{Edit}မြတ်နိုးခြင်းများအားဆော...

De MoLLy-HannaH

482K 33.7K 1.1K

ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ Sissy type ဂိုက်လေးတို့ရဲ့ချစ်စရာရိုမန့်လေးကိုမှ နူးနူးညံ့ညံ့လေးပါ ။ Cover ကို P... Mai multe

Epi 1
Epi 2
Epi 3
Epi 4
Epi 5
Epi 6
Epi 7
Epi 8
Epi 9
Epi 10
Epi 11
Epi 12
Epi 13
Epi 14
Epi 15
Epi 16
Epi 17
Epi 18
Epi 19
Epi 20
Epi 21
Epi 22
Epi 23
Epi 24
Epi 25
Epi 26
Epi 28
Epi 29
Epi 30
Epi 31
Epi 32
Epi 33
Epi 34
Epi 35
Epi 36
Fic Name 💙
Epi 37
Epi 38
Epi 39
Epilogue
Thank You!!!
Extra-1
အသိပေး၊တောင်းပန်ခြင်း။

Epi 27

8.2K 653 2
De MoLLy-HannaH

Club တစ်ခု၏ VIP room ထဲတွင် အရက်ခွက်ကိုကိုင်လျက် ဟန်ပါပါထိုင်ကာ မျက်ခုံးတန်းတွန့်ချိုးနေပုံက တစ်ခုခုကိုလေးလေးနက်နက်တွေးတောနေဟန် ကောင်လေးတစ်ယောက် ။ သူ၏ဘေးတွင် ရွှေဝါရောင်ဆံပင်အခွေအလိပ်ကြီးတွေကိုဖားလျားချကာ မထူမပါးမိတ်ကပ်သားနှင့် မျက်လုံးမှာeye liner ဆိုးထားပြီး၊ ရဲနေအောင်ဆိုးထားသောနှုတ်ခမ်းတစ်စုံ ။ ပေါင်လယ်လောက်သာရှိသောကိုယ်ကျပ်ဂါဝန်အနီရောင်တောက်တောက်ကိုဝတ်ဆင်ထားပြီး ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ကိုဖော်ပြလျက် လှပသောကောက်ကြောင်းမှာအထင်းသားဖြင့် ပုရိသတို့စွဲမက်ဖွယ်ရာ ။

သူ့နာမည်က ဟန်နီချို ။ မျိုးရိုးမြင့်ထဲကဖြစ်ပြီး ထက်မြတ်နဲ့ နားလည်မှုယူကာ တွဲနေကြခြင်း ။ တစ်ယောက်ရဲ့လိုအပ်ချက်ကိုတစ်ယောက်ကဖြည့်ဆည်းပေးတတ်ကြသည် ။ တစ်နည်းအားဖြင့် Sex partner သက်သက်သာ ။

ရောက်ကတည်းကတိတ်ဆိတ်နေတဲ့ထက်မြတ်ကိုဟန်နီမေးလိုက်သည် ။

" စိတ်ညစ်စရာရှိနေလား ကို "

" နည်းနည်း "

" ဟန်နီ့ကိုပြောပြလေ တစ်ယောက်ထဲအဖြေထုတ်မရမယ့်အတူတူ နှစ်ယောက်ပေါင်းပြီးအဖြေရှာလိုက်ရင် အဆင်ပြေသွားမှာပါ "

ဟန်နီ့စကားကြောင့်ထက်မြတ်တွေဝေသွားသည် ။ ဒီလိုကိစ္စမျိုးက ပြောပြလို့ရောသင့်ပါရဲ့လား ။ ဟန်နီကရော သဘောထားကြီးကြီးနဲ့ ဒီလိုကိစ္စအထိကို ကူညီနိုင်ပါ့မလား ။ လား ပေါင်းများစွားသော အမေးစကားတွေရဲ့နောက်မှာ ဆုံးဖြတ်ချက်တစ်ခုကိုအခိုင်အမာချကာ ဟန့်နီ့ဆီကအကူညီယူဖို့ဆုံးဖြတ်လိုက်သည် ။

" ကိုယ်ကောင်မလေးတစ်ယောက်ကိုချစ်မိနေပြီ ဒါပေမယ့် ကိုယ့်အရင်သူ့ကိုဖွင့်ပြောထားတဲ့သူရှိတယ် မိန်းမချောကလဲ အဲ့ကောင်ဘက်ကိုသိသိသာသာပါနေတယ်ကွာ ပိုဆိုးတာက အဲ့ကောင်ကကိုယ်နဲ့ကျောင်းတော်ကတည်းကပြိုင်ဘက်တွေပေါ့ သူကအမြဲကိုယ့်ထက်သာနေတယ် ခုလဲသူနဲ့ယှဥ်ပြီးကိုယ်ထပ်ရှုံးရအုံးမယ်ထင်တယ် ကိုယ်မရှုံးချင်တော့ဘူးဟန်နီ တခါလောက်တော့ ကိုယ်အနိုင်လိုချင်မိတယ် "

စကားအရှည်ကြီးရဲ့အဆုံးမှာ လက်ထဲကိုင်ထားသော အရက်ခွက်ကို တကျိုက်ထဲမော့ချပစ်လိုက်သည် ။ ပြင်းရှရှအရသာက ရင်ထဲကအပူမီးတွေကိုမတိုက်ထုတ်နိုင် ။

" ကိုက Third person ဖြစ်နေတာပေါ့ "

" အင်း "

တွေးဆဆဖြင့် ဟန်နီ့လက်ထဲကဝိုင်ခွက်ထဲကဝိုင်တွေကို ဖြည်းဖြည်းချင်းအရသာခံသောက်ကာ ခွက်ထဲကဝိုင်ကုန်သွားတော့ စားပွဲပေါ်ခွက်အလွတ်တင်ကာ ထက်မြတ်ရဲ့ဘေးနားကိုကပ်သွားပြီး လက်မောင်းကိုချိတ်တွယ်လျက် ပခုံးကိုမှီလို့ခေါင်းမော့ကာပြုံးပြလိုက်သည် ။

" အဲ့အတွက်မပူနဲ့တော့ ဟန်နီကူညီမယ် "

" ကျေးဇူးပါဟန်နီလေး "

" ချက်ချင်းနော် "

" ဒီညတော့ ဒီလောက်ပဲလေနော်ကိုယ်ပင်ပန်းနေပြီ "

" ဟုတ်ပါပြီရှင် "

ပြွတ်စ်

နှုတ်ခမ်းကိုတစ်ချက်နမ်းကာ အခန်းထဲကထွက်သွားသော ထက်မြတ် ။

............

ဒေါက် ဒေါက်

တံခါးနှစ်ချက်ဆင့်ခေါက်ကာ ပိုး စျာန့်အခန်းထဲသို့ဝင်လာခဲ့သည် ။ အခန်းထဲရောက်တော့ စားပွဲမှာ ငြိမ်သက်စွာစာလုပ်နေသောစျာန့်ဘေးက ခုံလွတ်မှာ ပိုး ဝင်ထိုင်လိုက်ပြီး ပါလာသည့်အိတ်ကိုတစ်ဖတ်ခုံပေါ်တင်ကာ စျာန် လုပ်နေသောစာကို တချက်အကဲခတ်ကြည့်လိုက်သည် ။ ဓာတုဗေဒမေးခွန်းဟောင်းတွေတွက်နေတာဖြစ်ပြီး
ဘေးမှာချထားသောအကြမ်းစာအုပ်တစ်အုပ်ကို ယူကြည့်လိုက်သောအခါ ရူပဗေဒမေးခွန်းဟောင်းတွေတွက်ထားတာ အကြမ်းစာအုပ်တစ်အုပ်နှင့်အပြည့် ။ စျာန့်ရဲ့ခုလိုကြိုးကြိုးစားစားလုပ်နေပုံတွေကြောင့် ပိုး အံ့သြရသလို ကျေနပ်ပီတိဖြစ်မိသည် ။ ထိုစဥ် စျာန့်အသံခပ်သြသြကြားကာမှ ပိုး သတိဝင်လာသည် ။

" မောင်တော်တယ်မလားငယ် "

" အင်း တော်တယ် "

ဘောပင်ကိုလက်ကချကာ ခန္ဓာကိုယ်တစ်ခြမ်း ပိုးဘက်လှည့်ကာ မျက်လုံးချင်းဆုံလျက်ပြောနေသော စျာန်ကြောင့် မနေ့ကဖုန်းပြောတဲ့ကိစ္စကိုတောင်သတိရသွားမိသည် ။

" အဲ့တာဆိုဆုချလေ "

" တော်ပြီ အပိုတွေပြောမနေနဲ့ "

" မနေ့ကလိုမပြောခိုင်းတော့ဘူး ဒီတခါတကယ် ကတိပေးတယ် "

စျာန့်စကားကြောင့် ပိုး တွေဝေသွားပြီး မနေ့ကလိုမဟုတ်ရင်တော့ စျာန်လဲစာလုပ်ဖြစ်မည့်အရေးဆိုရင် ပိုးတတ်နိုင်တာလေး လုပ်ပေးမိမှာဖြစ်သည် ။

" အဲ့တာဆိုပြီးရော ဘယ်လိုဆုမျိုးလိုချင်တာလဲ "

မှဲ့ညိုလေးဆီမှ လက်ခံစကားကြားရသည်နှင့် စျာန့်မျက်နှာပြုံးဖြီးသွားကာ မှဲ့ညိုလေးမျက်နှာနားကပ်လာပြီး တစ်လက်မအကွာသာသောအကွာအဝေးကနေ မျက်လုံးချင်းဆုံပြီး

" မောင်စာတစ်ခန်းလုပ်ပြီးတိုင်းငယ့်ကိုတစ်ခါနမ်းခွင့်ရမယ့် ticket လေး တောင်းမလို့ပါဗျ "

စျာန့်စကားကြောင့် ပိုးမျက်လုံးပြူးသွားပြီး အနီးကပ်မြင်နေတဲ့ စျာန့်ဆီကဝင်သက်ထွက်သက်နွေးနွေးကလေးက ပိုးမျက်နှာသို့ လာရောက်ထိခတ်တဲ့အခါ နှုတ်ခမ်းလေးဖိကိုက်လို့ မျက်လွှာလေးအောက်ချကာ ရင်ခုန်သံကိုတစ်ဖက်လူမကြားစေရန် စကားလမ်းကြောင်းလွှဲလိုက်သည် ။

" အပိုတွေပြောမနေပဲစာလုပ်မယ် "

မှဲ့ညိုလေးစကားကြောင့် စျာန့်မျက်နှာညိုးကျသွားရသည် ။ ထိုစဥ် နူးညံ့အိစက်သော အထိအတွေ့လေးကြောင့် စျာန်ပြုံးမိသွားသည် ။

စျာန်ဖယ်သွားသည်အထင်နှင့် ပိုးခေါင်းမော့လိုက်တဲ့အခါ စျာန့်နှုတ်ခမ်းနဲ့ထိကပ်သွားပြီး ပါးလေးနှစ်ဖက်ရဲတတ်သွားကာ မျက်လုံးလေးပြူးကျယ်သွား၏ ။ ဒါကိုပင် စျာန်ကသဘောကျကျေနပ်နေဟန်မဖယ်ခွာပဲရှိနေတာကြောင့် ပိုးစျာန့်ရင်ဘတ်ကိုတွန်းထုတ်ကာ ဖယ်ခွာစေလိုက်သည် ။ ဒါကိုပင် မျက်တောင်မခတ်စတမ်းကြည့်ကာ အပြုံးမပြတ်သောစျာန့်ကို စိတ်ရှိလက်ရှိသာထုပစ်ချင်မိသည် ။

" စာလုပ်လေ "

" မောင်လိုချင်တာလေးပေးမှာလား "

" ဘာလို့ပေးရမှာလဲ အဆင့်တွေအရမ်းတတ်လာတယ်နော်စျာန် "

" ရက်စက်တော့မှာလား ကလေးကို "

" ဘာကလေးလဲ တော်ပြီစာလုပ် ဆက်ပြောရင်စိတ်ဆိုးတော့မှာ "

စိတ်ဆိုးတော့မှာဆိုသောစကားရဲ့နောက် စျာန့်အသံတိခနဲတိတ်ကျသွားကာ အခန်းထဲဝယ် အသက်ရှူသံနှင့် စာရွက်သံဘောပင်သံများသာကြားရတော့သည် ။ စျာန့်ရဲ့ခေါင်းမဖော်နိုင်အောင်စာလုပ်နေပုံကိုကြည့်ကာ စာအုပ်ကလေးဖြင့်မျက်နှာကွယ်လို့ စျာန်မမြင်အောင်ပိုးခိုးပြုံးမိလိုက်သည် ။

မှဲ့ညိုလေးကိုမျက်လုံးထောင့်ကနေ ခိုးကြည့်နေသော စျာန်ကတော့ မှဲ့ညိုလေးလုပ်သမျှအားလုံးမြင်ကာ သဘောတကျခိုးပြုံးမိတာကိုလဲ မှဲ့ညိုလေးကတော့မမြင်ပေ ။

...........

စျာန်တို့စာမေးပွဲဖြေဆိုရန် ရက်သတ္တပတ် ၁ပတ်သာလိုတော့သည် ။ စျာန့်ကိုတစ်ယောက်ထဲအိမ်မှာစာကျက်စေပြီး ပိုးကတော့ မသွားတော့ပေ ။ နားမလည်တာရှိလို့ ဖုန်းဆက်မေးမှသာဖြေကြားပေးရမည်ဖြစ်သည် ။

ပိုး စျာန့်ဆီစာမသင်ရတဲ့ရက်တွေမှာ ထက်မြတ်ကပိုးဆီမကြာခဏလာတတ်ပြီး လက်ဆောင်ပစ္စည်းတွေယူယူလာတတ်ပြီး မယူလာဖို့ပြောလဲမရ ။ အပြင်ထွက်ပြီးမုန့်စားဖို့ခေါ်တိုင်းလဲ ပိုးဘက်ကငြင်းတတ်သည် ။

ခုလဲထက်မြတ်မိန်းမချော အိမ်ရောက်နေပြီး ရောက်တတ်ရာရာပြောနေရာမှ မိမိကိုရှောင်ဖယ်ရှောင်ဖယ်လုပ်နေသော မိန်းမချောကို ခေါ်လိုက်သည် ။

" မိန်းမချော "

ခေါ်လိုက်တော့လဲ အပြစ်ကင်းဖြူစင်စွာကြည့်လာသူ မိန်းမချောမျက်နှာလေးကြောင့် မေးရမည့်မေးခွန်းတွေက ထွက်မလာနိုင်ပဲ လည်ချောင်းဝတွင်တစ်စို့နေလေ၏ ။ သို့ပေသည့် ထုတ်မေးရမည့်မေးခွန်းကိုတော့ ဆက်မေးလိုက်သည် ။

" ကျွန်တော့အတွက်အခွင့်အရေးနည်းနည်းလေးတောင်မရှိတော့ဘူးလားဗျ "

ထက်မြတ်ရဲ့အမေးစကားကြောင့် ပိုးပွင့်ပွင်းလင်းလင်းပဲပြောလိုက်သည် ။ အားနာပြီးအချိန်တွေဆွဲနေလို့ တစ်ဖက်လူအတွက်နေရာအသေးလေးတောင် ရှိမလာနိုင်ပဲ ။

" အင်း မရှိဘူးထက်မြတ် "

" ဒီတခါမှာရောအရှုံးသမားကကျွန်တော်ပဲလား "

" ဒီနေရာမှာအနိုင်အရှုံးခွဲလိုက်တာမဟုတ်ဘူးဆိုတာထက်မြတ်သိမှာပါ ထက်မြတ်လဲကိုယ့်အပေါ်ပြန်ချစ်နိုင်မယ့်သူအတွက်ပဲအချိန်ကုန်စေချင်တယ် "

မိန်းမချောရဲ့စကားအဆုံးမှာ ကားသော့ယူပြီးစိတ်မပါလက်မပါခြေလှမ်းတွေဖြင့် ထက်​​​မြတ်အောက်ဆင်းလာခဲ့သည် ။ ကားပေါ်ရောက်သည်အထိ နေရာကမထွက်နိုင်သေးပဲ စတီယာရင်ပေါ်မျက်နှာအပ်ကာ အချိန်တစ်ခုကြာသည်အထိရှိနေပြီ နောက်မှနေရာကမောင်းထွက်လာခဲ့လိုက်သည် ။

4/3/22
10/6/22(Edit Date)


Club တစ္ခု၏ VIP room ထဲတြင္ အရက္ခြက္ကိုကိုင္လ်က္ ဟန္ပါပါထိုင္ကာ မ်က္ခုံးတန္းတြန့္ခ်ိဳးေနပုံက တစ္ခုခုကိုေလးေလးနက္နက္ေတြးေတာေနဟန္ ေကာင္ေလးတစ္ေယာက္ ။ သူ၏ေဘးတြင္ ေ႐ႊဝါေရာင္ဆံပင္အေခြအလိပ္ႀကီးေတြကိုဖားလ်ားခ်ကာ မထူမပါးမိတ္ကပ္သားႏွင့္ မ်က္လုံးမွာeye liner ဆိုးထားၿပီး၊ ရဲေနေအာင္ဆိုးထားေသာႏႈတ္ခမ္းတစ္စုံ ။ ေပါင္လယ္ေလာက္သာရွိေသာကိုယ္က်ပ္ဂါဝန္အနီေရာင္ေတာက္ေတာက္ကိုဝတ္ဆင္ထားၿပီး ရွိုက္ဖိုႀကီးငယ္အသြယ္သြယ္ကိုေဖာ္ျပလ်က္ လွပေသာေကာက္ေၾကာင္းမွာအထင္းသားျဖင့္ ပုရိသတို႔စြဲမက္ဖြယ္ရာ ။

သူ႕နာမည္က ဟန္နီခ်ိဳ ။ မ်ိဳးရိုးျမင့္ထဲကျဖစ္ၿပီး ထက္ျမတ္နဲ႕ နားလည္မႈယူကာ တြဲေနၾကျခင္း ။ တစ္ေယာက္ရဲ႕လိုအပ္ခ်က္ကိုတစ္ေယာက္ကျဖည့္ဆည္းေပးတတ္ၾကသည္ ။ တစ္နည္းအားျဖင့္ Sex partner သက္သက္သာ ။

ေရာက္ကတည္းကတိတ္ဆိတ္ေနတဲ့ထက္ျမတ္ကိုဟန္နီေမးလိုက္သည္ ။

" စိတ္ညစ္စရာရွိေနလား ကို "

" နည္းနည္း "

" ဟန္နီ႕ကိုေျပာျပေလ တစ္ေယာက္ထဲအေျဖထုတ္မရမယ့္အတူတူ ႏွစ္ေယာက္ေပါင္းၿပီးအေျဖရွာလိုက္ရင္ အဆင္ေျပသြားမွာပါ "

ဟန္နီ႕စကားေၾကာင့္ထက္ျမတ္ေတြေဝသြားသည္ ။ ဒီလိုကိစၥမ်ိဳးက ေျပာျပလို႔ေရာသင့္ပါရဲ႕လား ။ ဟန္နီကေရာ သေဘာထားႀကီးႀကီးနဲ႕ ဒီလိုကိစၥအထိကို ကူညီနိုင္ပါ့မလား ။ လား ေပါင္းမ်ားစြားေသာ အေမးစကားေတြရဲ႕ေနာက္မွာ ဆုံးျဖတ္ခ်က္တစ္ခုကိုအခိုင္အမာခ်ကာ ဟန့္နီ႕ဆီကအကူညီယူဖို႔ဆုံးျဖတ္လိုက္သည္ ။

" ကိုယ္ေကာင္မေလးတစ္ေယာက္ကိုခ်စ္မိေနၿပီ ဒါေပမယ့္ ကိုယ့္အရင္သူ႕ကိုဖြင့္ေျပာထားတဲ့သူရွိတယ္ မိန္းမေခ်ာကလဲ အဲ့ေကာင္ဘက္ကိုသိသိသာသာပါေနတယ္ကြာ ပိုဆိုးတာက အဲ့ေကာင္ကကိုယ္နဲ႕ေက်ာင္းေတာ္ကတည္းကၿပိဳင္ဘက္ေတြေပါ့ သူကအၿမဲကိုယ့္ထက္သာေနတယ္ ခုလဲသူနဲ႕ယွဥ္ၿပီးကိုယ္ထပ္ရႈံးရအုံးမယ္ထင္တယ္ ကိုယ္မရႈံးခ်င္ေတာ့ဘူးဟန္နီ တခါေလာက္ေတာ့ ကိုယ္အနိုင္လိုခ်င္မိတယ္ "

စကားအရွည္ႀကီးရဲ႕အဆုံးမွာ လက္ထဲကိုင္ထားေသာ အရက္ခြက္ကို တက်ိဳက္ထဲေမာ့ခ်ပစ္လိုက္သည္ ။ ျပင္းရွရွအရသာက ရင္ထဲကအပူမီးေတြကိုမတိုက္ထုတ္နိုင္ ။

" ကိုက Third person ျဖစ္ေနတာေပါ့ "

" အင္း "

ေတြးဆဆျဖင့္ ဟန္နီ႕လက္ထဲကဝိုင္ခြက္ထဲကဝိုင္ေတြကို ျဖည္းျဖည္းခ်င္းအရသာခံေသာက္ကာ ခြက္ထဲကဝိုင္ကုန္သြားေတာ့ စားပြဲေပၚခြက္အလြတ္တင္ကာ ထက္ျမတ္ရဲ႕ေဘးနားကိုကပ္သြားၿပီး လက္ေမာင္းကိုခ်ိတ္တြယ္လ်က္ ပခုံးကိုမွီလို႔ေခါင္းေမာ့ကာၿပဳံးျပလိုက္သည္ ။

" အဲ့အတြက္မပူနဲ႕ေတာ့ ဟန္နီကူညီမယ္ "

" ေက်းဇူးပါဟန္နီေလး "

" ခ်က္ခ်င္းေနာ္ "

" ဒီညေတာ့ ဒီေလာက္ပဲေလေနာ္ကိုယ္ပင္ပန္းေနၿပီ "

" ဟုတ္ပါၿပီရွင္ "

ႁပြတ္စ္

ႏႈတ္ခမ္းကိုတစ္ခ်က္နမ္းကာ အခန္းထဲကထြက္သြားေသာ ထက္ျမတ္ ။

............

ေဒါက္ ေဒါက္

တံခါးႏွစ္ခ်က္ဆင့္ေခါက္ကာ ပိုး စ်ာန့္အခန္းထဲသို႔ဝင္လာခဲ့သည္ ။ အခန္းထဲေရာက္ေတာ့ စားပြဲမွာ ၿငိမ္သက္စြာစာလုပ္ေနေသာစ်ာန့္ေဘးက ခုံလြတ္မွာ ပိုး ဝင္ထိုင္လိုက္ၿပီး ပါလာသည့္အိတ္ကိုတစ္ဖတ္ခုံေပၚတင္ကာ စ်ာန္ လုပ္ေနေသာစာကို တခ်က္အကဲခတ္ၾကည့္လိုက္သည္ ။ ဓာတုေဗဒေမးခြန္းေဟာင္းေတြတြက္ေနတာျဖစ္ၿပီး
ေဘးမွာခ်ထားေသာအၾကမ္းစာအုပ္တစ္အုပ္ကို ယူၾကည့္လိုက္ေသာအခါ ႐ူပေဗဒေမးခြန္းေဟာင္းေတြတြက္ထားတာ အၾကမ္းစာအုပ္တစ္အုပ္ႏွင့္အျပည့္ ။ စ်ာန့္ရဲ႕ခုလိုႀကိဳးႀကိဳးစားစားလုပ္ေနပုံေတြေၾကာင့္ ပိုး အံ့ၾသရသလို ေက်နပ္ပီတိျဖစ္မိသည္ ။ ထိုစဥ္ စ်ာန့္အသံခပ္ၾသၾသၾကားကာမွ ပိုး သတိဝင္လာသည္ ။

" ေမာင္ေတာ္တယ္မလားငယ္ "

" အင္း ေတာ္တယ္ "

ေဘာပင္ကိုလက္ကခ်ကာ ခႏၶာကိုယ္တစ္ျခမ္း ပိုးဘက္လွည့္ကာ မ်က္လုံးခ်င္းဆုံလ်က္ေျပာေနေသာ စ်ာန္ေၾကာင့္ မေန႕ကဖုန္းေျပာတဲ့ကိစၥကိုေတာင္သတိရသြားမိသည္ ။

" အဲ့တာဆိုဆုခ်ေလ "

" ေတာ္ၿပီ အပိုေတြေျပာမေနနဲ႕ "

" မေန႕ကလိုမေျပာခိုင္းေတာ့ဘူး ဒီတခါတကယ္ ကတိေပးတယ္ "

စ်ာန့္စကားေၾကာင့္ ပိုး ေတြေဝသြားၿပီး မေန႕ကလိုမဟုတ္ရင္ေတာ့ စ်ာန္လဲစာလုပ္ျဖစ္မည့္အေရးဆိုရင္ ပိုးတတ္နိုင္တာေလး လုပ္ေပးမိမွာျဖစ္သည္ ။

" အဲ့တာဆိုၿပီးေရာ ဘယ္လိုဆုမ်ိဳးလိုခ်င္တာလဲ "

မွဲ႕ညိုေလးဆီမွ လက္ခံစကားၾကားရသည္ႏွင့္ စ်ာန့္မ်က္ႏွာၿပဳံးၿဖီးသြားကာ မွဲ႕ညိုေလးမ်က္ႏွာနားကပ္လာၿပီး တစ္လက္မအကြာသာေသာအကြာအေဝးကေန မ်က္လုံးခ်င္းဆုံၿပီး

" ေမာင္စာတစ္ခန္းလုပ္ၿပီးတိုင္းငယ့္ကိုတစ္ခါနမ္းခြင့္ရမယ့္ ticket ေလး ေတာင္းမလို႔ပါဗ် "

စ်ာန့္စကားေၾကာင့္ ပိုးမ်က္လုံးျပဴးသြားၿပီး အနီးကပ္ျမင္ေနတဲ့ စ်ာန့္ဆီကဝင္သက္ထြက္သက္ႏြေးႏြေးကေလးက ပိုးမ်က္ႏွာသို႔ လာေရာက္ထိခတ္တဲ့အခါ ႏႈတ္ခမ္းေလးဖိကိုက္လို႔ မ်က္လႊာေလးေအာက္ခ်ကာ ရင္ခုန္သံကိုတစ္ဖက္လူမၾကားေစရန္ စကားလမ္းေၾကာင္းလႊဲလိုက္သည္ ။

" အပိုေတြေျပာမေနပဲစာလုပ္မယ္ "

မွဲ႕ညိုေလးစကားေၾကာင့္ စ်ာန့္မ်က္ႏွာညိုးက်သြားရသည္ ။ ထိုစဥ္ ႏူးညံ့အိစက္ေသာ အထိအေတြ႕ေလးေၾကာင့္ စ်ာန္ၿပဳံးမိသြားသည္ ။

စ်ာန္ဖယ္သြားသည္အထင္ႏွင့္ ပိုးေခါင္းေမာ့လိုက္တဲ့အခါ စ်ာန့္ႏႈတ္ခမ္းနဲ႕ထိကပ္သြားၿပီး ပါးေလးႏွစ္ဖက္ရဲတတ္သြားကာ မ်က္လုံးေလးျပဴးက်ယ္သြား၏ ။ ဒါကိုပင္ စ်ာန္ကသေဘာက်ေက်နပ္ေနဟန္မဖယ္ခြာပဲရွိေနတာေၾကာင့္ ပိုးစ်ာန့္ရင္ဘတ္ကိုတြန္းထုတ္ကာ ဖယ္ခြာေစလိုက္သည္ ။ ဒါကိုပင္ မ်က္ေတာင္မခတ္စတမ္းၾကည့္ကာ အၿပဳံးမျပတ္ေသာစ်ာန့္ကို စိတ္ရွိလက္ရွိသာထုပစ္ခ်င္မိသည္ ။

" စာလုပ္ေလ "

" ေမာင္လိုခ်င္တာေလးေပးမွာလား "

" ဘာလို႔ေပးရမွာလဲ အဆင့္ေတြအရမ္းတတ္လာတယ္ေနာ္စ်ာန္ "

" ရက္စက္ေတာ့မွာလား ကေလးကို "

" ဘာကေလးလဲ ေတာ္ၿပီစာလုပ္ ဆက္ေျပာရင္စိတ္ဆိုးေတာ့မွာ "

စိတ္ဆိုးေတာ့မွာဆိုေသာစကားရဲ႕ေနာက္ စ်ာန့္အသံတိခနဲတိတ္က်သြားကာ အခန္းထဲဝယ္ အသက္ရႉသံႏွင့္ စာ႐ြက္သံေဘာပင္သံမ်ားသာၾကားရေတာ့သည္ ။ စ်ာန့္ရဲ႕ေခါင္းမေဖာ္နိုင္ေအာင္စာလုပ္ေနပုံကိုၾကည့္ကာ စာအုပ္ကေလးျဖင့္မ်က္ႏွာကြယ္လို႔ စ်ာန္မျမင္ေအာင္ပိုးခိုးၿပဳံးမိလိုက္သည္ ။

မွဲ႕ညိုေလးကိုမ်က္လုံးေထာင့္ကေန ခိုးၾကည့္ေနေသာ စ်ာန္ကေတာ့ မွဲ႕ညိုေလးလုပ္သမွ်အားလုံးျမင္ကာ သေဘာတက်ခိဳးၿပဳံးမိတာကိုလဲ မွဲ႕ညိုေလးကေတာ့မျမင္ေပ ။

...........

စ်ာန္တို႔စာေမးပြဲေျဖဆိုရန္ ရက္သတၱပတ္ ၁ပတ္သာလိုေတာ့သည္ ။ စ်ာန့္ကိုတစ္ေယာက္ထဲအိမ္မွာစာက်က္ေစၿပီး ပိုးကေတာ့ မသြားေတာ့ေပ ။ နားမလည္တာရွိလို႔ ဖုန္းဆက္ေမးမွသာေျဖၾကားေပးရမည္ျဖစ္သည္ ။

ပိုး စ်ာန့္ဆီစာမသင္ရတဲ့ရက္ေတြမွာ ထက္ျမတ္ကပိုးဆီမၾကာခဏလာတတ္ၿပီး လက္ေဆာင္ပစၥည္းေတြယူယူလာတတ္ၿပီး မယူလာဖို႔ေျပာလဲမရ ။ အျပင္ထြက္ၿပီးမုန့္စားဖို႔ေခၚတိုင္းလဲ ပိုးဘက္ကျငင္းတတ္သည္ ။

ခုလဲထက္ျမတ္မိန္းမေခ်ာ အိမ္ေရာက္ေနၿပီး ေရာက္တတ္ရာရာေျပာေနရာမွ မိမိကိုေရွာင္ဖယ္ေရွာင္ဖယ္လုပ္ေနေသာ မိန္းမေခ်ာကို ေခၚလိုက္သည္ ။

" မိန္းမေခ်ာ "

ေခၚလိုက္ေတာ့လဲ အျပစ္ကင္းျဖဴစင္စြာၾကည့္လာသူ မိန္းမေခ်ာမ်က္ႏွာေလးေၾကာင့္ ေမးရမည့္ေမးခြန္းေတြက ထြက္မလာနိုင္ပဲ လည္ေခ်ာင္းဝတြင္တစ္စို႔ေနေလ၏ ။ သို႔ေပသည့္ ထုတ္ေမးရမည့္ေမးခြန္းကိုေတာ့ ဆက္ေမးလိုက္သည္ ။

" ကြၽန္ေတာ့အတြက္အခြင့္အေရးနည္းနည္းေလးေတာင္မရွိေတာ့ဘူးလားဗ် "

ထက္ျမတ္ရဲ႕အေမးစကားေၾကာင့္ ပိုးပြင့္ပြင္းလင္းလင္းပဲေျပာလိုက္သည္ ။ အားနာၿပီးအခ်ိန္ေတြဆြဲေနလို႔ တစ္ဖက္လူအတြက္ေနရာအေသးေလးေတာင္ ရွိမလာနိုင္ပဲ ။

" အင္း မရွိဘူးထက္ျမတ္ "

" ဒီတခါမွာေရာအရႈံးသမားကကြၽန္ေတာ္ပဲလား "

" ဒီေနရာမွာအနိုင္အရႈံးခြဲလိုက္တာမဟုတ္ဘူးဆိုတာထက္ျမတ္သိမွာပါ ထက္ျမတ္လဲကိုယ့္အေပၚျပန္ခ်စ္နိုင္မယ့္သူအတြက္ပဲအခ်ိန္ကုန္ေစခ်င္တယ္ "

မိန္းမေခ်ာရဲ႕စကားအဆုံးမွာ ကားေသာ့ယူၿပီးစိတ္မပါလက္မပါေျခလွမ္းေတြျဖင့္ ထက္​​​ျမတ္ေအာက္ဆင္းလာခဲ့သည္ ။ ကားေပၚေရာက္သည္အထိ ေနရာကမထြက္နိုင္ေသးပဲ စတီယာရင္ေပၚမ်က္ႏွာအပ္ကာ အခ်ိန္တစ္ခုၾကာသည္အထိရွိေနၿပီ ေနာက္မွေနရာကေမာင္းထြက္လာခဲ့လိုက္သည္ ။

4/3/22
10/6/22(Edit Date)


Continuă lectura

O să-ți placă și

6.3K 486 40
အရောင်တွေကင်းမဲ့တဲ့ ဖယောင်းတိုင်လေးမှာ တစ်သက်တာထာဝရ ကိုယ့်အချစ်မီးစာလေး ထွန်းညှိလို့ထားချင်သည်... Main character-ပိုင်စိုးသူ❤ဖယောင်းဖြူ A/N:Ukeအလှလေး...
1.2M 63.4K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
4.8M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
351K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...