"ခိုင်မာနှောင်ကြိုး"

Від myanaykyalsin17

11.8K 1K 379

အားလုံးပဲ မင်္ဂလာပါရှင့် BL Fic အသစ်လေးနဲ့ ထပ်မံ တွေ့ဆုံခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ BL Fic အသစ်လေးကိုတော့ "ခိ... Більше

အပိုင်း ၁ Unicode
အပိုင်း ၁ zawgyi
အပိုင်း ၂ unicode
အပိုင်း ၂ zawgyi
အပိုင်း ၃ unicode
အပိုင်း ၃ zawgyi
အပိုင်း ၄ unicode
အပိုင်း ၄ Zawgyi
အပိုင်း ၅ unicode
အပိုင်း ၅ zawgyi
အပိုင်း ၆ Unicode
အပိုင်း ၆ zawgyi
အပိုင်း ၇ unicode
အပိုင်း ၇ zawgyi
အပိုင်း ၈ unicode
အပိုင်း ၈ zawgyi
အပိုင်း ၉ Unicode
အပိုင်း ၉ Zawgyi
အပိုင်း ၁၀ unicode
အပိုင်း ၁၀ Zawgyi
အပိုင်း ၁၁ Zawgyi
အပိုင်း ၁၂ unicode
အပိုင်း ၁၂ zawgyi
အပိုင်း ၁၃ unicode
အပိုင်း ၁၃ zawgyi
အပိုင်း ၁၄ unicode
အပိုင်း ၁၄ zawgyi
အပိုင်း ၁၅ unicode
အပိုင်း ၁၅ zawgyi
အပိုင်း ၁၆ unicode
အပိုင်း ၁၆ zawgyi
အပိုင်း ၁၇ unicode
အပိုင်း ၁၇ Zawgyi
အပိုင်း ၁၈ unicode
အပိုင်း ၁၈ Zawgyi
အပိုင်း ၁၉ unicode
အပိုင်း ၁၉ Zawgyi
အပိုင်း ၂၀ unicode
အပိုင်း ၂၀ zawgyi
အပိုင်း ၂၁ unicode
အပိုင်း ၂၁ zawgyi
အပိုင်း ၂၂ unicode
အပိုင်း ၂၂ zawgyi
အပိုင်း ၂၃ unicode
အပိုင်း ၂၃ Zawgyi
အပိုင်း ၂၄ unicode
အပိုင်း ၂၄
အပိုင်း ၂၅ unicode
အပိုင်း ၂၅ zawgyi
အပိုင်း ၂၆ unicode
အပိုင်း ၂၆ zawgyi
အပိုင်း ၂၇ unicode
အပိုင်း ၂၇ zawgyi
အပိုင်း ၂၈ unicode
အပိုင်း ၂၈ Zawgyi
အပိုင်း ၂၉ unicode
အပိုင်း ၂၉ Zawgyi
အပိုင်း ၃၀ unicode
အပိုင်း ၃၀ zawgyi
အပိုင်း ၃၁ unicode
အပိုင်း ၃၁ zawgyi
အပိုင်း ၃၂ unicode
အပိုင်း ၃၂ Zawgyi
အပိုင်း ၃၃ unicode
အပိုင်း ၃၃ zawgyi
အပိုင်း ၃၄ unicode
အပိုင်း ၃၄ zawgyi
အပိုင်း ၃၅ unicode
အပိုင်း ၃၅ zawgyi
အပိုင်း ၃၆ unicode
အပိုင်း ၃၆ zawgyi
အပိုင်း ၃၇ unicode
အပိုင်း ၃၇ zawgyi

အပိုင်း ၁၁ unicode

219 27 7
Від myanaykyalsin17

ခိုင်မာနှောင်ကြိုး အပိုင်း ၁၁

ခြံပေါက်ဝမှာ ရပ်နေတာ ခေတ္တကြာသွားသလို၊ ခြံတံခါးကို ဖွင့်ဖို့အတွက်လည်း သူ့လက်တွေ တုန်ရီနေသည်။ဒီအချိန်ဆို အိမ်ကို ဇင် ပြန်ရောက်လောက်ပြီ။သူ ခြံတံခါးကို အသာတွန်းဖွင့်ပြီး ဝင်လာလိုက်သည်။အိမ်ပေါ်တောင် တက်ခွင့်မရလိုက်ဘဲ သူ့လက်တဖက်ကို နောက်ဖက်မှ ဆောင့်ဆွဲခြင်းကို ခံလိုက်ရသည်။လူက တပတ်လည်သွားပြီး ယိုင်ထိုးသွားသော ခြေထောက်နှင့်အတူ ရင်ခွင်ထဲသို့ ဝင်သွားလေသည်။မျက်နှာချင်းဆိုင် မြင်တော့မှ ဇင်။

"အခု ဘယ်အချိန်ရှိနေပြီလဲ။ဘာ့ကြောင့် အခုမှ အိမ်ပြန်လာတာလဲ။"

ဇင့် အသံဟာ ဩထွက်နေသည်။ထုံးစံအတိုင်း ဇင့်မျက်နှာကတော့ ထန်လျက်။အသက်ကို ခပ်ပြင်းပြင်း ရှူနေပြီး မောပန်းလာ ပုံရသည်။မျက်နှာမှာလည်း ချွေးတွေရွှဲနေလေသည်။ကြည့်ရတာ ဇင် သူ့ကို ရပ်ကွက်ထဲ ပတ်ရှာနေပုံရသည်။ဇင့် ကို ကြည့်ပြီး သူသနားသွားသည်။

"ခင်ဗျားကို မေးနေတယ်လေ။"

"အ"

လက်ကို ဆွဲညှစ်ခြင်း ခံလိုက်ရတာကြောင့် သူ အသံထွက်ကာ အော်မိလိုက်သည်။သူ အော်လိုက်ပေမယ့် ဇင် က ကြားပုံမရဘဲ သူ့ကိုသာ စူးစိုက်ကြည့်ပြီး သူမေးချင်တဲ့ မေးခွန်းကိုသာ ဆက်တိုက်မေးနေလေသည်။သူကလည်း အပြစ်ရှိထားသူပီပီ ဇင့်မျက်ဝန်းကို ရဲရဲပင် မကြည့်ရဲပေ။

"ပြောလေ"

ဇင် သည် သူ့လက်ကို လွှတ်လိုက်ပြီး လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ထားပြန်ကာ လှုပ်ရမ်းရင်းမေးလေသည်။

"ကျွန်....ကျွန်တော် ကြက်..ကြက်ကြော်သွားဝယ်တာပါ။"

သူ့လက်ထဲမှာ ကိုင်ထားသည့် ကြက်ကြော်ထုပ်ကို မြှောက်ပြလိုက်ရလေသည်။

"ခင်ဗျားကို ဘယ်သူက သွားဝယ်ခိုင်းတာလဲ။"

"ဘယ်..ဘယ်သူမှ မဝယ်ခိုင်းပါဘူး။ငယ်..ငယ်လေးတို့ စားဖို့အတွက်ပါ။"

"သွားမယ်ဆိုရင်လည်း အိမ်ကလူတွေကို ပြောဆိုပြီးမှ သွားရမယ် ဆိုတာ ခင်ဗျား နားမလည်ဘူးလား။ခုအချိန်ထိ ပြန်မလာတော့ အိမ်က လူတွေ ခင်ဗျားကို စိတ်ပူနေမယ် ဆိုတာ ခင်ဗျား မစဉ်းစားမိဘူးလား။"

"တောင်းပန်ပါတယ်။"

"ဘယ်အချိန်ထိ ခင်ဗျား ကျွန်တော့်ကို ဒုက္ခပေးနေဦးမှာလဲ။"

"တောင်း...တောင်းပန်ပါတယ်။"

"တောက်"

သူ့ကို တချက်ဆောင့်တွန်းပြီး ဇင် အနားမှ ထွက်သွားလေသည်။ဇင် တွန်းထုတ်လိုက်တဲ့ အရှိန် သူ ဖင်ထိုင်လျက် နောက်ပြန်လဲကျသွားသည်။လူလဲကျတာ အကြောင်းမဟုတ်။လက်ထဲမှ ကြက်ကြော်ထုပ် အဝေးကို‌ ရောက်သွားပြီး ကြက်ကြော်တွေ အပြင်ကို လွင့်စင်သွားမှာ ကြောက်သောကြောင့် လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရလေသည်။ဒီတခါတော့ သူမျက်ရည်မကျတော့ပါ။တကယ်ဆို သူက မှန်နေသူမဟုတ်။အပြစ်ရှိသောသူပဲ မဟုတ်လား။ဇင် ပြောသည်ကိုလည်း ခံနိုင်ရည် ရှိရမည်။ဇင် ကိုယ်ထိလက်ရောက် ပြုလုပ်ခြင်းကိုလည်း အပြစ်ယူခွင့် မရှိပေ။ဇင့် အမှားမှ မဟုတ်တာပဲလေ။

"ကိုကြီးဧည့်သည်...။"

လဲနေရာမှ ထနေချိန်မှာပဲ ငယ်လေးတို့ သူ့ဆီသို့ အပြေးရောက်လာလေသည်။

"ကိုကြီးဧည့်သည် ဘယ်လျှောက်သွားနေတာလဲ။သားတို့က လိုက်ရှာနေတာ။"

"အိမ်ကနေ အပြီးထွက်သွားပြီလို့တောင် ထင်ထားတာ အဟင့်..ဟင့်။"

ငယ်လေးက သူ့ရင်ခွင်ထဲသို့ ဝင်လာပြီး ပြောရင်းငိုလေပြီ။

"ကိုကြီး နောက်ကျသွားလို့ တောင်းပန်ပါတယ်။ကိုကြီး က ပြန်သွားတာ မဟုတ်ပါဘူး။ငယ်လေးတို့ကို ထားခဲ့ပြီး ကိုကြီး ဘယ်မှ မသွားဘူး။စိတ်ချနော်။ငယ်လေးတို့ စားဖို့ ကြက်ကြော်သွားဝယ်တာ။"

"ဟာ...ဟုတ်လား။အဲ့ဒါကြောင့် ကြက်ကြော်အနံ့ရပါတယ် ထင်နေတာ။"

ငယ်လေးက ချက်ချင်း ဆိုသလို အငိုတိတ်သွားလေသည်။လက်ထဲက ကြက်ကြော်ထုပ်တွေကို ငယ်လေး လက်ထဲသို့ ထည့်ပေးလိုက်သည်။

"ဟာ ...ကြက်ကြော်တွေက အများကြီးပဲ။မွှေးနေရော။"

ငယ်လေးက လက်ထဲမှ ကြက်ကြော်ထုပ်ကို လက်မြှောက်ကိုင်ထားရင်း နှာခေါင်းနားတေ့ကာ မွှေးကြည့်နေလေသည်။ပြီးတော့ ကြက်ကြော်ထုပ်ကို ယူကာ အိမ်ပေါ်သို့ တက်သွားလေသည်။

"ကိုကြီးဧည့်သည်။"

အိမ်ပေါ်သို့ တက်ဖို့ ခြေလှမ်းပြင်နေချိန်မှာပဲ ဧပရယ် က လှမ်းခေါ်လိုက်သောကြောင့် လှမ်းလက်စ ခြေလှမ်းတွေကို ရပ်ကာ ဧပရယ် ခေါ်သည်ကို ထူးလိုက်လေသည်။

"ကိုကြီးဧည့်သည် ကြက်ကြော် သွားဝယ်တယ် ဆိုရင်လည်း ဘာလို့ တယောက်ယောက်ကို ပြောမသွားတာလဲ။ကြက်ကြော် ဝယ်တာ အဲ့လောက်ထိ ကြာစရာ လိုလို့လား။ဘာဖြစ်လို့ အိမ်ပြန်နောက်ကျနေရတာလဲ။သားတို့တွေက တကယ် စိတ်ပူနေတာ။"

"ကိုကြီး တောင်းပန်ပါတယ်။ကြက်ကြော်ဆိုင်ကို မသွားတတ်လို့ အသွားအပြန် ကားဌားသွားတာပါ။အပြန်ကျတော့ ကားဆရာက သူ့မိန်းမ ကလေးမွေးချင်လို့ ဗိုက်နာနေတာ ဖုန်းရလို့ဆိုပြီး ကိုကြီး ကို ထားခဲ့တာ။နောက်ကားတစီး ဌားရတော့ ကိုကြီး လည်း နေရာသေချာမသိ၊ ကားဆရာလည်း နေရာသေချာမသိတာနဲ့ပဲ လိုက်ရှာရင်း ကြာသွားတာပါ။"

"တကယ်လို့ ကိုကြီး ဧည့်သည် လမ်းခရီးကြာမယ် ဆိုရင်လည်း အိမ်ကိုတော့ ဖုန်းဆက်သင့်တယ်လေ။"

"ကိုကြီး တောင်းပန်ပါတယ်။"

"ကိုကြီးဧည့်သည် ဟိုတခါလို အိမ်က ထွက်သွားပြီ အထင်နဲ့ အားလုံးက စိတ်ပူနေကြတာ။ကိုကြီး ရဲ့ စိတ်ပူမှုတွေက ပိုဆိုးပါတယ်။ကိုကြီး ဆိုရင်လေ ဈေးရောင်းက ပြန်လာပြီးပြီးချင်း အမောတောင် မဖြေနိုင်ဘူး ကိုကြီးဧည့်သည်ကို ရပ်ကွက် အနှံ့လိုက်ရှာတာ။သားတို့လည်း ဝိုင်းကူပြီး ရှာပေးရတယ်။မတွေ့တော့ ကိုကြီး ခမျာ စိတ်ဓာတ်အတော်လေးကျသွားတယ်။ကိုကြီးဧည့်သည်ကို သားတခု တောင်းဆိုပါရစေ။သားတို့ကို မငဲ့ရင်တောင် ကိုကြီးကိုတော့ စာနာပေးပါ။အိမ်ကိစ္စတွေနဲ့ ဈေးရောင်းရတာ တဖက်နဲ့ ပင်ပန်းလွန်းပါတယ်။ကိုကြီး ကို အဲ့ဒီ့ထက် ပိုပြီး စိတ်ပင်ပန်းအောင် မလုပ်ဖို့ သားတောင်းဆိုပါတယ်။"

"ကိုကြီး တကယ်တောင်းပန်ပါတယ်။နောက်တခါ တကယ် မဖြစ်စေရပါဘူး။"

"ကိုကြီး ကို သေချာ တောင်းပန်ပေးပါနော် ကိုကြီးဧည့်သည်။"

"ကိုကြီး တောင်းပန်ပြီးပေမယ့် နောက်ထပ် ထပ်ပြီး တောင်းပန်ပေးပါ့မယ်။"

"ဟုတ်ကဲ့ ကိုကြီးဧည့်သည်။"

ဧပရယ် သည် သူ့ကို ပြောပြီးသည်နှင့် အိမ်ပေါ်သို့ တက်သွားလေသည်။အားလုံးကို စိတ်ပင်ပန်းအောင် လုပ်မိခဲ့လေပြီ။အထူးသဖြင့် ဇင်ဟာ စိတ်ပူပင်တတ်သော သူတယောက်ဆိုတာ သိလျက်နှင့် သူမှားခဲ့လေသည်။

***********

လမ်းတလျှောက် ခြေထောက်ရှေ့မှာ ရောက်နေသော တွေ့သမျှ အရာတွေကို ကန်ကျောက်ပစ်လိုက်သည်။သူ အတော်ဒေါသထွက်လွန်း နေသည်။ထိုလူ အိမ်ကနေ ထွက်သွားပြီဆိုသော အသိစိတ်ဟာ သူ့ရင်ကို ဗလောင်ဆူစေသည်။ဈေးရောင်းက ပြန်လာတော့ "ကိုကြီးဧည့်သည်" အိမ်မှာမရှိတော့ဘူး ဆိုပြီး ငယ်လေးနှင့် ဧပရယ် က ငိုယိုပြီး ပြောလေသည်။ငယ်ထိပ်မြွေပေါက်သလိုပါပဲ။

သူလိုက်ရင်းမတွေ့တာနှင့် အိမ်များပြန်ရောက်နေမလား ဆိုသော မျှော်လင့်ချက်နှင့် အိမ်ကို ပြန်လာစဉ် ခြံပေါက်ဝမှာ ရပ်နေသော အရိပ်လေးကို အိမ်နှင့် ခပ်လှမ်းလှမ်းကနေ မြင်ရလေသည်။သူမြင်သည်နှင့် ခြေလှမ်းကျဲဖြင့် အပြေးတပိုင်း ထိုလူ ရှိရာသို့ သွားလိုက်သည်။ခြံထဲအရောက်မှာတော့ ထိုလူ၏ လက်ကို ဖမ်းဆုပ်မိသွားပါသည်။သူဆောင့်ဆွဲလိုက်သော ဒဏ်ကြောင့် ထိုလူ သူ့ရင်ခွင်ထဲသို့ ရောက်လာသည်။

"ဘယ်လိုလဲ။ဘယ်လိုလဲ။ကိုဧည့်သည် ကို ပြန်တွေ့ပြီလား။"

"အိမ်ပြန်ရောက်နေပြီ ကိုသား။"

"ဟယ်....ဟုတ်လား။တော်သေးတာပေါ့။"

အမသီတာ မှ ဝင်ပြောခြင်း ဖြစ်သည်။သူ ဈေးရောင်းက ပြန်လာချင်းချင်း ကိုဧည့်သည် အိမ်မှာ မရှိတော့ဘူး ဆိုတာ သိသိချင်း ရပ်ကွက်ပတ်ကာ လိုက်ရှာသည်။ဟိုတခါ ပျောက်တုန်းက လိုများ ဖြစ်သွားသလား ဆိုပြီး စိတ်ပူမှုတွေဟာ ငယ်ထိပ်တက်စောင့်နေပြီ။လှည်းပေါ်က ပစ္စည်းတွေကိုတောင် မချနိုင်၊မသိမ်းဆည်းနိုင်ဘဲ ပုဆိုးကို ခပ်တိုတိုဝတ်ကာ ထိုလူ ပျောက်တာကို ရှာဖွေရပါတော့သည်။လမ်းတလျှောက်မှာ သူမတွေ့။အန်တီစိုး၊ဘကြီး အိမ် နှံ့နေပါပြီ။ကိုသား အိမ်ကို ရောက်တော့ ကိုသားက မလာဘူး ဟု ပြောသည်။မသီတာ ကလည်း ရုံးကပြန်မရောက်သေး။ကိုသား က သူပါ လိုက်ပြီး ကူရှာပေးမည် ပြောပြီး တလမ်းဝင်တလမ်းထွက် လိုက်ရှာကြသည်။ဟိုတခါ သူပျောက်သွားတုန်းက အလုပ်သွားလုပ်သည့် ဆိုင်ကိုလည်း သွားမေးသေးသည်။မရှိဘူးဟု သူနှင့် ပထမတခါတုန်းက ရန်ဖြစ်သောသူသည် သူ့ကို ဘုတောလွှတ်လေသည်။သူလည်း ဒေါသစိတ်ကို မနည်းထိန်းပြီး ပြန်လာရသည်။အတော်ကြာကြာ ရှာသည့် အချိန်ထိ သူ့ကို မတွေ့တော့ ထိုလူ သူ့အိမ်ကို သတိရသွားလို့ ပြန်သွားပြီလားမှ မသိတာ ဟု ကိုသားက ခန့်မှန်းပြောဆိုလေသည်။

သူ့အတိတ်ကို သူ သတိရပြီး ပြန်သွားတာ ဟုတ်နိုင်နေသလားဟု အတွေးစိတ်ဝင်ရင်း သူ့စိတ်တွေ ယောက်ယက်ခတ်လာသည်။ဟိုနေ့က သူ ထိုလူ့ကို နမ်းလိုက်မိလို့များ အဲ့ဒါကို မကြိုက်လို့ အိမ်က ထွက်သွားသလား။အဲ့နေ့ကလည်း သူ့စိတ်တွေ ဘာဖြစ်သွားသည်မသိ။မိဘမဲ့လို့ ပြောခံရပြီး ငယ်လေးနဲ့ဧပရယ် ရန်ဖြစ်လာသည် ဆိုတာကို သိတော့ သူအတော်လေး ဝမ်းနည်းသွားသည်။သူတို့မှာ မိဘမရှိတော့ပေမယ့် ညီနှစ်ယောက် လောကအလယ်မှာ မျက်နှာမငယ်ရအောင် သူထားခဲ့သည်။ထူးချွန်သည့် ပညာရေးရှိသူ သူကိုယ်တိုင်တောင် ပညာတပိုင်းတစနှင့် နားထားပြီး ညီနှစ်ယောက်၏ ပညာရေးကို ဦးစားပေးကာ မပူမပင် ရအောင် ထားခဲ့သည်။ဘယ်လောက်ပဲ ကောင်းအောင် ဖြည့်ဆည်းပေးပေး သေဆုံးသွားသူ မိဘတွေကိုတော့ အစားထိုးကာ သူမလုပ်ပေးနိုင်ပေ။သူတို့မှာ မိဘမရှိသည်ကို အပြစ်ကြီး တခုကို အချို့လူတွေက ဆက်ဆံကြသည်။သူတကယ် ဝမ်းနည်းမိသည်။စိတ်မကောင်းဖြစ်ခြင်း၊ ဝမ်းနည်းခြင်းတွေ စုပြီး ညီနှစ်ယောက် ရှေ့မှာပင် မရှောင်မိဘဲ အိမ်တိုင်ကို လက်သီးနဲ့ ထိုးလိုက်မိသည်။တားမြစ်သံတွေ ကြားမှ မျက်ရည်စက်တွေကိုလည်း သူမြင်လိုက်ရပါသည်။သူကိုယ်တိုင် မျက်ရည်တစက်မှ မကျအောင် ထိန်းထားရတာလဲ ပင်ပန်းလွန်းလှပါသည်။

ညရောက်တော့ ကလေးနှစ်ယောက် အိပ်သွားပေမယ့် သူကတော့ အတွေးပေါင်းများစွာနှင့် မအိပ်စက်နိုင်ပေ။ခြင်ထောင်ထဲလည်း မဝင်ဘဲ လမ်းကို ဟိုလျှောက်၊ဒီလျှောက်လုပ်လိုက်၊အိမ်သာသွားပြီး ပြန်လာလိုက်နှင့် တယောက်တည်း အလုပ်ရှုပ်နေသည်။စိတ်တွေလည်း ရှုပ်ထွေးနေသည့် အိမ်ရှေ့၊အိမ်နောက် ဘယ်နှစ်ခေါက် လျှောက်လို့လျှောက်မှန်းတောင် မသိတဲ့ သူ့အဖြစ်တွေပါ။နောက်ဖေးကနေ အိမ်ရှေ့ကို တခေါက်ပြန်လျှောက်လာတော့ အခန်းထိပ်မှာ ရပ်ပြီး ဟိုရှာသည်ရှာ လုပ်နေသည့် သူ့ကို တွေ့ရတော့ "ခင်ဗျား ဘာလုပ်နေတာလဲ" မေးလိုက်တော့ လန့်သွားလေသည်။လန့်သွားသောသူ့ကို ထိန်းပေးလိုက်ရင်း သူပါ ခြေလှမ်းယိုင်ကာ အခန်းထဲသို့ ဝင်သွားလေသည်။ပြီးတော့ ထိုလူ က အိမ်တိုင်ကို လက်သီးနဲ့ထိုးလိုက်တဲ့ သူ့လက်က ဒဏ်ရာကို စိတ်ပူလို့တဲ့လေ။သူ့လက်ကို ဆွဲယူကာ ကြည့်လိုက်တော့ သူ့ရင်ထဲလှိုက်ခနဲ ခုန်သွားသည်။ထိုလူ ရဲတင်းလိုက်လေခြင်း။

သူ့အတွက် လက်လိမ်းပေးမည် ဆိုကာ ဆေးဗူးသွားယူလေသည်။သူ့အပေါ် စိုးရိမ်ကြီးလွန်း၊ ဂရုစိုက်လွန်းနေသည့် သူ့ကို မြင်ရတာ ပိုပြီး ဝမ်းနည်းစိတ်ကို ဖြစ်စေသောကြောင့် ငိုချင်စိတ်ကို ထပ်ပြီး တွန်းအားပေးသလို ဖြစ်လာလေသည်။အသိစိတ်လွတ်သွားသည့် လူတယောက်လို သုံးထပ်သားပြားကို‌ ကျောမှီထိုင်ကာ သူငိုလိုက်မိပါတော့သည်။

သူ့လက်ကို အသာလေးပွတ်သပ်ပြီး "အဆင်ပြေရဲ့လားဟင်" ဟု မေးလာသူက သူ့မျက်နှာကို အသာဆွဲမော့ယူသည်။မငိုနဲ့နော် ဟု နှစ်သိမ့်ပေးသူကြောင့် အားထားရာ တယောက်အဖြစ် ရင်ဖွင့်မိသည်။ဝမ်းနည်းလွန်းလို့ မျက်ရည်ကျမိသည်။ခေါ်သံတခုကို မသဲမကွဲ ကြားလိုက်မိသည်။ထိုလူ၏ နှစ်သိမ့်စကားသံဟာ သူ့အတွက် သူ့စိတ်ကို တွန်းအားပေးနေသလိုလို။အလင်းရောင် မှိန်ပျပျအောက်မှာ မြင်ရသည့် မျက်ဝန်းညိုဟာလည်း ဆွဲဆောင်မှုအပြည့် ရှိလွန်းသည်။ထိုလူ ပြောသောစကားတွေကို သူမကြား။သူ့ကို ဆွဲဆောင်လွန်းနေတာ မျက်ဝန်းညိုလေး အပြင် ပန်းရောင်သန်းနေသော နှုတ်ခမ်းသား။ထိုလူ့ နှုတ်ဖျားက တားမြစ်သံတွေဟာ သူ့နားထဲ မဝင်တော့ပေ။သူ အရမ်းကို ထိတွေ့ချင်မိသည့် နေရာတိုင်းကို ဦးတည်ကာ သူ့စိတ်ကို လွှတ်ချပေးလိုက်မိပါသည်။သူ့အနမ်းတွေကို ရှောင်ဖယ်၍ လွန့်လူးကာ ရုန်းနေသူကိုပင် သူ ဂရုမစိုက်နိုင်တော့ဘဲ သူ့စိတ်ရှိတိုင်းကို ပြုမူမိလေသည်။ထူးဆန်းသည့် ခံစားချက်အောက်မှာ သူရုန်းမထွက်ချင်မိ။ခဏနေတော့ ထိုလူသည်လည်း သူ့နောက်သို့ လိုက်ပါစီးမျောလာလေသည် ဟုပင် ခံစားလာရလေသည်။

အခြားမည်သူတဦးတယောက်၏ နှုတ်ခမ်းသားကိုမှ မထိတွေ့ဖူးသူ သူ့အတွက် ထိုလူ့ နှုတ်ခမ်းသားတွေဟာ သောက်လေသောက်လေ ငတ်မပြေတဲ့ ပင်လယ်ရေလိုပါပဲ။သူ ပြုမူနေသမျှကို လက်ခံပေးသူကိုမျှ အားမနာမိဘဲ အနည်းငယ် ကြမ်းတမ်းစွာ ပြုမူမိသည်။ မလွှတ်ချင်ပေမယ့် လွှတ်ပေးလိုက်မိသော နှုတ်ခမ်းသားလေး ပိုင်ရှင်ကို ရင်မဆိုင်ရဲစွာပင် ထိုလူ့၏ ရင်ခွင်ထဲမှာ သူ့မျက်နှာ ဖွက်ထားမိရင်း အားနာတာရော၊ ဝမ်းနည်းတာရောပါ ရောပြီး ထိုလူ့ရင်ခွင်ထဲမှာပဲ ထပ်မံကာ ငိုကြွေးမိပြန်သည်။သူ့ခန္ဓာကိုယ်ပေါ်မှ နှစ်သိမ့်ပေးနေသော လက်ကလေးတွေကိုလည်း သူ အားနာလာမိသောကြောင့် သူရုန်းထကာ အခန်းထဲမှ ထွက်လာလိုက်လေသည်။ထိုလူ ဘယ်လိုပုံစံနဲ့ကျန်ခဲ့လဲ သူမသိတော့ပေ။

သူ့စိတ်ကို သူအံ့ဩလာလေသည်။ယောကျ်ားလေးတယောက်ဆီမှာ သူ့စိတ်တွေ သာယာနေပြီလား။မက်မောစွာ နစ်ဝင်နေပြီလား။ဒါဖြစ်သင့်တဲ့အရာမှ မဟုတ်တာဘဲလေ။

ထမင်းအတူစားချိန် ထမင်းဝါးစားနေသည့် လှုပ်စိလှုပ်စိ နှုတ်ခမ်းသားလေးတွေဟာ သူထမင်းဆက်မစား နိုင်တော့လောက်အောင် ဆွဲဆောင်နိုင်လွန်းပြန်သည်။ဟုတ်တယ်။ထိုလူနှင့်အတူ ထမင်းစားဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပေ။ညီလေးတွေနှင့်တောင် ထမင်းအတူ မစားနိုင်ဘဲ သူ့ကို ရှောင်ခဲ့သည်။သူ အိမ်သို့ ပြန်လာချိန်တိုင်း ရေတခွက် ကမ်းပေးတတ်သူကိုတောင် ဥပေက္ခာပြုလိုက်ရတဲ့အထိ သူ့စိတ်ကို ထိန်းချုပ်ခဲ့သည်။

သူ ထိုလူ့အပေါ် ဆက်ဆံရေးဟာ နှုတ်ကြမ်းလွန်းနေမှန်း သူသိပါသည်။သူ ဘာကြောင့် ထိုလူ့အပေါ် အပြောကြမ်းကြမ်းတွေနှင့် ဆက်ဆံမိသလဲ ဆိုတာကတော့ သူ့ကိုယ်သူလည်း နားမလည်ပေ။သူ့အိမ်မှာ သူ့ကို မှီခိုအားထားနေသူ တယောက်ကို ညှာတာမှု ကင်းမဲ့သည့် စကားတွေ ပြောမိနေသည် ဆိုတာ သူသိလေသည်။ဒါပေမယ့် သူ မရှောင်လျှင် ဘာဆက်ဖြစ်မည် ဆိုတာကို သူကိုယ်တိုင်ပင် မသိနိုင်လောက်အောင်ပင် ဖြစ်မိလေသည်။

***********

"ကိုသား"

"ဟေ"

သီချင်းတပုဒ် ဆိုပြီးသွားလို့ နောက်ထပ် သီချင်းတပုဒ်အတွက် သံစဉ်ရှာနေသူ ကိုသား မှ သူ့ဘက်လှည့်ကြည့်ပြီး ထူးခြင်းဖြစ်သည်။

"ကျွန်တော့်ကို ရည်းစားတယောက်လောက် ရှာပေးပါလား။"

"ဘာ"

"ကောင်မလေးတယောက်လောက် ရှာပေးစမ်းပါ။ကျွန်တော် ရည်းစားထားချင်လို့။ကောင်မလေး ဖြစ်ရင် ပြီးရောဗျာ။"

"ဟ...ရွှေရင်အေး ရ။ထူးထူးဆန်းဆန်း ပါလား။မင်းတကယ် စိတ်ဝင်စားတာကော ဟုတ်ရဲ့လား။"

"ကောင်မလေး ဖြစ်ရင် ပြီးရောဗျာ။ကျွန်တော့်ကို ရှာပေးစမ်းပါ။"

ကိုသား ကတော့ သူ့စကားကြားပြီး မျက်လုံးအပြူးစား ဖြစ်နေပါပြီ။

"ရည်းစားထားတယ် ဆိုတာ တဆင့်ခံ ရှာပေးလို့ မရဘူးလေကွာ။ကိုယ့်မျက်လုံးနဲ့ သေချာကြည့်ပြီး နှလုံးသားက ရင်ခုန်လာ၊ အချစ်ဆိုတာ ဖြစ်ထွန်းလာမှ ချစ်သူ၊ရည်းစားထားလို့ ရမှာပေါ့ကွ။"

"နှလုံးသားက ရင်ခုန်လာမှ ..."

ကိုသား ပြောတဲ့စကားကို သံယောင်လိုက်ရင်း သူ့ရင်ဘတ်ရှိ နှလုံးသားနေရာတည့်တည့် နေရာကို လက်ဖဝါးနှင့် အုပ်ပြီး အတွေးထဲ ရောက်လာသူက ထိုလူမှ လွဲပြီး ဘယ်သူမှ ပေါ်မလာပေ။သူ မျက်လုံးစုံကို မှိတ်ကာ ခေါင်းကို ခါယမ်းလိုက်သည်။သွားစမ်း...သွားစမ်း ဒီအတွေးတွေ သွားစမ်း။

"ရင်ခုန်ဖို့က အရေးမကြီးပါဘူး။အရေးကြီးဆုံးက ကောင်မလေး ဖြစ်ရင် ပြီးတာပဲ။ကျွန်တော် ရည်းစားထားချင်လို့ပါဗျာ။"

"မင်းဟာကလဲ။မဟုတ်သေးပါဘူးကွာ။ရည်းစားထားမယ် ပြောတဲ့သူကလည်း ဈေးထဲ ဟင်းရွက်ကန်စွန်း ဝယ်သလို ရော့..ပိုက်ဆံ ဘာဖြစ်ဖြစ် ကြိုက်တာ ထည့်ပေးဆိုသလို ဖြစ်နေပြီ။"

ကိုသား ပြောတော့ သူ သက်ပြင်းရှည်ချကာ ခေါင်းငိုက်စိုက် တွေဝေနေပါသည်။ကိုသားကတော့ သူ့ကို အကဲခတ်နေပါသည်။

"မင်းအကြောင်း ငါသိပါတယ် ရွှေရင်အေးရာ။ငါ မိန်းမပိုးတိုင်း ငါနောက်ကို တကောက်ကောက် လိုက်ခဲ့တယ်ဆိုတာ ငါခေါ်လို့ မင်းလိုက် တာပါ။မင်းကိုယ်တိုင် ကောင်မလေးတွေကို စိတ်ဝင်စားပြီး ပိုးပန်းချင်လို့မှ မဟုတ်ဘဲ။အခု မင်းက ရည်းစားထားမယ်လို့ ပြောတော့ ငါမယုံနိုင်ဘူး။အံ့ဩရတယ်။မင်း ငါ့ကို မှန်မှန်ပြောစမ်း။မင်းဘာဖြစ်နေသလဲ။"

ဘာဖြစ်နေသလဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ်တောင် ခဏခဏ မေးနေရတဲ့ မေးခွန်းကို အဖြေ ဘယ်လိုပေးရမလဲ။အခုရက်ပိုင်း သူ့ရဲ့ စိတ်ခံစားချက်တွေ ထူးဆန်းနေတယ်။သူ့အိပ်မက်ထဲ ထိတောင် လိုက်နှောင့်ယှက်နေသည့် နူးနူးအိအိ နှုတ်ခမ်းသားလေး။မတော်တဆ မြင်တွေ့မှာတောင် စိုးရိမ်နေခဲ့ရသည့် သူ့အဖြစ်တွေ ဒါတွေကို သူဘယ်သူ့ကို ဖွင့်ပြောဝံ့ပါ့မလဲ။

"အချစ် ဆိုတာ ဘာလဲ ကိုသား။"

"ဘာ"

ဒီနေ့အတွက် ကိုသား နှုတ်မှ ထွက်သော "ဘာ" တွေသိပ်များနေပြီ။

"မင်းဟာက မဟုတ်တော့ဘူးနော် ရွှေရင်အေး။တခုခုတော့ တခုခုပဲ။ပြောစမ်း။မင်းငါ့ကို ပြောစမ်း။"

သူ့မှာ ရင်ဖွင့်စရာ ဆိုလို့ ကိုသားပဲ ရှိတာလေ။ပြောသင့်မပြောသင့်ပဲ စဉ်းစားရမှာ မဟုတ်လား။

"ကျွန်တော်....ကျွန်တော်....ကျွန်တော့်ရဲ့ စိတ်ကို လူတယောက် စိုးမိုးနေတယ်။အိပ်မက်ထဲမှာလည်း သူ့ပုံရိပ်တွေ၊ သူ့အစိတ်အပိုင်း တခုလုံးကိုလည်း မြင်ယောင်နေတယ်။မြင်လိုက်တိုင်းလည်း နှလုံးခုန်နှုန်းတွေ မြန်လာတယ်။ကျွန်တော် ဘယ်လောက်ပဲ မောင်းထုတ်၊မောင်းထုတ် မရဘူး။ကျွန်တော့် အနားမှာ တဝဲလည်လည် ဖြစ်နေတယ် ကိုသား။"

"လူတယောက်...။ဘယ်သူလဲ။ဘယ်လိုပုံစံမျိုးလဲ။"

"လူတယောက် ၊ ပုံရိပ်တခုလို့ပဲ သိထားပေးပါ ကိုသား။ကျန်တာ လတ်တလော ကျွန်တော် မပြောပါရစေနဲ့နော်။"

အပြောရခက်နေသော သူ့ပုံစံကို ကိုသား က နားလည်သွားပြီး ခေါင်းတညိတ်ညိတ် ပြုလုပ်နေသည်။

"မင်းတောင် အရွယ်ရောက်လာပြီပဲ ရွှေရင်အေး။"

ဟုတ်တယ်..သူအရွယ်ရောက်လာပြီ။ရင်ခုန်တတ်စ အရွယ်မှာ မဖြစ်သင့်တဲ့ ရင်ခုန်ခြင်းတွေကို သူ အစပျိုးနေပြီ။မထည့်သင့်တဲ့သူကို နှလုံးသားထဲ သွင်းမိနေပြီ။ပတ်ဝန်းကျင်ရှိသည်။သူ့မှာ ညီလေးနှစ်ယောက် ရှိသည်။သူဟာ ညီနှစ်ယောက်အတွက် စံပြမဟုတ်ရင်တောင် လူလည်ခေါင် မျက်နှာမပြရဲသည့် ဖြစ်ရပ်မျိုးတွေကို သူမဖန်တီးချင်ပါ။ရပ်တန်းက ရပ်မှ ဖြစ်တော့မည်။

"မင်းစိတ်ထဲမှာ ရှိနေတဲ့လူ ဘယ်သူပဲဖြစ်ဖြစ်ပါ။တကယ်လို့ မင်းနှလုံးသားက ခုန်လာတဲ့ သူဆိုရင်တော့ မင်းရှေ့ဆက်ပေါ့။"

"ကျွန်တော်ဘက်ကပဲ တယောက်တည်း ရင်ခုန်နေတယ် ဆိုရင်ကော ကိုသား။"

"ဟာ...ဒါဆို မင်းက တဖက်သတ်အချစ်ပေါ့။"

"အဲ့ဒါကို တဖက်သတ်အချစ်လို့ ခေါ်တာလား။"

"မင်းတယောက်တည်းပဲ ရင်ခုန်ချစ်နေပြီး တဖက်က မင်းအချစ်ကို မသိရင် အဲ့ဒါ တဖက်သတ် အချစ်ပေါ့ကွ။"

"ဪ"

တဖက်သတ်အချစ်တဲ့လား။သူ ခေါင်းငိုက်စိုက်ကာ သက်ပြင်းချမိရင်း စိတ်ရှုပ်နေမိသည်။

"ကိုကြီး...ကိုကြီး"

ငယ်လေး သည် သူ့နာမည်ကို‌ အော်ဟစ်ကာ အပြေးအလွှား ပြေးလာလေသည်။ငယ်လေးကို မြင်တော့ သူလည်း စိတ်ရှုပ်တာတွေ ပျောက်ကာ ထိတ်လန့်သွားပြီး ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်သည်။ကိုသား လည်း ဂစ်တာကို ချကာ မတ်တပ်ထရပ်လိုက်သည်။

"ဘာ...ဘာဖြစ်လို့လဲ ငယ်လေး"

"ငယ်လေး ဘာများဖြစ်လို့လဲ။"

"အီး..ဟီး...ဟီး..ကိုကြီး ...ကိုကြီးဧည့်သည် .....အီး...ဟီး"

ကိုကြီးဧည့်သည် လို့ ပြောသံကြားလိုက်တာနှင့် သူ ထိတ်ထိတ်ပြာပြာ ဖြစ်သွားသည်။ထိုင်ရာမှ ထထိုင်လိုက်သည် အထိပါ။ငယ်လေး ကလည်း ငိုနေသည်။ထိုလူ..ထိုလူ..ဘာများဖြစ်လို့လဲ။

"ငယ်လေး..ကိုကြီး ကို သေချာပြော..ကိုဧည့်သည် ဘာ...ဘာများဖြစ်လို့လဲ။"

ငယ်လေး က ငိုချည်းနေပြီး စကားက ရှေ့မရောက်သောကြောင့် စိုးရိမ်စိတ် ပိုမြင့်တက်လာသည်။ငယ်လေး၏ ပခုံးနှစ်ဖက်ကို အသာလှုပ်ကိုင်ကာ အထပ်ထပ် မေးနေမိသည်။

"ကိုကြီးဧည့်သည် စက်ချုပ်ရင်း အပ်စိုက်သွားတာ လက်..လက်မှာ သွေး..သွေးတွေ အများကြီးပဲ ကိုကြီး...အီး..ဟီး..။"

"ဘာ"

ငယ်လေး ပခုံးပေါ်မှ သူ့လက်ကို ဖြုတ်ချပြီး အိမ်သို့ ပြေးသွားလိုက်သည်။"ရွှေရင်အေး.. ငါ့စောင့်ဦးလေကွာ" ဆိုသော စကားကိုတောင် နားမထောင်နိုင်တော့ပေ။

ခြံတံခါးကို မည်သို့မည်ပုံ ဖွင့်ပြီး ဘယ်ခြေလှမ်းဖြင့် အိမ်ပေါ်ရောက်သွားသည် ဆိုတာတောင် မသိပေ။အိမ်ပေါ်ရောက်တော့ ထိုလူ့ကို အပြေးအလွှား ရှာလိုက်သည်။အိမ်ရှေ့ခန်းမှာ စက်ချုပ်နေသော ထိုလူ့ကို တွေ့ရသည်။ဧပရယ် က ကြမ်းခင်းပေါ် ထိုင်နေပြီး ဆေးဗူးတွေကို သိမ်းနေလေသည်။အိမ်ထဲသို့ အလောတကြီး ဝင်လာသည့် သူ့ကို မြင်တော့ နှစ်ယောက်စလုံး မော့ကြည့်သည်။

"ကိုကြီး"

ထိုလူ့နားသို့ အပြေးသွားကာ လက်ကိုဆွဲယူကြည့်လိုက်သည်။ဒဏ်ရာက ပတ်တီးစည်းထားပါသည်။

"ခင်ဗျား ဘယ်လိုဖြစ်ရတာလဲ။ပေါ့ဆလှချည်လား။လက်က ဘယ်လောက်တောင် ထိသွားတာလဲ။"

"ဟို...စက်ချုပ်နေရင်း လက်ကို အပ်စိုက်သွားလို့ပါ။"

"လက်ကို အပ်စိုက်သွားတဲ့အထိ ဘာကို စိတ်ကူးယဉ်နေတာလဲ။ခင်ဗျား အလုပ်ကို သေချာမလုပ်ဘူးလား။"

"လုပ်ပါတယ်။ဟို...မတော်တဆ..."

"ဘာမတော်တဆလဲ။ခင်ဗျား ပေါ့လျော့လို့ ဖြစ်တဲ့ ကိစ္စလေ။အခုလည်း ဘာလို့ စက်ချုပ်နေသေးတာလဲ။လက်ထိထားတာ နားပါလား။"

"မနက်ဖြန် ရက်ချိန်း ပေးရမှာလေး ပြီးအောင် လက်စသတ်ချင်လို့ပါ။"

"ရက်ချိန်းက အရေးကြီး လို့လား။မနက်ဖြန် မဟုတ်လည်း နောက်နေ့ ပေးလည်း ရတာပဲလေ။"

"ရက်ချိန်းက‌ နေ့လွဲလို့ မရလို့ပါ။"

ဆင်ခြေတွေ သိပ်ပေးလွန်းနေသူကို သိပ်ပြီး စိတ်မရှည်ချင်တော့ပေ။

"လာ..ဆေးခန်းသွားမယ်။"

ထိုလူ့ လက်ကို ဆွဲကာ အတင်းထစေလိုက်သည်။ဆွဲထူတာကို မလိုက်။ ပေကပ်ကပ်လုပ်နေလေသည်။

"ထလေ။"

"ဘာမှမဖြစ်ပါဘူး။နည်းနည်းပါးပါးပါ။လေး၊ငါးရက်လောက် နေရင် ပျောက်သွားမှာပါ။"

"ဧပရယ်...။"

"ဗျာ"

"သူ့လက်က အပ်စိုက်တာ ဘယ်လောက် အနေအထား ရှိလဲ။"

ပလာစတာ ကပ်ထားသောကြောင့် ဒဏ်ရာအနေအထားကို သူ မသိသောကြောင့် ညီဖြစ်သူကို လှမ်းမေးလိုက်သည်။

"နက်တယ် ကိုကြီး။ထုတ်ချင်းတော့ ပေါက်သွားတယ်။"

"ဘာ..ထုတ်ချင်းပေါက်သွားတယ်..ဟုတ်လား။"

ထိုလူ့မျက်နှာကို ကြည့်လိုက်သည်။ဘာမှမဖြစ်သလို ဟန်ဆောင်ထားသော ပုံစံ၏ နောက်ကွယ်မှာ မျက်နှာလေးက ညှိုးငယ်နေလေသည်။

"ဆေးထည့်ထားတာပဲ။အပ်ကလည်း လက်ထဲမှာ မကျန်ခဲ့ပါဘူး။ရပါတယ်။"

သူဘာမှပြောမနေတော့ဘဲ ဆုပ်ကိုင်ထားသော ထိုလူ့လက်ကို ထပ်မံတင်းကျပ်စွာ ဆုပ်ကိုင်ရင်း စူးစိုက်ကြည့်လိုက်သည်။

"မေးခိုင်ပိုးဝင်သွားရင် ဘယ်လိုလုပ်မလဲ။မေးခိုင်ကာကွယ်ဆေး ထိုးမှရမယ်။လာ...ဆေးခန်းသွားမယ်။"

သူ့လက်ထဲမှ ပြန်ရုန်းထွက်ပြီး မလိုက်ဘူးဟု ငြင်းနေပြန်သည်။သူက အတင်းဆွဲခေါ်၊ ထိုလူက ငြင်းလုပ်နေရင်း ကိုသားနှင့်ငယ်လေး တို့ အိမ်ပေါ်တက်လာသည်။ကိုသား က စိုးရိမ်တကြီးနှင့် သက်သာရဲ့လား မေးလေသည်။

"ဆေးထည့်ထားပါတယ် ကိုသား။နောက်ရက်ကျရင် ပျောက်သွားမှာပါ။"

"ဘယ်လိုဖြစ်ရတာလဲ ကိုဧည့်သည်ရယ်။နေ့တိုင်းချုပ်နေတဲ့စက်ပဲဟာ။ပြစမ်း။ဘယ်လောက်တောင် ထိသွားလဲ။"

ကိုသား က သူ့လက်ထဲမှ ထိုလူ့လက်ကို ယူပြီး ဒဏ်ရာကြည့်ဖို့ လက်ကို ဆွဲယူဟန် ရှိနေချိန်မှာပဲ ထိုလူ့လက်ကို ကိုသား လက်ထဲသို့ ပါမသွားအောင် လက်ကိုဆွဲပြီး နောက်သို့ ရုတ်လိုက်ပါသည်။ကိုသား လက်သည် လေထဲတွင် ကျန်ရစ်ခဲ့လေသည်။

"ဧပရယ် ပြောတာကတော့ ထုတ်ချင်းပေါက်သွားတယ် ပြောတာပဲ။"

"ဟေ.. ဟုတ်လား။အဲ့ဒါဆိုရင် ခိုက်မိတာ များတာပေါ့။"

"ဆေးခန်းသွားပြီး မေးခိုင်ကာကွယ်ဆေးထိုးမှ ရမယ် ကိုသား။ကျွန်တော် သူ့ကို ဆေးခန်းလိုက်ပို့လိုက်ဦးမယ်။"

"ဆေးခန်းတောင် ပိတ်တော့မယ်။မြန်မြန်သွား။"

သူ့လက်ကို ဆွဲပြီး သွားဟန်ပြင်တော့ အနားမှာ ရှိနေသော ငယ်လေးက "ကိုကြီးဧည့်သည် ရောဂါပျောက်အောင် ကုလာခဲ့နော်" ဟု မှာလေသည်။သူ့လက်ကိုဆွဲပြီး ထွက်လာရင်း ခြံပေါက်ဝ ရောက်တော့မှ ဧပရယ် က "ကိုကြီး ပိုက်ဆံယူသွားဦးလေ" ဟု ပြောသောကြောင့် သူ့လက်ကို ပြန်ဆွဲကာ အိမ်ပေါ်သို့ ပြန်တက်ပြီး ပိုက်ဆံပြန်ယူရသည်။ထိုလူ့၏ လက်ကို မလွှတ်ဘဲ ဆုပ်ကိုင်ရင်းမှ ယူစရာ ရှိတာကို သွက်သွက်လက်လက် ယူရလေသည်။

*********

ဆေးခန်းရောက်တဲ့အထိ ဇင် သည် သူ့လက်ကို လွှတ်မပေးချေ။ဆရာဝန်က လူနာအိမ်ပင့်သွားသောကြောင့် ခဏနေမှ ပြန်လာမည် စောင့်ရမည်ဟု ဆိုသဖြင့် ချထားပေးသော ထိုင်ခုံလေးတွေမှာပဲ ထိုင်စောင့်နေရသည်။ခဏစောင့်နေရင်း ဆရာဝန်မလာသေးသောကြောင့် ဇင် သည် ဆေးပေးသော ကောင်မလေးကို သွားမေးပြန်လေသည်။

"ဆရာ ခဏနေရင် လာပါလိမ့်မယ်။ခဏထိုင်စောင့်ပေးပါ။"

ဆရာ ဟု ခေါ်သံ ကြားသောကြောင့် ဟိုတနေ့က ကြက်ကြော်ဆိုင်မှာ တွေ့ခဲ့သည့် ကောင်မလေးမှ သူ့ကို "ဆရာ" ဟု ခေါ်ရင်း လာနှုတ်ဆက်တာကို သတိရသွားသည်။သူ့ကို သိတဲ့သူ တွေ့ပြီ ဟူသော စိတ်ဖြင့် မေးမြန်းကြည့်တော့ ကျွန်မတို့ သိတဲ့ ဆရာနဲ့ တူလို့ပါဟုသာ ပြောသည်။

"ဟို...ကျွန်တော့်ကို ပြောတာလား။"

သူ ပြောလိုက်တော့ သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်လေသည်။

"ဆရာနဲ့ကတော့ အရမ်းတူတယ်။ဆရာက ပိုလည်းခန့်တယ်။သန့်တယ်။သပ်သပ်ရပ်ရပ်လည်း ဝတ်စားနေထိုင်တတ်ပါတယ်။ဆရာက အခု မြန်မာနိုင်ငံမှာ မရှိဘဲ နိုင်ငံခြားမှာ ရောက်နေတယ်လို့ ကြားတယ်။ပြန်မလာလောက်သေးပါဘူး။ရုတ်တရက်မို့ ကျွန်မတို့ ဆရာ လို့ ထင်လိုက်မိတာပါ။ကျွန်မ လူမှားသွားတာပါ။တောင်းပန်ပါတယ်ရှင့်။"

ကောင်မလေး က ပြောဆိုပြီး သူ့နားက ထွက်ခွာသွားသည်။သူ ထလိုက်သွားပေမယ့် လက်ထဲမှ အသံမြည်လာသော ပစ္စည်းကို ကြည့်လိုက်မိသည့်အတွက် ကောင်မလေးကို ရှာကြည့်တော့ မတွေ့တော့ပေ။ရှုပ်ရှက်ခတ်နေသော လူတွေ ကြားထဲ ဘယ်ရောက်သွားသည် မသိပေ။သူဟာ အတိတ်မေ့နေသူ တယောက် ဆိုတာကိုတောင် မပြောလိုက်ရပေ။

ဆရာ ဟု ခေါ်သွားသူ ကောင်မလေးဟာ သူ့ကို ခေါ်သွားခြင်း မဟုတ်ဘူး ပြောပေမယ့် ဆရာ ဆိုသည့် နယ်ပယ်ကို သူ စဉ်းစားကြည့်မိသည်။ဆရာ လို့ ခေါ်တဲ့ နယ်ပယ်တွေက အများကြီး ရှိသည်။ကျောင်းမှာ စာသင်သော ဆရာ ကိုလည်း ကျောင်းဆရာ ဟုခေါ်သလို ကားမောင်းသူတွေကိုလည်း ကားဆရာ၊ ဆိုက်ကားနင်းသောသူတွေကိုလည်း ဆိုက်ကားဆရာ ဟု ခေါ်ပြန်သည်။ဒါမှမဟုတ် သူက ဗေဒင်ဆရာ များလား။

သူ့မျက်လုံးတွေဟာ ဆေးခန်းဝန်းကျင်ကို ဝေ့ဝိုက်ကာ ကြည့်လိုက်သည်။ဒီလို နေရာနှင့် တခုခုများ သူနှင့် ရင်းနှီးနေမလားလို့ပါ။ဆေးခန်းထဲမှာတော့ သူအပြင် စောင့်နေသူ လူနာနှစ်ယောက် ရှိသည်။ရှေ့က စားပွဲပေါ်မှာတော့ ဆေးမှတ်တမ်း စာအုပ်အချို့တင်ထားသည်။စာအုပ်တွေ၏ နောက်ဖက်မှာတော့ ခုံနှင့်ထိုင်နေသော ဆေးပေးသော ကောင်မလေး ရှိသည်။ဆေးပေးသော ကောင်မလေး ထိုင်နေသော ဘေးဘက်မှာတော့ ဆေးမျိုးစုံ ထည့်ထားသည့် မှန်ဗီဒိုတလုံး ရှိသည်။ပလက်စတစ်ခုံလေးတွေ ဟိုဘက်၊ဒီဘက် နံရံကပ်ချထားသောကြောင့် လာသော လူနာများထိုင်လို့ ရလေသည်။အခန်းထောင့်မှာတော့ ပန်ကာဟောင်းလေးတလုံး ရှိလေသည်။ဆရာဝန်လူနာကြည့်တာကတော့ အခန်းလေး တခုအတွင်းမှာဖြစ်သည်။ခြားထားတာကတော့ ကန့်လန့်ကာလေး တခုသာ ရှိသည်။ဒီဆေးခန်းကို ဇင့့်အိမ်စစရောက်ချင်း နေမကောင်း ဖြစ်တုန်းက တခါရောက်ဖူးလေသည်။အဲ့တုန်းကလည်း ခံစားချက် ဘာမှမရှိသလို အခုလည်း ရင်းနှီးလွန်းသည်ဟု မခံစားရသေးပေ။ ဆရာ ဆိုတာဟာ ဆရာဝန်တယောက်တော့ မဖြစ်နိုင်ပေ။

"ကိုဧည့်သည် ဝင်လို့ရပါပြီ။"

သူ့နာမည်ခေါ်သံကြားသည်နှင့် ဇင် သည် သူ့လက်ကို ဆွဲကာ ဆရာဝန် ရှိရာ အခန်းသို့ ဝင်သွားလိုက်သည်။

"ဆရာ သူ့လက်ကို ကြည့်ပေးပါ။သူ့လက်က စက်ချုပ်ရင်း အပ်စိုက်သွားလို့ပါ။အဲ့ဒါ မေးခိုင်ပိုးဝင်မှာ စိုးလို့ပါ။"

"ပြပါဦး။"

ဇင် သည် နဂိုကတည်းက ဆုပ်ကိုင်ထားသော သူလက်တဖက်ကို မလွှတ်ဘဲ ဆုပ်ကိုင်ထားဆဲဖြင့် ပလာစတာ ကပ်ထားသော လက်တဖက်ကို အခြားလက်တဖက် ယူပြီး ဆရာဝန်ကို ပြလေသည်။ဆရာဝန်က ဒဏ်ရာရထားသော သူ့လက်ကို ဆွဲယူကြည့်တော့ ဇင့်ကပါ တတန်းတန်း ပါလာလေသည်။ဒါကို ဆရာဝန်က မြင်လေသည်။

"ညီလေး သူ့လက်ကို ခဏလွှတ်လိုက်လေ။ဆရာ ဒဏ်ရာ ခဏကြည့်မယ်လေ။"

ဆရာ က ပြောမှ ရှက်ကိုးရှက်ကန်းဖြင့် သူ့လက်ကို လွှတ်လိုက်လေသည်။

"ဟိုမှာ ခဏထိုင်စောင့်ပေးပါ။ညီလေးက ခုတင်ပေါ် ခဏလှဲ။"

ဆရာဝန်က လိုအပ်တာတွေ အားလုံး လုပ်ပေးသည်။လက်က ဒဏ်ရာကို အိမ်မှာ ကပ်လာသည့် ပလာစတာကို ဖယ်လိုက်ချိန်မှာတော့ သူ့မျက်နှာ ရှုံ့မဲ့သွားသည်။ဆရာဝန်က အနာကို သန့်စင်ပေးပြီး ဆေးထည့်ပေးကာ ပတ်တီးစည်းပေးလိုက်သည်။

"ဒီရက်ပိုင်း လက်က အနာကို ရေမထိစေနဲ့ဦး။မေးခိုင်ကာကွယ်ဆေးလည်း ထိုးပေးလိုက်တယ်။အနာအမြန်ကျက်ဖို့ သောက်ဆေးပါ ပေးလိုက်မယ်။"

ဆရာဝန်က သူ၏ မှတ်တမ်း စာအုပ်မှာ ရေးခြစ်နေချိန် သူ ခုတင်ပေါ်မှ ဆင်းပြီး ဇင်နှင့် မလှမ်းမကမ်းမှာ သွားရပ်လိုက်သည်။ဇင် ကလည်း ထိုင်နေရာမှ ထလိုက်ပြီး သူ့လက်ကို လာရောက်ဆွဲကိုင်လေသည်။

"အရှေ့မှာ ဆေးယူသွားလိုက်နော်။"

ဆရာဝန်မှ ဆေးမှတ်တမ်းစာအုပ် လှမ်းပေးတော့ ဇင် ကပဲ လှမ်းယူလေသည်။ပြီးတော့ ဆရာဝန်ကို နှုတ်ဆက်ပြီး သူတို့အရှေ့သို့ ထွက်လာလိုက်ပါသည်။အရှေ့ခုံမှာ ထိုင်နေသည့် ဆေးပေးသော ကောင်မလေး ဆီ ဆေးမှတ်တမ်း စာအုပ်ပေးလိုက်သည်။ဆေးမှတ်တမ်း စာအုပ်ယူရင်း သူတို့နှစ်ယောက် လက်တွဲထားသည်ကို စူးစိုက်ကြည့်နေသည်။သတိထားမိတာ စောနက ကတည်းက ဖြစ်သည်။သူများတွေ တမျိုးထင်မည် ဆိုသောကြောင့် ဇင့် လက်ထဲမှ သူ့လက်ကို ဆွဲဖြုတ်ပေမယ့် ဇင် က လွှတ်မပေးဘဲ ခပ်တင်းတင်း ဆုပ်ကိုင်ထားလေသည်။ဇင် ဘာဖြစ်နေသလဲ ပတ်ဝန်းကျင်ကိုတောင် ဂရုမစိုက်တော့ပါလား။

"အကို....အကိုဧည့်သည်.."

ဆေးကောင်တာမှာ ဆေးယူနေတုန်း နောက်ဖက်မှ ခေါ်သံကြောင့် လှည့်ကြည့်လိုက်သည်။ဇင် လည်း လှည့်ကြည့်လေသည်။ ကြည့်လိုက်တော့ ကြွေရုပ်ကမ္ဘာ ဖြစ်နေသည်။သူ ပြုံးရယ်ပြကာ နှုတ်ဆက်သလို ကြွေရုပ်ကမ္ဘာ ကလည်း သူ့ကို အစွမ်းကုန်ပြုံးပြ နှုတ်ဆက်ပြီး ဇင့် ကိုလည်း စူးစမ်းကာ ကြည့်နေလေသည်။ပိုမို စူးစိုက်ကြည့်နေသည့် နေရာကတော့ သူတို့နှစ်ယောက် တွဲထားသည့် လက်ပင်ဖြစ်သည်။သူသိသောကြောင့် ထပ်မံ ရုန်းကြည့်ပြန်သည်။မရသည့်အပြင် ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ခဏလွှတ်ပေးဖို့ ဇင့် ကို တောင်းဆိုကြည့်ရန် ကြည့်လိုက်တော့ ကြွေရုပ်ကမ္ဘာ ကိုသာ စူးစိုက်ကာ ကြည့်နေလေသည်။

"အကို ဆေးခန်းလာပြတာလား။"

"ဟုတ်တယ်။"

"ဘာဖြစ်လို့လဲ အကို။"

"စက်ချုပ်ရင်း ကျွန်တော့်လက် အပ်စိုက်မိသွားလို့ပါ။"

သူတို့နှစ်ယောက် စကားပြောနေချိန် ဆေးရပြီ ပြောသောကြောင့် ဇင် သည် ဆေးကို လှမ်းယူသည်။ပုဆိုးခါးပုံစ ထဲမှာ ထည့်လာသော ပိုက်ဆံကို ထုတ်ကာ ပေးလေသည်။ပြန်အမ်းငွေ ပြန်သိမ်း၊ ဆေးထုပ်ယူပြီးသည်နှင့် ဇင်၏ မျက်လုံးသည် သူတို့ဆီ ပြန်ရောက်လာသည်။

"ဟယ်...ဟုတ်လား။ဖြစ်ရလေ။ဘယ်လောက်တောင် ထိသွားသလဲ ပြပါဦး။"

အခုမှ လက်မှ ပတ်တီးကို မြင်သွားဟန်ဖြင့် လက်ကို လှမ်းဆွဲ၍ ကိုင်ကြည့်မည် ပြုလေသည်။ဒါကို မြင်သွားသော ဇင် သည် အနာရှိနေသော လက်တဖက်ကိုပါ ထပ်မံဆွဲယူလိုက်လေသည်။ကြွေရုပ်ကမ္ဘာ၏ လက်ဟာ လမ်းမှာတင် တန့်သွားပြန်လေသည်။အံ့ဩသည့် အကြည့်တွေဟာ လမ်းခုလတ်မှာ ဆုံတွေ့ကုန်ကြလေသည်။ဘာစကားတခွန်းမှ မပြောဘဲ ကြွေရုပ်ကမ္ဘာ ကို ကြည့်နေသည့် ဇင့် အကြည့်ကတော့ စားမလို၊ဝါးမလို။ဇင် ဘာဖြစ်နေလဲ သူလည်း နားမလည်တော့ပါ။

"အရမ်းကြီးတော့ မဟုတ်ပါဘူး။နည်းနည်းပါးပါး ဖြစ်တာပါ။မေးခိုင်ကာကွယ်ဆေးလည်း ထိုးပြီးသွားပြီ။သက်သာသွားမှာပါ။ညီမကော ဆေးခန်းကို ဘာလာလုပ်တာလဲ။"

"မေမေ သောက်နေကျဆေး လာယူပေးတာပါ အကို။"

"ဪ..ဟုတ်ကဲ့။ဒါဆို ကျွန်တော် ပြန်တော့မယ်နော်။"

"ခဏ..ခဏ နေပါဦး အကို"

လှမ်းပြီးသား ခြေလှမ်းတွေကို ရပ်တန့်လိုက်ပေမယ့် သူ့လက်ကို ဆွဲထားပြီး ပြန်ဖို့သာ တာစူနေသည့် ဇင့် လက်တွေကြောင့် သူ့ခြေလှမ်းတွေ ယိုင်သွားသည်။ဇင့် လက်ကို ပြန်ဆွဲရင်း ခဏတာ ရပ်တန့်စေလိုက်ရသည်။အများအမြင်မှာတော့ အတော့်ကို ကိုယ့်ယိုးကားယား နိုင်နေမှာ အသေအချာပင်။

"အကို ချုပ်ပေးတဲ့ အင်္ကျီလေးကလေ ဝတ်ရတာ အရမ်းအဆင်ပြေတာပဲ။

ဇင့် ကတော့ သူ့ကို လက်ဆွဲထားရင်းမှ နောက်သို့ မျက်နှာလှည့်မကြည့်ဘဲ ကျောပေးလျက် ရပ်နေလေသည်။

"အဆင်ပြေတယ် ဆိုတာ သိရလို့ ကျေးဇူးတင်ပါတယ်။"

"ညီမ မှာ ပိတ်စ အသစ်တွေ ဝယ်ထားတာ အများကြီး ရှိသေးတယ်။မနက်ဖြန် လာအပ်လို့ ရမလား။"

"ရပါတယ်။လာခဲ့ပါ။"

"ဘာ..ရပါတယ်လဲ။ခင်ဗျားလက် ဒီလောက်ဖြစ်ထားတာ။လေး၊ငါးရက်လောက် နားရဦးမယ်။"

ဇင့် အော်သံကြောင့် နှစ်ယောက်စလုံး လန့်သွားလေသည်။

"ရပါတယ်။လက်က ဘာမှ မဖြစ်တာ။စက်ချုပ်လို့ ရပါတယ်။"

"မချုပ်ရပါဘူး။လေး၊ငါးရက် စက်ပေါ်မတက်ရဘူး။ဒီမှာ ...နောက်လေး၊ငါးရက် နေမှ အင်္ကျီချုပ်လက်ခံမယ်။လာ..သွားမယ်။"

သူ့လက်ကို ဆောင့်ဆွဲကာ ခေါ်သွားသောကြောင့် သူလည်း ပါသွားလေသည်။ကြွေရုပ်ကမ္ဘာ ကိုတောင် လှမ်းအော်ပြီးပဲ နှုတ်ဆက်လိုက် ရလေသည်။ဇင် ဆောင့်ဆွဲခေါ်ရာ နောက်ကို တကောက်ကောက် ပါသွားပြီး ဆေးခန်းနှင့် ခပ်လှမ်းလှမ်း အရောက်မှာ ဇင် သည် ခြေလှမ်းတွေကို ရပ်လိုက်ပြီး နောက်ပြန်လှည့်ကြည့်ကာ သူနှင့် မျက်နှာချင်းဆိုင် အနေအထားကို ပြောင်းလိုက်သည်။လမ်းမီးရောင်အောက်မှာ ဇင့် မျက်နှာတွေ၊ မျက်လုံးအကြည့်တွေက ခက်ထန်လိုက်တာ။ဖော်ရွေ၊ပျူဌာပြီး ရပ်ကွက်ထဲမှာ လိမ္မာယဉ်ကျေးသူ ဇင် တယောက် အဖြစ် ပျောက်ကွယ်လို့ နေပါတော့သည်။

သူလည်း ဇင့် မျက်ဝန်းအကြည့်တွေကို ရင်မဆိုင်ရဲဘဲ ခေါင်းငုံထားလိုက်ရသည်။ပုဆိုးကို ခပ်တိုတို ဝတ်ထားပြီး ခြေညှပ်ဖိနပ်စီးထားသူ၏ ခြေထောက်တွေကိုသာ သူ့အကြည့်တွေ ပို့ထားရပါသည်။

"ကောင်မလေး တယောက်ရဲ့ အကို လို့ ခေါ်တဲ့ အသံမှာ ခင်ဗျားက သာယာနေတာလား"

ဇင့်၏ ပြောသံကို ကြားတော့ ငုံနေသော ခေါင်းကို ပြန်မော့လာရပြီး ဇင့် ကို မျက်နှာချင်းဆိုင် ကြည့်လိုက်မိသည်။

"ဟို...မဟုတ်...."

ဇင့်မျက်ဝန်းနှင့် ရင်ဆိုင်ရစဉ် ကြောက်မက်ဖွယ်ကောင်းသော အကြည့်စူးစူးတွေနှင့် ထပ်မံ ရင်ဆိုင်ရလေသည်။ အံကိုတင်းတင်းကြိတ်ထားဟန် မေးရိုးတွေက ထောင်ကားနေသည်။ဇင် က ဘာကို မကျေနပ်တာလဲ။သူ ဘာများ အပြစ်လုပ်မိလို့လဲ။မိန်းကလေး တယောက်က သူ့ထက် ကြီးသော ယောက်ျားလေး တယောက်ကို အကို လို့ ခေါ်ဝေါ်တာ ပုံမှန်ပဲ မဟုတ်လား။သူ့စကားတောင် မဆုံးလိုက်သေး ဇင် သည် သူ့လက်ကို ဖြုတ်ချလို့ အနားမှ လှည့်ထွက်သွားပါတော့သည်။ဇင် ဘာတွေများ ဖြစ်နေသလဲ။

**************

Update လေး ကြာသွားတဲ့အတွက် ခွင့်လွှတ်ပါ။ခဏခဏ ခွင့်လွှတ်ခိုင်းလို့လည်း မျက်နှာလည်း ပူလှပါပြီ။စောင့်ဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။မျှော်နေသူ အားလုံးကိုလည်း အားနာမိပါတယ်ရှင်။လိုအင်ဆန္ဒပြည့်ဝကြပါစေ။

Продовжити читання

Вам також сподобається

908K 60.7K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် (22.11.2020)
487K 41.1K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
601K 74.7K 106
This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引
320K 15.6K 85
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...