Unicode //
*ဖုန်းမည်သံ*
သူတစ်ယောက်ထဲအတွက်ရည်ရွယ်ထားတဲ့ ဖုန်းသံလေးကြောင့်ညို့ မျက်လုံးတွေက နွေးထွေးမှုဖျက်ပြေးသွားသည် ။ အေးစက်နေသည့် လေထုက ချက်ချင်းနွေးထွေးသွားသည် ။
"ဟယ်လို "
"မောင် ငါနဲ့vcပြောမယ် လိုင်းပေါ်တက်ခဲ့"
"ဟုတ်ပြီ".
တိတ်ဆိတ်နေတာကြောင့်ဖုန်းထဲက အသံကို သူတို့အားလုံးရှင်းရှင်းလင်းလင်းကြားလိုက်ရသည် ။ ညို့ကိုငြင်းမယ်ထင်ထားလိုက်ပင်မဲ့ လက်ခံလိုက်တာကြောင့် စိုင်းယံကလွဲပြီး အကုန်လုံးကတစ်အံ့ဩတဩဖြစ်ကုန်ကြသည် ။ ချိုသာနေသောအသံကြောင့် တော်ရုံလူမဟုတ်တာကိုခပ်မှန်းမိလိုက်ကြသည် ။
"စိုင်းယံ laptop နဲ့ချိတ်ပေး"
"ဟုတ်ကဲ့သခင်လေး"
စောင့်ဆိုင်းနေသည့် လူအများကိုလည်း မှာစရာရှိတာ မှာရန်စကားစလိုက်၏။
“အစည်းဝေးသိမ်းမယ် နောက်နေ့မှပြန်ဆက်အလုပ်ကိစ္စတွေကိုပြန်ဆက်မယ် လိုအပ်တာတွေကို စိုင်းယံကိုတင်ပြထားလိုက် ၊လက်မှတ်ထိုးစရာတွေရောပဲ"
"မောင် ....မင်းဘာလုပ်နေတာလဲ ငါပျင်းတယ်"
အသံကိုစွဲပြီးပြောတာကြောင့် သူ့အသံကချစ်စဖွယ်လေးပင် ။ ရုပ်လေးကလဲတကယ်ကို ဘာရုပ်မှန်းမသိ။ သွေးအားနည်းနေသေးတာကြောင့် ဖြူရော်နေတာကလွဲရင် လူနာနဲ့တောင်မတူပေ ။
အစည်းဝေးခန်းထဲက လူတွေအပြင်ကိုထွက်နေတုန်းမို့ အကုန်လုံးကအပြင်မရောက်သေးပေ။ Laptop ထဲက ကောင်လေးရဲ့အသံကိုလည်း သေချာစွာကြားလိုက်ကြသည်။
"မောင်အလုပ်လုပ်နေတာပေါ့ မင်းကရော ထမင်းစားပြီးပြီလား ငေး"
လက်မှာပတ်ထားတဲ့နာရီကိုကြည့်ပြီး သူ့ကလေးလေးကိုမေးလိုက်သည် ။ အချိန်က၅နာရီတောင် ကျော်နေပြီပဲ ။
"မစားရသေးဘူး ငါမောင့်ကိုစောင့်နေတာ မောင်လာမှစားမယ်"
"မောင်က ကြာဦးမှာ ငေးစားထားနှင့်၊ မောင်ပြန်လာရင် မင်းကြိုက်တဲ့ မုန့်၀ယ်ခဲ့မယ်လေ"
မြင်ကွင်းထဲမှာ ဆူပုတ်နေတဲ့ရုပ်ကို သေချာကိုမြင်နေရသည် ။ဆေးရုံ၀တ်စုံနဲ့ တောင် အလှကြီးလှနေတဲ့ ငေးကြောင့် ချက်ချင်းတောင်ပြေးသွားလိုက်ချင်၏ ။
"မရပါဘူး ငါမောင်လာမှစားမှာ မုန့်လဲ၀ယ်ခဲ့ရမယ်"
"အိုကေပါဗျာ မောင်အခုလာပြီနော်"
"အွန်း အဲ့တာကြောင့်မောင့်ကိုချစ်တာ မောင်မင်းလာရင် ဟမ်ဘာဂါ၀ယ်ခဲ့ဦး "
သူ့အလိုလိုက်ပေးတော့ ကျေနပ်နေတဲ့ရုပ်နဲ့ မုန့်ကိုလှမ်းမှာနေသေးသည် ။ မျက်နှာလေးကြည်စင်နေပြီး အရင်ကထက်တောင်ပိုလန်းလာသည်။ ငေးကတော်တော်ကိုသက်သာလာပြီပဲ ။
"ဟုတ်ပါပြီဗျာ မောင်၀ယ်ခဲ့ပါ့မယ် မောင်ချပြီနော်"
"အင်း နှစ်ခုနော် နှစ်ခု တာ့တာ မောင်"
Video callကိုအဆုံးသတ်ကာ Companyကထွက်လာတော့ ညတောင်မိုးချုပ်တော့မည်။ မြန်မြန်ပြန်မှဖြစ်မယ် မဟုတ်ရင် သူ့ကလေးလေးဗိုက်ဆာနေတော့မှာပဲ ။ ကားနောက်ခန်းမှာထိုင်နေရင်း ပါလာတဲ့အလုပ်ကိုလုပ်နေလိုက်သည် ။အစည်းဝေးသိမ်းခဲ့တာကြောင့် အလုပ်တွေကပုံပြီးပါလာသည် ။
"စိုင်းယံ ရှေ့နားမှာ ငေးအတွက် ဟမ်ဘာဂါနှစ်လုံးရယ် နို့တစ်ခွက်ပါ၀ယ်ခဲ့"
"ဟုတ်ကဲ့ သခင်လေး"
"အင်း နို့ခွက်ကိုတအားမချိုစေနဲ့အနေတော်ပဲ ပြီးတော့ ပုံစံခွက်လှလှလေး ၊လုံတာနဲ့၀ယ်ခဲ့"
"ဟုတ်ကဲ့"
ကားကိုလမ်းဘေးတချက်မှာရပ်ထားလိုက်ပြီး စိုင်းယံကဆင်း၀ယ်သည် ။ နိုင်ငံခြားက အလုပ်ကိစ္စတွေကို video callခေါ်ပြီး meetingထိုင်နေသည်။ ငေးအနားမှာ အချိန်အကြာကြီး နေချင်တာကြောင့် ရှိသမျှအလုပ်ကိစ္စတွေကိုဖျက်နေရခြင်းဖြစ်၏ ။
၁၅မိနစ်ကြာတော့ ဆေးရုံကိုရောက်သည်။ သန့်သန့်ပြန့်ပြန့်ပိုက်ဆံရှိသည့် လူချောလေး ၀င်လာတာကြောင့် တချို့လူနာများက စပ်စုလိုစိတ်နဲ့ငေးကြည့်ကြသည်။ ၀န်ထမ်းတွေကတော့ သူ့ကိုသိသည်မို့ ဉီးညွှတ်ကာ နှုတ်ဆက်ကြ၏။
“ကျွီ"
"ငေး....ထ ထ ထမင်းစားဦး ဆေးသောက်ရဦးမယ်လေပြီးမှပြန်အိပ်"
သူအခန်းထဲ၀င်လာတော့ ငေးကအိပ်ပျော်နေသည်။ ပါးဖောင်းဖောင်းလေးက စောင်းအိပ်နေတာကြောင့်ပိုဖောင်းသယောင်၊ နှုတ်ခမ်းနီရဲရဲလေးကလဲ အနည်းငယ်ထော်နေသယောင် ပေါက်သည် ။ဆံပင်တွေနဖူးပေါ်ဝေ့ဝဲကြနေတာမို့ရှိရင်းစွဲအသက်ထက်ပိုငယ်နေပုံ ပေါက်၏ ။ ပြတင်းပေါက်ကြီးဖွင့်ထားတာကြောင့် သေချာပိတ်လိုက်ကာ ပါးကိုခပ်ဖွဖွပုတ်ကာ ဆက်နှိုး၏။
"အွန်း မထချင်ဘူး "...!
မထချင်ဘူးဆိုပြီး ဟိုဘက်လှည့်သွားတာကြောင့် ချော့မော့ပြီးခေါ်ရသေးသည် ။ ရွှေစိတ်တော်ကလဲညိုးမှာကြောက် ၊ ဆေးမသောက်ရင်လဲမဖြစ်တာကြောင့် အရဲစွန့်ပြီးခေါ်ရသည် ။ ဒီနေရာမှာ တော့အလိုလိုက်လို့ မဖြစ်ဘူး ။
"မထချင်လို့မရဘူး ငေးကလိမ္မာပါတယ်ကွာ ဆေးသောက်ရဦးမယ်လေ နော် "
"အွန်း အာ့ဆိုနောက်နေ့ ငါရေခဲမုန့်စားချင်တာ၀ယ်ကျွေးရမယ်နော် မောင်"
"ဟုတ်ပါပြီဗျာ မောင့်ဘုရင်လေးအလိုကျတိုင်းပါခင်ဗျ
ဒဏ်ရာကြောင့် မစားရဘူးလို့ပြောထားတာကို ညစ်ပြီးတော့တောင်းဆိုနေတယ်။ အလိုတိုင်းမလိုက်လျောရင်လဲ ရွှေစိတ်တော်ကဆိုးဦးမှာ ။
"မောင့် ငါမှာထားတဲ့ ဟမ်ဘာဂါရောပါလား"
"ပါတာပေါ့ဗျာ...မောင့်ကလေးလေးအတွက်မောင်၀ယ်ခဲ့တာပေါ့ခင်ဗျ"
"အွန်း အဲ့တာအရင်စားမယ်လေ နော် မောင်"
မျက်လုံးလေးကလည်ကလည်နဲ့ မျက်လုံးရွဲကြီးတွေနဲ့ ချွဲနေသည် ။
"မရပါဘူး ထမင်းအရင်စားရမယ်"
"ဟွန်း ပြီးတာပဲ"
စူပုတ်ပုတ်နဲ့ ပြင်ပေးထားသော ထမင်းကိုငုံစားလေသည်။ တကယ့်ငဂျစ်ပါပဲကွာ ။ ဂျစ်တူးကောင်လေး လိုချင်တာမရရင်စိတ်ဆိုးမယ်ဆိုတာကြည့်ပဲ ။ ဒီကောင်လေးကအိမ်ကအလိုလိုက်ထားတော့ တကယ့်ကိုကလေးဆိုးလိုဖြစ်နေသည်။
ငါးဟင်းပါလာတာမို့ ငါးအရိုးကိုကိုယ်တိုင်ထွင်ပေးသည်။ တော်ကြာနေအရိုးစူးနေဦးမယ် ။ ငေးမာမီကလဲပြောသည် ငယ်ငယ်ကအရိုးစူးဖူးသည်တဲ့ ။ အရိုးစူးမှာ ကြောက်သော်လဲ ငေးကငါးကြိုက်သည်။ ဒါကြောင့် ငါးဟင်းချက်ရင် သူမကိုယ်တိုင်နွှင်ပေးရတဲ့အကြောင်း ကိုရယ်မော၍ပြောပြခဲ့သည် ။
"အင့် မောင်နွှင်ပေးထားတာ"
"မောင် ငါကလေး မဟုတ်ပါဘူးကွာ ငါးရိုးတော့နွှင်တတ်ပါတယ်ကွ"
"စားမှာသာစားစမ်းပါ ငေးရယ် မောင်နွှင်ပေးတော့မင်းအစားမပျက်တော့ဘူးပေါ့"
မောင့်ရဲ့ ကျောက်စိမ်းလိုလက်ချောင်းရှည်သွယ်သွယ်လေးတွေက ငါးကိုစိတ်ပါလက်ပါနွှင်ပေးနေလေသည် ။ အမှန်တော့ ငေးငါးရိုးမနွှင်တတ်ပါ အိမ်မှာဆို ငါးစားရင် မာမီနွှင်ပေးနေကြ ။ မိုင်းညို့ရှင်ဆိုတဲ့ ဘယ်သူမှဂရုမစိုက်တတ်တဲ့မောင်ကသူ့အပေါ်အတော်ကောင်းတယ် ။ အလိုတော့လိုက်ပင်မဲ့ တစ်ခါတလေ အလိုမလိုက်ပဲ စည်းကမ်းကြီးသည် ။ အသက်တလသာကွာခြားပင်မဲ့ မောင်ကအဖေတစ် ယောက်လို အစ်ကိုတစ်ယောက်လို ချစ်သူလိုမျိုးဂရုစိုက်ပေးတယ် ။
"မောင် ဟိုဟာလေးရော ၊ အင်း အဲ့တာလေးရော"
ထမင်းကုန်သွားတာတောင် ဟင်းတစ်မျိုးပြီးတစ်မျိုးကို ခွံ့ကျွေးနေရသည်။ ထမင်းထပ်စားပါဆိုတော့လဲမဟုတ်ဘူး ၊ဗိုက်ပြည့်နေပြီတဲ့။ အခုကျ ဟင်းတွေကို ကုန်အောင်ရှင်းနေသည် ။ အစားကတော့ မက်သည်။ မသိရင် မစားရတဲ့အတိုင်းပဲ ငေးတို့ကတော့ ပြောရင်လဲကြိုက်မည်မဟုတ်။ လက်ညိုးလေးတထိုးထိုး၊ ဟင်းထည့်ထားလို့ပါးကပိုဖောင်းနေသည် ။
“မောင် မင်းရောစားပြီးပြီလား"
သူစားပြီးလို့ကုန်မှ သူ့ကောင်လေးစားပြီးပြီလားကိုမေးတယ်ဆိုတော့ သေချာပေါက် ငေးနေရာမှူးအတွက် အစားကသာ Number oneဖြစ်လို့နေသည်။
“...................."
စားပြီးနောက် ဟမ်ဘာဂါလဲထပ်စားသေးသည်။ သူကတော့ အာဂအစားသမားပါပဲ ။ညို့က တော့လက်မြှောက်အရှုံးပေးထားရသည်။
"ရော့ ရေလေးသောက်လိုက်ဦး ပြီးရင်ဆေးသောက်ရမယ်"
"အင်း မောင် မင်းထမင်းမစားရသေးဘူးမှတ်လား ဘာလို့ငါနဲ့အတူမစားတာလဲ"
မျက်နှာကအလိုမကျသလို ပြောလာသည်။ ခုနကဟင်းတွေကို သူအကုန်မစားထားတဲ့အတိုင်း။
"မင်းစားရင် မောင်ငတ်သလိုပါပဲကွာ"
"ဘာကွ"
ရှုးရှူရှဲရှဲဒေါသထွက်နေတဲ့ကောင်လေးကိုကြည့်ပြီး ခပ်ဟဟသာရယ်မိတယ်။ တကယ်ကိုချစ်ဖို့ကောင်းတဲ့ကောင်လေး မျက်နှာကြီးနီပြီးဒေါသထွက်လာတာ ကြောက်စရာလေး ဟားဟားဟား။
"မောင်ကစတာပါဗျာ မင်းပြီးမှစားမို့ပါ"
သူဗိုက်ဆာနေတာတောင် ငေးကိုအရင်လုပ်ပေးတာ ငေးမှာအားနာသွားရသည်။ ငါးရိုးနွှင်သည်သာမက ဟင်းတွေပါ အကုန်စားပစ်လိုက်တာမို့ စိတ်မကောင်းဖြစ်သွားကာ မျက်နှာပျက်သွားသည် ။ ညို့လဲ ရှင်းစရာရှိတာရှင်းနေရင်းနဲ့ ငေးမျက်နှာလေးညိုးနေသည်ကိုမြင်တော့ ....
"ငေး ဘာဖြစ်နေတာလဲ နေလို့မကောင်းလို့လား ဟင် မောင့်ကိုပြော"
သူ့ကိုယ်သူတောင်ဂရုမစိုက်ပဲ ငေးကိုလာဂရုစိုက်နေတာကြောင့် ငိုချင်ရက်လက်တို့ဆိုသလို မျက်ရည်တွေ တာတမံကျိုးသလိုကျလာတော့သည် ။
"အဟင့် အဟီး မောင် အဟင့်"
ရင်ခွင်ထဲ၀င်လာပြီး ခါးကိုတင်းကျပ်စွာဖက်ထားကာအကြီးအကျယ်ငိုနေသည် ။ သူတော်တော်၀မ်းနည်းနေမှန်းသိတာကြောင့် တိတ်ဆိတ်လေးနေပေးပြီး ခေါင်းလေးကိုပွတ်ပေး နေလိုက်သည် ။ အတော်ကြာသည်အထိငိုပြီးမှ ဘာဖြစ်နေလဲဆိုတာ ချော့မေးတော့ သူ့ကြောင့်တဲ့ဗျာ။
"ငေးရယ် မောင်ကမဆာသေးလို့ပါ အခုမှစားလဲ နောက်မကျသေးပါဘူးဗျာ"
"..............."
၀မ်းနည်းမှုက အရှိန်မသေသေးတာကြောင့် ဘာမှတောင်ပြန်မပြော ။
"မောင်အခုစားပြီနော် စိတ်မကောင်းမဖြစ်နဲ့တော့ ငေးကငိုတော့ရုပ်ဆိုးလိုက်တာကွာ"
"...................."
စိတ်ချမ်းသာအောင် ထမင်းစားပြရင်း ချော့နေပင်မဲ့ဘယ်လိုမှမနေပေ။ နောက်တစ်ခါကျရင် ဒီလိုမဖြစ်အောင်ဂရုစိုက်မှပါ။ ငေးကအခုလိုဖြစ်နေတော့သူလဲမပျော် ၊ အဲ့လိုမှန်းသိရင်ခုနကထဲငေးနဲ့တူတူစားလိုက်ပါတယ် ။ သူအရင်စားပါစေဆိုပြီး လုပ်ပေးလိုက်တာ အခုလိုဖြစ်သွားမယ်မထင်မိလိုက်ပေ ။
"ကဲ ငေး မောင်စားပြီးပြီနော် ငေးအိပ်လိုက်တော့ ၉နာရီတောင်ရှိနေပြီဗျ"
"အင်း ငါမောင်တူတူအိပ်မယ်"
"မောင်နဲ့အိပ်လို့မရဘူးလေ ငေးရဲ့ ကုတင်ကသေးတော့ မင်းအနာကိုထိလိမ့်မယ် နော် မောင် ဒီခုံမှာပဲအိပ်လိုက်မယ်"
"မရဘူး ငါမောင်နဲ့အိပ်မယ်"
“လိမ္မာပါတယ် မင်းက အနာထိရင် ထပ်နာလိမ့်မယ် မဆိုးရဘူး"
“မောင်နော် ငါကမဆိုးပါဘူး မင်းနဲ့အတူတူအိပ်ချင်လို့ကို"
ခေါင်းမငြိမ်းခြင်း အတင်းဂျစ်တိုက်နေတာကြောင့် သူပဲအလျော့ပေးလိုက်ရသည်။ ငေးအနာထိမှာစိုးပင်မဲ့ သူပဲညမအိပ်ပဲ သတိထားလိုက်ပါမယ်လေ ။ ကုတင်ပေါ်တက်လိုက်ပြီး အိပ်တော့ ငေးက သူ့ရင်ခွင်ထဲ၀င်လာသည် ။ အနာထိမှာစိုးလို့ ခပ်ဖွဖွလေး ပြန်ဖက်ပြီး ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည် ။ ခဏနေတော့ ကောင်လေးက အိပ်မောကျသွားသည် ။ ငိုထားတာကြောင့် မျက်လုံးတွေမို့အစ်ပြီး နီရဲနေသည် ။
"Good night ပါ မောင့်အသက်လေး "
မျက်ခွံလေးတွေ၊မျက်တောင်လေးတွေ၊ နှာခေါင်း၊နှဖူး၊ မေးစိ ၊နောက်ဆုံးနှုတ်ခမ်းမှာ အဆုံးသတ်လိုက်သည် ။ အတော်ကြာနမ်းရှိုက်ပြီးတာနဲ့ ခပ်သွယ်သွယ်ကိုယ်လုံးလေးကို ဖက်ပြီး အိပ်စက်လိုက်တော့သည် ။
>>>>>>>>>>>>>>>>
ချမ်းအေးလှတဲ့မနက်ခင်းမှာတော့ဖြင့် လူနာကုတင်ပေါ်မှာ လူနာနဲ့အတူတက်အိပ်နေသော လူနာစောင့်ကြောင့် round လှည့်နေသော ဆရာ၀န်များက အခန်းထဲရောက်ပြီးမှပြန်ထွက်သွားကြသည်။ အလုပ်သင်ဆရာ၀န်လေးတွေလည်းပါတာကြောင့် အိုးတိုးအမ်းတမ်းဖြစ်ကုန်ကြ၏။
ဖူဂျိုရှီဆရာ၀န်မလေးတွေကတော့ ပြုံးရယ်ကာ အဲ့အကြောင်းကိုပြောမဆုံးနိုင်ဖြစ်တော့သည်။
ယခုမှနိုးလာသည့် ငေးက သူ့ရှေ့ကမျက်နှာချောချောကိုလက်နုနုလေးနဲ့ပွတ်သတ်ကြည့်နေမိသည်။ ဒီတစ်ယောက်ကိုဘယ်လိုချစ်သွားမှန်းမသိပဲချစ်သွားရသည်။ အကြောင်းပြချက်ကိုစဉ်းစားကြည့်ပြန်တော့လည်း ရေရေရာရာမရှိပေ။ သူဖြစ်နေလို့ မိုင်းညို့ရှင်ဖြစ်နေလို့ကိုချစ်တာ ။
“အဟင်း"
ကိုယ့်အတွေးနဲ့ကိုယ်တွေးနေပြီး အပြင်မှာသဘောကျစွာပြုံးမိသည်။ လှုပ်ရွလာသော ခန္ဓာကိုယ်နဲ့အတူ သူ့ခါးကိုသိမ်းကြုံးဖက်ထားသည့်လက်ကလည်း လျော့ရဲလာသည်ကိုခံစားလိုက်ရ၏။
“မောင် ထတော့ မင်းအလုပ်သွားမှာမဟုတ်လား"
နှုတ်ခမ်းကိုဖွဖွနမ်းကာ သူ့ရှေ့က အမျိုးသားငယ် တဖြစ်လဲ သူ့ချစ်သူကောင်လေးကို နှိုးလိုက်၏။
“အင်း မောနင်းကစ်"
မျက်လုံးကဖွင့်မလာဘဲ နှုတ်ခမ်းထော်ကာ အနမ်းတောင်းနေ၏။
“ဖတ်"! ဆူထော်နေသည့် နှုတ်ခမ်းကိုဖတ်ခနဲမြည်အောင်ရိုက်ပစ်လိုက်သည်။
ဖျက်ခနဲပွင့်လာသည့် စူးရှသည့်မျက်၀န်းတွေကို နမ်းလိုက်ပြီး ....
“ခုနက ပေးပြီးပြီလေ"
“ခုနက ခုနကလေ အခုကအခု"
“လူလည်ကောင်"
နှုတ်ခမ်းကိုခပ်ဖွဖွထိပြီး ပြန်ရုတ်လိုက်သော်လည်း ဆွဲယူထားသော နှုတ်ခမ်းတွေကြောင့် အင့် ခနဲဖြစ်သွားရသည်။ မြတ်နိုးမှုတွေ၊ခံစားမှုတွေ ၊ရမက်တွေမပါဝင်သည့် အနမ်းဖြူဖြူတွေကြောင့် သူလည်းစီးမျော လိုက်ပါသွား၏။ ယနေ့တော့ မောင်အလုပ်နောက်ကျရဦးမည်ပေါ့..။
~~~~~~~~~~~~~~~~~~~~~
14.2.2022
To be continued.........
(ကိုယ်အပေါ်ပိုဒ်မှာ စာဖတ်သူတယောက်က ထောက်ပြတာမို့ ရေးထားတာကိုပြန်ပြင်ထားပါတယ် နော် realityမဆန်ဘဲ စိတ်ကူးယဉ်ယဉ်ဆန်ဆန်ရေးသားတာကြောင့် လိုအပ်ချက်များရှိသွားခဲ့ရင် စာရေးသူကပဲတောင်းပန်ပါတယ်ဗျာ🤎 )
Zawgyi//
*ဖုန္းမည္သံ*
သူတစ္ေယာက္ထဲအတြက္ရည္႐ြယ္ထားတဲ့ ဖုန္းသံေလးေၾကာင့္ညို႔ မ်က္လုံးေတြက ႏြေးေထြးမႈဖ်က္ေျပးသြားသည္ ။ ေအးစက္ေနသည့္ ေလထုက ခ်က္ခ်င္းႏြေးေထြးသြားသည္ ။
"ဟယ္လို "
"ေမာင္ ငါနဲ႕vcေျပာမယ္ လိုင္းေပၚတက္ခဲ့"
"ဟုတ္ၿပီ".
တိတ္ဆိတ္ေနတာေၾကာင့္ဖုန္းထဲက အသံကို သူတို႔အားလုံးရွင္းရွင္းလင္းလင္းၾကားလိုက္ရသည္ ။ ညို႔ကိုျငင္းမယ္ထင္ထားလိုက္ပင္မဲ့ လက္ခံလိုက္တာေၾကာင့္ စိုင္းယံကလြဲၿပီး အကုန္လုံးကတစ္အံ့ဩတဩျဖစ္ကုန္ၾကသည္ ။ ခ်ိဳသာေနေသာအသံေၾကာင့္ ေတာ္႐ုံလူမဟုတ္တာကိုခပ္မွန္းမိလိုက္ၾကသည္ ။
"စိုင္းယံ laptop နဲ႕ခ်ိတ္ေပး"
"ဟုတ္ကဲ့သခင္ေလး"
ေစာင့္ဆိုင္းေနသည့္ လူအမ်ားကိုလည္း မွာစရာရွိတာ မွာရန္စကားစလိုက္၏။
“အစည္းေဝးသိမ္းမယ္ ေနာက္ေန႕မွျပန္ဆက္အလုပ္ကိစၥေတြကိုျပန္ဆက္မယ္ လိုအပ္တာေတြကို စိုင္းယံကိုတင္ျပထားလိုက္ ၊လက္မွတ္ထိုးစရာေတြေရာပဲ"
"ေမာင္ ....မင္းဘာလုပ္ေနတာလဲ ငါပ်င္းတယ္"
အသံကိုစြဲၿပီးေျပာတာေၾကာင့္ သူ႕အသံကခ်စ္စဖြယ္ေလးပင္ ။ ႐ုပ္ေလးကလဲတကယ္ကို ဘာ႐ုပ္မွန္းမသိ။ ေသြးအားနည္းေနေသးတာေၾကာင့္ ျဖဴေရာ္ေနတာကလြဲရင္ လူနာနဲ႕ေတာင္မတူေပ ။
အစည္းေဝးခန္းထဲက လူေတြအျပင္ကိုထြက္ေနတုန္းမို႔ အကုန္လုံးကအျပင္မေရာက္ေသးေပ။ Laptop ထဲက ေကာင္ေလးရဲ႕အသံကိုလည္း ေသခ်ာစြာၾကားလိုက္ၾကသည္။
"ေမာင္အလုပ္လုပ္ေနတာေပါ့ မင္းကေရာ ထမင္းစားၿပီးၿပီလား ေငး"
လက္မွာပတ္ထားတဲ့နာရီကိုၾကည့္ၿပီး သူ႕ကေလးေလးကိုေမးလိုက္သည္ ။ အခ်ိန္က၅နာရီေတာင္ ေက်ာ္ေနၿပီပဲ ။
"မစားရေသးဘူး ငါေမာင့္ကိုေစာင့္ေနတာ ေမာင္လာမွစားမယ္"
"ေမာင္က ၾကာဦးမွာ ေငးစားထားႏွင့္၊ ေမာင္ျပန္လာရင္ မင္းႀကိဳက္တဲ့ မုန႔္၀ယ္ခဲ့မယ္ေလ"
ျမင္ကြင္းထဲမွာ ဆူပုတ္ေနတဲ့႐ုပ္ကို ေသခ်ာကိုျမင္ေနရသည္ ။ေဆး႐ုံ၀တ္စုံနဲ႕ ေတာင္ အလွႀကီးလွေနတဲ့ ေငးေၾကာင့္ ခ်က္ခ်င္းေတာင္ေျပးသြားလိုက္ခ်င္၏ ။
"မရပါဘူး ငါေမာင္လာမွစားမွာ မုန႔္လဲ၀ယ္ခဲ့ရမယ္"
"အိုေကပါဗ်ာ ေမာင္အခုလာၿပီေနာ္"
"အြန္း အဲ့တာေၾကာင့္ေမာင့္ကိုခ်စ္တာ ေမာင္မင္းလာရင္ ဟမ္ဘာဂါ၀ယ္ခဲ့ဦး "
သူ႕အလိုလိုက္ေပးေတာ့ ေက်နပ္ေနတဲ့႐ုပ္နဲ႕ မုန႔္ကိုလွမ္းမွာေနေသးသည္ ။ မ်က္ႏွာေလးၾကည္စင္ေနၿပီး အရင္ကထက္ေတာင္ပိုလန္းလာသည္။ ေငးကေတာ္ေတာ္ကိုသက္သာလာၿပီပဲ ။
"ဟုတ္ပါၿပီဗ်ာ ေမာင္၀ယ္ခဲ့ပါ့မယ္ ေမာင္ခ်ၿပီေနာ္"
"အင္း ႏွစ္ခုေနာ္ ႏွစ္ခု တာ့တာ ေမာင္"
Video callကိုအဆုံးသတ္ကာ Companyကထြက္လာေတာ့ ညေတာင္မိုးခ်ဳပ္ေတာ့မည္။ ျမန္ျမန္ျပန္မွျဖစ္မယ္ မဟုတ္ရင္ သူ႕ကေလးေလးဗိုက္ဆာေနေတာ့မွာပဲ ။ ကားေနာက္ခန္းမွာထိုင္ေနရင္း ပါလာတဲ့အလုပ္ကိုလုပ္ေနလိုက္သည္ ။အစည္းေဝးသိမ္းခဲ့တာေၾကာင့္ အလုပ္ေတြကပုံၿပီးပါလာသည္ ။
"စိုင္းယံ ေရွ႕နားမွာ ေငးအတြက္ ဟမ္ဘာဂါႏွစ္လုံးရယ္ နို႔တစ္ခြက္ပါ၀ယ္ခဲ့"
"ဟုတ္ကဲ့ သခင္ေလး"
"အင္း နို႔ခြက္ကိုတအားမခ်ိဳေစနဲ႕အေနေတာ္ပဲ ၿပီးေတာ့ ပုံစံခြက္လွလွေလး ၊လုံတာနဲ႕၀ယ္ခဲ့"
"ဟုတ္ကဲ့"
ကားကိုလမ္းေဘးတခ်က္မွာရပ္ထားလိုက္ၿပီး စိုင္းယံကဆင္း၀ယ္သည္ ။ နိုင္ငံျခားက အလုပ္ကိစၥေတြကို video callေခၚၿပီး meetingထိုင္ေနသည္။ ေငးအနားမွာ အခ်ိန္အၾကာႀကီး ေနခ်င္တာေၾကာင့္ ရွိသမွ်အလုပ္ကိစၥေတြကိုဖ်က္ေနရျခင္းျဖစ္၏ ။
၁၅မိနစ္ၾကာေတာ့ ေဆး႐ုံကိုေရာက္သည္။ သန႔္သန႔္ျပန႔္ျပန႔္ပိုက္ဆံရွိသည့္ လူေခ်ာေလး ၀င္လာတာေၾကာင့္ တခ်ိဳ႕လူနာမ်ားက စပ္စုလိုစိတ္နဲ႕ေငးၾကည့္ၾကသည္။ ၀န္ထမ္းေတြကေတာ့ သူ႕ကိုသိသည္မို႔ ဉီးၫႊတ္ကာ ႏႈတ္ဆက္ၾက၏။
“ကြၽီ"
"ေငး....ထ ထ ထမင္းစားဦး ေဆးေသာက္ရဦးမယ္ေလၿပီးမွျပန္အိပ္"
သူအခန္းထဲ၀င္လာေတာ့ ေငးကအိပ္ေပ်ာ္ေနသည္။ ပါးေဖာင္းေဖာင္းေလးက ေစာင္းအိပ္ေနတာေၾကာင့္ပိုေဖာင္းသေယာင္၊ ႏႈတ္ခမ္းနီရဲရဲေလးကလဲ အနည္းငယ္ေထာ္ေနသေယာင္ ေပါက္သည္ ။ဆံပင္ေတြနဖူးေပၚေဝ့ဝဲၾကေနတာမို႔ရွိရင္းစြဲအသက္ထက္ပိုငယ္ေနပုံ ေပါက္၏ ။ ျပတင္းေပါက္ႀကီးဖြင့္ထားတာေၾကာင့္ ေသခ်ာပိတ္လိုက္ကာ ပါးကိုခပ္ဖြဖြပုတ္ကာ ဆက္ႏွိုး၏။
"အြန္း မထခ်င္ဘူး "...!
မထခ်င္ဘူးဆိုၿပီး ဟိုဘက္လွည့္သြားတာေၾကာင့္ ေခ်ာ့ေမာ့ၿပီးေခၚရေသးသည္ ။ ေ႐ႊစိတ္ေတာ္ကလဲညိုးမွာေၾကာက္ ၊ ေဆးမေသာက္ရင္လဲမျဖစ္တာေၾကာင့္ အရဲစြန႔္ၿပီးေခၚရသည္ ။ ဒီေနရာမွာ ေတာ့အလိုလိုက္လို႔ မျဖစ္ဘူး ။
"မထခ်င္လို႔မရဘူး ေငးကလိမၼာပါတယ္ကြာ ေဆးေသာက္ရဦးမယ္ေလ ေနာ္ "
"အြန္း အာ့ဆိုေနာက္ေန႕ ငါေရခဲမုန႔္စားခ်င္တာ၀ယ္ေကြၽးရမယ္ေနာ္ ေမာင္"
"ဟုတ္ပါၿပီဗ်ာ ေမာင့္ဘုရင္ေလးအလိုက်တိဳင္းပါခင္ဗ်
ဒဏ္ရာေၾကာင့္ မစားရဘူးလို႔ေျပာထားတာကို ညစ္ၿပီးေတာ့ေတာင္းဆိုေနတယ္။ အလိုတိုင္းမလိုက္ေလ်ာရင္လဲ ေ႐ႊစိတ္ေတာ္ကဆိုးဦးမွာ ။
"ေမာင့္ ငါမွာထားတဲ့ ဟမ္ဘာဂါေရာပါလား"
"ပါတာေပါ့ဗ်ာ...ေမာင့္ကေလးေလးအတြက္ေမာင္၀ယ္ခဲ့တာေပါ့ခင္ဗ်"
"အြန္း အဲ့တာအရင္စားမယ္ေလ ေနာ္ ေမာင္"
မ်က္လုံးေလးကလည္ကလည္နဲ႕ မ်က္လုံး႐ြဲႀကီးေတြနဲ႕ ခြၽဲေနသည္ ။
"မရပါဘူး ထမင္းအရင္စားရမယ္"
"ဟြန္း ၿပီးတာပဲ"
စူပုတ္ပုတ္နဲ႕ ျပင္ေပးထားေသာ ထမင္းကိုငုံစားေလသည္။ တကယ့္ငဂ်စ္ပါပဲကြာ ။ ဂ်စ္တူးေကာင္ေလး လိုခ်င္တာမရရင္စိတ္ဆိုးမယ္ဆိုတာၾကည့္ပဲ ။ ဒီေကာင္ေလးကအိမ္ကအလိုလိုက္ထားေတာ့ တကယ့္ကိုကေလးဆိုးလိုျဖစ္ေနသည္။
ငါးဟင္းပါလာတာမို႔ ငါးအရိုးကိုကိုယ္တိုင္ထြင္ေပးသည္။ ေတာ္ၾကာေနအရိုးစူးေနဦးမယ္ ။ ေငးမာမီကလဲေျပာသည္ ငယ္ငယ္ကအရိုးစူးဖူးသည္တဲ့ ။ အရိုးစူးမွာ ေၾကာက္ေသာ္လဲ ေငးကငါးႀကိဳက္သည္။ ဒါေၾကာင့္ ငါးဟင္းခ်က္ရင္ သူမကိုယ္တိုင္ႏႊင္ေပးရတဲ့အေၾကာင္း ကိုရယ္ေမာ၍ေျပာျပခဲ့သည္ ။
"အင့္ ေမာင္ႏႊင္ေပးထားတာ"
"ေမာင္ ငါကေလး မဟုတ္ပါဘူးကြာ ငါးရိုးေတာ့ႏႊင္တတ္ပါတယ္ကြ"
"စားမွာသာစားစမ္းပါ ေငးရယ္ ေမာင္ႏႊင္ေပးေတာ့မင္းအစားမပ်က္ေတာ့ဘူးေပါ့"
ေမာင့္ရဲ႕ ေက်ာက္စိမ္းလိုလက္ေခ်ာင္းရွည္သြယ္သြယ္ေလးေတြက ငါးကိုစိတ္ပါလက္ပါႏႊင္ေပးေနေလသည္ ။ အမွန္ေတာ့ ေငးငါးရိုးမႏႊင္တတ္ပါ အိမ္မွာဆို ငါးစားရင္ မာမီႏႊင္ေပးေနၾက ။ မိုင္းညို႔ရွင္ဆိုတဲ့ ဘယ္သူမွဂ႐ုမစိုက္တတ္တဲ့ေမာင္ကသူ႕အေပၚအေတာ္ေကာင္းတယ္ ။ အလိုေတာ့လိုက္ပင္မဲ့ တစ္ခါတေလ အလိုမလိုက္ပဲ စည္းကမ္းႀကီးသည္ ။ အသက္တလသာကြာျခားပင္မဲ့ ေမာင္ကအေဖတစ္ ေယာက္လို အစ္ကိုတစ္ေယာက္လို ခ်စ္သူလိုမ်ိဳးဂ႐ုစိုက္ေပးတယ္ ။
"ေမာင္ ဟိုဟာေလးေရာ ၊ အင္း အဲ့တာေလးေရာ"
ထမင္းကုန္သြားတာေတာင္ ဟင္းတစ္မ်ိဳးၿပီးတစ္မ်ိဳးကို ခြံ႕ေကြၽးေနရသည္။ ထမင္းထပ္စားပါဆိုေတာ့လဲမဟုတ္ဘူး ၊ဗိုက္ျပည့္ေနၿပီတဲ့။ အခုက် ဟင္းေတြကို ကုန္ေအာင္ရွင္းေနသည္ ။ အစားကေတာ့ မက္သည္။ မသိရင္ မစားရတဲ့အတိုင္းပဲ ေငးတို႔ကေတာ့ ေျပာရင္လဲႀကိဳက္မည္မဟုတ္။ လက္ညိုးေလးတထိုးထိုး၊ ဟင္းထည့္ထားလို႔ပါးကပိုေဖာင္းေနသည္ ။
“ေမာင္ မင္းေရာစားၿပီးၿပီလား"
သူစားၿပီးလို႔ကုန္မွ သူ႕ေကာင္ေလးစားၿပီးၿပီလားကိုေမးတယ္ဆိုေတာ့ ေသခ်ာေပါက္ ေငးေနရာမႉးအတြက္ အစားကသာ Number oneျဖစ္လို႔ေနသည္။
“...................."
စားၿပီးေနာက္ ဟမ္ဘာဂါလဲထပ္စားေသးသည္။ သူကေတာ့ အာဂအစားသမားပါပဲ ။ညို႔က ေတာ့လက္ျမႇောက္အရႈံးေပးထားရသည္။
"ေရာ့ ေရေလးေသာက္လိုက္ဦး ၿပီးရင္ေဆးေသာက္ရမယ္"
"အင္း ေမာင္ မင္းထမင္းမစားရေသးဘူးမွတ္လား ဘာလို႔ငါနဲ႕အတူမစားတာလဲ"
မ်က္ႏွာကအလိုမက်သလို ေျပာလာသည္။ ခုနကဟင္းေတြကို သူအကုန္မစားထားတဲ့အတိုင္း။
"မင္းစားရင္ ေမာင္ငတ္သလိုပါပဲကြာ"
"ဘာကြ"
ရႈးရႉရွဲရွဲေဒါသထြက္ေနတဲ့ေကာင္ေလးကိုၾကည့္ၿပီး ခပ္ဟဟသာရယ္မိတယ္။ တကယ္ကိုခ်စ္ဖို႔ေကာင္းတဲ့ေကာင္ေလး မ်က္ႏွာႀကီးနီၿပီးေဒါသထြက္လာတာ ေၾကာက္စရာေလး ဟားဟားဟား။
"ေမာင္ကစတာပါဗ်ာ မင္းၿပီးမွစားမို႔ပါ"
သူဗိုက္ဆာေနတာေတာင္ ေငးကိုအရင္လုပ္ေပးတာ ေငးမွာအားနာသြားရသည္။ ငါးရိုးႏႊင္သည္သာမက ဟင္းေတြပါ အကုန္စားပစ္လိုက္တာမို႔ စိတ္မေကာင္းျဖစ္သြားကာ မ်က္ႏွာပ်က္သြားသည္ ။ ညို႔လဲ ရွင္းစရာရွိတာရွင္းေနရင္းနဲ႕ ေငးမ်က္ႏွာေလးညိုးေနသည္ကိုျမင္ေတာ့ ....
"ေငး ဘာျဖစ္ေနတာလဲ ေနလို႔မေကာင္းလို႔လား ဟင္ ေမာင့္ကိုေျပာ"
သူ႕ကိုယ္သူေတာင္ဂ႐ုမစိုက္ပဲ ေငးကိုလာဂ႐ုစိုက္ေနတာေၾကာင့္ ငိုခ်င္ရက္လက္တို႔ဆိုသလို မ်က္ရည္ေတြ တာတမံက်ိဳးသလိုက်လာေတာ့သည္ ။
"အဟင့္ အဟီး ေမာင္ အဟင့္"
ရင္ခြင္ထဲ၀င္လာၿပီး ခါးကိုတင္းက်ပ္စြာဖက္ထားကာအႀကီးအက်ယ္ငိုေနသည္ ။ သူေတာ္ေတာ္၀မ္းနည္းေနမွန္းသိတာေၾကာင့္ တိတ္ဆိတ္ေလးေနေပးၿပီး ေခါင္းေလးကိုပြတ္ေပး ေနလိုက္သည္ ။ အေတာ္ၾကာသည္အထိငိုၿပီးမွ ဘာျဖစ္ေနလဲဆိုတာ ေခ်ာ့ေမးေတာ့ သူ႕ေၾကာင့္တဲ့ဗ်ာ။
"ေငးရယ္ ေမာင္ကမဆာေသးလို႔ပါ အခုမွစားလဲ ေနာက္မက်ေသးပါဘူးဗ်ာ"
"..............."
၀မ္းနည္းမႈက အရွိန္မေသေသးတာေၾကာင့္ ဘာမွေတာင္ျပန္မေျပာ ။
"ေမာင္အခုစားၿပီေနာ္ စိတ္မေကာင္းမျဖစ္နဲ႕ေတာ့ ေငးကငိုေတာ့႐ုပ္ဆိုးလိုက္တာကြာ"
"...................."
စိတ္ခ်မ္းသာေအာင္ ထမင္းစားျပရင္း ေခ်ာ့ေနပင္မဲ့ဘယ္လိုမွမေနေပ။ ေနာက္တစ္ခါက်ရင္ ဒီလိုမျဖစ္ေအာင္ဂ႐ုစိုက္မွပါ။ ေငးကအခုလိုျဖစ္ေနေတာ့သူလဲမေပ်ာ္ ၊ အဲ့လိုမွန္းသိရင္ခုနကထဲေငးနဲ႕တူတူစားလိုက္ပါတယ္ ။ သူအရင္စားပါေစဆိုၿပီး လုပ္ေပးလိုက္တာ အခုလိုျဖစ္သြားမယ္မထင္မိလိုက္ေပ ။
"ကဲ ေငး ေမာင္စားၿပီးၿပီေနာ္ ေငးအိပ္လိုက္ေတာ့ ၉နာရီေတာင္ရွိေနၿပီဗ်"
"အင္း ငါေမာင္တူတူအိပ္မယ္"
"ေမာင္နဲ႕အိပ္လို႔မရဘူးေလ ေငးရဲ႕ ကုတင္ကေသးေတာ့ မင္းအနာကိုထိလိမ့္မယ္ ေနာ္ ေမာင္ ဒီခုံမွာပဲအိပ္လိုက္မယ္"
"မရဘူး ငါေမာင္နဲ႕အိပ္မယ္"
“လိမၼာပါတယ္ မင္းက အနာထိရင္ ထပ္နာလိမ့္မယ္ မဆိုးရဘူး"
“ေမာင္ေနာ္ ငါကမဆိုးပါဘူး မင္းနဲ႕အတူတူအိပ္ခ်င္လို႔ကို"
ေခါင္းမၿငိမ္းျခင္း အတင္းဂ်စ္တိုက္ေနတာေၾကာင့္ သူပဲအေလ်ာ့ေပးလိုက္ရသည္။ ေငးအနာထိမွာစိုးပင္မဲ့ သူပဲညမအိပ္ပဲ သတိထားလိုက္ပါမယ္ေလ ။ ကုတင္ေပၚတက္လိုက္ၿပီး အိပ္ေတာ့ ေငးက သူ႕ရင္ခြင္ထဲ၀င္လာသည္ ။ အနာထိမွာစိုးလို႔ ခပ္ဖြဖြေလး ျပန္ဖက္ၿပီး ေခါင္းေလးကို ပြတ္သပ္ေပးလိုက္သည္ ။ ခဏေနေတာ့ ေကာင္ေလးက အိပ္ေမာက်သြားသည္ ။ ငိုထားတာေၾကာင့္ မ်က္လုံးေတြမို႔အစ္ၿပီး နီရဲေနသည္ ။
"Good night ပါ ေမာင့္အသက္ေလး "
မ်က္ခြံေလးေတြ၊မ်က္ေတာင္ေလးေတြ၊ ႏွာေခါင္း၊ႏွဖူး၊ ေမးစိ ၊ေနာက္ဆုံးႏႈတ္ခမ္းမွာ အဆုံးသတ္လိုက္သည္ ။ အေတာ္ၾကာနမ္းရွိုက္ၿပီးတာနဲ႕ ခပ္သြယ္သြယ္ကိုယ္လုံးေလးကို ဖက္ၿပီး အိပ္စက္လိုက္ေတာ့သည္ ။
>>>>>>>>>>>>>>>>
ခ်မ္းေအးလွတဲ့မနက္ခင္းမွာေတာ့ျဖင့္ လူနာကုတင္ေပၚမွာ လူနာနဲ႕အတူတက္အိပ္ေနေသာ လူနာေစာင့္ေၾကာင့္ round လွည့္ေနေသာ ဆရာ၀န္မ်ားက အခန္းထဲေရာက္ၿပီးမွျပန္ထြက္သြားၾကသည္။ အလုပ္သင္ဆရာ၀န္ေလးေတြလည္းပါတာေၾကာင့္ အိုးတိုးအမ္းတမ္းျဖစ္ကုန္ၾက၏။
ဖူဂ်ိဳရွီဆရာ၀န္မေလးေတြကေတာ့ ၿပဳံးရယ္ကာ အဲ့အေၾကာင္းကိုေျပာမဆုံးနိုင္ျဖစ္ေတာ့သည္။
ယခုမွနိုးလာသည့္ ေငးက သူ႕ေရွ႕ကမ်က္ႏွာေခ်ာေခ်ာကိုလက္ႏုႏုေလးနဲ႕ပြတ္သတ္ၾကည့္ေနမိသည္။ ဒီတစ္ေယာက္ကိုဘယ္လိုခ်စ္သြားမွန္းမသိပဲခ်စ္သြားရသည္။ အေၾကာင္းျပခ်က္ကိုစဥ္းစားၾကည့္ျပန္ေတာ့လည္း ေရေရရာရာမရွိေပ။ သူျဖစ္ေနလို႔ မိုင္းညို႔ရွင္ျဖစ္ေနလို႔ကိုခ်စ္တာ ။
“အဟင္း"
ကိုယ့္အေတြးနဲ႕ကိုယ္ေတြးေနၿပီး အျပင္မွာသေဘာက်စြာၿပဳံးမိသည္။ လႈပ္႐ြလာေသာ ခႏၶာကိုယ္နဲ႕အတူ သူ႕ခါးကိုသိမ္းႀကဳံးဖက္ထားသည့္လက္ကလည္း ေလ်ာ့ရဲလာသည္ကိုခံစားလိုက္ရ၏။
“ေမာင္ ထေတာ့ မင္းအလုပ္သြားမွာမဟုတ္လား"
ႏႈတ္ခမ္းကိုဖြဖြနမ္းကာ သူ႕ေရွ႕က အမ်ိဳးသားငယ္ တျဖစ္လဲ သူ႕ခ်စ္သူေကာင္ေလးကို ႏွိုးလိုက္၏။
“အင္း ေမာနင္းကစ္"
မ်က္လုံးကဖြင့္မလာဘဲ ႏႈတ္ခမ္းေထာ္ကာ အနမ္းေတာင္းေန၏။
“ဖတ္"! ဆူေထာ္ေနသည့္ ႏႈတ္ခမ္းကိုဖတ္ခနဲျမည္ေအာင္ရိုက္ပစ္လိုက္သည္။
ဖ်က္ခနဲပြင့္လာသည့္ စူးရွသည့္မ်က္၀န္းေတြကို နမ္းလိုက္ၿပီး ....
“ခုနက ေပးၿပီးၿပီေလ"
“ခုနက ခုနကေလ အခုကအခု"
“လူလည္ေကာင္"
ႏႈတ္ခမ္းကိုခပ္ဖြဖြထိၿပီး ျပန္႐ုတ္လိုက္ေသာ္လည္း ဆြဲယူထားေသာ ႏႈတ္ခမ္းေတြေၾကာင့္ အင့္ ခနဲျဖစ္သြားရသည္။ ျမတ္နိုးမႈေတြ၊ခံစားမႈေတြ ၊ရမက္ေတြမပါဝင္သည့္ အနမ္းျဖဴျဖဴေတြေၾကာင့္ သူလည္းစီးေမ်ာ လိုက္ပါသြား၏။ ယေန႕ေတာ့ ေမာင္အလုပ္ေနာက္က်ရဦးမည္ေပါ့..။
~~~~~~~~~~~~~~~~~~~~~
14.2.2022
To be continued.........
(ကိုယ္အေပၚပိုဒ္မွာ စာဖတ္သူတေယာက္က ေထာက္ျပတာမို႔ ေရးထားတာကိုျပန္ျပင္ထားပါတယ္ ေနာ္ realityမဆန္ဘဲ စိတ္ကူးယဥ္ယဥ္ဆန္ဆန္ေရးသားတာေၾကာင့္ လိုအပ္ခ်က္မ်ားရွိသြားခဲ့ရင္ စာေရးသူကပဲေတာင္းပန္ပါတယ္ဗ်ာ🤎 )