Unicode
ရှောင်ကျန့်စီးလာသည့်ဇိမ်ခံကားအနက်ရောင်သည်ကြီးမားသည့်ခြံဝန်းထဲသို့စတင်ဝင်ရောက်လာသည်။
၁၅မိနစ်ခန့်ကြာပြီးနောက်တွင်ကြီးကျယ်ခမ်းနားသည့်စံအိမ်ကြီးရှေ့၌ဇိမ်ခံကားကြီးမှာရပ်တန့်သွားသည်။ဇာတ်လိုက်မကျန့်နင်လေးသည်အရင်ဦးစွာရှောင်ကျန့်၏သေးငယ်သည့်လက်လေးကိုဆုပ်ကိုင်ရင်းကားပေါ်မှဆင်းလိုက်သည်။
ကလေးငယ်နှစ်ယောက်လုံးဟာသူတို့အရှေ့ကအလွန်အမင်းကြီးကျယ်ခမ်းနားသည့်အိမ်တော်ကြီးကိုပါးစပ်အဟောင်းသားဖြင့်ကြည့်ရုံသာတတ်နိုင်ကြသည်။ထိုအချိန်တွင်အလွန်လှပသည့်မိန်းမကြီးတစ်ယောက်သည်ရိုကျိုးပုံရသည့်လူအိုကြီးတစ်ယောက်နှင့်အိမ်ဖော်တစ်ချို့ကိုဦးဆောင်၍အိမ်အပြင်သို့ထွက်လာသည်။သူမဟာရှောင်ကျန့်တို့မောင်နှမနှစ်ယောက်ကိုမြင်သည်နှင့်နူးညံ့စွာပြုံးပြလာခဲ့သည်။
"ကလေးတို့ကအန်တီ့ယောက်ျားမိဘမဲ့ဂေဟာကခေါ်ယူမွေးစားထားတဲ့ကလေးတွေဖြစ်မယ်ထင်တယ်......"
ထိုမိန်းမကြီး၏ကျက်သရေရှိသည့်အပြုံးကိုမြင်သည့်ရှောင်ကျန့်ဟာဘာပြောရမှန်းမသိဖြစ်သွားခဲ့သည်။
"ဟုတ်ကဲ့.....တွေ့ရတာဝမ်းသာပါတယ်
အန်တီ.....သမီးနာမည်ကကျန့်နင်ပါ....
ဒါကတော့သမီးရဲ့အမွှာမောင်လေး
ကျန့်ရင်လို့ခေါ်ပါတယ်...."
တတ်ကြွသည့်ဇာတ်လိုက်မကျန့်နင်ကသူမမောင်လေးအစားပြန်လည်ဖြေကြားပေးသည်။
လှပသည့်မိန်းမကြီးဟာအလွန်လှပသည့်ကလေးနှစ်ယောက်ကိုအတော်လေးသဘောကျသွားသည်။အထူးသဖြင့်အငယ်ကောင်လေးကျန့်ရင်ဖြစ်သည်။ထိုကလေးက,ကလေးမလေးလောက်သွက်သွက်လက်လက်မရှိပေမယ့်သူ့ရဲ့သန့်စင်သည့်ပန်းရောင်ဖျော့ဖျော့မျက်ဝန်းဝိုင်းကြီးများမှာလူတိုင်းကိုကာကွယ်ပေးချင်စိတ်ပေါ်ပေါက်လာစေသည်။
"အရင်ဆုံးအန်တီကပဲတောင်းပန်ပါတယ်ကွယ်.....အန်တီ့ယောက်ျားကအန်တီအဖော်ရဖို့အတွက်ကလေးတစ်ယောက်လောက်မွေးစားဖို့ပြောနေတာကြာပြီ.....အခုလည်းကလေးတို့နှစ်ယောက်ကိုသွားကြိုမယ့်အချိန်ကျမှအရေးကြီးကိစ္စတစ်ခုပေါ်လာလို့အသည်းအသန်ပြေးသွားရတယ်လေ.....အန့်တီမှာလည်းနှလုံးရောဂါအခံရှိတော့အပြင်တွေဘာတွေထွက်ဖို့ကအဆင်မပြေဘူး.......ဒါကြောင့်သမီးတို့ကိုဒါရိုက်ဘာနဲ့ပဲခေါ်လာခဲ့ရတာပါ...."
ရှောင်ကျန့်အံ့ဩသွားသည်။ထိုအမျိုးသမီးကြီးတွင်မူလခန္ဓာကိုယ်ပိုင်ရှင်ကဲ့သို့နှလုံးရောဂါရှိနေမှန်းမထင်ထားခဲ့ချေ။ရှောင်ကျန့်နည်းတူကျန့်နင်သည်လည်းအံ့အားသင့်သွားသည်။
"အန်တီ့မှာနှလုံးရောဂါရှိတာလား???"
ထိုစကားဟာအနည်းငယ်ရိုင်းပြသလိုရှိပေမယ့်လှပကျက်သရေရှိသည့်အမျိုးသမီးကြီးကတော့ကျန့်နင်၏အမေးစကားကိုစိတ်ဆိုးခြင်းအလျင်းမရှိပဲအပြုံးလေးဖြင့်သာခေါင်းငြှိမ့်ပြသည်။
"သမီးမောင်လေးမှာလည်းမွေးရာပါနှလုံးရောဂါရှိတယ်အန်တီ....."
ရှောင်ကျန့်ကိုယ့်မျက်နှာကိုယ်တောင်ဖြတ်ရိုက်ချင်သွားသည်။ဇာတ်လိုက်မကအရမ်းတည့်တိုးဆန်ပြီးပွင့်လင်းတာပဲ.....
အမျိုးသမီးကြီး၏မျက်နှာဟာတော့အံ့ဩသွားပုံရသည်။သူမအလွန်စိတ်မကောင်းဖြစ်သွားမိသည်။ထိုအလွန်အမင်းချစ်စရာကောင်းသည့်ကလေးငယ်လေးမှာသူမနှင့်ဘဝတူတွေဖြစ်နေမှန်းမထင်ထားမိပေ။
အမျိုးသမီးကြီးစိတ်မကောင်းဖြစ်နေသည်ကိုသတိထားမိသွားသည့်အိမ်တော်ထိန်းကြီးမှာချက်ချင်းပဲစကားလမ်းကြောင်းလွှဲလိုက်သည်။
"သခင်မကြီး.....ကလေးတွေကိုအိမ်ထဲအရင်ဆုံးခေါ်လိုက်ရင်ကောင်းမယ်ထင်တယ်"
အမျိုးသမီးကြီးဟာသူမတို့မှာအိမ်ပေါက်ဝ၌ရပ်၍စကားပြောနေသည်ကိုချက်ချင်းသတိရသွားသည်။
"အာ.....အန်တီမေ့သွားတယ်ကွယ်.....
လာ....လာ....အိမ်ထဲအရင်ဆုံးဝင်ကြအုံး"
လှပကျက်သရေရှိသည့်အမျိုးသမီးကြီးသည်ရှောင်ကျန့်တို့မောင်နှမနှစ်ယောက်ကိုအိမ်ထဲသို့ခေါ်ယူလိုက်သည်။
ကြီးမားကျယ်ဝန်းသည့်ဧည့်ခန်းကြီးရှိဆိုဖာပေါ်၌သူတို့မောင်နှမနှစ်ယောက်ကိုထိုင်စေသည်။ဇာတ်လိုက်မကျန့်နင်သည်ကလေးပီပီတွေ့သမျှအရာအားလုံးကိုလိုက်စပ်စုနေခဲ့သည်။
အမျိုးသမီးကြီးဟာရှောင်ကျန်တို့ဆန့်ကျင်ဘက်ဆိုဖာပေါ်၌ဝင်ထိုင်ပြီးပြုံးပြုံးလေးဖြင့်သာသူမကိုယ်သူမမိတ်ဆက်လာခဲ့သည်။
"အန်တီ့နာမည်ကပိုင်လုလုလို့ခေါ်တယ်....
အခုကစပြီးကလေးတို့နှစ်ယောက်လုံး
ကအန်တီ့ရဲ့သားနဲ့သမီးတွေပဲ.....
အန်တီ့မှာသားတစ်ယောက်တော့ရှိတယ်....
သမီးတို့ထက်တော့ငယ်မယ်ထင်တယ်....."
သူမသားအကြောင်းစပြောသည်နှင့်သူမဟာသက်ပြင်းတစ်ချက်သာချလိုက်၏။
"အန်တီ့ရဲ့သားလေးကအရမ်းအနေတည်တယ်.....တအားလည်းအေးစက်စက်နိုင်ပြီးမိဘတွေနဲ့တောင်စကားသိပ်ပြောတာမဟုတ်ဘူး.....ဒါကြောင့်ကလေးတို့နှစ်ယောက်ကအန်တီ့သားလေးကိုသည်းခံပြီးပေါင်းပေးကြပါကွယ်....."
"ဟုတ်ကဲ့အန်တီ...."
ရှောင်ကျန့်တို့နှစ်ယောက်လုံးတတ်ကြွစွာဖြင့်ပြန်လည်ဖြေဆိုကြသည်။အမျိုးသမီးဟာကလေးနှစ်ယောက်ကိုအပြုံးဖြင့်သာကြည့်ရင်း.......
"ဘာကိုအန်တီလဲ.....အခုချိန်ကစပြီးအန်တီက,ကလေးတို့ရဲ့အမေဖြစ်သွားပြီ.....မားလို့ခေါ်ကြည့်ကြပါလား...."
ရှောင်ကျန့်နဲ့ကျန့်နင်တို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းပျော်ရွှင်စွာဖြင့်ပင်.....
"မား...."
အမျိုးသမီးကြီး၏မျက်နှာတွင်ကျေနပ်နှစ်သိမ့်သည့်ဟန်ပေါ်ပေါက်လာသည်။သူမကသူမ၏လက်မောင်းနှစ်ဖက်ကိုဆန့်တန်းပေးသည်။အထာသိသည့်ဇာတ်လိုက်မသည်အရင်ဦးစွာရှောင်ကျန့်ကိုအမျိုးသမီးကြီး၏ရင်ခွင်ထဲသို့တွန်းပို့၍ပြီးမှသူမကိုယ်တိုင်ခုန်ဝင်လာခဲ့သည်။ဘေးနားရှိအိမ်တော်ထိန်းနှင့်အိမ်ဖော်တွေမှာကြည်နူးဝမ်းသာသည့်မျက်ဝန်းများဖြင့်နွေးထွေးသည့်မြင်ကွင်းလေးကိုကြည့်နေကြသည်။
အထူးသဖြင့်အိမ်တော်ထိန်းကြီးဆိုမျက်ရည်တွေပါဝဲတတ်လာသည်။သူတို့အိမ်ကြီးမှာအရင်တုန်းကအရမ်းအထီးကျန်လွန်းသည်။သခင်ကြီးကအရမ်းအလုပ်များတာကြောင့်အိမ်မှာအမြဲတမ်းနေ၍သခင်မကြီးကိုအဖော်မပြုနိုင်ချေ။သခင်လေးကျပြန်တော့လည်းသီးသန့်နေတတ်သည့်အကျင့်စရိုက်ကြောင့်သခင်မကြီးကိုချွဲတာနွဲ့တာမျိုးလည်းမရှိပေ။
ထို့ကြောင့်လည်းရိသခင်ကြီးဟာသခင်မကြီးအဖော်ရဖို့ရန်အတွက်တတ်တတ်ကြွကြွဖြင့်ကလေးနှစ်ယောက်ကိုမွေးစားခဲ့ခြင်းဖြစ်သည်။သဘောကောင်းကြင်နာတတ်သည့်သခင်မကြီးယခုကဲ့သို့ပျော်ရွှင်နေတာမြင်တော့အစေခံအားလုံးမှာဝမ်းသာနေကြသည်။
"မား"
ရုတ်တရတ်ထွက်ပေါ်လာသည့်အေးတိအေးစက်နိုင်သည့်ကလေးတစ်ယောက်၏အသံဟာကြည်နူးဖွယ်ရာမြင်ကွင်းလေးကိုဖျက်စီးလိုက်သည်။ရှောင်ကျန့်၏ပန်းရောင်ဖျော့ဖျော့မျက်ဝန်းဝိုင်းကြီးမှာလှေကားထက်၌မတ်တပ်ရပ်နေသည့်သေးငယ်သောပုံရိပ်လေးဆီသို့ကျရောက်သွားသည်။
အနာဂတ်big bossကြီးရဲ့ကလေးဗားရှင်းကိုမြင်ဖူးချင်၏။
ရှောင်ကျန့်၏မျက်ဝန်းတစ်စုံမှာအနည်းငယ်ဝိုင်းစက်သွားသည်။
လှေကားထက်တွင်၅နှစ်အရွယ်ကောင်လေးတစ်ယောက်မှာမတ်တပ်ရပ်နေသည်။ထိုကလေးလေး၏မျက်နှာသည်ပန်းပုနတ်ဘုရားထုလုပ်ပေးထားသကဲ့သို့လှပလွန်းသည်။အထူးခြားဆုံးအချက်တစ်ခုမှာထိုကလေး၏မျက်နှာကအလွန်အမင်းအေးစက်နေ၍ခံစားချက်ရှိမနေခဲ့ခြင်းဖြစ်သည်။
"သားငယ်...."
ရိသခင်မကြီးသည်သူမ၏သားငယ်လေးကိုခပ်ပြုံးပြုံးလေးဖြင့်သာကြည်၍ရှောင်ကျန့်တို့မောင်နှမနှင့်မိတ်ဆက်ပေးသည်။
"သား....ရိမင်....အခုကစပြီး
သူတို့ကသားရဲ့ကိုကိုနဲ့မမဖြစ်သွားပြီပဲ...."
ရိမင်ဆိုသည့်ကလေးငယ်လေးဟာဘာမှပြန်မပြောပေ။သူ့ရဲ့မျက်လုံးတစ်စုံမှာအရုပ်လေးကဲ့သို့ချစ်စရာကောင်းလွန်းလှသည့်ရှောင်ကျန့်စီသို့သာကျရောက်နေခဲ့သည်။ရိမင်လေးဟာသူ့ရဲ့ရှည်လျားသည့်မျက်တောင်လေးကိုတစ်ချက်ခတ်လိုက်သည်။အကုန်လုံးဟာသခင်ငယ်လေးသဘောမကျဘူးထင်တာကြောင့်စိုးထိတ်စွာငြိမ်သက်နေခဲ့သည်။
ရိမင်လေးဟာလှေကားထက်မှဆင်း၍ရိသခင်မကြီးတို့ဆီဦးတည်၍လျှောက်လာခဲ့သည်။အကုန်လုံး၏ရင်တထိတ်ထိတ်ဖြင့်အကြည့်များအောက်တွင်ပင်ရှောင်ကျန့်တို့မောင်နှမနှစ်ယောက်ဆီသို့လှမ်းလာသည်။
ဘာကိုမှမသိသည့်တတ်ကြွတဲ့ဇာတ်လိုက်မလေးဟာအရှေ့သို့တိုး၍သူမကိုသူမမိတ်ဆက်လာခဲ့၏။
"တွေ့ရတာဝမ်းသာပါတယ်မောင်လေး.....
မမနာမည်ကကျန့်နင်ပါ...."
ရိမင်သည်ချက်ချင်းပင်လက်ဆန့်ရင်းနှုတ်ဆက်လာသည့်ကျန့်နင်အသေးလေးကိုမမြင်တွေ့သကဲ့သို့ပင်ဖြတ်ကျော်သွားခဲ့သည်။
ကျန့်နင်၏လက်လေးတွေမှာလေထဲ၌ပင်ရပ်တန့်သွားခဲ့သည်။ရိမင်အသေးလေးကတော့တခြားသူတွေဘယ်လိုထင်ထင်ဂရုစိုက်ခြင်းလုံးဝမရှိပဲရှောင်ကျန့်ရှေ့၌ရပ်တန့်သွားသည်။
ရှောင်ကျန့်အသေးလေးနှင့်ရိမင်အသေးလေးတို့ဟာတစ်ယောက်ကိုတစ်ယောက်မလွတ်တမ်းစိုက်ကြည့်နေမိကြသည်။ရှောင်ကျန့်သည်သူ့ထက်ခေါင်းတစ်လုံးစာမျှနိမ့်သည့်ရိမင်၏ဖောင်းကားနေသည့်မျက်နှာလှလှလေးကိုကြည့်ရင်းအနည်းငယ်ထူးဆန်းသည့်ခံစားချက်တစ်ခုမှာသူ့ရင်ထဲ၌ပျံ့နှံ့လာသည်။
ရိမင်အသေးလေး၏နက်မှောင်နေသည့်မျက်လုံးဝိုင်းကြီးတစ်စုံကိုကြည့်ရင်းရှောင်ကျန့်၏နှလုံးမှာရင်ဘတ်ထဲမှတစ်ချက်ဆောင့်ခုန်သွားသည်။
ဘယ်၅နှစ်အရွယ်ကလေးကများဒီလောက်ထိတည်ငြိမ်နိုင်မှာလည်း.....
ခဏမျှကြာပြီးနောက်ရိမင်လေး၏ခပ်ရဲရဲနှုတ်ခမ်းပါးလေးမှာအနည်းငယ်ပွင့်ဟ,သွားပြီးမည်သူမှမထင်မှတ်ထားသည့်စကားတစ်ခွန်းကိုဆိုလာသည်။
"ကိုကို..."
အသံလေးမှာအနည်းငယ်အေးစက်နေပေမယ့်လည်းကလေးဆန်မှုများနှင့်အတူထူးခြားသည့်နူးညံ့မှုများကိန်းအောင်းနေခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားသည်။
အိမ်ဖော်များမှာပါးစပ်အဟောင်းသားဖြင့်ပြန်ပိတ်ရန်မေ့နေကြပြီးအိမ်တော်ထိန်းကြီးမှာသူနားကြားမှားသည်ဟုသာထင်လိုက်သည်။ရိမား၏မျက်ဝန်းတစ်စုံမှာလည်းအံ့အားသင့်မှုများကြောင့်ပြူးကျယ်ဝိုင်းစက်သွားခဲ့သည်။
သူမသားလေးကတစ်စုံတစ်ယောက်ကိုနူးနူးညံ့ညံ့ခေါ်လိုက်တယ်တဲ့......
"ကိုကို့နာမည်ကဘယ်လိုခေါ်လဲဟင်...."
"အာ.....ဟမ်...."
"ကိုကို့နာမည်"
"ကျန့်...ကျန့်ရင်"
ရုတ်ချည်းပင်ရိမင်လေးဟာမည်သူမှမထင်မှတ်ထားသည့်အပြုအမူတစ်ခုကိုပြုလုပ်လိုက်သည်။ရိမင်လေး၏နှုတ်ခမ်းထောင့်စွန်းလေးမှာတဖြည်းဖြည်းကော့တတ်သွားပြီးလှပသည့်အပြုံးတစ်ပွင့်ပေါ်ပေါက်လာခဲ့သည်။
"ဒါဆို....ကိုကိုကကျွန်တော်နဲ့တူတူ
နေမယ်မဟုတ်လားဟင်"
ပတ်ဝန်းကျင်ဟာတောက်ပသွားသည်။
ရိမား၏မျက်ဝန်းတစ်စုံ၌မျက်ရည်တစ်ချို့ဝဲတတ်လာသည်။
သူမသားလေးပြုံးလိုက်တယ်.....
သူမရူးမတတ်ပျော်ရွှင်မိသည်။
သူမသားလေးဟာမွေးကတည်းကစိတ်ခံစားချက်မရှိချေ။ဤသည်ကိုအတွင်းလူတစ်ချို့သာသိထားကြသည်။အချစ်၊အမုန်းခံစားချက်တင်မကငိုလည်းငိုခြင်းမရှိသလို၊ရယ်ခြင်း၊ပြုံးခြင်းလည်းကင်းမဲ့သည်။
ဒါပေမယ့်........
ယခုအခါတွင်သူမသားလေး၏ပထမဆုံးသောအပြုံးကိုသူမမြင်တွေ့ခွင့်ရခဲ့သည်။ဤသည်ကလည်းသူမတို့ခေါ်ယူမွေးစားလိုက်သည့်ကျန့်ရင်ဆိုသူကလေးငယ်လေးကြောင့်သာဖြစ်သည်။
ဘာကြောင့်မှန်းသူမ,မသိပေမယ့်သူမသားလေးပျော်နေသ၍အရာအားလုံးအဆင်ပြေသည်။
တစ်ဖက်တွင်လည်းကျန့်နင်သည်သူမကိုလျစ်လျူရှု့၍သူမမောင်လေးကိုစကားစပြောသည့်ထိုကလေးငယ်ကိုကြည့်ရင်းနှုတ်ခမ်းအနည်းငယ်ဆူလိုက်သည်။
သူမစိတ်ထဲတွင်ထိုကောင်လေးကသူမမောင်လေးကိုခိုးယူလိုက်သလိုခံစားရသည်။
_______________________________________________________________
Zawgyi
ေရွာင္က်န့္စီးလာသည့္ဇိမ္ခံကားအနက္ေရာင္သည္ႀကီးမားသည့္ၿခံဝန္းထဲသို႔စတင္ဝင္ေရာက္လာသည္။
၁၅မိနစ္ခန့္ၾကာၿပီးေနာက္တြင္ႀကီးက်ယ္ခမ္းနားသည့္စံအိမ္ႀကီးေရွ႕၌ဇိမ္ခံကားႀကီးမွာရပ္တန့္သြားသည္။ဇာတ္လိုက္မက်န့္နင္ေလးသည္အရင္ဦးစြာေရွာင္က်န့္၏ေသးငယ္သည့္လက္ေလးကိုဆုပ္ကိုင္ရင္းကားေပၚမွဆင္းလိုက္သည္။
ကေလးငယ္ႏွစ္ေယာက္လုံးဟာသူတို႔အေရွ႕ကအလြန္အမင္းႀကီးက်ယ္ခမ္းနားသည့္အိမ္ေတာ္ႀကီးကိုပါးစပ္အေဟာင္းသားျဖင့္ၾကည့္႐ုံသာတတ္နိုင္ၾကသည္။ထိုအခ်ိန္တြင္အလြန္လွပသည့္မိန္းမႀကီးတစ္ေယာက္သည္ရိုက်ိဳးပုံရသည့္လူအိုႀကီးတစ္ေယာက္ႏွင့္အိမ္ေဖာ္တစ္ခ်ိဳ႕ကိုဦးေဆာင္၍အိမ္အျပင္သို႔ထြက္လာသည္။သူမဟာေရွာင္က်န့္တို႔ေမာင္ႏွမႏွစ္ေယာက္ကိုျမင္သည္ႏွင့္ႏူးညံ့စြာၿပဳံးျပလာခဲ့သည္။
"ကေလးတို႔ကအန္တီ့ေယာက္်ားမိဘမဲ့ေဂဟာကေခၚယူေမြးစားထားတဲ့ကေလးေတြျဖစ္မယ္ထင္တယ္......"
ထိုမိန္းမႀကီး၏က်က္သေရရွိသည့္အၿပဳံးကိုျမင္သည့္ေရွာင္က်န့္ဟာဘာေျပာရမွန္းမသိျဖစ္သြားခဲ့သည္။
"ဟုတ္ကဲ့.....ေတြ႕ရတာဝမ္းသာပါတယ္
အန္တီ.....သမီးနာမည္ကက်န့္နင္ပါ....
ဒါကေတာ့သမီးရဲ႕အမႊာေမာင္ေလး
က်န့္ရင္လို႔ေခၚပါတယ္...."
တတ္ႂကြသည့္ဇာတ္လိုက္မက်န့္နင္ကသူမေမာင္ေလးအစားျပန္လည္ေျဖၾကားေပးသည္။
လွပသည့္မိန္းမႀကီးဟာအလြန္လွပသည့္ကေလးႏွစ္ေယာက္ကိုအေတာ္ေလးသေဘာက်သြားသည္။အထူးသျဖင့္အငယ္ေကာင္ေလးက်န့္ရင္ျဖစ္သည္။ထိုကေလးက,ကေလးမေလးေလာက္သြက္သြက္လက္လက္မရွိေပမယ့္သူ႕ရဲ႕သန့္စင္သည့္ပန္းေရာင္ေဖ်ာ့ေဖ်ာ့မ်က္ဝန္းဝိုင္းႀကီးမ်ားမွာလူတိုင္းကိုကာကြယ္ေပးခ်င္စိတ္ေပၚေပါက္လာေစသည္။
"အရင္ဆုံးအန္တီကပဲေတာင္းပန္ပါတယ္ကြယ္.....အန္တီ့ေယာက္်ားကအန္တီအေဖာ္ရဖို႔အတြက္ကေလးတစ္ေယာက္ေလာက္ေမြးစားဖို႔ေျပာေနတာၾကာၿပီ.....အခုလည္းကေလးတို႔ႏွစ္ေယာက္ကိုသြားႀကိဳမယ့္အခ်ိန္က်မွအေရးႀကီးကိစၥတစ္ခုေပၚလာလို႔အသည္းအသန္ေျပးသြားရတယ္ေလ.....အန့္တီမွာလည္းႏွလုံးေရာဂါအခံရွိေတာ့အျပင္ေတြဘာေတြထြက္ဖို႔ကအဆင္မေျပဘူး.......ဒါေၾကာင့္သမီးတို႔ကိုဒါရိုက္ဘာနဲ႕ပဲေခၚလာခဲ့ရတာပါ...."
ေရွာင္က်န့္အံ့ဩသြားသည္။ထိုအမ်ိဳးသမီးႀကီးတြင္မူလခႏၶာကိုယ္ပိုင္ရွင္ကဲ့သို႔ႏွလုံးေရာဂါရွိေနမွန္းမထင္ထားခဲ့ေခ်။ေရွာင္က်န့္နည္းတူက်န့္နင္သည္လည္းအံ့အားသင့္သြားသည္။
"အန္တီ့မွာႏွလုံးေရာဂါရွိတာလား???"
ထိုစကားဟာအနည္းငယ္ရိုင္းျပသလိုရွိေပမယ့္လွပက်က္သေရရွိသည့္အမ်ိဳးသမီးႀကီးကေတာ့က်န့္နင္၏အေမးစကားကိုစိတ္ဆိုးျခင္းအလ်င္းမရွိပဲအၿပဳံးေလးျဖင့္သာေခါင္းျငႇိမ့္ျပသည္။
"သမီးေမာင္ေလးမွာလည္းေမြးရာပါႏွလုံးေရာဂါရွိတယ္အန္တီ....."
ေရွာင္က်န့္ကိုယ့္မ်က္ႏွာကိုယ္ေတာင္ျဖတ္ရိုက္ခ်င္သြားသည္။ဇာတ္လိုက္မကအရမ္းတည့္တိုးဆန္ၿပီးပြင့္လင္းတာပဲ.....
အမ်ိဳးသမီးႀကီး၏မ်က္ႏွာဟာေတာ့အံ့ဩသြားပုံရသည္။သူမအလြန္စိတ္မေကာင္းျဖစ္သြားမိသည္။ထိုအလြန္အမင္းခ်စ္စရာေကာင္းသည့္ကေလးငယ္ေလးမွာသူမႏွင့္ဘဝတူေတြျဖစ္ေနမွန္းမထင္ထားမိေပ။
အမ်ိဳးသမီးႀကီးစိတ္မေကာင္းျဖစ္ေနသည္ကိုသတိထားမိသြားသည့္အိမ္ေတာ္ထိန္းႀကီးမွာခ်က္ခ်င္းပဲစကားလမ္းေၾကာင္းလႊဲလိုက္သည္။
"သခင္မႀကီး.....ကေလးေတြကိုအိမ္ထဲအရင္ဆုံးေခၚလိုက္ရင္ေကာင္းမယ္ထင္တယ္"
အမ်ိဳးသမီးႀကီးဟာသူမတို႔မွာအိမ္ေပါက္ဝ၌ရပ္၍စကားေျပာေနသည္ကိုခ်က္ခ်င္းသတိရသြားသည္။
"အာ.....အန္တီေမ့သြားတယ္ကြယ္.....
လာ....လာ....အိမ္ထဲအရင္ဆုံးဝင္ၾကအုံး"
လွပက်က္သေရရွိသည့္အမ်ိဳးသမီးႀကီးသည္ေရွာင္က်န့္တို႔ေမာင္ႏွမႏွစ္ေယာက္ကိုအိမ္ထဲသို႔ေခၚယူလိုက္သည္။
ႀကီးမားက်ယ္ဝန္းသည့္ဧည့္ခန္းႀကီးရွိဆိုဖာေပၚ၌သူတို႔ေမာင္ႏွမႏွစ္ေယာက္ကိုထိုင္ေစသည္။ဇာတ္လိုက္မက်န့္နင္သည္ကေလးပီပီေတြ႕သမွ်အရာအားလုံးကိုလိုက္စပ္စုေနခဲ့သည္။
အမ်ိဳးသမီးႀကီးဟာေရွာင္က်န္တို႔ဆန့္က်င္ဘက္ဆိုဖာေပၚ၌ဝင္ထိုင္ၿပီးၿပဳံးၿပဳံးေလးျဖင့္သာသူမကိုယ္သူမမိတ္ဆက္လာခဲ့သည္။
"အန္တီ့နာမည္ကပိုင္လုလုလို႔ေခၚတယ္....
အခုကစၿပီးကေလးတို႔ႏွစ္ေယာက္လုံး
ကအန္တီ့ရဲ႕သားနဲ႕သမီးေတြပဲ.....
အန္တီ့မွာသားတစ္ေယာက္ေတာ့ရွိတယ္....
သမီးတို႔ထက္ေတာ့ငယ္မယ္ထင္တယ္....."
သူမသားအေၾကာင္းစေျပာသည္ႏွင့္သူမဟာသက္ျပင္းတစ္ခ်က္သာခ်လိဳက္၏။
"အန္တီ့ရဲ႕သားေလးကအရမ္းအေနတည္တယ္.....တအားလည္းေအးစက္စက္နိုင္ၿပီးမိဘေတြနဲ႕ေတာင္စကားသိပ္ေျပာတာမဟုတ္ဘူး.....ဒါေၾကာင့္ကေလးတို႔ႏွစ္ေယာက္ကအန္တီ့သားေလးကိုသည္းခံၿပီးေပါင္းေပးၾကပါကြယ္....."
"ဟုတ္ကဲ့အန္တီ...."
ေရွာင္က်န့္တို႔ႏွစ္ေယာက္လုံးတတ္ႂကြစြာျဖင့္ျပန္လည္ေျဖဆိုၾကသည္။အမ်ိဳးသမီးဟာကေလးႏွစ္ေယာက္ကိုအၿပဳံးျဖင့္သာၾကည့္ရင္း.......
"ဘာကိုအန္တီလဲ.....အခုခ်ိန္ကစၿပီးအန္တီက,ကေလးတို႔ရဲ႕အေမျဖစ္သြားၿပီ.....မားလို႔ေခၚၾကည့္ၾကပါလား...."
ေရွာင္က်န့္နဲ႕က်န့္နင္တို႔တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္းေပ်ာ္႐ႊင္စြာျဖင့္ပင္.....
"မား...."
အမ်ိဳးသမီးႀကီး၏မ်က္ႏွာတြင္ေက်နပ္ႏွစ္သိမ့္သည့္ဟန္ေပၚေပါက္လာသည္။သူမကသူမ၏လက္ေမာင္းႏွစ္ဖက္ကိုဆန့္တန္းေပးသည္။အထာသိသည့္ဇာတ္လိုက္မသည္အရင္ဦးစြာေရွာင္က်န့္ကိုအမ်ိဳးသမီးႀကီး၏ရင္ခြင္ထဲသို႔တြန္းပို႔၍ၿပီးမွသူမကိုယ္တိုင္ခုန္ဝင္လာခဲ့သည္။ေဘးနားရွိအိမ္ေတာ္ထိန္းႏွင့္အိမ္ေဖာ္ေတြမွာၾကည္ႏူးဝမ္းသာသည့္မ်က္ဝန္းမ်ားျဖင့္ႏြေးေထြးသည့္ျမင္ကြင္းေလးကိုၾကည့္ေနၾကသည္။
အထူးသျဖင့္အိမ္ေတာ္ထိန္းႀကီးဆိုမ်က္ရည္ေတြပါဝဲတတ္လာသည္။သူတို႔အိမ္ႀကီးမွာအရင္တုန္းကအရမ္းအထီးက်န္လြန္းသည္။သခင္ႀကီးကအရမ္းအလုပ္မ်ားတာေၾကာင့္အိမ္မွာအၿမဲတမ္းေန၍သခင္မႀကီးကိုအေဖာ္မျပဳနိုင္ေခ်။သခင္ေလးက်ျပန္ေတာ့လည္းသီးသန့္ေနတတ္သည့္အက်င့္စရိုက္ေၾကာင့္သခင္မႀကီးကိုခြၽဲတာႏြဲ႕တာမ်ိဳးလည္းမရွိေပ။
ထို႔ေၾကာင့္လည္းရိသခင္ႀကီးဟာသခင္မႀကီးအေဖာ္ရဖို႔ရန္အတြက္တတ္တတ္ႂကြႂကြျဖင့္ကေလးႏွစ္ေယာက္ကိုေမြးစားခဲ့ျခင္းျဖစ္သည္။သေဘာေကာင္းၾကင္နာတတ္သည့္သခင္မႀကီးယခုကဲ့သို႔ေပ်ာ္႐ႊင္ေနတာျမင္ေတာ့အေစခံအားလုံးမွာဝမ္းသာေနၾကသည္။
"မား"
႐ုတ္တရတ္ထြက္ေပၚလာသည့္ေအးတိေအးစက္နိုင္သည့္ကေလးတစ္ေယာက္၏အသံဟာၾကည္ႏူးဖြယ္ရာျမင္ကြင္းေလးကိုဖ်က္စီးလိုက္သည္။ေရွာင္က်န့္၏ပန္းေရာင္ေဖ်ာ့ေဖ်ာ့မ်က္ဝန္းဝိုင္းႀကီးမွာေလွကားထက္၌မတ္တပ္ရပ္ေနသည့္ေသးငယ္ေသာပုံရိပ္ေလးဆီသို႔က်ေရာက္သြားသည္။
အနာဂတ္big bossႀကီးရဲ႕ကေလးဗားရွင္းကိုျမင္ဖူးခ်င္၏။
ေရွာင္က်န့္၏မ်က္ဝန္းတစ္စုံမွာအနည္းငယ္ဝိုင္းစက္သြားသည္။
ေလွကားထက္တြင္၅ႏွစ္အ႐ြယ္ေကာင္ေလးတစ္ေယာက္မွာမတ္တပ္ရပ္ေနသည္။ထိုကေလးေလး၏မ်က္ႏွာသည္ပန္းပုနတ္ဘုရားထုလုပ္ေပးထားသကဲ့သို႔လွပလြန္းသည္။အထူးျခားဆုံးအခ်က္တစ္ခုမွာထိုကေလး၏မ်က္ႏွာကအလြန္အမင္းေအးစက္ေန၍ခံစားခ်က္ရွိမေနခဲ့ျခင္းျဖစ္သည္။
"သားငယ္...."
ရိသခင္မႀကီးသည္သူမ၏သားငယ္ေလးကိုခပ္ၿပဳံးၿပဳံးေလးျဖင့္သာၾကည္၍ေရွာင္က်န့္တို႔ေမာင္ႏွမႏွင့္မိတ္ဆက္ေပးသည္။
"သား....ရိမင္....အခုကစၿပီး
သူတို႔ကသားရဲ႕ကိုကိုနဲ႕မမျဖစ္သြားၿပီပဲ...."
ရိမင္ဆိုသည့္ကေလးငယ္ေလးဟာဘာမွျပန္မေျပာေပ။သူ႕ရဲ႕မ်က္လုံးတစ္စုံမွာအ႐ုပ္ေလးကဲ့သို႔ခ်စ္စရာေကာင္းလြန္းလွသည့္ေရွာင္က်န့္စီသို႔သာက်ေရာက္ေနခဲ့သည္။ရိမင္ေလးဟာသူ႕ရဲ႕ရွည္လ်ားသည့္မ်က္ေတာင္ေလးကိုတစ္ခ်က္ခတ္လိုက္သည္။အကုန္လုံးဟာသခင္ငယ္ေလးသေဘာမက်ဘဴးထင္တာေၾကာင့္စိုးထိတ္စြာၿငိမ္သက္ေနခဲ့သည္။
ရိမင္ေလးဟာေလွကားထက္မွဆင္း၍ရိသခင္မႀကီးတို႔ဆီဦးတည္၍ေလွ်ာက္လာခဲ့သည္။အကုန္လုံး၏ရင္တထိတ္ထိတ္ျဖင့္အၾကည့္မ်ားေအာက္တြင္ပင္ေရွာင္က်န့္တို႔ေမာင္ႏွမႏွစ္ေယာက္ဆီသို႔လွမ္းလာသည္။
ဘာကိုမွမသိသည့္တတ္ႂကြတဲ့ဇာတ္လိုက္မေလးဟာအေရွ႕သို႔တိုး၍သူမကိုသူမမိတ္ဆက္လာခဲ့၏။
"ေတြ႕ရတာဝမ္းသာပါတယ္ေမာင္ေလး.....
မမနာမည္ကက်န့္နင္ပါ...."
ရိမင္သည္ခ်က္ခ်င္းပင္လက္ဆန့္ရင္းႏႈတ္ဆက္လာသည့္က်န့္နင္အေသးေလးကိုမျမင္ေတြ႕သကဲ့သို႔ပင္ျဖတ္ေက်ာ္သြားခဲ့သည္။
က်န့္နင္၏လက္ေလးေတြမွာေလထဲ၌ပင္ရပ္တန့္သြားခဲ့သည္။ရိမင္အေသးေလးကေတာ့တျခားသူေတြဘယ္လိုထင္ထင္ဂ႐ုစိုက္ျခင္းလုံးဝမရွိပဲေရွာင္က်န့္ေရွ႕၌ရပ္တန့္သြားသည္။
ေရွာင္က်န့္အေသးေလးႏွင့္ရိမင္အေသးေလးတို႔ဟာတစ္ေယာက္ကိုတစ္ေယာက္မလြတ္တမ္းစိုက္ၾကည့္ေနမိၾကသည္။ေရွာင္က်န့္သည္သူ႕ထက္ေခါင္းတစ္လုံးစာမွ်နိမ့္သည့္ရိမင္၏ေဖာင္းကားေနသည့္မ်က္ႏွာလွလွေလးကိုၾကည့္ရင္းအနည္းငယ္ထူးဆန္းသည့္ခံစားခ်က္တစ္ခုမွာသူ႕ရင္ထဲ၌ပ်ံ့ႏွံ႕လာသည္။
ရိမင္အေသးေလး၏နက္ေမွာင္ေနသည့္မ်က္လုံးဝိုင္းႀကီးတစ္စုံကိုၾကည့္ရင္းေရွာင္က်န့္၏ႏွလုံးမွာရင္ဘတ္ထဲမွတစ္ခ်က္ေဆာင့္ခုန္သြားသည္။
ဘယ္၅ႏွစ္အ႐ြယ္ကေလးကမ်ားဒီေလာက္ထိတည္ၿငိမ္နိုင္မွာလည္း.....
ခဏမွ်ၾကာၿပီးေနာက္ရိမင္ေလး၏ခပ္ရဲရဲႏႈတ္ခမ္းပါးေလးမွာအနည္းငယ္ပြင့္ဟ,သြားၿပီးမည္သူမွမထင္မွတ္ထားသည့္စကားတစ္ခြန္းကိုဆိုလာသည္။
"ကိုကို..."
အသံေလးမွာအနည္းငယ္ေအးစက္ေနေပမယ့္လည္းကေလးဆန္မႈမ်ားႏွင့္အတူထူးျခားသည့္ႏူးညံ့မႈမ်ားကိန္းေအာင္းေနခဲ့သည္။
ပတ္ဝန္းက်င္တစ္ခုလုံးတိတ္ဆိတ္သြားသည္။
အိမ္ေဖာ္မ်ားမွာပါးစပ္အေဟာင္းသားျဖင့္ျပန္ပိတ္ရန္ေမ့ေနၾကၿပီးအိမ္ေတာ္ထိန္းႀကီးမွာသူနားၾကားမွားသည္ဟုသာထင္လိုက္သည္။ရိမား၏မ်က္ဝန္းတစ္စုံမွာလည္းအံ့အားသင့္မႈမ်ားေၾကာင့္ျပဴးက်ယ္ဝိုင္းစက္သြားခဲ့သည္။
သူမသားေလးကတစ္စုံတစ္ေယာက္ကိုႏူးႏူးညံ့ညံ့ေခၚလိုက္တယ္တဲ့......
"ကိုကို႔နာမည္ကဘယ္လိုေခၚလဲဟင္...."
"အာ.....ဟမ္...."
"ကိုကို႔နာမည္"
"က်န့္...က်န့္ရင္"
႐ုတ္ခ်ည္းပင္ရိမင္ေလးဟာမည္သူမွမထင္မွတ္ထားသည့္အျပဳအမူတစ္ခုကိုျပဳလုပ္လိုက္သည္။ရိမင္ေလး၏ႏႈတ္ခမ္းေထာင့္စြန္းေလးမွာတျဖည္းျဖည္းေကာ့တတ္သြားၿပီးလွပသည့္အၿပဳံးတစ္ပြင့္ေပၚေပါက္လာခဲ့သည္။
"ဒါဆို....ကိုကိုကကြၽန္ေတာ္နဲ႕တူတူ
ေနမယ္မဟုတ္လားဟင္"
ပတ္ဝန္းက်င္ဟာေတာက္ပသြားသည္။
ရိမား၏မ်က္ဝန္းတစ္စုံ၌မ်က္ရည္တစ္ခ်ိဳ႕ဝဲတတ္လာသည္။
သူမသားေလးၿပဳံးလိုက္တယ္.....
သူမ႐ူးမတတ္ေပ်ာ္႐ႊင္မိသည္။
သူမသားေလးဟာေမြးကတည္းကစိတ္ခံစားခ်က္မရွိေခ်။ဤသည္ကိုအတြင္းလူတစ္ခ်ိဳ႕သာသိထားၾကသည္။အခ်စ္၊အမုန္းခံစားခ်က္တင္မကငိုလည္းငိုျခင္းမရွိသလို၊ရယ္ျခင္း၊ၿပဳံးျခင္းလည္းကင္းမဲ့သည္။
ဒါေပမယ့္........
ယခုအခါတြင္သူမသားေလး၏ပထမဆုံးေသာအၿပဳံးကိုသူမျမင္ေတြ႕ခြင့္ရခဲ့သည္။ဤသည္ကလည္းသူမတို႔ေခၚယူေမြးစားလိုက္သည့္က်န့္ရင္ဆိုသူကေလးငယ္ေလးေၾကာင့္သာျဖစ္သည္။
ဘာေၾကာင့္မွန္းသူမ,မသိေပမယ့္သူမသားေလးေပ်ာ္ေနသ၍အရာအားလုံးအဆင္ေျပသည္။
တစ္ဖက္တြင္လည္းက်န့္နင္သည္သူမကိုလ်စ္လ်ဴရႈ႕၍သူမေမာင္ေလးကိုစကားစေျပာသည့္ထိုကေလးငယ္ကိုၾကည့္ရင္းႏႈတ္ခမ္းအနည္းငယ္ဆူလိုက္သည္။
သူမစိတ္ထဲတြင္ထိုေကာင္ေလးကသူမေမာင္ေလးကိုခိုးယူလိုက္သလိုခံစားရသည္။
_______________________________________________________________