NYAN'S

By HaeBoom

58.2K 6.9K 1K

Own Characters More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပ်ိုင်း(၃၃)အဆက်
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)

အပိုင်း(၃၈)

1.3K 144 19
By HaeBoom

[Warning ⚠️ !!!
This chapter contains adult sense!]

Early Check in ယူထားတယ်ဆိုတဲ့ ဉာဏ်က ဟိုတယ်ကို
မသွားခင် ဗိုက်ဆာတယ်ဆို၍ ဖွင့်နေပြီဖြစ်တဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်ကြရသေးသည်။
တစ်လမ်းလုံး ရေတောင်မသောက်လာဘူးပြောတဲ့ဉာဏ်က ကားရပ်သည့်ဆိုင်မှာလည်း ဘာမှစားမလာခဲ့ပုံမပေါ်ပါ။ နောက်မှ ပြောသည်က ဟိုကထွက်လာကတည်းက ဘာမှမစားရသေးဘူးတဲ့။

လက်ဖက်ရည်ဆိုင်က မီနူးစုံစုံလင်လင်ရပေမယ့် အသားပေါင်းလေးနှစ်ခုနှင့် ကော်ဖီတစ်ခွက်ဖြင့်သာ တင်းတိမ်သွားတဲ့ ဉာဏ်က မနက်စာကို များများစားရတာ သိပ်မကြ်ိုက်တဲ့သူမျိုး။ များများစားဖို့ ပြောချင်ပေမယ့် လုပ်ချင်ရာ လုပ်လာသည့် အကြောင်းစုံကိုသိပြီးတဲ့နောက် စိုးရိမ်ပူပန်မှုနဲ့ ဘာစကားမှ ထပ်မပြောချင်တော့။ ဉာဏ် အဲ့ဒီလို လုပ်ချင်ရာလုပ်ပစ်တတ်တာမျိုးကို တကယ်သဘောမကျတာပါ။

" ဘာမှ မစားဘူးလား"

ချပေးလာသည့် လက်ဖက်ရည်ခွက်ကိုသာ တစ်ငုံသောက်ပြီး မှာထားသည့် အရာတွေကို တစ်ခုမှ မထိလေတော့ ဘေးက ဉာဏ်ကမေးလာသည်။ ထိုအခါမှ စည်သူကလည်း စားနေရင်း ခေါင်းမော့ကြည့်လာသည်။

" အင်း သ်ိပ်မဆာသေးလ်ို့"

ကိုယ်ဖြေပြီးတာနဲ့ ဉာဏ်က ထပ်မှလှည့်လာတော့ဘဲ
စည်သူနဲ့သာ စကားပြောနေသည်။ နဂို ဝါဝင်းတဲ့အသားတွေက ဖြူလာပြီး ဉာဏ်က ဟိုက ရေထုမြေထုနဲ့ တည့်ပုံရသည် လက်တွေ ခြေတွေကအစ နုဖတ်လာသည်။ ခပ်ရေးရေးမြင်နေရတဲ့ အမွေးတစ်ချို့ရှိရာ နှုတ်ခမ်းတစ်ဝိုက်ဆို စိမ်းနေတော့သည်။ လက်ဖမိုးက အကြောစိမ်းတွေကလည်း ခုနက သတိမထားမိပေမယ့် အခုသေချာကြည့်တော့မှ တော်တော်လေး ထင်းနေတာ။

နာရီဝက်လောက်ကြာသည်အထိ ဉာဏ်က တစ်ချက်မှ လှည့်မကြည့်လာသလို ကိုယ်တိုင်လည်း တစ်ခွန်းမှ မပြောဖြစ်။ လက်ဖက်ရည်ဆိုင်က ဖွင့်ထားတဲ့ တီဗီကိုသာ ကြည့်နေလိုက်သည်။ စားပြီးမှ " ရှင်းမယ်"ဆိုတဲ့ စားပွဲထိုးလေးအား လှမ်းခေါ်နေသည့် စည်သူ့အသံကြောင့် ဘောင်းဘီ
အိတ်ထဲမှ ပိုက်ဆံအိတ်ကို ထုတ်ပေးဖို့ ပြင်ရတော့သည်။

" ထားလိုက်  ကျွန်တော့်မှာပါတယ်"

ကိုယ့်လက်ကို လက်ကောက်ဝတ်မှ ကိုင်ပြီး တားလာသည့် ဉာဏ်က သူ့ဘောင်းဘီအိတ်ကပ်ထဲက တစ်သောင်းတန်တစ်ချို့ကို ထုတ်ကာရှင်းနေသည်။ ရန်ကုန်
လေဆိပ်မှာ ငွေဝင်လဲခဲ့ပုံပါပဲ။

" ဒါဆို မင်းတို့ကို ဟိုတည်မှာပဲ ထားခဲ့ပေးမယ်
ဦးလေး ဒီနေ့ ၉နာရီမှ မလား ဆေးရုံက ချိန်းထားတာ"

"အင်း လာမခေါ်တော့နဲ့ ငါ့ဘာသာပဲ လာလိုက်မယ်"

"အ်ိုကေ"

ဟိုတယ်ရှေ့ရောက်တော့ ခပ်ကြီးကြီးကျောပ်ိုးအိတ်သာလွယ်ထားသည့် ဉာဏ်က ရှေ့ကဦးဆောင်ဝင်သွားပြီ Reception မှာ လုပ်စရာရှိတာလုပ်နေသည်။ ဝန်ထမ်းလေးက တစ်ခုခုသုံးဆောင်အုန်းမလာဆိုသည့် Welcome Drink ကိုလည်း ခေါင်းလေခါရင်းသာ ငြင်းလိုက်ပြီး ဆက်ထိုင်နေလိုက်သည်။ Reception ဘာပြောတယ်မသိ ဉာဏ်က လှည့်ကြည့်လာပြီး ကိုယ့်ဆီလျှောက်လာသည်။

" မှတ်ပုံတင်ပါလား"

"အင်း"

ပိုက်ဆံအိတ်ထဲက မှတ်ပုံတင်ကိုထုတ်ပေးလိုက်ပြီးတော့
ဉာဏ်က ယူသွားသည်။ မကြာခင်မှာပဲ ဉာဏ်နှင့်အတူ ဝန်ထမ်းကောင်လေးက ကိုယ်ရှိရာ လျှောက်လာသည်။

"သွားမယ် အခန်းက အပေါ်မှာ"

သော့ကိုင်ကာတက်သွားသည့် ဝန်ထမ်းလေးနောက်မှ နှစ်ယောက်သားအတူတူလိုက်လာသော်လည်း ဘာစကားမှမပြောဖြစ်။ စိတ်ဆိုးတာလည်းမဟုတ်ဘဲ ဘာဖြစ်လို့ဖြစ်နေမှန်း မသိတဲ့စိတ်က တစ်ခုခု မတင်မကျနဲ့။
အခုလောလောဆယ် ဉာဏ့်ရဲ့ မိသားစုတွေသာသိသွား
ခဲ့ရင်ဆိုပြီး စိုးရိမ်နေတာပဲသ်ိသည်။

"တစ်ခုခုလိုအပ်တာရှိရင် reception ကို ဖုန်းခေါ်လိုက်ပါ
ခင်ဗျ"

ဝန်ထမ်းကောင်လေးပြန်ထွက်သွားသည်နှင့် ဉာဏ်က ကုတင်ခြေရင်းမှာ ရှိနေသည့် ခုံပေါ် လွယ်အိတ်ကို ပစ်ချလိုက်ပြီး ကုတင်ပေါ် ဘေးတစ်စောင်းဝင်ထိုင်သည်။

"ပြော အကောင်းကြီးကနေ ရုတ်တရက် ဘာဖြစ်သွားရတာလဲဆိုတာ ကျွန်တော့်ကိုပြော"

မေးလာတဲ့ လေသံက ခပ်အေးအေးဆ်ိုပေမယ့်
မဖြေချင်တာကြောင့် သက်ပြင်းတစ်ချက်ရှိုက်ပြီး ဘာမှမပြောဘဲ ရေချိုးခန်းထဲဝင်ဖို့ လုပ်တော့ လက်ကို လှမ်းဆွဲ
ပြန်သည်။ ကိုယ့်ဘာသာကိုယ်တောင် ဘာဖြစ်နေမှန်းမသိတာ ဘယ်လိုများပြောပြရမလဲ ။ အခု ဉာဏ်နဲ့အတူရှိနေရလို့ ပျော်တာက တစ်ပိုင်းဆိုပေမယ့် ဉာဏ်ဒီလိုလုပ်ချင်ရာ လုပ်နေတာကို အလိုလိုက်နေရတာကလည်း မဟုတ်သေးဘူး။ လူကြီးတွေကို ကိုယ်ပေးထားတဲ့ ကတိက ဉာဏ်မသိဘူးဆိုရင်တောင် မဖောက်ဖျက်ချင်ပါ။

"ပြောလေ"

"ဘာမှမဖြစ်ပါဘူးဆ်ိုကွာ"

"အစ်ကို့မျက်နာက လိမ်လို့မရနေဘူးနော်
ဘာလဲ ကျွန်တော့်ကို မတွေ့ချင်တာလား"

"မဟုတ်တာတွေကွာ"

"ပြောလို့ အဲ့တာဆို အကောင်းကြီးကနေ
ဘာဖြစ်သွားတာလဲဆိုတာ"

"ကိုယ့်ဆီ အခုမင်းရောက်နေတာ လူကြီးတွေ သိသွားလိမ့်မယ် သ်ိသွားရင် ဘာမှပြောစရာမလိုတော့အောင် ဒီအခြေအနေကို အကုန်လုံးက အလိုလိုနားလည်ကုန်မှာ
ကိုယ်ပြောတာ သဘောပေါက်လား"

"သူတို့သိတယ်"

"ဟင် မင်းသိနေတယ်!"

လူကြီးတွေသိနေတာကို ဘာမှမထူးဆန်းနေသလို တုံ့ပြန်နေတဲ့ ဉာဏ်ကြောင့် ရုတ်တရက် ထွက်သွားမိသည့်စကားက ဉာဏ်ရဲ့ မျက်ခုံးနှစ်ခုကို စုကွေးလာစေသည်။

" အစ်ကို"

ဉာဏ်ကောင်းတဲ့ ဉာဏ်က ကိုယ်ပြောလိုက်တဲ့ စကားစုအသံအနေအထားအရ တစ်ခုခုကို မင်္သကာတော့သည့်ပုံစံမျိုးဖြစ်သည်။ ကုတင်ပေါ်က ထလာကာ မျက်နာချင်းဆိုင်လာရပ်သည် အထိ ။

" အစ်ကိုသိနေတာလား အိမ်ကလူတွေသိနေတာကို"

"အင်း ကိုယ်သိတယ်"

မုသာဝါဒဆိုကာ ဉာဏ်နဲ့ပတ်သက်ရင်မှ မဟုတ်ဘူး
ဘယ်တော့မှ ကိုယ်မကျူးလွန်ချင်တဲ့ သီလတစ်ခု။
ငယ်ငယ်က ကိုရင်ဝတ်တော့ ဘုန်းဘုန်းကြီးက မိန့်ဖူးတယ်
ကျူးလွန်ဖို့ အလွယ်ဆုံးက မုသာဝါဒပဲ ။မုသာဝါဒကို လွယ်လွယ်ကျူးလွန်တဲ့သူက တခြား အပြစ်တွေကို ကျူးလွန်ဖို့လည်း တွန့်ဆုတ်မနေတတ်ဘူးတဲ့။

"ဘယ်ကတည်းက သိတာလဲ"

"ဉာဏ် မသွားခင်ကတည်းက"

" တခြား ကျွန်တော်မသိတာတွေ ရှိသေးလား"

"ဉာဏ် မင်းအခုမေးနေတဲ့အသံ ကိုယ်မကြိုက်ဘူး"

" မရဘူးဗျာ အချစ်တစ်ယောက်တည်း ဘာမှ ဖြေရှင်းလို့မရဘူး ပြော အကုန်လုံး ကျွန်တော့်ကိုပြော"

တစ်ခါမှ ဉာဏ်ဒေါသထွက်တာ မမြင်ဖူးလို့လား မသိပါ
အခုမြင်နေရတဲ့ ဉာဏ်က မျက်ခုံးတွေ စုကျုံ့ကာ
နည်းနည်းသွေးဆိုးတဲ့ ပုံစံမျိုးဖြစ်နေသည်။

" လူကြီးတွေက မင်းနဲ့ ကိုယ့်ကို စောင့်ကြည့်နေတယ်
ပြီးတော့ မင်းကို ခနစိတ်ကစားနေတာမျိုး သူတို့ထင်
နေတယ်"

"အဓိပ္ပာယ်မရှိတာ"

"အဲ့တာကြောင့် ကိုယ်က မင်းစိတ်ကစားနေတာမျိုး
မဟုတ်ဖူးဆိုတာ သက်သေပြပေးမလို့ သူတို့ထင်သလို
မင်းနဲ့ကိုယ် အနေဝေးနေလည်း ကိုယ်တို့ကြား ဘာမှ
ကွဲပြားမသွားနိုင်ဘူးဆိုတာ ကိုယ့်ကပြပေးမလို့
တတ်နိုင်သမျှ မင်းနဲ့ ခပ်ခွါခွါနေပေးရင် မင်းက ကြာရင် စိတ်အလိုလိုပြောင်းသွားမယ်လို့ သူတို့ထင်နေတာ"

"နေပါအုန်း သူတို့က အစ်ကို့ဆီကို တိုက်ရိုက်လာပြောခဲ့
တာလား"

"..."

"အဟွန်း ကောင်းရော"

တိတ်ဆိတ်ခြင်းက ဝန်ခံခြင်းဆိုသည့်အတိုင်း ဘာမှမဖြေတဲ့ကိုယ့်ကို ဉာဏ်က ခါးထောက်လျှက် ကျောပေးသွား
သည်။ ရယ်သံကလည်း ရွဲ့တာလား ဘာကိုဆိုလိုခြင်းမှန်း မသိနိုင်တဲ့ ရယ်သံမျိုး။

" အိမ်က လူတွေ ကျွန်တော်မသိအောင် ဇာတ်ကားတွေ
ရိုက်နေတာကို ငြိမ်ခံနေတယ်ပေါ့"

"သူတို့ဖက်ကတွေးကြည့်တော့လည်း မှန်နေတာပဲ"

" သူတို့ပဲ မှန်ပစေလေ ကျွန်တော်တို့ လိုက်မှန်ဖို့မလိုဘူး"

" ဘယ်လိုတွေပြောနေတာလဲ စကားကို"

" အသက်ကြီးတဲ့လူကို ချစ်ရတာလဲ
ဘာမှ စိတ်ချလို့မရနေပါဘူးဗျာ
အကုန်သူတို့အတတ်ကြီးပဲ"

" ဉာဏ် မင်းနော်"

" မဟုတ်ဘူးလားပြော
ဘာမဆို နှစ်ယောက်အတူတူ ဖြေရှင်းမယ်လေး
ရင်ဆိုင်မယ်လေးနဲ့ အခုကျတော့"

"မင်း ထပ်ရွဲ့နေရင် ကိုယ်ပြန်တော့မှာ"

" ပြန်လေ ကျွန်တော်လည်း စင်ကာပူမပြန်တော့ဘူး"

"သုဉာဏ်ထက် မင်း ဘယ်လိုဖြစ်နေတာလဲ"

" သစ္စာဖောက်ခံရလ်ို့ ချစ်သူအစ်ကိုကြီးက
သစ္စာဖောက်လို့ ခံစားနေရတာ သိလားဗျ"

"မင်းနော်"

"အစ်ကိုကလေ ကျွန်တော်က်ိုဆို  တအားအနိုင့်ကျင့်တာနော် ချစ်မှန်းသိလို့ လုပ်ချင်ရာလုပ်နေတာ"

" ..."

"ကားပေါ်မှာ တစ်လမ်းလုံးတောင်မအိပ်နိုင်ဘူး
အစ်ကို့ကိုတွေ့ရတော့မယ်ဆိုတဲ့ အတွေးနဲ့ အခုတော့
ပြသာနာအရင် ရှင်းနေရတယ်"

"အဲ့လိုမဟုတ်ပါဘူးကွာ ကိုယ်က မင်းတို့အိမ်က
သိသွားရင် မလိုအပ်ဘဲ ပြသာနာတွေဖြစ်လာမှာ စိုးရိမ်တာ
အဲ့လိုတွေဖြစ်လာရင် ကိုယ် အန်တီကို မျက်နာပြရဲတော့မှာ
မဟုတ်ဘူး မင်းဟိုက ကျောင်းမပြီးခင်အထိ
ပြသာနာတွေမဖြစ်ဘဲ သူတို့ယုံကြည်မယ့်
အချိန်တစ်ခုထိ ကိုယ်တို့  အေးအေးဆေးဆေးလေးပဲ
သက်သေပြကြရအောင်ပါ ဉာဏ်ရာ"

"ပြောပြလေ အဲ့လိုတွေကြိုပြောထားလေ
ကျွန်တော်က ဘာပြသာနာရှာမှာမလို့လဲ
အခုက ဒီကြားထဲ အစ်ကိုတစ်ယောက်တည်း
စိတ်မသက်မသာဖြစ်နေတာကို အခုမှသိရလို့
စိတ်တိုနေတာ"

" အခုတောင် မင်းဒေါသတွေထွက်နေတာကို
အဲ့ဒီအချိန်တုန်းကဆို ပိုဆိုးမှာပေါ့"

"ထွက်မှာပေါ့ တဝကြီးဖက်အိပ်ပစ်မယ်ဆိုပြီး
တစ်ညလုံးမအိပ်ဘဲ နေထားလို့ လူက လည်ထွက်နေရတဲ့အထဲ အစ်ကိုက မျက်နှာမှမကောင်းတာကို"

" ဟင် ခေါင်းမူးနေတာလား အခု"

အခုမှ အနားတိုးလားပြီး မျက်နာကို ဟိုစမ်းဒီစမ်းလုပ်နေတဲ့ ဒေါက်တာကြီးက တကယ် ဆွဲပြီး နမ်းပစ်ချင်စရာကောင်းနေပြီ။ ဒါပေမယ့် အဲ့ဒီလိုလုပ်လို့ကလည်း မဖြစ်သေး။တစ်ကိုယ်လုံး ငြီးစီစီနဲ့ အနံ့အသက်က
သိပ်မကောင်းနိုင်လောက်တော့။

" ကိုယ့် ဆေးသွားဝယ်လိုက်ရမလား
အာ Reception မှာ တောင်းလို့ရမယ်ထင်တယ်"

" ရတယ် ခနအိပ်လိုက်ရင် သက်သာသွားမှာ
ရေအရင်ချိုးလိုက်မယ် နည်းနည်းလန်းသွားအောင်"

"အင်း မြန်မြန်လုပ် ကိုယ် အဝတ်ထုတ်ထားပေးမယ်"

ဘာမှ မထူးခြားတဲ့ စကားလေးဆိုပေမယ့် ရင်ထဲ အိကနဲ
ဝင်သွားတဲ့ သံစဉ်ချိုချိုလေး။ အင်း ...ကျွန်တော့်အချစ်ရဲ့
အသံက အဲ့သလိုမျိုးလေး ရင်ထဲကို စီးဝင်နိုင်သေးတာ။
ကိုယ့်ဘာသာကိုယ် ထွက်မိတဲ့ဒေါသမီးက အေးချမ်းရိပ်လေးမှာ ကြာကြာမတောက်နိုင်ပါ။ မျက်နာလေး
တစိမ့်စိမ့်ကြည့်ရင်းကို  ထွက်နေတဲ့ ဒေါသက ငြိမ်းသွားတာများ မယုံချင်စရာ။ အခုမှပဲ ဖေဖေက ဒေါသဘယ်လောက်ထွက်နေနေ မေမေတစ်ခွန်းလောက် ဝင်ပြောလိုက်တာနဲ့  ဘာလို့ငြိမ်သွားသလဲဆိုတာ နားလည်လာတော့သည်။

ရေချိုးပြီးထွက်လာတော့ ကုတင်ပေါ်ထိုင်ရင်း ဖုန်းပြောနေသူက ထုတ်ထားပေးတဲ့ အဝတ်အစားကို လက်ညိုးထိုးပြသည်။ တီရှပ်တစ်ထည်နှင့် အောက်က sport pants အတိုတစ်ထည်ကို ထုတ်ပေးထားသည်။ ကြည့်ရတာ သက်တောင့်သက်သာဖြစ်မည့် အဝတ်အစားကို ရွေးထုတ်ပေးထားပုံရသည်။

Roll Onသုံးနေတုန်းကလည်း အကောင်း၊ တီရှပ်စွပ်နေ
တုန်းကလည်း ကိုယ့်ကိုကြည့်ကာ ဖုန်းပြောပင်မပျက်သူက အောက်က boxer ဝတ်ဖို ပြင်တော့ ခပ်တည်တည်နဲ့ ကျောပေးသွားသည်။ ခါးမှာ တဘတ်ပတ်ထားတာကို ဘာတွေ ရှက်ပြန်တာလဲ ပေါက်ဖော်ကြီးက။

အဝတ်အစားအကုန်ဝတ်ပြီးသွားသည်အထိ ဖုန်းပြောလို့ မပြီးသူက "ဟုတ်ကဲ့ ဆရာ"ဆိုတာကို မနားတမ်းပြောနေပုံအရ တဖက်လူက ပါရဂူတစ်ယောက်ယောက်
ဖြစ်မည်။ ခေါင်းသုတ်နေရင်း အနားတိုးသွားတော့လည်း တစ်ချက်မော့ကြည့်လာပြီး "ဘာလဲ"ဆိုကာ မျက်ခုံးပင့်ရင်း မေးသည်မလို့ ခေါင်းခါပြကာ tonerဘူးကို ထုတ်ပြီး
လိမ်းနေလိုက်သည်။ ခပ်ညိုညိုဖြစ်နေတဲ့ မျက်ကွင်းတွေကို မှန်နားတိုးကပ်ရင်း သေချာကြည့်ပြီးမှ အိပ်ရာပေါ် ဝင်လှဲလိုက်သည်။ တစ်ညလုံးမအိပ်ရသေးတဲ့ မျက်လုံးတွေက ကြိမ်းစပ်နေပြီ။

" အိပ်တော့မလို့လား"

မအိပ်ပျော်သေးပေမယ့် မျက်လုံးမှိတ်ကာ မှေးနေတုန်း
အမေးစကားနှင့်အတူ နဖူးပေါ် လက်ဖဝါးတစ်ဖက်က
ရောက်လာသည်။

" အင်း ဒီကိုလာ"

မျက်လုံးမဖွင့်ပဲ လက်နှစ်ဖက် မြှောက်ပြီး ရင်ခွင်ထဲခေါ်တော့ မဆိုင်းမတွပင် ရောက်လာသည်။ က်ိုယ့်ပေါ်မှီချလိုက်တာမျိုးမဟုတ်ဘဲ ခေါင်းက တစ်ဖက်ခေါင်းအုံးပေါ် မှာမလို့ ကိုယ်ရဲ့ ခန္ဓာကိုယ်ကိုပါ စောင်းလိုက်ရသည်။

" ကိူယ်ခုနနေ အလုပ်ကိစ္စရှိလို့ အပြင်သွားရမှာ
ခေါင်းမူးနေတာ မပျောက်ရင် လိုက်ခဲ့မလား
Pressure လေး ဘာလေးတိုင်းကြည့်ရအောင်
မင်းက ကားအကြာကြီးစီးလို့မရတာကို"

" ကားနဲ့မလာရင် ဒီမနက်လေယာဉ်ချိန်ထိ စောင့်နေရမှာ
အဲ့လောက် မစောင့်နိုင်လို့"

ဘာစကားမှ ထပ်မဆိုလာတော့ဘဲ တိတ်ဆိတ်သွားသည့်အခြေအနေမှာ မျက်လုံးဖွင့်ကြည့်တော့ ကိုယ့်ကို ကြည့်နေတဲ့ မျက်ဝန်းညိုတွေက တလဲ့လဲ့။ မျက်လုံးချင်း ဆုံကာ တစ်ယောက်နှင့်တစ်ယောက် အကြည့်မလွဲတော့
လက်ဖဝါးတစ်ဖက်က ပါးပြင်ဆီ အုပ်မိုးလာသည်။ ထို့နောက် တဖြေးဖြေးတိုးကပ်လာတဲ့ မျက်နာလေးနှင့်အတူ နဖူးပြင်ဆီ နွေးထွေးသွားတဲ့ အထိအတွေ့လေး။

မတင်းတိမ်နိုင်တဲ့ကိုယ်က ခေါင်းကို မော့ကာ မြင်နေရတဲ့
ပန်းရောင်နှုတ်ခမ်းတွေဆီ ကျူးကျော်ပစ်လိုက်သည်။
လွမ်းနေခဲ့ရတဲ့ ခပ်ချိုချိုအရသာလေးက ဒီနှုတ်ခမ်းတွေမှာပဲ ဖြစ်တည်တယ်။ ကြည်ရှင်းနေတဲ့ ရနံ့ကလည်း ဒီလူသားဆီမှာပဲ ကပ်တွယ်နေတယ်။ နွေးထွေးတဲ့ ခံစားချက်ကိုလည်း ဒီလက်ဖဝါးတွေရဲ့ အထိအတွေ့မှာ ခံစားနိုင်တယ် ။ကြည်နူးစရာကောင်းတဲ့ ရန်ခုန်ခြင်းဆိုတာလည်း
ဒီအနမ်းတွေနဲ့အတူ ဖြစ်ထွန်းတယ်။ ဒီအရာတွေအားလုံးဟာ ကျွန်တော့်ရဲ့ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရာလေးနဲ့မှ ဖြစ်တည်တယ်။

" ခနအိပ်လိုက် ကိုယ် ၂နာရီလောက်ပဲကြာမှာ ပြန်လာမှ
နေ့လည်စာစားမယ်"

" အင်း"

အချိန်တစ်ခုကြာပြီးတဲ့နောက် အနမ်းတွေ ရပ်တန့်လိုက်ကြပြီး ရင်ခွင်ထဲတိုးဝင်လိုက်သည့်တိုင် က်ိုယ့်လည်ဂုတ်ပေါ်က လက်တွေက ဖယ်မသွားခဲ့ပါ။ လည်တိုင်ဖြူနုနုဆီ နှာခေါင်းနှင့် ဖိကပ်တော့ နေရခက်သည်ထင် နောက်ကိုယ်ို့သွားသည်။ထို့နောက် တဖြေးဖြေးလေးလံလာတဲ့ မျက်ခွံတွေက သဘောအကျရဆုံးရင်ခွင်ဆီမှာ ဘယ်လိုမှ
ထိန်းထားနိုင်စွမ်းမရှိတော့တဲ့နောက် အိပ်စက်ခြင်းဆီသို့ရောက်ရှိသွားရတော့သည်။

ပြန်နိုးလာတဲ့အချိန် ဖုန်းကို ကောက်ကိုင်တော့ ၁၂နာရီထိုးတော့မည်။ အိပ်လိုက်တာ ၈နာရီခွဲလောက်ကတည်းကမလို့ အစ်ကို ဘယ်အချိန်အပြင်ထွက်သွားလဲဆိုတာတောင် မသိလိုက်ပါ။ တကယ်ဆို ဒီနေ့လေးတစ်ရက်ပဲ အတူတူရှိရတာ တစ်နေကုန် အတူရှိနေချင်ပေမယ့် ဆရာဝန်တစ်ယောက်ဖြစ်တဲ့ အစ်ကိုက သူများရဲ့ ကျန်းမာရေးအတွက် ကူညီပေးနေတာမလို့ ဘာအတွန့်မှ မတက်ချင်ပါ။

ကိုစည်သူပြောထားလို့ ယခု လူနာ၏ သမီးဖြစ်သူက
အချစ်ရဲ့မာမားက အရမ်းသဘောကျနေတယ်ဆိုတာ အနည်းအကျဉ်းတော့ သိထားပေမယ့် ထုတ်မမေးချင်ပါ။
အစ်ကိုက သူ့ဘာသာသူ အရာရာကို ဆုံးဖြတ်နိုင်တဲ့
လူတစ်ယောက်မလို့ အဲဒီ့ကိစ္စနှင့်ပတ်သတ်ပြီး
စိုးရိမ်တယ်ဆိုတာ မြူမှုန်တစ်စတောင်မရှိနေပါ။
ဒါပေမယ့် ဒီထက်ပိုပြီး ဘာအကြောင်းပြချက်တွေနဲ့မှ
မရင်းနှီးစေချင်တော့တာ အမှန်ပဲ။ မယုံတာမျိုးအဟုတ်ပေမယ့် အနေဝေးနေတဲ့အချိန်မှာ မတော်တဆတွေဆိုတာမျိုးတော့ ကြောက်ပါသည်။

နေ့လည်စာအတူတူစားမယ်ဆိုသူက ၁နာရီလောက်အထိ ပြန်ရောက်မလာပါ။ ပို့နေတဲ့ massage တွေက်ိုလည်း reply ပြန်မလာဘဲ ဘာတွေများ အလုပ်ရှုပ်နေသလဲမသိ။
တစ်နှစ်ဆိုတာက တွေးကြည့်တော့လည်း ဘာမှမဟုတ်သလိုပါပဲ။ အရင်နှစ် ဒီနေ့ ဒီအချိန်မှာဆို အစ်ကိုဆီက ချစ်တယ်ဆိုတဲ့ အဖြေရပြီးနေပြီ။ အစ်ကိုနဲ့ တွေ့ရတာဟာ သိပ်ကို သဘောကျစရာကောင်းတဲ့ ဘဝရဲ့ မှတ်တိုင်လေးတစ်ခုပဲ။ အစ်ကိုနဲ့ ပတ်သတ်ပြီးမှ သိလာရတဲ့  ကိုယ်ဟာ ဒီလိုမျိုးချစ်တတ်တဲ့ လူတစ်ယောက်ဆိုတာပါလားဆိုတဲ့ ကိုယ့်အကြောင်းကိုယ်လည်း မယုံနိုင်ဖြစ်ရသေး။

ကိုယ်အတွေးနဲ့ ကိုယ်ပြုံးနေတုန်း ခပ်တိုးတိုး တံခါးခေါက်သံကြောင့် ချက်ချင်းထကာ သွားဖွင့်ပေးမိတော့ ထင်သည့်အတိုင်း အချစ်ပါပဲ။

"ဆောရီး ကိုယ်အိမ်မှာ လိုအပ်တာတစ်ချို့ ပြန်ယူနေလို့ နောက်ကျသွားတယ်"

"အင်း အခုမှနိုးတာ"

အနောက်နေ ကျောပြင်ကို ရင်ဘတ်နဲ့ကပ်ပြီး ခါးတွေဆီ ထွေးပိုက်တော့ လှည့်ကြည့်လာသည်။ မနက်က အဝတ်အစားနှင့်မဟုတ်တော့သည့် အစ်ကိုက အိမ်မှာ ရေပါချိုးလာသည်ထင် မွှေးနေတော့သည်။

" ဗိုက်ဆာပြီမလား နေ့လည်စာ ဘာစားမလဲ
အပြင်မှာ သွားစားမလား"

"ဟင့်အင်း"

" ကိုယ် ဗိုက်ဆာနေပြီလ်ို့ ဒီလမ်းထောင့်မှာ မြန်မာအစားအသောက်တွေ ရတဲ့ ဆိုင်ကောင်းကောင်းရှိတယ်"

" သဘော"

" သွားမယ်လေ"

" အင်း...."

အင်းဆိုတဲ့ သံရှည်ဆွဲမှုနောက်မှ ကိုယ့်ခါးတွေက လက်တွေက ပိုတင်းကြပ်ပြီး နားရွက်နဲ့လည်ပင်းစပ်နေရာကို ဖိကပ်လာပြီး ငြိမ်သက်နေတဲ့ ဉာဏ်က သူစိတ်တိုင်းမကျမချင်း လွှတ်အုန်းမှာမဟုတ်လို့ ရုန်းရင်ဆန်ခတ်ဖြစ်နေတဲ့ ကိုယ့်ရင်ဘတ်ကို မသိချင်ယောင်ဆောင်ရင်း
ငြိမ်ငြိမ်လေးသာနေပေးလိုက်သည်။

" သွားမယ်"

ထင်သည့်အတိုင်းပဲ စက္ကန့်၃၀လောက်ကြာတော့ လူကိုလွှတ်ကာ သွားဖို့ပြောလာသည်။

သိပ်မဝေးတဲ့ စားသောက်ဆိုင်လေးက မြန်မာ့လက်မှုလေးတွေနဲ့ သေချာပြင်ဆင်ထားတဲ့ ဆိုင်လေးမလို့ ပုဂံမှာ ရှိတဲ့ ဆိုင်လေးတွေနဲ့တောင် ခပ်ဆင်ဆင်ပါ။ စားပွဲပေါ်က အသုံးအဆောင်လေးတွေတောင် ယွန်းထည်လေးတွေ အသုံးပြုထားသည်မလို့ ချစ်စရာကောင်းပါသေးသည်။

အစားအသောက်တွေက်ို ဉာဏ့်သဘောကျတွေသာ
မှာလိုက်ပြီး ခနထိုင်စောင့်နေတုန်း..

"ညနေ ဦးပိုင်ဖက် သွားချင်လား"

"ဟင့်အင်း"

"မန္တလေးတောင်ရော"

ခေါင်းချည်းခါနေတဲ့ ဉာဏ်က ခြေချိတ်ထိုင်နေပြီး အဝတ်အစားမလဲလာတာကြောင့် မနက်က ဝတ်ထားတဲ့ ဘောင်းဘီတိုကြောင့် ခြေတံဖြူဖြူတွေက မကြည့်ဘဲ မနေနိုင်။ နဂိုကမှ ဟိုတယ်လာတဲ့ လမ်းမှာစည်သူကြောင့် လူက နေရထိုင်ရခက်နေရတဲ့အထဲ။ ကိုယ်ဆေးအိတ်ယူကတည်းက ပြုံးစိစိဖြစ်နေတဲ့ စည်သူကို အစက သတိမထားမိပေမယ့်  ခေါင်းကိုက်နေတယ်ပြောတဲ့ ဉာဏ်ကြောင့် အကိုက်အခဲပျောက်ဆေး ဝင်ဝယ်ပေးတော့မှ စည်သူက ကားမောင်းနေရင်း တခွီးခွီးရယ်နေမှ ဆက်စပ်တွေးမိပြီး မျက်နာပါပူလာရသည်။

"ဘယ်မှ မသွားဘူး နှစ်ယောက်တည်းပဲ ရှိချင်တာ"

လှည့်ကြည့်ကာပြောလာတဲ့ ဉာဏ်ကြောင့် ရုတ်တရက် အသက်ရှုတောင် အောင့်လိုက်မိသည့်အထိ။ မဟုတ်သေးဘူး မတွေ့ရတာ ခြောက်လလောက်လေးကို ဒီကောင်လေး အရမ်းတွေ ကြည့်ကောင်းလာတာ မဟုတ်သေးဘူး။

" အင်း အင်း ဉာဏ့်သဘောပဲ"

ဉာဏ်နဲ့ ဆန့်ကျင်ဘက်ကို လှည့်ကာ ဟူးကနဲ လေပူတွေကို မှုတ်ထုတ်လိုက်မှ ရင်ဘတ်ထဲ နေလို့ထိုင်လို့ကောင်းသွားတော့သည်။

" ဘယ်နေ့ပြန်မှာလဲ"

"မနက်ဖြန် ဉာဏ်ကို လေဆိပ်လိုက်ပို့ပြီးမှ"

အစားအသောက်တွေရောက်လာတော့လည်း  နှစ်ယောက်သား စကားတပြောပြောနှင့် စားလ်ုက်ကြခြင်းဖြစ်သည်။  ဗိုက်ဆာနေပေမယ့် တကယ်တော့  နှစ်ယောက်လုံး သုံးလေးဇွန်းလောက်သာ စားဝင်ခဲ့တာဖြစ်သည်။ ဉာဏ်ဖက်က ခန့်မှန်းလို့ရတာမဟုတ်ဖူး ချောင်းသာမှာလိုသာ ထပ်ဖြစ်လာခဲ့ရင် အမှန်တိုင်းပြောရရင် မငြင်းချင်တော့ပါ။ ဘာအကြောင်းပြချက်မှမဟုတ်ဘဲ ဉာဏ်ကို ချစ်လို့ မငြင်းဆန်ချင်တာမျိုးပါပဲ။

ဟိုတယ်ခန်းထဲပြန်ရောက်တော့ ဉာဏ်ကို
BPတိုင်းပေးဖို့လုပ်ရတော့သည်။ သွေးပေါင်းချိန်က နဂိုကတည်းက နည်းတဲ့သူမလို့ ၁၂၀အပြည့်မဟုတ်ပေမယ့် ဉာဏ်က သာမာန်ပဲဖြစ်သည်။ ထမင်းစားပြီးသောက်ထားတဲ့ Energy drink ကြောင့် ဉာဏ်က လန်းဆန်းနေတာများ။

" ဘာမှမဖြစ်တော့ဘူးလို့ပြောသားပဲ"

" တိုင်းလိုက်လည်း ဘာမှမဖြစ်ဘူးလေ"

" ဆရာဝန်ကို ယူမှာဆိုတော့ အသက်ရှည်ရှည်နေရ
ချည်သေးရဲ့ဗျာ"

"ပေါက်တက်ကရတွေ"

"ဟား ဟား"

ဆေးအိတ်ကို သိမ်းပြီး ကုတင်ပေါ်ကနေပဲ
ဘေးက ခုံပေါ် လှမ်းတင်နေတုန်း
ခါးကနေ့ ဆက်ခနဲ ဆွဲလိုက်တဲ့ ဉာဏ်ကြောင့်
မွေ့ယာအိအိပေါ်
အင့်ကနဲ အထပ်လိုက်ကျသည်။

" ဉာဏ်ရာ နာသွားပြီမလား"

အမေးနဲ့အတူ ထမလို့ပြင်လိုက်ပေမယ့် ကိုယ့်ထက်မြန်တဲ့ ဉာဏ်က ကိုယ့်အပေါ်အုပ်မိုးလာသည်မှာ ချက်ချင်း။

" အစ်ကို"

"ဟင်"

" ချစ်သူဖြစ်တာ တစ်နှစ်ရှိပြီ နမ်းတာကနေ မတက်ရတော့ဘူးလားဗျ"

"ဉာဏ်ရာ ပေါက်ကရတွေ စလာပြန်ပြီလား"

"  ဘယ်မှာ ပေါက်ကရလို့လဲ"

" အဲ့တာက ဟို"

" မလွယ်ကူဘူးဆိုတာ သိလို့ ကျွန်တော်လည်း လေ့လာထားပါတယ်"

" ဟို"

"ကျွန်တော်ကတော့ အစ်ကို့ကို လိုချင်တယ်
အစ်ကိုရော လိုချင်လား  အဲ့ဒီကိစ္စက ကျွန်တော်အတွက် အစ်ကိုနဲ့မလို့ ဘယ်နေရာမှာပဲ နေရနေရ အရေးမကြီးဘူး
အစ်ကိုဆုံးဖြတ်တာ ကျွန်တော်လက်ခံပေးမယ်"

"  ကိုယ်တို့ ပြင်ဆင်ဖို့ လိုမယ်ထင်တယ်"

" အင်း  ဘယ်လိုပြင်ဆင်ရမှာလဲ အစ်ကိုပြောပြ
ကျန်တဲ့လိုအပ်တာတွေတော့ ကျွန်တော်ဝယ်လာတယ်"

"ဘာ"

" ဟိုမှာကတည်းက ဝယ်လာတာ ဒီမှာ ကွန်ဒုံးရောင်းတဲ့
နေရာပဲသိတယ် ဟိုဟာဝယ်ရမည့်နေရာ မသိဖူး"

" မင်း ဘယ်ကတည်းက"

" ချစ်လို့လေဗျာ ချစ်သူတစ်ယောက်လုံးရှိနေတာ
ကျွန်တော်က ဘယ်သူ့ကို သွားပစ်မှားနေရမှာလဲ
ကိုယ့်ချစ်သူကိုပဲ ကိုယ်ချစ်ချင်တာပေါ့"

" စကားကို အရှက်မရှိတိုင်းပြောနေတာ
ဉာဏ် မင်းနော်"

"မင်းနော် မနေနဲ့ ဖြေ ကျွန်တော့်ကို ချစ်မှာလား
ကျွန်တော်က ချစ်ရမှာလား"

" မင်းက အတင်းအကြပ်လုပ်နေသလိုဖြစ်နေပြီ"

" အစ်ကိုသာ ငြင်းရင်း လက်ဖျားနဲ့တောင်မထိဘူး
စိတ်ချ အစ်ကိုကသာ မညာဘဲဖြေ"

"အခုလား"

"အင်း"

" ထမင်းစားထားတာ"

"ကြောင်စာလောက်ပဲ စားပြီး အကွက်မရွှေ့နဲ့
အစ်ကိုလည်း ယောကျာ်းပဲဗျာ လုပ်ချင်ရင် လုပ်ချင်တယ်
မလုပ်ချင်ရင် မလုပ်ချင်ဘူးပေါ့ ဒီကိစ္စကို တစ်ခါမှ မတွေးဖူးဘူးလို့တော့ မပြောနဲ့နော်"

" တော်ပါတော့ ဉာဏ်ရာ မင်းက စကားများလိုက်တာ
ခနလေး အရင် ကိုယ်ပြောတာ နားထောင်အုန်း
ကိုယ်တို့က အတွေ့အကြုံမရှိသေးတာမလို့
ခန္ဓာကိုယ်ဗေဒအရ ဘယ်သူက ဘယ် physical sensation က်ု ပိုသဘောကျလဲဆိုတာမျိုး ကိုယ်တို့မသိနိုင်သေးဘူး
ပြီးတော့ safeဖြစ်ဖို့က STIs(Sexually Transmitted Infections)တွေလည်း မစစ်ထားဘူး"

" ဟိုကိုမသွားခင် အကုန်စစ်ထားပြီးသား
ဒီခြောက်လအတွင်း ဘယ်သူနဲ့မှတောင် ရေတစ်ခွက်
တည်းအတူတူမသောက်ထားဘူး"

"ကိုယ်ကပြောပြတာပါ ဉာဏ်ကို မယုံလို့မဟုတ်ပါဘူး"

"ဘဝကလည်း ဒုက္ခပါပဲ"

"ဟင် ဘာလို့လဲ"

" အစ်ကိုစကားများနေတာ ကျွန်တော့်ညီလေးက
အောင့်နေပြီ"

မျက်နှာလေးရှုံ့ကာပြောလာတဲ့ ဉာဏ်က နားရွက်တွေပင် နီနေပြီမလို့ သဘောတကျပင် အော်ရယ်မိတော့သည်။ နှာဗူးလေးက နှာဗူးထနေချိန်တောင် ဂျစ်ကန်ကန်လေး။

" ဒီညီလေးလား နှာဗူးထနေတာ"

ပေါင်တစ်ဖက် မကာ ဉာဏ့်ရဲ့ အကောင်ပေါက်လေးကို
တိုက်ရင်းစတော့ "အ"ခနဲ အော်ကာ နှုတ်ခမ်းကိုက်ပြီး
မျက်လုံးပြူးကာကြည့်လာသည်။

" အစ်ကို့အပိုင်ဖြစ်လာမဲ့ဟာနော် ရိုရိုသေသေကိုင်တွယ်ဗျ"

"ဒီပါးစပ်က ပေါက်တက်ကရတွေ
မတော်သေးဘူးလား"

"တော်စေချင်ရင် နမ်း"

" တကယ့်ကောင်လေး"

အပေါ်ကနေ အုပ်မိုးနေသူကို လည်ပင်းကနေဆွဲချကာ
အနမ်းတွေ စတင်လိုက်တာ နင့်နင့်သည်းသည်း။
မင်းနဲ့မလို့ ဉာဏ်ဖြစ်နေလို့ထင်တယ် ကိုယ်ဦးနှောက်က ဘာမှမတွေးဘဲ အလိုလိုက်ချင်နေခဲ့တယ်။ ကြ်ုက်သလောက် ဆိုးစမ်း ကိုယ့်ကောင်လေးရာ ကိုယ်မင်းကို အမြဲတမ်း
အလိုလိုက်မှာမလို့။

နမ်းနေရာကနေ ခန္ဓာကိုယ်ကိုမတ်ကာ ဝတ်ထားတဲ့ တီရှပ်ကို လှန်ချွတ်နေတဲ့ ဉာဏ်က တကယ်ကြည့်ကောင်းနေခဲ့ပေမယ့် ဘေးကိူ ခေါင်းစောင်းရင်း အကြည့်လွဲလိုက်သည်။ တဖန် နှုတ်ခမ်းတွေဆီ ပြန်ရောက်လာတဲ့ ဉာဏ်နှုတ်ခမ်းတွေဆီ  စုစည်းထားသည့် အာရုံအလုံးစုံသည် ရင်ဘတ်တွေဆီ တိုးဝင်လာတဲ့ လက်တစ်ဖက်ကြောင့် အလဲလဲအကွဲကွဲပြန်ဖြစ်ရပြန်သည်။

  ရှပ်အင်္ကျီ ကြယ်သီးတို့ အားလုံးပြုတ်သွားချိန် နိမ့်ဆင်းသွားသည့် ဉာဏ်ရဲ့ ခေါင်းက လည်ပင်းတွေမှာ ခရီးတစ်ထောင့်နားပြီးမကြာ ဆက်ပြီး ခရီးဆက်ပြန်သည်။ တကယ်ကို ဆန္ဒပြင်းပြနေခဲ့တဲ့ ဉာဏ်ကိုကြည့်ရင်း
အဆမတန်မြန်လာတဲ့ ရင်ဘတ်ကလည်း ထိန်းမနိုင်သိမ်းမရပါပဲ။  ဆံပင်တွေဆီ တိုးဝင်နေတဲ့ ကိုယ့်လက်တွေက ဉာဏ်မျက်နာကို ဆွဲပွေ့ယူရင်း အနမ်းတွေ ပြန်ဆက်ပြန်တော့ ခါးတွေဆီ ပွတ်သပ်လာတဲ့ လက်အထိအတွေ့က ရူးချင်စရာ။

"အချစ် လက်ခံမှာလား"

ဘောင်းဘီကြယ်သီးကို က်ိုင်တွယ်ရင်း နောက်တစ်ကြိမ်ထပ် အတည်ပြူလာတဲ့ ဉာဏ်ကြောင့် ခေါင်းငြိမ့်ပြမိတော့ သွားချွန်တွေ ပေါ်အောင်ပြုံးသည်။ လျင်မြန်လွန်းတဲ့ ဉာဏ်လက်တွေက ဘောင်းဘီကုတင်အောက်ရောက်သွားဖို့ တစ်မိနစ်တောင်မကြာလိုက်ပါ။

လင်းထင်းနေတဲ့ ဟိုတယ်ခန်းကြောင့် ရှက်နေတဲ့ ခံစားချက်က တကယ်ကို ကိုယ့်အပေါ် တပ်မက်စိတ်ပြင်းပြနေတဲ့ ဉာဏ်ကြောင့် ပျောက်ကွက်သွားရသည်အထိ။ ကျောပ်ိုးအိတ်အတွင်းဆုံးအိတ်ကနေ ထုတ်လာတဲ့ အပြာရောင်ဘူးလေးနှင့်အတူ တံဆိပ်တူ လေးထောင့်စက္ကူဘူးလေးကြောင့် လူကတောင့်ခနဲ။ အေးစက်စက်အရာတွေနဲ့ အတူ စတင်လာတဲ့ လက်ချောင်းတွေရဲ့အထိအတွေ့မှာ ဉာဏ့်ကို ဆွဲဖက်ထားလိုက်တော့ ဉာဏ်က တအံ့တဩ။

"ဘာဖြစ်လို့လဲ နာလို့လား"

"ဟင့်အင်း  မကြည့်နေနဲ့"

" အင်းပါ မကြည့်တော့ဘူး ကျွန်တော့်ကို နမ်း"

ထို့နောက် ..........

ဉာဏ်နဲ့အတူ လျှောက်လမ်းမိတဲ့ နှစ်ကိုယ်တူ အချစ်လမ်းလေးက ပထမဆုံးအကြိမ်ဆိုပေမယ့် ကိုယ့်မျက်နာကို တကြည့်ကြည့်နဲ့ ဉာဏ်က အညင်သာဆုံး ဦးဆောင်သွားခဲ့သည်။ နာကျင်မှုကြောင့် ကိုယ့်နှုတ်ခမ်းကို ကိုယ်ကိုက်တာတောင် မကြိုက်ချင်တဲ့ ဉာဏ်က ကိုယ့်မျက်ခုံးလေး ကျုံ့တာနဲ့ အနမ်းတွေဖြင့် အခစားဝင်လာကာ သက်သာအောင် ကြံဖန်တော့သည်။ လည်ပင်းတွေမှာမဟုတ်ဘဲ ရင်ဘတ်တစ်ခုလုံး အနီကွက်တွေက လေးငါးခုဖြစ်သည်အထိလည်း ဉာဏ်က ဆိုးပြန်သည်။

Bathtub ထဲ ရေနွေးစပ်ပေးပြီး လူကို မချီရုံတမယ် ပြုစုပေးနေတော့ မနေတတ်လို့ ငြင်းတော့လည်း အပြုံးမပျက်ပါ။ ရင်ခွင်ထဲထည့်ပြီး ကိူယ့်မျက်နာကို ငါးစက္ကန့်တစ်ခါ ငုံ့ကြည့်လိုက် ပြုံးလ်ုက်လုပ်နေတဲ့ ဉာဏ်ကြောင့် ရှက်ရတာကလည်း တစ်လုပ်။ ကျောပြင်ပေါ်က ခပ်ဖွဖွ လက်အထိအတွေ့ကြောင့် မှေးစင်းလာတဲ့ မျက်လုံးတွေ မမှိတ်ခင်း ပါးပြင်က မှဲ့နေရာဆီ ရှူးကနဲမြည်အောင် အနမ်းခံလိုက်ရတာလည်း သိလိုက်ပါသေးတယ်။

ကိုယ့်ထပ်ငယ်တဲ့သူကို ချစ်ရတာလည်း  ဟိုကနည်းနည်းလေးဂျစ်ပြတာနဲ့ အလိုလိုက်နေရတာ မဟုတ်သေးပါဘူး။
တော်ပြီ နောက်တစ်ခါ ဉာဏ် ဂျစ်တိုင်း အလိုမလိုက်တော့ဘူး။

______\\\_____\\\_________
❤️❤️

[Warning ⚠️ !!!
This chapter contains adult sense!]

Early Check in ယူထားတယ္ဆိုတဲ့ ဉာဏ္က ဟိုတယ္ကို
မသြားခင္ ဗိုက္ဆာတယ္ဆို၍ ဖြင့္ေနၿပီျဖစ္တဲ့ လက္ဖက္ရည္ဆိုင္တစ္ဆိုင္မွာ ဝင္ထိုင္ၾကရေသးသည္။
တစ္လမ္းလုံး ေရေတာင္မေသာက္လာဘူးေျပာတဲ့ဉာဏ္က ကားရပ္သည့္ဆိုင္မွာလည္း ဘာမွစားမလာခဲ့ပုံမေပၚပါ။ ေနာက္မွ ေျပာသည္က ဟိုကထြက္လာကတည္းက ဘာမွမစားရေသးဘူးတဲ့။

လက္ဖက္ရည္ဆိုင္က မီႏူးစုံစုံလင္လင္ရေပမယ့္ အသားေပါင္းေလးႏွစ္ခုႏွင့္ ေကာ္ဖီတစ္ခြက္ျဖင့္သာ တင္းတိမ္သြားတဲ့ ဉာဏ္က မနက္စာကို မ်ားမ်ားစားရတာ သိပ္မၾက္ိုက္တဲ့သူမ်ိဳး။ မ်ားမ်ားစားဖို႔ ေျပာခ်င္ေပမယ့္ လုပ္ခ်င္ရာ လုပ္လာသည့္ အေၾကာင္းစုံကိုသိၿပီးတဲ့ေနာက္ စိုးရိမ္ပူပန္မွုနဲ႔ ဘာစကားမွ ထပ္မေျပာခ်င္ေတာ့။ ဉာဏ္ အဲ့ဒီလို လုပ္ခ်င္ရာလုပ္ပစ္တတ္တာမ်ိဳးကို တကယ္သေဘာမက်တာပါ။

" ဘာမွ မစားဘူးလား"

ခ်ေပးလာသည့္ လက္ဖက္ရည္ခြက္ကိုသာ တစ္ငုံေသာက္ၿပီး မွာထားသည့္ အရာေတြကို တစ္ခုမွ မထိေလေတာ့ ေဘးက ဉာဏ္ကေမးလာသည္။ ထိုအခါမွ စည္သူကလည္း စားေနရင္း ေခါင္းေမာ့ၾကည့္လာသည္။

" အင္း သ္ိပ္မဆာေသးလ္ို႔"

ကိုယ္ေျဖၿပီးတာနဲ႔ ဉာဏ္က ထပ္မွလွည့္လာေတာ့ဘဲ
စည္သူနဲ႔သာ စကားေျပာေနသည္။ နဂို ဝါဝင္းတဲ့အသားေတြက ျဖဴလာၿပီး ဉာဏ္က ဟိုက ေရထုေျမထုနဲ႔ တည့္ပုံရသည္ လက္ေတြ ေျခေတြကအစ ႏုဖတ္လာသည္။ ခပ္ေရးေရးျမင္ေနရတဲ့ အေမြးတစ္ခ်ိဳ႕ရွိရာ ႏွုတ္ခမ္းတစ္ဝိုက္ဆို စိမ္းေနေတာ့သည္။ လက္ဖမိုးက အေၾကာစိမ္းေတြကလည္း ခုနက သတိမထားမိေပမယ့္ အခုေသခ်ာၾကည့္ေတာ့မွ ေတာ္ေတာ္ေလး ထင္းေနတာ။

နာရီဝက္ေလာက္ၾကာသည္အထိ ဉာဏ္က တစ္ခ်က္မွ လွည့္မၾကည့္လာသလို ကိုယ္တိုင္လည္း တစ္ခြန္းမွ မေျပာျဖစ္။ လက္ဖက္ရည္ဆိုင္က ဖြင့္ထားတဲ့ တီဗီကိုသာ ၾကည့္ေနလိုက္သည္။ စားၿပီးမွ " ရွင္းမယ္"ဆိုတဲ့ စားပြဲထိုးေလးအား လွမ္းေခၚေနသည့္ စည္သူ႔အသံေၾကာင့္ ေဘာင္းဘီ
အိတ္ထဲမွ ပိုက္ဆံအိတ္ကို ထုတ္ေပးဖို႔ ျပင္ရေတာ့သည္။

" ထားလိုက္  ကၽြန္ေတာ့္မွာပါတယ္"

ကိုယ့္လက္ကို လက္ေကာက္ဝတ္မွ ကိုင္ၿပီး တားလာသည့္ ဉာဏ္က သူ႔ေဘာင္းဘီအိတ္ကပ္ထဲက တစ္ေသာင္းတန္တစ္ခ်ိဳ႕ကို ထုတ္ကာရွင္းေနသည္။ ရန္ကုန္
ေလဆိပ္မွာ ေငြဝင္လဲခဲ့ပုံပါပဲ။

" ဒါဆို မင္းတို႔ကို ဟိုတည္မွာပဲ ထားခဲ့ေပးမယ္
ဦးေလး ဒီေန႔ ၉နာရီမွ မလား ေဆး႐ုံက ခ်ိန္းထားတာ"

"အင္း လာမေခၚေတာ့နဲ႔ ငါ့ဘာသာပဲ လာလိုက္မယ္"

"အ္ိုေက"

ဟိုတယ္ေရွ႕ေရာက္ေတာ့ ခပ္ႀကီးႀကီးေက်ာပ္ိုးအိတ္သာလြယ္ထားသည့္ ဉာဏ္က ေရွ႕ကဦးေဆာင္ဝင္သြားၿပီ Reception မွာ လုပ္စရာရွိတာလုပ္ေနသည္။ ဝန္ထမ္းေလးက တစ္ခုခုသုံးေဆာင္အုန္းမလာဆိုသည့္ Welcome Drink ကိုလည္း ေခါင္းေလခါရင္းသာ ျငင္းလိုက္ၿပီး ဆက္ထိုင္ေနလိုက္သည္။ Reception ဘာေျပာတယ္မသိ ဉာဏ္က လွည့္ၾကည့္လာၿပီး ကိုယ့္ဆီေလၽွာက္လာသည္။

" မွတ္ပုံတင္ပါလား"

"အင္း"

ပိုက္ဆံအိတ္ထဲက မွတ္ပုံတင္ကိုထုတ္ေပးလိုက္ၿပီးေတာ့
ဉာဏ္က ယူသြားသည္။ မၾကာခင္မွာပဲ ဉာဏ္ႏွင့္အတူ ဝန္ထမ္းေကာင္ေလးက ကိုယ္ရွိရာ ေလၽွာက္လာသည္။

"သြားမယ္ အခန္းက အေပၚမွာ"

ေသာ့ကိုင္ကာတက္သြားသည့္ ဝန္ထမ္းေလးေနာက္မွ ႏွစ္ေယာက္သားအတူတူလိုက္လာေသာ္လည္း ဘာစကားမွမေျပာျဖစ္။ စိတ္ဆိုးတာလည္းမဟုတ္ဘဲ ဘာျဖစ္လို႔ျဖစ္ေနမွန္း မသိတဲ့စိတ္က တစ္ခုခု မတင္မက်နဲ႔။
အခုေလာေလာဆယ္ ဉာဏ့္ရဲ့ မိသားစုေတြသာသိသြား
ခဲ့ရင္ဆိုၿပီး စိုးရိမ္ေနတာပဲသ္ိသည္။

"တစ္ခုခုလိုအပ္တာရွိရင္ reception ကို ဖုန္းေခၚလိုက္ပါ
ခင္ဗ်"

ဝန္ထမ္းေကာင္ေလးျပန္ထြက္သြားသည္ႏွင့္ ဉာဏ္က ကုတင္ေျခရင္းမွာ ရွိေနသည့္ ခုံေပၚ လြယ္အိတ္ကို ပစ္ခ်လိုက္ၿပီး ကုတင္ေပၚ ေဘးတစ္ေစာင္းဝင္ထိုင္သည္။

"ေျပာ အေကာင္းႀကီးကေန ႐ုတ္တရက္ ဘာျဖစ္သြားရတာလဲဆိုတာ ကၽြန္ေတာ့္ကိုေျပာ"

ေမးလာတဲ့ ေလသံက ခပ္ေအးေအးဆ္ိုေပမယ့္
မေျဖခ်င္တာေၾကာင့္ သက္ျပင္းတစ္ခ်က္ရွိုက္ၿပီး ဘာမွမေျပာဘဲ ေရခ်ိဳးခန္းထဲဝင္ဖို႔ လုပ္ေတာ့ လက္ကို လွမ္းဆြဲ
ျပန္သည္။ ကိုယ့္ဘာသာကိုယ္ေတာင္ ဘာျဖစ္ေနမွန္းမသိတာ ဘယ္လိုမ်ားေျပာျပရမလဲ ။ အခု ဉာဏ္နဲ႔အတူရွိေနရလို႔ ေပ်ာ္တာက တစ္ပိုင္းဆိုေပမယ့္ ဉာဏ္ဒီလိုလုပ္ခ်င္ရာ လုပ္ေနတာကို အလိုလိုက္ေနရတာကလည္း မဟုတ္ေသးဘူး။ လူႀကီးေတြကို ကိုယ္ေပးထားတဲ့ ကတိက ဉာဏ္မသိဘူးဆိုရင္ေတာင္ မေဖာက္ဖ်က္ခ်င္ပါ။

"ေျပာေလ"

"ဘာမွမျဖစ္ပါဘူးဆ္ိုကြာ"

"အစ္ကို႔မ်က္နာက လိမ္လို႔မရေနဘူးေနာ္
ဘာလဲ ကၽြန္ေတာ့္ကို မေတြ႕ခ်င္တာလား"

"မဟုတ္တာေတြကြာ"

"ေျပာလို႔ အဲ့တာဆို အေကာင္းႀကီးကေန
ဘာျဖစ္သြားတာလဲဆိုတာ"

"ကိုယ့္ဆီ အခုမင္းေရာက္ေနတာ လူႀကီးေတြ သိသြားလိမ့္မယ္ သ္ိသြားရင္ ဘာမွေျပာစရာမလိုေတာ့ေအာင္ ဒီအေျခအေနကို အကုန္လုံးက အလိုလိုနားလည္ကုန္မွာ
ကိုယ္ေျပာတာ သေဘာေပါက္လား"

"သူတို႔သိတယ္"

"ဟင္ မင္းသိေနတယ္!"

လူႀကီးေတြသိေနတာကို ဘာမွမထူးဆန္းေနသလို တုံ႔ျပန္ေနတဲ့ ဉာဏ္ေၾကာင့္ ႐ုတ္တရက္ ထြက္သြားမိသည့္စကားက ဉာဏ္ရဲ့ မ်က္ခုံးႏွစ္ခုကို စုေကြးလာေစသည္။

" အစ္ကို"

ဉာဏ္ေကာင္းတဲ့ ဉာဏ္က ကိုယ္ေျပာလိုက္တဲ့ စကားစုအသံအေနအထားအရ တစ္ခုခုကို မသၤကာေတာ့သည့္ပုံစံမ်ိဳးျဖစ္သည္။ ကုတင္ေပၚက ထလာကာ မ်က္နာခ်င္းဆိုင္လာရပ္သည္ အထိ ။

" အစ္ကိုသိေနတာလား အိမ္ကလူေတြသိေနတာကို"

"အင္း ကိုယ္သိတယ္"

မုသာဝါဒဆိုကာ ဉာဏ္နဲ႔ပတ္သက္ရင္မွ မဟုတ္ဘူး
ဘယ္ေတာ့မွ ကိုယ္မက်ဴးလြန္ခ်င္တဲ့ သီလတစ္ခု။
ငယ္ငယ္က ကိုရင္ဝတ္ေတာ့ ဘုန္းဘုန္းႀကီးက မိန႔္ဖူးတယ္
က်ဴးလြန္ဖို႔ အလြယ္ဆုံးက မုသာဝါဒပဲ ။မုသာဝါဒကို လြယ္လြယ္က်ဴးလြန္တဲ့သူက တျခား အျပစ္ေတြကို က်ဴးလြန္ဖို႔လည္း တြန႔္ဆုတ္မေနတတ္ဘူးတဲ့။

"ဘယ္ကတည္းက သိတာလဲ"

"ဉာဏ္ မသြားခင္ကတည္းက"

" တျခား ကၽြန္ေတာ္မသိတာေတြ ရွိေသးလား"

"ဉာဏ္ မင္းအခုေမးေနတဲ့အသံ ကိုယ္မႀကိဳက္ဘူး"

" မရဘူးဗ်ာ အခ်စ္တစ္ေယာက္တည္း ဘာမွ ေျဖရွင္းလို႔မရဘူး ေျပာ အကုန္လုံး ကၽြန္ေတာ့္ကိုေျပာ"

တစ္ခါမွ ဉာဏ္ေဒါသထြက္တာ မျမင္ဖူးလို႔လား မသိပါ
အခုျမင္ေနရတဲ့ ဉာဏ္က မ်က္ခုံးေတြ စုက်ဳံ႕ကာ
နည္းနည္းေသြးဆိုးတဲ့ ပုံစံမ်ိဳးျဖစ္ေနသည္။

" လူႀကီးေတြက မင္းနဲ႔ ကိုယ့္ကို ေစာင့္ၾကည့္ေနတယ္
ၿပီးေတာ့ မင္းကို ခနစိတ္ကစားေနတာမ်ိဳး သူတို႔ထင္
ေနတယ္"

"အဓိပၸာယ္မရွိတာ"

"အဲ့တာေၾကာင့္ ကိုယ္က မင္းစိတ္ကစားေနတာမ်ိဳး
မဟုတ္ဖူးဆိုတာ သက္ေသျပေပးမလို႔ သူတို႔ထင္သလို
မင္းနဲ႔ကိုယ္ အေနေဝးေနလည္း ကိုယ္တို႔ၾကား ဘာမွ
ကြဲျပားမသြားနိုင္ဘူးဆိုတာ ကိုယ့္ကျပေပးမလို႔
တတ္နိုင္သမၽွ မင္းနဲ႔ ခပ္ခြါခြါေနေပးရင္ မင္းက ၾကာရင္ စိတ္အလိုလိုေျပာင္းသြားမယ္လို႔ သူတို႔ထင္ေနတာ"

"ေနပါအုန္း သူတို႔က အစ္ကို႔ဆီကို တိုက္ရိုက္လာေျပာခဲ့
တာလား"

"..."

"အဟြန္း ေကာင္းေရာ"

တိတ္ဆိတ္ျခင္းက ဝန္ခံျခင္းဆိုသည့္အတိုင္း ဘာမွမေျဖတဲ့ကိုယ့္ကို ဉာဏ္က ခါးေထာက္လၽွက္ ေက်ာေပးသြား
သည္။ ရယ္သံကလည္း ရြဲ႕တာလား ဘာကိုဆိုလိုျခင္းမွန္း မသိနိုင္တဲ့ ရယ္သံမ်ိဳး။

" အိမ္က လူေတြ ကၽြန္ေတာ္မသိေအာင္ ဇာတ္ကားေတြ
ရိုက္ေနတာကို ၿငိမ္ခံေနတယ္ေပါ့"

"သူတို႔ဖက္ကေတြးၾကည့္ေတာ့လည္း မွန္ေနတာပဲ"

" သူတို႔ပဲ မွန္ပေစေလ ကၽြန္ေတာ္တို႔ လိုက္မွန္ဖို႔မလိုဘူး"

" ဘယ္လိုေတြေျပာေနတာလဲ စကားကို"

" အသက္ႀကီးတဲ့လူကို ခ်စ္ရတာလဲ
ဘာမွ စိတ္ခ်လို႔မရေနပါဘူးဗ်ာ
အကုန္သူတို႔အတတ္ႀကီးပဲ"

" ဉာဏ္ မင္းေနာ္"

" မဟုတ္ဘူးလားေျပာ
ဘာမဆို ႏွစ္ေယာက္အတူတူ ေျဖရွင္းမယ္ေလး
ရင္ဆိုင္မယ္ေလးနဲ႔ အခုက်ေတာ့"

"မင္း ထပ္ရြဲ႕ေနရင္ ကိုယ္ျပန္ေတာ့မွာ"

" ျပန္ေလ ကၽြန္ေတာ္လည္း စင္ကာပူမျပန္ေတာ့ဘူး"

"သုဉာဏ္ထက္ မင္း ဘယ္လိုျဖစ္ေနတာလဲ"

" သစၥာေဖာက္ခံရလ္ို႔ ခ်စ္သူအစ္ကိုႀကီးက
သစၥာေဖာက္လို႔ ခံစားေနရတာ သိလားဗ်"

"မင္းေနာ္"

"အစ္ကိုကေလ ကၽြန္ေတာ္က္ိုဆို  တအားအနိုင့္က်င့္တာေနာ္ ခ်စ္မွန္းသိလို႔ လုပ္ခ်င္ရာလုပ္ေနတာ"

" ..."

"ကားေပၚမွာ တစ္လမ္းလုံးေတာင္မအိပ္နိုင္ဘူး
အစ္ကို႔ကိုေတြ႕ရေတာ့မယ္ဆိုတဲ့ အေတြးနဲ႔ အခုေတာ့
ျပသာနာအရင္ ရွင္းေနရတယ္"

"အဲ့လိုမဟုတ္ပါဘူးကြာ ကိုယ္က မင္းတို႔အိမ္က
သိသြားရင္ မလိုအပ္ဘဲ ျပသာနာေတြျဖစ္လာမွာ စိုးရိမ္တာ
အဲ့လိုေတြျဖစ္လာရင္ ကိုယ္ အန္တီကို မ်က္နာျပရဲေတာ့မွာ
မဟုတ္ဘူး မင္းဟိုက ေက်ာင္းမၿပီးခင္အထိ
ျပသာနာေတြမျဖစ္ဘဲ သူတို႔ယုံၾကည္မယ့္
အခ်ိန္တစ္ခုထိ ကိုယ္တို႔ ေအးေအးေဆးေဆးေလးပဲ
သက္ေသျပၾကရေအာင္ပါ ဉာဏ္ရာ"

"ေျပာျပေလ အဲ့လိုေတြႀကိဳေျပာထားေလ
ကၽြန္ေတာ္က ဘာျပသာနာရွာမွာမလို႔လဲ
အခုက ဒီၾကားထဲ အစ္ကိုတစ္ေယာက္တည္း
စိတ္မသက္မသာျဖစ္ေနတာကို အခုမွသိရလို႔
စိတ္တိုေနတာ"

" အခုေတာင္ မင္းေဒါသေတြထြက္ေနတာကို
အဲ့ဒီအခ်ိန္တုန္းကဆို ပိုဆိုးမွာေပါ့"

"ထြက္မွာေပါ့ တဝႀကီးဖက္အိပ္ပစ္မယ္ဆိုၿပီး
တစ္ညလုံးမအိပ္ဘဲ ေနထားလို႔ လူက လည္ထြက္ေနရတဲ့အထဲ အစ္ကိုက မ်က္ႏွာမွမေကာင္းတာကို"

" ဟင္ ေခါင္းမူးေနတာလား အခု"

အခုမွ အနားတိုးလားၿပီး မ်က္နာကို ဟိုစမ္းဒီစမ္းလုပ္ေနတဲ့ ေဒါက္တာႀကီးက တကယ္ ဆြဲၿပီး နမ္းပစ္ခ်င္စရာေကာင္းေနၿပီ။ ဒါေပမယ့္ အဲ့ဒီလိုလုပ္လို႔ကလည္း မျဖစ္ေသး။တစ္ကိုယ္လုံး ၿငီးစီစီနဲ႔ အနံ႔အသက္က
သိပ္မေကာင္းနိုင္ေလာက္ေတာ့။

" ကိုယ့္ ေဆးသြားဝယ္လိုက္ရမလား
အာ Reception မွာ ေတာင္းလို႔ရမယ္ထင္တယ္"

" ရတယ္ ခနအိပ္လိုက္ရင္ သက္သာသြားမွာ
ေရအရင္ခ်ိဳးလိုက္မယ္ နည္းနည္းလန္းသြားေအာင္"

"အင္း ျမန္ျမန္လုပ္ ကိုယ္ အဝတ္ထုတ္ထားေပးမယ္"

ဘာမွ မထူးျခားတဲ့ စကားေလးဆိုေပမယ့္ ရင္ထဲ အိကနဲ
ဝင္သြားတဲ့ သံစဥ္ခ်ိဳခ်ိဳေလး။ အင္း ...ကၽြန္ေတာ့္အခ်စ္ရဲ့
အသံက အဲ့သလိုမ်ိဳးေလး ရင္ထဲကို စီးဝင္နိုင္ေသးတာ။
ကိုယ့္ဘာသာကိုယ္ ထြက္မိတဲ့ေဒါသမီးက ေအးခ်မ္းရိပ္ေလးမွာ ၾကာၾကာမေတာက္နိုင္ပါ။ မ်က္နာေလး
တစိမ့္စိမ့္ၾကည့္ရင္းကို  ထြက္ေနတဲ့ ေဒါသက ၿငိမ္းသြားတာမ်ား မယုံခ်င္စရာ။ အခုမွပဲ ေဖေဖက ေဒါသဘယ္ေလာက္ထြက္ေနေန ေမေမတစ္ခြန္းေလာက္ ဝင္ေျပာလိုက္တာနဲ႔  ဘာလို႔ၿငိမ္သြားသလဲဆိုတာ နားလည္လာေတာ့သည္။

ေရခ်ိဳးၿပီးထြက္လာေတာ့ ကုတင္ေပၚထိုင္ရင္း ဖုန္းေျပာေနသူက ထုတ္ထားေပးတဲ့ အဝတ္အစားကို လက္ညိဳးထိုးျပသည္။ တီရွပ္တစ္ထည္ႏွင့္ ေအာက္က sport pants အတိုတစ္ထည္ကို ထုတ္ေပးထားသည္။ ၾကည့္ရတာ သက္ေတာင့္သက္သာျဖစ္မည့္ အဝတ္အစားကို ေရြးထုတ္ေပးထားပုံရသည္။

Roll Onသုံးေနတုန္းကလည္း အေကာင္း၊ တီရွပ္စြပ္ေန
တုန္းကလည္း ကိုယ့္ကိုၾကည့္ကာ ဖုန္းေျပာပင္မပ်က္သူက ေအာက္က boxer ဝတ္ဖို ျပင္ေတာ့ ခပ္တည္တည္နဲ႔ ေက်ာေပးသြားသည္။ ခါးမွာ တဘတ္ပတ္ထားတာကို ဘာေတြ ရွက္ျပန္တာလဲ ေပါက္ေဖာ္ႀကီးက။

အဝတ္အစားအကုန္ဝတ္ၿပီးသြားသည္အထိ ဖုန္းေျပာလို႔ မၿပီးသူက "ဟုတ္ကဲ့ ဆရာ"ဆိုတာကို မနားတမ္းေျပာေနပုံအရ တဖက္လူက ပါရဂူတစ္ေယာက္ေယာက္
ျဖစ္မည္။ ေခါင္းသုတ္ေနရင္း အနားတိုးသြားေတာ့လည္း တစ္ခ်က္ေမာ့ၾကည့္လာၿပီး "ဘာလဲ"ဆိုကာ မ်က္ခုံးပင့္ရင္း ေမးသည္မလို႔ ေခါင္းခါျပကာ tonerဘူးကို ထုတ္ၿပီး
လိမ္းေနလိုက္သည္။ ခပ္ညိဳညိဳျဖစ္ေနတဲ့ မ်က္ကြင္းေတြကို မွန္နားတိုးကပ္ရင္း ေသခ်ာၾကည့္ၿပီးမွ အိပ္ရာေပၚ ဝင္လွဲလိုက္သည္။ တစ္ညလုံးမအိပ္ရေသးတဲ့ မ်က္လုံးေတြက ႀကိမ္းစပ္ေနၿပီ။

" အိပ္ေတာ့မလို႔လား"

မအိပ္ေပ်ာ္ေသးေပမယ့္ မ်က္လုံးမွိတ္ကာ ေမွးေနတုန္း
အေမးစကားႏွင့္အတူ နဖူးေပၚ လက္ဖဝါးတစ္ဖက္က
ေရာက္လာသည္။

" အင္း ဒီကိုလာ"

မ်က္လုံးမဖြင့္ပဲ လက္ႏွစ္ဖက္ ေျမႇာက္ၿပီး ရင္ခြင္ထဲေခၚေတာ့ မဆိုင္းမတြပင္ ေရာက္လာသည္။ က္ိုယ့္ေပၚမွီခ်လိုက္တာမ်ိဳးမဟုတ္ဘဲ ေခါင္းက တစ္ဖက္ေခါင္းအုံးေပၚ မွာမလို႔ ကိုယ္ရဲ့ ခႏၶာကိုယ္ကိုပါ ေစာင္းလိုက္ရသည္။

" ကိူယ္ခုနေန အလုပ္ကိစၥရွိလို႔ အျပင္သြားရမွာ
ေခါင္းမူးေနတာ မေပ်ာက္ရင္ လိုက္ခဲ့မလား
Pressure ေလး ဘာေလးတိုင္းၾကည့္ရေအာင္
မင္းက ကားအၾကာႀကီးစီးလို႔မရတာကို"

" ကားနဲ႔မလာရင္ ဒီမနက္ေလယာဥ္ခ်ိန္ထိ ေစာင့္ေနရမွာ
အဲ့ေလာက္ မေစာင့္နိုင္လို႔"

ဘာစကားမွ ထပ္မဆိုလာေတာ့ဘဲ တိတ္ဆိတ္သြားသည့္အေျခအေနမွာ မ်က္လုံးဖြင့္ၾကည့္ေတာ့ ကိုယ့္ကို ၾကည့္ေနတဲ့ မ်က္ဝန္းညိဳေတြက တလဲ့လဲ့။ မ်က္လုံးခ်င္း ဆုံကာ တစ္ေယာက္ႏွင့္တစ္ေယာက္ အၾကည့္မလြဲေတာ့
လက္ဖဝါးတစ္ဖက္က ပါးျပင္ဆီ အုပ္မိုးလာသည္။ ထို႔ေနာက္ တေျဖးေျဖးတိုးကပ္လာတဲ့ မ်က္နာေလးႏွင့္အတူ နဖူးျပင္ဆီ ေႏြးေထြးသြားတဲ့ အထိအေတြ႕ေလး။

မတင္းတိမ္နိုင္တဲ့ကိုယ္က ေခါင္းကို ေမာ့ကာ ျမင္ေနရတဲ့
ပန္းေရာင္ႏွုတ္ခမ္းေတြဆီ က်ဴးေက်ာ္ပစ္လိုက္သည္။
လြမ္းေနခဲ့ရတဲ့ ခပ္ခ်ိဳခ်ိဳအရသာေလးက ဒီႏွုတ္ခမ္းေတြမွာပဲ ျဖစ္တည္တယ္။ ၾကည္ရွင္းေနတဲ့ ရနံ႔ကလည္း ဒီလူသားဆီမွာပဲ ကပ္တြယ္ေနတယ္။ ေႏြးေထြးတဲ့ ခံစားခ်က္ကိုလည္း ဒီလက္ဖဝါးေတြရဲ့ အထိအေတြ႕မွာ ခံစားနိုင္တယ္ ။ၾကည္ႏူးစရာေကာင္းတဲ့ ရန္ခုန္ျခင္းဆိုတာလည္း
ဒီအနမ္းေတြနဲ႔အတူ ျဖစ္ထြန္းတယ္။ ဒီအရာေတြအားလုံးဟာ ကၽြန္ေတာ့္ရဲ့ ၿပီးျပည့္စုံတဲ့ ၿငိမ္းခ်မ္းရာေလးနဲ႔မွ ျဖစ္တည္တယ္။

" ခနအိပ္လိုက္ ကိုယ္ ၂နာရီေလာက္ပဲၾကာမွာ ျပန္လာမွ
ေန႔လည္စာစားမယ္"

" အင္း"

အခ်ိန္တစ္ခုၾကာၿပီးတဲ့ေနာက္ အနမ္းေတြ ရပ္တန႔္လိုက္ၾကၿပီး ရင္ခြင္ထဲတိုးဝင္လိုက္သည့္တိုင္ က္ိုယ့္လည္ဂုတ္ေပၚက လက္ေတြက ဖယ္မသြားခဲ့ပါ။ လည္တိုင္ျဖဴႏုႏုဆီ ႏွာေခါင္းႏွင့္ ဖိကပ္ေတာ့ ေနရခက္သည္ထင္ ေနာက္ကိုယ္ို႔သြားသည္။ထို႔ေနာက္ တေျဖးေျဖးေလးလံလာတဲ့ မ်က္ခြံေတြက သေဘာအက်ရဆုံးရင္ခြင္ဆီမွာ ဘယ္လိုမွ
ထိန္းထားနိုင္စြမ္းမရွိေတာ့တဲ့ေနာက္ အိပ္စက္ျခင္းဆီသို႔ေရာက္ရွိသြားရေတာ့သည္။

ျပန္နိုးလာတဲ့အခ်ိန္ ဖုန္းကို ေကာက္ကိုင္ေတာ့ ၁၂နာရီထိုးေတာ့မည္။ အိပ္လိုက္တာ ၈နာရီခြဲေလာက္ကတည္းကမလို႔ အစ္ကို ဘယ္အခ်ိန္အျပင္ထြက္သြားလဲဆိုတာေတာင္ မသိလိုက္ပါ။ တကယ္ဆို ဒီေန႔ေလးတစ္ရက္ပဲ အတူတူရွိရတာ တစ္ေနကုန္ အတူရွိေနခ်င္ေပမယ့္ ဆရာဝန္တစ္ေယာက္ျဖစ္တဲ့ အစ္ကိုက သူမ်ားရဲ့ က်န္းမာေရးအတြက္ ကူညီေပးေနတာမလို႔ ဘာအတြန႔္မွ မတက္ခ်င္ပါ။

ကိုစည္သူေျပာထားလို႔ ယခု လူနာ၏ သမီးျဖစ္သူက
အခ်စ္ရဲ့မာမားက အရမ္းသေဘာက်ေနတယ္ဆိုတာ အနည္းအက်ဥ္းေတာ့ သိထားေပမယ့္ ထုတ္မေမးခ်င္ပါ။
အစ္ကိုက သူ႔ဘာသာသူ အရာရာကို ဆုံးျဖတ္နိုင္တဲ့
လူတစ္ေယာက္မလို႔ အဲဒီ့ကိစၥႏွင့္ပတ္သတ္ၿပီး
စိုးရိမ္တယ္ဆိုတာ ျမဴမွုန္တစ္စေတာင္မရွိေနပါ။
ဒါေပမယ့္ ဒီထက္ပိုၿပီး ဘာအေၾကာင္းျပခ်က္ေတြနဲ႔မွ
မရင္းႏွီးေစခ်င္ေတာ့တာ အမွန္ပဲ။ မယုံတာမ်ိဳးအဟုတ္ေပမယ့္ အေနေဝးေနတဲ့အခ်ိန္မွာ မေတာ္တဆေတြဆိုတာမ်ိဳးေတာ့ ေၾကာက္ပါသည္။

ေန႔လည္စာအတူတူစားမယ္ဆိုသူက ၁နာရီေလာက္အထိ ျပန္ေရာက္မလာပါ။ ပို႔ေနတဲ့ massage ေတြက္ိုလည္း reply ျပန္မလာဘဲ ဘာေတြမ်ား အလုပ္ရွုပ္ေနသလဲမသိ။
တစ္ႏွစ္ဆိုတာက ေတြးၾကည့္ေတာ့လည္း ဘာမွမဟုတ္သလိုပါပဲ။ အရင္ႏွစ္ ဒီေန႔ ဒီအခ်ိန္မွာဆို အစ္ကိုဆီက ခ်စ္တယ္ဆိုတဲ့ အေျဖရၿပီးေနၿပီ။ အစ္ကိုနဲ႔ ေတြ႕ရတာဟာ သိပ္ကို သေဘာက်စရာေကာင္းတဲ့ ဘဝရဲ့ မွတ္တိုင္ေလးတစ္ခုပဲ။ အစ္ကိုနဲ႔ ပတ္သတ္ၿပီးမွ သိလာရတဲ့  ကိုယ္ဟာ ဒီလိုမ်ိဳးခ်စ္တတ္တဲ့ လူတစ္ေယာက္ဆိုတာပါလားဆိုတဲ့ ကိုယ့္အေၾကာင္းကိုယ္လည္း မယုံနိုင္ျဖစ္ရေသး။

ကိုယ္အေတြးနဲ႔ ကိုယ္ျပဳံးေနတုန္း ခပ္တိုးတိုး တံခါးေခါက္သံေၾကာင့္ ခ်က္ခ်င္းထကာ သြားဖြင့္ေပးမိေတာ့ ထင္သည့္အတိုင္း အခ်စ္ပါပဲ။

"ေဆာရီး ကိုယ္အိမ္မွာ လိုအပ္တာတစ္ခ်ိဳ႕ ျပန္ယူေနလို႔ ေနာက္က်သြားတယ္"

"အင္း အခုမွနိုးတာ"

အေနာက္ေန ေက်ာျပင္ကို ရင္ဘတ္နဲ႔ကပ္ၿပီး ခါးေတြဆီ ေထြးပိုက္ေတာ့ လွည့္ၾကည့္လာသည္။ မနက္က အဝတ္အစားႏွင့္မဟုတ္ေတာ့သည့္ အစ္ကိုက အိမ္မွာ ေရပါခ်ိဳးလာသည္ထင္ ေမႊးေနေတာ့သည္။

" ဗိုက္ဆာၿပီမလား ေန႔လည္စာ ဘာစားမလဲ
အျပင္မွာ သြားစားမလား"

"ဟင့္အင္း"

" ကိုယ္ ဗိုက္ဆာေနၿပီလ္ို႔ ဒီလမ္းေထာင့္မွာ ျမန္မာအစားအေသာက္ေတြ ရတဲ့ ဆိုင္ေကာင္းေကာင္းရွိတယ္"

" သေဘာ"

" သြားမယ္ေလ"

" အင္း...."

အင္းဆိုတဲ့ သံရွည္ဆြဲမွုေနာက္မွ ကိုယ့္ခါးေတြက လက္ေတြက ပိုတင္းၾကပ္ၿပီး နားရြက္နဲ႔လည္ပင္းစပ္ေနရာကို ဖိကပ္လာၿပီး ၿငိမ္သက္ေနတဲ့ ဉာဏ္က သူစိတ္တိုင္းမက်မခ်င္း လႊတ္အုန္းမွာမဟုတ္လို႔ ႐ုန္းရင္ဆန္ခတ္ျဖစ္ေနတဲ့ ကိုယ့္ရင္ဘတ္ကို မသိခ်င္ေယာင္ေဆာင္ရင္း
ၿငိမ္ၿငိမ္ေလးသာေနေပးလိုက္သည္။

" သြားမယ္"

ထင္သည့္အတိုင္းပဲ စကၠန႔္၃၀ေလာက္ၾကာေတာ့ လူကိုလႊတ္ကာ သြားဖို႔ေျပာလာသည္။

သိပ္မေဝးတဲ့ စားေသာက္ဆိုင္ေလးက ျမန္မာ့လက္မွုေလးေတြနဲ႔ ေသခ်ာျပင္ဆင္ထားတဲ့ ဆိုင္ေလးမလို႔ ပုဂံမွာ ရွိတဲ့ ဆိုင္ေလးေတြနဲ႔ေတာင္ ခပ္ဆင္ဆင္ပါ။ စားပြဲေပၚက အသုံးအေဆာင္ေလးေတြေတာင္ ယြန္းထည္ေလးေတြ အသုံးျပဳထားသည္မလို႔ ခ်စ္စရာေကာင္းပါေသးသည္။

အစားအေသာက္ေတြက္ို ဉာဏ့္သေဘာက်ေတြသာ
မွာလိုက္ၿပီး ခနထိုင္ေစာင့္ေနတုန္း..

"ညေန ဦးပိုင္ဖက္ သြားခ်င္လား"

"ဟင့္အင္း"

"မႏၲေလးေတာင္ေရာ"

ေခါင္းခ်ည္းခါေနတဲ့ ဉာဏ္က ေျခခ်ိတ္ထိုင္ေနၿပီး အဝတ္အစားမလဲလာတာေၾကာင့္ မနက္က ဝတ္ထားတဲ့ ေဘာင္းဘီတိုေၾကာင့္ ေျခတံျဖဴျဖဴေတြက မၾကည့္ဘဲ မေနနိုင္။ နဂိုကမွ ဟိုတယ္လာတဲ့ လမ္းမွာစည္သူေၾကာင့္ လူက ေနရထိုင္ရခက္ေနရတဲ့အထဲ။ ကိုယ္ေဆးအိတ္ယူကတည္းက ျပဳံးစိစိျဖစ္ေနတဲ့ စည္သူကို အစက သတိမထားမိေပမယ့္ ေခါင္းကိုက္ေနတယ္ေျပာတဲ့ ဉာဏ္ေၾကာင့္ အကိုက္အခဲေပ်ာက္ေဆး ဝင္ဝယ္ေပးေတာ့မွ စည္သူက ကားေမာင္းေနရင္း တခြီးခြီးရယ္ေနမွ ဆက္စပ္ေတြးမိၿပီး မ်က္နာပါပူလာရသည္။

"ဘယ္မွ မသြားဘူး ႏွစ္ေယာက္တည္းပဲ ရွိခ်င္တာ"

လွည့္ၾကည့္ကာေျပာလာတဲ့ ဉာဏ္ေၾကာင့္ ႐ုတ္တရက္ အသက္ရွုေတာင္ ေအာင့္လိုက္မိသည့္အထိ။ မဟုတ္ေသးဘူး မေတြ႕ရတာ ေျခာက္လေလာက္ေလးကို ဒီေကာင္ေလး အရမ္းေတြ ၾကည့္ေကာင္းလာတာ မဟုတ္ေသးဘူး။

" အင္း အင္း ဉာဏ့္သေဘာပဲ"

ဉာဏ္နဲ႔ ဆန႔္က်င္ဘက္ကို လွည့္ကာ ဟူးကနဲ ေလပူေတြကို မွုတ္ထုတ္လိုက္မွ ရင္ဘတ္ထဲ ေနလို႔ထိုင္လို႔ေကာင္းသြားေတာ့သည္။

" ဘယ္ေန႔ျပန္မွာလဲ"

"မနက္ျဖန္ ဉာဏ္ကို ေလဆိပ္လိုက္ပို႔ၿပီးမွ"

အစားအေသာက္ေတြေရာက္လာေတာ့လည္း ႏွစ္ေယာက္သား စကားတေျပာေျပာႏွင့္ စားလ္ုက္ၾကျခင္းျဖစ္သည္။  ဗိုက္ဆာေနေပမယ့္ တကယ္ေတာ့ ႏွစ္ေယာက္လုံး သုံးေလးဇြန္းေလာက္သာ စားဝင္ခဲ့တာျဖစ္သည္။ ဉာဏ္ဖက္က ခန႔္မွန္းလို႔ရတာမဟုတ္ဖူး ေခ်ာင္းသာမွာလိုသာ ထပ္ျဖစ္လာခဲ့ရင္ အမွန္တိုင္းေျပာရရင္ မျငင္းခ်င္ေတာ့ပါ။ ဘာအေၾကာင္းျပခ်က္မွမဟုတ္ဘဲ ဉာဏ္ကို ခ်စ္လို႔ မျငင္းဆန္ခ်င္တာမ်ိဳးပါပဲ။

ဟိုတယ္ခန္းထဲျပန္ေရာက္ေတာ့ ဉာဏ္ကို
BPတိုင္းေပးဖို႔လုပ္ရေတာ့သည္။ ေသြးေပါင္းခ်ိန္က နဂိုကတည္းက နည္းတဲ့သူမလို႔ ၁၂၀အျပည့္မဟုတ္ေပမယ့္ ဉာဏ္က သာမာန္ပဲျဖစ္သည္။ ထမင္းစားၿပီးေသာက္ထားတဲ့ Energy drink ေၾကာင့္ ဉာဏ္က လန္းဆန္းေနတာမ်ား။

" ဘာမွမျဖစ္ေတာ့ဘူးလို႔ေျပာသားပဲ"

" တိုင္းလိုက္လည္း ဘာမွမျဖစ္ဘူးေလ"

" ဆရာဝန္ကို ယူမွာဆိုေတာ့ အသက္ရွည္ရွည္ေနရ
ခ်ည္ေသးရဲ့ဗ်ာ"

"ေပါက္တက္ကရေတြ"

"ဟား ဟား"

ေဆးအိတ္ကို သိမ္းၿပီး ကုတင္ေပၚကေနပဲ
ေဘးက ခုံေပၚ လွမ္းတင္ေနတုန္း
ခါးကေန႔ ဆက္ခနဲ ဆြဲလိုက္တဲ့ ဉာဏ္ေၾကာင့္
ေမြ႕ယာအိအိေပၚ
အင့္ကနဲ အထပ္လိုက္က်သည္။

" ဉာဏ္ရာ နာသြားၿပီမလား"

အေမးနဲ႔အတူ ထမလို႔ျပင္လိုက္ေပမယ့္ ကိုယ့္ထက္ျမန္တဲ့ ဉာဏ္က ကိုယ့္အေပၚအုပ္မိုးလာသည္မွာ ခ်က္ခ်င္း။

" အစ္ကို"

"ဟင္"

" ခ်စ္သူျဖစ္တာ တစ္ႏွစ္ရွိၿပီ နမ္းတာကေန မတက္ရေတာ့ဘူးလားဗ်"

"ဉာဏ္ရာ ေပါက္ကရေတြ စလာျပန္ၿပီလား"

"  ဘယ္မွာ ေပါက္ကရလို႔လဲ"

" အဲ့တာက ဟို"

" မလြယ္ကူဘူးဆိုတာ သိလို႔ ကၽြန္ေတာ္လည္း ေလ့လာထားပါတယ္"

" ဟို"

"ကၽြန္ေတာ္ကေတာ့ အစ္ကို႔ကို လိုခ်င္တယ္
အစ္ကိုေရာ လိုခ်င္လား  အဲ့ဒီကိစၥက ကၽြန္ေတာ္အတြက္ အစ္ကိုနဲ႔မလို႔ ဘယ္ေနရာမွာပဲ ေနရေနရ အေရးမႀကီးဘူး
အစ္ကိုဆုံးျဖတ္တာ ကၽြန္ေတာ္လက္ခံေပးမယ္"

"  ကိုယ္တို႔ ျပင္ဆင္ဖို႔ လိုမယ္ထင္တယ္"

" အင္း  ဘယ္လိုျပင္ဆင္ရမွာလဲ အစ္ကိုေျပာျပ
က်န္တဲ့လိုအပ္တာေတြေတာ့ ကၽြန္ေတာ္ဝယ္လာတယ္"

"ဘာ"

" ဟိုမွာကတည္းက ဝယ္လာတာ ဒီမွာ ကြန္ဒုံးေရာင္းတဲ့
ေနရာပဲသိတယ္ ဟိုဟာဝယ္ရမည့္ေနရာ မသိဖူး"

" မင္း ဘယ္ကတည္းက"

" ခ်စ္လို႔ေလဗ်ာ ခ်စ္သူတစ္ေယာက္လုံးရွိေနတာ
ကၽြန္ေတာ္က ဘယ္သူ႔ကို သြားပစ္မွားေနရမွာလဲ
ကိုယ့္ခ်စ္သူကိုပဲ ကိုယ္ခ်စ္ခ်င္တာေပါ့"

" စကားကို အရွက္မရွိတိုင္းေျပာေနတာ
ဉာဏ္ မင္းေနာ္"

"မင္းေနာ္ မေနနဲ႔ ေၿဖ ကၽြန္ေတာ့္ကို ခ်စ္မွာလား
ကၽြန္ေတာ္က ခ်စ္ရမွာလား"

" မင္းက အတင္းအၾကပ္လုပ္ေနသလိုျဖစ္ေနၿပီ"

" အစ္ကိုသာ ျငင္းရင္း လက္ဖ်ားနဲ႔ေတာင္မထိဘူး
စိတ္ခ် အစ္ကိုကသာ မညာဘဲေျဖ"

"အခုလား"

"အင္း"

" ထမင္းစားထားတာ"

"ေၾကာင္စာေလာက္ပဲ စားၿပီး အကြက္မေရႊ႕နဲ႔
အစ္ကိုလည္း ေယာက်ာ္းပဲဗ်ာ  လုပ္ခ်င္ရင္ လုပ္ခ်င္တယ္
မလုပ္ခ်င္ရင္ မလုပ္ခ်င္ဘူးေပါ့ ဒီကိစၥကို တစ္ခါမွ မေတြးဖူးဘူးလို႔ေတာ့ မေျပာနဲ႔ေနာ္"

" ေတာ္ပါေတာ့ ဉာဏ္ရာ မင္းက စကားမ်ားလိုက္တာ
ခနေလး အရင္ ကိုယ္ေျပာတာ နားေထာင္အုန္း
ကိုယ္တို႔က အေတြ႕အၾကဳံမရွိေသးတာမလို႔
ခႏၶာကိုယ္ေဗဒအရ ဘယ္သူက ဘယ္ physical sensation က္ု ပိုသေဘာက်လဲဆိုတာမ်ိဳး ကိုယ္တို႔မသိနိုင္ေသးဘူး
ၿပီးေတာ့ safeျဖစ္ဖို႔က STIs(Sexually Transmitted Infections)ေတြလည္း မစစ္ထားဘူး"

" ဟိုကိုမသြားခင္ အကုန္စစ္ထားၿပီးသား
ဒီေျခာက္လအတြင္း ဘယ္သူနဲ႔မွေတာင္ ေရတစ္ခြက္
တည္းအတူတူမေသာက္ထားဘူး"

"ကိုယ္ကေျပာျပတာပါ ဉာဏ္ကို မယုံလို႔မဟုတ္ပါဘူး"

"ဘဝကလည္း ဒုကၡပါပဲ"

"ဟင္ ဘာလို႔လဲ"

" အစ္ကိုစကားမ်ားေနတာ ကၽြန္ေတာ့္ညီေလးက
ေအာင့္ေနၿပီ"

မ်က္ႏွာေလးရွုံ႔ကာေျပာလာတဲ့ ဉာဏ္က နားရြက္ေတြပင္ နီေနၿပီမလို႔ သေဘာတက်ပင္ ေအာ္ရယ္မိေတာ့သည္။ ႏွာဗူးေလးက ႏွာဗူးထေနခ်ိန္ေတာင္ ဂ်စ္ကန္ကန္ေလး။

" ဒီညီေလးလား ႏွာဗူးထေနတာ"

ေပါင္တစ္ဖက္ မကာ ဉာဏ့္ရဲ့ အေကာင္ေပါက္ေလးကို
တိုက္ရင္းစေတာ့ "အ"ခနဲ ေအာ္ကာ ႏွုတ္ခမ္းကိုက္ၿပီး
မ်က္လုံးျပဴးကာၾကည့္လာသည္။

" အစ္ကို႔အပိုင္ျဖစ္လာမဲ့ဟာေနာ္ ရိုရိုေသေသကိုင္တြယ္ဗ်"

"ဒီပါးစပ္က ေပါက္တက္ကရေတြ
မေတာ္ေသးဘူးလား"

"ေတာ္ေစခ်င္ရင္ နမ္း"

" တကယ့္ေကာင္ေလး"

အေပၚကေန အုပ္မိုးေနသူကို လည္ပင္းကေနဆြဲခ်ကာ
အနမ္းေတြ စတင္လိုက္တာ နင့္နင့္သည္းသည္း။
မင္းနဲ႔မလို႔ ဉာဏ္ျဖစ္ေနလို႔ထင္တယ္ ကိုယ္ဦးေႏွာက္က ဘာမွမေတြးဘဲ အလိုလိုက္ခ်င္ေနခဲ့တယ္။ ၾက္ုက္သေလာက္ ဆိုးစမ္း ကိုယ့္ေကာင္ေလးရာ ကိုယ္မင္းကို အျမဲတမ္း
အလိုလိုက္မွာမလို႔။

နမ္းေနရာကေန ခႏၶာကိုယ္ကိုမတ္ကာ ဝတ္ထားတဲ့ တီရွပ္ကို လွန္ခၽြတ္ေနတဲ့ ဉာဏ္က တကယ္ၾကည့္ေကာင္းေနခဲ့ေပမယ့္ ေဘးကိူ ေခါင္းေစာင္းရင္း အၾကည့္လြဲလိုက္သည္။ တဖန္ ႏွုတ္ခမ္းေတြဆီ ျပန္ေရာက္လာတဲ့ ဉာဏ္ႏွုတ္ခမ္းေတြဆီ  စုစည္းထားသည့္ အာ႐ုံအလုံးစုံသည္ ရင္ဘတ္ေတြဆီ တိုးဝင္လာတဲ့ လက္တစ္ဖက္ေၾကာင့္ အလဲလဲအကြဲကြဲျပန္ျဖစ္ရျပန္သည္။

  ရွပ္အကၤ်ီ ၾကယ္သီးတို႔ အားလုံးျပဳတ္သြားခ်ိန္ နိမ့္ဆင္းသြားသည့္ ဉာဏ္ရဲ့ ေခါင္းက လည္ပင္းေတြမွာ ခရီးတစ္ေထာင့္နားၿပီးမၾကာ ဆက္ၿပီး ခရီးဆက္ျပန္သည္။ တကယ္ကို ဆႏၵျပင္းျပေနခဲ့တဲ့ ဉာဏ္ကိုၾကည့္ရင္း
အဆမတန္ျမန္လာတဲ့ ရင္ဘတ္ကလည္း ထိန္းမနိုင္သိမ္းမရပါပဲ။  ဆံပင္ေတြဆီ တိုးဝင္ေနတဲ့ ကိုယ့္လက္ေတြက ဉာဏ္မ်က္နာကို ဆြဲေပြ႕ယူရင္း အနမ္းေတြ ျပန္ဆက္ျပန္ေတာ့ ခါးေတြဆီ ပြတ္သပ္လာတဲ့ လက္အထိအေတြ႕က ႐ူးခ်င္စရာ။

"အခ်စ္ လက္ခံမွာလား"

ေဘာင္းဘီၾကယ္သီးကို က္ိုင္တြယ္ရင္း ေနာက္တစ္ႀကိမ္ထပ္ အတည္ျပဴလာတဲ့ ဉာဏ္ေၾကာင့္ ေခါင္းၿငိမ့္ျပမိေတာ့ သြားခၽြန္ေတြ ေပၚေအာင္ျပဳံးသည္။ လ်င္ျမန္လြန္းတဲ့ ဉာဏ္လက္ေတြက ေဘာင္းဘီကုတင္ေအာက္ေရာက္သြားဖို႔ တစ္မိနစ္ေတာင္မၾကာလိုက္ပါ။

လင္းထင္းေနတဲ့ ဟိုတယ္ခန္းေၾကာင့္ ရွက္ေနတဲ့ ခံစားခ်က္က တကယ္ကို ကိုယ့္အေပၚ တပ္မက္စိတ္ျပင္းျပေနတဲ့ ဉာဏ္ေၾကာင့္ ေပ်ာက္ကြက္သြားရသည္အထိ။ ေက်ာပ္ိုးအိတ္အတြင္းဆုံးအိတ္ကေန ထုတ္လာတဲ့ အျပာေရာင္ဘူးေလးႏွင့္အတူ တံဆိပ္တူ ေလးေထာင့္စကၠဴဘူးေလးေၾကာင့္ လူကေတာင့္ခနဲ။ ေအးစက္စက္နဲ႔ စတင္လာတဲ့ လက္ေခ်ာင္းေတြရဲ့အထိအေတြ႕မွာ ဉာဏ့္ကို ဆြဲဖက္ထားလိုက္ေတာ့ ဉာဏ္က တအံ့တဩ။

"ဘာျဖစ္လို႔လဲ နာလို႔လား"

"ဟင့္အင္း  မၾကည့္ေနနဲ႔"

" အင္းပါ မၾကည့္ေတာ့ဘူး ကၽြန္ေတာ့္ကို နမ္း"

ထို႔ေနာက္ ..........

ဉာဏ္နဲ႔အတူ ေလၽွာက္လမ္းမိတဲ့ ႏွစ္ကိုယ္တူ အခ်စ္လမ္းေလးက ပထမဆုံးအႀကိမ္ဆိုေပမယ့္ ကိုယ့္မ်က္နာကို တၾကည့္ၾကည့္နဲ႔ ဉာဏ္က အညင္သာဆုံး ဦးေဆာင္သြားခဲ့သည္။ နာက်င္မွုေၾကာင့္ ကိုယ့္ႏွုတ္ခမ္းကို ကိုယ္ကိုက္တာေတာင္ မႀကိဳက္ခ်င္တဲ့ ဉာဏ္က ကိုယ့္မ်က္ခုံးေလး က်ဳံ႕တာနဲ႔ အနမ္းေတြျဖင့္ အခစားဝင္လာကာ သက္သာေအာင္ ႀကံဖန္ေတာ့သည္။ လည္ပင္းေတြမွာမဟုတ္ဘဲ ရင္ဘတ္တစ္ခုလုံး အနီကြက္ေတြက ေလးငါးခုျဖစ္သည္အထိလည္း ဉာဏ္က ဆိုးျပန္သည္။

Bathtub ထဲ ေရေႏြးစပ္ေပးၿပီး လူကို မခ်ီ႐ုံတမယ္ ျပဳစုေပးေနေတာ့ မေနတတ္လို႔ ျငင္းေတာ့လည္း အျပဳံးမပ်က္ပါ။ ရင္ခြင္ထဲထည့္ၿပီး ကိူယ့္မ်က္နာကို ငါးစကၠန႔္တစ္ခါ ငုံ႔ၾကည့္လိုက္ ျပဳံးလ္ုက္လုပ္ေနတဲ့ ဉာဏ္ေၾကာင့္ ရွက္ရတာကလည္း တစ္လုပ္။ ေက်ာျပင္ေပၚက ခပ္ဖြဖြ လက္အထိအေတြ႕ေၾကာင့္ ေမွးစင္းလာတဲ့ မ်က္လုံးေတြ မမွိတ္ခင္း ပါးျပင္က မွဲ႕ေနရာဆီ ရွူးကနဲျမည္ေအာင္ အနမ္းခံလိုက္ရတာလည္း သိလိုက္ပါေသးတယ္။

ကိုယ့္ထပ္ငယ္တဲ့သူကို ခ်စ္ရတာလည္း  ဟိုကနည္းနည္းေလးဂ်စ္ျပတာနဲ႔ အလိုလိုက္ေနရတာ မဟုတ္ေသးပါဘူး။
ေတာ္ၿပီ ေနာက္တစ္ခါ ဉာဏ္ ဂ်စ္တိုင္း အလိုမလိုက္ေတာ့ဘူး။

______\\\_____\\\_________
❤️❤️

Continue Reading

You'll Also Like

427K 22.4K 49
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
182K 18.7K 112
ဘာသာပြန်သူ - စွဲညို့အသင်း
218K 21.8K 71
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
241K 6.5K 66
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."