မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိဆိုသည်မှာ တကယ်မှန်သည့်စကား။ ဥပဒေချိုးဖောက်ကျူးလွန်တာမျိုးမဟုတ်သည့်အပြင် ကိုယ့်ဖက်ကကြည့်လျင် လုံးဝ မှားယွင်းနေတဲ့အရာ မဟုတ်သော်လည်း မြန်မာပြည်ကို ၂ညခိုးပြန်လိုက်တဲ့ကိစ္စသည် ကိုယ့်မိသားစုအတွင်း
မိုးမီးလောင်သွားသကဲ့သို့ပင်။
ကိုယ်ကပဲ ကံညံ့နေတာလားမသိပါ မြန်မာပြည်ပြန်တဲ့
Flight ပေါ် မှာ တောင်ကြီးက အသိမိသားစုလည်း ပါနေခဲ့သည်တဲ့။ လေယာဉ်ပေါ်မှာ ကိုယ့်ကလည်း သတိမထားမိခဲ့ ကျေးဇူးတင်စရာကောင်းတာက ကိုယ်မြန်မာပြည်မှာရှိနေတဲ့ ဒုတိယညမှ သိသွားတာမလို့ နောက်နေ့ ချက်ချင်းပြန်တဲ့ ကိုယ်က ကသီလေးလွတ်သွားခဲ့တာပင်။ မဟုတ်ရင် မန္တလေးထိလိုက်လာပြီး ဘုန်းမည့် ဖေဖေရဲ့ လက်စက မသေး။
" သုဉာဏ်ထက် မင်းဘာအချိုးချိုးနေတာလဲ"
MacBook ရှေ့ ညီအစ်ကိုနှစ်ယောက်လုံး မျက်နှာငယ်လေးတွေဖြင့် ထိုင်နေကြသည့်အဖြစ်က နည်းနည်းတော့ ရယ်ချင်စရာကောင်းသည်။ ITခေတ်မှာ မိဘဆီမှ အဆူအဆဲခံရတာတောင် FaceTime နှင့်။
" အစ်ကိုရယ် စိတ်လျော့ပါအုန်း"
ဘေးက မေမေကလည်း မျက်နှာလေးညိုးကာ လက်လေးတဆွဲဆွဲဖြင့် ချော့မော့နေတာတောင် နှာမှုတ်သံတပြင်းပြင်းနှင့် ဖေဖေက တကယ်အမှန်ကြီး ဒေါသထွက်နေတာ။
"နောက်တစ်ခေါက် အဲ့လိုမဟုတ်တာတွေ လုပ်ကြည့် မင်းကို ငါဒီအတိုင်း ကြည့်မနေဘူး ကျောင်းထုတ်ပြီး ပြန်ခေါ်မယ် လူကြားလို့မှမကောင်းဘူး မင်းအဲ့လောက် ဟာ ငါကွာ"
မေမေပြောပြထားလို့ သိသင့်သလောက်သိသွားပြီဖြစ်တဲ့ ဖေဖေက လေယာဉ်လက်မှတ်ဖြတ်ပြီး ချက်ချင်းလိုက်လာဖို့ တကဲကဲဖြစ်နေတာကို မေမေနှင့် ကြီးကြီးမေတို့က "ဒီကိစ္စ ငါတို့ရှင်းမယ် နင်ဝင်မပါနဲ့"ဆိုတဲ့ စကားနောက် အံတကြိတ်ကြိတ် လက်သီးတပြင်ပြင်။ လုပ်ချင်တာ
လုပ်ထားပြီးပြီမလို့ အခုချိန် ထုထောင်းရုံတင်မကဘူး အမှုန်ကြိတ်လည်း ခံရတော့မှာပင်။ ဒါပေမယ့် ပြောပြချင်နေတာက ဖေဖေပြန်ခေါ်လည်း မလာနိုင်ကြောင်း အချစ်ကို ကျောင်းပြီးသည်အထိ တက်မည်ဖြစ်ကြောင်း ကတိပေးထားသည်ဆိုတာတော့ စိတ်ထဲတွင်သာ ထားလိုက်ရသည်။
"ကျွန်တော်ပြောလိုက်ပါမယ် ဖေဖေ သားငယ်က
အဲ့လောက်ထိဆိုးနေတာမဟုတ်ပါဘူး"
" မင်းညီလုပ်တာ မဆိုးသေးဘူးဟုတ်လား
လူကြားလို့မှမကြောင်း ယောကျာ်းတစ်ယောက်အတွက်
မိဘမသိအောင်တောင် ပြန်လာတာတဲ့ အဲ့မှာမလို့
အကောင်းတိုင်းရှိနေတာ ဒီမှာဆိုရင် ခြေထောက်ရိုက်ချိုးပစ်ပြီ ဒီကောင် တဖက်ကို ဘယ်လောက်အားနာစရာကောင်းလဲ ဟိုက ဆရာဝန် ပညာတက် ဂုဏ်ရှိအသိုင်းအဝိုင်း
မင်းက ဘာေ-ာက်ကောင်းရှိလို့ သွားရှုပ်နေတာလဲ"
"အစ်ကိုကလည်း သားငယ်ကို အဲ့လောက်မပြောပါနဲ့"
"သွယ် အဲ့လ်ိုလုပ်နေလို့ မင့်သားအငယ်ကောင်က ကန်းတက်နေတာ ငါ့မျက်နှာသာ ဓားနဲ့ လှီးလိုက်ချင်တယ် မင်းသားလုပ်ပုံက ယောကျာ်းချင်းကိုကွာ တောက်"
ဒီလေသံအရ ဖေဖေသိထားတာ False information ဖြစ်ပုံရသည်။ ကိုယ်ကသာ တဖက်သတ်ဖြစ်ပြီး အစ်ကို့ကို လိုက်ရှုပ်နေတယ်ဆိုပြီး မေမေနှင့် ကြီးကြီးမေတို့ ဆင်တဲ့အကွက်ကြီးထဲ ရောက်သွားတာဖြစ်မည်။ ကိုယ်ကတော့
အခုရှုပ်မှ နောင်ရှင်းတွေ ဘာတွေ သိပ်ထည့်တွက်နေတာမဟုတ် ဖြစ်လာမည့်အချိန် ရင်ဆိုဖို့ အမြဲရယ်ဒီဖြစ်နေတာမျိုးပါ။ ဒါပေမယ့် ကျွန်တော့်ဒေါက်တာကြီးက သူ့စကားနားထောင်ပါဆိုကာ ချစ်ကြည်နူးကြပြီးတဲ့နောက် ကိုယ့်ကို ရင်ခွင်ထဲကနေ မေးရ်ိုးတွေပါးပြင်တွေကို ပွတ်သပ်အုပ်ကိုင်ပြီး ချော့ပြောသွားလို့ တည့်မဝင်တိုးတာ။
-"ကိုယ်တို့က မှန်တာလုပ်ထားတာမှ မဟုတ်တာ
မာရေကျောရေနဲ့ ပြန်ပြောဆိုလို့ ဘယ်ရမလဲ
မိဘတွေဆီ ဒူးထောက်သင့်လည်း ထောက်ရမယ်
တောင်းပန်သင့်လည်း တောင်းပန်ရမယ်
သူတို့အတွက် ဒါက ခက်ခဲတာထပ် လက်ခံဖို့ လွယ်ကူတာမျိုးမဟုတ်ဘူး ဉာဏ်ရဲ့" စတဲ့ စကားလေးက မှန်သင့်သလောက် မှန်နေတာကြောင့်လည်း ကိုယ်က
အစ်ကို့သဘောဆိုပြီး လက်ခံခဲ့ရတာမျိုး။
"ဟေ့ကောင် ကြားလား ငါပြောတာ မင်း အချိုးမပြေတာတွေ ထပ်လုပ်ကြည့် မင်းငါ့အကြောင်းသိမယ် ခေါင်းမငြိမ့်နဲ့ ပါးစပ်ကဖြေ ဒီကောင် ဟာ ကွာ"
"ဟုတ်"
"ဒါဆို ဒါပဲနော် ဖေဖေ မေမေ သားတို့ ဖုန်းချပြီ"
ချက်ချင်းပဲ ကိုကြီးက ပြာပြာယာယာနှင့် Endကို နှိပ်လိုက်ပြီး သက်ပြင်းရှည်တစ်ခုချသည်။
"ကဲ ကိုကြီးကိုတော့ ပြောပြလို့ရတယ်မလား
သားငယ် ဘာတွေ ရှုပ်ထားတာလဲဆိုတာ"
"တကယ်တော့ relationship က တစ်နှစ်ရှိနေပြီ"
မျက်ခုံးပင့်ကာ အံ့ဩတာက ဘယ်အရာကို အံ့ဩသွားတာလဲ သေချာမသိပါ ။ တစ်နှစ်တောင်ရှိနေပြီဖြစ်တဲ့ အချိန်ကိုလား ၊ နှစ်ဦးသဘောတူ relationship ဆိုတာကိုလား ကိုကြီးပဲ သိလိမ့်မည်။
"ပထမဆုံး boyfriendလား"
" သူနဲ့က အဆုံးထိအတူတူရှိချင်တာ"
"အခုချိန်ထိ နှစ်ဦးသဘောတူရှိနေသေးတယ်မလား
ဥပမာ အိမ်ကို come out လုပ်ဖို့ကအစပေါ့"
"အင်း"
" သူက သားငယ်ထက်လည်း ကြီးတယ်ဆို
မိဘတွေကို ထုတ်ပြောဖို့ အစီအစဉ်လဲရှိကြတယ်ပေါ့"
"အင်း တကယ်တော့ မေမေတို့သိတယ်"
ကိုကြီးက ဆံပင်တွေထဲ လက်ထည့်ပြီး ကုတ်နေပုံက
တစ်ခုခုကို စဉ်းစားရကျပ်နေသည့်ပုံစံမျိုး။
"ဘာပြောရမှန်းတောင် မသိတော့ဘူး
အဲ့တာကြောင့် မေမေက သားငယ်ကို သေချာစောင့်ကြည့်နော်ဆိုပြီ မှာနေတာကို ကိုကြီးက အော် ငါ့ညီက ငပွေးလေးထင်တယ်လို့ တွေးနေတာ သူက ရောက်ကတည်းက
ခြေချုပ်ကြီးနဲ့"
" ဟာ ကိုကြီးကလဲဗျာ"
" တကယ်ဆို ကိုကြီးက အစ်ကိုတစ်ယောက်ဖြစ်ပြီး
သားငယ်ရဲ့ teenage မှာ အတူတူမရှိခဲ့ပေးနိုင်ဘူး"
ရုတ်တရက်ကြီး လေသံတွေကအစ လေးနက်သွားသည့်
ကိုကြီးက မျက်လုံးတွေကပါ တည်ကြည်ကုန်၏။
" သားငယ်အတွက် စတင်တဲ့အချိန်မှာ ခက်ခဲခဲ့တယ်မလား"
တကယ်တော့ ဒီဘဝမှာ လူလာဖြစ်ရတဲ့
အသိုင်းအဝိုင်းမိသားစုက ကိုးကွယ်တဲ့ဘာသာအယူအဆအရဆိုရင် ရှေးကုသိုလ်ကံကောင်းလွန်းနေခဲ့တာမျိုး။ မိသားစု ညီအစ်ကိုမောင်နှမ သူငယ်ချင်း အပြင် အရင်းနှီးဆုံး သူစိမ်းတစ်ယောက်အထိပါ ကိုယ့်ဘဝက အခုထိ စစ်မှန်ခြင်းမေတ္တာတွေသာ အရင်းခံခဲ့သည်။ ကိုယ့်ရဲ့ ကောင်းခြင်းဆိုးခြင်းတွေအပေါ် လက်ညိုးထိုးရှုံ့ချမည့်သူဆိုတာ အခုထိမရှိသေး။ ဖေဖေကတော့ မိဘတစ်ယောက်အနေနဲ့ ထွက်သင့်သည် ဒေါသကိုထွက်နေရခြင်းအပေါ်လည်း ဘာမှ မပြောလ်ိုပါ။ တကယ်ဖြစ်သင့်တာပါပဲ။
" နောက်ကျ ကိုကြီးနဲ့ မိတ်ဆက်ပေးလေ"
"အင်း"
" ကိုကြီးဆီက ကြည်ဖြူခြင်းက သားငယ်နားမှာမရှိခဲ့တဲ့
အချိန်တွေအတွက် လက်ဆောင်ပြန်ပေးတာ
အဲ့လိုမဟုတ်လည်း ကိုကြီးက သားငယ်ရဲ့ ဖြစ်တည်မှု ရွေးချယ်မှုကို ဘယ်တော့မှ ရှုံ့ချမှာမဟုတ်ဘူးဆ်ိုတာ သိတယ်မလား"
ကျချင်နေတဲ့ မျက်ရည်ကို မျက်နှာကျက်ဆီကြည့်ရင်း ဖြေဖျောက်တော့ ကိုကြီးကပြုံးသည်။ ငယ်ငယ်ကနေ အခုထိ ကိုကြီးက role model တစ်ယောက်လိုဖြစ်တည်မှုမျိုးပါပဲ။ မုန့်ဆိုလည်း ကိုကြီးစားတဲ့မုန့်၊ အဝတ်အစားဆိုလည်း ကိုကြီးလိုမျိုး စသည်ဖြင့် ဂျီကျမှုတွေက အငယ်တစ်ယောက်မလို့ ဆိုတာထက် ငယ်ငယ်ကတည်းက မျက်စိထဲမှာ အစ်ကိုဆိုတဲ့ ဒီလူတစ်ယောက်ရဲ့ အရာရာဟာ
သဘောကျစရာဖြစ်နေခဲ့တာ အားကျမှုပါဝင်နေခဲ့တာမျိုးဖြစ်သည်။
"ကိုကြီးကို ကျေးဇူးတင်ပါတယ်"
မိသားစုဝင်တွေ သိနေကြတယ်ဆ်ုပေမယ့် ကိုယ့်ဘက်က
တရားဝင် come out လုပ်ခဲ့တဲ့ မိသားစုဝင်ကတော့ မသုန်ပြီးရင် ကိုကြီးပါပဲ။ မသုန်ကတော့ လူငယ်အချင်းချင်းမလို့ အေးဆေးဖြစ်ခဲ့ပေမယ့် ကိုကြီးကျတော့ မတူဘူး။
_____________________
"သား မားခနဝင်မယ်နော်"
"လာလေ မား"
အခန်းတံခါးဖွင့်ထားသည်ကိုပင် တံခါးအား ၂ချက်ခေါက်ကာ ဝင်လာမည့်အကြောင်းအသိပေးသည်မလို့ ကုတင်ပေါ်လှဲနေရာကနေ ထထိုင်လိုက်မိသည်။
"မား ပြောစရာဆိုတာထက် မေးစရာလေးရှိလို့ပါ"
"ပြောလေ မားရဲ့ သားအမိချင်း
စကားပလ္လင်ခံနေသေးတယ်"
" သား မန္တလေးမှာ ရည်းစားနဲ့ သွားတွေ့တယ်ဆို
မင်း အစ်မက မားကို တိုးတိုးတိတ်တိတ်ပြောတာပါ
သားတို့ အဆင့်တွေ လွန်ကျူးထားပြီးတဲ့ ပုံပဲတဲ့"
"ဗျာ"
" မိန်းကလေးဖက်က ကိုယ့်ကိုလက်ထပ်မယ်လို့ ယုံကြည်ထားလို့ပဲ ဖြစ်ဖြစ် သားက သေချာပေါက် လက်ထက်မယ်လို့ ဆုံးဖြတ်ထားလို့ပဲဖြစ်ဖြစ် သားတို့လူငယ်တွေကြားက နားလည်မှုဆိုပေမယ့် မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီအောင် စေ့စပ်ထားတာလောက်..."
"မား ခနလေးနေပါအုန်း"
ကိုယ်အတင်းတားတော့မှ အဆက်မပြတ် ပြောချင်ရာပြောနေတဲ့ မားက စကားစပြတ်ပြီး ဘာလဲဆိုကာ မျက်နာထား ခပ်မာမာနှင့်ကြည့်လာသည်။
"မား ကို မမက ဘာတွေပြောလို့ မားက သားကို ဒါတွေလာပြောနေတာလဲ"
" မင်း မန္တလေးရောက်ပြီး ဆေးရုံက်ိစ္စ စီစဉ်ပြီးတာနဲ့ ပျောက်သွားတာ ညလည်းပြန်မလာဘူးဆို ပြီးတော့ ပြန်ခါနီးမှ
ရောက်လာပြီး ရင်ဘတ်မှာ မြင်မကောင်းတဲ့ အကွက်တွေတွေ့လိုက်တယ်တဲ့"
လည်ပင်းကိုမဟုတ်ဘဲ ရင်ဘတ်တပြင်လုံးကို
ကြိုက်သလို ကလိသွားတဲ့ ဉာဏ်က အသဲယားလို့ဆိုပြီး collar bone တည့်တည့်ကို တစ်မိနစ်လောက် မလွတ်တမ်းကလူသွားတာကြောင့် အဲ့ဒီအမှတ်ကြီး သုံးရက်လောက်နေမှ ပျောက်သွားခဲ့တာ။ ဒါကို အဲ့ဒီနေ့က
လည်ဝိုင်းတီရှပ်က ဖုံးနေတာပဲဆိုပြီး သတိလက်လွတ်နေခဲ့မိတာ မမက တွေ့သွားတဲ့ပုံပါပဲ။
" နှစ်ဦးသဘောတူလို့ပဲဖြစ်ဖြစ် မင်းလုပ်ပုံ မဟုတ်သေးဘူး သာကီရယ် မင်းကို မားက ဘာတွေများ ဆုံးမတာညံ့ခဲ့လို့လဲ သူများသားသမီးကို တန်ဖိုးမထားရာရောက်နေပြီ"
"နေပါအုန်း မားရယ် သားပြောတာကိုပဲ မားအရင်နားထောင်ပေးနော်"
"ဒါဆိုလည်းပြော"
ကိုယ့်ကို ဆူချင်ရာ ဆူနေတဲ့ မားကို တားပြီးတာနဲ့
နောက်လည်းရှင်းရမယ့်အတူတူ အခု ကတည်းက
ပြောလိုက်လည်း မထူးတော့ဘူးဆိုတဲ့ စိတ်ကြောင့်
မားကို ပြောဖို့ဆုံးဖြတ်လိုက်သည်။ ကိုယ့်မိသားစုဖက်က
လက်ခံတာ လက်မခံတာက ကိုယ်နှင့်သာဆိုင်သည့် အပိုင်းမလို့ ကိုယ့်အပေါ် ဘာပဲဆုံးဖြတ်ပါစေ လက်ခံရမှာပါပဲ။
"မား တကယ်တော့ သားမှာ ချစ်သူရှိတယ်ဆိုတာလည်း ဟုတ်တယ် အဲ့ဒီညက သူနဲ့အတူတူရှိနေခဲ့တယ်ဆိုတာ
လည်း ဟုတ်တယ် ဒါပေမယ့် သားရဲ့ ချစ်သူက
မားတို့ထင်သလို့ မိန်းကလေးမဟုတ်ဘူး"
"ဟင်"
" သား ပထမဆုံးတွဲခဲ့တာလည်း မိန်းကလေးတစ်ယောက်ပဲ လူငယ်ပီပီ ပျော်စရာတွေရှာခဲ့တာလည်း မိန်းကလေးတွေနဲ့ပဲ ဒါပေမယ့် သား လက်တွဲမည့်သူက ယောကျာ်းလေးတစ်ယောက်ဖြစ်သွားတယ် မား"
"နေပါအုန်း မင်းက မင်းရဲ့ အစ်ကိုတွေလို"
"မဆိုင်ပါဘူး မားရယ် ဒါက သားရဲ့ ဖြစ်တည်မှု
သားရဲ့ ဆုံးဖြတ်ချက်ပါ ဘယ်သူ့နဲ့မှ မဆိုင်ပါဘူး"
" ဒါကြောင့် မား သိမ့်အကြောင်းပြောတိုင်း
မင်းငြင်းနေခဲ့တာလား"
"အဲ့တာကြောင့်လည်း ပါတယ်ဆိုပေမယ့်"
" ငါမင်းကို အများကြီးမျှော်လင့်ထားတာ သာကီရယ်"
မျက်ရည်တွေပါ ကျလာတဲ့မားရဲ့အသံမှာ စိတ်ပျက်ခြင်းတွေ ရောယှက်လို့။ မျှော်လင့်ထားပြီးသားပါပဲ ဘယ်မိဘမဆို ဒါကို ဝမ်းပန်းတသာလက်ခံမယ်မဟုတ်ဘူးဆိုတာ ကြ်ုသိထားပြီးသာပဲလေ။
"တောင်းပန်ပါတယ် မား
သား ဘဝမှာ မားတို့ မျက်နှာငယ်အောင် တစ်ခါမှ
မလုပ်ခဲ့ဖူးပါဘူး ဒါပေမယ့် ဒီတစ်ခေါက်တော့ သား
" အခုက မင်းဆုံးဖြတ်ပြီးသွားပြီဆိုတာ အသိပေးရုံပဲမလား တားနေလည်း အပိုပဲပေါ့ မင်းက မင်းတာဝန်အရ အသ်ိပေးတယ် မားဖက်ကတော့ လက်မခံဘူး
ဒါ မားရဲ့ အဖြေပဲ"
" အဲ့လိုမဟုတ်ပါဘူး မားရာ"
" မင်း အစ်ကိုတွေတုန်းက မား ဘာမှမပြောတာ
မားနဲ့မဆိုင်လို့ ပြီးတော့ မားတို့အသိုင်းအဝိုင်းထဲမှာ
သူတို့က်ို သိတဲ့လူဆိုတာလည်း မရှိဘူး အခု မင်းကို မားတို့အသိုင်းအဝိုင်းထဲ မသိတာ ဘယ်သူရှိလဲ"
" သူတို့တွေထက် မားတို့လက်ခံတာပဲ လိုချင်တာပါ"
" တော်ပြီ သာကီရယ် ငါမင်းကို ဘာပြောရမှန်းတောင် မသိတော့ဘူး"
စိတ်ဆ်ိုးနေတာထက် မားက ကိုယ့်အပေါ် စိတ်ပျက်ခြင်း
တွေ မျှော်လင့်ချက်မဲ့ခြင်းတွေ ပြည့်နှက်လို့။ ဒါက မားရဲ့ပုံစံပါပဲ။ ဒေါသထွက်ခြင်းဆိုတာမျိုးမဟုတ်ဘဲ အဲ့ဒီထပ်ပိုဆိုးသည့် စိတ်ကုန်ခြင်းမျိုးသာ မားက ပြတတ်သည်။
အဲ့ဒီနောက် မားဆီက လျစ်လျူရှုခြင်းတွေဆိုတာ ထပ်တူပါလာတော့မှာလည်း မလွဲမသွေ။
အရင်က ဆေးရုံသွားတော့မည်ဆို နှုတ်ဆက်လ်ို့မပြီး
တတွတ်တွတ်မှာလို့မပြီးတဲ့ မားက အခုတော့ အောက်ထပ်မှာ ရှာလို့ပင် မတွေ့ပါ။ မနက်စာစားမလို့ စားပွဲမှာ ဝင်ထိုင်ပြီး စားစရာရှိတာ စားနေတုန်း အဆင်သင့်ဖြစ်နေတဲ့ ထမင်းချိုင်းခြင်းကို စားပွဲပေါ်ယူလာပေးတော့
" အစ်ကိုလေး ထမင်းချိုင့်ခြင်း"
"မားတို့ စားပြီးကြပြီလား"
"မေမေကြီး ညက သွေးနည်းနည်းတိုးလို့ ဆေးသောက်ပြီး
မှိန်းနေပါတယ်"
" အဲ့တာ ကျွန်တော့်ကို ဘာလို့လာမခေါ်တာလဲ"
" မေမေကြီးက မခေါ်ခိုင်းလို့ပါ"
ချက်ချင်းထကာ မားတို့အခန်း တံခါးခေါက်တော့ လာဖွင့်တဲ့သူက ပါပါး။
" မား သွေးတိုးနေတာဆို"
" အေးကွာ နည်းနည်းပါ သောက်နေကျဆေးတော့ သောက်ထားတယ်"
" အစ်ကို အလုပ်သွားတော့မယ်ဆို"
ကိုယ့်ကို မမြင်ချင်ယောင်ဆောင်နေတဲ့ မားက
ကိုယ်ရောက်လာမှ ကုတင်ပေါ် ကိုယ့်ဖက်ကို ကျောပေးကာလှည့်သွားသည်။
" အကြည် နေမကောင်းဘူးဆို သားကိုကြည့်ခိုင်းအုန်း
မလား"
"အကြည် တစ်ယောက်တည်းနေချင်တယ်"
ရင်ကြားစေ့ပေးနေတဲ့ ပါပါးလည်း မကူနိုင်တော့ ။
"လာပါ သားရာ မင်း မားတစ်ယောက်တည်းနေပါစေ"
ပါပါးဆွဲခေါ်ရာနောက် လိုက်လာတော့ ပါးက ဧည့်ခန်းကို ဦးတည်သည်။
"သား အချိန်ရသေးလား"
"ဟုတ် ရပါတယ် ပါး"
သားအဖနှစ်ယောက် ဆိုဖာမှာ မျက်နှာချင်းဆိုင် ဝင်ထိုင်တော့ ခနတိတ်ဆိတ်သွားကာ သက်ပြင်းရှည်တစ်ခုချပြီးတဲ့နောက် ပါးဆီက စကားတို့စတင်လာသည်။
" သားရဲ့ မာမား ပါးကိုအကုန်ပြောပြီးပြီ
တစ်ညလုံးလည်း သူအိပ်မပျော်ရှာဘူးထင်တယ်"
"..."
" တကယ်ပဲ သားက ယုံကြည်ချက်ရှိနေတာလား"
" ဟုတ်ကဲ့ ပါပါး"
" ပါးကတော့ ဝင်စွက်ဖက်ခြင်းဆိုတာထက် တဖက်လူ အရည်အချင်းကိုပဲ စောင့်ကြည့်ချင်တယ် လူတစ်ယောက်ကို အကျင့်စာရိတ္တပြီးရင် သူ့အရည်အချင်းဘယ်လောက်ရှိသလဲ ဘယ်လောက်ထိ တိုးတက်အောင် စွမ်းဆောင်နိုင်တဲ့ လူစားလဲဆိုတာ အပေါ်မူတည်ပြီး ပါးက
ဆုံးဖြတ်တယ် နောက်တစ်ချက်က သူ့ကိုယ်သူ ဘယ်လောက်လေးစားတဲ့ လူမျိုးလဲဆိုတာပေါ့
သူ့ကိုသူတောင်မလေးစားတတ်တဲ့လူက တခြားသူအပေါ်
လေးစားဖို့လည်း မေ့နေမှာပဲ ပါပါးရဲ့ သားက အခုချိန်ထိ အရာအားလုံး ပြီးပြည့်စုံနေတဲ့ လူတစ်ယောက် ရွေးချယ်မှုတိုင်း မှန်ကန်ခဲ့တဲ့ လူတစ်ယောက်မလို့ အခုလည်း
မှန်ကန်နေအုန်းမယ်လို့ ယုံကြည်ချက်ရှိနေတယ်ဆို
ပါးက ဘာမှ ဝင်မပြောလိုဘူး"
"သားတို့ ကြိုးစားပါ့မယ် "
"မာမားကိုလည်း ဖြေးဖြေးချင်းချော့
အပြောထက် အလုပ်နဲ့ သက်သေပြကွာ"
"ဟုတ်ကဲ့ ပါပါး"
စကားပြောပြီး ဆေးရုံကို ထွက်လာလိုက်တော့ တစ်လမ်းလုံး လူရော စိတ်ပါ ပေါ့ပါးနေသယောင်ယောင်။ မာမားဆီက လက်ခံကြည်ဖြုမှုမရသေးဘူးဆိုပေမယ့် အနည်းဆုံး တောင်တစ်တောင်တော့ ကျော်လွန်သွားနိုင်ခဲ့ပြီ။
"ဒေါက်တာ အရက်ဖြတ်ထားတဲ့ လူနာ အခြေအနေ တစ်ချက်စစ်ပေးပါအုန်း"
" ဆိုင်ကယ်မှောက်တဲ့လူနာ ခြေထောက် ဓာတ်မှန်ရပြီ ဒေါက်တာ" စသည်ဖြင့် မနက်ခင်းတစ်ပိုင်းလုံးဟာ ပြေးလွှားလှုပ်ရှားလိုက်ရပြီး သကာလ နေ့လည်စာစားဖို့ အချိန်ရောက်လာသည်။ ကိုယ်နှင့် နားနေခန်းမျှသုံးသည့် ဒေါက်တာက Day ဂျူတီချိန်မဟုတ်လေတော့
ကိုယ်တစ်ယောက်တည်း။
"ဘာလုပ်နေလဲ ဉာဏ်"
ထမင်းစားနေရင်း ဉာဏ့်ဆီ စာပို့တော့ ချက်ချင်း delivered ဖြစ်သွားတဲ့နောက် ဉာဏ်က ဓာတ်ပုံတစ်ပုံပို့လာသည်။ Esplanade Mallဖက်ကနေ Marina bay sandကို လှမ်းရိုက်ထားတဲ့ပုံနှင့်အတူ reply ပြန်လာတာက
- အပြင်မှာ အချစ်ရော ထမင်းစားပြီးပြီလား
"အခု စားနေတယ်"
Dataဖွင့်ထားတာမလို့ ချက်ချင်းဝင်လာတဲ့ FaceTime ကို
လက်ခံဖို့ အိတ်ထဲက နားကြပ်ကို ဆွဲထုတ်ရသေးသည်။
" အင်း ဘာလဲ"
- ထမင်းစားနေတာကို ကြည့်ချင်လို့
ပ်ိုရန်ကောဆိုပြီး နှာခေါင်းရှုံ့တော့ ဉာဏ်က သွားချွန်ချွန်တွေပေါ်အောင် အောက်နှုတ်ခမ်းကို ကိုက်ရင်း ကြည့်လာသည်။
"ဘာလုပ်နေတာလဲ အပြင်မှာ"
-ခုနနေ Merlion ဖက်ကူးမှာလေ
သူငယ်ချင်းကို စောင့်ရင်း ခနထိုင်နေတာ
" အိုက်နေတာလား"
တီရှပ် လည်ပင်းပေါက်ကို ခါနေတဲ့ ဉာဏ်က နေရိပ်ထဲ
ထိုင်နေရင်းတောင် ပူအိုက်နေပုံပဲ။
-အင်းပေါ့ ဒီမှာက နေအရမ်းမပူတာတောင် ပူနွေးနွေးကြီးအမြဲဖြစ်နေတာကို
" မိုးရွာမယ်တဲ့လား ဒီနေ့"
-နေ့တိုင်း ရွာမှာ မပူနဲ့ အဲ့မိုးက
မိုးရွာတာမကြိုက်တဲ့ ဉာဏ်က နေ့တိုင်းနီးပါးရွာနေတဲ့
စင်ကာပူမိုးကိုလည်း မကြ်ိုက်ပြန်ပါဘူး။ ပြောနေရင်း ဆူပုတ်လာတဲ့ မျက်နာလေးက ချစ်စရာကောင်းတာမို့ သဘောတကျရယ်နေမိသည်။
-ဘာလို့ ရယ်တာလဲ
"မရယ်ပါဘူး"
ရေနွေးခွက်ကို မော့သောက်ရင်း ကိုယ့်ကို စိုက်ကြည့်နေတဲ့
Screen ပေါ်မှ ဉာဏ့်ဆီက အကြည့်တွေ ရှောင်လွဲ
လိုက်သည်။
-အချစ်
"..."
-လွမ်းတယ် ဒီတစ်ခေါက်တွေ့ပြီး ပြန်လာမှ
လွမ်းရတာက ရူးတော့မလိုပဲ သိလား
" မင်းနော်"
-တကယ်ပြောတာ ကျွန်တော့်ကိုရော မလွမ်းဘူးလား
"မလွမ်းပါဘူး"
- ပြန်လာတဲ့နေ့က လေယာဉ်ပေါ်မှာ
လူက အချစ်ကိုစိတ်ပူနေတာနဲ့
မီးခဲဖင်ခုထိုင်ထားရသလိုပဲ
" ကိုယ် ဘာမှမဖြစ်ပါဘူးလို့ သေချာပြောတာကို"
- ဪ အဲ့တာလည်း စိတ်ပူရတာပဲလေ
အချစ်က တစ်ခုခုလုပ်ပေးမယိဆိုတိုင်း ငြင်းတယ်လေ ပြီးတော့ "ကိုယ် ဆရာဝန်နော်"ဆိုပြီး ဆေးထည့်ပေးမယ်ဆိုတော့လည်း မဟုတ်ပြန်ဘူး
" ဉာဏ်!"
- မဟုတ်လ်ို့လား
"တော်ပြီ ဖုန်းချတော့မယ်
- ဟာ
" မ ,ဟာနဲ့ ကိုယ့်နားချိန်ပြည့်တော့မယ်"
-ပြီးရော ညကျ ဖုန်းခေါ်လိုက်မယ်
" အင်း ဂရုစိုက်"
" ချစ်တယ် ဖုန်းအရင်ချလိုက်"
ဖုန်းချပြီးတာနဲ့ ဉာဏ့်ဆီမှ iMessage မှာ ချက်ချင်း ဝင်လာတဲ့ sticker တစ်ခုကြောင့် ပြုံးလိုက်မိသည်။
အချစ်ကို အရင်းခံလို့ စတင်ခဲ့တယ်ဆိုပေမယ့်
တဖြေးဖြေးတည်ဆောက်လာရတဲ့ နားလည်မှုတွေ
သံယောဇဉ်တွေ မေတ္တာတရားတွေကတော့ တစ်ထပ်ပြီး တစ်ထပ်ပါပဲ။ တစ်သက်လုံး အတူတူရှိနေဖို့ဆို ဉာဏ်နှင့်အတူ ကိုယ်ပြောင်းလဲပစ်ရမည့် အကျင့်တွေလည်းရှိသလို
ကိုယ့်ကြောင့် ဉာဏ်ပြောင်းလဲရမှာတွေလည်း မနည်းပါ။
အဲ့ဒီ့အရာတွေရဲ့ အလွန်မှာ ပါပါးပြောသလို
ဉာဏ်ရဲ့ ကိုယ်ကျင့်တရား သိက္ခာ အရည်အချင်းတွေအတွက်ပါ အဖြေက တစ်ခါတည်း ရှိလာပြီးသားဖြစ်လာလိမ့်မယ်။ မင်းက ပြီးပြည့်စုံတဲ့သူ ဖြစ်လာရမှာ ဖြစ်သလို ကိုယ်တိုင်လည်း ဖြစ်ဖို့ ကြိုးစားနေတယ် ။
နောက်ဆုံးမှာ ကိုယ်တို့နှစ်ယောက်ဟာ ဘယ်အရာမှ ဖြိုဖျက်ပစ်လို့မရနိုင်တဲ့ ခိုင်မြဲခြင်းတွေနဲ့ အတူတူရှိနေရမယ်။
ဒါဟာ ကိုယ် ဉာဏ်နှင့်အတူ တည်ဆောက်နေတဲ့
အနာဂတ်မျိုးပါပဲ။
___________
"ယောက်ဖ မင်းကလည်း ဟိုရောက်ပြီးကတည်းက
အမြီးတော်တော်စမ်းယူရတယ်နော်"
တဖက်က အားဝေနှင့် စိုင်းဟက်တို့အပြောကြောင့်
တစ်ချက်ရယ်လိုက်သည်။
" ငါ့မပြောနဲ့ မင်းတို့ကရော အားလို့လား
တစ်ကောင်လောက် ငါ့ဆီလာခဲ့ကြစမ်းပါ
ပျင်းလို့သေတော့မယ် မင်းအဖေက"
" တော်ပါကွာ စာဆို ဘာစာမှ မမြင်ချင်တော့ဘူး
ဘွဲ့တောင် မဖြစ်မနေမလို့ ယူထားရတာကွ"
စိုင်းဟက်ကလည်း မျက်နှာကြီး ရှုံ့တွလို့ပြောလာတာများ
ဒီကောင် ကျောင်းတက်ကတည်းက စာအသေကြောက်တဲ့ကောင်။
" ဘာလဲ ဖွေးက လာတောင်းတော့တဲ့လား"
" ငယ်သေးတယ်ကွ ငါလည်း အိမ်က အလုပ်လက်လွဲယူတာဆိုပေမယ့် သေချာနားလည်ပြီး ကျွမ်းကျင်ပြီး ငါ့လက်ထဲ စီးပွါးရေး အတည်တကျရှိတဲ့အထိ
စောင့်အုန်းမယ်လေ မဟုတ်ရင်
ယူပြီး ဖွေးပဲ မျက်နှာငယ်ရမှာ "
" အော် တချို့တွေကျ ယူဖို့ ကြိုးစားနေပြီ
တချို့ကျလည်း ဟိုက ဘာတဲ့ "ငါ အလကားသွားတာ
မဟုတ်ဘူး ပညာသွားသင်တာ မရှုပ်နဲ့"ဆိုပြီး အချေခံလိုက်ရတယ်ဆို"
"ဟေ့ကောင် ငထက် မင်းနော်"
ကိုယ်က စတော့ တရှူးရှူးတရှဲရှဲဖြစ်လာသူက အားဝေပါ။
မသုန်ရဲ့ ခခွေး ယပင့်နဲ့ချေတာကို ပက်ပက်စက်စက်ခံနေရတာများ အလူးအလဲ။ စိုင်းဟက်ကလည်း တဟားဟားနဲ့ ပွဲကျလို့။
" ဒီမှာ ငါ့ကောင် မင်း ငါ့အစ်မကို ကြိုက်တာကို ငါက သိပ်ပြီးတော့ မကူညီချင်နေဘူး ဒါပေမယ့် မင်းကိုကြည့်ရတာ ငါတကယ်သနားလာလို့ အကြံတော့နည်းနည်းပေးလိမ့်မယ်"
"အေး လုပ်စမ်းပါကွာ"
"ငါပြောမယ်ကွာ ကိုယ့်ထက် အသက်ကြီးတဲ့လူတွေကို လိုက်ရတာ မလိုက်ခင်ကတည်းက ငါတို့က အငယ်မလို့ impression ကတော့ auto downပြီးသား ငါ့ကောင်ရ ၊
မင်းလဲ သိတာပဲ အခုက ကိုကြီးခေတ်ကွ အဲ့တော့ မင်းဘယ်လောက် သောက်ဖြစ်ရှိလဲ ပြဖို့ထက် မင်းဘယ်လောက် သူ့ကို ဂရုစိုက်နိုင်ကြောင်းပဲပြရတယ် သူတို့က
ငါတို့ထက် သောက်ဖြစ်အများကြီး ပိုရှိတယ်
ဟုတ်ပြီလား"
" အဲ့လိုလား မင်းရော မင်းအစ်ကိုကို အဲ့လိုလိုက်တာလား"
"အဲ့တာတော့ပြောစရာလားကွ"
အားဝေက မျက်နှာကြီးမဲ့ကာ ရွဲ့ပြနေသည်။
ဟုတ်တယ်လေ တနေကုန် စားချိန် သောက်ချိန် အိပ်ချိန်မှအစ ဂျူဒီနေ့ပါမချန် Night ဂျူဒီကျတဲ့နေ့ဆိုလည်း ကိုယ်ပါမအိပ်နိုင် ဘယ်အချိန်ကပ်ရမလဲပဲ ချောင်းနေခဲ့ရတာ ကိုယ့်ဝမ်းနာ ကိုယ်သာသိပဲ။
" ငထက် မင်းတို့ကော အခြေအနေအေးဆေးပဲမလား"
"အရမ်းတော့ မအေးဆေးနေဘူး ငါ့အမေတို့က သိသင့်သလောက် သိထားတယ် အစ်ကိုက အချိန်ယူရအောင်ဆိူလို့
လူကြီးတွေကလည်း ငါ့ကိူအခုထိ ပွင့်ပွင့်လင်းလင်းမမေးဘူးကွာ ငါ့အဖေကသာ ငါကိုတွေ့တာနဲ့ ဘုန်းမယ့်ပုံဖြစ်နေတာ"
"ဘယ်လိုဆက်လုပ်ကြမလဲ မင်းတို့"
"အစ်ကို့စကားနားထောင်ရမှာပေါ့ သူက ငါ့ထက်အကြီးလေ ငါ့ပုံစံအတိုင်းသွားလုပ်ပြီး ပြသာနာတွေကြီးကုန်ရင်
သူက အားလုံးထက် ပိုစိတ်ညစ်ရမှာကွ အဲ့တော့ ရော့ ကြိုက်သလိုသာ စီမံတော့ဆိုပြီး ငါ့အနာဂတ် သူ့လက်ထဲ ထည့်ပေးထားလိုက်တယ်"
" အေးပါကွာ တော်သေးတာပေါ့ မင်းအစ်ကိုက ရင့်ကျက်ပြီး ပြသာနာဘယ်လိုဖြေရှင်းမလဲဆိုတာတွေ တွေးထားလို့ ကြည့်ရတာ မင်းအပေါ်တော့ အစစ်အမှန်ကြီးနော်"
" မင်းတို့လည်း သိတာပဲ ချစ်သူဘဝဆိိုတာ ငါတို့ကို အများမြင်နေတာထက် ငါတို့နှစ်ယောက်ကြားက ကိစ္စ ငါတို့အသိဆုံးပေါ့ကွာ တစ်ခါတလေ သူက ငြိမ်းချမ်းပြီး လောဘကင်းလွန်းလို့ ပြသာနာတွေများဖြစ်လာရင် ငါ့ကိူ လက်လွှတ်သွားမလားလို့ တွေးမိရင်လည်း ရင်မောရသေးတယ်"
" မင်းအစ်ကိုက အဲ့လိုတော့ မလုပ်လောက်ပါဘူးကွာ"
အားဝေက လေးလေးနက်နက်ဝင်ပြောလာတော့ ကိုယ်တိုင်လည်း ခေါင်းငြိမ့်မိသည်။
"ငါလည်း ယုံပါတယ်ကွာ တစ်ခါတလေ ပေါက်ပေါက်ရှာရှာတွေးမိတာမျိုးပါ"
" ပြောသာပြောရတာပါကွ မင်းက ငါ့ထက်တောင် သာယာပါသေးတယ်"
မျက်နှာငယ်လေးနဲ့ ဝင်ပြောလာတဲ့ အားဝေကြောင့် စိုင်းဟက်နဲ့ တူတူ အူတက်အောင်ရယ်လိုက်ရသေးသည်။
"အေးပါကွာ ငါလည်း တီးခေါက်ကြည့်ပါအုန်းမယ်"
" ကား service center တစ်ခုထောင်တော့မှာလို့အဲ့တော့ ငါက လက်ကြောမတင်းတဲ့ ငပျင်းလေးမဟုတ်ဘူးဆိုတာပါ ထည့်ပြောအုန်း"
" လခွမ်း မင်းကတော့ကွာ ဟား ဟား"
ထိုသို့ဖြင့် သူငယ်ချင်းသုံးယောက် ရယ်လိုက် စနောက်
လိုက်ဖြင့် အချိန်တွေ တစ်နာရီလောက် ကုန်ဆုံးသွားတော့သည်။ ဘဝမှာ ဒီကောင်တွေရှိနေဖို့လည်း လိုအပ်သေးသည်လေ။
_____________
" ဖြစ်ပါ့မလား ဦးလေးရာ"
"ဘာမဖြစ်စရာရှိလဲ မင်းလည်းသူ့အိမ်သိနေတာပဲ
သွားကြိုပြီး မိုးကုတ်ခေါ်လာပေးရုံပဲကို"
Construction site တစ်ခုနှင့် လချုပ်စာရင်းရှင်းဖို့ မန္တလေးရောက်နေတုန်း ဦးလေးဆီမှ ဖုန်းဝင်လာကာ အကူအညီတောင်းလာသည်က သူ၏ သူငယ်ချင်း"အာကာ"ဆိုသူက်ို မိုးကုတ်ခေါ်လာပေးဖို့တဲ့။
" အော်ပြီးတော့ မင်း အဖွားအတွက် လက်ဖက်လည်းမမေ့နဲ့အုန်း"
"ဟုတ်ပြီဗျာ ဟုတ်ပြီ ထွက်လာခါနီး
ဖုန်းထပ်ဆက်လိုက်မယ်"
ကိုယ့်အပေါ် လိုလေးသေးမရှိ ဖြည့်ဆည်းပေးတဲ့ ဦးလေးမလို့ မခိုင်းစဖူး ခိုင်းတာကိုလည်း မငြင်းချင်၍ ခေါင်းသာငြိမ့်လိုက်ရသည်။ ကိုယ်အကြောင်းနှင့် ကိုယ်မလို့
အောင့်အီးသာ ခံပေတော့ပဲ။
အချစ်ဦးကတော့ အချစ်ဦးပဲ ။
ဒါပေမယ့် ဘယ်တော့မှ ထပ်မတွေ့ချင်ခဲ့တဲ့
အချစ်ဦးဖြစ်နေခဲ့တာပါပဲ။
________\\\\______\\\\_____
စကားနည်းနည်းရှည်မယ်နော် !
ဒီထဲက စည်သူအကြောင်းကို အကျယ်တဝင့်မရေးဖြစ်ပေမဲ့ စည်သူလို typeမျိုးက တကယ်ရှိတာပါ။ လူတစ်ယောက် သဘောကျဖူးတယ် ချစ်ဖူးတယ် ဒါပေမယ့် အဲ့ဒီလူမှ မဟုတ်ဘူး ဘယ်သူနဲ့မှ in relationship ဖြစ်ဖို့ စိတ်မပါတဲ့သူမျိုး။ Aromanticismတစ်ယောက် လိုမျိုးပါ ။
မေကာင္းမွုဟူသည္ ဆိတ္ကြယ္ရာမရွိဆိုသည္မွာ တကယ္မွန္သည့္စကား။ ဥပေဒခ်ိဳးေဖာက္က်ဴးလြန္တာမ်ိဳးမဟုတ္သည့္အျပင္ ကိုယ့္ဖက္ကၾကည့္လ်င္ လုံးဝ မွားယြင္းေနတဲ့အရာ မဟုတ္ေသာ္လည္း ျမန္မာျပည္ကို ၂ညခိုးျပန္လိုက္တဲ့ကိစၥသည္ ကိုယ့္မိသားစုအတြင္း
မိုးမီးေလာင္သြားသကဲ့သို႔ပင္။
ကိုယ္ကပဲ ကံညံ့ေနတာလားမသိပါ ျမန္မာျပည္ျပန္တဲ့
Flight ေပၚ မွာ ေတာင္ႀကီးက အသိမိသားစုလည္း ပါေနခဲ့သည္တဲ့။ ေလယာဥ္ေပၚမွာ ကိုယ့္ကလည္း သတိမထားမိခဲ့ ေက်းဇူးတင္စရာေကာင္းတာက ကိုယ္ျမန္မာျပည္မွာရွိေနတဲ့ ဒုတိယညမွ သိသြားတာမလို႔ ေနာက္ေန႔ ခ်က္ခ်င္းျပန္တဲ့ ကိုယ္က ကသီေလးလြတ္သြားခဲ့တာပင္။ မဟုတ္ရင္ မႏၲေလးထိလိုက္လာၿပီး ဘုန္းမည့္ ေဖေဖရဲ့ လက္စက မေသး။
" သုဉာဏ္ထက္ မင္းဘာအခ်ိဳးခ်ိဳးေနတာလဲ"
MacBook ေရွ႕ ညီအစ္ကိုႏွစ္ေယာက္လုံး မ်က္ႏွာငယ္ေလးေတြျဖင့္ ထိုင္ေနၾကသည့္အျဖစ္က နည္းနည္းေတာ့ ရယ္ခ်င္စရာေကာင္းသည္။ ITေခတ္မွာ မိဘဆီမွ အဆူအဆဲခံရတာေတာင္ FaceTime ႏွင့္။
" အစ္ကိုရယ္ စိတ္ေလ်ာ့ပါအုန္း"
ေဘးက ေမေမကလည္း မ်က္ႏွာေလးညိဳးကာ လက္ေလးတဆြဲဆြဲျဖင့္ ေခ်ာ့ေမာ့ေနတာေတာင္ ႏွာမွုတ္သံတျပင္းျပင္းႏွင့္ ေဖေဖက တကယ္အမွန္ႀကီး ေဒါသထြက္ေနတာ။
"ေနာက္တစ္ေခါက္ အဲ့လိုမဟုတ္တာေတြ လုပ္ၾကည့္ မင္းကို ငါဒီအတိုင္း ၾကည့္မေနဘူး ေက်ာင္းထုတ္ၿပီး ျပန္ေခၚမယ္ လူၾကားလို႔မွမေကာင္းဘူး မင္းအဲ့ေလာက္ ဟာ ငါကြာ"
ေမေမေျပာျပထားလို႔ သိသင့္သေလာက္သိသြားၿပီျဖစ္တဲ့ ေဖေဖက ေလယာဥ္လက္မွတ္ျဖတ္ၿပီး ခ်က္ခ်င္းလိုက္လာဖို႔ တကဲကဲျဖစ္ေနတာကို ေမေမႏွင့္ ႀကီးႀကီးေမတို႔က "ဒီကိစၥ ငါတို႔ရွင္းမယ္ နင္ဝင္မပါနဲ႔"ဆိုတဲ့ စကားေနာက္ အံတႀကိတ္ႀကိတ္ လက္သီးတျပင္ျပင္။ လုပ္ခ်င္တာ
လုပ္ထားၿပီးၿပီမလို႔ အခုခ်ိန္ ထုေထာင္း႐ုံတင္မကဘူး အမွုန္ႀကိတ္လည္း ခံရေတာ့မွာပင္။ ဒါေပမယ့္ ေျပာျပခ်င္ေနတာက ေဖေဖျပန္ေခၚလည္း မလာနိုင္ေၾကာင္း အခ်စ္ကို ေက်ာင္းၿပီးသည္အထိ တက္မည္ျဖစ္ေၾကာင္း ကတိေပးထားသည္ဆိုတာေတာ့ စိတ္ထဲတြင္သာ ထားလိုက္ရသည္။
"ကၽြန္ေတာ္ေျပာလိုက္ပါမယ္ ေဖေဖ သားငယ္က
အဲ့ေလာက္ထိဆိုးေနတာမဟုတ္ပါဘူး"
" မင္းညီလုပ္တာ မဆိုးေသးဘူးဟုတ္လား
လူၾကားလို႔မွမေၾကာင္း ေယာက်ာ္းတစ္ေယာက္အတြက္
မိဘမသိေအာင္ေတာင္ ျပန္လာတာတဲ့ အဲ့မွာမလို႔
အေကာင္းတိုင္းရွိေနတာ ဒီမွာဆိုရင္ ေျခေထာက္ရိုက္ခ်ိဳးပစ္ၿပီ ဒီေကာင္ တဖက္ကို ဘယ္ေလာက္အားနာစရာေကာင္းလဲ ဟိုက ဆရာဝန္ ပညာတက္ ဂုဏ္ရွိအသိုင္းအဝိုင္း
မင္းက ဘာေ-ာက္ေကာင္းရွိလို႔ သြားရွုပ္ေနတာလဲ"
"အစ္ကိုကလည္း သားငယ္ကို အဲ့ေလာက္မေျပာပါနဲ႔"
"သြယ္ အဲ့လ္ိုလုပ္ေနလို႔ မင့္သားအငယ္ေကာင္က ကန္းတက္ေနတာ ငါ့မ်က္ႏွာသာ ဓားနဲ႔ လွီးလိုက္ခ်င္တယ္ မင္းသားလုပ္ပုံက ေယာက်ာ္းခ်င္းကိုကြာ ေတာက္"
ဒီေလသံအရ ေဖေဖသိထားတာ False information ျဖစ္ပုံရသည္။ ကိုယ္ကသာ တဖက္သတ္ျဖစ္ၿပီး အစ္ကို႔ကို လိုက္ရွုပ္ေနတယ္ဆိုၿပီး ေမေမႏွင့္ ႀကီးႀကီးေမတို႔ ဆင္တဲ့အကြက္ႀကီးထဲ ေရာက္သြားတာျဖစ္မည္။ ကိုယ္ကေတာ့
အခုရွုပ္မွ ေနာင္ရွင္းေတြ ဘာေတြ သိပ္ထည့္တြက္ေနတာမဟုတ္ ျဖစ္လာမည့္အခ်ိန္ ရင္ဆိုဖို႔ အျမဲရယ္ဒီျဖစ္ေနတာမ်ိဳးပါ။ ဒါေပမယ့္ ကၽြန္ေတာ့္ေဒါက္တာႀကီးက သူ႔စကားနားေထာင္ပါဆိုကာ ခ်စ္ၾကည္ႏူးၾကၿပီးတဲ့ေနာက္ ကိုယ့္ကို ရင္ခြင္ထဲကေန ေမးရ္ိုးေတြပါးျပင္ေတြကို ပြတ္သပ္အုပ္ကိုင္ၿပီး ေခ်ာ့ေျပာသြားလို႔ တည့္မဝင္တိုးတာ။
-"ကိုယ္တို႔က မွန္တာလုပ္ထားတာမွ မဟုတ္တာ
မာေရေက်ာေရနဲ႔ ျပန္ေျပာဆိုလို႔ ဘယ္ရမလဲ
မိဘေတြဆီ ဒူးေထာက္သင့္လည္း ေထာက္ရမယ္
ေတာင္းပန္သင့္လည္း ေတာင္းပန္ရမယ္
သူတို႔အတြက္ ဒါက ခက္ခဲတာထပ္ လက္ခံဖို႔ လြယ္ကူတာမ်ိဳးမဟုတ္ဘူး ဉာဏ္ရဲ့" စတဲ့ စကားေလးက မွန္သင့္သေလာက္ မွန္ေနတာေၾကာင့္လည္း ကိုယ္က
အစ္ကို႔သေဘာဆိုၿပီး လက္ခံခဲ့ရတာမ်ိဳး။
"ေဟ့ေကာင္ ၾကားလား ငါေျပာတာ မင္း အခ်ိဳးမေျပတာေတြ ထပ္လုပ္ၾကည့္ မင္းငါ့အေၾကာင္းသိမယ္ ေခါင္းမၿငိမ့္နဲ႔ ပါးစပ္ကေၿဖ ဒီေကာင္ ဟာ ကြာ"
"ဟုတ္"
"ဒါဆို ဒါပဲေနာ္ ေဖေဖ ေမေမ သားတို႔ ဖုန္းခ်ၿပီ"
ခ်က္ခ်င္းပဲ ကိုႀကီးက ျပာျပာယာယာႏွင့္ Endကို ႏွိပ္လိုက္ၿပီး သက္ျပင္းရွည္တစ္ခုခ်သည္။
"ကဲ ကိုႀကီးကိုေတာ့ ေျပာျပလို႔ရတယ္မလား
သားငယ္ ဘာေတြ ရွုပ္ထားတာလဲဆိုတာ"
"တကယ္ေတာ့ relationship က တစ္ႏွစ္ရွိေနၿပီ"
မ်က္ခုံးပင့္ကာ အံ့ဩတာက ဘယ္အရာကို အံ့ဩသြားတာလဲ ေသခ်ာမသိပါ ။ တစ္ႏွစ္ေတာင္ရွိေနၿပီျဖစ္တဲ့ အခ်ိန္ကိုလား ၊ ႏွစ္ဦးသေဘာတူ relationship ဆိုတာကိုလား ကိုႀကီးပဲ သိလိမ့္မည္။
"ပထမဆုံး boyfriendလား"
" သူနဲ႔က အဆုံးထိအတူတူရွိခ်င္တာ"
"အခုခ်ိန္ထိ ႏွစ္ဦးသေဘာတူရွိေနေသးတယ္မလား
ဥပမာ အိမ္ကို come out လုပ္ဖို႔ကအစေပါ့"
"အင္း"
" သူက သားငယ္ထက္လည္း ႀကီးတယ္ဆို
မိဘေတြကို ထုတ္ေျပာဖို႔ အစီအစဥ္လဲရွိၾကတယ္ေပါ့"
"အင္း တကယ္ေတာ့ ေမေမတို႔သိတယ္"
ကိုႀကီးက ဆံပင္ေတြထဲ လက္ထည့္ၿပီး ကုတ္ေနပုံက
တစ္ခုခုကို စဥ္းစားရက်ပ္ေနသည့္ပုံစံမ်ိဳး။
"ဘာေျပာရမွန္းေတာင္ မသိေတာ့ဘူး
အဲ့တာေၾကာင့္ ေမေမက သားငယ္ကို ေသခ်ာေစာင့္ၾကည့္ေနာ္ဆိုၿပီ မွာေနတာကို ကိုႀကီးက ေအာ္ ငါ့ညီက ငေပြးေလးထင္တယ္လို႔ ေတြးေနတာ သူက ေရာက္ကတည္းက
ေျခခ်ဳပ္ႀကီးနဲ႔"
" ဟာ ကိုႀကီးကလဲဗ်ာ"
" တကယ္ဆို ကိုႀကီးက အစ္ကိုတစ္ေယာက္ျဖစ္ၿပီး
သားငယ္ရဲ့ teenage မွာ အတူတူမရွိခဲ့ေပးနိုင္ဘူး"
႐ုတ္တရက္ႀကီး ေလသံေတြကအစ ေလးနက္သြားသည့္
ကိုႀကီးက မ်က္လုံးေတြကပါ တည္ၾကည္ကုန္၏။
" သားငယ္အတြက္ စတင္တဲ့အခ်ိန္မွာ ခက္ခဲခဲ့တယ္မလား"
တကယ္ေတာ့ ဒီဘဝမွာ လူလာျဖစ္ရတဲ့
အသိုင္းအဝိုင္းမိသားစုက ကိုးကြယ္တဲ့ဘာသာအယူအဆအရဆိုရင္ ေရွးကုသိုလ္ကံေကာင္းလြန္းေနခဲ့တာမ်ိဳး။ မိသားစု ညီအစ္ကိုေမာင္ႏွမ သူငယ္ခ်င္း အျပင္ အရင္းႏွီးဆုံး သူစိမ္းတစ္ေယာက္အထိပါ ကိုယ့္ဘဝက အခုထိ စစ္မွန္ျခင္းေမတၱာေတြသာ အရင္းခံခဲ့သည္။ ကိုယ့္ရဲ့ ေကာင္းျခင္းဆိုးျခင္းေတြအေပၚ လက္ညိဳးထိုးရွုံ႔ခ်မည့္သူဆိုတာ အခုထိမရွိေသး။ ေဖေဖကေတာ့ မိဘတစ္ေယာက္အေနနဲ႔ ထြက္သင့္သည္ ေဒါသကိုထြက္ေနရျခင္းအေပၚလည္း ဘာမွ မေျပာလ္ိုပါ။ တကယ္ျဖစ္သင့္တာပါပဲ။
" ေနာက္က် ကိုႀကီးနဲ႔ မိတ္ဆက္ေပးေလ"
"အင္း"
" ကိုႀကီးဆီက ၾကည္ျဖဴျခင္းက သားငယ္နားမွာမရွိခဲ့တဲ့
အခ်ိန္ေတြအတြက္ လက္ေဆာင္ျပန္ေပးတာ
အဲ့လိုမဟုတ္လည္း ကိုႀကီးက သားငယ္ရဲ့ ျဖစ္တည္မွု ေရြးခ်ယ္မွုကို ဘယ္ေတာ့မွ ရွုံ႔ခ်မွာမဟုတ္ဘူးဆ္ိုတာ သိတယ္မလား"
က်ခ်င္ေနတဲ့ မ်က္ရည္ကို မ်က္ႏွာက်က္ဆီၾကည့္ရင္း ေျဖေဖ်ာက္ေတာ့ ကိုႀကီးကျပဳံးသည္။ ငယ္ငယ္ကေန အခုထိ ကိုႀကီးက role model တစ္ေယာက္လိုျဖစ္တည္မွုမ်ိဳးပါပဲ။ မုန့္ဆိုလည္း ကိုႀကီးစားတဲ့မုန့္၊ အဝတ္အစားဆိုလည္း ကိုႀကီးလိုမ်ိဳး စသည္ျဖင့္ ဂ်ီက်မွုေတြက အငယ္တစ္ေယာက္မလို႔ ဆိုတာထက္ ငယ္ငယ္ကတည္းက မ်က္စိထဲမွာ အစ္ကိုဆိုတဲ့ ဒီလူတစ္ေယာက္ရဲ့ အရာရာဟာ
သေဘာက်စရာျဖစ္ေနခဲ့တာ အားက်မွုပါဝင္ေနခဲ့တာမ်ိဳးျဖစ္သည္။
"ကိုႀကီးကို ေက်းဇူးတင္ပါတယ္"
မိသားစုဝင္ေတြ သိေနၾကတယ္ဆ္ုေပမယ့္ ကိုယ့္ဘက္က
တရားဝင္ come out လုပ္ခဲ့တဲ့ မိသားစုဝင္ကေတာ့ မသုန္ၿပီးရင္ ကိုႀကီးပါပဲ။ မသုန္ကေတာ့ လူငယ္အခ်င္းခ်င္းမလို႔ ေအးေဆးျဖစ္ခဲ့ေပမယ့္ ကိုႀကီးက်ေတာ့ မတူဘူး။
_____________________
"သား မားခနဝင္မယ္ေနာ္"
"လာေလ မား"
အခန္းတံခါးဖြင့္ထားသည္ကိုပင္ တံခါးအား ၂ခ်က္ေခါက္ကာ ဝင္လာမည့္အေၾကာင္းအသိေပးသည္မလို႔ ကုတင္ေပၚလွဲေနရာကေန ထထိုင္လိုက္မိသည္။
"မား ေျပာစရာဆိုတာထက္ ေမးစရာေလးရွိလို႔ပါ"
"ေျပာေလ မားရဲ့ သားအမိခ်င္း
စကားပလႅင္ခံေနေသးတယ္"
" သား မႏၲေလးမွာ ရည္းစားနဲ႔ သြားေတြ႕တယ္ဆို
မင္း အစ္မက မားကို တိုးတိုးတိတ္တိတ္ေျပာတာပါ
သားတို႔ အဆင့္ေတြ လြန္က်ဴးထားၿပီးတဲ့ ပုံပဲတဲ့"
"ဗ်ာ"
" မိန္းကေလးဖက္က ကိုယ့္ကိုလက္ထပ္မယ္လို႔ ယုံၾကည္ထားလို႔ပဲ ျဖစ္ျဖစ္ သားက ေသခ်ာေပါက္ လက္ထက္မယ္လို႔ ဆုံးျဖတ္ထားလို႔ပဲျဖစ္ျဖစ္ သားတို႔လူငယ္ေတြၾကားက နားလည္မွုဆိုေပမယ့္ ျမန္မာ့ယဥ္ေက်းမွုနဲ႔ ကိုက္ညီေအာင္ ေစ့စပ္ထားတာေလာက္..."
"မား ခနေလးေနပါအုန္း"
ကိုယ္အတင္းတားေတာ့မွ အဆက္မျပတ္ ေျပာခ်င္ရာေျပာေနတဲ့ မားက စကားစျပတ္ၿပီး ဘာလဲဆိုကာ မ်က္နာထား ခပ္မာမာႏွင့္ၾကည့္လာသည္။
"မား ကို မမက ဘာေတြေျပာလို႔ မားက သားကို ဒါေတြလာေျပာေနတာလဲ"
" မင္း မႏၲေလးေရာက္ၿပီး ေဆး႐ုံက္ိစၥ စီစဥ္ၿပီးတာနဲ႔ ေပ်ာက္သြားတာ ညလည္းျပန္မလာဘူးဆို ၿပီးေတာ့ ျပန္ခါနီးမွ
ေရာက္လာၿပီး ရင္ဘတ္မွာ ျမင္မေကာင္းတဲ့ အကြက္ေတြေတြ႕လိုက္တယ္တဲ့"
လည္ပင္းကိုမဟုတ္ဘဲ ရင္ဘတ္တျပင္လုံးကို
ႀကိဳက္သလို ကလိသြားတဲ့ ဉာဏ္က အသဲယားလို႔ဆိုၿပီး collar bone တည့္တည့္ကို တစ္မိနစ္ေလာက္ မလြတ္တမ္းကလူသြားတာေၾကာင့္ အဲ့ဒီအမွတ္ႀကီး သုံးရက္ေလာက္ေနမွ ေပ်ာက္သြားခဲ့တာ။ ဒါကို အဲ့ဒီေန႔က
လည္ဝိုင္းတီရွပ္က ဖုံးေနတာပဲဆိုၿပီး သတိလက္လြတ္ေနခဲ့မိတာ မမက ေတြ႕သြားတဲ့ပုံပါပဲ။
" ႏွစ္ဦးသေဘာတူလို႔ပဲျဖစ္ျဖစ္ မင္းလုပ္ပုံ မဟုတ္ေသးဘူး သာကီရယ္ မင္းကို မားက ဘာေတြမ်ား ဆုံးမတာညံ့ခဲ့လို႔လဲ သူမ်ားသားသမီးကို တန္ဖိုးမထားရာေရာက္ေနၿပီ"
"ေနပါအုန္း မားရယ္ သားေျပာတာကိုပဲ မားအရင္နားေထာင္ေပးေနာ္"
"ဒါဆိုလည္းေျပာ"
ကိုယ့္ကို ဆူခ်င္ရာ ဆူေနတဲ့ မားကို တားၿပီးတာနဲ႔
ေနာက္လည္းရွင္းရမယ့္အတူတူ အခု ကတည္းက
ေျပာလိုက္လည္း မထူးေတာ့ဘူးဆိုတဲ့ စိတ္ေၾကာင့္
မားကို ေျပာဖို႔ဆုံးျဖတ္လိုက္သည္။ ကိုယ့္မိသားစုဖက္က
လက္ခံတာ လက္မခံတာက ကိုယ္ႏွင့္သာဆိုင္သည့္ အပိုင္းမလို႔ ကိုယ့္အေပၚ ဘာပဲဆုံးျဖတ္ပါေစ လက္ခံရမွာပါပဲ။
"မား တကယ္ေတာ့ သားမွာ ခ်စ္သူရွိတယ္ဆိုတာလည္း ဟုတ္တယ္ အဲ့ဒီညက သူနဲ႔အတူတူရွိေနခဲ့တယ္ဆိုတာ
လည္း ဟုတ္တယ္ ဒါေပမယ့္ သားရဲ့ ခ်စ္သူက
မားတို႔ထင္သလို႔ မိန္းကေလးမဟုတ္ဘူး"
"ဟင္"
" သား ပထမဆုံးတြဲခဲ့တာလည္း မိန္းကေလးတစ္ေယာက္ပဲ လူငယ္ပီပီ ေပ်ာ္စရာေတြရွာခဲ့တာလည္း မိန္းကေလးေတြနဲ႔ပဲ ဒါေပမယ့္ သား လက္တြဲမည့္သူက ေယာက်ာ္းေလးတစ္ေယာက္ျဖစ္သြားတယ္ မား"
"ေနပါအုန္း မင္းက မင္းရဲ့ အစ္ကိုေတြလို"
"မဆိုင္ပါဘူး မားရယ္ ဒါက သားရဲ့ ျဖစ္တည္မွု
သားရဲ့ ဆုံးျဖတ္ခ်က္ပါ ဘယ္သူ႔နဲ႔မွ မဆိုင္ပါဘူး"
" ဒါေၾကာင့္ မား သိမ့္အေၾကာင္းေျပာတိုင္း
မင္းျငင္းေနခဲ့တာလား"
"အဲ့တာေၾကာင့္လည္း ပါတယ္ဆိုေပမယ့္"
" ငါမင္းကို အမ်ားႀကီးေမၽွာ္လင့္ထားတာ သာကီရယ္"
မ်က္ရည္ေတြပါ က်လာတဲ့မားရဲ့အသံမွာ စိတ္ပ်က္ျခင္းေတြ ေရာယွက္လို႔။ ေမၽွာ္လင့္ထားၿပီးသားပါပဲ ဘယ္မိဘမဆို ဒါကို ဝမ္းပန္းတသာလက္ခံမယ္မဟုတ္ဘူးဆိုတာ ၾက္ုသိထားၿပီးသာပဲေလ။
"ေတာင္းပန္ပါတယ္ မား
သား ဘဝမွာ မားတို႔ မ်က္ႏွာငယ္ေအာင္ တစ္ခါမွ
မလုပ္ခဲ့ဖူးပါဘူး ဒါေပမယ့္ ဒီတစ္ေခါက္ေတာ့ သား
" အခုက မင္းဆုံးျဖတ္ၿပီးသြားၿပီဆိုတာ အသိေပး႐ုံပဲမလား တားေနလည္း အပိုပဲေပါ့ မင္းက မင္းတာဝန္အရ အသ္ိေပးတယ္ မားဖက္ကေတာ့ လက္မခံဘူး
ဒါ မားရဲ့ အေျဖပဲ"
" အဲ့လိုမဟုတ္ပါဘူး မားရာ"
" မင္း အစ္ကိုေတြတုန္းက မား ဘာမွမေျပာတာ
မားနဲ႔မဆိုင္လို႔ ၿပီးေတာ့ မားတို႔အသိုင္းအဝိုင္းထဲမွာ
သူတို႔က္ို သိတဲ့လူဆိုတာလည္း မရွိဘူး အခု မင္းကို မားတို႔အသိုင္းအဝိုင္းထဲ မသိတာ ဘယ္သူရွိလဲ"
" သူတို႔ေတြထက္ မားတို႔လက္ခံတာပဲ လိုခ်င္တာပါ"
" ေတာ္ၿပီ သာကီရယ္ ငါမင္းကို ဘာေျပာရမွန္းေတာင္ မသိေတာ့ဘူး"
စိတ္ဆ္ိုးေနတာထက္ မားက ကိုယ့္အေပၚ စိတ္ပ်က္ျခင္း
ေတြ ေမၽွာ္လင့္ခ်က္မဲ့ျခင္းေတြ ျပည့္ႏွက္လို႔။ ဒါက မားရဲ့ပုံစံပါပဲ။ ေဒါသထြက္ျခင္းဆိုတာမ်ိဳးမဟုတ္ဘဲ အဲ့ဒီထပ္ပိုဆိုးသည့္ စိတ္ကုန္ျခင္းမ်ိဳးသာ မားက ျပတတ္သည္။
အဲ့ဒီေနာက္ မားဆီက လ်စ္လ်ဴရွုျခင္းေတြဆိုတာ ထပ္တူပါလာေတာ့မွာလည္း မလြဲမေသြ။
အရင္က ေဆး႐ုံသြားေတာ့မည္ဆို ႏွုတ္ဆက္လ္ို႔မၿပီး
တတြတ္တြတ္မွာလို႔မၿပီးတဲ့ မားက အခုေတာ့ ေအာက္ထပ္မွာ ရွာလို႔ပင္ မေတြ႕ပါ။ မနက္စာစားမလို႔ စားပြဲမွာ ဝင္ထိုင္ၿပီး စားစရာရွိတာ စားေနတုန္း အဆင္သင့္ျဖစ္ေနတဲ့ ထမင္းခ်ိဳင္းျခင္းကို စားပြဲေပၚယူလာေပးေတာ့
" အစ္ကိုေလး ထမင္းခ်ိဳင့္ျခင္း"
"မားတို႔ စားၿပီးၾကၿပီလား"
"ေမေမႀကီး ညက ေသြးနည္းနည္းတိုးလို႔ ေဆးေသာက္ၿပီး
မွိန္းေနပါတယ္"
" အဲ့တာ ကၽြန္ေတာ့္ကို ဘာလို႔လာမေခၚတာလဲ"
" ေမေမႀကီးက မေခၚခိုင္းလို႔ပါ"
ခ်က္ခ်င္းထကာ မားတို႔အခန္း တံခါးေခါက္ေတာ့ လာဖြင့္တဲ့သူက ပါပါး။
" မား ေသြးတိုးေနတာဆို"
" ေအးကြာ နည္းနည္းပါ ေသာက္ေနက်ေဆးေတာ့ ေသာက္ထားတယ္"
" အစ္ကို အလုပ္သြားေတာ့မယ္ဆို"
ကိုယ့္ကို မျမင္ခ်င္ေယာင္ေဆာင္ေနတဲ့ မားက
ကိုယ္ေရာက္လာမွ ကုတင္ေပၚ ကိုယ့္ဖက္ကို ေက်ာေပးကာလွည့္သြားသည္။
" အၾကည္ ေနမေကာင္းဘူးဆို သားကိုၾကည့္ခိုင္းအုန္း
မလား"
"အၾကည္ တစ္ေယာက္တည္းေနခ်င္တယ္"
ရင္ၾကားေစ့ေပးေနတဲ့ ပါပါးလည္း မကူနိုင္ေတာ့ ။
"လာပါ သားရာ မင္း မားတစ္ေယာက္တည္းေနပါေစ"
ပါပါးဆြဲေခၚရာေနာက္ လိုက္လာေတာ့ ပါးက ဧည့္ခန္းကို ဦးတည္သည္။
"သား အခ်ိန္ရေသးလား"
"ဟုတ္ ရပါတယ္ ပါး"
သားအဖႏွစ္ေယာက္ ဆိုဖာမွာ မ်က္ႏွာခ်င္းဆိုင္ ဝင္ထိုင္ေတာ့ ခနတိတ္ဆိတ္သြားကာ သက္ျပင္းရွည္တစ္ခုခ်ၿပီးတဲ့ေနာက္ ပါးဆီက စကားတို႔စတင္လာသည္။
" သားရဲ့ မာမား ပါးကိုအကုန္ေျပာၿပီးၿပီ
တစ္ညလုံးလည္း သူအိပ္မေပ်ာ္ရွာဘူးထင္တယ္"
"..."
" တကယ္ပဲ သားက ယုံၾကည္ခ်က္ရွိေနတာလား"
" ဟုတ္ကဲ့ ပါပါး"
" ပါးကေတာ့ ဝင္စြက္ဖက္ျခင္းဆိုတာထက္ တဖက္လူ အရည္အခ်င္းကိုပဲ ေစာင့္ၾကည့္ခ်င္တယ္ လူတစ္ေယာက္ကို အက်င့္စာရိတၱၿပီးရင္ သူ႔အရည္အခ်င္းဘယ္ေလာက္ရွိသလဲ ဘယ္ေလာက္ထိ တိုးတက္ေအာင္ စြမ္းေဆာင္နိုင္တဲ့ လူစားလဲဆိုတာ အေပၚမူတည္ၿပီး ပါးက
ဆုံးျဖတ္တယ္ ေနာက္တစ္ခ်က္က သူ႔ကိုယ္သူ ဘယ္ေလာက္ေလးစားတဲ့ လူမ်ိဳးလဲဆိုတာေပါ့
သူ႔ကိုသူေတာင္မေလးစားတတ္တဲ့လူက တျခားသူအေပၚ
ေလးစားဖို႔လည္း ေမ့ေနမွာပဲ ပါပါးရဲ့ သားက အခုခ်ိန္ထိ အရာအားလုံး ၿပီးျပည့္စုံေနတဲ့ လူတစ္ေယာက္ ေရြးခ်ယ္မွုတိုင္း မွန္ကန္ခဲ့တဲ့ လူတစ္ေယာက္မလို႔ အခုလည္း
မွန္ကန္ေနအုန္းမယ္လို႔ ယုံၾကည္ခ်က္ရွိေနတယ္ဆို
ပါးက ဘာမွ ဝင္မေျပာလိုဘူး"
"သားတို႔ ႀကိဳးစားပါ့မယ္ "
"မာမားကိုလည္း ေျဖးေျဖးခ်င္းေခ်ာ့
အေျပာထက္ အလုပ္နဲ႔ သက္ေသျပကြာ"
"ဟုတ္ကဲ့ ပါပါး"
စကားေျပာၿပီး ေဆး႐ုံကို ထြက္လာလိုက္ေတာ့ တစ္လမ္းလုံး လူေရာ စိတ္ပါ ေပါ့ပါးေနသေယာင္ေယာင္။ မာမားဆီက လက္ခံၾကည္ျဖဳမွုမရေသးဘူးဆိုေပမယ့္ အနည္းဆုံး ေတာင္တစ္ေတာင္ေတာ့ ေက်ာ္လြန္သြားနိုင္ခဲ့ၿပီ။
"ေဒါက္တာ အရက္ျဖတ္ထားတဲ့ လူနာ အေျခအေန တစ္ခ်က္စစ္ေပးပါအုန္း"
" ဆိုင္ကယ္ေမွာက္တဲ့လူနာ ေျခေထာက္ ဓာတ္မွန္ရၿပီ ေဒါက္တာ" စသည္ျဖင့္ မနက္ခင္းတစ္ပိုင္းလုံးဟာ ေျပးလႊားလွုပ္ရွားလိုက္ရၿပီး သကာလ ေန႔လည္စာစားဖို႔ အခ်ိန္ေရာက္လာသည္။ ကိုယ္ႏွင့္ နားေနခန္းမၽွသုံးသည့္ ေဒါက္တာက Day ဂ်ဴတီခ်ိန္မဟုတ္ေလေတာ့
ကိုယ္တစ္ေယာက္တည္း။
"ဘာလုပ္ေနလဲ ဉာဏ္"
ထမင္းစားေနရင္း ဉာဏ့္ဆီ စာပို႔ေတာ့ ခ်က္ခ်င္း delivered ျဖစ္သြားတဲ့ေနာက္ ဉာဏ္က ဓာတ္ပုံတစ္ပုံပို႔လာသည္။ Esplanade Mallဖက္ကေန Marina bay sandကို လွမ္းရိုက္ထားတဲ့ပုံႏွင့္အတူ reply ျပန္လာတာက
- အျပင္မွာ အခ်စ္ေရာ ထမင္းစားၿပီးၿပီလား
"အခု စားေနတယ္"
Dataဖြင့္ထားတာမလို႔ ခ်က္ခ်င္းဝင္လာတဲ့ FaceTime ကို
လက္ခံဖို႔ အိတ္ထဲက နားၾကပ္ကို ဆြဲထုတ္ရေသးသည္။
" အင္း ဘာလဲ"
- ထမင္းစားေနတာကို ၾကည့္ခ်င္လို႔
ပ္ိုရန္ေကာဆိုၿပီး ႏွာေခါင္းရွုံ႔ေတာ့ ဉာဏ္က သြားခၽြန္ခၽြန္ေတြေပၚေအာင္ ေအာက္ႏွုတ္ခမ္းကို ကိုက္ရင္း ၾကည့္လာသည္။
"ဘာလုပ္ေနတာလဲ အျပင္မွာ"
-ခုနေန Merlion ဖက္ကူးမွာေလ
သူငယ္ခ်င္းကို ေစာင့္ရင္း ခနထိုင္ေနတာ
" အိုက္ေနတာလား"
တီရွပ္ လည္ပင္းေပါက္ကို ခါေနတဲ့ ဉာဏ္က ေနရိပ္ထဲ
ထိုင္ေနရင္းေတာင္ ပူအိုက္ေနပုံပဲ။
-အင္းေပါ့ ဒီမွာက ေနအရမ္းမပူတာေတာင္ ပူေႏြးေႏြးႀကီးအျမဲျဖစ္ေနတာကို
" မိုးရြာမယ္တဲ့လား ဒီေန႔"
-ေန႔တိုင္း ရြာမွာ မပူနဲ႔ အဲ့မိုးက
မိုးရြာတာမႀကိဳက္တဲ့ ဉာဏ္က ေန႔တိုင္းနီးပါးရြာေနတဲ့
စင္ကာပူမိုးကိုလည္း မၾက္ိုက္ျပန္ပါဘူး။ ေျပာေနရင္း ဆူပုတ္လာတဲ့ မ်က္နာေလးက ခ်စ္စရာေကာင္းတာမို႔ သေဘာတက်ရယ္ေနမိသည္။
-ဘာလို႔ ရယ္တာလဲ
"မရယ္ပါဘူး"
ေရေႏြးခြက္ကို ေမာ့ေသာက္ရင္း ကိုယ့္ကို စိုက္ၾကည့္ေနတဲ့
Screen ေပၚမွ ဉာဏ့္ဆီက အၾကည့္ေတြ ေရွာင္လြဲ
လိုက္သည္။
-အခ်စ္
"..."
-လြမ္းတယ္ ဒီတစ္ေခါက္ေတြ႕ၿပီး ျပန္လာမွ
လြမ္းရတာက ႐ူးေတာ့မလိုပဲ သိလား
" မင္းေနာ္"
-တကယ္ေျပာတာ ကၽြန္ေတာ့္ကိုေရာ မလြမ္းဘူးလား
"မလြမ္းပါဘူး"
- ျပန္လာတဲ့ေန႔က ေလယာဥ္ေပၚမွာ
လူက အခ်စ္ကိုစိတ္ပူေနတာနဲ႔
မီးခဲဖင္ခုထိုင္ထားရသလိုပဲ
" ကိုယ္ ဘာမွမျဖစ္ပါဘူးလို႔ ေသခ်ာေျပာတာကို"
- ဪ အဲ့တာလည္း စိတ္ပူရတာပဲေလ
အခ်စ္က တစ္ခုခုလုပ္ေပးမယိဆိုတိုင္း ျငင္းတယ္ေလ ၿပီးေတာ့ "ကိုယ္ ဆရာဝန္ေနာ္"ဆိုၿပီး ေဆးထည့္ေပးမယ္ဆိုေတာ့လည္း မဟုတ္ျပန္ဘူး
" ဉာဏ္!"
- မဟုတ္လ္ို႔လား
"ေတာ္ၿပီ ဖုန္းခ်ေတာ့မယ္
- ဟာ
" မ ,ဟာနဲ႔ ကိုယ့္နားခ်ိန္ျပည့္ေတာ့မယ္"
-ၿပီးေရာ ညက် ဖုန္းေခၚလိုက္မယ္
" အင္း ဂ႐ုစိုက္"
" ခ်စ္တယ္ ဖုန္းအရင္ခ်လိုက္"
ဖုန္းခ်ၿပီးတာနဲ႔ ဉာဏ့္ဆီမွ iMessage မွာ ခ်က္ခ်င္း ဝင္လာတဲ့ sticker တစ္ခုေၾကာင့္ ျပဳံးလိုက္မိသည္။
အခ်စ္ကို အရင္းခံလို႔ စတင္ခဲ့တယ္ဆိုေပမယ့္
တေျဖးေျဖးတည္ေဆာက္လာရတဲ့ နားလည္မွုေတြ
သံေယာဇဥ္ေတြ ေမတၱာတရားေတြကေတာ့ တစ္ထပ္ၿပီး တစ္ထပ္ပါပဲ။ တစ္သက္လုံး အတူတူရွိေနဖို႔ဆို ဉာဏ္ႏွင့္အတူ ကိုယ္ေျပာင္းလဲပစ္ရမည့္ အက်င့္ေတြလည္းရွိသလို
ကိုယ့္ေၾကာင့္ ဉာဏ္ေျပာင္းလဲရမွာေတြလည္း မနည္းပါ။
အဲ့ဒီ့အရာေတြရဲ့ အလြန္မွာ ပါပါးေျပာသလို
ဉာဏ္ရဲ့ ကိုယ္က်င့္တရား သိကၡာ အရည္အခ်င္းေတြအတြက္ပါ အေျဖက တစ္ခါတည္း ရွိလာၿပီးသားျဖစ္လာလိမ့္မယ္။ မင္းက ၿပီးျပည့္စုံတဲ့သူ ျဖစ္လာရမွာ ျဖစ္သလို ကိုယ္တိုင္လည္း ျဖစ္ဖို႔ ႀကိဳးစားေနတယ္ ။
ေနာက္ဆုံးမွာ ကိုယ္တို႔ႏွစ္ေယာက္ဟာ ဘယ္အရာမွ ၿဖိဳဖ်က္ပစ္လို႔မရနိုင္တဲ့ ခိုင္ျမဲျခင္းေတြနဲ႔ အတူတူရွိေနရမယ္။
ဒါဟာ ကိုယ္ ဉာဏ္ႏွင့္အတူ တည္ေဆာက္ေနတဲ့
အနာဂတ္မ်ိဳးပါပဲ။
___________
"ေယာက္ဖ မင္းကလည္း ဟိုေရာက္ၿပီးကတည္းက
အၿမီးေတာ္ေတာ္စမ္းယူရတယ္ေနာ္"
တဖက္က အားေဝႏွင့္ စိုင္းဟက္တို႔အေျပာေၾကာင့္
တစ္ခ်က္ရယ္လိုက္သည္။
" ငါ့မေျပာနဲ႔ မင္းတို႔ကေရာ အားလို႔လား
တစ္ေကာင္ေလာက္ ငါ့ဆီလာခဲ့ၾကစမ္းပါ
ပ်င္းလို႔ေသေတာ့မယ္ မင္းအေဖက"
" ေတာ္ပါကြာ စာဆို ဘာစာမွ မျမင္ခ်င္ေတာ့ဘူး
ဘြဲ႕ေတာင္ မျဖစ္မေနမလို႔ ယူထားရတာကြ"
စိုင္းဟက္ကလည္း မ်က္ႏွာႀကီး ရွုံ႔တြလို႔ေျပာလာတာမ်ား
ဒီေကာင္ ေက်ာင္းတက္ကတည္းက စာအေသေၾကာက္တဲ့ေကာင္။
" ဘာလဲ ေဖြးက လာေတာင္းေတာ့တဲ့လား"
" ငယ္ေသးတယ္ကြ ငါလည္း အိမ္က အလုပ္လက္လြဲယူတာဆိုေပမယ့္ ေသခ်ာနားလည္ၿပီး ကၽြမ္းက်င္ၿပီး ငါ့လက္ထဲ စီးပြါးေရး အတည္တက်ရွိတဲ့အထိ
ေစာင့္အုန္းမယ္ေလ မဟုတ္ရင္
ယူၿပီး ေဖြးပဲ မ်က္ႏွာငယ္ရမွာ "
" ေအာ္ တခ်ိဳ႕ေတြက် ယူဖို႔ ႀကိဳးစားေနၿပီ
တခ်ိဳ႕က်လည္း ဟိုက ဘာတဲ့ "ငါ အလကားသြားတာ
မဟုတ္ဘူး ပညာသြားသင္တာ မရွုပ္နဲ႔"ဆိုၿပီး အေခ်ခံလိုက္ရတယ္ဆို"
"ေဟ့ေကာင္ ငထက္ မင္းေနာ္"
ကိုယ္က စေတာ့ တရွူးရွူးတရွဲရွဲျဖစ္လာသူက အားေဝပါ။
မသုန္ရဲ့ ခေခြး ယပင့္နဲ႔ေခ်တာကို ပက္ပက္စက္စက္ခံေနရတာမ်ား အလူးအလဲ။ စိုင္းဟက္ကလည္း တဟားဟားနဲ႔ ပြဲက်လို႔။
" ဒီမွာ ငါ့ေကာင္ မင္း ငါ့အစ္မကို ႀကိဳက္တာကို ငါက သိပ္ၿပီးေတာ့ မကူညီခ်င္ေနဘူး ဒါေပမယ့္ မင္းကိုၾကည့္ရတာ ငါတကယ္သနားလာလို႔ အႀကံေတာ့နည္းနည္းေပးလိမ့္မယ္"
"ေအး လုပ္စမ္းပါကြာ"
"ငါေျပာမယ္ကြာ ကိုယ့္ထက္ အသက္ႀကီးတဲ့လူေတြကို လိုက္ရတာ မလိုက္ခင္ကတည္းက ငါတို႔က အငယ္မလို႔ impression ကေတာ့ auto downၿပီးသား ငါ့ေကာင္ရ ၊
မင္းလဲ သိတာပဲ အခုက ကိုႀကီးေခတ္ကြ အဲ့ေတာ့ မင္းဘယ္ေလာက္ ေသာက္ျဖစ္ရွိလဲ ျပဖို႔ထက္ မင္းဘယ္ေလာက္ သူ႔ကို ဂ႐ုစိုက္နိုင္ေၾကာင္းပဲျပရတယ္ သူတို႔က
ငါတို႔ထက္ ေသာက္ျဖစ္အမ်ားႀကီး ပိုရွိတယ္
ဟုတ္ၿပီလား"
" အဲ့လိုလား မင္းေရာ မင္းအစ္ကိုကို အဲ့လိုလိုက္တာလား"
"အဲ့တာေတာ့ေျပာစရာလားကြ"
အားေဝက မ်က္ႏွာႀကီးမဲ့ကာ ရြဲ႕ျပေနသည္။
ဟုတ္တယ္ေလ တေနကုန္ စားခ်ိန္ ေသာက္ခ်ိန္ အိပ္ခ်ိန္မွအစ ဂ်ဴဒီေန႔ပါမခ်န္ Night ဂ်ဴဒီက်တဲ့ေန႔ဆိုလည္း ကိုယ္ပါမအိပ္နိုင္ ဘယ္အခ်ိန္ကပ္ရမလဲပဲ ေခ်ာင္းေနခဲ့ရတာ ကိုယ့္ဝမ္းနာ ကိုယ္သာသိပဲ။
" ငထက္ မင္းတို႔ေကာ အေျခအေနေအးေဆးပဲမလား"
"အရမ္းေတာ့ မေအးေဆးေနဘူး ငါ့အေမတို႔က သိသင့္သေလာက္ သိထားတယ္ အစ္ကိုက အခ်ိန္ယူရေအာင္ဆိူလို႔
လူႀကီးေတြကလည္း ငါ့ကိူအခုထိ ပြင့္ပြင့္လင္းလင္းမေမးဘူးကြာ ငါ့အေဖကသာ ငါကိုေတြ႕တာနဲ႔ ဘုန္းမယ့္ပုံျဖစ္ေနတာ"
"ဘယ္လိုဆက္လုပ္ၾကမလဲ မင္းတို႔"
"အစ္ကို႔စကားနားေထာင္ရမွာေပါ့ သူက ငါ့ထက္အႀကီးေလ ငါ့ပုံစံအတိုင္းသြားလုပ္ၿပီး ျပသာနာေတြႀကီးကုန္ရင္
သူက အားလုံးထက္ ပိုစိတ္ညစ္ရမွာကြ အဲ့ေတာ့ ေရာ့ ႀကိဳက္သလိုသာ စီမံေတာ့ဆိုၿပီး ငါ့အနာဂတ္ သူ႔လက္ထဲ ထည့္ေပးထားလိုက္တယ္"
" ေအးပါကြာ ေတာ္ေသးတာေပါ့ မင္းအစ္ကိုက ရင့္က်က္ၿပီး ျပသာနာဘယ္လိုေျဖရွင္းမလဲဆိုတာေတြ ေတြးထားလို႔ ၾကည့္ရတာ မင္းအေပၚေတာ့ အစစ္အမွန္ႀကီးေနာ္"
" မင္းတို႔လည္း သိတာပဲ ခ်စ္သူဘဝဆိိုတာ ငါတို႔ကို အမ်ားျမင္ေနတာထက္ ငါတို႔ႏွစ္ေယာက္ၾကားက ကိစၥ ငါတို႔အသိဆုံးေပါ့ကြာ တစ္ခါတေလ သူက ၿငိမ္းခ်မ္းၿပီး ေလာဘကင္းလြန္းလို႔ ျပသာနာေတြမ်ားျဖစ္လာရင္ ငါ့ကိူ လက္လႊတ္သြားမလားလို႔ ေတြးမိရင္လည္း ရင္ေမာရေသးတယ္"
" မင္းအစ္ကိုက အဲ့လိုေတာ့ မလုပ္ေလာက္ပါဘူးကြာ"
အားေဝက ေလးေလးနက္နက္ဝင္ေျပာလာေတာ့ ကိုယ္တိုင္လည္း ေခါင္းၿငိမ့္မိသည္။
"ငါလည္း ယုံပါတယ္ကြာ တစ္ခါတေလ ေပါက္ေပါက္ရွာရွာေတြးမိတာမ်ိဳးပါ"
" ေျပာသာေျပာရတာပါကြ မင္းက ငါ့ထက္ေတာင္ သာယာပါေသးတယ္"
မ်က္ႏွာငယ္ေလးနဲ႔ ဝင္ေျပာလာတဲ့ အားေဝေၾကာင့္ စိုင္းဟက္နဲ႔ တူတူ အူတက္ေအာင္ရယ္လိုက္ရေသးသည္။
"ေအးပါကြာ ငါလည္း တီးေခါက္ၾကည့္ပါအုန္းမယ္"
" ကား service center တစ္ခုေထာင္ေတာ့မွာလို႔အဲ့ေတာ့ ငါက လက္ေၾကာမတင္းတဲ့ ငပ်င္းေလးမဟုတ္ဘူးဆိုတာပါ ထည့္ေျပာအုန္း"
" လခြမ္း မင္းကေတာ့ကြာ ဟား ဟား"
ထိုသို႔ျဖင့္ သူငယ္ခ်င္းသုံးေယာက္ ရယ္လိုက္ စေနာက္
လိုက္ျဖင့္ အခ်ိန္ေတြ တစ္နာရီေလာက္ ကုန္ဆုံးသြားေတာ့သည္။ ဘဝမွာ ဒီေကာင္ေတြရွိေနဖို႔လည္း လိုအပ္ေသးသည္ေလ။
_____________
" ျဖစ္ပါ့မလား ဦးေလးရာ"
"ဘာမျဖစ္စရာရွိလဲ မင္းလည္းသူ႔အိမ္သိေနတာပဲ
သြားႀကိဳၿပီး မိုးကုတ္ေခၚလာေပး႐ုံပဲကို"
Construction site တစ္ခုႏွင့္ လခ်ဳပ္စာရင္းရွင္းဖို႔ မႏၲေလးေရာက္ေနတုန္း ဦးေလးဆီမွ ဖုန္းဝင္လာကာ အကူအညီေတာင္းလာသည္က သူ၏ သူငယ္ခ်င္း"အာကာ"ဆိုသူက္ို မိုးကုတ္ေခၚလာေပးဖို႔တဲ့။
" ေအာ္ၿပီးေတာ့ မင္း အဖြားအတြက္ လက္ဖက္လည္းမေမ့နဲ႔အုန္း"
"ဟုတ္ၿပီဗ်ာ ဟုတ္ၿပီ ထြက္လာခါနီး
ဖုန္းထပ္ဆက္လိုက္မယ္"
ကိုယ့္အေပၚ လိုေလးေသးမရွိ ျဖည့္ဆည္းေပးတဲ့ ဦးေလးမလို႔ မခိုင္းစဖူး ခိုင္းတာကိုလည္း မျငင္းခ်င္၍ ေခါင္းသာၿငိမ့္လိုက္ရသည္။ ကိုယ္အေၾကာင္းႏွင့္ ကိုယ္မလို႔
ေအာင့္အီးသာ ခံေပေတာ့ပဲ။
အခ်စ္ဦးကေတာ့ အခ်စ္ဦးပဲ ။
ဒါေပမယ့္ ဘယ္ေတာ့မွ ထပ္မေတြ႕ခ်င္ခဲ့တဲ့
အခ်စ္ဦးျဖစ္ေနခဲ့တာပါပဲ။
________\\\\______\\\\_____
စကားနည္းနည္းရွည္မယ္ေနာ္ !
ဒီထဲက စည္သူအေၾကာင္းကို အက်ယ္တဝင့္မေရးျဖစ္ေပမဲ့ စည္သူလို typeမ်ိဳးက တကယ္ရွိတာပါ။ လူတစ္ေယာက္ သေဘာက်ဖူးတယ္ ခ်စ္ဖူးတယ္ ဒါေပမယ့္ အဲ့ဒီလူမွ မဟုတ္ဘူး ဘယ္သူနဲ႔မွ in relationship ျဖစ္ဖို႔ စိတ္မပါတဲ့သူမ်ိဳး။ Aromanticismတစ္ေယာက္ လိုမ်ိဳးပါ ။