system 091

By TeeKo0

1.1M 121K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(2.12)

8.5K 822 26
By TeeKo0

Unicode

ရှောင်ကျန့်နဲ့ရိမင်နှစ်ယောက်လုံးကတော့ကျောင်းရှိဗြောင်းဆန်နေမှုများအားတစ်ခုမှမသိရှိကြပေ။သူတို့နှစ်ယောက်လုံးဟာယခုလောလောဆည်၌တက္ကသိုလ်ကျောင်းဝင်းအရှေ့ရှိဆိုင်အတွင်းသို့ရောက်ရှိနေကြပြီဖြစ်သည်။

နှစ်ယောက်လုံး၏ရုပ်ရည်မှာအလွန်အမင်းထင်ရှားလွန်းတာကြောင့်ဆိုင်ထဲစဝင်လာသည်နှင့်လူတိုင်း၏အကြည့်မှာသူတို့နှစ်ယောက်စီသို့ကျရောက်လာခဲ့သည်။ဆိုင်ထဲရှိမိန်းကလေးတိုင်း၏မျက်ဝန်းအများစုမှာရိမင်ဆီသို့သာကျရောက်နေခဲ့ပြီးသူမတို့၏ပါးပြင်မှာနီရဲနေသည်။

"ကိုကိုဘာစားချင်လဲ"

"အဆင်ပြေတဲ့တစ်ခုခုပေါ့...."

ရိမင်သည်ရှောင်ကျန့်၏အပြုအမူတစ်ခုချင်းစီအားသေသေချာချာစူးစိုက်ကြည့်နေရင်းသူ့ရဲ့အနက်ရောင်မျက်ဝန်းအတွင်းရှိချစ်ခင်ကြင်နာမှုများမှာမရေတွက်နိုင်အောင်ပြည့်လျှံနေခဲ့သည်။

တစ်ချို့အမြင်ရှိသည့်မိန်းကလေးတစ်ချို့မှာရိမင်၏အကြည့်အားနားလည်စွာဖြင့်အချင်းချင်းလိုက်ဝါးရိုက်လိုက်ကြသည်။

"ဟိ...ဟိ....တစ်ယောက်နဲ့တစ်ယောက်အရမ်းလိုက်ဖက်တာပဲ"

"ငါအစစ်မတွေရှတာမြင်ရင်အရမ်းစိတ်ကျေနပ်သလိုဘာကြောင့်ခံစားနေရပါလိမ့်"

ရုတ်တရတ်ရှောင်ကျန့်အားလူတစ်ယောက်ဝင်တိုက်သွားခဲ့ပြီးကော်ဖီပူပူတွေဟာရှောင်ကျန့်ပေါ်သို့မှောက်ကျတော့မလိုဖြစ်သွားခဲ့သည်။ရိမင်ဟာထိတ်လန့်သွားကာလျှင်မြန်စွာဖြင့်ပင်၎င်းကော်ဖီဗူးအားအဝေးသို့ရိုက်ထုတ်လိုက်သည်။

ကော်ဖီပူပူတွေဟာရိမင်၏သွယ်လျသည့်လက်ပေါ်၌ထိမှန်သွားခဲ့ပြီးရှောင်ကျန့်ကိုတော့ရိမင်၏တားဆီးမှုကြောင့်လက်ခုံပေါ်သို့တစ်စက်နှစ်စက်လောက်သာစင်သွား၏။ရှောင်ကျန့်ကရိမင်၏အပူလောင်သွားသည့်လက်အားစိုးရိမ်ချိန်မရသေးခင်မှာရိမင်မှာရှောင်ကျန့်လက်ပေါ်ရှိနီရဲသွားသည့်အကွက်လေးနှစ်ကွက်ကြောင့်တုန်လှုပ်ခြောက်ခြားသွားသည်။

ရိမင်သည်ရှောင်ကျန့်၏သေးသွယ်လှပသောလက်ချောင်းလေးများအားလှမ်းယူ၍နီရဲနေသည့်အစက်လေးနှစ်စက်အားဖွဖွလေးထိကိုင်ရင်းသူ့ရဲ့အနက်ရောင်မျက်ဝန်းတစ်စုံမှာစိတ်လွတ်နေသည့်တောရိုင်းကောင်ကြီးတစ်ကောင်ကဲ့သို့တဖြည်းဖြည်းနီရဲလာခဲ့သည်။

သူ့ရဲ့ကိုကို.....သူ့ရဲ့ကိုကိုထိခိုက်သွားပြီ.....

ရိမင်၏စိတ်အခြေအနေမှာပုံမှန်မဟုတ်စွာလှုပ်ရှားလာချိန်၌ရှောင်ကျန့်၏လက်လေးဟာရိမင်၏သွယ်လျကြီးမားသည့်အပူလောင်သွားသောလက်အားစိုးရိမ်ပူပန်စွာပြန်လည်ဆုပ်ကိုင်လာသည်ကိုခံစားမိလိုက်သည်။

"ရိမင်.....ဘာလို့ကော်ဖီခွက်ကိုပုတ်ထုတ်လိုက်ရတာလဲ....အခုတော့ကြည့်ဦး....လက်အပူလောင်သွားပြီ...."

ရှောင်ကျန့်ဟာအဘွားကြီးပေါက်စလေးကဲ့သို့ပွစိပွစိရေရွတ်ရင်းရိမင်အားဆူပူလိုက်သည်။

ရှောင်ကျန့်ကသူ့ကိုဝင်တိုက်သည့်တစ်ဖက်လူအားစကားပြောဖို့ရန်လုပ်လိုက်သည်။

"ဒီမှာ မင်း......."

"အဟင့်.....ကျွန်တော့်ကိုမရိုက်ပါနဲ့.....
ကျွန်တော်တမင်သက်သက်လုပ်
လိုက်တာမှမဟုတ်တဲ့ဟာ"

ရှောင်ကျန့်ဘာမှမပြောရသေးခင်မှာပဲတစ်ဖက်လူငယ်ဟာရှောင်ကျန့်တို့ကသူ့ကိုပဲအနိုင်ကျင့်နှိပ်စက်နေသကဲ့သို့မျက်ရည်ပေါက်ကြီးငယ်ကျလျက်ပြောဆိုလာသည်။

ရှောင်ကျန့်ဟာပါးစပ်အဟောင်းသားဖြင့်သာတစ်ဖက်လူအားကြည့်နေလိုက်နိုင်သည်။

ဆိုင်ထဲရှိလူတိုင်းဟာလည်းရှောင်ကျန့်တို့သုံးယောက်အားအာရုံစိုက်လာခဲ့ကြပြီးတစ်ယောက်တစ်မျိုးတတွတ်တွတ်ဖြင့်ပြောနေကြသည်။

အာ.....ငါဘာမှမပြောရသေးဘူးလေ.....

ထိုလူငယ်၏သူပဲခံနေရသလိုစကားကြောင့်ရှောင်ကျန့်တို့သာသူ့ကိုတစ်ခုခုပြောဆိုလိုက်တာပဲဖြစ်ဖြစ်အနည်းငယ်ထိခိုက်အောင်လုပ်မိတာပဲဖြစ်ဖြစ်လူတိုင်း၏အပြစ်တင်ပြောဆိုခြင်းအားခံရပေလိမ့်မည်ဖြစ်သည်။ရိမင်ကဒေါသတကြီးဖြင့်တစ်ဖက်လူငယ်အားဆွဲထိုးရန်ပြင်လိုက်ပေမယ့်ရှောင်ကျန့်ကတားဆီးလိုက်သည်။

ရှောင်ကျန့်၏မျက်လုံးအတွင်း၌အလင်းတစ်ချက်လက်သွားသည်။တစ်ဖက်လူ၏ပြုမူပြောဆိုပုံတွေအရသူတို့ကိုသေချာပေါက်ပြဿနာရှာနေခြင်းဖြစ်သည်။ခုနကလမ်းအကျယ်ကြီးရှိလျက်နဲ့ရှောင်ကျန့်ကိုဝင်တိုက်သည့်အပြင်အလွန်ပူလောင်သည့်ကော်ဖီဗူးကိုလည်းရည်ရွယ်ချက်ရှိရှိရှောင်ကျန့်ရှိရာဆီသို့သွန်ချလာခဲ့သည်။

'အုန်းသီး....သူကဘယ်သူလဲ'

[ဒင်.....host...သူကဗီလိန်
တစ်ယောက်ဖြစ်ပြီးနာမည်
ကတော့နန်မင်ကျဲဖြစ်ပါတယ်]

ရှောင်ကျန့်နားလည်သွားသည်။

နန်မင်ကျဲကမူလဇာတ်ကြောင်းထဲတွင်ပါဝင်သည့်ဗီလိန်တစ်ယောက်သာဖြစ်သည်။ရှောင်ကျန့်ငယ်စဥ်လူကုန်ကူးခံရသည့်ဂိုဏ်း၏နောက်ကွယ်ကခေါင်းဆောင်မှာနန်မင်ကျဲ၏ဖခင်ဖြစ်သည်။

ရိပါးမှာရှောင်ကျန့်အားပြန်လည်ရှာတွေ့သည်နှင့်ရိမိသားစုအာဏာအားအသုံးပြု၍ထိုလူကုန်ကူးဂိုဏ်းတစ်ခုလုံးအားအမြစ်ကနေလှန်၍တစ်ခုလုံးဖြိုချခဲ့သည်။နန်မင်ကျဲ၏ဖခင်မှာသေဒဏ်ပင်အပေးခံခဲ့ရကာနန်မင်ကျဲသည်လည်းလိုတာရသည့်သခင်လေးဘဝမှလူတစ်ကာလက်ညှိုးထိုးခံရသည့်လူတစ်ယောက်အဖြစ်သို့ပြောင်းလဲခဲ့သည်။

နန်မင်ကျဲကသူယခုလိုဖြစ်ပျက်ခဲ့ရသည့်အဓိကတရားခံမှာရိမိသားစုဖြစ်သည်ဟုသာတရားသေတွက်ယူ၍သူ့အဖေကျူးလွန်ခဲ့သည့်အပြစ်များကိုမူဂရုစိုက်ခြင်းလုံးဝမရှိခဲ့ချေ။

မူလဇာတ်ကြောင်းတွင်နန်မင်ကျဲဟာဇာတ်လိုက်မတို့နှစ်ဦးအားဝင်နှောင့်၍ခလောက်ဆန်ကာဝင်ရောက်သွေးခွဲသည့်အရန်ဗီလိန်နေရာကနေပါဝင်သည်။ယခုတစ်ခါ၌မူထိုအဖြစ်အပျက်၏မူလအစဖြစ်သူရှောင်ကျန့်မှာအသက်ရှင်နေသေးသည့်အတွက်နန်မင်ကျဲ၏ပစ်မှတ်မှာကျန့်နင်အစားရှောင်ကျန့်စီသို့ပြောင်းလဲသွားခြင်းသာဖြစ်သည်။

"ကျွန်တော်ကိုမရိုက်ပါနဲ့...."

နန်မင်ကျဲသည်မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလျက်တစ်လောကလုံးမှအနိုင်ကျင့်ခံနေရသည့်အလှလေးကဲ့သို့ပြုမူနေခဲ့သည်။ရှောင်ကျန့်ဟာနန်မင်ကျဲကိုဂရုစိုက်ခြင်းမပြုတော့ပဲရိမင်လက်မှအပူလောင်ဒဏ်ရာကိုသာဆေးလိမ်းပေးဖို့စိတ်လောနေခဲ့သည်။သူဟာချက်ချင်းထွက်သွားဖို့ရန်လုပ်လိုက်ပေမယ့်နန်မင်ကျဲကထိုသို့ပြုလုပ်ရန်မည်သို့ခွင့်ပြုမည်နည်း။

နန်မင်ကျဲဟာရှောင်ကျန့်၏လက်ကိုအားနဲ့လှမ်းဆွဲလိုက်ပေမယ့်မျက်စိလျင်သည့်ရိမင်ကရှောင်ကျန့်အားသူ့ဘက်သို့လှမ်းဆွဲကာပွေ့ဖက်လိုက်သည်။နန်မင်ကျဲဟာဤသည်ကိုအခွင့်ကောင်းယူ၍ရိမင်ကသူ့ကိုတွန်းထုတ်လိုက်သည့်ဟန်ဖြင့်ကြမ်းပြင်ထက်သို့ပြစ်လှဲချလိုက်သည်။

"အာ့!!!!ကျွန်တော်က
ဒီအတိုင်းတောင်းပန်ချင်လို့ပါ....
ကျွန်တော့်ကိုဘာလို့များတွန်းထုတ်နိုင်ရ
တာလဲ"

နန်မင်ကျဲ၏ကြမ်းပြင်ထက်၌အားနည်းစွာလဲကျနေဟန်ကြောင့်လူတိုင်းဟာရှောင်ကျန့်တို့အားအပြစ်တင်ချင်စိတ်ပေါ်လာပေမယ့်ရိမင်၏ခြိမ်းခြောက်သည့်အကြည့်တစ်ချက်မှာတင်အကုန်ငြိမ်ကျသွားသည်။

ငါတို့ကိုလာမမေးနဲ့.....အဲ့ဒီကလေးအကြည့်ကြောင့်ငါသာတစ်ခုခုပြောမိရင်ဒီနေရာမှာတင်အသက်ပျောက်သွားမယ်လို့အာရုံရနေတယ်.....

ရုတ်တရတ်ကောင်မလေးတစ်ယောက်မှာလက်ထောင်လာသည်။

"ကျွန်မတစ်ခုခုလောက်ပြောလို့ရမလား"

ထိုကောင်မလေးဟာလက်ထဲ၌ဖုန်း
တစ်လုံးအားကိုင်ဆောင်ထားသည်။

လူတိုင်း၏အကြည့်မှာထိုမိန်းကလေးဆီသို့ကျရောက်လာသည်။သူမကအေးဆေးစွာပင်သူမ၏ဖုန်းအားကိုင်၍ဓာတ်ပုံတစ်ချို့အားနှိပ်ပြသည်။

"ကျွန်မမနေနိုင်တော့လို့ပါ.....
ဒီကအစ်ကိုနှစ်ယောက်ဆိုင်ထဲဝင်လာတည်းကလိုက်ဖက်လွန်းလို့ကျွန်မမနေနိုင်လို့ခွင့်ပြုချက်မရှိပဲဓာတ်ပုံတစ်ချို့ရိုက်ခဲ့မိပါတယ်.....အမှန်တိုင်းပြောရရင်ဗီဒီယိုပါရိုက်မိသွားခဲ့တယ်....အဲ့ဒီအတွက်ကျွန်မအရင်ဆုံးတောင်းပန်ချင်ပါတယ်....."

သူမကပြောရင်းဆိုရင်းဖြင့်ဗီဒီယိုတစ်ခုအားဖွင့်ပြ၍လူတိုင်းဘက်သို့ကြည့်လို့ရစေရန်လှည့်ပြလိုက်သည်။လူတွေဟာသူမအနားသို့၎င်းဗီဒီရိုအားမြင်ရစေရန်အုံလိုက်ကြီးကပ်လာကြသည်။

ဗီဒီယိုထဲ၌ရှောင်ကျန့်တို့နှစ်ယောက်အားနန်မင်ကျဲမှာဦးစွာဝင်တိုက်၍ကော်ဖီပူအားရည်ရွယ်ချက်ရှိရှိလောင်းချခဲ့သည်အားအတိုင်းသားမြင်တွေ့နိုင်သည်။ထို့အပြင်သူကကာရကံရှင်နှစ်ဦးအားမတောင်းပန်သည့်အပြင်သူ့ကိုမရိုက်ပါနဲ့ဟုဦးစွာငိုယိုခဲ့ပါသေးသည်။

လူတိုင်းဟာနန်မင်ကျဲကိုရွံ့ရှာမုန်းတီးလာစဥ်မှာပဲနန်မင်ကျဲ၏နောက်ထပ်လုပ်ရပ်တစ်ခုကိုထပ်မံမြင်တွေ့လိုက်ရပြန်သည်။၎င်းမှာအနှေးပြကွက်ဖြင့်ဖော်ပြထားသည့်နန်မင်ကျဲလဲကျသွားသည့်အကြောင်းရင်းမှန်ပင်ဖြစ်သည်။

ရှောင်ကျန့်တို့နှစ်ယောက်ဟာတိတ်ဆိတ်စွာအပြစ်မမြင်ပဲထွက်သွားမည်ပြုသည်အားနန်မင်ကျဲကတားဆီးရန်ပြုသည့်အပြင်ရှောင်ကျန့်အားရိမင်လှမ်းဆွဲလိုက်ခြင်းကိုအကြောင်းပြ၍လဲကျဟန်ပြလာခြင်းသာဖြစ်သည်။

အထူးသခြင့်အနှေးပြကွက်ကြောင့်နန်မင်ကျဲ၏လုပ်ရပ်မှာနေရောင်ထဲ၌အဝတ်ဗလာဖြင့်ရပ်နေသကဲ့သို့ထင်းထင်းရှင်းရှင်းရှိလွန်းလှသည်။

လူတိုင်းဟာနန်မင်ကျဲအားစက်စုပ်ရွံရှာစွာစိုက်ကြည့်လာကြသည်။သူတို့လှည့်စားခံရသည်ကိုတွေးမိတိုင်းအကုန်လုံးမှာဒေါသအမျက်ချောင်းချောင်းထလာခဲ့သည်။

နန်မင်ကျဲ၏မျက်နှာမှာချက်ချင်းဖြူစုတ်သွားသည်။သူလုပ်ခဲ့သမျှဘူးပေါ်သလိုပေါ်သွားမည်ဟုသူမထင်ခဲ့ပေ။

"ကျွန်တော်မဟုတ်...."

"ဘာကိုမဟုတ်တာလဲ.....ငါတို့ရဲ့ပန်းရောင်လေးကနင့်လိုရွံ့စရာစိတ်ဓာတ်ရှိနေတယ်လို့ပြောချင်တာတော့မဟုတ်ပါဘူးနော်...."

မထင်မှတ်ထားစွာပင်ဆိုင်အတွင်း၌တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတစ်ချို့လည်းရှိနေခဲ့ပြီးထိုသူတွေမှာလည်းအံ့ဩဖို့ကောင်းစွာပင်ရှောင်ကျန့်၏fanလေးတွေဖြစ်နေခဲ့သည်။သူတို့မှာမူလကသက်သေမရှိ၍သာငြိမ်နေကြတာဖြစ်ပြီးသူတို့ရဲ့ပန်းရောင်လေးအားထိုသူစွပ်စွဲစဥ်အချိန်တည်းကပင်နန်မင်ကျဲအားမကြည်တော့တာဖြစ်သည်။

"သူ့ကိုကြည့်ရတာမိန်းမလိုပဲ.....တစ်ခုခုဖြစ်တာနဲ့မျက်ရည်တွေကဆည်ကျိုးသလိုကိုကျလာတာ....သူ့ရဲ့မျက်ရည်တွေနဲ့အငိုမင်းသားလုပ်ရင်အောင်မြင်လောက်တယ်"

"ဟုတ်ပါ့.....သူ့ကြောင့်ငါတို့မိန်းမတွေတောင်သိက္ခာကျတယ်....."

"ဟမ့်.....သူ့လိုနောက်ကျိနေတဲ့စိတ်ဓာတ်နဲ့ငါတို့ရဲ့ပန်းရောင်လေးကိုမနှိုင်းစမ်းပါနဲ့.....ပန်းရောင်လေးသိက္ခာကျပါတယ်...."

"အမှန်ပဲ.....အမှန်ပဲ...."

"ဘာတွေဝင်လုံးဖို့ကြိုးစားနေလည်းမှမသိတာ.....ပြီးတော့ပန်းရောင်လေးတို့ကိုတစ်ခါမှလဲမတောင်းပန်ခဲ့ဘူး"

fanတွေရဲ့အင်အားမှာအတော်လေးကြီးလှသည်။နန်မင်ကျဲမှာခေါင်းပင်မထောင်နိုင်တော့ပဲရှက်ရွံ့ကြောက်လန့်ကာဆိုင်ထဲမှပြေးထွက်သွားသည်။

ကံဆိုးစွာပင်နန်မင်ကျဲ၏အရှက်ရမှုမှာထိုမျှနှင့်ပင်မပြီးသေးချေ။တက္ကသိုလ်ကျောင်းသူတစ်ဦးဟာနန်မင်ကျဲ၏ဗီဒီယိုအားကျောင်းဖိုရမ်ပေါ်တွင်တင်လိုက်ရာတက္ကသိုလ်တစ်ကျောင်းလုံးနီးပါးနန်မင်ကျဲအားဝိုင်းဆဲကြတော့သည်။အဆိုးဆုံးကတော့ရှောင်ကျန့်ရဲ့fanလေးတွေသာဖြစ်သည်။သူတို့ကနန်မင်ကျဲအားရစရာမရှိအောင်ကိုပြောဆိုကြ၍အပြင်မှာသာတွေ့ခဲ့လျှင်ဝိုင်းသမမည်ဟုတောင်ကြွေးကြော်နေကြသေးသည်။

________________________________________________________________

Zawgyi

ေရွာင္က်န့္နဲ႕ရိမင္ႏွစ္ေယာက္လုံးကေတာ့ေက်ာင္းရွိေျဗာင္းဆန္ေနမႈမ်ားအားတစ္ခုမွမသိရွိၾကေပ။သူတို႔ႏွစ္ေယာက္လုံးဟာယခုေလာေလာဆည္၌တကၠသိုလ္ေက်ာင္းဝင္းအေရွ႕ရွိဆိုင္အတြင္းသို႔ေရာက္ရွိေနၾကၿပီျဖစ္သည္။

ႏွစ္ေယာက္လုံး၏႐ုပ္ရည္မွာအလြန္အမင္းထင္ရွားလြန္းတာေၾကာင့္ဆိုင္ထဲစဝင္လာသည္ႏွင့္လူတိုင္း၏အၾကည့္မွာသူတို႔ႏွစ္ေယာက္စီသို႔က်ေရာက္လာခဲ့သည္။ဆိုင္ထဲရွိမိန္းကေလးတိုင္း၏မ်က္ဝန္းအမ်ားစုမွာရိမင္ဆီသို႔သာက်ေရာက္ေနခဲ့ၿပီးသူမတို႔၏ပါးျပင္မွာနီရဲေနသည္။

"ကိုကိုဘာစားခ်င္လဲ"

"အဆင္ေျပတဲ့တစ္ခုခုေပါ့...."

ရိမင္သည္ေရွာင္က်န့္၏အျပဳအမူတစ္ခုခ်င္းစီအားေသေသခ်ာခ်ာစူးစိုက္ၾကည့္ေနရင္းသူ႕ရဲ႕အနက္ေရာင္မ်က္ဝန္းအတြင္းရွိခ်စ္ခင္ၾကင္နာမႈမ်ားမွာမေရတြက္နိုင္ေအာင္ျပည့္လွ်ံေနခဲ့သည္။

တစ္ခ်ိဳ႕အျမင္ရွိသည့္မိန္းကေလးတစ္ခ်ိဳ႕မွာရိမင္၏အၾကည့္အားနားလည္စြာျဖင့္အခ်င္းခ်င္းလိုက္ဝါးရိုက္လိုက္ၾကသည္။

"ဟိ...ဟိ....တစ္ေယာက္နဲ႕တစ္ေယာက္အရမ္းလိုက္ဖက္တာပဲ"

"ငါအစစ္မေတြရွတာျမင္ရင္အရမ္းစိတ္ေက်နပ္သလိုဘာေၾကာင့္ခံစားေနရပါလိမ့္"

႐ုတ္တရတ္ေရွာင္က်န့္အားလူတစ္ေယာက္ဝင္တိုက္သြားခဲ့ၿပီးေကာ္ဖီပူပူေတြဟာေရွာင္က်န့္ေပၚသို႔ေမွာက္က်ေတာ့မလိုျဖစ္သြားခဲ့သည္။ရိမင္ဟာထိတ္လန့္သြားကာလွ်င္ျမန္စြာျဖင့္ပင္၎ေကာ္ဖီဗူးအားအေဝးသို႔ရိုက္ထုတ္လိုက္သည္။

ေကာ္ဖီပူပူေတြဟာရိမင္၏သြယ္လ်သည့္လက္ေပၚ၌ထိမွန္သြားခဲ့ၿပီးေရွာင္က်န့္ကိုေတာ့ရိမင္၏တားဆီးမႈေၾကာင့္လက္ခုံေပၚသို႔တစ္စက္ႏွစ္စက္ေလာက္သာစင္သြား၏။ေရွာင္က်န့္ကရိမင္၏အပူေလာင္သြားသည့္လက္အားစိုးရိမ္ခ်ိန္မရေသးခင္မွာရိမင္မွာေရွာင္က်န့္လက္ေပၚရွိနီရဲသြားသည့္အကြက္ေလးႏွစ္ကြက္ေၾကာင့္တုန္လႈပ္ေျခာက္ျခားသြားသည္။

ရိမင္သည္ေရွာင္က်န့္၏ေသးသြယ္လွပေသာလက္ေခ်ာင္းေလးမ်ားအားလွမ္းယူ၍နီရဲေနသည့္အစက္ေလးႏွစ္စက္အားဖြဖြေလးထိကိုင္ရင္းသူ႕ရဲ႕အနက္ေရာင္မ်က္ဝန္းတစ္စုံမွာစိတ္လြတ္ေနသည့္ေတာရိုင္းေကာင္ႀကီးတစ္ေကာင္ကဲ့သို႔တျဖည္းျဖည္းနီရဲလာခဲ့သည္။

သူ႕ရဲ႕ကိုကို.....သူ႕ရဲ႕ကိုကိုထိခိုက္သြားၿပီ.....

ရိမင္၏စိတ္အေျခအေနမွာပုံမွန္မဟုတ္စြာလႈပ္ရွားလာခ်ိန္၌ေရွာင္က်န့္၏လက္ေလးဟာရိမင္၏သြယ္လ်ႀကီးမားသည့္အပူေလာင္သြားေသာလက္အားစိုးရိမ္ပူပန္စြာျပန္လည္ဆုပ္ကိုင္လာသည္ကိုခံစားမိလိုက္သည္။

"ရိမင္.....ဘာလို႔ေကာ္ဖီခြက္ကိုပုတ္ထုတ္လိုက္ရတာလဲ....အခုေတာ့ၾကည့္ဦး....လက္အပူေလာင္သြားၿပီ...."

ေရွာင္က်န့္ဟာအဘြားႀကီးေပါက္စေလးကဲ့သို႔ပြစိပြစိေရ႐ြတ္ရင္းရိမင္အားဆူပူလိုက္သည္။

ေရွာင္က်န့္ကသူ႕ကိုဝင္တိုက္သည့္တစ္ဖက္လူအားစကားေျပာဖို႔ရန္လုပ္လိုက္သည္။

"ဒီမွာ မင္း......."

"အဟင့္.....ကြၽန္ေတာ့္ကိုမရိုက္ပါနဲ႕.....
ကြၽန္ေတာ္တမင္သက္သက္လုပ္
လိုက္တာမွမဟုတ္တဲ့ဟာ"

ေရွာင္က်န့္ဘာမွမေျပာရေသးခင္မွာပဲတစ္ဖက္လူငယ္ဟာေရွာင္က်န့္တို႔ကသူ႕ကိုပဲအနိုင္က်င့္ႏွိပ္စက္ေနသကဲ့သို႔မ်က္ရည္ေပါက္ႀကီးငယ္က်လ်က္ေျပာဆိုလာသည္။

ေရွာင္က်န့္ဟာပါးစပ္အေဟာင္းသားျဖင့္သာတစ္ဖက္လူအားၾကည့္ေနလိုက္နိုင္သည္။

ဆိုင္ထဲရွိလူတိုင္းဟာလည္းေရွာင္က်န့္တို႔သုံးေယာက္အားအာ႐ုံစိုက္လာခဲ့ၾကၿပီးတစ္ေယာက္တစ္မ်ိဳးတတြတ္တြတ္ျဖင့္ေျပာေနၾကသည္။

အာ.....ငါဘာမွမေျပာရေသးဘူးေလ.....

ထိုလူငယ္၏သူပဲခံေနရသလိုစကားေၾကာင့္ေရွာင္က်န့္တို႔သာသူ႕ကိုတစ္ခုခုေျပာဆိုလိုက္တာပဲျဖစ္ျဖစ္အနည္းငယ္ထိခိုက္ေအာင္လုပ္မိတာပဲျဖစ္ျဖစ္လူတိုင္း၏အျပစ္တင္ေျပာဆိုျခင္းအားခံရေပလိမ့္မည္ျဖစ္သည္။ရိမင္ကေဒါသတႀကီးျဖင့္တစ္ဖက္လူငယ္အားဆြဲထိုးရန္ျပင္လိုက္ေပမယ့္ေရွာင္က်န့္ကတားဆီးလိုက္သည္။

ေရွာင္က်န့္၏မ်က္လုံးအတြင္း၌အလင္းတစ္ခ်က္လက္သြားသည္။တစ္ဖက္လူ၏ျပဳမူေျပာဆိုပုံေတြအရသူတို႔ကိုေသခ်ာေပါက္ျပႆနာရွာေနျခင္းျဖစ္သည္။ခုနကလမ္းအက်ယ္ႀကီးရွိလ်က္နဲ႕ေရွာင္က်န့္ကိုဝင္တိုက္သည့္အျပင္အလြန္ပူေလာင္သည့္ေကာ္ဖီဗူးကိုလည္းရည္႐ြယ္ခ်က္ရွိရွိေရွာင္က်န့္ရွိရာဆီသို႔သြန္ခ်လာခဲ့သည္။

'အုန္းသီး....သူကဘယ္သူလဲ'

[ဒင္.....host...သူကဗီလိန္
တစ္ေယာက္ျဖစ္ၿပီးနာမည္
ကေတာ့နန္မင္က်ဲျဖစ္ပါတယ္]

ေရွာင္က်န့္နားလည္သြားသည္။

နန္မင္က်ဲကမူလဇာတ္ေၾကာင္းထဲတြင္ပါဝင္သည့္ဗီလိန္တစ္ေယာက္သာျဖစ္သည္။ေရွာင္က်န့္ငယ္စဥ္လူကုန္ကူးခံရသည့္ဂိုဏ္း၏ေနာက္ကြယ္ကေခါင္းေဆာင္မွာနန္မင္က်ဲ၏ဖခင္ျဖစ္သည္။

ရိပါးမွာေရွာင္က်န့္အားျပန္လည္ရွာေတြ႕သည္ႏွင့္ရိမိသားစုအာဏာအားအသုံးျပဳ၍ထိုလူကုန္ကူးဂိုဏ္းတစ္ခုလုံးအားအျမစ္ကေနလွန္၍တစ္ခုလုံးၿဖိဳခ်ခဲ့သည္။နန္မင္က်ဲ၏ဖခင္မွာေသဒဏ္ပင္အေပးခံခဲ့ရကာနန္မင္က်ဲသည္လည္းလိုတာရသည့္သခင္ေလးဘဝမွလူတစ္ကာလက္ညွိုးထိုးခံရသည့္လူတစ္ေယာက္အျဖစ္သို႔ေျပာင္းလဲခဲ့သည္။

နန္မင္က်ဲကသူယခုလိုျဖစ္ပ်က္ခဲ့ရသည့္အဓိကတရားခံမွာရိမိသားစုျဖစ္သည္ဟုသာတရားေသတြက္ယူ၍သူ႕အေဖက်ဴးလြန္ခဲ့သည့္အျပစ္မ်ားကိုမူဂ႐ုစိုက္ျခင္းလုံးဝမရွိခဲ့ေခ်။

မူလဇာတ္ေၾကာင္းတြင္နန္မင္က်ဲဟာဇာတ္လိုက္မတို႔ႏွစ္ဦးအားဝင္ႏွောင့္၍ခေလာက္ဆန္ကာဝင္ေရာက္ေသြးခြဲသည့္အရန္ဗီလိန္ေနရာကေနပါဝင္သည္။ယခုတစ္ခါ၌မူထိုအျဖစ္အပ်က္၏မူလအစျဖစ္သူေရွာင္က်န့္မွာအသက္ရွင္ေနေသးသည့္အတြက္နန္မင္က်ဲ၏ပစ္မွတ္မွာက်န့္နင္အစားေရွာင္က်န့္စီသို႔ေျပာင္းလဲသြားျခင္းသာျဖစ္သည္။

"ကြၽန္ေတာ္ကိုမရိုက္ပါနဲ႕...."

နန္မင္က်ဲသည္မ်က္ရည္ေတြပိုးပိုးေပါက္ေပါက္က်လ်က္တစ္ေလာကလုံးမွအနိုင္က်င့္ခံေနရသည့္အလွေလးကဲ့သို႔ျပဳမူေနခဲ့သည္။ေရွာင္က်န့္ဟာနန္မင္က်ဲကိုဂ႐ုစိုက္ျခင္းမျပဳေတာ့ပဲရိမင္လက္မွအပူေလာင္ဒဏ္ရာကိုသာေဆးလိမ္းေပးဖို႔စိတ္ေလာေနခဲ့သည္။သူဟာခ်က္ခ်င္းထြက္သြားဖို႔ရန္လုပ္လိုက္ေပမယ့္နန္မင္က်ဲကထိုသို႔ျပဳလုပ္ရန္မည္သို႔ခြင့္ျပဳမည္နည္း။

နန္မင္က်ဲဟာေရွာင္က်န့္၏လက္ကိုအားနဲ႕လွမ္းဆြဲလိုက္ေပမယ့္မ်က္စိလ်င္သည့္ရိမင္ကေရွာင္က်န့္အားသူ႕ဘက္သို႔လွမ္းဆြဲကာေပြ႕ဖက္လိုက္သည္။နန္မင္က်ဲဟာဤသည္ကိုအခြင့္ေကာင္းယူ၍ရိမင္ကသူ႕ကိုတြန္းထုတ္လိုက္သည့္ဟန္ျဖင့္ၾကမ္းျပင္ထက္သို႔ျပစ္လွဲခ်လိဳက္သည္။

"အာ့!!!!ကြၽန္ေတာ္က
ဒီအတိုင္းေတာင္းပန္ခ်င္လို႔ပါ....
ကြၽန္ေတာ့္ကိုဘာလို႔မ်ားတြန္းထုတ္နိုင္ရ
တာလဲ"

နန္မင္က်ဲ၏ၾကမ္းျပင္ထက္၌အားနည္းစြာလဲက်ေနဟန္ေၾကာင့္လူတိုင္းဟာေရွာင္က်န့္တို႔အားအျပစ္တင္ခ်င္စိတ္ေပၚလာေပမယ့္ရိမင္၏ၿခိမ္းေျခာက္သည့္အၾကည့္တစ္ခ်က္မွာတင္အကုန္ၿငိမ္က်သြားသည္။

ငါတို႔ကိုလာမေမးနဲ႕.....အဲ့ဒီကေလးအၾကည့္ေၾကာင့္ငါသာတစ္ခုခုေျပာမိရင္ဒီေနရာမွာတင္အသက္ေပ်ာက္သြားမယ္လို႔အာ႐ုံရေနတယ္.....

႐ုတ္တရတ္ေကာင္မေလးတစ္ေယာက္မွာလက္ေထာင္လာသည္။

"ကြၽန္မတစ္ခုခုေလာက္ေျပာလို႔ရမလား"

ထိုေကာင္မေလးဟာလက္ထဲ၌ဖုန္း
တစ္လုံးအားကိုင္ေဆာင္ထားသည္။

လူတိုင္း၏အၾကည့္မွာထိုမိန္းကေလးဆီသို႔က်ေရာက္လာသည္။သူမကေအးေဆးစြာပင္သူမ၏ဖုန္းအားကိုင္၍ဓာတ္ပုံတစ္ခ်ိဳ႕အားႏွိပ္ျပသည္။

"ကြၽန္မမေနနိုင္ေတာ့လို႔ပါ.....
ဒီကအစ္ကိုႏွစ္ေယာက္ဆိုင္ထဲဝင္လာတည္းကလိုက္ဖက္လြန္းလို႔ကြၽန္မမေနနိုင္လို႔ခြင့္ျပဳခ်က္မရွိပဲဓာတ္ပုံတစ္ခ်ိဳ႕ရိုက္ခဲ့မိပါတယ္.....အမွန္တိုင္းေျပာရရင္ဗီဒီယိုပါရိုက္မိသြားခဲ့တယ္....အဲ့ဒီအတြက္ကြၽန္မအရင္ဆုံးေတာင္းပန္ခ်င္ပါတယ္....."

သူမကေျပာရင္းဆိုရင္းျဖင့္ဗီဒီယိုတစ္ခုအားဖြင့္ျပ၍လူတိုင္းဘက္သို႔ၾကည့္လို႔ရေစရန္လွည့္ျပလိုက္သည္။လူေတြဟာသူမအနားသို႔၎ဗီဒီရိုအားျမင္ရေစရန္အုံလိုက္ႀကီးကပ္လာၾကသည္။

ဗီဒီယိုထဲ၌ေရွာင္က်န့္တို႔ႏွစ္ေယာက္အားနန္မင္က်ဲမွာဦးစြာဝင္တိုက္၍ေကာ္ဖီပူအားရည္႐ြယ္ခ်က္ရွိရွိေလာင္းခ်ခဲ့သည္အားအတိုင္းသားျမင္ေတြ႕နိုင္သည္။ထို႔အျပင္သူကကာရကံရွင္ႏွစ္ဦးအားမေတာင္းပန္သည့္အျပင္သူ႕ကိုမရိုက္ပါနဲ႕ဟုဦးစြာငိုယိုခဲ့ပါေသးသည္။

လူတိုင္းဟာနန္မင္က်ဲကို႐ြံ႕ရွာမုန္းတီးလာစဥ္မွာပဲနန္မင္က်ဲ၏ေနာက္ထပ္လုပ္ရပ္တစ္ခုကိုထပ္မံျမင္ေတြ႕လိုက္ရျပန္သည္။၎မွာအႏွေးျပကြက္ျဖင့္ေဖာ္ျပထားသည့္နန္မင္က်ဲလဲက်သြားသည့္အေၾကာင္းရင္းမွန္ပင္ျဖစ္သည္။

ေရွာင္က်န့္တို႔ႏွစ္ေယာက္ဟာတိတ္ဆိတ္စြာအျပစ္မျမင္ပဲထြက္သြားမည္ျပဳသည္အားနန္မင္က်ဲကတားဆီးရန္ျပဳသည့္အျပင္ေရွာင္က်န့္အားရိမင္လွမ္းဆြဲလိုက္ျခင္းကိုအေၾကာင္းျပ၍လဲက်ဟန္ျပလာျခင္းသာျဖစ္သည္။

အထူးသျခင့္အႏွေးျပကြက္ေၾကာင့္နန္မင္က်ဲ၏လုပ္ရပ္မွာေနေရာင္ထဲ၌အဝတ္ဗလာျဖင့္ရပ္ေနသကဲ့သို႔ထင္းထင္းရွင္းရွင္းရွိလြန္းလွသည္။

လူတိုင္းဟာနန္မင္က်ဲအားစက္စုပ္႐ြံရွာစြာစိုက္ၾကည့္လာၾကသည္။သူတို႔လွည့္စားခံရသည္ကိုေတြးမိတိုင္းအကုန္လုံးမွာေဒါသအမ်က္ေခ်ာင္းေခ်ာင္းထလာခဲ့သည္။

နန္မင္က်ဲ၏မ်က္ႏွာမွာခ်က္ခ်င္းျဖဴစုတ္သြားသည္။သူလုပ္ခဲ့သမွ်ဘူးေပၚသလိုေပၚသြားမည္ဟုသူမထင္ခဲ့ေပ။

"ကြၽန္ေတာ္မဟုတ္...."

"ဘာကိုမဟုတ္တာလဲ.....ငါတို႔ရဲ႕ပန္းေရာင္ေလးကနင့္လို႐ြံ႕စရာစိတ္ဓာတ္ရွိေနတယ္လို႔ေျပာခ်င္တာေတာ့မဟုတ္ပါဘူးေနာ္...."

မထင္မွတ္ထားစြာပင္ဆိုင္အတြင္း၌တကၠသိုလ္ေက်ာင္းသား၊ေက်ာင္းသူတစ္ခ်ိဳ႕လည္းရွိေနခဲ့ၿပီးထိုသူေတြမွာလည္းအံ့ဩဖို႔ေကာင္းစြာပင္ေရွာင္က်န့္၏fanေလးေတြျဖစ္ေနခဲ့သည္။သူတို႔မွာမူလကသက္ေသမရွိ၍သာၿငိမ္ေနၾကတာျဖစ္ၿပီးသူတို႔ရဲ႕ပန္းေရာင္ေလးအားထိုသူစြပ္စြဲစဥ္အခ်ိန္တည္းကပင္နန္မင္က်ဲအားမၾကည္ေတာ့တာျဖစ္သည္။

"သူ႕ကိုၾကည့္ရတာမိန္းမလိုပဲ.....တစ္ခုခုျဖစ္တာနဲ႕မ်က္ရည္ေတြကဆည္က်ိဳးသလိုကိုက်လာတာ....သူ႕ရဲ႕မ်က္ရည္ေတြနဲ႕အငိုမင္းသားလုပ္ရင္ေအာင္ျမင္ေလာက္တယ္"

"ဟုတ္ပါ့.....သူ႕ေၾကာင့္ငါတို႔မိန္းမေတြေတာင္သိကၡာက်တယ္....."

"ဟမ့္.....သူ႕လိုေနာက္က်ိေနတဲ့စိတ္ဓာတ္နဲ႕ငါတို႔ရဲ႕ပန္းေရာင္ေလးကိုမႏွိုင္းစမ္းပါနဲ႕.....ပန္းေရာင္ေလးသိကၡာက်ပါတယ္...."

"အမွန္ပဲ.....အမွန္ပဲ...."

"ဘာေတြဝင္လုံးဖို႔ႀကိဳးစားေနလည္းမွမသိတာ.....ၿပီးေတာ့ပန္းေရာင္ေလးတို႔ကိုတစ္ခါမွလဲမေတာင္းပန္ခဲ့ဘူး"

fanေတြရဲ႕အင္အားမွာအေတာ္ေလးႀကီးလွသည္။နန္မင္က်ဲမွာေခါင္းပင္မေထာင္နိုင္ေတာ့ပဲရွက္႐ြံ႕ေၾကာက္လန့္ကာဆိုင္ထဲမွေျပးထြက္သြားသည္။

ကံဆိုးစြာပင္နန္မင္က်ဲ၏အရွက္ရမႈမွာထိုမွ်ႏွင့္ပင္မၿပီးေသးေခ်။တကၠသိုလ္ေက်ာင္းသူတစ္ဦးဟာနန္မင္က်ဲ၏ဗီဒီယိုအားေက်ာင္းဖိုရမ္ေပၚတြင္တင္လိုက္ရာတကၠသိုလ္တစ္ေက်ာင္းလုံးနီးပါးနန္မင္က်ဲအားဝိုင္းဆဲၾကေတာ့သည္။အဆိုးဆုံးကေတာ့ေရွာင္က်န့္ရဲ႕fanေလးေတြသာျဖစ္သည္။သူတို႔ကနန္မင္က်ဲအားရစရာမရွိေအာင္ကိုေျပာဆိုၾက၍အျပင္မွာသာေတြ႕ခဲ့လွ်င္ဝိုင္းသမမည္ဟုေတာင္ေႂကြးေၾကာ္ေနၾကေသးသည္။

________________________________________________________________

Continue Reading

You'll Also Like

42.6K 4.2K 25
[ host လုပ်ရမှာက တာဝန်ထမ်းဆောင်တဲ့ ကမ္ဘာက ဇာတ်လိုက်မ ကံကြမ္မာကို ခိုးယူပြီး host က ဇာတ်လိုက်မဖြစ်ဖို့ပဲ.. ] ' ဒါကြီးက ခက်နေသလားလို့ ' [ ကျနော် ကူညီမှ...
291K 7.3K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
119K 10.7K 85
host: ဇာတ်လိုက်တွေက ငါလေးကို ကြိတ်ကြံနေတယ် system : mission အတွက်အထောက်အကူဖြစ်တယ် အစားခံလိုက်ပါhost someone: အဟက် ဘယ်လိုလုပ်မလဲ မင်းဘယ်ပြေးပြေး မလွတ...
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...