Unicode
နွေးထွေးသည့်နေရောင်ချည်နှင့်အတူရှောင်ကျန့်၏သေးငယ်သောလက်လေးတစ်ဖက်ဟာမြောက်တတ်သွားပြီးမျက်လုံးအားပွတ်သပ်လိုက်သည်။
သူ့ရင်ဘတ်မှာအနည်းငယ်လေးနေသည်ဟုခံစားရတာကြောင့်ငုံ့ကြည့်လိုက်မိသည်။အကြောင်းအရင်း၏အဓိကတရားခံရိမင်လေးသည်ရှောင်ကျန့်၏သေးငယ်သောရင်ဘတ်လေးပေါ်၌နှုတ်ခမ်းလေးကပ်၍အင်ကျီအစလေးအားလက်သေးသေးလေးဖြင့်ဆုပ်ကိုင်ထားလျက်နှစ်ခြိုက်စွာအိပ်မောကျနေသည်။မသိလျှင်ရှောင်ကျန့်ကသူ့ရဲ့ကမ္ဘာကြီးဖြစ်နေသကဲ့သို့အတင်းအကြပ်ဖက်တွယ်ထားခဲ့သည်။
ရှောင်ကျန့်သည်ရိမင်၏ချစ်စဖွယ်အမူအရာလေးကြောင့်မပြုံးပဲမနေနိုင်ပါချေ။
ညီလေးတစ်ယောက်ရှိရတဲ့ခံစားချက်ကအရမ်းကောင်းတာပဲ.....
သူစိတ်မထိန်းနိုင်စွာပင်ရိမင်၏အနည်းငယ်ဖောင်းတစ်နေသည့်ပါးဖောင်းဖောင်းလေးအားလက်ညှိုးဖြင့်ဖွဖွလေးထိလိုက်သည်။အိကနဲဝင်သွားသည့်ခံစားချက်ကြောင့်သူ့ရဲ့နှလုံးသားလေးမှာအရည်ပျော်လာသလိုထင်ရသည်။
အရမ်းချစ်ဖို့ကောင်းတာပဲ......
ရှောင်ကျန့်၏ကျေနပ်ကြည်နူးနေသည့်စိတ်အစဥ်သည်systemအုန်းသီး၏မနက်စောစောစီးစီးငှက်ဆိုးထိုးသံကြောင့်တစ်စစီကွဲကြေသွား၏။
[မဂင်္,လာမနက်ခင်းပါhost....]
ရှောင်ကျန့် : "....."
သူ့အုန်းသီးရဲ့အသံကတကယ့်ကိုကြားရဆိုးမှန်းသူဝန်ခံမိသည်။
ရှောင်ကျန့်စိတ်ထဲကအတွေးမှန်သမျှကြားနေရတဲ့အုန်းသီးလေးသည်အနည်းငယ်နင်သွား၏။
မကြာခင်၌ပင်ရိမင်လေးအသေးလေးသည်တစ်အင်းအင်းတစ်အဲအဲဖြင့်နိုးထလာပြီးပြူးကြောင်ကြောင်မျက်ဝန်းနက်လေးတွေဖြင့်သူ့ကိုမော့ကြည့်သည်။ရှောင်ကျန့်အားမြင်သည်နှင့်ရိမင်လေး၏မျက်နှာသေးသေးလေးထက်တွင်တောက်ပသောချစ်စဖွယ်အပြုံးလေးတစ်ခုပေါ်ပေါက်လာ၏။
"ကိုကို"
အာ.....ချိုသာလိုက်တာ.....
အုန်းသီး : [.....]hostကအရမ်းဘတ်လိုက်တာပဲ.....
ရှောင်ကျန့်သည်ရိမင်နှင့်အတူမျက်နှာသစ်သွားတိုက်ရင်းမနက်စာစားဖို့ရန်အတွက်အတူတကွအောက်ဆင်းလာခဲ့သည်။မနက်စာဝိုင်းတွင်ရိပါးသည်သတင်းစာဖတ်လျက်စောင့်နေပြီးရိမားသည်အိမ်ဖော်ကောင်မလေးများနှင့်အတူမနက်စာလုပ်ပေးနေသည်။ကျန့်နင်သည်လည်းရိမားကိုဝိုင်းကူပေးသည်။
"မနက်ဖြန်ဆိုရင်သားနဲ့သမီး
နှစ်ယောက်လုံးကျောင်းစတတ်
လို့ရပြီ....ဒီနေ့တော့ပတ်ဝန်းကျင်နဲ့
ရင်းနှီးအောင်တစ်ရက်လောက်
ဒီမှာပဲနေလိုက်ဦး....ကျောင်းအုပ်ကြီးကို
လည်းပါးအကုန်တိုင်ပင်ပြီးသွားပြီ....
အရမ်းစိတ်လှုပ်ရှားမနေနဲ့...ဟုတ်ပြီလား...
သူငယ်ချင်းအသစ်တွေအများကြီး
ရတော့မယ်လို့သာတွေးလိုက်....."
ရိပါးသည်အမွှာနှစ်ယောက်အားပြုံးရွှင်စွာပြော၏။အကြီးမလေးကျန့်နင်၏မျက်နှာမှာစိတ်လှုပ်ရှားသွားသကဲ့သို့ရှောင်ကျန့်တောင်မှပြုံးသွားခဲ့သည်။
သို့သော်ထိုစကားအဆုံး၌ရှောင်ကျန့်ဘေးရှိရိမင်လေးမျက်နှာပျက်သွားကြောင်းမည်သူမှသတိမထားမိလိုက်ကြပေ။
သူငယ်ချင်း........
ကိုကိုကသူငယ်ချင်းထားမှာလား.....
ရိမင်၏သေးငယ်နူးညံ့သောလက်သီးလေးတွေမှာတင်းကြပ်စွာလက်သီးဆုပ်ထားသည်မှာတိရိသေသပ်သည့်လက်သည်းလေးတွေတောင်အသားထဲစိုက်ဝင်လာသည်အထိပင်။
မဟုတ်ဘူး......
ကိုကိုသာသူငယ်ချင်းထားလိုက်
လို့သူ့ကိုဂရုမစိုက်တော့ရင်ဘယ်လို
လုပ်မလဲ.....
ရိမင်၏မျက်ဝန်းနက်လေးတွေထဲတွင်တဖြည်းဖြည်းရူးသွပ်မှုများပြင်းထန်လာသည်။
ရိမင်လေး၏မူမမှန်မှုကိုစတင်သတိထားမိသွားသူမှာရိမားကိုယ်တိုင်သာဖြစ်သည်။သူမစိတ်ပူသွားသည်။
"သားငယ်....အဆင်ပြေရဲ့လား"
လူတိုင်း၏အကြည့်မှာရိမင်ဆီသို့ကျရောက်လာသည်။ရိမင်လေးသည်မျက်လွှာချ၍သူ့မျက်ဝန်းထဲရှိရူးသွပ်မှုများကိုဖုံးကွယ်လိုက်သည်။
"ဘာမှမဟုတ်ပါဘူး.....ဒီနေ့ကိုကိုသာအိမ်မှာတစ်နေကုန်နေရရင်ပျင်းနေမှာပဲလို့တွေးမိသွားလို့ပါ"
"သားကဘယ်လိုလုပ်စေချင်လို့လဲ"
ရိပါးကသဘောကျစွာမေးသည်။
"ဒီနေ့ကိုကို့ကိုကစားကွင်းလိုက်ပို့ပေးရင်ကောင်းမလားလို့စဥ်းစားမိတယ်"
"သားအကြံမဆိုးဘူး.....သားနဲ့သမီး
နှစ်ယောက်ရောကစားကွင်းသွားချင်လား"
ရိပါးကကျန့်နင်နဲ့ကျန့်ရင်မောင်နှမနှစ်ယောက်၏သဘောဆန္ဒကိုအရင်ဆုံးမေးသည်။
ကျန့်နင်မှာပျော်ရွှင်သွားသလောက်ရှောင်ကျန့်၏မျက်နှာမှာအနည်းငယ်ရှုံမဲ့သွားသည်။
သူ့ခန္ဒာကိုယ်ကကလေးအရွယ်ဖြစ်နေပေမယ့်သူ့ဝိဥာဥ်ကတော့လူကြီးတစ်ယောက်ဖြစ်နေပြီးသားလေ......ဘာကြောင့်ကလေးကလားနဲ့ကစားကွင်းသွားရမှာလဲ......သူကကလေးမှမဟုတ်တာ.....
မကြာမီအချိန်၌......
.
.
.
.
.
ကိုယ့်ကိုယ်ကိုအရွယ်ရောက်လူကြီးတစ်ယောက်ဟုသတ်မှတ်ထားသည့်ရှောင်ကျန့်သည်သူ့ရဲ့ခြေထောက်တိုတိုလေးတွေကိုအသုံးပြု၍ကစားကွင်းအတွင်း၌တစ်ဝူးဝူးတစ်ဝါးဝါးဖြင့်ပတ်ပြေးနေလေသည်။
"ဝါး....ဝါး....ငါရိုလာကိုစတာစီးချင်တယ်"
"ဝူး....ဒီမုန့်ကအရမ်းကောင်းတာပဲ...."
"ရေခဲမုန့်.....ချောကလက်ရေခဲမုန့်"
"အသဲပုံပူဖောင်းလိုချင်တယ်"
system : [.....]ငါ့hostကမျောက်နဲ့အမျိုးတော်သလားဘဲ.....
ရှောင်ကျန့်သည်တကယ့်ကလေးနှစ်ယောက်ဖြစ်တဲ့ရိမင်နဲ့ကျန့်နင်တို့ထက်ပင်ပိုမိုပျော်ရွှင်နေသေးသည်။ရိပါးကအရေးကြီးအလုပ်ကိစ္စကြောင့်သူတို့နဲ့အတူမသွားနိုင်သလိုရိမားကလည်းနှလုံးရောဂါအခံကြောင့်ရှောင်ကျန့်တို့နှင့်မလိုက်နိုင်ခဲ့ပေ။ထို့ကြောင့်သန်တုန်းမြန်တုန်းဖြစ်သည့်အိမ်တော်ထိန်းကြီးဟာကလေးသုံးယောက်ကိုထိန်း၍သက်တော်စောင့်များကအဝေးမှစောင့်ကြည့်နေကြသည်။
ရှောင်ကျန့်ကဒီနေ့တွင်ပန်းရောင်ဖျော့ဖျော့အကျီင်္,ခပ်ပွပွနှင့်အဖြူရောင်ဘောင်းဘီတို၊ခပ်ဖျော့ဖျော့ပန်းရောင်ရှုးဖိနပ်လေးကိုဝတ်ဆင်ထားတာကြောင့်အရုပ်လေးနှင့်တောင်တူသေးသည်။အထူးသဖြင့်တောက်ပနေသည့်ပန်းရောင်မျက်လုံးတစ်စုံကြောင့်မြင်သူတစ်ကာမငေးပဲမနေနိုင်အောင်ဆွဲဆောင်နိုင်လွန်းသည်။
ကျန့်နင်သည်လည်းရှောင်ကျန့်နှင့်အဖော်စပ်၍ပျော်ရွှင်နေ၏။
ရိမင်သည်သူ့ကိုကိုအားကြည့်နေကြသည့်လူတွေကြောင့်သူ့မျက်နှာသေးသေးလေးမှာမဲမှောင်လာသည်။
"ကိုကို.....ကိုကိုကကျွန်တော့်ကိုဂရုလည်း
မစိုက်ဘူး"
ရိမင်သည်ငိုမဲ့မဲ့မျက်လုံးလေးများဖြင့်ရှောင်ကျန့်အားမျက်ရည်ဝဲလျက်မော့ကြည့်သည်။ရှောင်ကျန့်ပြာသွားသည်။
"မဟုတ်ပါဘူး....ကိုကိုကရိမင်ကိုဂရုစိုက်ပါတယ်"
"ကိုကိုလိမ်တယ်.....
ကိုကို့ကိုမခေါ်တော့ဘူး"
ရိမင်လေးသည်မျက်ရည်တွေကျလျက်လူအုပ်ထဲသို့ပြေးဝင်သွားသည်။ရှောင်ကျန့်ဟာလန့်ဖြန့်သွားရင်းရိမင်နောက်သို့ပြေးလိုက်သွားမိသည်။
ကျန့်နင် : "....."????
ဘာဖြစ်သွားကြတာလဲဟင်.....
ကျန်နင်လေးသည်လက်ထဲ၌ရေခဲမုန့်လေးကိုင်လျက်ကြောင်အ,စွာထိုနေရာလေးမှာပဲမတ်တပ်ကျန်ခဲ့သည်။ကလေးတွေအတွက်မုန့်သွားဝယ်သည့်အိမ်တော်ထိန်းကြီးဟာပြန်လာသည့်အခါကျန့်နင်တစ်ယောက်တည်းကိုသာတွေ့ရတာကြောင့်ထိတ်လန့်သွားသည်။
ရှောင်ကျန့်ဟာရိမင်လေးနောက်လိုက်ရင်းလူအုပ်ကြီးထဲ၌လမ်းပျောက်သွားသည်။လမ်းလည်ခေါင်ကြီး၌သေးငယ်သောသူ့ရဲ့ခန္ဓာကိုယ်လေးကိုတစ်ယောက်တည်းရွေ့လျားရင်းရိမင်လေးကိုသာလိုက်ရှာနေမိသည်။ရိမင်လေးကိုဘယ်နေရာမှမတွေ့တော့သည့်အခါရှောင်ကျန့်ငိုမဲ့မဲ့ဖြစ်လာသည်။
'အုန်းသီး.....ရိမင်ဘယ်ရောက်နေလဲသိလား'
[ကျွန်တော်မသိဘူးhost]
ေရှာင်ကျန့်ကိုယ့်ကိုကိုယ်သာဆဲရေးလိုက်မိသည်။
သူအပျော်လွန်သွားတာကြောင့်ရိမင်လေးကိုခဏလောက်မေ့သွားတာ.....ဟိုက,ကလေးဆိုတော့သူ့ရဲ့လုပ်ပုံကြောင့်ဝမ်းနည်းသွားတာထင်တယ်.....
ရှောင်ကျန့်ဟာရိမင်ကိုအသည်းအသန်လိုက်ရှာနေရင်းရုတ်တရတ်လူတစ်ယောက်နှင့်ဝင်တိုက်မိသွားကာနောက်ပြန်လဲကျသွားသည်။
_______________________________________________________________
Zawgyi
ႏြေးေထြးသည့္ေနေရာင္ခ်ည္ႏွင့္အတူေရွာင္က်န့္၏ေသးငယ္ေသာလက္ေလးတစ္ဖက္ဟာေျမာက္တတ္သြားၿပီးမ်က္လုံးအားပြတ္သပ္လိုက္သည္။
သူ႕ရင္ဘတ္မွာအနည္းငယ္ေလးေနသည္ဟုခံစားရတာေၾကာင့္ငုံ႕ၾကည့္လိုက္မိသည္။အေၾကာင္းအရင္း၏အဓိကတရားခံရိမင္ေလးသည္ေရွာင္က်န့္၏ေသးငယ္ေသာရင္ဘတ္ေလးေပၚ၌ႏႈတ္ခမ္းေလးကပ္၍အင္က်ီအစေလးအားလက္ေသးေသးေလးျဖင့္ဆုပ္ကိုင္ထားလ်က္ႏွစ္ၿခိဳက္စြာအိပ္ေမာက်ေနသည္။မသိလွ်င္ေရွာင္က်န့္ကသူ႕ရဲ႕ကမၻာႀကီးျဖစ္ေနသကဲ့သို႔အတင္းအၾကပ္ဖက္တြယ္ထားခဲ့သည္။
ေရွာင္က်န့္သည္ရိမင္၏ခ်စ္စဖြယ္အမူအရာေလးေၾကာင့္မၿပဳံးပဲမေနနိုင္ပါေခ်။
ညီေလးတစ္ေယာက္ရွိရတဲ့ခံစားခ်က္ကအရမ္းေကာင္းတာပဲ.....
သူစိတ္မထိန္းနိုင္စြာပင္ရိမင္၏အနည္းငယ္ေဖာင္းတစ္ေနသည့္ပါးေဖာင္းေဖာင္းေလးအားလက္ညွိုးျဖင့္ဖြဖြေလးထိလိုက္သည္။အိကနဲဝင္သြားသည့္ခံစားခ်က္ေၾကာင့္သူ႕ရဲ႕ႏွလုံးသားေလးမွာအရည္ေပ်ာ္လာသလိုထင္ရသည္။
အရမ္းခ်စ္ဖို႔ေကာင္းတာပဲ......
ေရွာင္က်န့္၏ေက်နပ္ၾကည္ႏူးေနသည့္စိတ္အစဥ္သည္systemအုန္းသီး၏မနက္ေစာေစာစီးစီးငွက္ဆိုးထိုးသံေၾကာင့္တစ္စစီကြဲေၾကသြား၏။
[မဂင်္,လာမနက္ခင္းပါhost....]
ေရွာင္က်န့္ : "....."
သူ႕အုန္းသီးရဲ႕အသံကတကယ့္ကိုၾကားရဆိုးမွန္းသူဝန္ခံမိသည္။
ေရွာင္က်န့္စိတ္ထဲကအေတြးမွန္သမွ်ၾကားေနရတဲ့အုန္းသီးေလးသည္အနည္းငယ္နင္သြား၏။
မၾကာခင္၌ပင္ရိမင္ေလးအေသးေလးသည္တစ္အင္းအင္းတစ္အဲအဲျဖင့္နိုးထလာၿပီးျပဴးေၾကာင္ေၾကာင္မ်က္ဝန္းနက္ေလးေတြျဖင့္သူ႕ကိုေမာ့ၾကည့္သည္။ေရွာင္က်န့္အားျမင္သည္ႏွင့္ရိမင္ေလး၏မ်က္ႏွာေသးေသးေလးထက္တြင္ေတာက္ပေသာခ်စ္စဖြယ္အၿပဳံးေလးတစ္ခုေပၚေပါက္လာ၏။
"ကိုကို"
အာ.....ခ်ိဳသာလိုက္တာ.....
အုန္းသီး : [.....]hostကအရမ္းဘတ္လိုက္တာပဲ.....
ေရွာင္က်န့္သည္ရိမင္ႏွင့္အတူမ်က္ႏွာသစ္သြားတိုက္ရင္းမနက္စာစားဖို႔ရန္အတြက္အတူတကြေအာက္ဆင္းလာခဲ့သည္။မနက္စာဝိုင္းတြင္ရိပါးသည္သတင္းစာဖတ္လ်က္ေစာင့္ေနၿပီးရိမားသည္အိမ္ေဖာ္ေကာင္မေလးမ်ားႏွင့္အတူမနက္စာလုပ္ေပးေနသည္။က်န့္နင္သည္လည္းရိမားကိုဝိုင္းကူေပးသည္။
"မနက္ျဖန္ဆိုရင္သားနဲ႕သမီး
ႏွစ္ေယာက္လုံးေက်ာင္းစတတ္
လို႔ရၿပီ....ဒီေန႕ေတာ့ပတ္ဝန္းက်င္နဲ႕
ရင္းႏွီးေအာင္တစ္ရက္ေလာက္
ဒီမွာပဲေနလိုက္ဦး....ေက်ာင္းအုပ္ႀကီးကို
လည္းပါးအကုန္တိုင္ပင္ၿပီးသြားၿပီ....
အရမ္းစိတ္လႈပ္ရွားမေနနဲ႕...ဟုတ္ၿပီလား...
သူငယ္ခ်င္းအသစ္ေတြအမ်ားႀကီး
ရေတာ့မယ္လို႔သာေတြးလိုက္....."
ရိပါးသည္အမႊာႏွစ္ေယာက္အားၿပဳံး႐ႊင္စြာေျပာ၏။အႀကီးမေလးက်န့္နင္၏မ်က္ႏွာမွာစိတ္လႈပ္ရွားသြားသကဲ့သို႔ေရွာင္က်န့္ေတာင္မွၿပဳံးသြားခဲ့သည္။
သို႔ေသာ္ထိုစကားအဆုံး၌ေရွာင္က်န့္ေဘးရွိရိမင္ေလးမ်က္ႏွာပ်က္သြားေၾကာင္းမည္သူမွသတိမထားမိလိုက္ၾကေပ။
သူငယ္ခ်င္း........
ကိုကိုကသူငယ္ခ်င္းထားမွာလား.....
ရိမင္၏ေသးငယ္ႏူးညံ့ေသာလက္သီးေလးေတြမွာတင္းၾကပ္စြာလက္သီးဆုပ္ထားသည္မွာတိရိေသသပ္သည့္လက္သည္းေလးေတြေတာင္အသားထဲစိုက္ဝင္လာသည္အထိပင္။
မဟုတ္ဘူး......
ကိုကိုသာသူငယ္ခ်င္းထားလိုက္
လို႔သူ႕ကိုဂ႐ုမစိုက္ေတာ့ရင္ဘယ္လို
လုပ္မလဲ.....
ရိမင္၏မ်က္ဝန္းနက္ေလးေတြထဲတြင္တျဖည္းျဖည္း႐ူးသြပ္မႈမ်ားျပင္းထန္လာသည္။
ရိမင္ေလး၏မူမမွန္မႈကိုစတင္သတိထားမိသြားသူမွာရိမားကိုယ္တိုင္သာျဖစ္သည္။သူမစိတ္ပူသြားသည္။
"သားငယ္....အဆင္ေျပရဲ႕လား"
လူတိုင္း၏အၾကည့္မွာရိမင္ဆီသို႔က်ေရာက္လာသည္။ရိမင္ေလးသည္မ်က္လႊာခ်၍သူ႕မ်က္ဝန္းထဲရွိ႐ူးသြပ္မႈမ်ားကိုဖုံးကြယ္လိုက္သည္။
"ဘာမွမဟုတ္ပါဘူး.....ဒီေန႕ကိုကိုသာအိမ္မွာတစ္ေနကုန္ေနရရင္ပ်င္းေနမွာပဲလို႔ေတြးမိသြားလို႔ပါ"
"သားကဘယ္လိုလုပ္ေစခ်င္လို႔လဲ"
ရိပါးကသေဘာက်စြာေမးသည္။
"ဒီေန႕ကိုကို႔ကိုကစားကြင္းလိုက္ပို႔ေပးရင္ေကာင္းမလားလို႔စဥ္းစားမိတယ္"
"သားအႀကံမဆိုးဘူး.....သားနဲ႕သမီး
ႏွစ္ေယာက္ေရာကစားကြင္းသြားခ်င္လား"
ရိပါးကက်န့္နင္နဲ႕က်န့္ရင္ေမာင္ႏွမႏွစ္ေယာက္၏သေဘာဆႏၵကိုအရင္ဆုံးေမးသည္။
က်န့္နင္မွာေပ်ာ္႐ႊင္သြားသေလာက္ေရွာင္က်န့္၏မ်က္ႏွာမွာအနည္းငယ္ရႈံမဲ့သြားသည္။
သူ႕ခႏၵာကိုယ္ကကေလးအ႐ြယ္ျဖစ္ေနေပမယ့္သူ႕ဝိဥာဥ္ကေတာ့လူႀကီးတစ္ေယာက္ျဖစ္ေနၿပီးသားေလ......ဘာေၾကာင့္ကေလးကလားနဲ႕ကစားကြင္းသြားရမွာလဲ......သူကကေလးမွမဟုတ္တာ.....
မၾကာမီအခ်ိန္၌......
.
.
.
.
.
ကိုယ့္ကိုယ္ကိုအ႐ြယ္ေရာက္လူႀကီးတစ္ေယာက္ဟုသတ္မွတ္ထားသည့္ေရွာင္က်န့္သည္သူ႕ရဲ႕ေျခေထာက္တိုတိုေလးေတြကိုအသုံးျပဳ၍ကစားကြင္းအတြင္း၌တစ္ဝူးဝူးတစ္ဝါးဝါးျဖင့္ပတ္ေျပးေနေလသည္။
"ဝါး....ဝါး....ငါရိုလာကိုစတာစီးခ်င္တယ္"
"ဝူး....ဒီမုန့္ကအရမ္းေကာင္းတာပဲ...."
"ေရခဲမုန့္.....ေခ်ာကလက္ေရခဲမုန့္"
"အသဲပုံပူေဖာင္းလိုခ်င္တယ္"
system : [.....]ငါ့hostကေမ်ာက္နဲ႕အမ်ိဳးေတာ္သလားဘဲ.....
ေရွာင္က်န့္သည္တကယ့္ကေလးႏွစ္ေယာက္ျဖစ္တဲ့ရိမင္နဲ႕က်န့္နင္တို႔ထက္ပင္ပိုမိုေပ်ာ္႐ႊင္ေနေသးသည္။ရိပါးကအေရးႀကီးအလုပ္ကိစၥေၾကာင့္သူတို႔နဲ႕အတူမသြားနိုင္သလိုရိမားကလည္းႏွလုံးေရာဂါအခံေၾကာင့္ေရွာင္က်န့္တို႔ႏွင့္မလိုက္နိုင္ခဲ့ေပ။ထို႔ေၾကာင့္သန္တုန္းျမန္တုန္းျဖစ္သည့္အိမ္ေတာ္ထိန္းႀကီးဟာကေလးသုံးေယာက္ကိုထိန္း၍သက္ေတာ္ေစာင့္မ်ားကအေဝးမွေစာင့္ၾကည့္ေနၾကသည္။
ရှောင်ကျန့်ကဒီနေ့တွင်ပန်းရောင်ဖျော့ဖျော့အကျီင်္,ခပ္ပြပြႏွင့္အျဖဴေရာင္ေဘာင္းဘီတို၊ခပ္ေဖ်ာ့ေဖ်ာ့ပန္းေရာင္ရႈးဖိနပ္ေလးကိုဝတ္ဆင္ထားတာေၾကာင့္အ႐ုပ္ေလးႏွင့္ေတာင္တူေသးသည္။အထူးသျဖင့္ေတာက္ပေနသည့္ပန္းေရာင္မ်က္လုံးတစ္စုံေၾကာင့္ျမင္သူတစ္ကာမေငးပဲမေနနိုင္ေအာင္ဆြဲေဆာင္နိုင္လြန္းသည္။
က်န့္နင္သည္လည္းေရွာင္က်န့္ႏွင့္အေဖာ္စပ္၍ေပ်ာ္႐ႊင္ေန၏။
ရိမင္သည္သူ႕ကိုကိုအားၾကည့္ေနၾကသည့္လူေတြေၾကာင့္သူ႕မ်က္ႏွာေသးေသးေလးမွာမဲေမွာင္လာသည္။
"ကိုကို.....ကိုကိုကကြၽန္ေတာ့္ကိုဂ႐ုလည္း
မစိုက္ဘူး"
ရိမင္သည္ငိုမဲ့မဲ့မ်က္လုံးေလးမ်ားျဖင့္ေရွာင္က်န့္အားမ်က္ရည္ဝဲလ်က္ေမာ့ၾကည့္သည္။ေရွာင္က်န့္ျပာသြားသည္။
"မဟုတ္ပါဘူး....ကိုကိုကရိမင္ကိုဂ႐ုစိုက္ပါတယ္"
"ကိုကိုလိမ္တယ္.....
ကိုကို႔ကိုမေခၚေတာ့ဘူး"
ရိမင္ေလးသည္မ်က္ရည္ေတြက်လ်က္လူအုပ္ထဲသို႔ေျပးဝင္သြားသည္။ေရွာင္က်န့္ဟာလန့္ျဖန့္သြားရင္းရိမင္ေနာက္သို႔ေျပးလိုက္သြားမိသည္။
က်န့္နင္ : "....."????
ဘာျဖစ္သြားၾကတာလဲဟင္.....
က်န္နင္ေလးသည္လက္ထဲ၌ေရခဲမုန့္ေလးကိုင္လ်က္ေၾကာင္အ,စြာထိုေနရာေလးမွာပဲမတ္တပ္က်န္ခဲ့သည္။ကေလးေတြအတြက္မုန့္သြားဝယ္သည့္အိမ္ေတာ္ထိန္းႀကီးဟာျပန္လာသည့္အခါက်န့္နင္တစ္ေယာက္တည္းကိုသာေတြ႕ရတာေၾကာင့္ထိတ္လန့္သြားသည္။
ေရွာင္က်န့္ဟာရိမင္ေလးေနာက္လိုက္ရင္းလူအုပ္ႀကီးထဲ၌လမ္းေပ်ာက္သြားသည္။လမ္းလည္ေခါင္ႀကီး၌ေသးငယ္ေသာသူ႕ရဲ႕ခႏၶာကိုယ္ေလးကိုတစ္ေယာက္တည္းေ႐ြ႕လ်ားရင္းရိမင္ေလးကိုသာလိုက္ရွာေနမိသည္။ရိမင္ေလးကိုဘယ္ေနရာမွမေတြ႕ေတာ့သည့္အခါေရွာင္က်န့္ငိုမဲ့မဲ့ျဖစ္လာသည္။
'အုန္းသီး.....ရိမင္ဘယ္ေရာက္ေနလဲသိလား'
[ကြၽန္ေတာ္မသိဘူးhost]
ေရှာင်ကျန့်ကိုယ့်ကိုကိုယ်သာဆဲရေးလိုက်မိသည်။
သူအေပ်ာ္လြန္သြားတာေၾကာင့္ရိမင္ေလးကိုခဏေလာက္ေမ့သြားတာ.....ဟိုက,ကေလးဆိုေတာ့သူ႕ရဲ႕လုပ္ပုံေၾကာင့္ဝမ္းနည္းသြားတာထင္တယ္.....
ေရွာင္က်န့္ဟာရိမင္ကိုအသည္းအသန္လိုက္ရွာေနရင္း႐ုတ္တရတ္လူတစ္ေယာက္ႏွင့္ဝင္တိုက္မိသြားကာေနာက္ျပန္လဲက်သြားသည္။
_______________________________________________________________