system 091

By TeeKo0

1.1M 121K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

Arc(3)

11.7K 882 25
By TeeKo0

Unicode

[system speacကပြန်လည်ကြိုဆိုပါတယ်host]

systemအုန်းသီးသည်ပျော်ရွှင်စွာဖြင့်ပင်ရှောင်ကျန့်၏ခန္ဓာကိုယ်ပတ်လည်၌ခုန်ပေါက်နေခဲ့၏။

[အမည် - ရှောင်ကျန့်

အသက် - ၂၂နှစ်

လိင် - ယောက်ျား

ပြီးမြောက်သည့်mission - 20%

ပြီးမြောက်သည့်ကမ္ဘာ - 2

points - 3500

တတ်မြောက်သည့်ပညာရပ် - စာရေးခြင်း၊အတိုက်အခိုက်၊အချက်အပြုတ်၊သရုပ်ဆောင်ခြင်း]

ရှောင်ကျန့်ကသူ့အရှေ့မှာပေါ်လာတဲ့ဇယားကွက်ကိုကြည့်ရင်းတစ်ချက်ပြုံးလိုက်ကာအုန်းသီးကိုစိုက်ကြည့်လိုက်သည်။အဖြူရောင်အလုံးလေးမှာရှောင်ကျန့်အကြည့်ကြောင့်မွှေးတွေအကုန်ထောင်ကုန်သလိုခံစားလိုက်ရသည်။

[host....တစ်ခုခုများပြောစရာရှိလို့လားဟင်....]

"အင်း....ငါစဥ်းစားနေတာ"

[ဘာကိုလဲ]

"မင်းငါ့ကိုပြောခဲ့ဖူးတဲ့ရုပ်ပိုင်းဆိုင်ရာမြှင့်တင်ခြင်းဆိုတာလေ.....ဒုတိယမြောက်ကမ္ဘာမှာမင်းမေ့သွားတာတော့မဟုတ်ပါဘူးနော်"

အုန်းသီးချွေးပြန်လာသည်။

သူကသူ့hostမေ့သွားပြီထင်နေတာ....

[ဟ....ဟ....ကျ..ကျွန်တော်မမေ့ပါဘူးhostရဲ့...ဒီအတိုင်းhostက,ကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲရောက်သွားတာကြောင့်ခန္ဓာကိုယ်ကသန့်စင်နေပြီးသားလေ....ဒါ..ဒါကြောင့်ရုပ်ပိုင်းဆိုင်ရာမြှင့်တင်ခြင်းကိုအသုံးပြုဖို့မလိုဘူးထင်လို့ပါ]

ရှောင်ကျန့်ကစိုက်ကြည့်သည်။အုန်းသီးမှာတုတ်တုတ်တောင်မလှုပ်ရဲတော့ပေ။

သူ့hostကဘာထဖောက်ပြန်တာလဲမသိဘူး....ဝူး....ဝူး...

ရှောင်ကျန့်ရဲ့ရုပ်တည်ကြီးကချက်ချင်းပြုံးသွားသည်။

"ငါကစ,တာပါ....အဲ့ဒီလောက်ထိလန့်နေဖို့မလိုပါဘူး...."

ရှောင်ကျန့်ကလက်လေးတစ်ရမ်းရမ်းဖြင့်အုန်းသီးကိုပြောသည်။အုန်းသီးကစိတ်သက်သာရာရစွာဖြင့်သက်ပြင်းလေးအသာချလိုက်မိသည်။

[hostဒီတစ်ခေါက်ပညာရပ်တွေသင်စရာမလိုတော့ဘူး....]

"ဘာဖြစ်လို့လဲ"

[ဟီး...ဟီး.....ကျွန်တော်တို့မှာအလိုလျောက်တတ်မြောက်ခြင်းစနစ်ရှိသွားပြီလေ]

"အဲ့ဒါဘာကြီးလဲ"

[hostအနေနဲ့ဒုတိယဘဝမှာတုန်းကတိုက်ခိုက်ရေးပညာရပ်ကိုကူးယူထားပေမယ့်သိပ်မကျွမ်းကျင်ဘူးမဟုတ်လား]

"အင်း"

[အလိုလျောက်တတ်မြောက်ခြင်းစနစ်ဆိုတာhostကူးယူထားတဲ့ပညာရပ်တွေကိုနှစ်ပေါင်းများစွာကျွမ်းကျင်ထားသလိုကျွမ်းကျွမ်ကျင်ကျင်အသုံးပြုနိုင်သွားလိမ့်မယ်]

"ဝိုး....မိုက်တော့မိုက်သား"

[ဒါကြောင့်ပေါ့hostရဲ့...]

အုန်းသီးကဂုဏ်ဆာစွာပြုံးသည်။

[အဟမ်း....အလိုအလျောက်တတ်မြောက်ခြင်းစနစ်စတင်ကူးယူပါပြီ.....20%...40%...70%...100%....ကူးယူမှုပြီးစီးပါပြီ.....host..နောက်ကမ္ဘာကိုသွားတော့မလား.....]

"အင်း"

[3..2..1..0...တတိယမြောက်ကမ္ဘာမှာလည်းကံကောင်းပါစေhost]

ထိုနောက်နာကျင်မှုနဲ့အတူရှောင်ကျန့်မျက်လုံးတွေဟာအမှောင်ကျသွားခဲ့သည်။

*************

ရှောင်ကျန့်သတိဝင်ချိန်၌သူ့ဘေးပတ်ဝန်းကျင်မှာဆူညံနေကြောင်းသတိထားမိသွားသည်။သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုအနက်ရောင်ခြုံထည်ကြီးဖြင့်ဖုံးအုပ်ထားပြီးသူ့ဘေးပတ်ဝန်းကျင်ရှိလူတော်တော်များများကလည်းသူ့လိုဝတ်ဆင်ထားသည်။

"ဖေးလစ်....ဘာတွေကြောင်နေတာလဲ...သွားမယ်လေ"

သူ့ဘေးရှိလူစိမ်းကကြောင်တောင်တောင်ဖြင့်ရပ်နေသည့်ရှောင်ကျန့်ကိုလှမ်းသတိပေးကာတစ်နေရာဆီသို့ဦးဆောင်သွားသည်။ရှောင်ကျန့်ကထိုလူစိမ်းနှင့်အတူကပ်လိုက်သွားရင်းဘေးပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်ရှု့လိုက်သည်။

၎င်းကခန်းမကျယ်ကြီးဖြစ်ပြီးရှေးခေတ်ဥရောပစတိုင်ဖြင့်သန့်ရှင်းသပ်ရပ်ကာတစ်မူထူးခြားလှပသည်။ခန်းမကျယ်ကြီး၏အလည်တွင်မြင့်မားသည့်စင်မြင့်တစ်ခုရှိသည်။ကြည့်ရသည်မှာလေလံခန်းမသို့ရောက်ရှိနေခြင်းဖြစ်နိုင်သည်။

ရှောင်ကျန့်ကသူ့ဘေးရှိလူစိမ်းနှင့်အတူလေလံစင်မြင့်နှင့်အနီးဆုံးခုံ၌ဝင်ထိုင်လိုက်သည်။လူတွေကတစ်ဖွဲဖွဲရောက်ရှိလာပြီးမကြာခင်၌ပင်လေလံပွဲစတင်လာသည်။

ရှောင်ကျန့်ကပတ်ဝန်းကျင်ရှိအသံများကိုလျစ်လျူရှု့လိုက်ကာသူ့မှတ်ဥာဏ်ထဲရှိဒီကမ္ဘာ၏ဇာတ်ကြောင်းကိုကြည့်လိုက်သည်။

ဒီကမ္ဘာအကြောင်းပြောရရင်သူ့ရဲ့သမိုင်းကြောင်းကနေစတင်ရမည်ဖြစ်သည်။ဤကမ္ဘာမှာသားရဲလူသားတွေကြီးစိုးသည့်ကမ္ဘာကြီးသာဖြစ်သည်။

ယခုကမ္ဘာတွင်အင်အားအကြီးဆုံးမျိုးနွယ်မှာ"လက်စ်ဇိုင်းယား"မျိုးနွယ်ဖြစ်ပြီးသဘာဝကဖန်တီးပေးသည့်ဧကရာဇ်မျိုးနွယ်တွေဖြစ်ကြသည်။

"လက်စ်ဇိုင်းယား"မျိုးနွယ်ဝင်တွေဟာနှိုင်းယှဥ်မရအောင်စွမ်းအားကြီးမားလှပြီးနေနတ်ဘုရားမျိုးနွယ်ဝင်တွေအဖြစ်လည်းသတ်မှတ်ကြသည်။

သူတို့မှာနူးညံ့တဲ့ရွှေရောင်ဆံနွယ်တွေနဲ့လှပတဲ့ရွှေရောင်မျက်လုံးတွေရှိကြပြီးအလှပဆုံးသောမျိုးနွယ်ဝင်အဖြစ်လူသိများသည်။

"လက်ဇိုင်းယား"မျိုးနွယ်ဝင်တွေထဲတွင်ကိုယ်စားပြုသားရဲသုံးမျိုးရှိသည်။နဂါးမှာအကြီးမြတ်ဆုံးသားရဲဖြစ်ပြီး၊ဖီးနစ်နှင့်ဝံပုလွေမှာတစ်ဆင့်စီနိမ့်သည်။

ကြီးမြတ်လွန်းသည့်"လက်စ်ဇိုင်းယား"မျိုးနွယ်ဝင်များသည်တစ်ခြားမျိုးနွယ်ဝင်များ၏မနာလိုမုန်းတီးခြင်းအားစတင်ခံစားလာရသည်။သို့ပေမယ့်အင်အားကြီးလွန်းသည့်ထိုမျိုးနွယ်ဝင်များကြောင့်မည်သူကမှမထိရဲခဲ့ကြချေ။သို့သော်တစ်နေ့၌အခြားမျိုးနွယ်ဝင်တွေဟာ"လက်စ်ဇိုင်းယား"မျိုးနွယ်ဝင်တွေရဲ့အားနည်းချက်ကိုစတင်တွေ့ရှိသွားခဲ့ကြသည်။

အခြားမျိုးနွယ်ဝင်ပေါင်းများစွာစုပေါင်းရင်း"လက်စ်ဇိုင်းယား"မျိုးနွယ်ဝင်တွေရဲ့ဘုရင်ပျောက်ဆုံးနေချိန်၊အားအနည်းဆုံးအချိန်၌ရွေးကာတိုက်ခိုက်လာကြသည်။

လက်စ်ဇိုင်းယားမျိုးနွယ်ဝင်တွေဟာဖျက်ဆီးခံခဲ့ရသလိုပါဝင်သည့်မျိုးနွယ်စုတိုင်းဟာလည်းအပြင်းအထန်ထိခိုက်သွားရသည်။ထိုနေ့မှစ၍အခြားမျိုးနွယ်ဝင်တွေဟာလက်စ်ဇိုင်းယားမျိုးနွယ်ဝင်တိုင်း၏ခန္ဓာကိုယ်အတွင်းသို့ကျွန်ကျိန်စာကိုထည့်သွင်းခဲ့ကြသည်။

ကျွန်ပြုခြင်း၊ကျွန်ကျိန်စာဆိုသည်မှာကျွန်ပြုနိုင်သည့်ကျိန်စာတစ်မျိုးဖြစ်သည်။လှပသောဧကရာဇ်မျိုးနွယ်စုကိုလိင်ကျွန်အဖြစ်အသုံးပြုခြင်း၊အစေခံအဖြစ်အသုံးပြုခြင်း၊အသေခံတပ်သားများအဖြစ်အသုံးပြုနိုင်လာကြသည်။

"လက်စ်ဇိုင်းယား"မျိုးနွယ်ဝင်များကိုကယ်တင်နိုင်သူမှာပျောက်ဆုံးနေသောဧကရာဇ်ကိုယ်တိုင်သာဖြစ်သည်။

သို့သော်လက်စ်ဇိုင်းယားမျိုးနွယ်ဝင်များမှာလုံးဝပျောက်ကွယ်သွားချိန်အထိမျိုးနွယ်စု၏ဧကရာဇ်မှာလုံးဝပေါ်မလာခဲ့ချေ။ဤသို့ဖြင့်"လက်စ်ဇိုင်းယား"ဧကရာဇ်မျိုးနွယ်စုများမှာဒဏ္ဍာရီတစ်ခုသဖွယ်သာထင်ကျန်ရစ်သွားခဲ့လေတော့သည်။

ယခုကမ္ဘာမှာဇာတ်လိုက်မဦးစားပေးကမ္ဘာတစ်ခုဖြစ်သည်။သူမက၂၁ရာစုရှိကိုရီးယားလူမျိုးမိန်းကလေးတစ်ဦးဖြစ်ပြီးရည်းစားအလွန်ရှုပ်သည်။တစ်နေ့၌သူမကသူမဖတ်နေသည့်ဝတ္ထုထဲသို့ကူးပြောင်းလာပြီးယခုကမ္ဘာထဲသို့ရောက်ရှိလာခြင်းဖြစ်သည်။

သူမကဇာတ်လိုက်မဖြစ်သည့်အားလျော်စွာသူမတွင်မူရင်းရွှေရောင်မဟုတ်သော်လည်းအရောင်အတော်လေးဖျော့သည့်ရွှေရောင်ဆံပင်နှင့်အတူအစိမ်းရောင်မျက်ဝန်းတစ်စုံအားပိုင်ဆိုင်သည်။

သူမကပျောက်ကွယ်သွားပြီဖြစ်တဲ့"လက်စ်ဇိုင်းယား"မျိုးနွယ်ဝင်သွေးအနည်းငယ်ပါသည့်မိန်းကလေးတစ်ယောက်၏ခန္ဓာကိုယ်အတွင်းသို့ကူးပြောင်းလာသည်။သူမ၏နာမည်မှာ"လယ်ရို ဖိုင်းစမစ်တတ်"ဖြစ်ကာ ဖိုင်းစမစ်တတ် မျိုးနွယ်စု၏မင်းသမီးတစ်ပါးဖြစ်သည်။

ဖိုင်းစမစ်တတ် မျိုးနွယ်စုကိုယ်စားပြုသားရဲမှာမြေခွေးဖြစ်ပြီးညှှိ့အားပြင်းသည့်မျိုးနွယ်ဟူ၍လည်းသိကြသည်။ လယ်ရို သည် ဖိုင်းစမစ်တတ် တိုင်းပြည်၏အသုံးမကျသည့်မင်းသမီးအဖြစ်သို့ကူးပြောင်းလာခဲ့ပြီးထိုအချိန်မှစ၍သူမ၏ထက်မြက်သည့်အရည်အချင်းများမှာပေါက်ကွဲထွက်လာသည်။

မူလဘဝတည်းကချောမောသည့်ယောက်ျားလေးများကိုနှစ်သက်သည့်သူမဟာမှော်မျှော်စင်၏နတ်ဆရာ၊နတ်သူငယ်မင်းသား၊အခြားမျိုးနွယ်စုမင်းသားသုံးပါးနှင့်မရှင်းမရှင်းဆက်ဆံရေးမျိုးရှိလာခဲ့ပြီးharemပုံစံမျိုး​ပြောင်းလဲလာသည်။

သူမကမူရင်းဝတ္ထု၏ဇာတ်လိုက်မကိုနင်းခြေ၍ယခုကမ္ဘာ၏တစ်ဦးတည်းသောဧကရီဘုရင်မဖြစ်လာခဲ့သည်။

သူယခုဝင်နေသည့်ခန္ဓာကိုယ်ပိုင်ရှင်၏နာမည်မှာ ဖေးလစ် ဖိုင်းစမစ်တတ် ဖြစ်ပြီးဒီကမ္ဘာ၏အဓိကထောက်တိုင်ကြီးဖြစ်တဲ့big boss villainကြီးဖြစ်သည်။

ဖေးလစ် ဖိုင်းစမစ်တတ် မှာဖိုင်းစမစ်တတ်အင်ပါယာ၏မင်းသားဖြစ်ပြီးမြို့စားမင်းအဖြစ်ဖခင်ဖြစ်သူဘုရင်မင်းမြတ်ကိုယ်တိုင်ခန့်အပ်ထားသည်။အခြားသူများအမြင်တွင်ဘုရင်မင်းမြတ်ကမင်းသားဖေးလစ်အားမချစ်သောကြောင့်မြို့စားမင်းရာထူးပေးပြီးဘုရင်ဖြစ်မည့်တတ်လမ်းအားပိတ်လိုက်သည်ဟုထင်ကြသည်။

အမှန်တကယ်တော့ဘုရင်မင်းမြတ်ကဖေးလစ်ကိုအချစ်ဆုံးဖြစ်သည်။ဖေးလစ်၏ထူးဆန်းသည့်မျိုးနွယ်ကြောင့်ဖုံးကွယ်ရန်ကြိုးစားခဲ့ရုံသာဖြစ်သည်။အမှန်တကယ်တော့ဘုရင်မင်းမြတ်ကဖေးလစ်ကိုကာကွယ်ခဲ့ခြင်းဖြစ်သည်။

ဖေးလစ်နှင့်လယ်ရိုတို့မှာဖအေတူမအေကွဲမောင်နှမတွေဖြစ်ကြသည်။ကောလဟာလအရဆိုရင်ဖေးလစ်၏မျက်နှာမှာရုပ်ဆိုးအကျည်းတန်လွန်းသောကြောင့်ကြောက်မက်ဖွယ်မျက်နှာဖုံးအားအမြဲတစေတတ်ထားတတ်သည်ဟုဆိုသည်။

သို့သော်villainဖေးလစ်၏ကံကြမ္မာဟာဆိုးရွားလွန်းလှသည်။သူကသူ့ရဲ့ညီမဖြစ်သူဇာတ်လိုက်မကိုလုပ်ကြံသတ်ဖြတ်မှုဖြင့်ခေါင်းဖြတ်သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။ပြည်သူတွေကသူ့ရဲ့ခန္ဓာကိုယ်ကိုခဲတွေဖြင့်ဝိုင်းပေါက်ကြသည်။သူ့ရဲ့သေလုအောင်နာကျင်နေသည့်ခန္ဓာကိုယ်အားမြင်းဖြင့်ဆွဲကာသတ်ဖြတ်ကွင်းသို့ခေါ်ဆောင်ကြသည်။နောက်ဆုံးခေါင်ဖြတ်မခံရမီသူမြင်လိုက်ရတာကသူ့ညီမဖြစ်သူရဲ့လှောင်ပြောင်သည့်ဟန်ဖြင့်အပြုံးကိုသာဖြစ်သည်။

ဒါပေမယ့်သူသူ့ညီမကိုနောက်ဆုံးအချိန်ထိပုရွက်ဆိတ်တစ်ကောင်ကဲ့သို့သာသဘောထားခဲ့သည်။သူမကဘာအသုံးကျတာဘာမှမရှိပဲသူမရဲ့ခန္ဓာကိုယ်နဲ့ယောက်ျားတစ်ကာအောက်ညည်းညူရင်းဧကရီနေရာရောက်လာတာကိုသူသေသေချာချာသိသည်။သူကလောကကြီးကညစ်နွမ်းနေသည့်အရာအားရှင်းပြစ်ချင်ခဲ့ရုံသာဖြစ်ပြီးသူ့ရဲ့လုပ်ရပ်အတွက်လုံးဝနောင်တမရခဲ့ချေ။ဖေးလစ်ဟာသူ့ရဲ့နောက်ဆုံးအချိန်ထိတိုင်အောင်ကျောကိုမတ်ရင်းမာနကြီးသည့်သူ့ရဲ့မျက်လုံးတစ်စုံကိုပြောင်းလဲခဲ့ခြင်းမရှိပေ။

ဇာတ်ကြောင်းအပြည့်အစုံအားသိသွားသည်နှင့်ရှောင်ကျန့်ကသက်ပြင်းကိုသာချမိလိုက်သည်။villainဖေးလစ်မှာမာနကြီးသည့်အမျိုးသားတစ်ယောက်ဖြစ်နေခဲ့သည်။

[ဖေးလစ်ရဲ့ဆန္ဒကတော့.....
(1)လယ်ရိုကိုသူခံစားရတာထက်ပိုခံစားစေချင်တယ် - points 7000]

'ဟမ်....ဒီတစ်ခုတည်းလား'

[ဟုတ်ပါတယ်host....ဗီလိန်ဖေးလစ်ရဲ့ဆန္ဒကဇာတ်လိုက်မလယ်ရိုကိုအဆုံးထိဆွဲချသွားချင်တာပါ....သူ့ရဲ့ဆန္ဒကခက်ခဲတာကြောင့်points7000တောင်ပေးထားတာနော်host.....ဖိုက်တင်း....]

ရှောင်ကျန့်သူ့ဘေးရှိလူစိမ်းအားစောင်းငဲ့ကြည့်လိုက်သည်။ထိုလူ၏နာမည်မှာ ဂျိတ်ခ် ဖယ်ရိုရာ ဖြစ်ပြီးဖယ်ရိုရာမျိုးနွယ်စု၏မင်းသားတစ်ပါးဖြစ်သည်။ဖေးလစ်နှင့်ဂျိတ်ခ်တို့မှာငယ်သူငယ်ချင်းတွေဖြစ်ကြပြီးမူလဇာတ်ကြောင်းအတိုင်းဆိုလျှင်ဇာတ်လိုက်မလက်ချက်ကြောင့်သေဆုံးသွားရသည့်ထဲပါလေသည်။ဖယ်ရိုရာမျိုးနွယ်စု၏ကိုယ်စားပြုသားရဲမှာဒေါင်းဖြစ်သည်။ထို့ကြောင့်လဲဖယ်ရိုရာတွေဟာမာနကြီးမောက်မာသည့်မျိုးနွယ်ဝင်တွေအဖြစ်လူသိများသည်။

ရှောင်ကျန့်၏အကြည့်မှာဂျိတ်ခ်ဆီကနေလေလံစဥ်မြင့်ထက်သို့ကျရောက်သွားသည်။စီစဥ်တင်ဆက်သူမှော်ဆရာဟာအဝတ်စအမဲဖုံးအုပ်ထားသည့်လူအရပ်ထက်ဝက်စာမြင့်သည့်လှောင်ချိုင့်အားကိုင်ဆောင်ထားတာကိုသတိထားမိလိုက်သည်။

စီစဥ်တင်ဆက်သူမှော်ဆရာဟာထိုအဝတ်စအနက်အားဖယ်ရှားလိုက်သည်နှင့်လူတိုင်းမှာထိုလှောင်ချိုင့်ထဲရှိခပ်သေးသေးအရာလေးအားတွေ့မြင်လိုက်ကြသည်။

လှောင်ချိုင့်ထဲတွင်လူကြီးတစ်ယောက်၏လက်ဖဝါးသာသာလေးသာရှိသည့်အနက်ရောင်ဝံပုလွေသေးသေးလေးတစ်ကောင်ရှိနေခဲ့သည်။ထိုအလွန်ချစ်စဖွယ်ကောင်းသည့်ဝံပုလွေလေးဟာပြင်းထန်စွာမာန်ဖီနေခဲ့ပြီးကြောက်မက်ဖွယ်ကောင်းသည့်အရှိန်အဝါဖြင့်သတ်ဖြတ်ချင်သည့်မျက်လုံးများရှိသည်။သူကလူတိုင်းကိုသတ်ဖြတ်ချင်သည့်သူ့ရဲ့အနီရောင်မျက်လုံးတစ်စုံဖြင့်လိုက်လံမာန်ဖီရင်းစိုက်ကြည့်နေသည်။ထူးဆန်းစွာပင်ထိုအသေးလေးနှင့်မည်သူမှမျက်လုံးခြင်းမစုံရဲကြချေ။

မျက်လုံးစုံမိသူတိုင်းမှာချက်ချင်းကိုသူတို့ရဲ့မျက်လုံးတွေစူးအောင့်နာကျင်လာရင်းသွေးတွေစီးကျလာကြသည်။

လူတိုင်းကဝံပုလွေဆိုသည်မှာ"လက်ဇိုင်းယား"မျိုးနွယ်ဝင်ထဲ၌ပါဝင်ကြောင်းသိကြသည်။ထိုဝံပုလွေလေး၏အမွှေးတွေကအနက်ရောင်ဖြစ်နေသော်လည်းလူတွေရဲ့စူးစမ်းချင်စိတ်ကိုမလျော့ကျနိုင်ချေ။

လူတစ်ချို့ကစျေးစပေးလာသည်။လူတိုင်းကိုသတ်ဖြတ်ချင်သည့်မျက်လုံးများဖြင့်လိုက်ကြည့်နေသည့်ထိုဝံပုလွေအသေးလေးသည်ရှောင်ကျန့်ကိုစတင်မြင်သွားသည်နှင့်သူကိုယ်တိုင်တောင်သတိမထားမိပါပဲသူ့ရဲ့သတ်ဖြတ်ချင်စိတ်တွေမှာလျော့ကျလာသည်။

ထိုလူ၏မျက်နှာနှင့်လိင်အားမသိရပေမယ့်ထိုလူရဲ့အရှိန်အဝါမှာလုံးဝရင်းနှီးနေသကဲ့သို့ဝံပုလွေသေးသေးလေးစတင်ခံစားလိုက်ရသည်။ထိုသူ၏ရင်ခွင်အတွင်းသို့တိုးဝင်ရင်းချွဲနွဲ့ချင်သည့်စိတ်ဆန္ဒမှာဝံပုလွေလေး၏အတွင်းစိတ်ထဲပြင်းပြစွာစတင်ပေါ်ပေါက်လာသည်။

ဝံပုလွေလေးနှင့်ရှောင်ကျန့်တို့အကြည့်ချင်းစုံသွားကြသည်။ရှောင်ကျန့်ရင်ထဲထိတ်ကနဲဖြစ်သွားသည်။သူဘာကြောင့်မှန်းမသိပေမယ့်စတင်ပြီးလေလံဝင်ဆွဲမိလိုက်သည်။

________________________________________________________________

Zawgyi

[system speacကျပန္လည္ႀကိဳဆိုပါတယ္host]

systemအုန္းသီးသည္ေပ်ာ္႐ႊင္စြာျဖင့္ပင္ေရွာင္က်န့္၏ခႏၶာကိုယ္ပတ္လည္၌ခုန္ေပါက္ေနခဲ့၏။

[အမည္ - ေရွာင္က်န့္

အသက္ - ၂၂ႏွစ္

လိင္ - ေယာက္်ား

ၿပီးေျမာက္သည့္mission - 20%

ၿပီးေျမာက္သည့္ကမၻာ - 2

points - 3500

တတ္ေျမာက္သည့္ပညာရပ္ - စာေရးျခင္း၊အတိုက္အခိုက္၊အခ်က္အျပဳတ္၊သ႐ုပ္ေဆာင္ျခင္း]

ေရွာင္က်န့္ကသူ႕အေရွ႕မွာေပၚလာတဲ့ဇယားကြက္ကိုၾကည့္ရင္းတစ္ခ်က္ၿပဳံးလိုက္ကာအုန္းသီးကိုစိုက္ၾကည့္လိုက္သည္။အျဖဴေရာင္အလုံးေလးမွာေရွာင္က်န့္အၾကည့္ေၾကာင့္ေမႊးေတြအကုန္ေထာင္ကုန္သလိုခံစားလိုက္ရသည္။

[host....တစ္ခုခုမ်ားေျပာစရာရွိလို႔လားဟင္....]

"အင္း....ငါစဥ္းစားေနတာ"

[ဘာကိုလဲ]

"မင္းငါ့ကိုေျပာခဲ့ဖူးတဲ့႐ုပ္ပိုင္းဆိုင္ရာျမႇင့္တင္ျခင္းဆိုတာေလ.....ဒုတိယေျမာက္ကမၻာမွာမင္းေမ့သြားတာေတာ့မဟုတ္ပါဘူးေနာ္"

အုန္းသီးေခြၽးျပန္လာသည္။

သူကသူ႕hostေမ့သြားၿပီထင္ေနတာ....

[ဟ....ဟ....က်..ကြၽန္ေတာ္မေမ့ပါဘူးhostရဲ႕...ဒီအတိုင္းhostက,ကေလးတစ္ေယာက္ရဲ႕ခႏၶာကိုယ္ထဲေရာက္သြားတာေၾကာင့္ခႏၶာကိုယ္ကသန့္စင္ေနၿပီးသားေလ....ဒါ..ဒါေၾကာင့္႐ုပ္ပိုင္းဆိုင္ရာျမႇင့္တင္ျခင္းကိုအသုံးျပဳဖို႔မလိုဘူးထင္လို႔ပါ]

ေရွာင္က်န့္ကစိုက္ၾကည့္သည္။အုန္းသီးမွာတုတ္တုတ္ေတာင္မလႈပ္ရဲေတာ့ေပ။

သူ႕hostကဘာထေဖာက္ျပန္တာလဲမသိဘူး....ဝူး....ဝူး...

ေရွာင္က်န့္ရဲ႕႐ုပ္တည္ႀကီးကခ်က္ခ်င္းၿပဳံးသြားသည္။

"ငါကစ,တာပါ....အဲ့ဒီေလာက္ထိလန့္ေနဖို႔မလိုပါဘူး...."

ေရွာင္က်န့္ကလက္ေလးတစ္ရမ္းရမ္းျဖင့္အုန္းသီးကိုေျပာသည္။အုန္းသီးကစိတ္သက္သာရာရစြာျဖင့္သက္ျပင္းေလးအသာခ်လိဳက္မိသည္။

[hostဒီတစ္ေခါက္ပညာရပ္ေတြသင္စရာမလိုေတာ့ဘူး....]

"ဘာျဖစ္လို႔လဲ"

[ဟီး...ဟီး.....ကြၽန္ေတာ္တို႔မွာအလိုေလ်ာက္တတ္ေျမာက္ျခင္းစနစ္ရွိသြားၿပီေလ]

"အဲ့ဒါဘာႀကီးလဲ"

[hostအေနနဲ႕ဒုတိယဘဝမွာတုန္းကတိုက္ခိုက္ေရးပညာရပ္ကိုကူးယူထားေပမယ့္သိပ္မကြၽမ္းက်င္ဘူးမဟုတ္လား]

"အင္း"

[အလိုေလ်ာက္တတ္ေျမာက္ျခင္းစနစ္ဆိုတာhostကူးယူထားတဲ့ပညာရပ္ေတြကိုႏွစ္ေပါင္းမ်ားစြာကြၽမ္းက်င္ထားသလိုကြၽမ္းကြၽမ္က်င္က်င္အသုံးျပဳနိုင္သြားလိမ့္မယ္]

"ဝိုး....မိုက္ေတာ့မိုက္သား"

[ဒါေၾကာင့္ေပါ့hostရဲ႕...]

အုန္းသီးကဂုဏ္ဆာစြာၿပဳံးသည္။

[အဟမ္း....အလိုအေလ်ာက္တတ္ေျမာက္ျခင္းစနစ္စတင္ကူးယူပါၿပီ.....20%...40%...70%...100%....ကူးယူမႈၿပီးစီးပါၿပီ.....host..ေနာက္ကမၻာကိုသြားေတာ့မလား.....]

"အင္း"

[3..2..1..0...တတိယေျမာက္ကမၻာမွာလည္းကံေကာင္းပါေစhost]

ထိုေနာက္နာက်င္မႈနဲ႕အတူေရွာင္က်န့္မ်က္လုံးေတြဟာအေမွာင္က်သြားခဲ့သည္။

*************

ေရွာင္က်န့္သတိဝင္ခ်ိန္၌သူ႕ေဘးပတ္ဝန္းက်င္မွာဆူညံေနေၾကာင္းသတိထားမိသြားသည္။သူ႕ရဲ႕ခႏၶာကိုယ္တစ္ခုလုံးကိုအနက္ေရာင္ၿခဳံထည္ႀကီးျဖင့္ဖုံးအုပ္ထားၿပီးသူ႕ေဘးပတ္ဝန္းက်င္ရွိလူေတာ္ေတာ္မ်ားမ်ားကလည္းသူ႕လိုဝတ္ဆင္ထားသည္။

"ေဖးလစ္....ဘာေတြေၾကာင္ေနတာလဲ...သြားမယ္ေလ"

သူ႕ေဘးရွိလူစိမ္းကေၾကာင္ေတာင္ေတာင္ျဖင့္ရပ္ေနသည့္ေရွာင္က်န့္ကိုလွမ္းသတိေပးကာတစ္ေနရာဆီသို႔ဦးေဆာင္သြားသည္။ေရွာင္က်န့္ကထိုလူစိမ္းႏွင့္အတူကပ္လိုက္သြားရင္းေဘးပတ္ဝန္းက်င္အားလွည့္ပတ္ၾကည့္ရႈ႕လိုက္သည္။

၎ကခန္းမက်ယ္ႀကီးျဖစ္ၿပီးေရွးေခတ္ဥေရာပစတိုင္ျဖင့္သန့္ရွင္းသပ္ရပ္ကာတစ္မူထူးျခားလွပသည္။ခန္းမက်ယ္ႀကီး၏အလည္တြင္ျမင့္မားသည့္စင္ျမင့္တစ္ခုရွိသည္။ၾကည့္ရသည္မွာေလလံခန္းမသို႔ေရာက္ရွိေနျခင္းျဖစ္နိုင္သည္။

ေရွာင္က်န့္ကသူ႕ေဘးရွိလူစိမ္းႏွင့္အတူေလလံစင္ျမင့္ႏွင့္အနီးဆုံးခုံ၌ဝင္ထိုင္လိုက္သည္။လူေတြကတစ္ဖြဲဖြဲေရာက္ရွိလာၿပီးမၾကာခင္၌ပင္ေလလံပြဲစတင္လာသည္။

ေရွာင္က်န့္ကပတ္ဝန္းက်င္ရွိအသံမ်ားကိုလ်စ္လ်ဴရႈ႕လိုက္ကာသူ႕မွတ္ဥာဏ္ထဲရွိဒီကမၻာ၏ဇာတ္ေၾကာင္းကိုၾကည့္လိုက္သည္။

ဒီကမၻာအေၾကာင္းေျပာရရင္သူ႕ရဲ႕သမိုင္းေၾကာင္းကေနစတင္ရမည္ျဖစ္သည္။ဤကမၻာမွာသားရဲလူသားေတြႀကီးစိုးသည့္ကမၻာႀကီးသာျဖစ္သည္။

ယခုကမၻာတြင္အင္အားအႀကီးဆုံးမ်ိဳးႏြယ္မွာ"လက္စ္ဇိုင္းယား"မ်ိဳးႏြယ္ျဖစ္ၿပီးသဘာဝကဖန္တီးေပးသည့္ဧကရာဇ္မ်ိဳးႏြယ္ေတြျဖစ္ၾကသည္။

"လက္စ္ဇိုင္းယား"မ်ိဳးႏြယ္ဝင္ေတြဟာႏွိုင္းယွဥ္မရေအာင္စြမ္းအားႀကီးမားလွၿပီးေနနတ္ဘုရားမ်ိဳးႏြယ္ဝင္ေတြအျဖစ္လည္းသတ္မွတ္ၾကသည္။

သူတို႔မွာႏူးညံ့တဲ့ေ႐ႊေရာင္ဆံႏြယ္ေတြနဲ႕လွပတဲ့ေ႐ႊေရာင္မ်က္လုံးေတြရွိၾကၿပီးအလွပဆုံးေသာမ်ိဳးႏြယ္ဝင္အျဖစ္လူသိမ်ားသည္။

"လက္ဇိုင္းယား"မ်ိဳးႏြယ္ဝင္ေတြထဲတြင္ကိုယ္စားျပဳသားရဲသုံးမ်ိဳးရွိသည္။နဂါးမွာအႀကီးျမတ္ဆုံးသားရဲျဖစ္ၿပီး၊ဖီးနစ္ႏွင့္ဝံပုေလြမွာတစ္ဆင့္စီနိမ့္သည္။

ႀကီးျမတ္လြန္းသည့္"လက္စ္ဇိုင္းယား"မ်ိဳးႏြယ္ဝင္မ်ားသည္တစ္ျခားမ်ိဳးႏြယ္ဝင္မ်ား၏မနာလိုမုန္းတီးျခင္းအားစတင္ခံစားလာရသည္။သို႔ေပမယ့္အင္အားႀကီးလြန္းသည့္ထိုမ်ိဳးႏြယ္ဝင္မ်ားေၾကာင့္မည္သူကမွမထိရဲခဲ့ၾကေခ်။သို႔ေသာ္တစ္ေန႕၌အျခားမ်ိဳးႏြယ္ဝင္ေတြဟာ"လက္စ္ဇိုင္းယား"မ်ိဳးႏြယ္ဝင္ေတြရဲ႕အားနည္းခ်က္ကိုစတင္ေတြ႕ရွိသြားခဲ့ၾကသည္။

အျခားမ်ိဳးႏြယ္ဝင္ေပါင္းမ်ားစြာစုေပါင္းရင္း"လက္စ္ဇိုင္းယား"မ်ိဳးႏြယ္ဝင္ေတြရဲ႕ဘုရင္ေပ်ာက္ဆုံးေနခ်ိန္၊အားအနည္းဆုံးအခ်ိန္၌ေ႐ြးကာတိုက္ခိုက္လာၾကသည္။

လက္စ္ဇိုင္းယားမ်ိဳးႏြယ္ဝင္ေတြဟာဖ်က္ဆီးခံခဲ့ရသလိုပါဝင္သည့္မ်ိဳးႏြယ္စုတိုင္းဟာလည္းအျပင္းအထန္ထိခိုက္သြားရသည္။ထိုေန႕မွစ၍အျခားမ်ိဳးႏြယ္ဝင္ေတြဟာလက္စ္ဇိုင္းယားမ်ိဳးႏြယ္ဝင္တိုင္း၏ခႏၶာကိုယ္အတြင္းသို႔ကြၽန္က်ိန္စာကိုထည့္သြင္းခဲ့ၾကသည္။

ကြၽန္ျပဳျခင္း၊ကြၽန္က်ိန္စာဆိုသည္မွာကြၽန္ျပဳနိုင္သည့္က်ိန္စာတစ္မ်ိဳးျဖစ္သည္။လွပေသာဧကရာဇ္မ်ိဳးႏြယ္စုကိုလိင္ကြၽန္အျဖစ္အသုံးျပဳျခင္း၊အေစခံအျဖစ္အသုံးျပဳျခင္း၊အေသခံတပ္သားမ်ားအျဖစ္အသုံးျပဳနိုင္လာၾကသည္။

"လက္စ္ဇိုင္းယား"မ်ိဳးႏြယ္ဝင္မ်ားကိုကယ္တင္နိုင္သူမွာေပ်ာက္ဆုံးေနေသာဧကရာဇ္ကိုယ္တိုင္သာျဖစ္သည္။

သို႔ေသာ္လက္စ္ဇိုင္းယားမ်ိဳးႏြယ္ဝင္မ်ားမွာလုံးဝေပ်ာက္ကြယ္သြားခ်ိန္အထိမ်ိဳးႏြယ္စု၏ဧကရာဇ္မွာလုံးဝေပၚမလာခဲ့ေခ်။ဤသို႔ျဖင့္"လက္စ္ဇိုင္းယား"ဧကရာဇ္မ်ိဳးႏြယ္စုမ်ားမွာဒ႑ာရီတစ္ခုသဖြယ္သာထင္က်န္ရစ္သြားခဲ့ေလေတာ့သည္။

ယခုကမၻာမွာဇာတ္လိုက္မဦးစားေပးကမၻာတစ္ခုျဖစ္သည္။သူမက၂၁ရာစုရွိကိုရီးယားလူမ်ိဳးမိန္းကေလးတစ္ဦးျဖစ္ၿပီးရည္းစားအလြန္ရႈပ္သည္။တစ္ေန႕၌သူမကသူမဖတ္ေနသည့္ဝတၳဳထဲသို႔ကူးေျပာင္းလာၿပီးယခုကမၻာထဲသို႔ေရာက္ရွိလာျခင္းျဖစ္သည္။

သူမကဇာတ္လိုက္မျဖစ္သည့္အားေလ်ာ္စြာသူမတြင္မူရင္းေ႐ႊေရာင္မဟုတ္ေသာ္လည္းအေရာင္အေတာ္ေလးေဖ်ာ့သည့္ေ႐ႊေရာင္ဆံပင္ႏွင့္အတူအစိမ္းေရာင္မ်က္ဝန္းတစ္စုံအားပိုင္ဆိုင္သည္။

သူမကေပ်ာက္ကြယ္သြားၿပီျဖစ္တဲ့"လက္စ္ဇိုင္းယား"မ်ိဳးႏြယ္ဝင္ေသြးအနည္းငယ္ပါသည့္မိန္းကေလးတစ္ေယာက္၏ခႏၶာကိုယ္အတြင္းသို႔ကူးေျပာင္းလာသည္။သူမ၏နာမည္မွာ"လယ္ရို ဖိုင္းစမစ္တတ္"ျဖစ္ကာ ဖိုင္းစမစ္တတ္ မ်ိဳးႏြယ္စု၏မင္းသမီးတစ္ပါးျဖစ္သည္။

ဖိုင္းစမစ္တတ္ မ်ိဳးႏြယ္စုကိုယ္စားျပဳသားရဲမွာေျမေခြးျဖစ္ၿပီးညွွိ့အားျပင္းသည့္မ်ိဳးႏြယ္ဟူ၍လည္းသိၾကသည္။ လယ္ရို သည္ ဖိုင္းစမစ္တတ္ တိုင္းျပည္၏အသုံးမက်သည့္မင္းသမီးအျဖစ္သို႔ကူးေျပာင္းလာခဲ့ၿပီးထိုအခ်ိန္မွစ၍သူမ၏ထက္ျမက္သည့္အရည္အခ်င္းမ်ားမွာေပါက္ကြဲထြက္လာသည္။

မူလဘဝတည္းကေခ်ာေမာသည့္ေယာက္်ားေလးမ်ားကိုႏွစ္သက္သည့္သူမဟာေမွာ္ေမွ်ာ္စင္၏နတ္ဆရာ၊နတ္သူငယ္မင္းသား၊အျခားမ်ိဳးႏြယ္စုမင္းသားသုံးပါးႏွင့္မရွင္းမရွင္းဆက္ဆံေရးမ်ိဳးရွိလာခဲ့ၿပီးharemပုံစံမ်ိဳးေျပာင္းလဲလာသည္။

သူမကမူရင္းဝတၳဳ၏ဇာတ္လိုက္မကိုနင္းေျခ၍ယခုကမၻာ၏တစ္ဦးတည္းေသာဧကရီဘုရင္မျဖစ္လာခဲ့သည္။

သူယခုဝင္ေနသည့္ခႏၶာကိုယ္ပိုင္ရွင္၏နာမည္မွာ ေဖးလစ္ ဖိုင္းစမစ္တတ္ ျဖစ္ၿပီးဒီကမၻာ၏အဓိကေထာက္တိုင္ႀကီးျဖစ္တဲ့big boss villainႀကီးျဖစ္သည္။

ေဖးလစ္ ဖိုင္းစမစ္တတ္ မွာဖိုင္းစမစ္တတ္အင္ပါယာ၏မင္းသားျဖစ္ၿပီးၿမိဳ႕စားမင္းအျဖစ္ဖခင္ျဖစ္သူဘုရင္မင္းျမတ္ကိုယ္တိုင္ခန့္အပ္ထားသည္။အျခားသူမ်ားအျမင္တြင္ဘုရင္မင္းျမတ္ကမင္းသားေဖးလစ္အားမခ်စ္ေသာေၾကာင့္ၿမိဳ႕စားမင္းရာထူးေပးၿပီးဘုရင္ျဖစ္မည့္တတ္လမ္းအားပိတ္လိုက္သည္ဟုထင္ၾကသည္။

အမွန္တကယ္ေတာ့ဘုရင္မင္းျမတ္ကေဖးလစ္ကိုအခ်စ္ဆုံးျဖစ္သည္။ေဖးလစ္၏ထူးဆန္းသည့္မ်ိဳးႏြယ္ေၾကာင့္ဖုံးကြယ္ရန္ႀကိဳးစားခဲ့႐ုံသာျဖစ္သည္။အမွန္တကယ္ေတာ့ဘုရင္မင္းျမတ္ကေဖးလစ္ကိုကာကြယ္ခဲ့ျခင္းျဖစ္သည္။

ေဖးလစ္ႏွင့္လယ္ရိုတို႔မွာဖေအတူမေအကြဲေမာင္ႏွမေတြျဖစ္ၾကသည္။ေကာလဟာလအရဆိုရင္ေဖးလစ္၏မ်က္ႏွာမွာ႐ုပ္ဆိုးအက်ည္းတန္လြန္းေသာေၾကာင့္ေၾကာက္မက္ဖြယ္မ်က္ႏွာဖုံးအားအၿမဲတေစတတ္ထားတတ္သည္ဟုဆိုသည္။

သို႔ေသာ္villainေဖးလစ္၏ကံၾကမၼာဟာဆိုး႐ြားလြန္းလွသည္။သူကသူ႕ရဲ႕ညီမျဖစ္သူဇာတ္လိုက္မကိုလုပ္ႀကံသတ္ျဖတ္မႈျဖင့္ေခါင္းျဖတ္သတ္ျဖတ္ျခင္းကိုခံခဲ့ရသည္။ျပည္သူေတြကသူ႕ရဲ႕ခႏၶာကိုယ္ကိုခဲေတြျဖင့္ဝိုင္းေပါက္ၾကသည္။သူ႕ရဲ႕ေသလုေအာင္နာက်င္ေနသည့္ခႏၶာကိုယ္အားျမင္းျဖင့္ဆြဲကာသတ္ျဖတ္ကြင္းသို႔ေခၚေဆာင္ၾကသည္။ေနာက္ဆုံးေခါင္ျဖတ္မခံရမီသူျမင္လိုက္ရတာကသူ႕ညီမျဖစ္သူရဲ႕ေလွာင္ေျပာင္သည့္ဟန္ျဖင့္အၿပဳံးကိုသာျဖစ္သည္။

ဒါေပမယ့္သူသူ႕ညီမကိုေနာက္ဆုံးအခ်ိန္ထိပု႐ြက္ဆိတ္တစ္ေကာင္ကဲ့သို႔သာသေဘာထားခဲ့သည္။သူမကဘာအသုံးက်တာဘာမွမရွိပဲသူမရဲ႕ခႏၶာကိုယ္နဲ႕ေယာက္်ားတစ္ကာေအာက္ညည္းၫူရင္းဧကရီေနရာေရာက္လာတာကိုသူေသေသခ်ာခ်ာသိသည္။သူကေလာကႀကီးကညစ္ႏြမ္းေနသည့္အရာအားရွင္းျပစ္ခ်င္ခဲ့႐ုံသာျဖစ္ၿပီးသူ႕ရဲ႕လုပ္ရပ္အတြက္လုံးဝေနာင္တမရခဲ့ေခ်။ေဖးလစ္ဟာသူ႕ရဲ႕ေနာက္ဆုံးအခ်ိန္ထိတိုင္ေအာင္ေက်ာကိုမတ္ရင္းမာနႀကီးသည့္သူ႕ရဲ႕မ်က္လုံးတစ္စုံကိုေျပာင္းလဲခဲ့ျခင္းမရွိေပ။

ဇာတ္ေၾကာင္းအျပည့္အစုံအားသိသြားသည္ႏွင့္ေရွာင္က်န့္ကသက္ျပင္းကိုသာခ်မိလိုက္သည္။villainေဖးလစ္မွာမာနႀကီးသည့္အမ်ိဳးသားတစ္ေယာက္ျဖစ္ေနခဲ့သည္။

[ေဖးလစ္ရဲ႕ဆႏၵကေတာ့.....
(1)လယ္ရိုကိုသူခံစားရတာထက္ပိုခံစားေစခ်င္တယ္ - points 7000]

'ဟမ္....ဒီတစ္ခုတည္းလား'

[ဟုတ္ပါတယ္host....ဗီလိန္ေဖးလစ္ရဲ႕ဆႏၵကဇာတ္လိုက္မလယ္ရိုကိုအဆုံးထိဆြဲခ်သြားခ်င္တာပါ....သူ႕ရဲ႕ဆႏၵကခက္ခဲတာေၾကာင့္points7000ေတာင္ေပးထားတာေနာ္host.....ဖိုက္တင္း....]

ေရွာင္က်န့္သူ႕ေဘးရွိလူစိမ္းအားေစာင္းငဲ့ၾကည့္လိုက္သည္။ထိုလူ၏နာမည္မွာ ဂ်ိတ္ခ္ ဖယ္ရိုရာ ျဖစ္ၿပီးဖယ္ရိုရာမ်ိဳးႏြယ္စု၏မင္းသားတစ္ပါးျဖစ္သည္။ေဖးလစ္ႏွင့္ဂ်ိတ္ခ္တို႔မွာငယ္သူငယ္ခ်င္းေတြျဖစ္ၾကၿပီးမူလဇာတ္ေၾကာင္းအတိုင္းဆိုလွ်င္ဇာတ္လိုက္မလက္ခ်က္ေၾကာင့္ေသဆုံးသြားရသည့္ထဲပါေလသည္။ဖယ္ရိုရာမ်ိဳးႏြယ္စု၏ကိုယ္စားျပဳသားရဲမွာေဒါင္းျဖစ္သည္။ထို႔ေၾကာင့္လဲဖယ္ရိုရာေတြဟာမာနႀကီးေမာက္မာသည့္မ်ိဳးႏြယ္ဝင္ေတြအျဖစ္လူသိမ်ားသည္။

ေရွာင္က်န့္၏အၾကည့္မွာဂ်ိတ္ခ္ဆီကေနေလလံစဥ္ျမင့္ထက္သို႔က်ေရာက္သြားသည္။စီစဥ္တင္ဆက္သူေမွာ္ဆရာဟာအဝတ္စအမဲဖုံးအုပ္ထားသည့္လူအရပ္ထက္ဝက္စာျမင့္သည့္ေလွာင္ခ်ိဳင့္အားကိုင္ေဆာင္ထားတာကိုသတိထားမိလိုက္သည္။

စီစဥ္တင္ဆက္သူေမွာ္ဆရာဟာထိုအဝတ္စအနက္အားဖယ္ရွားလိုက္သည္ႏွင့္လူတိုင္းမွာထိုေလွာင္ခ်ိဳင့္ထဲရွိခပ္ေသးေသးအရာေလးအားေတြ႕ျမင္လိုက္ၾကသည္။

ေလွာင္ခ်ိဳင့္ထဲတြင္လူႀကီးတစ္ေယာက္၏လက္ဖဝါးသာသာေလးသာရွိသည့္အနက္ေရာင္ဝံပုေလြေသးေသးေလးတစ္ေကာင္ရွိေနခဲ့သည္။ထိုအလြန္ခ်စ္စဖြယ္ေကာင္းသည့္ဝံပုေလြေလးဟာျပင္းထန္စြာမာန္ဖီေနခဲ့ၿပီးေၾကာက္မက္ဖြယ္ေကာင္းသည့္အရွိန္အဝါျဖင့္သတ္ျဖတ္ခ်င္သည့္မ်က္လုံးမ်ားရွိသည္။သူကလူတိုင္းကိုသတ္ျဖတ္ခ်င္သည့္သူ႕ရဲ႕အနီေရာင္မ်က္လုံးတစ္စုံျဖင့္လိုက္လံမာန္ဖီရင္းစိုက္ၾကည့္ေနသည္။ထူးဆန္းစြာပင္ထိုအေသးေလးႏွင့္မည္သူမွမ်က္လုံးျခင္းမစုံရဲၾကေခ်။

မ်က္လုံးစုံမိသူတိုင္းမွာခ်က္ခ်င္းကိုသူတို႔ရဲ႕မ်က္လုံးေတြစူးေအာင့္နာက်င္လာရင္းေသြးေတြစီးက်လာၾကသည္။

လူတိုင္းကဝံပုေလြဆိုသည္မွာ"လက္ဇိုင္းယား"မ်ိဳးႏြယ္ဝင္ထဲ၌ပါဝင္ေၾကာင္းသိၾကသည္။ထိုဝံပုေလြေလး၏အေမႊးေတြကအနက္ေရာင္ျဖစ္ေနေသာ္လည္းလူေတြရဲ႕စူးစမ္းခ်င္စိတ္ကိုမေလ်ာ့က်နိဳင္ေခ်။

လူတစ္ခ်ိဳ႕ကေစ်းစေပးလာသည္။လူတိုင္းကိုသတ္ျဖတ္ခ်င္သည့္မ်က္လုံးမ်ားျဖင့္လိုက္ၾကည့္ေနသည့္ထိုဝံပုေလြအေသးေလးသည္ေရွာင္က်န့္ကိုစတင္ျမင္သြားသည္ႏွင့္သူကိုယ္တိုင္ေတာင္သတိမထားမိပါပဲသူ႕ရဲ႕သတ္ျဖတ္ခ်င္စိတ္ေတြမွာေလ်ာ့က်လာသည္။

ထိုလူ၏မ်က္ႏွာႏွင့္လိင္အားမသိရေပမယ့္ထိုလူရဲ႕အရွိန္အဝါမွာလုံးဝရင္းႏွီးေနသကဲ့သို႔ဝံပုေလြေသးေသးေလးစတင္ခံစားလိုက္ရသည္။ထိုသူ၏ရင္ခြင္အတြင္းသို႔တိုးဝင္ရင္းခြၽဲႏြဲ႕ခ်င္သည့္စိတ္ဆႏၵမွာဝံပုေလြေလး၏အတြင္းစိတ္ထဲျပင္းျပစြာစတင္ေပၚေပါက္လာသည္။

ဝံပုေလြေလးႏွင့္ေရွာင္က်န့္တို႔အၾကည့္ခ်င္းစုံသြားၾကသည္။ေရွာင္က်န့္ရင္ထဲထိတ္ကနဲျဖစ္သြားသည္။သူဘာေၾကာင့္မွန္းမသိေပမယ့္စတင္ၿပီးေလလံဝင္ဆြဲမိလိုက္သည္။

________________________________________________________________

Continue Reading

You'll Also Like

369K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
12.5K 754 10
[Unicode] Xiao hei Bai ဟာတရုတ်ပြည်ရဲ့top3 ကုမ္မဏီတွေထဲကတစ်ခုကိုဦးစီးတဲ့ ငယ်ရွယ်ထက်မြတ်တဲ့Ceo တစ်ယောက် တစ်နေ့အလုပ်ကိစ္စနဲ့ခရီးသွားရင်းလမ်းမှာကား acci...
635K 84.6K 143
Start Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]