Transmigrator meets reincarna...

By Larkspur41

99.3K 19.6K 978

Title: Transmigrator meets reincarnator Not my own story.Just translation. Credits to: Written by:Snow Mounta... More

108 (part 1)
108 (part 2)
109 (part 1)
109(part 2)
110(part 1)
110 (part 2 )
111(part 1)
111(part 2)
112(part 1)
112(part 2)
113(part 1)
113(part 2)
114(part 1)
114(part 2)
115(part 1)
115(part 2)
116(part 1)
116(part 2)
117(part 1)
117(part 2)
118(part 1)
118(part 2)
119(part 1)
119(part 2)
120(part 1)
120(part 2)
121(part 1)
121( part2 )
122(part 1)
122(part 2)
123(part 1)
123(part 2)
124(part 1)
124(part 2)
125(part 1)
125(part 2)
126(part 1)
126(part 2)
127(part 1)
127(part 2)
128
129
130
131
132
133
134
135
136
137
138
139
New Trans
140
141
142
143
144
145
146
147
148
149
150
152
153
154

151

1.2K 221 11
By Larkspur41

Unicode

ရှောင်ယန်က ချူးလျန်နောက်ပါးမှာ ရိုရိုသေသေနဲ့ ရပ်နေပေမယ့် သူမ နှုတ်ခမ်းပါးတွေက ကော့တက်နေပြီ။

ဝမ်လန်ကတော့ မျက်လုံးတွေ ပြူးကျယ်လာပြီး ဒေါသကို ထိန်းနိုင်ဖို့ရာ သူမ နှုတ်ခမ်းကို ပြန်ကိုက်ထားနေရတယ်၊

မျက်စိတမှိတ်အတွင်းမှာဘဲ လေထုက ထူးထူးဆန်းဆန်းကြီး ဖြစ်သွားတယ်၊ ရုတ်တရက်ဘဲ ချူးလျန်က ပြုံးလိုက်တယ်၊နောက်ပြီးအလေးမစိုက်တဲ့ပုံစံနဲ့ပြောလာတယ် "ဘာတွေကြောင်ငေးကြည့်နေကြတာလဲ သွားကြမယ်"

လက်ထောက်တပ်သားက လျှင်မြန်စွာနဲ့ထပ်ပေါင်းပြောလိုက်တယ် "ဟုတ်တယ်၊ သွားကြရအောင်အပြင်မှာအေးလွန်းတယ်ကြည့်ရတာနှင်းကျတော့မယ့်ပုံဘဲနွေးသွားအောင်တဲထဲကိုအမြန်သွားသင့်တယ်"

တဲအရှေ့က အမျိုးသမီးတပ်သားတွေက ချူးလျန်တို့အဖွဲ့ကို သတိမပြုမိဘဲနဲ့ အိမ်မှုကိစ္စတွေနဲ့ အလုပ်များနေကြတယ်၊ သူတို့တွေက အဝတ်တွေကို လျှော်ဖွတ်နေရင်းနဲ့ အချင်းချင်းစကားစမြည်ပြောဆိုနေကြပီးကျယ်လောင်တဲ့ရယ်မောသံတွေကတစ်ခါတရံပေါ်ထွက်လာတယ် ။

အမျိုးသားလက်ထောက်ရဲ့ အဆင့်အတန်းက သိပ်ပြီး မြင့်မားလှတာမဟုတ်လှဘူး၊ နောက်ပြီး ဒီအမျိုးသမီးစစ်သည်တွေကလည်း စစ်သူကြီးစီမာလက်အောက်က လူတွေဖြစ်နေတော့ မတော်တဆ လမ်းမှာ တိုက်မိခိုက်မိရင်တောင် သူတို့က မျက်နှာသာ‌ေပးကြရတယ်၊ ဒီတော့ ဒီအမျိုးသမီး စစ်သည်တွေကို မောင်းထုတ်လိုက်ဖို့ အမိန့်အာဏာက သူ့မှာရှိမနေဘူး။

အမျိုးသမီးကျင်းယီကိုယ်တိုင်ကတောင် ဒီအမျိုးသမီးစစ်သည်တွေနဲ့ပတ်သတ်ပြီး ဘာမှပြောမနေမှတော့ သူလည်း ထွေထွေထူးထူး ဘာမှလုပ်မနေတော့ဘူး။

လက်ထောက်တပ်သားလေးကတော့ ချူးလျန်ကို တလှည့် အမျိုးသမီးစစ်သည်တွေကို တလှည့်ကြည့်ရင်းနဲ့ ရင်ဘက်ထဲမှာ ပိုပိုနာကျင်လာရသလိုဘဲ၊ ဒါကို ရိုးရိူးရှင်းရှင်းတာဝန်လေးလို့ ထင်ထားခဲ့တာ အခုလိုတွေဖြစ်နေမယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ။

နောက်ကျရင်တော့ ခေါင်းဆောင်ဟေးဆီကနေ နစ်နာကြေး ပြန်တောင်းရမှာအသေအချာဘဲ။

ချူးလျန်တို့အဖွဲ့တဲနားကို နီးကပ်လာတာနဲ့အမျှ အမျိုးသမီးစစ်သည်တို့ရဲ့ စကားသံတွေကို အသေအချာကြားလာရတယ်။

တဲနားနီးကပ်လာတာနဲ့အမျှ ဝမ်ချင်းရဲ့ အမူအရာတွေက ပိုပြီးအေးစက်လာတယ်၊ သူမ စိတ်ထဲ ချက်ချင်းဘဲ ပြေးထွက်ပြီး အဲ့လူတွေကို ဆူပူကြိမ်းမောင်းပစ်လိုက်ချင်တယ်၊ ဒါပေမယ့် ချူးလျန်က လက်တဖက်နဲ့ သူမကို ပြန်ဆွဲထားတယ်။

" ငါတို့ရဲ့ စစ်သူကြီးက ခေါင်းဆောင်ဟေးအပေါ် အရမ်းကောင်းတာဘဲနော် "

" မဟုတ်လို့လား၊ ခေါင်းဆောင်ဟေးကလည်း အရင်တခေါက်ရှေ့တန်းထွက်တုန်းက ငါတို့ရဲ့ စစ်သူကြီးကို အသက်နဲ့လဲပြီး ကယ်တင်ပေးခဲ့တာလေ၊ ဒီတော့ ငါတို့စစ်သူကြီးက သူ့ကို ကောင်းကောင်းဆက်ဆံမှာပေါ့ "

" အရင်တုန်းက ငါမသိခဲ့ပေမယ့် ခေါင်းဆောင်ဟေးက အရမ်းအရည်အချင်းရှိတာဘဲ "

" ငါပြောရရင်တော့ ငါတို့စစ်သူကြီးနဲ့ခေါင်းဆောင်ဟေးကအလိုက်ဖက်ဆုံးစုံတွဲနဲ့တူတယ်၊ သူတို့နှစ်ယောက်လုံးကစစ်တပ်မိသားစုကနေမွေးဖွားလာကြတာလေအနာဂတ်ကျရင်ငါတို့စစ်သူကြီးက ခေါင်းဆောင်ဟေးနဲ့အတူရှိနေလောက်တယ်"

"ဒါ‌ေပမဲ့ငါကြားတာတော့ခေါင်းဆောင်ဟေးကလက်ထပ်ပြီးပြီတဲ့"

"ဟမ့်၊ ခေါင်းဆောင်ဟေးရဲ့လက်ရှိမိန်းမကဆင်းရဲတဲ့မျိူးရိုးမြင့်သခင်မလေးပါဘဲအဲ့လိုလူမျိူးက ငါတို့စစ်သူကြီးနဲ့ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ"

"ဒါတော့မှန်တယ်ငါတို့စစ်သူကြီးနဲ့ခေါင်းဆောင်ဟေးကြားကဆက်ဆံရေး‌ကအရမ်းကောင်းနေတာဘဲကိုမနေ့ကငါတို့စစ်သူကြီးရှေ့တန်းထွက်တော့တောင်ခေါင်းဆောင်ဟေးကစိတ်မချလို့နောက်ကလိုက်သွားတာမို့လား၊မြောက်ပိုင်းကစစ်ပွဲသာပီးသွားရင်ငါတို့စစ်သူကြီးရဲ့မင်္ဂလာအခမ်းအနားကိုတက်ရောက်နေရလောက်တယ်"

"နေခင်းကြောင်တောင်အိမ်မက်မနေဘဲမြန်မြန်လုပ်တော့စစ်သူကြီးပြန်ရောက်လို့ဒီအဝတ်တွေလျှော်မပီးသေးရင်အပစ်ပေးခံရလိမ့်မယ်"

ချူးလျန်ရဲ့မျက်ခုံးတွေကအနည်းငယ်ကျုံ့သွားတယ်၊သူတို့ရဲ့စကားသံတွေကိုကြားကြားချင်းဘဲချူးလျန်ကမသိသလိုနဲ့လမ်းဆက်လျှောက်ပီးတဲဆီကိုဦးတည်သွားလိုက်တယ်။

သူမစိတ်ထဲမှာတော့နှာခေါင်းရှူံ့နေပီ၊ သူမရဲ့အရူးလိုယောကျ်ားကတစ်ခြားသူတွေအတွက်အရမ်းဆွဲဆောင်မှုရှိနေမယ်လို့ ဘယ်သူကထင်မှာလဲ။

စစ်သူကြီးစီမာလိုလူမျိူးတောင်မှသူဆီမှာကျရှူံးနေပီ။

ချူးလျန်ကသူတို့နောက်နားမှာဖြည်းညင်းစွာလိုက်ပါလာတဲ့အမျိူးသမီးလက်ထောက်ကိုတစ်ချက်လှမ်းကြည့်လိုက်တယ်။

သူတို့အဖွဲ့တဲရှေ့ကအမျိူးသမီး စစ်သည်နှစ်ဦးကိုမြင်နိုင်လောက်တဲ့အကွာအဝေးရောက်ခါနီးမှာဘဲရှောင်ယန်ကအမြန်ရှေ့ထွက်သွားပီတော့ဆူပူတော့တယ်။

"နင်တို့ကဒီမှာဘာလုပ်နေကြတာလဲ? ဘာလို့လေ့ကျင့်မနေကြ တာလဲ?ငါတို့ရဲ့စည်းမျဉ်းတွေကိုသေချာသိရက်နဲ့အခုထိအမှားကိုဝန်မခံသေးဘူးလား"

အမျိူးသမီးတပ်သားနှစ်ဦးကရှောင်ယန်ဆီကနေဆူပူခံလိုက်ရတော့ကြောက်လန့်ပြီးမြေပြင်ပေါ်မှာဒူးထောက်နေကြတယ်။

"ဒီအစေခံကမှားသွားပါတယ်၊ အစ်မရှောင်ယန်ကျွန်မတို့အပြစ်ကိုခံယူဖို့ဆန္ဒရှိပါတယ်"

"ငါတို့တပ်ခွဲကိုချက်ချင်းပြန်သွားပြီးတစ်‌ေယာက်ကိုကြိမ်ဒဏ်၁၀ချက်ခံယူလိုက် "ရှောင်ယန်ကအေးစက်စက်နဲ့အမိန့်ပေးလိုက်တယ်။

အမျိူးသမီးတပ်သားတွေက တုန်တုန်ယင်ယင်နဲ့အမိန့်ကိုလက်ခံလိုက်တယ်ဒါပင်မဲ့သူတို့ကထဖို့ငြင်းဆန်နေပြီး ဆက်လက်ဒူးထောက်နေတယ်။

ရှောင်ယန်ရဲ့မျက်နှာအမူအရာကပိုပီလေးနက်သွားတယ်"နင်တို့ကဘာလို့ဆက်ရှိနေကြသေးတာလဲ"

အမျိူးသမီးစစ်သားတွေကသတ္တိကိုစုစည်းပီးမနည်းပြောရတဲ့ပုံနဲ့ပြောလာတယ်"ဒီအစေခံကအမှားကိုသိပီပစ်ဒဏ်ကိုလက်ခံဖို့ဆန္ဒရှိပါတယ်ဒါပင်မဲ့ခေါင်းဆောင်ဟေးရဲ့အဝတ်အစားတွေကအခုထိလျှော်လို့မပီးသေးပါဘူးစစ်သူကြီးသာဒါကိုရှာတွေ့သွားရင်ကျွန်မတို့ပိုပီအပြစ်ပေးခံရပါလိမ့်မယ်"

ချူးလျန်ကဘေးကနေမျက်တောင်တစ်ဖျက်ဖျက်နဲ့ငေးကြည့်နေမိတယ်၊ ဒီအမျိူးသမီးတွေကသရုပ်ဆောင်ခြင်းကိုများစွဲလမ်းနေကြတာလား။

ရှောင်ယန်ရဲ့ပုံစံကစိတ်ဆိုးနေပုံပေါ်နေပင်မဲ့သူမမျက်လုံးထဲမှာပျော်ရွှင်မှုအလင်းတန်းလေးကဖျက်ကနဲ့ပေါ်သွားတယ်၊ သူမပုံစံကအမျိူးသမီးစစ်သည်တွေရဲ့သရုပ်ဆောင်မှုကိုကျေနပ်နေတာအသိသာကြီးဘဲ၊ပြဇာတ်တစ်ခုလုံးပီးအောင်ကြည့်ပီးသွားမှချူးလျန်ကစကားစပြောလိုက်တယ်။

"သူတို့ပြောတာလဲမှန်နေတာဘဲ၊အစရှိမှတော့အဆုံးရှိရမှာပေါ့၊မင်းတို့ကစစ်သူကြီးစီမာရဲ့အမိန့်နဲ့ငါ့
ယောကျ်ားရဲ့အဝတ်တွေကိုလျှော်ဖို့ရှိနေမှတော့ မသွားခင်ပြီးအောင်လုပ်သင့်တယ်"

ရှောင်ယန် က ချူးလျန်စိတ်အလိုမကျဖြစ်ပြီးခြေဆောင့်ထွက်သွားဖို့ကို မျှော်လင့်ထားခဲ့တာ၊ အခုလိုမျိုး သူမရဲ့ လက်အောက်ငယ်သားတွေကိုတောင်မှ ဆက်အမိန့်ပေးပြီး မသိသလိူနေလိမ့်မယ်လို့ စိတ်ကူးထဲတောင်မတွေးထားမိဘူး။

ရှောင်ယန်က ပြန်ပြီးချေပပြောလိုက်ချင်တယ်၊ ဒါပေမယ့် ဒီအမိန့်ကို ပြန်ငြင်းဆန်ဖို့ရာ အကြောင်းပြချက်ကလည်း ရှာလို့မရပြန်ဘူး။

ဒါက မက်မွန်သီးစားဖို့ ကြံမိတာနဲ့တူတယ်၊ မက်မွန်သီးကြီးက ကြည့်ရတာ အရည်ရွှမ်းပြီး ချိုမြိန်အနံ့မွှေးပုံပေါ်နေလို့ စားချင်စိတ်က အငမ်းမရဖြစ်နေရတယ်၊ ဒါပေမယ့် စားချင်လွန်းပြီး အကြီးကြီးကိုက်လိုက်မိတော့ ဝါးမရထွေးမရနဲ့ ဒုက္ခဖြစ်နေရတယ် ။

အမျိုးသမီး စစ်သည်နှစ်ဦးလည်း အလန့်တကြားဖြစ်သွားကြတယ်၊ သူတို့မှာ ပုံမှန်လိုတောင်မတည်ငြိမ်နိုင်ကြတော့ဘဲနဲ့ တိတ်ဆိတ်ကုန်ကြတယိ။

အမျိုးသမီးတပ်သားနှစ်ဦးက အခုထိ မလှုပ်မယှက်ရှိနေတာကိုမြင်တော့ ချူးလျန်က မျက်ခူံးတွေရှုံ့ပြီး အမျိုးသမီးလက်ထောက်ဆီကို လှည့်ကြည့်လိုက်တယ်။

အမျိူးသမီးလက်ထောက်မှာနှလုံးတွေတောင်တုန်သွားတယ်သူမကအံကိုတင်းတင်းကြိတ်ပီးတော့သူမရဲ့လက်အောက်ငယ်သားတွေကိုအဝတ်ဆက်လျှော်ဖို့အမိန့်ပေးရုံအပြင်မတက်နိုင်တော့ဘူး။

အမျိူးသမီးတပ်သားနှစ်ဦးကခေါင်းကိုငုံ့ပီးတော့အဝတ်ကိုဆက်လျှော်နေတယ်၊ဒါ‌ေပမဲ့သူတို့ရဲ့ခံစားချက်ကတော့ အစောပိုင်းတုန်းကနဲ့အကွာကြီးကွာသွားခဲ့ပီ။

ပူနွေးနေတဲ့ရေတွေကအေးစက်လို့နေပြီ၊ဒါ့အပြင်
သူတို့ကတဲရဲ့ဝင်ပေါက်မှာရပ်နေရတော့လေအေး‌ေတွနဲ့အတူနှင်းမှုန်စတွေကတိုက်ခတ်လာတယ်၊ သူတို့ရဲ့လက်တွေကိုရေခဲတမျှအေးစက်နေတဲ့ရေထဲမှာနှစ်ထားရင်းနဲ့အေးလွန်းလို့ခိုက်ခိုက်တုန်နေတယ်၊ ဒါ‌ေပမဲ့သူတို့မှာအံကြိတ်ပီးတော့ဘဲဆက်လုပ်နေရတယ်။

ချူးလျန်ကအမျိူးသမီးစစ်သည်တွေကိုတစ်ချက်‌ေလးမှပြန်လှည့်မကြည့်ဘဲဟေးချန်ဒီရဲ့တဲထဲကိုဝင်သွားလိုက်တယ်။

ခေါင်းဆောင်ကောင်းရဲ့လက်ထောက်ကထိတ်လန့်ပြီးအံအားသင့်နေပင်မဲ့အမူအရာကတော့ပြောင်းလဲသွားချင်မရှိဘူး၊နောက်မှတစ်ဖက်ကိုလှည့်ပြီးအားရ‌ေကျနပ်တဲ့ပုံနဲ့ပြုံးလိုက်မိတယ်၊ အမျိူးသမီးကျင်းယီကဖြစ်စဉ်တစ်လျှောက်လုံးမှာစကားအနည်းငယ်ဘဲပြောသွားပင်မဲ့သူစိတ်ထဲကမချင့်မရဲဖြစ်မှုတွေပြေသွားတယ်လို့ဘာလို့ခံစားနေရတာပါလိမ့်။

သူတို့ရဲ့ညာတောင်ပံတပ်ရင်းကပုံမှန်ဆိုဒီအာဏာရှင်ပန်းပွင့်တွေရဲ့အနိုင်ကျင့်မှုကိုအမြဲခံနေရတယ်
ချူးလျန်နဲ့သူမရဲ့အဖွဲ့တွေတဲထဲဝင်သွားမှဘဲအမျိူးသမီးတပ်သားနှစ်ဦးမှာခေါင်းဖော်နိုင်တော့တယ်။

သူတို့ထဲကတစ်ယောက်ကမကျေနပ်တဲ့လေသံနဲ့ပြောလားတယ်"အမရှောင်ယန် ၊ရေကအရမ်းအေးတာဘဲ"

အမျိူးသမီးလက်ထောက်မှာအံသွားတွေကိုကြိတ်ပြီးပိတ်ချသွားတဲ့တဲကိုစိုက်ကြည့်နေလိုက်တယ်။

သူမက‌ေဆာင့်ကြောင့်ထိုင်ပြီး သူတို့ကိုအားပေးလိုက်တယ်"တောင်းပန်ပါတယ်ငါမင်းတို့ကိုဒီကိစ္စထဲဆွဲသွင်းမိပြီ၊ဒီအဝတ်တွေကိုမင်းတို့နဲ့အတူငါပါကူလျှော်ပေးမယ်ဒါဆိုရင်မင်းတို့မြန်မြန်ပြန်နားလို့ရလိမ့်မယ်"

စကားစပြောတဲ့အမျိူးသမီးစစ်သည်ကသဘောတူလိုက်ပီတော့အမျိူးသမီးသုံးဦးကအဝတ်တွေကိုစပြီးလျှော်ဖွတ်ကြတယ်။

အထွန့်တက်တဲ့ အမျိူးသမီးစစ်သည်လေးက ရှောင်ယန်ရဲ့ ညီမအရင်းဖြစ်တယ်၊ ပုံမှန်ဆို သူမကိုရှောင်ယန်က ပစားပေးလေ့ရှိတော့ သူမက ဘာမှ သိပ်မခံစားရဘူး၊ ရှောင်ယန်က သူမကို တောင်ပံတွေအောက်မှာ တင်းတင်းကျပ်ကျပ်ကာကွယ်ပေးထားလေ့ရှိတော့ အခုလို သူမ ညီမဖြစ်သူခံစားနေရတာတွေ့တော့ အနည်းငယ်လေးတောင် မခံစားနိုင်ဘူး။

အမှန်တကယ်က သစ်သားဇလူံထဲမှာလျှော်ဖွပ်စရာက အများကြီး မရှိလှဘူး၊ သူတို့ တယောက်တထည်စီ လျှေယ်ဖွပ်ပြီးတာနဲ့ အမြန်ဆုံး အဆူံးသတ်လိုက်ကြတယ်၊ လျှော်ရတဲ့ရေတွေက အေးစက်နေပေမယ့်လည်း ဒါက အချိန်အကြာကြီး မဟုတ်လိုက်ဘူး။

သူတို့သုံးယောက်သား အဝတ်တွေလျှော်ဖွပ်ပြီးလို့ ရေတွေ သွန်ပစ်ခါနီးမှာဘဲ တဲရဲ့ လိုက်ကာစက ပွင့်လာပြီးတော့ ဝမ်လန်က သစ်သားဇလုံနဲ့ အပြည့်အဝတ်တွေကိုပစ်ပေးလာတယ်။

" ဒါတွေက အမျိုးသမီးကျင်းယီတွေ့ထားတဲ့ တဲထဲက ညစ်ပေနေတဲ့အဝတ်တွေဘဲ၊ နင်တို့စောစောက ဒါတွေ မေ့သွားတယ်ထင်တယ်၊ အခုဒါတွေကို ဘာလို့ တခါတည်းမလျှော်လိုက်လဲ "

ဝမ်လန်က စကားပြောပြီးတာနဲ့ တဲထဲကို ပြန်ဝင်ပြီး ကြောင်ငေးနေတဲ့ အမျိူးသမီးသုံးဦးကို ချန်ထားခဲ့တယ်။

အမျိုးသမီးတပ်သားတစ်ဦးက ဇလုံထဲမှာ ‌အပြညိ့ဖြစ်နေတဲ့ အဝတ်တွေကို ကြောင်ငေးကြည့်နေမိတယ်၊ ဒီထူထဲလှတဲ့ ခြုံထည်ကြီးကို ကြည့်နေရင်းနဲ့ကို သူမ နှုတ်ခမ်းတွေက တဆက်ဆက်တုန်ယင်လာတယ်။

သူတိူ့က ဒီခြုံထည်အထူကြီးကို ဘယ်လိုလုပ်လျှော်ဖွပ်နိုင်မှာလဲ။

အမျိုးသမီးတပ်သားလေးမှာ မျက်ရည်တွေ ပိုးပိုး‌ေပါက်ပေါက်ကျလာတော့တယ် " အစ်မရှောင်ယန်၊ ဒါတွေကို ထပ်ပြီး မလျှော်တော့ဘဲ ပြန်ကြရအောင်လား"

သူတို့က စစ်သူကြီး စီမာရဲ့ အမိန့်နဲ့ ဒီအဝတ်တွေကို လာလျှော်ရတယ်လို့ အခိုင်အမာဆိုထားပြီးတော့ အခုအမိန့်ကို ဘယ်လိုလုပ် ငြင်းဆန်လိုရနိုင်ပါ့မလဲ၊ အမျိုးသမီးကျင်းယီက လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရတဲ့သူမဟုတ်မှန်းရှောင်ယန် နားလည်သွားပြီ၊ ဒါပေမယ့် သူမမှာ အမျိုးသမီးကျင်းယီကို ဘာမှ ပြန်မတုံ့ပြန်နိုင်ဘူး၊ ကူကယ်ရာမဲ့စွာနဲ့ဘဲ ဗြုန်းစားကြီးရလာတဲ့ တာဝန်ကို အကောင်းဆုံးလုပ်ဖို့ဘဲတတ်နိုင်တော့တယ်။

" စကားပြောမနေကြနဲ့တော့ နင်တို့အားတွေကို အဝတ်လျှော်တဲ့နေရာမှာ သုံးဖို့ ချန်ထားကြ "

( T/N - paid gpဝင်လို့ရနေပါပြီ မတ်လကုန်ထိ အပိုင်း40မှ 1500တည်းပါ wpမှာတော့ တပတ်တပိုင်းတင်ပေးပါ့မယ် )

Zawgyi



ေ႐ွာင္ယန္က ခ်ဴးလ်န္ေနာက္ပါးမွာ ႐ို႐ိုေသေသနဲ႔ ရပ္ေနေပမယ့္ သူမ ႏႈတ္ခမ္းပါးေတြက ေကာ့တက္ေနၿပီ။

ဝမ္လန္ကေတာ့ မ်က္လုံးေတြ ျပဴးက်ယ္လာၿပီး ေဒါသကို ထိန္းႏိုင္ဖို႔ရာ သူမ ႏႈတ္ခမ္းကို ျပန္ကိုက္ထားေနရတယ္၊

မ်က္စိတမွိတ္အတြင္းမွာဘဲ ေလထုက ထူးထူးဆန္းဆန္းႀကီး ျဖစ္သြားတယ္၊ ႐ုတ္တရက္ဘဲ ခ်ဴးလ်န္က ျပဳံးလိုက္တယ္၊ေနာက္ၿပီးအေလးမစိုက္တဲ့ပုံစံနဲ႔ေျပာလာတယ္ "ဘာေတြေၾကာင္ေငးၾကည့္ေနၾကတာလဲ သြားၾကမယ္"

လက္ေထာက္တပ္သားက လွ်င္ျမန္စြာနဲ႔ထပ္ေပါင္းေျပာလိုက္တယ္ "ဟုတ္တယ္၊ သြားၾကရေအာင္အျပင္မွာေအးလြန္းတယ္ၾကည့္ရတာႏွင္းက်ေတာ့မယ့္ပုံဘဲေႏြးသြားေအာင္တဲထဲကိုအျမန္သြားသင့္တယ္"

တဲအေ႐ွ႕က အမ်ိဳးသမီးတပ္သားေတြက ခ်ဴးလ်န္တို႔အဖြဲ႕ကို သတိမျပဳမိဘဲနဲ႔ အိမ္မႈကိစၥေတြနဲ႔ အလုပ္မ်ားေနၾကတယ္၊ သူတို႔ေတြက အဝတ္ေတြကို ေလွ်ာ္ဖြတ္ေနရင္းနဲ႔ အခ်င္းခ်င္းစကားစျမည္ေျပာဆိုေနၾကပီးက်ယ္ေလာင္တဲ့ရယ္ေမာသံေတြကတစ္ခါတရံေပၚထြက္လာတယ္ ။

အမ်ိဳးသားလက္ေထာက္ရဲ႕ အဆင့္အတန္းက သိပ္ၿပီး ျမင့္မားလွတာမဟုတ္လွဘူး၊ ေနာက္ၿပီး ဒီအမ်ိဳးသမီးစစ္သည္ေတြကလည္း စစ္သူႀကီးစီမာလက္ေအာက္က လူေတြျဖစ္ေနေတာ့ မေတာ္တဆ လမ္းမွာ တိုက္မိခိုက္မိရင္ေတာင္ သူတို႔က မ်က္ႏွာသာ‌ေပးၾကရတယ္၊ ဒီေတာ့ ဒီအမ်ိဳးသမီး စစ္သည္ေတြကို ေမာင္းထုတ္လိုက္ဖို႔ အမိန္႔အာဏာက သူ႕မွာ႐ွိမေနဘူး။

အမ်ိဳးသမီးက်င္းယီကိုယ္တိုင္ကေတာင္ ဒီအမ်ိဳးသမီးစစ္သည္ေတြနဲ႔ပတ္သတ္ၿပီး ဘာမွေျပာမေနမွေတာ့ သူလည္း ေထြေထြထူးထူး ဘာမွလုပ္မေနေတာ့ဘူး။

လက္ေထာက္တပ္သားေလးကေတာ့ ခ်ဴးလ်န္ကို တလွည့္ အမ်ိဳးသမီးစစ္သည္ေတြကို တလွည့္ၾကည့္ရင္းနဲ႔ ရင္ဘက္ထဲမွာ ပိုပိုနာက်င္လာရသလိုဘဲ၊ ဒါကို ႐ိုး႐ိူး႐ွင္း႐ွင္းတာဝန္ေလးလို႔ ထင္ထားခဲ့တာ အခုလိုေတြျဖစ္ေနမယ္လို႔ ဘယ္သူက ထင္ထားမိမွာလဲ။

ေနာက္က်ရင္ေတာ့ ေခါင္းေဆာင္ေဟးဆီကေန နစ္နာေၾကး ျပန္ေတာင္းရမွာအေသအခ်ာဘဲ။

ခ်ဴးလ်န္တို႔အဖြဲ႕တဲနားကို နီးကပ္လာတာနဲ႔အမွ် အမ်ိဳးသမီးစစ္သည္တို႔ရဲ႕ စကားသံေတြကို အေသအခ်ာၾကားလာရတယ္။

တဲနားနီးကပ္လာတာနဲ႔အမွ် ဝမ္ခ်င္းရဲ႕ အမူအရာေတြက ပိုၿပီးေအးစက္လာတယ္၊ သူမ စိတ္ထဲ ခ်က္ခ်င္းဘဲ ေျပးထြက္ၿပီး အဲ့လူေတြကို ဆူပူႀကိမ္းေမာင္းပစ္လိုက္ခ်င္တယ္၊ ဒါေပမယ့္ ခ်ဴးလ်န္က လက္တဖက္နဲ႔ သူမကို ျပန္ဆြဲထားတယ္။

" ငါတို႔ရဲ႕ စစ္သူႀကီးက ေခါင္းေဆာင္ေဟးအေပၚ အရမ္းေကာင္းတာဘဲေနာ္ "

" မဟုတ္လို႔လား၊ ေခါင္းေဆာင္ေဟးကလည္း အရင္တေခါက္ေ႐ွ႕တန္းထြက္တုန္းက ငါတို႔ရဲ႕ စစ္သူႀကီးကို အသက္နဲ႔လဲၿပီး ကယ္တင္ေပးခဲ့တာေလ၊ ဒီေတာ့ ငါတို႔စစ္သူႀကီးက သူ႕ကို ေကာင္းေကာင္းဆက္ဆံမွာေပါ့ "

" အရင္တုန္းက ငါမသိခဲ့ေပမယ့္ ေခါင္းေဆာင္ေဟးက အရမ္းအရည္အခ်င္း႐ွိတာဘဲ "

" ငါေျပာရရင္ေတာ့ ငါတို႔စစ္သူႀကီးနဲ႔ေခါင္းေဆာင္ေဟးကအလိုက္ဖက္ဆုံးစုံတြဲနဲ႔တူတယ္၊ သူတို႔ႏွစ္ေယာက္လုံးကစစ္တပ္မိသားစုကေနေမြးဖြားလာၾကတာေလအနာဂတ္က်ရင္ငါတို႔စစ္သူႀကီးက ေခါင္းေဆာင္ေဟးနဲ႔အတူ႐ွိေနေလာက္တယ္"

"ဒါ‌ေပမဲ့ငါၾကားတာေတာ့ေခါင္းေဆာင္ေဟးကလက္ထပ္ၿပီးၿပီတဲ့"

"ဟမ့္၊ ေခါင္းေဆာင္ေဟးရဲ႕လက္႐ွိမိန္းမကဆင္းရဲတဲ့မ်ိဴး႐ိုးျမင့္သခင္မေလးပါဘဲအဲ့လိုလူမ်ိဴးက ငါတို႔စစ္သူႀကီးနဲ႔ဘယ္လိုလုပ္ယွဥ္ႏိုင္မွာလဲ"

"ဒါေတာ့မွန္တယ္ငါတို႔စစ္သူႀကီးနဲ႔ေခါင္းေဆာင္ေဟးၾကားကဆက္ဆံေရး‌ကအရမ္းေကာင္းေနတာဘဲကိုမေန႔ကငါတို႔စစ္သူႀကီးေ႐ွ႕တန္းထြက္ေတာ့ေတာင္ေခါင္းေဆာင္ေဟးကစိတ္မခ်လို႔ေနာက္ကလိုက္သြားတာမို႔လား၊ေျမာက္ပိုင္းကစစ္ပြဲသာပီးသြားရင္ငါတို႔စစ္သူႀကီးရဲ႕မဂၤလာအခမ္းအနားကိုတက္ေရာက္ေနရေလာက္တယ္"

"ေနခင္းေၾကာင္ေတာင္အိမ္မက္မေနဘဲျမန္ျမန္လုပ္ေတာ့စစ္သူႀကီးျပန္ေရာက္လို႔ဒီအဝတ္ေတြေလွ်ာ္မပီးေသးရင္အပစ္ေပးခံရလိမ့္မယ္"

ခ်ဴးလ်န္ရဲ႕မ်က္ခုံးေတြကအနည္းငယ္က်ံဳ႕သြားတယ္၊သူတို႔ရဲ႕စကားသံေတြကိုၾကားၾကားခ်င္းဘဲခ်ဴးလ်န္ကမသိသလိုနဲ႔လမ္းဆက္ေလွ်ာက္ပီးတဲဆီကိုဦးတည္သြားလိုက္တယ္။

သူမစိတ္ထဲမွာေတာ့ႏွာေခါင္း႐ွဴံ႕ေနပီ၊ သူမရဲ႕အ႐ူးလိုေယာက်္ားကတစ္ျခားသူေတြအတြက္အရမ္းဆြဲေဆာင္မႈ႐ွိေနမယ္လို႔ ဘယ္သူကထင္မွာလဲ။

စစ္သူႀကီးစီမာလိုလူမ်ိဴးေတာင္မွသူဆီမွာက်႐ွဴံးေနပီ။

ခ်ဴးလ်န္ကသူတို႔ေနာက္နားမွာျဖည္းညင္းစြာလိုက္ပါလာတဲ့အမ်ိဴးသမီးလက္ေထာက္ကိုတစ္ခ်က္လွမ္းၾကည့္လိုက္တယ္။

သူတို႔အဖြဲ႕တဲေ႐ွ႕ကအမ်ိဴးသမီး စစ္သည္ႏွစ္ဦးကိုျမင္ႏိုင္ေလာက္တဲ့အကြာအေဝးေရာက္ခါနီးမွာဘဲေ႐ွာင္ယန္ကအျမန္ေ႐ွ႕ထြက္သြားပီေတာ့ဆူပူေတာ့တယ္။

"နင္တို႔ကဒီမွာဘာလုပ္ေနၾကတာလဲ? ဘာလို႔ေလ့က်င့္မေနၾက တာလဲ?ငါတို႔ရဲ႕စည္းမ်ဥ္းေတြကိုေသခ်ာသိရက္နဲ႔အခုထိအမွားကိုဝန္မခံေသးဘူးလား"

အမ်ိဴးသမီးတပ္သားႏွစ္ဦးကေ႐ွာင္ယန္ဆီကေနဆူပူခံလိုက္ရေတာ့ေၾကာက္လန္႔ၿပီးေျမျပင္ေပၚမွာဒူးေထာက္ေနၾကတယ္။

"ဒီအေစခံကမွားသြားပါတယ္၊ အစ္မေ႐ွာင္ယန္ကြၽန္မတို႔အျပစ္ကိုခံယူဖို႔ဆႏၵ႐ွိပါတယ္"

"ငါတို႔တပ္ခြဲကိုခ်က္ခ်င္းျပန္သြားၿပီးတစ္‌ေယာက္ကိုႀကိမ္ဒဏ္၁၀ခ်က္ခံယူလိုက္ "ေ႐ွာင္ယန္ကေအးစက္စက္နဲ႔အမိန္႔ေပးလိုက္တယ္။

အမ်ိဴးသမီးတပ္သားေတြက တုန္တုန္ယင္ယင္နဲ႔အမိန္႔ကိုလက္ခံလိုက္တယ္ဒါပင္မဲ့သူတို႔ကထဖို႔ျငင္းဆန္ေနၿပီး ဆက္လက္ဒူးေထာက္ေနတယ္။

ေ႐ွာင္ယန္ရဲ႕မ်က္ႏွာအမူအရာကပိုပီေလးနက္သြားတယ္"နင္တို႔ကဘာလို႔ဆက္႐ွိေနၾကေသးတာလဲ"

အမ်ိဴးသမီးစစ္သားေတြကသတၱိကိုစုစည္းပီးမနည္းေျပာရတဲ့ပုံနဲ႔ေျပာလာတယ္"ဒီအေစခံကအမွားကိုသိပီပစ္ဒဏ္ကိုလက္ခံဖို႔ဆႏၵ႐ွိပါတယ္ဒါပင္မဲ့ေခါင္းေဆာင္ေဟးရဲ႕အဝတ္အစားေတြကအခုထိေလွ်ာ္လို႔မပီးေသးပါဘူးစစ္သူႀကီးသာဒါကို႐ွာေတြ႕သြားရင္ကြၽန္မတို႔ပိုပီအျပစ္ေပးခံရပါလိမ့္မယ္"

ခ်ဴးလ်န္ကေဘးကေနမ်က္ေတာင္တစ္ဖ်က္ဖ်က္နဲ႔ေငးၾကည့္ေနမိတယ္၊ ဒီအမ်ိဴးသမီးေတြကသ႐ုပ္ေဆာင္ျခင္းကိုမ်ားစြဲလမ္းေနၾကတာလား။

ေ႐ွာင္ယန္ရဲ႕ပုံစံကစိတ္ဆိုးေနပုံေပၚေနပင္မဲ့သူမမ်က္လုံးထဲမွာေပ်ာ္႐ႊင္မႈအလင္းတန္းေလးကဖ်က္ကနဲ႔ေပၚသြားတယ္၊ သူမပုံစံကအမ်ိဴးသမီးစစ္သည္ေတြရဲ႕သ႐ုပ္ေဆာင္မႈကိုေက်နပ္ေနတာအသိသာႀကီးဘဲ၊ျပဇာတ္တစ္ခုလုံးပီးေအာင္ၾကည့္ပီးသြားမွခ်ဴးလ်န္ကစကားစေျပာလိုက္တယ္။

"သူတို႔ေျပာတာလဲမွန္ေနတာဘဲ၊အစ႐ွိမွေတာ့အဆုံး႐ွိရမွာေပါ့၊မင္းတို႔ကစစ္သူႀကီးစီမာရဲ႕အမိန္႔နဲ႔ငါ့
ေယာက်္ားရဲ႕အဝတ္ေတြကိုေလွ်ာ္ဖို႔႐ွိေနမွေတာ့ မသြားခင္ၿပီးေအာင္လုပ္သင့္တယ္"

ေ႐ွာင္ယန္ က ခ်ဴးလ်န္စိတ္အလိုမက်ျဖစ္ၿပီးေျခေဆာင့္ထြက္သြားဖို႔ကို ေမွ်ာ္လင့္ထားခဲ့တာ၊ အခုလိုမ်ိဳး သူမရဲ႕ လက္ေအာက္ငယ္သားေတြကိုေတာင္မွ ဆက္အမိန္႔ေပးၿပီး မသိသလိူေနလိမ့္မယ္လို႔ စိတ္ကူးထဲေတာင္မေတြးထားမိဘူး။

ေ႐ွာင္ယန္က ျပန္ၿပီးေခ်ပေျပာလိုက္ခ်င္တယ္၊ ဒါေပမယ့္ ဒီအမိန္႔ကို ျပန္ျငင္းဆန္ဖို႔ရာ အေၾကာင္းျပခ်က္ကလည္း ႐ွာလို႔မရျပန္ဘူး။

ဒါက မက္မြန္သီးစားဖို႔ ၾကံမိတာနဲ႔တူတယ္၊ မက္မြန္သီးႀကီးက ၾကည့္ရတာ အရည္႐ႊမ္းၿပီး ခ်ိဳၿမိန္အနံ႔ေမႊးပုံေပၚေနလို႔ စားခ်င္စိတ္က အငမ္းမရျဖစ္ေနရတယ္၊ ဒါေပမယ့္ စားခ်င္လြန္းၿပီး အႀကီးႀကီးကိုက္လိုက္မိေတာ့ ဝါးမရေထြးမရနဲ႔ ဒုကၡျဖစ္ေနရတယ္ ။

အမ်ိဳးသမီး စစ္သည္ႏွစ္ဦးလည္း အလန္႔တၾကားျဖစ္သြားၾကတယ္၊ သူတို႔မွာ ပုံမွန္လိုေတာင္မတည္ၿငိမ္ႏိုင္ၾကေတာ့ဘဲနဲ႔ တိတ္ဆိတ္ကုန္ၾကတယိ။

အမ်ိဳးသမီးတပ္သားႏွစ္ဦးက အခုထိ မလႈပ္မယွက္႐ွိေနတာကိုျမင္ေတာ့ ခ်ဴးလ်န္က မ်က္ခူံးေတြ႐ႈံ႕ၿပီး အမ်ိဳးသမီးလက္ေထာက္ဆီကို လွည့္ၾကည့္လိုက္တယ္။

အမ်ိဴးသမီးလက္ေထာက္မွာႏွလုံးေတြေတာင္တုန္သြားတယ္သူမကအံကိုတင္းတင္းႀကိတ္ပီးေတာ့သူမရဲ႕လက္ေအာက္ငယ္သားေတြကိုအဝတ္ဆက္ေလွ်ာ္ဖို႔အမိန္႔ေပး႐ုံအျပင္မတက္ႏိုင္ေတာ့ဘူး။

အမ်ိဴးသမီးတပ္သားႏွစ္ဦးကေခါင္းကိုငုံ႔ပီးေတာ့အဝတ္ကိုဆက္ေလွ်ာ္ေနတယ္၊ဒါ‌ေပမဲ့သူတို႔ရဲ႕ခံစားခ်က္ကေတာ့ အေစာပိုင္းတုန္းကနဲ႔အကြာႀကီးကြာသြားခဲ့ပီ။

ပူေႏြးေနတဲ့ေရေတြကေအးစက္လို႔ေနၿပီ၊ဒါ့အျပင္
သူတို႔ကတဲရဲ႕ဝင္ေပါက္မွာရပ္ေနရေတာ့ေလေအး‌ေတြနဲ႔အတူႏွင္းမႈန္စေတြကတိုက္ခတ္လာတယ္၊ သူတို႔ရဲ႕လက္ေတြကိုေရခဲတမွ်ေအးစက္ေနတဲ့ေရထဲမွာႏွစ္ထားရင္းနဲ႔ေအးလြန္းလို႔ခိုက္ခိုက္တုန္ေနတယ္၊ ဒါ‌ေပမဲ့သူတို႔မွာအံႀကိတ္ပီးေတာ့ဘဲဆက္လုပ္ေနရတယ္။

ခ်ဴးလ်န္ကအမ်ိဴးသမီးစစ္သည္ေတြကိုတစ္ခ်က္‌ေလးမွျပန္လွည့္မၾကည့္ဘဲေဟးခ်န္ဒီရဲ႕တဲထဲကိုဝင္သြားလိုက္တယ္။

ေခါင္းေဆာင္ေကာင္းရဲ႕လက္ေထာက္ကထိတ္လန္႔ၿပီးအံအားသင့္ေနပင္မဲ့အမူအရာကေတာ့ေျပာင္းလဲသြားခ်င္မ႐ွိဘူး၊ေနာက္မွတစ္ဖက္ကိုလွည့္ၿပီးအားရ‌ေက်နပ္တဲ့ပုံနဲ႔ျပဳံးလိုက္မိတယ္၊ အမ်ိဴးသမီးက်င္းယီကျဖစ္စဥ္တစ္ေလွ်ာက္လုံးမွာစကားအနည္းငယ္ဘဲေျပာသြားပင္မဲ့သူစိတ္ထဲကမခ်င့္မရဲျဖစ္မႈေတြေျပသြားတယ္လို႔ဘာလို႔ခံစားေနရတာပါလိမ့္။

သူတို႔ရဲ႕ညာေတာင္ပံတပ္ရင္းကပုံမွန္ဆိုဒီအာဏာ႐ွင္ပန္းပြင့္ေတြရဲ႕အႏိုင္က်င့္မႈကိုအၿမဲခံေနရတယ္
ခ်ဴးလ်န္နဲ႔သူမရဲ႕အဖြဲ႕ေတြတဲထဲဝင္သြားမွဘဲအမ်ိဴးသမီးတပ္သားႏွစ္ဦးမွာေခါင္းေဖာ္ႏိုင္ေတာ့တယ္။

သူတို႔ထဲကတစ္ေယာက္ကမေက်နပ္တဲ့ေလသံနဲ႔ေျပာလားတယ္"အမေ႐ွာင္ယန္ ၊ေရကအရမ္းေအးတာဘဲ"

အမ်ိဴးသမီးလက္ေထာက္မွာအံသြားေတြကိုႀကိတ္ၿပီးပိတ္ခ်သြားတဲ့တဲကိုစိုက္ၾကည့္ေနလိုက္တယ္။

သူမက‌ေဆာင့္ေၾကာင့္ထိုင္ၿပီး သူတို႔ကိုအားေပးလိုက္တယ္"ေတာင္းပန္ပါတယ္ငါမင္းတို႔ကိုဒီကိစၥထဲဆြဲသြင္းမိၿပီ၊ဒီအဝတ္ေတြကိုမင္းတို႔နဲ႔အတူငါပါကူေလွ်ာ္ေပးမယ္ဒါဆိုရင္မင္းတို႔ျမန္ျမန္ျပန္နားလို႔ရလိမ့္မယ္"

စကားစေျပာတဲ့အမ်ိဴးသမီးစစ္သည္ကသေဘာတူလိုက္ပီေတာ့အမ်ိဴးသမီးသုံးဦးကအဝတ္ေတြကိုစၿပီးေလွ်ာ္ဖြတ္ၾကတယ္။

အထြန္႔တက္တဲ့ အမ်ိဴးသမီးစစ္သည္ေလးက ေ႐ွာင္ယန္ရဲ႕ ညီမအရင္းျဖစ္တယ္၊ ပုံမွန္ဆို သူမကိုေ႐ွာင္ယန္က ပစားေပးေလ့႐ွိေတာ့ သူမက ဘာမွ သိပ္မခံစားရဘူး၊ ေ႐ွာင္ယန္က သူမကို ေတာင္ပံေတြေအာက္မွာ တင္းတင္းက်ပ္က်ပ္ကာကြယ္ေပးထားေလ့႐ွိေတာ့ အခုလို သူမ ညီမျဖစ္သူခံစားေနရတာေတြ႕ေတာ့ အနည္းငယ္ေလးေတာင္ မခံစားႏိုင္ဘူး။

အမွန္တကယ္က သစ္သားဇလူံထဲမွာေလွ်ာ္ဖြပ္စရာက အမ်ားႀကီး မ႐ွိလွဘူး၊ သူတို႔ တေယာက္တထည္စီ ေလွ်ယ္ဖြပ္ၿပီးတာနဲ႔ အျမန္ဆုံး အဆူံးသတ္လိုက္ၾကတယ္၊ ေလွ်ာ္ရတဲ့ေရေတြက ေအးစက္ေနေပမယ့္လည္း ဒါက အခ်ိန္အၾကာႀကီး မဟုတ္လိုက္ဘူး။

သူတို႔သုံးေယာက္သား အဝတ္ေတြေလွ်ာ္ဖြပ္ၿပီးလို႔ ေရေတြ သြန္ပစ္ခါနီးမွာဘဲ တဲရဲ႕ လိုက္ကာစက ပြင့္လာၿပီးေတာ့ ဝမ္လန္က သစ္သားဇလုံနဲ႔ အျပည့္အဝတ္ေတြကိုပစ္ေပးလာတယ္။

" ဒါေတြက အမ်ိဳးသမီးက်င္းယီေတြ႕ထားတဲ့ တဲထဲက ညစ္ေပေနတဲ့အဝတ္ေတြဘဲ၊ နင္တို႔ေစာေစာက ဒါေတြ ေမ့သြားတယ္ထင္တယ္၊ အခုဒါေတြကို ဘာလို႔ တခါတည္းမေလွ်ာ္လိုက္လဲ "

ဝမ္လန္က စကားေျပာၿပီးတာနဲ႔ တဲထဲကို ျပန္ဝင္ၿပီး ေၾကာင္ေငးေနတဲ့ အမ်ိဴးသမီးသုံးဦးကို ခ်န္ထားခဲ့တယ္။

အမ်ိဳးသမီးတပ္သားတစ္ဦးက ဇလုံထဲမွာ ‌အျပညိ့ျဖစ္ေနတဲ့ အဝတ္ေတြကို ေၾကာင္ေငးၾကည့္ေနမိတယ္၊ ဒီထူထဲလွတဲ့ ျခဳံထည္ႀကီးကို ၾကည့္ေနရင္းနဲ႔ကို သူမ ႏႈတ္ခမ္းေတြက တဆက္ဆက္တုန္ယင္လာတယ္။

သူတိူ႕က ဒီျခဳံထည္အထူႀကီးကို ဘယ္လိုလုပ္ေလွ်ာ္ဖြပ္ႏိုင္မွာလဲ။

အမ်ိဳးသမီးတပ္သားေလးမွာ မ်က္ရည္ေတြ ပိုးပိုး‌ေပါက္ေပါက္က်လာေတာ့တယ္ " အစ္မေ႐ွာင္ယန္၊ ဒါေတြကို ထပ္ၿပီး မေလွ်ာ္ေတာ့ဘဲ ျပန္ၾကရေအာင္လား"

သူတို႔က စစ္သူႀကီး စီမာရဲ႕ အမိန္႔နဲ႔ ဒီအဝတ္ေတြကို လာေလွ်ာ္ရတယ္လို႔ အခိုင္အမာဆိုထားၿပီးေတာ့ အခုအမိန္႔ကို ဘယ္လိုလုပ္ ျငင္းဆန္လိုရႏိုင္ပါ့မလဲ၊ အမ်ိဳးသမီးက်င္းယီက လြယ္လြယ္နဲ႔ အႏိုင္က်င့္လို႔ရတဲ့သူမဟုတ္မွန္းေ႐ွာင္ယန္ နားလည္သြားၿပီ၊ ဒါေပမယ့္ သူမမွာ အမ်ိဳးသမီးက်င္းယီကို ဘာမွ ျပန္မတုံ႔ျပန္ႏိုင္ဘူး၊ ကူကယ္ရာမဲ့စြာနဲ႔ဘဲ ျဗဳန္းစားႀကီးရလာတဲ့ တာဝန္ကို အေကာင္းဆုံးလုပ္ဖို႔ဘဲတတ္ႏိုင္ေတာ့တယ္။

" စကားေျပာမေနၾကနဲ႔ေတာ့ နင္တို႔အားေတြကို အဝတ္ေလွ်ာ္တဲ့ေနရာမွာ သုံးဖို႔ ခ်န္ထားၾက "

( T/N - paid gpဝင္လို႔ရေနပါၿပီ မတ္လကုန္ထိ အပိုင္း40မွ 1500တည္းပါ wpမွာေတာ့ တပတ္တပိုင္းတင္ေပးပါ့မယ္ )

Continue Reading

You'll Also Like

1.7M 69.4K 29
After a disastrous first season in London, Rose Wilde finds herself torn between two men who love her -- but who both hide secrets that could ruin he...