၿပီးမွလူအုပ္ထဲတြင္လက္ခုပ္တီးသံတစ္သံထြက္ေပၚလာၿပီးခ်က္ခ်င္းပင္ပတ္ဝန္းက်င္တစ္ခုလုံးက်ယ္ေလာင္သည့္လက္ခုပ္သံေတြျမည္ဟီးသြားသည္။ႏွစ္ေပါင္းမ်ားစြာၾကာေအာင္က်င္းပခဲ့တဲ့ပြဲစဥ္ေတြထဲတြင္ယခုေလာက္ထိက်ယ္ေလာင္စြာအားေပးသံမ်ိဳးမရွိခဲ့ဖူးေခ်။အထူးသျဖင့္ေမွာ္ဆရာေတြမွာသူတို႔မ်က္ႏွာေတြနီရဲသည္အထိလက္ခုပ္တီးၾကသည္။

ယခုေရွာင္က်န့္၏သန္မာမႈကေမွာ္ဆရာေတြရဲ႕အားနည္းခ်က္ကိုကာကြယ္ေပးခဲ့သည္ႏွင့္တူသည္။

လယ္ရိုကသူမရဲ႕ႏႈတ္ခမ္းကိုေသြးထြက္မတတ္ကိုက္လိုက္ရင္းသူမရဲ႕လက္သည္းေတြမွာလက္ဖဝါးထဲစိုက္ဝင္သြားသည္အထိတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားခဲ့သည္။သူမရဲ႕အစိမ္းေရာင္မ်က္လုံးတစ္စုံမွာမနာလိုမႈေၾကာင့္နီရဲေနသည္။

ဒါေပမယ့္သူမကခ်က္ခ်င္းစိတ္ေလ်ာ့ခ်လိဳက္ၿပီးၿပိဳင္ပြဲကြင္းထဲသို႔ခုန္ဆင္းသြားလိုက္သည္။ဒီလူရဲ႕ဂုဏ္ယူဝင့္ႂကြားမႈေတြကိုသူမကိုယ္တိုင္ရိုက္ခ်ိဳးျပစ္မည္။

လယ္ရို၏ကြင္းျပင္ထဲေရာက္ရွိလာမႈကလူတိုင္းကိုတိတ္ဆိတ္သြားေစသည္။တိုက္ပြဲကအေတာ္ေလးအရွိန္ျမင့္လာမွန္းလူတိုင္းခံစားမိၾကသည္။

လယ္ရိုကေရွာင္က်န့္၏ဝတ္႐ုံနက္ၿခဳံထားသည့္တစ္ကိုယ္လုံးအားၿခဳံၾကည့္ရင္းမဲ့ၿပဳံးၿပဳံးလိုက္သည္။

"မင္းရဲ႕မ်က္ႏွာကိုဘာေၾကာင့္မေဖာ္ျပမွန္းငါမသိေပမယ့္....မင္းကိုၾကည့္ရတာတစ္ခုခုကိုဖုံးကြယ္ထားသလိုပဲေနာ္.....ဒါမွမဟုတ္....မင္းမ်က္ႏွာကတစ္ခုခုျဖစ္ေနလို႔မ်ားလား"

ဇာတ္လိုက္မလယ္ရို၏ခနဲ႕သလိုစကားေၾကာင့္လူတိုင္းနီးပါးမ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ထိုထဲတြင္ရိန္းႏွင့္ဝူလစ္စ္လည္းပါသည္။သူမ၏လုပ္ရပ္မွာတစ္ပါးသူ၏အားနည္းခ်က္ကိုေလွာင္ေျပာင္ေနတာႏွင့္တူသည္။

လယ္ရိုကတစ္ျခားသူေတြရဲ႕သံသယကိုႏွိုးစြလိုက္ခ်င္႐ုံသာျဖစ္ေပမယ့္သူမတြက္ကိန္းမွားသြားသည္။ဤကမၻာမွာသန္မာသူကိုသာမ်က္ႏွာသာေပးသည့္ကမၻာျဖစ္ေသာေၾကာင့္႐ုပ္ရည္ကိုတစ္ကူးတစ္ကအာ႐ုံစိုက္မေနၾကေပ။

မင္းရဲ႕မ်က္ႏွာကိုလူအမ်ားကဲ့ရဲ႕တာမ်ိဳးမလိုခ်င္ဖူးဆိုရင္မင္းအေနနဲ႕သန္မာဖို႔လိုတယ္။ဥပမာအေနနဲ႕ၿမိဳးစားမင္းေဖးလစ္ကိုၾကည့္ရင္သူ႕မ်က္ႏွာက႐ုပ္ဆိုးအက်ည္းတန္တယ္လို႔ေျပာၾကေပမယ့္သူ႕ကိုဘယ္သူမွကဲ့ရဲ႕အထင္ေသးျခင္းမရွိၾကေခ်။သူကေက်ာ္ၾကားဆဲ၊ပါရမီအရွိဆုံးမင္းသားအျဖစ္လူတိုင္းေလးစားေနၾကဆဲသာျဖစ္သည္။အေၾကာင္းအရင္းကေတာ့မင္းသားေဖးလစ္ကအလြန္သန္မာတာေၾကာင့္သာျဖစ္သည္။

လယ္ရို၏စကားေၾကာင့္လူေတာ္ေတာ္မ်ားမ်ား၏စိတ္ထဲတြင္သူမကို႐ြံသြားၾကသည္။

ဘာကိုမွနားမလည္ေသးသည့္ဇာတ္လိုက္မသည္ေရွာင္က်န့္၏ဖုံးကြယ္ထားသည့္ပုံစံကိုသာဆက္လက္ခနဲ႕ေနခဲ့သည္။သူမပိုေျပာေလတစ္ျခားသူေတြကသူမကိုပိုၿပီးစက္ဆုပ္ေလသာျဖစ္သည္။ရိန္းႏွင့္ဝူလစ္စ္၏မ်က္ႏွာမွာလည္းမဲေမွာင္ေနၿပီးသူမကဤကဲ့သို႔လူမ်ိဳးမွန္းသူတို႔အမွန္တကယ္မထင္ထားခဲ့ေပ။

ဝတ္႐ုံေအာက္ရွိေရွာင္က်န့္ကေတာ့မ်က္ဆံပင္လွန္ခ်င္ေနၿပီျဖစ္သည္။သူတမင္သက္သက္ကိုသူမိန္းကေလးျဖစ္ေနမွန္းမသိေစခ်င္လို႔ဖုံးကြယ္ထားမိတာျဖစ္သည္။ဒါကိုအတင္းေတြခနဲ႕ေနမွေတာ့.....

ေနာက္မွငါ့အဆိုးမဆိုနဲ႕ေနာ္.....ဟမ့္...

ေရွာင္က်န့္ကလယ္ရိုကိုစိုက္ၾကည့္လိုက္ရင္းပြဲစဥ္တစ္ေလ်ာက္လုံး၌ပထမဦးဆုံးေသာစကားကိုဆိုလာသည္။

"ေကာင္းၿပီေလ....မင္းကငါ့မ်က္ႏွာကိုဒီေလာက္စိတ္ဝင္စားေနမွေတာ့ငါကျပေပး႐ုံပဲရွိေတာ့တာေပါ့"

လူတိုင္းတိတ္ဆိတ္သြားသည္။သူတို႔နားၾကားမွားတာမဟုတ္ရင္ဝတ္႐ုံေအာက္ကအသံမွာေသခ်ာေပါက္ေအးတိေအးစက္မိန္းကေလးတစ္ေယာက္၏အသံျဖစ္ေနသည္မဟုတ္လား။

ဘုရားေရ....သူတို႔တစ္ေလ်ာက္လုံးအားေပးေနတဲ့သူကမိန္းကေလးေမွာ္ဆရာတစ္ေယာက္ျဖစ္ေနခဲ့တာလား......

လယ္ရို၏မ်က္ႏွာမွာလည္းေျပာင္းလဲသြားသည္။ဒီလူကတကယ္ႀကီးကိုမိန္းကေလးတစ္ေယာက္လား......

သူမပိုမိုအံႀကိတ္လိုက္မိသည္။သူမကကိုယ့္ကိုယ္ကိုသန္မာတဲ့မိန္းကေလးေမွာ္ဆရာအျဖစ္တစ္ေလ်ာက္လုံးဂုဏ္ယူခဲ့သမွ်ယခုထိုသူကသူမရဲ႕ဂုဏ္ယူဝင့္ႂကြားမႈေတြကိုခိုးယူသြားျပန္သည္။

သူမထိုသူကိုမုန္းလြန္းလို႔႐ူးေတာ့မည္။

________________________________________________________________

Continue Reading

You'll Also Like

369K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
51.4K 5K 22
ခရမ်းရင့်ရောင် အိပ်မက်တွေထဲ ငါ.. မင်းကို လိုက်ရှာနေဆဲ ထာဝရအယ်လန် .... ။ ။ [ Unicode Only available ]
33.8K 4.2K 19
All the little things. ©® Helen_Fighter_Hnin Edits are mine unless stated otherwise. Some drabbles are inspired by random prompts from other social m...
12.5K 754 10
[Unicode] Xiao hei Bai ဟာတရုတ်ပြည်ရဲ့top3 ကုမ္မဏီတွေထဲကတစ်ခုကိုဦးစီးတဲ့ ငယ်ရွယ်ထက်မြတ်တဲ့Ceo တစ်ယောက် တစ်နေ့အလုပ်ကိစ္စနဲ့ခရီးသွားရင်းလမ်းမှာကား acci...