system 091

By TeeKo0

1.1M 121K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(2.15)

8.2K 791 30
By TeeKo0

Unicode

ဇာတ်လိုက်ဟွမ်ချင်ရဲ့၏ခန္ဓာကိုယ်တစ်ခုလုံးမှာရှောင်ကျန့်ကောင်းမှုနှင့်နံစော်နေခဲ့သည်။ရှောင်ကျန့်ကတော့ဘာကိုမှမသိပါပဲအပူအပင်ကင်းစွာအိပ်ပျော်နေ၏။ဟွမ်ချင်ရဲ့သည်သူ့ရဲ့သက်တော်စောင့်တွေအားအဝတ်နှစ်ထည်ယူလာစေ၍ရှောင်ကျန့်ကိုသေသေချာချာသန့်စင်ပေးလိုက်သည်။သူကိုယ်တိုင်လည်းကိုယ်လက်သန့်စင်၍အဝတ်လဲလိုက်ရသည်။

သူကရှောင်ကျန့်ကိုသူ့အိမ်ခေါ်သွားဖို့ရန်လုပ်ချင်ပေမယ့်ငမူးလေးရှောင်ကျန့်မှာအိမ်ပြန်မယ်ဆိုတာကြီးသာပြောဆိုရင်းရုန်းကန်နေခဲ့သည်။

မတတ်သာတဲ့အဆုံးဟွမ်ချင်ရဲ့မှာသက်ပြင်းအသာချရင်းရှောင်ကျန့်၏ခန္ဓာကိုယ်လေးကိုအသာအယာပွေ့ချီလိုက်သည်။ပိုင်လုနှင့်ဝူရန်ကျင်းအနားဖြတ်လျှောက်သွားချိန်တွင်သူတစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။

"မင်းတို့နှစ်ယောက်အိမ်ပြန်တတ်တယ်မဟုတ်လား"

ပိုင်လုတို့နှစ်ယောက်လုံးလျှင်မြန်စွာခေါင်းပြုတ်ထွတ်မတတ်ခေါင်းငြှိမ့်ပြကြသည်။

"အဲ့ဒါဆို့ကိုယ့်ဘာသာကိုယ်ပြန်"

ဟွမ်ချင်ရဲ့ဟာအမူအရာမဲ့နေသည့်အေးစက်စက်မျက်နှာသေကြီးဖြင့်ပင်ကြည့်လိုက်ရင်းရှောင်ကျန့်အားညင်သာစွာပင်ပွေ့ဖက်လျက်ပိုင်လုတို့နှစ်ယောက်အရှေ့မှထွက်ခွာသွားသည်။

ပိုင်လုကသူ့ရဲ့ကြောက်လန့်နေတဲ့ရင်ဘတ်လေးကိုပုတ်လိုက်ရင်းအခုချိန်ထိအလန့်မပြေသေးပေ။

"ရန်ကျင်း..."

"ဟမ်"

ဝူရန်ကျင်းကပိုင်လုအားမျက်ဆန်လှန်ကြည့်ကာပြန်ထူးသည်။

"ငါတို့မိသားစုရဲ့ကျန့်ရင်လေးကသာမန်မဟုတ်မှန်းမင်းစဥ်းစားမိလား"

"....."

တစ်ဖက်တွင်ဟွမ်ချင်ရဲ့မှာရှောင်ကျန့်ကိုပွေ့ချီရင်းနှင့်ပင်ဖြေးညင်းစွာဇိမ်ခံကားအနက်ရောင်ကြီးထဲသို့ဝင်ရောက်လိုက်သည်။

"သခင်လေး....ဘယ်ကိုမောင်းရမလဲ"

ဟွမ်ချင်ရဲ့ဟာအိပ်ပျော်နေလျက်ပင်ပါးစပ်က,တမြုံ့မြုံးဝါးနေသည့်ရှောင်ကျန့်အားတုန်နေအောင်ချစ်သည့်မျက်ဝန်းများဖြင့်ကြည့်ကာအေးဆေးစွာပင်ပြန်ဖြေလိုက်သည်။

"ရိအိမ်တော်ကို"

၎င်းအနက်ရောင်ဇိမ်ခံကားကြီးမှာချက်ချင်းပင်ဦးတည်ရာတစ်ခုဆီသို့မောင်းနှင်သွားသည်။
ဟွမ်ချင်ရဲ့ကရှောင်ကျန့်ရဲ့နဖူးလေးကိုဖွဖွလေးနမ်းလိုက်ရင်းသူ့ရင်ခွင်ထဲ၌ကျစ်အောင်ဖက်ထားလိုက်သည်။

နာရီဝက်လောက်ကြာမောင်းနှင်ပြီးနောက်တွင်ဇိမ်ခံကားကြီးမှာရိအိမ်တော်ရှေ့၌ရပ်တန့်သွားသည်။အိမ်စောင့်နှင့်ခြံစောင့်တစ်ချို့မှာတားဆီးရန်လုပ်လိုက်ပေမယ့်ကားထက်ကဆင်းလာသည့်ခြေတံရှည်ရှည်နှင့်ချောမောလှပသည့်အမျိုးသားမှာသူတို့ရဲ့သခင်လေးဖြစ်သူအားသယ်ဆောင်လာမှန်းသိသွားသည်နှင့်ရပ်တန့်သွားသည်။

ထိုအမျိုးသားမှာအေးစက်တည်တင်းသည့်မျက်နှာထားဖြင့်ပင်အစေခံတွေအားတစ်ချက်သာကြည့်သည်။ဒီလူတွေကိုသူ့ရဲ့သက်တော်စောင့်တွေကအလုံးစုံရှင်းပြပေးလိမ့်မည်။

ရိအိမ်၏တံခါးဝကြီးမှာဖွင့်ဟထားပြီးဧည့်ခန်းထဲ၌ရိမင်တစ်ယောက်ဂနာမငြိမ်စွာဖြင့်ဟိုလျှောက်လိုက်ဒီလျှောက်လိုက်ဖြစ်နေသည်။

သူ့ကိုကိုအိမ်မှာမရှိဘူး။ကိုကိုကညဘက်ကြီးဘယ်တွေသွားနေတာလဲ။

ရုတ်တရတ်ကားသံနှင့်အတူဧည့်ခန်းအတွင်းသို့လျှောက်လှမ်းလာသည့်ခြေသံကိုကြားလိုက်ရသည်။ရိမင်မျက်မှောင်ကြုတ်လိုက်သည်။ကိုကို့ရဲ့ခြေသံကဒီလောက်ထိလေးလံပြီးစည်းချက်ညီမနေသင့်ဘူး။

ရိမင်လှည့်ကြည့်လိုက်တော့အရပ်မြင့်မြင့်လူတစ်ယောက်မှာတစ်စုံတစ်ခုအားပွေ့ချီလျက်ဝင်လာကြောင်းတွေ့လိုက်ရသည်။ထိုလူပွေ့ချီထားသည့်အရာအားမြင်သည်နှင့်ရိမင်၏မျက်နှာမှာအကြီးအကျယ်ပျက်ယွင်းသွားသည်။

ရိမင်ဟာခြေလှမ်းကျဲကြီးတွေဖြင့်အလျှင်အမြန်လှမ်းလာရင်းဟွမ်ချင်ရဲ့လက်မောင်းထဲရှိရှောင်ကျန့်အားလှမ်းယူဖို့ရန်လုပ်သည်။

သူ့ကိုကိုသူစိမ်းတစ်ယောက်ရဲ့လက်ထဲမှာလုံးဝမထားနိုင်ပေ။

ရိမင်၏ရည်ရွယ်ချက်ကိုသတိထားမိသည့်ဟွမ်ချင်ရဲ့သည်ရိမင်၏လက်အားအမြန်ရှောင်၍ရှောင်ကျန့်အားပြန်မပေးလိုက်ချေ။

လေထုထဲ၌အေးစက်ခက်ထန်သည့်မီးခိုးရောင်မျက်ဝန်းနှင့်အန္တရာယ်များရူးသွပ်သည့်အနက်ရောင်မျက်ဝန်းတစ်စုံမှာထိပ်တိုက်တွေ့ဆုံသွားကြသည်။လွန်ခဲ့တဲ့၁၃နှစ်က,ကစားကွင်းထဲတွင်ပြိုင်ဆိုင်ခဲ့သည့်မျက်ဝန်းနှစ်စုံမှာယခုတစ်ခါတွင်လည်းတူညီစွာပင်ပြိုင်ဆိုင်နေခဲ့ကြ၏။

ရိမင်၏အရပ်မှာဟွမ်ချင်ရဲ့ထက်အနည်းငယ်သာနိမ့်ပြီး၎င်းကလည်းအသက်အရွယ်ကြောင့်သာဖြစ်သည်။သူတို့နှစ်ယောက်၏အရှိန်အဝါနှင့်ရုပ်ရည်၊ခန္ဓာကိုယ်အချိုးအစားမှာသူမသာကိုယ်မသာ,သာဖြစ်ပြီးခက်ထန်ရက်စက်မှုတွင်လည်းတူညီကြသည်။

ဧည့်ခန်းအတွင်းလေထုမှာအေးစက်နေပြီးကြောက်မက်ဖွယ်ကောင်းစွာတိတ်ဆိတ်နေသည်။အရပ်မြင့်သည့်အမျိုးသားနှစ်ဦးမှာတစ်ယောက်ကိုတစ်ယောက်သတ်ဖြတ်ချင်သည့်မျက်ဝန်းများဖြင့်စိုက်ကြည့်နေကြသည်။

"အေ့......ငါဟော့ပေါ့စားမယ်"

ရုတ်တရတ်ကြောက်မက်ဖွယ်လေထုကိုရှောင်ကျန့်မူးမူးဖြင့်ထအော်သံလေးကဖြိုခွဲသွားခဲ့သည်။ရိမင်နှင့်ဟွမ်ချင်ရဲ့၏မျက်ဝန်းတွေမှာနူးညံသွားရင်းရှောင်ကျန့်ဆီသို့အကြည့်နှစ်ခုမှာတပြိုင်ထဲကျရောက်လာသည်။

ရှောင်ကျန့်ကသူ့ရဲ့လက်လေးကိုလေပေါ်မြှောက်ရင်းမျက်လုံးလေးမှိတ်လျက်ပင်စကားထပြောနေခြင်းဖြစ်သည်။ရုတ်ချည်းပင်ရှောင်ကျန့်ထပ်မံပြောလိုက်သည့်စကားတစ်ခွန်းကြောင့်ရိမင်နှင့်ဟွမ်ချင်ရဲ့၏အကြည့်မှာအေးခဲသွားသည်။

"ရိပေါ်......ငါဟော့ပေါ့စားချင်တယ်လို့...."

ရိမင်၏အန္တရာယ်များသည့်အကြည့်မှာဟွမ်ချင်ရဲ့ဆီသို့ကျရောက်လာသည်။ရိမင်ကရိပေါ်ဆိုသည့်လူအားဟွမ်ချင်ရဲ့၏နာမည်ဖြစ်မည်ဟုထင်လိုက်တာသာဖြစ်သည်။

ဟွမ်ချင်ရဲ့၏မျက်နှာမှာလည်းမဲမှောင်နေသည်။ဟွမ်ချင်ရဲ့သတိလွတ်နေသည်အားအခွင့်ကောင်းယူ၍ရိမင်ဟာသူ့ရဲ့ကိုကိုအားလျှင်မြန်စွာဆွဲယူလိုက်သည်။ပြီးနောက်ရှောင်ကျန့်အားသူ့ရဲ့ရင်ခွင်အတွင်း၌ဖွက်ထားလိုက်သည်မှာတောတွင်းသားရိုင်းကြီးတစ်ကောင်ကသူ့အစာအားအလွန်အကျူးကာကွယ်နေခြင်းနှင့်ပင်တူသေးသည်။

ဟွမ်ချင်ရဲ့ဟာချက်ချင်းသတိဝင်သွားပြီးသူ့မီးခိုးရောင်မျက်ဝန်းတစ်စုံမှာနီရဲခက်ထန်လာသည်။အခန်းတွင်းရှိလေထုမှာပြန်လည်အေးစက်သွားနေချိန်၌ရိမားဟာအိမ်အောက်ထပ်သို့ဆင်းလာသည်နှင့်သွားကြုံသည်။

"သားငယ် မအိပ်သေး......
အယ်.....ဧည့်သည်ရောက်နေတာလား"

ရိမားကလူနှစ်ယောက်၏တင်းမာနေမှုအားဘာမှမသိစွာပင်အပြုံးလေးတစ်ခုအားပန်ဆင်ထားကာအနားသို့လျှောက်လာသည်။

ဟွမ်ချင်ရဲ့သည်သူ့ရဲ့မနာလိုမှုဖြင့်နီရဲနေသည့်မျက်ဝန်းများအားဖုံးကွယ်ကာပုံမှန်လေသံဖြင့်သူ့ကိုယ်သူမိတ်ဆတ်လိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ်အန်တီ....ကျွန်တော့်ကိုဟွမ်ချင်ရဲ့လို့ခေါ်နိုင်ပါတယ်....ကျွန်တော်ကကျန့်ရင်ရဲ့သူငယ်ချင်းပါ...."

"အော်.....ကျန့်ရင်လေးရဲ့သူငယ်ချင်းဖြစ်နေတာကိုး....အိမ်ထဲဝင်ထိုင်ပါဦးလား"

"တော်ပါပြီအန်တီ....ကျွန်တော်ကကျန့်ရင်ကိုပြန်လိုက်ပို့ပေးရုံပါပဲ"

ဟွမ်ချင်ရဲ့ကရိမားနှင့်စကားပြောနေသလိုရှိပေမယ့်သူ့ရဲ့မီးခိုးရောင်မျက်ဝန်းတစ်စုံမှာရိမင်ရင်ခွင်အတွင်း၌အိပ်မောကျနေသည့်ရှောင်ကျန့်ဆီတွင်သာကျရောက်နေသည်။အထူးသဖြင့်ရိမင်ထိတွေ့ထားသည့်ရှောင်ကျန့်၏ခန္ဓာကိုယ်တစ်ဝိုက်၌ဖြစ်သည်။သူ့ရဲ့အသံမှာတည်ငြိမ်နေပေမယ့်လက်သည်းတွေစိုက်ဝင်သွားသည်အထိတင်းကြပ်စွာလက်သီးစုပ်ထားသည်ကိုကြည့်ခြင်းအားဖြင့်သူ့အတွင်းစိတ်ထဲ၌မည်မျှထိဒေါသထွက်ပြီးလူသတ်ချင်နေသလဲဆိုတာသိနိုင်သည်။

"ကြည့်ရတာကျန့်ရင်လေးကသောက်လာတယ်ထင်တယ်....ဒီကလေးတစ်ခါမှလဲမသောက်ဖူးပါဘူး"

ရိမားကရိမင်ရင်ခွင်ထဲရှိအိပ်မောကျနေတဲ့ရှောင်ကျန့်ကိုချစ်မြတ်နိုးစွာကြည့်ရင်းသက်ပြင်းအသာချလိုက်သည်။အတူနေခဲ့တဲ့နှစ်ပေါင်းများစွာအတောအတွင်းကျန့်ရင်လေးကိုသူမရဲ့သားအရင်းအချာလေးကဲ့သို့သံယောဇဥ်တွယ်ခဲ့ရသည်မဟုတ်ပါလား။

နောက်ဆုံး၌ဟွမ်ချင်ရဲ့သည်တွန့်ဆုတ်စွာပင်ရိမားတို့ကိုနှုတ်ဆတ်၍ရိအိမ်တော်မှထွက်ခွာသွားခဲ့သည်။မထွက်သွားခင်တွင်ရှောင်ကျန့်အားအသေအချာစိုက်ကြည့်ရင်းသူ့(ဟွမ်ချင်ရဲ့)နှုတ်ခမ်းသူနူးညံ့စွာထိလိုက်သေးသည်။သူ့ရဲ့မျက်လုံးတစ်စုံမှာနူးညံ့သိမ်မွေ့သည့်ချစ်ခြင်းနှင့်ပိုင်စိုးလိုသည့်အတ္တတို့ပြည့်နှက်နေရင်းသူနမ်းခဲ့သည့်နှုတ်ခမ်းလေးအားပြန်လည်တွေးတောနေခဲ့သည်။

ဤသည်ကိုမျက်စိလျှင်သည့်ရိမင်ကမြင်ဖြစ်အောင်မြင်လိုက်သေးကာသူ့ရဲ့အကြည့်မှာရှောင်ကျန့်၏အနည်းငယ်ပေါက်ပြဲသွေးဆို့နေသည့်နှုတ်ခမ်းရဲရဲလေးဆီသို့ကျရောက်သွားသည်။

ရှောင်ကျန့်၏ဖြူဖွေးသွယ်လျသည့်လည်တိုင်လေးထက်၌အနီကွက်တစ်ကွက်အားသူတွေ့လိုက်သည်။ရိမင်၏မျက်နှာမှာမဲမှောင်နေပြီးသူမဟုတ်သည့်လူတစ်ယောက်ကသူ့ကိုကိုအားနမ်းသွားသည့်အပြင်အမှတ်အသားလည်းပေးခဲ့သေးသည်။

ပြီးတော့.....ရိပေါ်ဆိုတဲ့သူ....
အဲ့ဒီလူကဘယ်သူလဲ....

ခုနကဟိုလူကတော့မဖြစ်နိုင်ချေ။ထိုသူမှာသူ့နာမည်သူမိတ်ဆက်သွားသည့်အပြင်ထိုသူ၏အပြုအမူအရရိပေါ်ဆိုသည့်နာမည်ပိုင်ရှင်မဖြစ်နိုင်တော့ပေ။

ရိမင်၏ရူးသွပ်လုဆဲဆဲစိတ်အခြေအ​ေနကိုသတိမထားမိစွာပင်ရိမားသည်ရိမင်အားရှောင်ကျန့်ကိုသူ့အခန်းထဲခေါ်သွားပေးဖို့ပြောသည်။ရိပေါ်ကဘာမှမဆိုပါပဲရှောင်ကျန့်အားပွေ့ချီလျက်သားပင်အပေါ်ထပ်ရှိရှောင်ကျန့်အခန်းထဲသို့ခေါ်လာခဲ့သည်။

_________________________________________________________________

Zawgyi

ဇာတ္လိုက္ဟြမ္ခ်င္ရဲ႕၏ခႏၶာကိုယ္တစ္ခုလုံးမွာေရွာင္က်န့္ေကာင္းမႈႏွင့္နံေစာ္ေနခဲ့သည္။ေရွာင္က်န့္ကေတာ့ဘာကိုမွမသိပါပဲအပူအပင္ကင္းစြာအိပ္ေပ်ာ္ေန၏။ဟြမ္ခ်င္ရဲ႕သည္သူ႕ရဲ႕သက္ေတာ္ေစာင့္ေတြအားအဝတ္ႏွစ္ထည္ယူလာေစ၍ေရွာင္က်န့္ကိုေသေသခ်ာခ်ာသန့္စင္ေပးလိုက္သည္။သူကိုယ္တိုင္လည္းကိုယ္လက္သန့္စင္၍အဝတ္လဲလိုက္ရသည္။

သူကေရွာင္က်န့္ကိုသူ႕အိမ္ေခၚသြားဖို႔ရန္လုပ္ခ်င္ေပမယ့္ငမူးေလးေရွာင္က်န့္မွာအိမ္ျပန္မယ္ဆိုတာႀကီးသာေျပာဆိုရင္း႐ုန္းကန္ေနခဲ့သည္။

မတတ္သာတဲ့အဆုံးဟြမ္ခ်င္ရဲ႕မွာသက္ျပင္းအသာခ်ရင္းေရွာင္က်န့္၏ခႏၶာကိုယ္ေလးကိုအသာအယာေပြ႕ခ်ီလိုက္သည္။ပိုင္လုႏွင့္ဝူရန္က်င္းအနားျဖတ္ေလွ်ာက္သြားခ်ိန္တြင္သူတစ္ခ်က္ေစာင္းငဲ့ၾကည့္လိုက္သည္။

"မင္းတို႔ႏွစ္ေယာက္အိမ္ျပန္တတ္တယ္မဟုတ္လား"

ပိုင္လုတို႔ႏွစ္ေယာက္လုံးလွ်င္ျမန္စြာေခါင္းျပဳတ္ထြတ္မတတ္ေခါင္းျငႇိမ့္ျပၾကသည္။

"အဲ့ဒါဆို႔ကိုယ့္ဘာသာကိုယ္ျပန္"

ဟြမ္ခ်င္ရဲ႕ဟာအမူအရာမဲ့ေနသည့္ေအးစက္စက္မ်က္ႏွာေသႀကီးျဖင့္ပင္ၾကည့္လိုက္ရင္းေရွာင္က်န့္အားညင္သာစြာပင္ေပြ႕ဖက္လ်က္ပိုင္လုတို႔ႏွစ္ေယာက္အေရွ႕မွထြက္ခြာသြားသည္။

ပိုင္လုကသူ႕ရဲ႕ေၾကာက္လန့္ေနတဲ့ရင္ဘတ္ေလးကိုပုတ္လိုက္ရင္းအခုခ်ိန္ထိအလန့္မေျပေသးေပ။

"ရန္က်င္း..."

"ဟမ္"

ဝူရန္က်င္းကပိုင္လုအားမ်က္ဆန္လွန္ၾကည့္ကာျပန္ထူးသည္။

"ငါတို႔မိသားစုရဲ႕က်န့္ရင္ေလးကသာမန္မဟုတ္မွန္းမင္းစဥ္းစားမိလား"

"....."

တစ္ဖက္တြင္ဟြမ္ခ်င္ရဲ႕မွာေရွာင္က်န့္ကိုေပြ႕ခ်ီရင္းႏွင့္ပင္ေျဖးညင္းစြာဇိမ္ခံကားအနက္ေရာင္ႀကီးထဲသို႔ဝင္ေရာက္လိုက္သည္။

"သခင္ေလး....ဘယ္ကိုေမာင္းရမလဲ"

ဟြမ္ခ်င္ရဲ႕ဟာအိပ္ေပ်ာ္ေနလ်က္ပင္ပါးစပ္က,တၿမဳံ႕ၿမဳံးဝါးေနသည့္ေရွာင္က်န့္အားတုန္ေနေအာင္ခ်စ္သည့္မ်က္ဝန္းမ်ားျဖင့္ၾကည့္ကာေအးေဆးစြာပင္ျပန္ေျဖလိုက္သည္။

"ရိအိမ္ေတာ္ကို"

၎အနက္ေရာင္ဇိမ္ခံကားႀကီးမွာခ်က္ခ်င္းပင္ဦးတည္ရာတစ္ခုဆီသို႔ေမာင္းႏွင္သြားသည္။
ဟြမ္ခ်င္ရဲ႕ကေရွာင္က်န့္ရဲ႕နဖူးေလးကိုဖြဖြေလးနမ္းလိုက္ရင္းသူ႕ရင္ခြင္ထဲ၌က်စ္ေအာင္ဖက္ထားလိုက္သည္။

နာရီဝက္ေလာက္ၾကာေမာင္းႏွင္ၿပီးေနာက္တြင္ဇိမ္ခံကားႀကီးမွာရိအိမ္ေတာ္ေရွ႕၌ရပ္တန့္သြားသည္။အိမ္ေစာင့္ႏွင့္ၿခံေစာင့္တစ္ခ်ိဳ႕မွာတားဆီးရန္လုပ္လိုက္ေပမယ့္ကားထက္ကဆင္းလာသည့္ေျခတံရွည္ရွည္ႏွင့္ေခ်ာေမာလွပသည့္အမ်ိဳးသားမွာသူတို႔ရဲ႕သခင္ေလးျဖစ္သူအားသယ္ေဆာင္လာမွန္းသိသြားသည္ႏွင့္ရပ္တန့္သြားသည္။

ထိုအမ်ိဳးသားမွာေအးစက္တည္တင္းသည့္မ်က္ႏွာထားျဖင့္ပင္အေစခံေတြအားတစ္ခ်က္သာၾကည့္သည္။ဒီလူေတြကိုသူ႕ရဲ႕သက္ေတာ္ေစာင့္ေတြကအလုံးစုံရွင္းျပေပးလိမ့္မည္။

ရိအိမ္၏တံခါးဝႀကီးမွာဖြင့္ဟထားၿပီးဧည့္ခန္းထဲ၌ရိမင္တစ္ေယာက္ဂနာမၿငိမ္စြာျဖင့္ဟိုေလွ်ာက္လိုက္ဒီေလွ်ာက္လိုက္ျဖစ္ေနသည္။

သူ႕ကိုကိုအိမ္မွာမရွိဘူး။ကိုကိုကညဘက္ႀကီးဘယ္ေတြသြားေနတာလဲ။

႐ုတ္တရတ္ကားသံႏွင့္အတူဧည့္ခန္းအတြင္းသို႔ေလွ်ာက္လွမ္းလာသည့္ေျခသံကိုၾကားလိုက္ရသည္။ရိမင္မ်က္ေမွာင္ၾကဳတ္လိုက္သည္။ကိုကို႔ရဲ႕ေျခသံကဒီေလာက္ထိေလးလံၿပီးစည္းခ်က္ညီမေနသင့္ဘူး။

ရိမင္လွည့္ၾကည့္လိုက္ေတာ့အရပ္ျမင့္ျမင့္လူတစ္ေယာက္မွာတစ္စုံတစ္ခုအားေပြ႕ခ်ီလ်က္ဝင္လာေၾကာင္းေတြ႕လိုက္ရသည္။ထိုလူေပြ႕ခ်ီထားသည့္အရာအားျမင္သည္ႏွင့္ရိမင္၏မ်က္ႏွာမွာအႀကီးအက်ယ္ပ်က္ယြင္းသြားသည္။

ရိမင္ဟာေျခလွမ္းက်ဲႀကီးေတြျဖင့္အလွ်င္အျမန္လွမ္းလာရင္းဟြမ္ခ်င္ရဲ႕လက္ေမာင္းထဲရွိေရွာင္က်န့္အားလွမ္းယူဖို႔ရန္လုပ္သည္။

သူ႕ကိုကိုသူစိမ္းတစ္ေယာက္ရဲ႕လက္ထဲမွာလုံးဝမထားနိုင္ေပ။

ရိမင္၏ရည္႐ြယ္ခ်က္ကိုသတိထားမိသည့္ဟြမ္ခ်င္ရဲ႕သည္ရိမင္၏လက္အားအျမန္ေရွာင္၍ေရွာင္က်န့္အားျပန္မေပးလိုက္ေခ်။

ေလထုထဲ၌ေအးစက္ခက္ထန္သည့္မီးခိုးေရာင္မ်က္ဝန္းႏွင့္အႏၱရာယ္မ်ား႐ူးသြပ္သည့္အနက္ေရာင္မ်က္ဝန္းတစ္စုံမွာထိပ္တိုက္ေတြ႕ဆုံသြားၾကသည္။လြန္ခဲ့တဲ့၁၃ႏွစ္က,ကစားကြင္းထဲတြင္ၿပိဳင္ဆိုင္ခဲ့သည့္မ်က္ဝန္းႏွစ္စုံမွာယခုတစ္ခါတြင္လည္းတူညီစြာပင္ၿပိဳင္ဆိုင္ေနခဲ့ၾက၏။

ရိမင္၏အရပ္မွာဟြမ္ခ်င္ရဲ႕ထက္အနည္းငယ္သာနိမ့္ၿပီး၎ကလည္းအသက္အ႐ြယ္ေၾကာင့္သာျဖစ္သည္။သူတို႔ႏွစ္ေယာက္၏အရွိန္အဝါႏွင့္႐ုပ္ရည္၊ခႏၶာကိုယ္အခ်ိဳးအစားမွာသူမသာကိုယ္မသာ,သာျဖစ္ၿပီးခက္ထန္ရက္စက္မႈတြင္လည္းတူညီၾကသည္။

ဧည့္ခန္းအတြင္းေလထုမွာေအးစက္ေနၿပီးေၾကာက္မက္ဖြယ္ေကာင္းစြာတိတ္ဆိတ္ေနသည္။အရပ္ျမင့္သည့္အမ်ိဳးသားႏွစ္ဦးမွာတစ္ေယာက္ကိုတစ္ေယာက္သတ္ျဖတ္ခ်င္သည့္မ်က္ဝန္းမ်ားျဖင့္စိုက္ၾကည့္ေနၾကသည္။

"ေအ့......ငါေဟာ့ေပါ့စားမယ္"

႐ုတ္တရတ္ေၾကာက္မက္ဖြယ္ေလထုကိုေရွာင္က်န့္မူးမူးျဖင့္ထေအာ္သံေလးကၿဖိဳခြဲသြားခဲ့သည္။ရိမင္ႏွင့္ဟြမ္ခ်င္ရဲ႕၏မ်က္ဝန္းေတြမွာႏူးညံသြားရင္းေရွာင္က်န့္ဆီသို႔အၾကည့္ႏွစ္ခုမွာတၿပိဳင္ထဲက်ေရာက္လာသည္။

ေရွာင္က်န့္ကသူ႕ရဲ႕လက္ေလးကိုေလေပၚျမႇောက္ရင္းမ်က္လုံးေလးမွိတ္လ်က္ပင္စကားထေျပာေနျခင္းျဖစ္သည္။႐ုတ္ခ်ည္းပင္ေရွာင္က်န့္ထပ္မံေျပာလိုက္သည့္စကားတစ္ခြန္းေၾကာင့္ရိမင္ႏွင့္ဟြမ္ခ်င္ရဲ႕၏အၾကည့္မွာေအးခဲသြားသည္။

"ရိေပၚ......ငါေဟာ့ေပါ့စားခ်င္တယ္လို႔...."

ရိမင္၏အႏၱရာယ္မ်ားသည့္အၾကည့္မွာဟြမ္ခ်င္ရဲ႕ဆီသို႔က်ေရာက္လာသည္။ရိမင္ကရိေပၚဆိုသည့္လူအားဟြမ္ခ်င္ရဲ႕၏နာမည္ျဖစ္မည္ဟုထင္လိုက္တာသာျဖစ္သည္။

ဟြမ္ခ်င္ရဲ႕၏မ်က္ႏွာမွာလည္းမဲေမွာင္ေနသည္။ဟြမ္ခ်င္ရဲ႕သတိလြတ္ေနသည္အားအခြင့္ေကာင္းယူ၍ရိမင္ဟာသူ႕ရဲ႕ကိုကိုအားလွ်င္ျမန္စြာဆြဲယူလိုက္သည္။ၿပီးေနာက္ေရွာင္က်န့္အားသူ႕ရဲ႕ရင္ခြင္အတြင္း၌ဖြက္ထားလိုက္သည္မွာေတာတြင္းသားရိုင္းႀကီးတစ္ေကာင္ကသူ႕အစာအားအလြန္အက်ဴးကာကြယ္ေနျခင္းႏွင့္ပင္တူေသးသည္။

ဟြမ္ခ်င္ရဲ႕ဟာခ်က္ခ်င္းသတိဝင္သြားၿပီးသူ႕မီးခိုးေရာင္မ်က္ဝန္းတစ္စုံမွာနီရဲခက္ထန္လာသည္။အခန္းတြင္းရွိေလထုမွာျပန္လည္ေအးစက္သြားေနခ်ိန္၌ရိမားဟာအိမ္ေအာက္ထပ္သို႔ဆင္းလာသည္ႏွင့္သြားႀကဳံသည္။

"သားငယ္ မအိပ္ေသး......
အယ္.....ဧည့္သည္ေရာက္ေနတာလား"

ရိမားကလူႏွစ္ေယာက္၏တင္းမာေနမႈအားဘာမွမသိစြာပင္အၿပဳံးေလးတစ္ခုအားပန္ဆင္ထားကာအနားသို႔ေလွ်ာက္လာသည္။

ဟြမ္ခ်င္ရဲ႕သည္သူ႕ရဲ႕မနာလိုမႈျဖင့္နီရဲေနသည့္မ်က္ဝန္းမ်ားအားဖုံးကြယ္ကာပုံမွန္ေလသံျဖင့္သူ႕ကိုယ္သူမိတ္ဆတ္လိုက္သည္။

"ေတြ႕ရတာဝမ္းသာပါတယ္အန္တီ....ကြၽန္ေတာ့္ကိုဟြမ္ခ်င္ရဲ႕လို႔ေခၚနိုင္ပါတယ္....ကြၽန္ေတာ္ကက်န့္ရင္ရဲ႕သူငယ္ခ်င္းပါ...."

"ေအာ္.....က်န့္ရင္ေလးရဲ႕သူငယ္ခ်င္းျဖစ္ေနတာကိုး....အိမ္ထဲဝင္ထိုင္ပါဦးလား"

"ေတာ္ပါၿပီအန္တီ....ကြၽန္ေတာ္ကက်န့္ရင္ကိုျပန္လိုက္ပို႔ေပး႐ုံပါပဲ"

ဟြမ္ခ်င္ရဲ႕ကရိမားႏွင့္စကားေျပာေနသလိုရွိေပမယ့္သူ႕ရဲ႕မီးခိုးေရာင္မ်က္ဝန္းတစ္စုံမွာရိမင္ရင္ခြင္အတြင္း၌အိပ္ေမာက်ေနသည့္ေရွာင္က်န့္ဆီတြင္သာက်ေရာက္ေနသည္။အထူးသျဖင့္ရိမင္ထိေတြ႕ထားသည့္ေရွာင္က်န့္၏ခႏၶာကိုယ္တစ္ဝိုက္၌ျဖစ္သည္။သူ႕ရဲ႕အသံမွာတည္ၿငိမ္ေနေပမယ့္လက္သည္းေတြစိုက္ဝင္သြားသည္အထိတင္းၾကပ္စြာလက္သီးစုပ္ထားသည္ကိုၾကည့္ျခင္းအားျဖင့္သူ႕အတြင္းစိတ္ထဲ၌မည္မွ်ထိေဒါသထြက္ၿပီးလူသတ္ခ်င္ေနသလဲဆိုတာသိနိုင္သည္။

"ၾကည့္ရတာက်န့္ရင္ေလးကေသာက္လာတယ္ထင္တယ္....ဒီကေလးတစ္ခါမွလဲမေသာက္ဖူးပါဘူး"

ရိမားကရိမင္ရင္ခြင္ထဲရွိအိပ္ေမာက်ေနတဲ့ေရွာင္က်န့္ကိုခ်စ္ျမတ္နိုးစြာၾကည့္ရင္းသက္ျပင္းအသာခ်လိဳက္သည္။အတူေနခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာအေတာအတြင္းက်န့္ရင္ေလးကိုသူမရဲ႕သားအရင္းအခ်ာေလးကဲ့သို႔သံေယာဇဥ္တြယ္ခဲ့ရသည္မဟုတ္ပါလား။

ေနာက္ဆုံး၌ဟြမ္ခ်င္ရဲ႕သည္တြန့္ဆုတ္စြာပင္ရိမားတို႔ကိုႏႈတ္ဆတ္၍ရိအိမ္ေတာ္မွထြက္ခြာသြားခဲ့သည္။မထြက္သြားခင္တြင္ေရွာင္က်န့္အားအေသအခ်ာစိုက္ၾကည့္ရင္းသူ႕(ဟြမ္ခ်င္ရဲ႕)ႏႈတ္ခမ္းသူႏူးညံ့စြာထိလိုက္ေသးသည္။သူ႕ရဲ႕မ်က္လုံးတစ္စုံမွာႏူးညံ့သိမ္ေမြ႕သည့္ခ်စ္ျခင္းႏွင့္ပိုင္စိုးလိုသည့္အတၱတို႔ျပည့္ႏွက္ေနရင္းသူနမ္းခဲ့သည့္ႏႈတ္ခမ္းေလးအားျပန္လည္ေတြးေတာေနခဲ့သည္။

ဤသည္ကိုမ်က္စိလွ်င္သည့္ရိမင္ကျမင္ျဖစ္ေအာင္ျမင္လိုက္ေသးကာသူ႕ရဲ႕အၾကည့္မွာေရွာင္က်န့္၏အနည္းငယ္ေပါက္ၿပဲေသြးဆို႔ေနသည့္ႏႈတ္ခမ္းရဲရဲေလးဆီသို႔က်ေရာက္သြားသည္။

ေရွာင္က်န့္၏ျဖဴေဖြးသြယ္လ်သည့္လည္တိုင္ေလးထက္၌အနီကြက္တစ္ကြက္အားသူေတြ႕လိုက္သည္။ရိမင္၏မ်က္ႏွာမွာမဲေမွာင္ေနၿပီးသူမဟုတ္သည့္လူတစ္ေယာက္ကသူ႕ကိုကိုအားနမ္းသြားသည့္အျပင္အမွတ္အသားလည္းေပးခဲ့ေသးသည္။

ၿပီးေတာ့.....ရိေပၚဆိုတဲ့သူ....
အဲ့ဒီလူကဘယ္သူလဲ....

ခုနကဟိုလူကေတာ့မျဖစ္နိုင္ေခ်။ထိုသူမွာသူ႕နာမည္သူမိတ္ဆက္သြားသည့္အျပင္ထိုသူ၏အျပဳအမူအရရိေပၚဆိုသည့္နာမည္ပိုင္ရွင္မျဖစ္နိုင္ေတာ့ေပ။

ရိမင္၏႐ူးသြပ္လုဆဲဆဲစိတ္အေျခအေနကိုသတိမထားမိစွာပင်ရိမားသည်ရိမင်အားရှောင်ကျန့်ကိုသူ့အခန်းထဲခေါ်သွားပေးဖို့ပြောသည်။ရိပေါ်ကဘာမှမဆိုပါပဲရှောင်ကျန့်အားပွေ့ချီလျက်သားပင်အပေါ်ထပ်ရှိရှောင်ကျန့်အခန်းထဲသို့ခေါ်လာခဲ့သည်။

_________________________________________________________________

Continue Reading

You'll Also Like

2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
119K 10.7K 85
host: ဇာတ်လိုက်တွေက ငါလေးကို ကြိတ်ကြံနေတယ် system : mission အတွက်အထောက်အကူဖြစ်တယ် အစားခံလိုက်ပါhost someone: အဟက် ဘယ်လိုလုပ်မလဲ မင်းဘယ်ပြေးပြေး မလွတ...
51.4K 5K 22
ခရမ်းရင့်ရောင် အိပ်မက်တွေထဲ ငါ.. မင်းကို လိုက်ရှာနေဆဲ ထာဝရအယ်လန် .... ။ ။ [ Unicode Only available ]