system 091

By TeeKo0

1.1M 122K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(3.2)

8.4K 839 51
By TeeKo0

Unicode

ရှောင်ကျန့်၎င်းဝံပုလွေသေးသေးလေးအားမြို့စားအိမ်တော်သို့ခေါ်ဆောင်လာသည်။

လေထုထဲတွင်အလွန်ရှည်လျားလှပသည့်ငွေပြာရောင်ဆံနွယ်ရှည်များမှာလွင့်မြောနေပြီးရှည်လျားသွယ်လျသည့်ခြေတံရှည်လေးတွေဟာမြင့်မြတ်သည့်အရှိန်အဝါတွေနဲ့အတူအိမ်တော်အတွင်းသို့ပေါ့ပါးစွာလျှောက်လှမ်းလာသည်။

အစေခံအုပ်စုဟာ၎င်းသွယ်လျလှပသည့်ပုံရိပ်လေး၏လက်ထဲတွင်အမဲလုံးလေးတစ်ခုအားကိုင်ဆောင်လာကြောင်းသတိထားမိကြသည်။ထိုအမဲလုံးလေးသည်သူ့သခင်အားဝင်လာကတည်းကငမ်းကြောထနေသည့်အစေခံတစ်သိုက်ကိုသတ်ဖြတ်ချင်သည့်မျက်ဝန်းများဖြင့်စိုက်ကြည့်လိုက်သည်။

ထို့နောက်ရှောင်ကျန့်အားသူပိုင်ဆိုင်ကြောင်းပြဖို့ရန်အတွက်ရင်ကိုမတ်၊ခေါင်းကိုမော့လိုက်သည်။

"meow...."

အနှီးဝံပုလွေလေး၏ကြောင်လိုအော်သံကြောင့်ရှောင်ကျန့်၏မျက်နှာမှာမဲ့ရွဲ့သွားသည်။

ဒီကြောင်အော်သံနဲ့ဝံပုလွေပိစိလေးကကြီးမြတ်တဲ့ဧကရာဇ်မျိုးနွယ်ရဲ့ဘုရင်ဆိုတာဘယ်လိုလူကများယုံကြလဲဟင်.....ငါ့ကိုပြောပြကြစမ်းပါ.....

ရှောင်ကျန့်ကဝံပုလွေလေးကိုသူ့ရင်ခွင်အတွင်းကနေပွေ့ချီထားရင်းသူ့အခန်းထဲသို့ဦးတည်လိုက်သည်။ဖေးလစ်ရဲ့အခန်းဟာလွန်စွာကျယ်ဝန်းလွန်းသည်။ရှောင်ကျန့်ဟာအခန်းထဲသို့ဝင်ဝင်ချင်းပဲဝံပုလွေလေးကိုနူးညံ့သည့်သားမွှေးတွေခင်းထားသည့်ကြမ်းပြင်ပေါ်သို့ချပေးလိုက်သည်။

ရှောင်ကျန့်ကအဝတ်အစားလဲရင်းရေချိုးဖို့ရန်စဥ်းစားလိုက်မိခြင်းကြောင့်ဝံပုလွေလေးကိုကြမ်းပြင်ထက်သို့ချပေးလိုက်ခြင်းဖြစ်သည်။သို့သော်၎င်းဝံပုလွေနက်လေးကရှောင်ကျန့်ရဲ့ဘောင်းဘီအစနားလေးကိုအတင်းကိုက်ဆွဲရင်းသူ့ကိုပါခေါ်သွားဖို့ရန်မျက်နှာငယ်လေးဖြင့်ကြည့်သည်။

ရှောင်ကျန့်ကသက်ပြင်းသာချလိုက်ရင်း၎င်းမျက်နှာငယ်လေးဖြင့်ဝံပုလွေသေးသေးလေးကိုထပ်မံကောက်ချီလိုက်ကာကြီးမားသည့်ကုတင်ကြီးပေါ်သို့တင်ပေးလိုက်သည်။

"မင်းကိုအရင်ဆုံးရေချိုးပေးမှရမယ်ထင်တယ်"

ဝံပုလွေလေး : "....."

ထို့နောက်ရှောင်ကျန့်ဟာဝံပုလွေသေးသေးလေးကိုကြွက်စုတ်ပုံစံဖြစ်သွားသည်အထိသေချာတိုက်ချွတ်ဆေးကြောပေးလိုက်သည်။ဝံပုလွေလေး၏နူးညံ့နက်မှောင်သောအမွှေးများကိုနူးညံ့သောတဘတ်ဖြင့်သုတ်ပေးသည်။ဝံပုလွေလေးဟာတော့ရှောင်ကျန့်လုပ်ပေးသမျှကိုလိမ္မာစွာဖြင့်ပင်ငြိမ်ခံနေရင်းသူ့ရဲ့အနက်ရောင်ခေါင်းလုံးလုံးလေးကိုတောင်ပင့်ပေးထားသေးသည်။

တစ်ကိုယ်လုံးကိုသုတ်ပေးပြီးသည်နှင့်ဝံပုလေနက်လေး၏နူးညံ့သောအမွှေးလေးတွေမှာဖွာဖွာလေးဖြစ်ကုန်တာကြောင့်မသိရင်အနက်ရောင်အလုံးလေးနဲ့တောင်တူနေသေး၏။

ရှောင်ကျန့်ကမနေနိုင်စွာပင်၎င်းအနက်ရောင်အလုံးလေးအားတစ်ချက်လောက်ဖြစ်ညှစ်လိုက်မိသည်။

အရမ်းချစ်စရာကောင်းတာပဲ.....

"ဒီအပေါ်မှာပဲနေနော်.....ငါရေချိုးလိုက်ဦးမယ်....လျှောက်ပြေးမနေနဲ့ဦး....ဟုတ်ပြီလား"

ရှောင်ကျန့်က၎င်းအနက်ရောင်အလုံးလေးကိုသေချာမှာကြားလိုက်ရင်းသူ့ရဲ့တော်ဝင်ဝတ်စုံအားချွတ်လိုက်သည်။

ဝံပုလွေလေးဟာသူ့ရဲ့လက်သေးသေးလေးနဲ့သူ့မျက်လုံးလေးတွေကိုချက်ချင်းအုပ်လိုက်သည်။သို့သော်ချက်ချင်းသူ့ရဲ့လက်လေးကိုအနည်းငယ်ဖယ်လိုက်ရင်းရှောင်ကျန့်၏သွယ်လျလှပပြီးတုနှိုင်းမဲ့တဲ့ခန္ဓာကိုယ်လေးကိုခိုးကြည့်ပြန်သည်။

ဝံပုလွေသေးသေးလေး၏မျက်ဝန်းနက်လေးတစ်စုံတွင်ပူလောင်ပြင်းပြသည့်ဆန္ဒတစ်ချို့ပေါ်ပေါက်လာသည်။ကံဆိုးစွာဖြင့်ရှောင်ကျန့်မှာအပေါ်ဝတ်စုံလောက်သာချွတ်လိုက်တာကြောင့်ဝံပုလွေလေး၏မျက်ဝန်းထဲတွင်စိတ်ပျက်မှုတစ်ချို့ထင်ဟပ်သွားသည်။

ရှောင်ကျန့်ဟာရေချိုးဆောင်အတွင်းသို့ဝင်ရောက်သွားသည်။ရေချိုးဆောင်ထဲတွင်အတော်လေးကြီးမားသည့်ရေပူဆမ်းကဲ့သို့ခပ်ကြီးကြီးကန်ကြီးတစ်ခုရှိသည်။သူလက်ကျန်ဘောင်းဘီရှည်ကိုချွတ်ချလိုက်ရင်းရေချိုးကန်ထဲသို့အေးဆေးစွာဝင်သွားသည်။ရှောင်ကျန့်ကသူ့မျက်နှာရှိမြေခွေးမျက်နှာဖုံးကိုပါချွတ်လိုက်သည်။

'အုန်းသီး....'

[စိတ်ချပါhostရဲ့.....
ရုပ်ပိုင်းဆိုင်ရာမြှင့်တင်ခြင်း
စတင်ပါပြီ....3..2..1..0...
ရုပ်ပိုင်းဆိုင်ရာမြှင့်တင်
ပြီးဆုံး...]

အုန်းသီး၏စကားအဆုံး၌ရှောင်ကျန့်၏ခန္ဓာကိုယ်မှာငှက်မွှေးလေးကဲ့သို့ပေါ့ပါးလာကြောင်းသတိထားမိသွားသည်။တစ်ကိုယ်လုံးကပေါ့ပါးသွက်လက်လာပြီးသူ့ရဲ့အသားအရည်မှာနဂိုထက်ဖြူဖွေးနူးညံ့လာပြီးလက်ဖဝါး၌ရှိသောအသားမာတွေမှာလဲလုံးဝပျောက်ကွယ်သွားသည်။ခန္ဓာကိုယ်မှာအရင်ထက်သွယ်လျလှပလာပြီးအထူးသဖြင့်သူ့မျက်နှာမှာပို၍ပင်နူးညံ့လာကြောင်းခံစားမိသည်။၎င်းကသူ့ကိုပိုမိုသွက်လက်လျှင်မြန်စေလာပြီးသူ့ရဲ့ခန္ဓာကိုယ်မှာအတော်လေးသန်မာလာသည်။

ရှောင်ကျန့်ကိုယ်လက်သန့်စင်ပြီးသည်နှင့်မတ်တပ်ထရပ်လိုက်သည်။ရေငွေ့တွေကြားထဲမှသူ့ရဲ့ခန္ဓာကိုယ်လေးမှာအလွန်သွယ်လျလှပနေပြီးမြင်သူတစ်ကာကိုနှာခေါင်းသွေးလျှံစေနိုင်သည်။

သူအဖြူရောင်တဘတ်တစ်ထည်ဖြင့်သူ့ရဲ့လှပတဲ့အောက်ပိုင်းကောက်ကြောင်းတွေကိုဖုံးကွယ်လိုက်သည်။ရေချိုးဆောင်ထဲရှိလူတစ်ရပ်စာမှန်ကြီးအားရှောင်ကျန့်တစ်ချက်မျှလှမ်းကြည့်လိုက်သည်။ထို့နောက်သူ့ရဲ့ခန္ဓာကိုယ်မှာအနည်းငယ်တောင့်တင်းသွားပြီးသူ့မျက်နှာလေးကိုကိုင်လိုက်မိသည်။

၎င်းမှန်ထဲတွင်ရှည်လျားသွယ်လျသည့်ခြေတံရှည်တွေပိုင်ဆိုင်သည့်တုနှိုင်းမဲ့စွာလှပသောလူတစ်ယောက်မတ်တပ်ရပ်နေကြောင်းမြင်နေရသည်။သူ့တွင်ရေစိုနေသည့်ရှည်လျားနူးညံ့သောငွေပြာရောင်ဆံနွယ်ရှည်တွေရှိသည်။သူ့ရဲ့မျက်နှာလေးမှာပုံမှန်ယောက်ျားလေးတစ်ယောက်၏မျက်နှာထက်အနည်းငယ်သေးငယ်ပြီးမက်မွန်ပွင့်သဏ္ဍာန်အပြာရောင်မျက်လုံးလေးမှာအရာအားလုံးကိုရူးသွပ်သွားစေနိုင်သည်။

စိုရဲရဲလေးဖြစ်နေသည့်လှပသောနှုတ်ခမ်းသားလေးနှင့်သွယ်လျသောနှာတံစင်းစင်းလေးဟာကိုက်ချင်စဖွယ်ကောင်းလွန်းနေသည်။မျက်နှာလိုင်းလေးမှာပုံစံလွန်စွာကျလွန်းပြီးဘယ်ရှု့ထောင့်ကနေပဲကြည့်ကြည့်ယောက်ျားမိန်းမ,မရွေးအရူးအမူးဆွဲဆောင်နိုင်လွန်းသည်။

မူလပိုင်ရှင်မျက်နှာဖုံးအမြဲတမ်းဝတ်ဆင်ထားသည်မှာလဲမမှားပေ။ဤသည်ကသေချာပေါက်လူတိုင်းကသူ့ကိုလုရင်းစစ်ပင်ဖြစ်နိုင်သည်လေ။လှပလွန်းသည့်'လက်စ်ဇိုင်းယား'မျိုးနွယ်ဝင်များသည်ပင်မူလခန္ဓာကိုယ်ပိုင်ရှင်ကိုလှပမှုအရာတွင်မနှိုင်းယှဥ်နိုင်ပေ။၎င်းလှပမှုကလုံးဝမိန်းကလေးမဆန်ပဲပြင်းထန်သည့်ညှို့ငင်မှုအားတစ်ခုလည်းပိုင်ဆိုင်ထားသေးသည်။

ရှောင်ကျန့်ကသူ့ရဲ့ဆံနွယ်ရှည်တွေအားသပ်တင်လိုက်ရင်းကျေနပ်စွာပြုံးလိုက်သည်။လူတိုင်းက၎င်းအပြုံးလေးတစ်ပွင့်ရဖို့အတွက်ပင်ဘာမဆိုလုပ်ပေးနိုင်သည်အထိဤသည်ကလှပတောက်ပလွန်းနေသည်။

[host.....ကျွန်တော်သတင်းထူးတစ်ခုပေးစရာရှိတယ်....]

'ပြောလေ'

[မနက်ဖြန်ဈေးထဲကတိုက်ပွဲကွင်းထဲကိုဇာတ်လိုက်မကဇာတ်လိုက်တွေထဲကတစ်ယောက်အကူအညီနဲ့သွားလိမ့်မယ်......သူမကအဲ့ဒီတိုက်ပွဲကွင်းထဲမှာဝင်ပြိုင်မှာhostရဲ့.....ဒီအခွင့်အရေးကိုလက်လွှတ်မခံသင့်ဘူးနော်host....တိုက်ပွဲကွင်းထဲမှာဇာတ်လိုက်မကိုစိန်ခေါ်ပြီးသူမရဲ့သွေးကိုရယူလိုက်ပါ.....]

ရှောင်ကျန့်တွေးတောလိုက်သည်။တိုက်ပွဲကွင်းဆိုတာမှော်ဆရာတွေနဲ့သူရဲကောင်းတွေအချင်းချင်းတိုက်ခိုက်ရင်းအတော်ဆုံးသူကိုရွေးချယ်သည့်ပွဲသာဖြစ်သည်။သူရဲကောင်းတွေကအနီးကပ်တိုက်ခိုက်ရာမှာတော်သလို၊မှော်ဆရာတွေကအဝေးကနေတိုက်ခိုက်ရာတွင်တော်သည်။မူလဇာတ်ကြောင်းအရဆိုရင်ဇာတ်လိုက်မကသူမကိုသူမယောက်ျားလေးမှော်ဆရာကဲ့သို့ရုပ်ဖျက်ရင်း၎င်းတိုက်ပွဲကွင်း၌သူမတူသည့်အလင်းစွမ်းအင်ဖြင့်ပထမဆုကိုထိုက်ထိုက်တန်တန်ရယူခဲ့သည်။

ဤသည်ကအမျိုးသားဇာတ်လိုက်တွေကိုကြွေကျသွားစေသည့်အခန်းတစ်ခုဖြစ်သည်။အကယ်၍ရှောင်ကျန့်သာဝင်ရောက်တိုက်ခိုက်ခဲ့ပါကဇာတ်လိုက်မအနေနဲ့အနိုင်ရဖို့ရန်မသေချာတော့ပေ။ဘာကြောင့်လဲဆိုတော့ဇာတ်လိုက်မတွင်ဇာတ်လိုက်အရှိန်အဝါရှိသလို၊ရှောင်ကျန့်တွင်လည်းဗီလိန်အရှိန်အဝါရှိသည်။

ဇာတ်လမ်းတစ်ခုတွင်ဗီလိန်ဆိုသည်မှာအရေးကြီးဇာတ်ကောင်တစ်ခုဖြစ်ပြီးဇာတ်လိုက်တွေနဲ့နှိုင်းယှဥ်နိုင်သည့်တစ်ခုတည်းသောဇာတ်ကောင်ဖြစ်သည်။တစ်ချို့ဗီလိန်တွေဆိုဇာတ်လိုက်တွေထက်အစစအရာရာပိုမိုသာလွန်ထက်မြက်သေးသည်။ထိုသို့သောဗီလိန်တွေထဲတွင်ဖေးလစ်ကလည်းအပါအဝင်ဖြစ်သည်။

တိုက်ပွဲတစ်ခုဖြစ်လျှင်ဒဏ်ရာရမည်ကပုံမှန်သာဖြစ်သည်။ထို့အတွက်ဇာတ်လိုက်မရဲ့သွေးကိုရယူဖို့ကအလွယ်ကူဆုံးသောအချိန်ဖြစ်သည်။

'ဒါပေမယ့်ငါ့ရဲ့ဆံပင်နဲ့ရုပ်ရည်ကအရမ်းထင်းလွန်းအားကြီးတယ်....တကယ်လို့အစ်ကိုဖြစ်သူကညီမဖြစ်သူကိုမညှာမတာတိုက်ခိုက်တယ်လို့သတင်းထွက်သွားရင်ငါ့ကိုလူတွေရွံ့မုန်းကုန်လိမ့်မယ်.....ငါ့ရဲ့သတင်းဆိုးတွေကဖျက်မရတဲ့အမည်းစက်ကြီးလိုဖြစ်သွားမှာသေချာတယ်'

[ဟ...ဟ...hostပိုင်ဆိုင်တဲ့pointsတွေကိုအလကားထားထားတယ်လို့ထင်နေတာလားhostရဲ့....]

'ဘာကိုဆိုလိုတာလဲ'

[hostပိုင်ဆိုင်တဲ့pointsတွေနဲ့hostလိုချင်တဲ့အရာမှန်သမျှဝယ်ယူလိုရတယ်.....hostသာလုံလောက်တဲ့pointsပမာဏကိုပေးရင်အသွင်ပြောင်းဟန်းချိန်းဝယ်လို့ရပြီ"

'.....'မင်းအစတည်းကပြောရင်သေသွားမှာမို့လို့လား......ဟမ်....

[host....ဝယ်ယူပါမည်လား...]

'ကောင်းပြီလေ....မင်းပြောတဲ့အသွင်ပြောင်းဟန်းချိန်းဆိုတာတစ်ခုဝယ်မယ်....'

[ဒင်......ဝယ်ယူအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်host....ကျသင့်သည့်points 1000....
လက်ရှိလက်ကျန်points2500....အခုအသုံးပြုမှာလားhost]

'ဟင့်အင်း.....မနက်ဖြန်မှသုံးမယ်...'

ရှောင်ကျန့်ကတတ်ကြွစွာဖြင့်သူ့ကိုယ်ပိုင်အခန်းကျယ်ကြီးအတွင်းသို့ဝင်ရောက်လိုက်သည်။ကုတင်ပေါ်တွင်လူးလိမ့်နေသည့်ဝံပုလွေသေးသေးလေးသည်ရှောင်ကျန့်ကိုမြင်သည်နှင့်တစ်ချက်မှတောင့်တင်းသွားပြီးရှောင်ကျန့်၏မထင်မှတ်ထားစွာလှပလွန်းသည့်မျက်နှာလေးကိုအငမ်းမရလောဘတကြီးစိုက်ကြည့်နေသည်။ထို့နောက်ကုတင်ပေါ်မှလှမ်းခုန်လိုက်ရင်းမတ်တပ်ရပ်နေသည့်ရှောင်ကျန့်၏ရင်ခွင်ထဲသို့ခုန်ဝင်လိုက်သည်။

ရှောင်ကျန့်ကပုံမှန်မဟုတ်စွာတတ်ကြွနေသည့်ဝံပုလွေလေးအားသေချာထိန်းကိုင်လိုက်သည်။

ဝံပုလွေနက်လေးကရှောင်ကျန့်၏ရေသီးလေးတွေတွဲကျနေသည့်ရင်ဘတ်တစ်လျှောက်အားပွတ်သပ်လိုက်ရင်းရှောင်ကျန့်၏ပုခုံးလေးထက်သို့ခုန်တတ်ပြစ်လိုက်ပြန်သည်။အဲ့ဒီနောက်ရှောင်ကျန့်၏သွယ်လျသည့်လည်တိုင်လေးကိုတစ်ချက်လျက်လိုက်ရင်းပျောက်ကွယ်သွားပြီဖြစ်သည့်ရွှေရောင်အမှတ်အသားအားခဏမျှပြန်ပေါ်စေလိုက်သည်။ရှောင်ကျန့်ကယားသည်ဟုဆိုကာအတင်းရုန်းသည့်အခါမှအကြိမ်ကြိမ်အခါခါလျက်နေသည့်နူးညံ့သောလည်တိုင်လေးအားလွှတ်ပေးလိုက်သည်။

________________________________________________________________

Zawgyi

ေရွာင္က်န့္၎ဝံပုေလြေသးေသးေလးအားၿမိဳ႕စားအိမ္ေတာ္သို႔ေခၚေဆာင္လာသည္။

ေလထုထဲတြင္အလြန္ရွည္လ်ားလွပသည့္ေငြျပာေရာင္ဆံႏြယ္ရွည္မ်ားမွာလြင့္ေျမာေနၿပီးရွည္လ်ားသြယ္လ်သည့္ေျခတံရွည္ေလးေတြဟာျမင့္ျမတ္သည့္အရွိန္အဝါေတြနဲ႕အတူအိမ္ေတာ္အတြင္းသို႔ေပါ့ပါးစြာေလွ်ာက္လွမ္းလာသည္။

အေစခံအုပ္စုဟာ၎သြယ္လ်လွပသည့္ပုံရိပ္ေလး၏လက္ထဲတြင္အမဲလုံးေလးတစ္ခုအားကိုင္ေဆာင္လာေၾကာင္းသတိထားမိၾကသည္။ထိုအမဲလုံးေလးသည္သူ႕သခင္အားဝင္လာကတည္းကငမ္းေၾကာထေနသည့္အေစခံတစ္သိုက္ကိုသတ္ျဖတ္ခ်င္သည့္မ်က္ဝန္းမ်ားျဖင့္စိုက္ၾကည့္လိုက္သည္။

ထို႔ေနာက္ေရွာင္က်န့္အားသူပိုင္ဆိုင္ေၾကာင္းျပဖို႔ရန္အတြက္ရင္ကိုမတ္၊ေခါင္းကိုေမာ့လိုက္သည္။

"meow...."

အႏွီးဝံပုေလြေလး၏ေၾကာင္လိုေအာ္သံေၾကာင့္ေရွာင္က်န့္၏မ်က္ႏွာမွာမဲ့႐ြဲ႕သြားသည္။

ဒီေၾကာင္ေအာ္သံနဲ႕ဝံပုေလြပိစိေလးကႀကီးျမတ္တဲ့ဧကရာဇ္မ်ိဳးႏြယ္ရဲ႕ဘုရင္ဆိုတာဘယ္လိုလူကမ်ားယုံၾကလဲဟင္.....ငါ့ကိုေျပာျပၾကစမ္းပါ.....

ေရွာင္က်န့္ကဝံပုေလြေလးကိုသူ႕ရင္ခြင္အတြင္းကေနေပြ႕ခ်ီထားရင္းသူ႕အခန္းထဲသို႔ဦးတည္လိုက္သည္။ေဖးလစ္ရဲ႕အခန္းဟာလြန္စြာက်ယ္ဝန္းလြန္းသည္။ေရွာင္က်န့္ဟာအခန္းထဲသို႔ဝင္ဝင္ခ်င္းပဲဝံပုေလြေလးကိုႏူးညံ့သည့္သားေမႊးေတြခင္းထားသည့္ၾကမ္းျပင္ေပၚသို႔ခ်ေပးလိုက္သည္။

ေရွာင္က်န့္ကအဝတ္အစားလဲရင္းေရခ်ိဳးဖို႔ရန္စဥ္းစားလိုက္မိျခင္းေၾကာင့္ဝံပုေလြေလးကိုၾကမ္းျပင္ထက္သို႔ခ်ေပးလိုက္ျခင္းျဖစ္သည္။သို႔ေသာ္၎ဝံပုေလြနက္ေလးကေရွာင္က်န့္ရဲ႕ေဘာင္းဘီအစနားေလးကိုအတင္းကိုက္ဆြဲရင္းသူ႕ကိုပါေခၚသြားဖို႔ရန္မ်က္ႏွာငယ္ေလးျဖင့္ၾကည့္သည္။

ေရွာင္က်န့္ကသက္ျပင္းသာခ်လိဳက္ရင္း၎မ်က္ႏွာငယ္ေလးျဖင့္ဝံပုေလြေသးေသးေလးကိုထပ္မံေကာက္ခ်ီလိုက္ကာႀကီးမားသည့္ကုတင္ႀကီးေပၚသို႔တင္ေပးလိုက္သည္။

"မင္းကိုအရင္ဆုံးေရခ်ိဳးေပးမွရမယ္ထင္တယ္"

ဝံပုေလြေလး : "....."

ထို႔ေနာက္ေရွာင္က်န့္ဟာဝံပုေလြေသးေသးေလးကိုႂကြက္စုတ္ပုံစံျဖစ္သြားသည္အထိေသခ်ာတိုက္ခြၽတ္ေဆးေၾကာေပးလိုက္သည္။ဝံပုေလြေလး၏ႏူးညံ့နက္ေမွာင္ေသာအေမႊးမ်ားကိုႏူးညံ့ေသာတဘတ္ျဖင့္သုတ္ေပးသည္။ဝံပုေလြေလးဟာေတာ့ေရွာင္က်န့္လုပ္ေပးသမွ်ကိုလိမၼာစြာျဖင့္ပင္ၿငိမ္ခံေနရင္းသူ႕ရဲ႕အနက္ေရာင္ေခါင္းလုံးလုံးေလးကိုေတာင္ပင့္ေပးထားေသးသည္။

တစ္ကိုယ္လုံးကိုသုတ္ေပးၿပီးသည္ႏွင့္ဝံပုေလနက္ေလး၏ႏူးညံ့ေသာအေမႊးေလးေတြမွာဖြာဖြာေလးျဖစ္ကုန္တာေၾကာင့္မသိရင္အနက္ေရာင္အလုံးေလးနဲ႕ေတာင္တူေနေသး၏။

ေရွာင္က်န့္ကမေနနိုင္စြာပင္၎အနက္ေရာင္အလုံးေလးအားတစ္ခ်က္ေလာက္ျဖစ္ညွစ္လိုက္မိသည္။

အရမ္းခ်စ္စရာေကာင္းတာပဲ.....

"ဒီအေပၚမွာပဲေနေနာ္.....ငါေရခ်ိဳးလိုက္ဦးမယ္....ေလွ်ာက္ေျပးမေနနဲ႕ဦး....ဟုတ္ၿပီလား"

ေရွာင္က်န့္က၎အနက္ေရာင္အလုံးေလးကိုေသခ်ာမွာၾကားလိုက္ရင္းသူ႕ရဲ႕ေတာ္ဝင္ဝတ္စုံအားခြၽတ္လိုက္သည္။

ဝံပုေလြေလးဟာသူ႕ရဲ႕လက္ေသးေသးေလးနဲ႕သူ႕မ်က္လုံးေလးေတြကိုခ်က္ခ်င္းအုပ္လိုက္သည္။သို႔ေသာ္ခ်က္ခ်င္းသူ႕ရဲ႕လက္ေလးကိုအနည္းငယ္ဖယ္လိုက္ရင္းေရွာင္က်န့္၏သြယ္လ်လွပၿပီးတုႏွိုင္းမဲ့တဲ့ခႏၶာကိုယ္ေလးကိုခိုးၾကည့္ျပန္သည္။

ဝံပုေလြေသးေသးေလး၏မ်က္ဝန္းနက္ေလးတစ္စုံတြင္ပူေလာင္ျပင္းျပသည့္ဆႏၵတစ္ခ်ိဳ႕ေပၚေပါက္လာသည္။ကံဆိုးစြာျဖင့္ေရွာင္က်န့္မွာအေပၚဝတ္စုံေလာက္သာခြၽတ္လိုက္တာေၾကာင့္ဝံပုေလြေလး၏မ်က္ဝန္းထဲတြင္စိတ္ပ်က္မႈတစ္ခ်ိဳ႕ထင္ဟပ္သြားသည္။

ေရွာင္က်န့္ဟာေရခ်ိဳးေဆာင္အတြင္းသို႔ဝင္ေရာက္သြားသည္။ေရခ်ိဳးေဆာင္ထဲတြင္အေတာ္ေလးႀကီးမားသည့္ေရပူဆမ္းကဲ့သို႔ခပ္ႀကီးႀကီးကန္ႀကီးတစ္ခုရွိသည္။သူလက္က်န္ေဘာင္းဘီရွည္ကိုခြၽတ္ခ်လိဳက္ရင္းေရခ်ိဳးကန္ထဲသို႔ေအးေဆးစြာဝင္သြားသည္။ေရွာင္က်န့္ကသူ႕မ်က္ႏွာရွိေျမေခြးမ်က္ႏွာဖုံးကိုပါခြၽတ္လိုက္သည္။

'အုန္းသီး....'

[စိတ္ခ်ပါhostရဲ႕.....
႐ုပ္ပိုင္းဆိုင္ရာျမႇင့္တင္ျခင္း
စတင္ပါၿပီ....3..2..1..0...
႐ုပ္ပိုင္းဆိုင္ရာျမႇင့္တင္
ၿပီးဆုံး...]

အုန္းသီး၏စကားအဆုံး၌ေရွာင္က်န့္၏ခႏၶာကိုယ္မွာငွက္ေမႊးေလးကဲ့သို႔ေပါ့ပါးလာေၾကာင္းသတိထားမိသြားသည္။တစ္ကိုယ္လုံးကေပါ့ပါးသြက္လက္လာၿပီးသူ႕ရဲ႕အသားအရည္မွာနဂိုထက္ျဖဴေဖြးႏူးညံ့လာၿပီးလက္ဖဝါး၌ရွိေသာအသားမာေတြမွာလဲလုံးဝေပ်ာက္ကြယ္သြားသည္။ခႏၶာကိုယ္မွာအရင္ထက္သြယ္လ်လွပလာၿပီးအထူးသျဖင့္သူ႕မ်က္ႏွာမွာပို၍ပင္ႏူးညံ့လာေၾကာင္းခံစားမိသည္။၎ကသူ႕ကိုပိုမိုသြက္လက္လွ်င္ျမန္ေစလာၿပီးသူ႕ရဲ႕ခႏၶာကိုယ္မွာအေတာ္ေလးသန္မာလာသည္။

ေရွာင္က်န့္ကိုယ္လက္သန့္စင္ၿပီးသည္ႏွင့္မတ္တပ္ထရပ္လိုက္သည္။ေရေငြ႕ေတြၾကားထဲမွသူ႕ရဲ႕ခႏၶာကိုယ္ေလးမွာအလြန္သြယ္လ်လွပေနၿပီးျမင္သူတစ္ကာကိုႏွာေခါင္းေသြးလွ်ံေစနိုင္သည္။

သူအျဖဴေရာင္တဘတ္တစ္ထည္ျဖင့္သူ႕ရဲ႕လွပတဲ့ေအာက္ပိုင္းေကာက္ေၾကာင္းေတြကိုဖုံးကြယ္လိုက္သည္။ေရခ်ိဳးေဆာင္ထဲရွိလူတစ္ရပ္စာမွန္ႀကီးအားေရွာင္က်န့္တစ္ခ်က္မွ်လွမ္းၾကည့္လိုက္သည္။ထို႔ေနာက္သူ႕ရဲ႕ခႏၶာကိုယ္မွာအနည္းငယ္ေတာင့္တင္းသြားၿပီးသူ႕မ်က္ႏွာေလးကိုကိုင္လိုက္မိသည္။

၎မွန္ထဲတြင္ရွည္လ်ားသြယ္လ်သည့္ေျခတံရွည္ေတြပိုင္ဆိုင္သည့္တုႏွိုင္းမဲ့စြာလွပေသာလူတစ္ေယာက္မတ္တပ္ရပ္ေနေၾကာင္းျမင္ေနရသည္။သူ႕တြင္ေရစိုေနသည့္ရွည္လ်ားႏူးညံ့ေသာေငြျပာေရာင္ဆံႏြယ္ရွည္ေတြရွိသည္။သူ႕ရဲ႕မ်က္ႏွာေလးမွာပုံမွန္ေယာက္်ားေလးတစ္ေယာက္၏မ်က္ႏွာထက္အနည္းငယ္ေသးငယ္ၿပီးမက္မြန္ပြင့္သ႑ာန္အျပာေရာင္မ်က္လုံးေလးမွာအရာအားလုံးကို႐ူးသြပ္သြားေစနိုင္သည္။

စိုရဲရဲေလးျဖစ္ေနသည့္လွပေသာႏႈတ္ခမ္းသားေလးႏွင့္သြယ္လ်ေသာႏွာတံစင္းစင္းေလးဟာကိုက္ခ်င္စဖြယ္ေကာင္းလြန္းေနသည္။မ်က္ႏွာလိုင္းေလးမွာပုံစံလြန္စြာက်လြန္းၿပီးဘယ္ရႈ႕ေထာင့္ကေနပဲၾကည့္ၾကည့္ေယာက္်ားမိန္းမ,မေ႐ြးအ႐ူးအမူးဆြဲေဆာင္နိုင္လြန္းသည္။

မူလပိုင္ရွင္မ်က္ႏွာဖုံးအၿမဲတမ္းဝတ္ဆင္ထားသည္မွာလဲမမွားေပ။ဤသည္ကေသခ်ာေပါက္လူတိုင္းကသူ႕ကိုလုရင္းစစ္ပင္ျဖစ္နိုင္သည္ေလ။လွပလြန္းသည့္'လက္စ္ဇိုင္းယား'မ်ိဳးႏြယ္ဝင္မ်ားသည္ပင္မူလခႏၶာကိုယ္ပိုင္ရွင္ကိုလွပမႈအရာတြင္မႏွိုင္းယွဥ္နိုင္ေပ။၎လွပမႈကလုံးဝမိန္းကေလးမဆန္ပဲျပင္းထန္သည့္ညွို႔ငင္မႈအားတစ္ခုလည္းပိုင္ဆိုင္ထားေသးသည္။

ေရွာင္က်န့္ကသူ႕ရဲ႕ဆံႏြယ္ရွည္ေတြအားသပ္တင္လိုက္ရင္းေက်နပ္စြာၿပဳံးလိုက္သည္။လူတိုင္းက၎အၿပဳံးေလးတစ္ပြင့္ရဖို႔အတြက္ပင္ဘာမဆိုလုပ္ေပးနိုင္သည္အထိဤသည္ကလွပေတာက္ပလြန္းေနသည္။

[host.....ကြၽန္ေတာ္သတင္းထူးတစ္ခုေပးစရာရွိတယ္....]

'ေျပာေလ'

[မနက္ျဖန္ေဈးထဲကတိုက္ပြဲကြင္းထဲကိုဇာတ္လိုက္မကဇာတ္လိုက္ေတြထဲကတစ္ေယာက္အကူအညီနဲ႕သြားလိမ့္မယ္......သူမကအဲ့ဒီတိုက္ပြဲကြင္းထဲမွာဝင္ၿပိဳင္မွာhostရဲ႕.....ဒီအခြင့္အေရးကိုလက္လႊတ္မခံသင့္ဘူးေနာ္host....တိုက္ပြဲကြင္းထဲမွာဇာတ္လိုက္မကိုစိန္ေခၚၿပီးသူမရဲ႕ေသြးကိုရယူလိုက္ပါ.....]

ေရွာင္က်န့္ေတြးေတာလိုက္သည္။တိုက္ပြဲကြင္းဆိုတာေမွာ္ဆရာေတြနဲ႕သူရဲေကာင္းေတြအခ်င္းခ်င္းတိုက္ခိုက္ရင္းအေတာ္ဆုံးသူကိုေ႐ြးခ်ယ္သည့္ပြဲသာျဖစ္သည္။သူရဲေကာင္းေတြကအနီးကပ္တိုက္ခိုက္ရာမွာေတာ္သလို၊ေမွာ္ဆရာေတြကအေဝးကေနတိုက္ခိုက္ရာတြင္ေတာ္သည္။မူလဇာတ္ေၾကာင္းအရဆိုရင္ဇာတ္လိုက္မကသူမကိုသူမေယာက္်ားေလးေမွာ္ဆရာကဲ့သို႔႐ုပ္ဖ်က္ရင္း၎တိုက္ပြဲကြင္း၌သူမတူသည့္အလင္းစြမ္းအင္ျဖင့္ပထမဆုကိုထိုက္ထိုက္တန္တန္ရယူခဲ့သည္။

ဤသည္ကအမ်ိဳးသားဇာတ္လိုက္ေတြကိုေႂကြက်သြားေစသည့္အခန္းတစ္ခုျဖစ္သည္။အကယ္၍ေရွာင္က်န့္သာဝင္ေရာက္တိုက္ခိုက္ခဲ့ပါကဇာတ္လိုက္မအေနနဲ႕အနိုင္ရဖို႔ရန္မေသခ်ာေတာ့ေပ။ဘာေၾကာင့္လဲဆိုေတာ့ဇာတ္လိုက္မတြင္ဇာတ္လိုက္အရွိန္အဝါရွိသလို၊ေရွာင္က်န့္တြင္လည္းဗီလိန္အရွိန္အဝါရွိသည္။

ဇာတ္လမ္းတစ္ခုတြင္ဗီလိန္ဆိုသည္မွာအေရးႀကီးဇာတ္ေကာင္တစ္ခုျဖစ္ၿပီးဇာတ္လိုက္ေတြနဲ႕ႏွိုင္းယွဥ္နိုင္သည့္တစ္ခုတည္းေသာဇာတ္ေကာင္ျဖစ္သည္။တစ္ခ်ိဳ႕ဗီလိန္ေတြဆိုဇာတ္လိုက္ေတြထက္အစစအရာရာပိုမိုသာလြန္ထက္ျမက္ေသးသည္။ထိုသို႔ေသာဗီလိန္ေတြထဲတြင္ေဖးလစ္ကလည္းအပါအဝင္ျဖစ္သည္။

တိုက္ပြဲတစ္ခုျဖစ္လွ်င္ဒဏ္ရာရမည္ကပုံမွန္သာျဖစ္သည္။ထို႔အတြက္ဇာတ္လိုက္မရဲ႕ေသြးကိုရယူဖို႔ကအလြယ္ကူဆုံးေသာအခ်ိန္ျဖစ္သည္။

'ဒါေပမယ့္ငါ့ရဲ႕ဆံပင္နဲ႕႐ုပ္ရည္ကအရမ္းထင္းလြန္းအားႀကီးတယ္....တကယ္လို႔အစ္ကိုျဖစ္သူကညီမျဖစ္သူကိုမညွာမတာတိုက္ခိုက္တယ္လို႔သတင္းထြက္သြားရင္ငါ့ကိုလူေတြ႐ြံ႕မုန္းကုန္လိမ့္မယ္.....ငါ့ရဲ႕သတင္းဆိုးေတြကဖ်က္မရတဲ့အမည္းစက္ႀကီးလိုျဖစ္သြားမွာေသခ်ာတယ္'

[ဟ...ဟ...hostပိုင္ဆိုင္တဲ့pointsေတြကိုအလကားထားထားတယ္လို႔ထင္ေနတာလားhostရဲ႕....]

'ဘာကိုဆိုလိုတာလဲ'

[hostပိုင္ဆိုင္တဲ့pointsေတြနဲ႕hostလိုခ်င္တဲ့အရာမွန္သမွ်ဝယ္ယူလိုရတယ္.....hostသာလုံေလာက္တဲ့pointsပမာဏကိုေပးရင္အသြင္ေျပာင္းဟန္းခ်ိန္းဝယ္လို႔ရၿပီ"

'.....'မင္းအစတည္းကေျပာရင္ေသသြားမွာမို႔လို႔လား......ဟမ္....

[host....ဝယ္ယူပါမည္လား...]

'ေကာင္းၿပီေလ....မင္းေျပာတဲ့အသြင္ေျပာင္းဟန္းခ်ိန္းဆိုတာတစ္ခုဝယ္မယ္....'

[ဒင္......ဝယ္ယူအားေပးမႈအတြက္ေက်းဇူးတင္ပါတယ္host....က်သင့္သည့္points 1000....
လက္ရွိလက္က်န္points2500....အခုအသုံးျပဳမွာလားhost]

'ဟင့္အင္း.....မနက္ျဖန္မွသုံးမယ္...'

ေရွာင္က်န့္ကတတ္ႂကြစြာျဖင့္သူ႕ကိုယ္ပိုင္အခန္းက်ယ္ႀကီးအတြင္းသို႔ဝင္ေရာက္လိုက္သည္။ကုတင္ေပၚတြင္လူးလိမ့္ေနသည့္ဝံပုေလြေသးေသးေလးသည္ေရွာင္က်န့္ကိုျမင္သည္ႏွင့္တစ္ခ်က္မွေတာင့္တင္းသြားၿပီးေရွာင္က်န့္၏မထင္မွတ္ထားစြာလွပလြန္းသည့္မ်က္ႏွာေလးကိုအငမ္းမရေလာဘတႀကီးစိုက္ၾကည့္ေနသည္။ထို႔ေနာက္ကုတင္ေပၚမွလွမ္းခုန္လိုက္ရင္းမတ္တပ္ရပ္ေနသည့္ေရွာင္က်န့္၏ရင္ခြင္ထဲသို႔ခုန္ဝင္လိုက္သည္။

ေရွာင္က်န့္ကပုံမွန္မဟုတ္စြာတတ္ႂကြေနသည့္ဝံပုေလြေလးအားေသခ်ာထိန္းကိုင္လိုက္သည္။

ဝံပုေလြနက္ေလးကေရွာင္က်န့္၏ေရသီးေလးေတြတြဲက်ေနသည့္ရင္ဘတ္တစ္ေလွ်ာက္အားပြတ္သပ္လိုက္ရင္းေရွာင္က်န့္၏ပုခုံးေလးထက္သို႔ခုန္တတ္ျပစ္လိုက္ျပန္သည္။အဲ့ဒီေနာက္ေရွာင္က်န့္၏သြယ္လ်သည့္လည္တိုင္ေလးကိုတစ္ခ်က္လ်က္လိုက္ရင္းေပ်ာက္ကြယ္သြားၿပီျဖစ္သည့္ေ႐ႊေရာင္အမွတ္အသားအားခဏမွ်ျပန္ေပၚေစလိုက္သည္။ေရွာင္က်န့္ကယားသည္ဟုဆိုကာအတင္း႐ုန္းသည့္အခါမွအႀကိမ္ႀကိမ္အခါခါလ်က္ေနသည့္ႏူးညံ့ေသာလည္တိုင္ေလးအားလႊတ္ေပးလိုက္သည္။

________________________________________________________________

Continue Reading

You'll Also Like

398K 50.5K 38
Hey ! Let me be your wrong person . . . .
308K 11.3K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
3.5M 360K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္