system 091

By TeeKo0

1.1M 122K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(2.5)

9K 831 14
By TeeKo0

Unicode

"သားတို့နှစ်ယောက်ပြီးရောပြီးကြပြီလား"

"ပြီးပြီ"

ရှောင်ကျန့်သည်လွယ်အိတ်ပန်းရောင်လေးလွယ်၍အပေါ်ထပ်မှတတ်ကြွစွာပြေးဆင်းလာသည်။ကျန့်နင်သည်လည်းလွယ်အိတ်ပန်းရောင်လေးဖြင့်ရှိနေတာကြောင့်အမွှာနှစ်ယောက်ဆင်တူဟုခေါ်နိုင်သည်။

ရိမင်နှာခေါင်းတစ်ချက်ရှုံလိုက်ရင်းသူ့ရဲ့အနက်ရောင်လွယ်အိတ်လေးကိုငုံ့ကြည့်လိုက်သည်။သူကကိုကိုနဲ့ဆင်တူလိုချင်တဲ့ဟာ......

"အယ်.....ဖြေးဖြေးဆင်းလေကွယ်....
ချော်ကျအုံးမယ်"

ရိမား၏စကားကြောင့်ရှောင်ကျန့်၏သေးငယ်သောမျက်နှာလေးထက်နှင့်တောက်ပသောအပြုံးလှလှလေးတစ်ခုပေါ်ပေါက်လာသည်။ရိမားသည်ထမင်းဘူးထည့်ပေးလိုက်ပြီးစိုးရိမ်စွာဖြင့်သေသေချာချာမှာကြားနေခဲ့သည်။

ပြီးနောက်ကားပေါ်တတ်၍ရိမားကိုနှုတ်ဆတ်ကာဒါရိုက်ဘာမောင်းသည့်ကားဖြင့်ကျောင်းသို့သာထွက်လာခဲ့၏။

"တွေရတာဝမ်းသာပါတယ်......
ငါ့နာမည်ကကျန့်နင်ပါ.....ဒါကငါ့ရဲ့
အမွှာမောင်လေးကျန့်ရင်လို့ခေါ်တယ်....."

ဇာတ်လိုက်မသည်တတ်ကြွပြုံးရွှင်စွာဖြင့်စာသင်ခန်းအတွင်းရှိသူမတို့နှင့်ရွယ်တူကလေးများကိုနှုတ်ဆတ်သည်။

အခန်းတွင်းရှိကလေးများဟာရှောင်ကျန့်တို့မောင်နှမကိုအမွှာမှန်းသိသွားသည်နှင့်ကလေးသဘာဝပီပီစိတ်ဝင်စားမှုမြင့်တတ်လာ၏။ချက်ချင်းပင်ရှောင်ကျန့်တို့နားကလေးတွေအုပ်စုလိုက်ဝိုင်းအုံလာသည်။

"နင်တို့နှစ်ယောက်ကတကယ်ကြီးအမွှာတွေလား"

ကလေးတစ်ယောက်ကမေးသည်။

"အင်း"

ေရှာင်ကျန့်ကပြုံးရွှင်စွာပင်ပြန်ဖြေပေးလိုက်သည်။အမှန်တကယ်တော့သူကကလေးတွေကိုချစ်တတ်သည်။ဒါကြောင့်လည်းသူတို့မေးသမျှစိတ်ရှည်ရှည်နဲ့ပြန်ဖြေပေးမိနေတာလဲပါသည်။

ဆရာမသည်လည်းရှောင်ကျန့်၏ချစ်စရာကောင်းမှုမှာအရည်ပျော်ကျသွားသည်။ဘယ်လိုသူကများလိမ်မာရေးခြားရှိတဲ့ချစ်စရာကလေးလေးကိုမချစ်ပဲနေနိုင်မှာလဲ......

ရှောင်ကျန့်နှင့်ကျန့်နင်လေးသည်စာသင်ချိန်ကိုပျော်ရွှင်စွာဖြတ်သန်းရင်းနေ့လည်စာစားချိန်သို့ကျရောက်လာသည်။

ရှောင်ကျန့်သည်သူ့ပစ္စည်းလေးတွေကိုလွယ်အိတ်ထဲထည့်သိမ်းနေ၏။ရုတ်တရတ်အခန်းအရှေ့၌ကလေးတစ်အုပ်၏တစ်တွတ်တွတ်အသံကိုကြားလိုက်ရတာကြောင့်ရှောင်ကျန့်သိချင်စိတ်ဖြစ်မိသွားသည်။

သူသွားကြည့်မိလိုက်တော့ကလေးအုပ်စုကြားထဲ၌ရောက်နေသည့်ရိမင်.....

ရိမင်၏သေးငယ်သောမျက်နှာလေးဟာအမူအရာမဲ့တင်းမာနေပြီးသူ့ရဲ့ချစ်စဖွယ်ကောင်းမှုကြောင့်သဘောကျနေသည့်ကလေးတစ်သိုက်အားလျစ်လျူရှု့ထားသည်။

ရိမင်ကရှောင်ကျန့်တို့ထက်နှစ်နှစ်မျှအသက်ငယ်တာကြောင့်အတန်းမတူချေ။ရိမင်ကလည်းဤသည်ကိုလုံးဝမကျေနပ်ပေ။

သူမရှိတုန်းသူ့ကိုကို,ကိုတစ်ယောက်ယောက်ခိုးသွားရင်ဘယ်လိုလုပ်မလဲ။

ကျန့်နင်ဟာလည်းသူ့ပစ္စည်းတွေသေချာသိမ်းပြီးသည်နှင့်ရှောင်ကျန့်နားကပ်လာသည်။

"ရိမင်"

ရိမင်၏မူကခက်ထန်နေသောချစ်စဖွယ်မျက်နှာသေးသေးလေးမှာရှောင်ကျန့်အသံကြားသည်နှင့်ချက်ချင်းအရည်ပျော်သွားကာပြုံးရွှင်သွားသည်။

ရိမင်ဟာရှောင်ကျန့်ဆီချက်ချင်းပြေးဝင်လာပြီးရှောင်ကျန့်၏ခါးလေးအားဖက်တွယ်၍သူလွမ်းနေသည့်သူ့ကိုကိုရဲ့ကိုယ်သင်းနံ့ကိုတစ်ဝကြီးရှုရှိုက်လိုက်သည်။

"ကျွန်တော်ကကိုကို့ကိုလွမ်းနေတာ"

ရိမင်၏ချက်ချင်းပြောင်းလဲသွားပုံကြောင့်ဆွံ့အသွားသည့်ကလေးတစ်သိုက်သည်ရှောင်ကျန့်ကိုမြင်သည်နှင့်အံ့ဩတကြီးအနားသို့ဝိုင်းအုံလာပြန်သည်။

"ကျန့်ရင်....ဒါနင့်မောင်လေးလား"

"ဝါး.....ကျန့်ရင်.....နင့်မောင်လေးကအရမ်းချစ်ဖို့ကောင်းတာပဲ"

"ကျန့်ရင်နဲ့ကျန့်နင်လည်းချစ်ဖို့ကောင်းပါတယ်နော်"

"ဟုတ်တယ်.....ဟုတ်တယ်....ဟီးဟီး....
နင်တို့မောင်နှမသုံးယောက်လုံးက
အရမ်းမိုက်တာပဲ"

ကလေးတစ်အုပ်၏ဝိုင်းဝန်းချီးကျူးသံတွေကြောင့်ရှောင်ကျန့်အနည်းငယ်ရှက်သလိုတောင်ခံစားလာရသည်။ကလေးတွေရဲ့စိတ်ထားဟာအရမ်းဖြူစင်သန့်ရှင်းလွန်းတာကြောင့်ဘာမူရာမာယာမှမပါပဲစိတ်ထဲရှိတဲ့အတိုင်းပြောနေမှန်းလည်းသိသည်။ဒါကလည်းရှောင်ကျန့်ကလေးချစ်ရသည့်အကြောင်းအရင်းထဲပါ၏။

ရိမင်သည်ရှောင်ကျန့်အားကလေးတွေဝိုင်းအုံလာတာကိုသဘောမကျတာကြောင့်ဆူပုပ်ပုပ်မျက်နှာဖြင့်ရှောင်ကျန့်အားကလေးတွေအတွက်သီးသန့်ကျောင်းကန်တင်းထဲသို့ဆွဲခေါ်လာခဲ့သည်။ကျန့်နင်သည်တော့အနည်းငယ်မဲ့ရွဲ့၍ရိမင်တို့နောက်ကနေကပ်လိုက်လာခဲ့သည်။

ဒီကလေးကသူမမောင်နားအရမ်းကပ်လွန်းသည်။သူမကလည်းဒါကိုလုံးဝမကျေနပ်သည်ကခက်လွန်းလှ၏။

ရိမားထည့်ပေးလိုက်သည့်ချစ်စဖွယ်ထင်းမင်းဘူးလေးသုံးဘူးအားရှောင်ကျန့်တို့သုံးယောက်တူတူစားကြသည်။ရိမင်ကသူ့ထမင်းဘူးလေးထဲရှိဟင်းတစ်ချို့ကိုရှောင်ကျန့်ထမင်းဘူးထဲသို့ထည့်ပေးသည်။ကျန့်နင်လေးသည်လည်းအားကျမခံသူမထမင်းဘူးထဲရှိဟင်းတစ်ချို့အားရှောင်ကျန့်ထမင်းဘူးလေးထဲသို့ထည့်ပေးပြန်သည်။

ရိမင်ကမကျေနပ်စွာဖြင့်သူ့ရဲ့မျက်ဝန်းနက်နက်လေးတွေဖြင့်ကျန့်နင်အားရန်လိုစွာစိုက်ကြည့်လိုက်သည်။ကျန့်နင်ကလည်းအားကျမခံရိမင်အားထပ်တူစိုက်ကြည့်လိုက်သည်။

ရှောင်ကျန့်ကတော့သူ့ဘေးကနှစ်ကောင်ရန်စောင်နေတာကိုမသိပါပဲရိမားလက်ရာကောင်းလွန်းလှသည်ဟုသာတွေး၍ပလုတ်ပလောင်းဖြင့်ပျော်ရွှင်စွာစားသောက်နေခဲ့သည်။

တစ်ချက်တစ်ချက်ဝါးလိုက်တိုင်းဖောင်းဖောင်းတတ်လာတဲ့ပန်းနုရောင်သမ်းနေသည့်ပါးမို့မို့လေးတွေကြောင့်ယခုလက်ရှိရှောင်ကျန့်မှာအလွန်အမင်းချစ်စဖွယ်ကောင်းလွန်းနေသည်။ပါးစပ်တစ်ခါလှုပ်လိုက်တိုင်းဝဲကနဲဖြစ်ဖြစ်သွားတတ်သည့်ပန်းရောင်ခပ်ဖျော့ဖျော့ခေါင်းလုံးလုံးလေးကမြင်သူတစ်ကာကိုထိကိုင်ပွတ်သပ်ချင်လာအောင်ဆွဲဆောင်နိုင်လွန်း၏။အထူးသဖြင့်ခပ်ဖျော့ဖျော့ပန်းရောင်မျက်ဝန်းဝိုင်းကြီးတစ်စုံမှာတောက်ပလွန်းနေတာကြောင့်ရှောင်ကျန့်မှာသက်ရှိအရုပ်လေးနှင့်တူလွန်းလှသည်။

ကန်တင်းရှိကလေးတိုင်းဟာရှောင်ကျန့်ကိုကြည့်ပြီးအလွန်သူငယ်ချင်းဖွဲ့ချင်နေကြသည်။

သို့သော်ရိမင်၏အကြည့်ကြောင့်အကုန်လုံးဟာကြောက်လန့်သွားပြီးတစ်ချို့ကလေးတွေဆိုထတောင်ငိုသည်။

ရိမင်၏ပိုင်ဆိုင်လိုစိတ်ကယခုကလေးအရွယ်၌ပင်ကြီးမားလွန်းသည်။အကယ်၍အရွယ်သာရောက်လာရင်ပိုဆိုးသွားနိုင်လောက်သည်။

ဤလိုနှင့်ရှောင်ကျန့်တို့ကျောင်းတတ်တာတစ်ပါတ်မျှရှိသွားခဲ့ပြီဖြစ်သည်။ရိမင်ကရှောင်ကျန့်အနားကပ်မြဲကပ်ဆဲဖြစ်သလိုကျန့်နင်ကလည်းရှောင်ကျန့်လေးကိုလုမြဲလုဆဲသာဖြစ်သည်။

တစ်နေ့၌.......
ညနေကျောင်းဆင်းချိန်တွင်သူတို့သုံးယောက်ဟာကျောင်းရှေ့၌ရပ်၍အိမ်ကရောက်လာမည့်ကားအားစောင့်နေကြသည်။ဘာကြောင့်မှန်းမသိပေမယ့်ယနေ့၌ရိအိမ်တော်ရှိကားမှာနောက်ကျနေခဲ့သည်။

"ကိုကို...ကျွန်တော်အခန်းထဲမှာစာအုပ်တစ်အုပ်ကျန်ခဲ့တယ်ထင်တယ်"

ရိမင်သည်သူ့ရဲ့လွယ်အိတ်ကိုစစ်ကြည့်ရင်းရှောင်ကျန့်ကိုသူ့ရဲ့မျက်ဝန်းနက်ကြီးတွေနှင့်မော့ကြည့်ကာပြောသည်။

"ဒါဆိုသွားယူကြမလား"

ရှောင်ကျန့်ကရိမင်နှင့်အဖော်လိုက်ခဲ့ရန်လုပ်လိုက်ပေမယ့်ကျန့်နင်ကဝင်ရောက်တားဆီးလိုက်သည်။

"မောင်လေးဒီမှာနေခဲ့လေ.....မမသူနဲ့အတူလိုက်သွားပေးလိုက်မယ်......"

ရိမင်၏မျက်နှာမှာဆူပုတ်သွားရင်းကျန့်နင်အားမျက်ထောင့်နီကြီးနှင့်စိုက်ကြည့်လိုက်သည်။ကျန့်နင်ကဂုဏ်ယူစွာပြုံး၍ရိမင်အားရန်စသည့်အကြည့်လေးဖြင့်ကြည့်လိုက်သည်။ရိမင်အံတစ်ချက်ကြိတ်လိုက်သည်။

ကလေးနှစ်ယောက်ကြားကတိတ်တဆိတ်ပြိုင်ဆိုင်မှုတွေကိုဘာမှမသိသည့်ရှောင်ကျန့်သည်ကျန့်နင်၏အကြံကိုတစ်ချက်လောက်စဥ်းစားကာသဘောတူလိုက်သည်။

"မမပြောတာမှန်တယ်.....ရိမင်.....
မမနဲ့အတူသွားလိုက်လေ.....
ကိုကိုကဒီနေရာမှာအိမ်ကကားကိုစောင့်
နေလိုက်မယ်....ကိုကိုတို့သုံးယောက်လုံး
သာသွားရင်ကားရောက်လာတဲ့အခါ
စိတ်ပူပြီးလိုက်ရှာနေကြ
ဦးမယ်....."

ရိမင်မှာသိပ်အလိုမကျပေမယ့်သူ့ကိုကိုရဲ့စကားကိုမငြင်းဆန်နိုင်တာကြောင့်ကျန့်နင်နဲ့အတူထွက်သွား၏။ရှောင်ကျန့်သက်ပြင်းအသာချလိုက်သည်။

ေကျာင်းဆင်းချိန်အတော်ကြာသွားပြီဖြစ်တာကြောင့်ပတ်ဝန်းကျင်၌လူပြတ်၍တိတ်ဆိတ်နေသည်။ကျောင်းအပေါက်ဝ၌သူတစ်ယောက်သာရှိ၍အနည်းငယ်အထီးကျန်သလိုတောင်ခံစားရသည်။ပုံမှန်ဆိုရိမင်ကသူ့ကိုကပ်လွန်းပြီးလူကြီးလေးကဲ့သို့တစ်တွတ်တွတ်ဖြင့်ဂရုစိုက်ပေးတတ်သောကြောင့်ရိမင်၏အသံတိတ်ဆိတ်သွားသည့်အခါသူ့ရင်ထဲတစ်ခုခုလစ်ဟာသွားသလိုခံစားရသည်။

ရှောင်ကျန့်ဟာသူ့ရဲ့ပန်းရောင်လွယ်အိပ်လေးကိုလွယ်ထားလျက်ပင်လမ်းရှိကျောက်ခဲလေးတွေကိုကန်ရင်းကစားလိုက်သည်။သူလဲဒီဘဝရောက်မှကလေးစိတ်ပေါက်လာရတာလဲလွယ်ကူမနေဘူး။

ရုတ်တရတ်ခေါင်းစွပ်ဟူဒီအနွေးထည်အားဝတ်ဆင်ထားသည့်သူစိမ်းတစ်ယောက်ဟာရှောင်ကျန့်နား၌ဖြတ်လျှောက်သွားသည်။ရှောင်ကျန့်ကအမှတ်မထင်ပင်နေပေမယ့်အုန်းသီးလေး၏စိုးရိမ်တကြီးလှမ်းအော်သံကိုကြားလိုက်ရသည်။

[host!!!!!!!
အသက်ရှုအောင့်လိုက်.....]

ရှောင်ကျန့်ဟာနားမလည်ဖြစ်နေတုန်းမှာပဲစိမ်းရွှင်ရွှင်အနံ့နဲ့အတူသတိလစ်သွားသည်။အနက်ရောင်ဟူဒီနှင့်သူစိမ်းသည်ရှောင်ကျန့်၏သေးငယ်သောခန္ဒာကိုယ်လေးကိုပုခုံးပေါ်သို့ချက်ချင်းကောက်ပွေ့လိုက်သည်။ရှောင်ကျန့်၏ပန်းရောင်လွယ်အိတ်လေးမှာမြေပြင်ပေါ်သို့လျောကျသွား၏။

ကားတစ်စီးဟာရှောင်ကျန့်အားထမ်းတင်ထားသည့်ထိုလူစိမ်းနားသို့စိုက်ရောက်လာပြီးထိုလူစိမ်းသည်ရှောင်ကျန့်နှင့်အတူကားထဲဝင်ထိုင်လိုက်သည်။ကားဟာချက်ချင်းထွက်ခွာသွားရင်းမြေပြင်ပေါ်တွင်ပန်းရောင်လွယ်အိတ်လေးတစ်ခုသာကျန်ရစ်ခဲ့သည်။

________________________________________________________________

Zawgyi

"သားတို႔ႏွစ္ေယာက္ၿပီးေရာၿပီးၾကၿပီလား"

"ၿပီးၿပီ"

ေရွာင္က်န့္သည္လြယ္အိတ္ပန္းေရာင္ေလးလြယ္၍အေပၚထပ္မွတတ္ႂကြစြာေျပးဆင္းလာသည္။က်န့္နင္သည္လည္းလြယ္အိတ္ပန္းေရာင္ေလးျဖင့္ရွိေနတာေၾကာင့္အမႊာႏွစ္ေယာက္ဆင္တူဟုေခၚနိုင္သည္။

ရိမင္ႏွာေခါင္းတစ္ခ်က္ရႈံလိုက္ရင္းသူ႕ရဲ႕အနက္ေရာင္လြယ္အိတ္ေလးကိုငုံ႕ၾကည့္လိုက္သည္။သူကကိုကိုနဲ႕ဆင္တူလိုခ်င္တဲ့ဟာ......

"အယ္.....ေျဖးေျဖးဆင္းေလကြယ္....
ေခ်ာ္က်အဳံးမယ္"

ရိမား၏စကားေၾကာင့္ေရွာင္က်န့္၏ေသးငယ္ေသာမ်က္ႏွာေလးထက္ႏွင့္ေတာက္ပေသာအၿပဳံးလွလွေလးတစ္ခုေပၚေပါက္လာသည္။ရိမားသည္ထမင္းဘူးထည့္ေပးလိုက္ၿပီးစိုးရိမ္စြာျဖင့္ေသေသခ်ာခ်ာမွာၾကားေနခဲ့သည္။

ၿပီးေနာက္ကားေပၚတတ္၍ရိမားကိုႏႈတ္ဆတ္ကာဒါရိုက္ဘာေမာင္းသည့္ကားျဖင့္ေက်ာင္းသို႔သာထြက္လာခဲ့၏။

"ေတြရတာဝမ္းသာပါတယ္......
ငါ့နာမည္ကက်န့္နင္ပါ.....ဒါကငါ့ရဲ႕
အမႊာေမာင္ေလးက်န့္ရင္လို႔ေခၚတယ္....."

ဇာတ္လိုက္မသည္တတ္ႂကြၿပဳံး႐ႊင္စြာျဖင့္စာသင္ခန္းအတြင္းရွိသူမတို႔ႏွင့္႐ြယ္တူကေလးမ်ားကိုႏႈတ္ဆတ္သည္။

အခန္းတြင္းရွိကေလးမ်ားဟာေရွာင္က်န့္တို႔ေမာင္ႏွမကိုအမႊာမွန္းသိသြားသည္ႏွင့္ကေလးသဘာဝပီပီစိတ္ဝင္စားမႈျမင့္တတ္လာ၏။ခ်က္ခ်င္းပင္ေရွာင္က်န့္တို႔နားကေလးေတြအုပ္စုလိုက္ဝိုင္းအုံလာသည္။

"နင္တို႔ႏွစ္ေယာက္ကတကယ္ႀကီးအမႊာေတြလား"

ကေလးတစ္ေယာက္ကေမးသည္။

"အင္း"

ေရှာင်ကျန့်ကပြုံးရွှင်စွာပင်ပြန်ဖြေပေးလိုက်သည်။အမှန်တကယ်တော့သူကကလေးတွေကိုချစ်တတ်သည်။ဒါကြောင့်လည်းသူတို့မေးသမျှစိတ်ရှည်ရှည်နဲ့ပြန်ဖြေပေးမိနေတာလဲပါသည်။

ဆရာမသည္လည္းေရွာင္က်န့္၏ခ်စ္စရာေကာင္းမႈမွာအရည္ေပ်ာ္က်သြားသည္။ဘယ္လိုသူကမ်ားလိမ္မာေရးျခားရွိတဲ့ခ်စ္စရာကေလးေလးကိုမခ်စ္ပဲေနနိုင္မွာလဲ......

ေရွာင္က်န့္ႏွင့္က်န့္နင္ေလးသည္စာသင္ခ်ိန္ကိုေပ်ာ္႐ႊင္စြာျဖတ္သန္းရင္းေန႕လည္စာစားခ်ိန္သို႔က်ေရာက္လာသည္။

ေရွာင္က်န့္သည္သူ႕ပစၥည္းေလးေတြကိုလြယ္အိတ္ထဲထည့္သိမ္းေန၏။႐ုတ္တရတ္အခန္းအေရွ႕၌ကေလးတစ္အုပ္၏တစ္တြတ္တြတ္အသံကိုၾကားလိုက္ရတာေၾကာင့္ေရွာင္က်န့္သိခ်င္စိတ္ျဖစ္မိသြားသည္။

သူသြားၾကည့္မိလိုက္ေတာ့ကေလးအုပ္စုၾကားထဲ၌ေရာက္ေနသည့္ရိမင္.....

ရိမင္၏ေသးငယ္ေသာမ်က္ႏွာေလးဟာအမူအရာမဲ့တင္းမာေနၿပီးသူ႕ရဲ႕ခ်စ္စဖြယ္ေကာင္းမႈေၾကာင့္သေဘာက်ေနသည့္ကေလးတစ္သိုက္အားလ်စ္လ်ဴရႈ႕ထားသည္။

ရိမင္ကေရွာင္က်န့္တို႔ထက္ႏွစ္ႏွစ္မွ်အသက္ငယ္တာေၾကာင့္အတန္းမတူေခ်။ရိမင္ကလည္းဤသည္ကိုလုံးဝမေက်နပ္ေပ။

သူမရွိတုန္းသူ႕ကိုကို,ကိုတစ္ေယာက္ေယာက္ခိုးသြားရင္ဘယ္လိုလုပ္မလဲ။

က်န့္နင္ဟာလည္းသူ႕ပစၥည္းေတြေသခ်ာသိမ္းၿပီးသည္ႏွင့္ေရွာင္က်န့္နားကပ္လာသည္။

"ရိမင္"

ရိမင္၏မူကခက္ထန္ေနေသာခ်စ္စဖြယ္မ်က္ႏွာေသးေသးေလးမွာေရွာင္က်န့္အသံၾကားသည္ႏွင့္ခ်က္ခ်င္းအရည္ေပ်ာ္သြားကာၿပဳံး႐ႊင္သြားသည္။

ရိမင္ဟာေရွာင္က်န့္ဆီခ်က္ခ်င္းေျပးဝင္လာၿပီးေရွာင္က်န့္၏ခါးေလးအားဖက္တြယ္၍သူလြမ္းေနသည့္သူ႕ကိုကိုရဲ႕ကိုယ္သင္းနံ႕ကိုတစ္ဝႀကီးရႈရွိုက္လိုက္သည္။

"ကြၽန္ေတာ္ကကိုကို႔ကိုလြမ္းေနတာ"

ရိမင္၏ခ်က္ခ်င္းေျပာင္းလဲသြားပုံေၾကာင့္ဆြံ႕အသြားသည့္ကေလးတစ္သိုက္သည္ေရွာင္က်န့္ကိုျမင္သည္ႏွင့္အံ့ဩတႀကီးအနားသို႔ဝိုင္းအုံလာျပန္သည္။

"က်န့္ရင္....ဒါနင့္ေမာင္ေလးလား"

"ဝါး.....က်န့္ရင္.....နင့္ေမာင္ေလးကအရမ္းခ်စ္ဖို႔ေကာင္းတာပဲ"

"က်န့္ရင္နဲ႕က်န့္နင္လည္းခ်စ္ဖို႔ေကာင္းပါတယ္ေနာ္"

"ဟုတ္တယ္.....ဟုတ္တယ္....ဟီးဟီး....
နင္တို႔ေမာင္ႏွမသုံးေယာက္လုံးက
အရမ္းမိုက္တာပဲ"

ကေလးတစ္အုပ္၏ဝိုင္းဝန္းခ်ီးက်ဴးသံေတြေၾကာင့္ေရွာင္က်န့္အနည္းငယ္ရွက္သလိုေတာင္ခံစားလာရသည္။ကေလးေတြရဲ႕စိတ္ထားဟာအရမ္းျဖဴစင္သန့္ရွင္းလြန္းတာေၾကာင့္ဘာမူရာမာယာမွမပါပဲစိတ္ထဲရွိတဲ့အတိုင္းေျပာေနမွန္းလည္းသိသည္။ဒါကလည္းေရွာင္က်န့္ကေလးခ်စ္ရသည့္အေၾကာင္းအရင္းထဲပါ၏။

ရိမင္သည္ေရွာင္က်န့္အားကေလးေတြဝိုင္းအုံလာတာကိုသေဘာမက်တာေၾကာင့္ဆူပုပ္ပုပ္မ်က္ႏွာျဖင့္ေရွာင္က်န့္အားကေလးေတြအတြက္သီးသန့္ေက်ာင္းကန္တင္းထဲသို႔ဆြဲေခၚလာခဲ့သည္။က်န့္နင္သည္ေတာ့အနည္းငယ္မဲ့႐ြဲ႕၍ရိမင္တို႔ေနာက္ကေနကပ္လိုက္လာခဲ့သည္။

ဒီကေလးကသူမေမာင္နားအရမ္းကပ္လြန္းသည္။သူမကလည္းဒါကိုလုံးဝမေက်နပ္သည္ကခက္လြန္းလွ၏။

ရိမားထည့္ေပးလိုက္သည့္ခ်စ္စဖြယ္ထင္းမင္းဘူးေလးသုံးဘူးအားေရွာင္က်န့္တို႔သုံးေယာက္တူတူစားၾကသည္။ရိမင္ကသူ႕ထမင္းဘူးေလးထဲရွိဟင္းတစ္ခ်ိဳ႕ကိုေရွာင္က်န့္ထမင္းဘူးထဲသို႔ထည့္ေပးသည္။က်န့္နင္ေလးသည္လည္းအားက်မခံသူမထမင္းဘူးထဲရွိဟင္းတစ္ခ်ိဳ႕အားေရွာင္က်န့္ထမင္းဘူးေလးထဲသို႔ထည့္ေပးျပန္သည္။

ရိမင္ကမေက်နပ္စြာျဖင့္သူ႕ရဲ႕မ်က္ဝန္းနက္နက္ေလးေတြျဖင့္က်န့္နင္အားရန္လိုစြာစိုက္ၾကည့္လိုက္သည္။က်န့္နင္ကလည္းအားက်မခံရိမင္အားထပ္တူစိုက္ၾကည့္လိုက္သည္။

ေရွာင္က်န့္ကေတာ့သူ႕ေဘးကႏွစ္ေကာင္ရန္ေစာင္ေနတာကိုမသိပါပဲရိမားလက္ရာေကာင္းလြန္းလွသည္ဟုသာေတြး၍ပလုတ္ပေလာင္းျဖင့္ေပ်ာ္႐ႊင္စြာစားေသာက္ေနခဲ့သည္။

တစ္ခ်က္တစ္ခ်က္ဝါးလိုက္တိုင္းေဖာင္းေဖာင္းတတ္လာတဲ့ပန္းႏုေရာင္သမ္းေနသည့္ပါးမို႔မို႔ေလးေတြေၾကာင့္ယခုလက္ရွိေရွာင္က်န့္မွာအလြန္အမင္းခ်စ္စဖြယ္ေကာင္းလြန္းေနသည္။ပါးစပ္တစ္ခါလႈပ္လိုက္တိုင္းဝဲကနဲျဖစ္ျဖစ္သြားတတ္သည့္ပန္းေရာင္ခပ္ေဖ်ာ့ေဖ်ာ့ေခါင္းလုံးလုံးေလးကျမင္သူတစ္ကာကိုထိကိုင္ပြတ္သပ္ခ်င္လာေအာင္ဆြဲေဆာင္နိုင္လြန္း၏။အထူးသျဖင့္ခပ္ေဖ်ာ့ေဖ်ာ့ပန္းေရာင္မ်က္ဝန္းဝိုင္းႀကီးတစ္စုံမွာေတာက္ပလြန္းေနတာေၾကာင့္ေရွာင္က်န့္မွာသက္ရွိအ႐ုပ္ေလးႏွင့္တူလြန္းလွသည္။

ကန္တင္းရွိကေလးတိုင္းဟာေရွာင္က်န့္ကိုၾကည့္ၿပီးအလြန္သူငယ္ခ်င္းဖြဲ႕ခ်င္ေနၾကသည္။

သို႔ေသာ္ရိမင္၏အၾကည့္ေၾကာင့္အကုန္လုံးဟာေၾကာက္လန့္သြားၿပီးတစ္ခ်ိဳ႕ကေလးေတြဆိုထေတာင္ငိုသည္။

ရိမင္၏ပိုင္ဆိုင္လိုစိတ္ကယခုကေလးအ႐ြယ္၌ပင္ႀကီးမားလြန္းသည္။အကယ္၍အ႐ြယ္သာေရာက္လာရင္ပိုဆိုးသြားနိုင္ေလာက္သည္။

ဤလိုႏွင့္ေရွာင္က်န့္တို႔ေက်ာင္းတတ္တာတစ္ပါတ္မွ်ရွိသြားခဲ့ၿပီျဖစ္သည္။ရိမင္ကေရွာင္က်န့္အနားကပ္ၿမဲကပ္ဆဲျဖစ္သလိုက်န့္နင္ကလည္းေရွာင္က်န့္ေလးကိုလုၿမဲလုဆဲသာျဖစ္သည္။

တစ္ေန႕၌.......
ညေနေက်ာင္းဆင္းခ်ိန္တြင္သူတို႔သုံးေယာက္ဟာေက်ာင္းေရွ႕၌ရပ္၍အိမ္ကေရာက္လာမည့္ကားအားေစာင့္ေနၾကသည္။ဘာေၾကာင့္မွန္းမသိေပမယ့္ယေန႕၌ရိအိမ္ေတာ္ရွိကားမွာေနာက္က်ေနခဲ့သည္။

"ကိုကို...ကြၽန္ေတာ္အခန္းထဲမွာစာအုပ္တစ္အုပ္က်န္ခဲ့တယ္ထင္တယ္"

ရိမင္သည္သူ႕ရဲ႕လြယ္အိတ္ကိုစစ္ၾကည့္ရင္းေရွာင္က်န့္ကိုသူ႕ရဲ႕မ်က္ဝန္းနက္ႀကီးေတြႏွင့္ေမာ့ၾကည့္ကာေျပာသည္။

"ဒါဆိုသြားယူၾကမလား"

ေရွာင္က်န့္ကရိမင္ႏွင့္အေဖာ္လိုက္ခဲ့ရန္လုပ္လိုက္ေပမယ့္က်န့္နင္ကဝင္ေရာက္တားဆီးလိုက္သည္။

"ေမာင္ေလးဒီမွာေနခဲ့ေလ.....မမသူနဲ႕အတူလိုက္သြားေပးလိုက္မယ္......"

ရိမင္၏မ်က္ႏွာမွာဆူပုတ္သြားရင္းက်န့္နင္အားမ်က္ေထာင့္နီႀကီးႏွင့္စိုက္ၾကည့္လိုက္သည္။က်န့္နင္ကဂုဏ္ယူစြာၿပဳံး၍ရိမင္အားရန္စသည့္အၾကည့္ေလးျဖင့္ၾကည့္လိုက္သည္။ရိမင္အံတစ္ခ်က္ႀကိတ္လိုက္သည္။

ကေလးႏွစ္ေယာက္ၾကားကတိတ္တဆိတ္ၿပိဳင္ဆိုင္မႈေတြကိုဘာမွမသိသည့္ေရွာင္က်န့္သည္က်န့္နင္၏အႀကံကိုတစ္ခ်က္ေလာက္စဥ္းစားကာသေဘာတူလိုက္သည္။

"မမေျပာတာမွန္တယ္.....ရိမင္.....
မမနဲ႕အတူသြားလိုက္ေလ.....
ကိုကိုကဒီေနရာမွာအိမ္ကကားကိုေစာင့္
ေနလိုက္မယ္....ကိုကိုတို႔သုံးေယာက္လုံး
သာသြားရင္ကားေရာက္လာတဲ့အခါ
စိတ္ပူၿပီးလိုက္ရွာေနၾက
ဦးမယ္....."

ရိမင္မွာသိပ္အလိုမက်ေပမယ့္သူ႕ကိုကိုရဲ႕စကားကိုမျငင္းဆန္နိုင္တာေၾကာင့္က်န့္နင္နဲ႕အတူထြက္သြား၏။ေရွာင္က်န့္သက္ျပင္းအသာခ်လိဳက္သည္။

ေကျာင်းဆင်းချိန်အတော်ကြာသွားပြီဖြစ်တာကြောင့်ပတ်ဝန်းကျင်၌လူပြတ်၍တိတ်ဆိတ်နေသည်။ကျောင်းအပေါက်ဝ၌သူတစ်ယောက်သာရှိ၍အနည်းငယ်အထီးကျန်သလိုတောင်ခံစားရသည်။ပုံမှန်ဆိုရိမင်ကသူ့ကိုကပ်လွန်းပြီးလူကြီးလေးကဲ့သို့တစ်တွတ်တွတ်ဖြင့်ဂရုစိုက်ပေးတတ်သောကြောင့်ရိမင်၏အသံတိတ်ဆိတ်သွားသည့်အခါသူ့ရင်ထဲတစ်ခုခုလစ်ဟာသွားသလိုခံစားရသည်။

ေရွာင္က်န့္ဟာသူ႕ရဲ႕ပန္းေရာင္လြယ္အိပ္ေလးကိုလြယ္ထားလ်က္ပင္လမ္းရွိေက်ာက္ခဲေလးေတြကိုကန္ရင္းကစားလိုက္သည္။သူလဲဒီဘဝေရာက္မွကေလးစိတ္ေပါက္လာရတာလဲလြယ္ကူမေနဘူး။

႐ုတ္တရတ္ေခါင္းစြပ္ဟူဒီအႏြေးထည္အားဝတ္ဆင္ထားသည့္သူစိမ္းတစ္ေယာက္ဟာေရွာင္က်န့္နား၌ျဖတ္ေလွ်ာက္သြားသည္။ေရွာင္က်န့္ကအမွတ္မထင္ပင္ေနေပမယ့္အုန္းသီးေလး၏စိုးရိမ္တႀကီးလွမ္းေအာ္သံကိုၾကားလိုက္ရသည္။

[host!!!!!!!
အသက္ရႈေအာင့္လိုက္.....]

ေရွာင္က်န့္ဟာနားမလည္ျဖစ္ေနတုန္းမွာပဲစိမ္း႐ႊင္႐ႊင္အနံ႕နဲ႕အတူသတိလစ္သြားသည္။အနက္ေရာင္ဟူဒီႏွင့္သူစိမ္းသည္ေရွာင္က်န့္၏ေသးငယ္ေသာခႏၵာကိုယ္ေလးကိုပုခုံးေပၚသို႔ခ်က္ခ်င္းေကာက္ေပြ႕လိုက္သည္။ေရွာင္က်န့္၏ပန္းေရာင္လြယ္အိတ္ေလးမွာေျမျပင္ေပၚသို႔ေလ်ာက်သြား၏။

ကားတစ္စီးဟာေရွာင္က်န့္အားထမ္းတင္ထားသည့္ထိုလူစိမ္းနားသို႔စိုက္ေရာက္လာၿပီးထိုလူစိမ္းသည္ေရွာင္က်န့္ႏွင့္အတူကားထဲဝင္ထိုင္လိုက္သည္။ကားဟာခ်က္ခ်င္းထြက္ခြာသြားရင္းေျမျပင္ေပၚတြင္ပန္းေရာင္လြယ္အိတ္ေလးတစ္ခုသာက်န္ရစ္ခဲ့သည္။

________________________________________________________________

Continue Reading

You'll Also Like

1.1M 61.1K 49
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
33.8K 4.2K 19
All the little things. ©® Helen_Fighter_Hnin Edits are mine unless stated otherwise. Some drabbles are inspired by random prompts from other social m...
51.9K 5.4K 45
✔Uploaded in both Zawgyi and Unicode. ကာကွယ်​ပေးမည် ဆို​သော ဒမ်ဘယ်​ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်​မျှော်စင်​ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်​...
639K 84.9K 144
Start Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]