Transmigrator meets reincarna...

By Larkspur41

97.6K 19.6K 978

Title: Transmigrator meets reincarnator Not my own story.Just translation. Credits to: Written by:Snow Mounta... More

108 (part 1)
108 (part 2)
109 (part 1)
109(part 2)
110(part 1)
110 (part 2 )
111(part 1)
111(part 2)
112(part 1)
112(part 2)
113(part 1)
113(part 2)
114(part 1)
114(part 2)
115(part 1)
115(part 2)
116(part 1)
116(part 2)
117(part 1)
117(part 2)
118(part 1)
118(part 2)
119(part 1)
119(part 2)
120(part 1)
120(part 2)
121(part 1)
121( part2 )
122(part 1)
122(part 2)
123(part 1)
123(part 2)
124(part 1)
124(part 2)
125(part 1)
125(part 2)
126(part 1)
126(part 2)
127(part 1)
127(part 2)
128
129
130
131
132
133
134
135
136
137
138
139
New Trans
140
141
142
143
144
145
146
147
148
149
151
152
153
154

150

1.1K 213 4
By Larkspur41

Unicode

စစ်သူကြီးစီမာ ပုံမှန်သောက်တဲ့ ဘာကြီး ?

ကျန်းရှန် လက်ဖက်ရည်ရဲ့ အရည်အသွေးက နန်းတော်ကိုတရားဝင်ဆက်သတဲ့ လက်ဆောင်တွေထက် အနည်းငယ်သာ နိမ့်ကျတယ်၊ ကျန်းရှန် လက်ဖက်ရည်ရဲ့ ထုတ်လုပ်မှုပမာဏက မြောက်ပိုင်း ဖူကျန်း လက်ဖက်ရည် ထုတ်လုပ်မှုထက် ပိုမိုနည်းပါးလေတယ်။

နှစ်စဉ်  လက်ဖက်ရွက်တွေ ခူးဆွတ်တဲ့ နွေဦးကာလမရောက်ခင်တိုင်း မျိုးရိုးမြင့်အိမ်တော်တွေက ကျန်းရှန် လက်ဖက်ကိတ်မျိုးစုံကို သီးသန့်ပြုလုပ်ကြတယ်၊ ဒါမျိုးဆိုတာက ပိုက်ဆံရှိရင်တောင် ဝယ်လို့ရနိုင်တဲ့ အရာမျိုး မဟုတ်ဘူး။

ပြန်တွေးကြည့်ရရင် သခင်မလေးယွမ်တောင်မှ ချူးလျန်ကို လှောင်ပြောင်ဖို့ရာ သူမ အဘိုးဖြစ်သူဆီကနေ ကျန်းရှန် လက်ဖက်ရည်ကို ခိုးယူခဲ့သေးတယ်။

ချူးလျန်ကတော့ လက်ထောက်စစ်သည်အမျိုးသမီးကို ကြည့်ပြီး အကျယ်ကြီး အော်ရယ်မိတော့မတတ်ဘဲ၊ စစ်သူကြီး စီမာကရော ဒီလက်ထောက်အစေခံနဲ့ အတွေး အတူတူဘဲ ဖြစ်နေလောက်မလား ? ဒါမှမဟုတ် ဒါက ဒီလက်ထောက် တစ်ဦးတည်းရဲ့ မိုက်မဲမှုဘဲလား ?

ချူးလျန်က လက်ဖက်ရည်ကို ပွင့်ပွင့်လင်းလင်းဘဲ ငြင်းပယ်လိုက်ဖို့ တွေးမိသွားတယ်၊ ဒါပေမယ့် အဲ့ဒီအစား ဒီလက်ထောက်အမျိုးသမီးကို သတိပေးနိုင်ဖို့ရာ ပိုပြီး သိမ်မွေ့တဲ့ နည်းလမ်းတစ်ခုကို ပြောင်းလဲရွေးချယ်လိုက်တယ် ၊ အရိုးရှင်းဆံုး ပြောရရင် ဒီအမျိုးသမီးရဲ့ ပရိယာယ်က မသေမသပ်နဲ့ မိုက်မဲလွန်းတယ်၊ ချူးလျန်အတွက်တော့ ဒါကို သခင်မလေးယွမ် ဆီမှာ မြင်တွေ့ခဲ့ဖူးပြီးနေပြီ။

ဒါပေမယ့် ချူးလျန်ဘက်က ပြန်လည်မတုန့်ပြန်ရသေးခင်မှာဘဲ  ဝမ်လန်က သူမ သခင်မကို ကာကွယ်ပေးဖိူ့ရာ မစောင့်နိုင်တော့ဘဲ ဝင်ပြောလာတယ် "စိတ်မရှိပါနဲ့၊  မိန်းကလေးကတော့ မသိလောက်ပေမယ့် ကျွန်မတို့သခင်မက စန်ချာအရသာက ထူးဆန်းလွန်းတာမို့သောက်ရတာ မကြိုက်နှစ်သက်ပါဘူး "

ဒီလို အဖြေကို ကြားလိုက်တာနဲ့ အမျိုးသမီးလက်ထောက်ရဲ့ မျက်နှာတစ်ခုလုံး နီရဲလာပြီး နှုတ်ခမ်းတွေကပါ တုန်ယင်လာတယ်။

ချူးလျန်က ဝမ်လန်ကို သဘောမကျစွာ လှည့်ကြည့်လိုက်မှဘဲ ဝမ်လန်က စကားပြောတာ ရပ်သွားတယ်။

အမျိုးသမီးလက်ထောက်ရဲ့မလေးစားမှုတွေက သူမ မျက်နှာထက်မှာ အထင်းသားပေါ်လွင်နေတယ်၊ ချူးလျန်ကိုယ်တိုင်ကလည်း လူစိမ်းတွေရှေ့မှာ သူမရဲ့ အနီးကပ်အစေခံတွေကို ဆိုဆုံးမဖို့ စိတ်ကူးမထားဘူး၊ ဒါနဲ့ ချူးလျန်က မူလကတိတ်ဆိတ်နေဆဲ အချိန်ကအတိုင်း သူမ မျက်နှာထက်မှာ နွေးထွေးပြီး ရင်းနှီးကျွမ်းဝင်စေတဲ့ ပုံစံကို ထိန်းသိမ်းထားလိုက်တယ်။

ခဏကြာတော့ အမျိုးသမီးလက်ထောက်က သူမ စိတ်ထဲက မကျေနပ်မှုတွေကို ဖြတ်ကျော်နိုင်သွားခဲ့ပြီ။

သူမက သက်ပြင်းချပြီး အားတင်းပြုံးလိုက်တယ်၊ " အမျိုးသမီးကျင်းယီရဲ့ အကြိုက်တွေကို ကြို မစစ်ဆေးထားမိတာ ဒီအစေခံရဲ့ အမှားပါ "

ချူးလျန်က ယဉ်ယဉ်ကျေးကျေးဘဲ ပြန် ပြောလိုက်တယ် " ဒါက အဆင်ပြေပါတယ် "

လက်ထောက်အမျိုးသမီး ရှောင်ယန်က တစ်စုံတစ်ခုကို ဆက်ပြောဖို့ ပြင်နေတုန်းမှာဘဲ အမျိုးသမီးကျင်းယီကို ခေါ်ဆောင်ဖို့ရာ စစ်သူကြီးချီအန်း လွှတ်လိုက်တဲ့ စစ်သားတစ်ယောက်က တဲ အပြင်ဘက်ကနေ အကြောင်းကြားလာတယ် ၊ ဒါနဲ့ သူတို့က စစ်သူကြီးရဲ့တဲဆီ ချက်ချင်းဘဲ သွားရောက်လိုက်ရတယ်။

ချူးလျန်က ထရပ်ပြီး သူမရဲ့ လူစုကို နွေးထွေးနေတဲ တဲ အပြင်ဆီ ဦးဆောင်ခေါ်သွားတယ်။

ရှောင်ယန်က ချူးလျန်တို့ကို ဝင်ပေါက်ထိ လိုက်ပို့တယ်၊ သူမက ချူးလျန်ရဲ့ ဝေးကွာသွားတဲ့ ကျောပြင်ကို ငေးကြည့်နေရင်းနဲ့ သူမ မျက်နှာပေါ်က အပြုံးက ဖျော့တော့လာပြီး မျက်နှာက ရှုံ့မဲ့လာတယ်။

ရှောင်ယန် နောက်က အစေခံမလေးကလည်း လေသံနိမ့်နဲ့ အထွန့်တက်လာတယ် " ဟမ့် ဒီ အမျိုးသမီးကျင်းယီက အဆိုးထဲက အကောင်းကို နားမလည်ဘူးဘဲ၊ သူမကများ စန်ချာကို မနှစ်ဘူးလို့ပြောရဲသေးတယ် ! ဒီအစေခံ ထင်တာကတော့ သူမက စန်ချာကို ဘယ်တုန်းကမှ မသောက်ဖူးတာမို့ စမ်းမကြည့်ရဲတာ ဖြစ်လောက်မယ် "

ရှောင်ယန်ရဲ့ နှုတ်ခမ်းတွေက သရော်ချင်တဲ့ အပြုံးနဲ့ကွေးတက်သွားတယ်၊ ဒါက တကယ်ဘဲ ဖြစ်နိုင်လောက်တယ် !

သူမက ကျဆင်းနေတဲ့ အိမ်တော်က သနားစရာ သခင်မလေး တစ်ယောက်ဘဲလေ၊ ဘယ်လိူများ သူတိူ့တွေရဲ့ စစ်သူကြီးစီမာနဲ့ ယှဉ်လို့ရနိုင်ပါ့မလဲ

စီမာဟွေ့က တကယ်လည်း စန်ချာကို မကြာခဏသောက်လေ့ရှိတယ်၊ သူမ အကြိုက်ဆုံးကလည်း ကျန်းရှန် လက်ဖက်ရည်ဘဲ၊ သူမကိုယ်တိုင်က စီမာ ပင်မအိမ်တော်ရဲ့ တစိတ်တပိုင်း မဟုတ်ပေမယ်လည်း သူမမှာ စစ်သူကြီးချုပ်အို စီမာရဲ့ အဆက်အသွယ်တွေ ရှိနေသေးတယ်၊ အခုလက်ရှိ စီမာအိမ်တော်က အမျိုးသားဆက်ခံသူတွေ လျော့ပါးနေပေမယ့် သူတို့တွေက  မြို့တော်ရဲ့ ဒုတိယတန်းစား အိမ်တော်တွေ ထက်တော့ ဇိမ်ရှိရှိနဲ့ အဆင့်တန်းမြင့်မြင့်နေနိုင်နေဆဲဘဲ။

ဒီတော့ မွေးစားသမီးတစ်ဦးလို ပျိုးထောင်ခံခဲ့ရတဲ့ အစေခံရှောင်ယန်မှာလည်း စိတ်ကြီး ဝင်ပြီး မမောက်မာဘဲ မနေနိုင်ဘူး။

ရှောင်ယန်က နှာခေါင်းရှုံ့လိုက်တယ် "  ငါမနေ့ညက ပြောလိုက်တဲ့ အမိန့်အတိုင်း တသွေမတိမ်းလုပ်ဖို့ မမေ့နဲ့ "

" ဟုတ်ကဲ့ပါ အစ်မယန်၊ ဒီအစေခံက သွားပြီး သေချာအောင် ပြင်ဆင်လိုက်ပါ့မယ် "

စစ်သူကြီးချီအန်းက သူ့တဲရဲ့ အပြင်ဘက်ထိ ချူးလျန်ကို ထွက်ကြိုနေတယ်၊ စစ်ပွဲက လက်တကမ်းအကွာမှာ ရှိနေတော့ သူ့မှာ ထန်းယန်နဲ့ ချူးလျန်ကို လိုက်ပါ ကြိုဆိုဖို့ရာ အချိန်မရှိလှဘုး၊ သူက မယ်တော်ကြီးရဲ့ အမိန့်စာလွှာနဲ့ သယ်ယူလာခဲ့တဲ့ ရိက္ခာတွေကို လေးစားသောအားဖြင့်သာ အချိန်ဖဲ့ပေးထားခြင်းဖြစ်တယ်။

ခေါင်းဆောင်ကောင်းနဲ့ ဟေးချန်ဒီတို့ရဲ့ ခင်မင်မှုကြောင့် ချူးလျန် စစ်သူကြီးရဲ့ တဲဆီက ပြန်ထွက်လာတာနဲ့ စစ်သူကြီး ချီအန်းက သူတို့ကို ခေါင်းဆောင်‌ေကာင်းဆီ လက်လွှဲထားခဲ့တယ်၊။

အချိန်က နေ့လည် 1နာရီတောင် ရှိသွားခဲ့ပြီ၊ ဒါက ချူးလျန် တပ်ထဲကို ပထမဆုံးလာရောက်တာဖြစ်ပေမယ့် ဟေးစန်းလန်က အနားမှာရှိမနေဘူး၊ ခေါင်းဆောင်ကောင်းကလည်း ချူးလျန်ကို ဂရုစိုက်တဲ့ အနေနဲ့ ထန်းယန်နဲ့ အခြားလူတွေကိုပါ နေ့လည်စာစားဖို့ ဖိတ်ခေါ်လိုက်တယ်။

ခေါင်းဆောင်ကောင်းက ပြုံးပြီး ပြောလိုက်တယ်၊ " ခယ်မလေး  တပ်ထဲက အစားအသောက်တွေက ရိုးရှင်းလွန်းတော့  မင်းဘဝမှာ တကြိမ်ဘဲရတဲ့ စိတ်ဝင်စားစရာ အတွေ့အကြုံဖြစ်လောက်မှာပါ "

ချူးလျန်ကလည်း ဒါကို ပြန်မငြင်းခဲ့ဘူး၊ သူမ စစ်တပ် ဝင်းအတွင်းကို ရောက်ကတည်းက ဘေးကို ပတ်ကြည့်ချင်ခဲ့တာ၊ ဒီလိူ အခွင့်အရေးမျိုးဆိုတာက နေ့တိုင်းမရနိုင်ဘူး။

ထန်းယန်ရဲ့ အတွေးတွေကလည်း ချူးလျန်နဲ့ အတူတူပါဘဲ၊ ဒါပေမယ့် ကွာခြားချက်တစ်ခုကတော့ သူက ယောက်ျားသားဖြစ်နေတာဘဲ၊ ဒီတော့ တပ်တွင်း လှည့်ပတ်ကြည့်ရှုဖိူ့ရာက သူ့အတွက် ပိုမိုအဆင်ပြေတယ်၊ လွန်ခဲ့တဲ့ နှစ်တွေမှာ သူက မင်းသားကျင်းအတွက် အမှုထမ်းနေ‌ရတော့ နှစ်အတော်ကြာ မြို့ပေါ်ကနေ မထွက်ခွာနိုင်ခဲ့ဘူး။

သူက ဒီအခွင့်အရေးကိုသုံးပြီး စစ်တပ်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေ ၊နေ့စဉ် လေ့ကျင့်မှုတွေ တခြားလုပ်ငန်းတွေကို ကြည့်ချင်နေတယ်၊။

ထန်းယန်က လေ့ကျင်းရေးကွင်းပြင်ကို လှည့်ပတ်ကြည့်ချင်နေတယ်၊ ဒါနဲ့ သူက ခေါင်းဆောင်ကောင်းနဲ့ ချူးလျန်ကို နှုတ်ဆက်ပြီး အခြားတပ်သားအရာရှိတစ်ဦးနဲ့အတူ ထွက်လာခဲ့တယ်။

ချူးလျန်လည်းဘဲ လေ့ကျင့်ရေးကွင်းပြင်ကို လှည့်ပတ်ကြည့်‌ချင်နေတယ်၊ ဒါပေမယ့်လည်း ကွင်းပြင်မှာက ငယ်ရွယ်သန်မာတဲ့ ယောက်ျားသားတွေနဲ့ဘဲ ပြည့်နေလေတော့ သူမအတွက်က သွားရောက်ဖို့ မသင့်တော်လှဘူး၊ ဒါနဲ့ သူမ က ခေါင်းဆောင်ကောင်းနောက်ကနေ  ဟေးစန်းလန်နေထိုင်တဲ့ ညာတောင်ပံတပ်ရင်းအုပ်စုထဲကို လိုက်ပါသွားတယ်။

ညာတောင်ပံတပ်ခွဲရဲ့ တဝက်ကျော်လောက်က တာဝန်ထမ်းဆောင်ဖို့ရာ ရှေ့တန်းကို လိုက်ပါသွားကြတယ်၊ ဒီတော့ တပ်ခွဲမှာ လူအနည်းငယ်ဘဲ ကျန်ရစ်တယ်၊ ကျန်နေတဲ့ လူငယ်တွေကလည်း လေ့ကျင့်ရေးကွင်းပြင်ကို သွားနေကြတော့ လူက နည်းနည်းဘဲ ရှိနေတယ်၊ ဒါပေမယ့်လည်း ချူးလျန်အတွက်တော့ ဒါက ပိုသက်တောင့်သက်သာ ရှိနေတယ်။

ခေါင်းဆောင်ကောင်းကလည်း ညာတောင်ပံ တပ်ခွဲမှာကျန်ရစ်ခဲ့တဲ့ တစ်ဦးတည်းသော အရာရှိ‌ဖြစ်နေတော့ သူ့မှာ လုပ်စရာကိုင်စရာတွေ အများကြီး‌ရှိနေတယ်၊ သူတိူ့ အဖွဲ့ စစ်တပ်ဝင်းထဲ ခြေချချချင်းမှာဘဲ စစ်သားလေးတစ်ယောက်က ‌တပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်ဆီကနေ ခြေထောက်အဆစ်လွဲသွားပြီးတော့ ဘယ်တောင်ပံ တပ်ခွဲက ခေါင်းဆောင်တယောက်နဲ့ တိုက်ခိုက်ဖို့စတင်နေကြောင်း သတင်းပို့ချက်ကို ရလိုက်တယ်၊

ခေါင်းဆောင်ကောင်းရဲ့ အမူအရာက ရေခဲတမျှ အေးစက်သွားတယ်။

ချူးလျန်က ခေါင်းဆောင်ကောင်းရဲ့ အမူအရာတွေကိုသတိပြုမိသွားပြီး ပြောလာတယ် " အကိုကောင်းရဲ့ တပ်ခွဲထဲမှာ အရေးတကြီး လူပ်စရာတွေရှိနေရင် စိတ်ချလက်ချသွားလိုက်ပါ ၊ ကျွန်မတို့ အတွက် လိုက်ပြဖို့ တစ်ယောက်ယောက်ကို ချန်ထားခဲ့လိုက်လို့ရပါတယ် "

ခေါင်းဆောင်ကောင်းက စက္ကန့်ပိုင်းလောက်တုန့်ဆိုင်းနေပေမယ့်လည်း သူတတ်နိုင်တာ ဘာမှ ရှိမနေပါဘူး၊ " ဒါဆိုလည်း ခယ်မလေးက ကျီရှန်းရဲ့ တဲထဲမှာ ခဏလောက်အနားယူနေလိုက်ပါ၊ ငါ့ရဲ့ အလုပ်တာဝန်တွေပြီးတာနဲ့ ခယ်မလေးနဲ့ နေ့လည်စာ အတူစားဖို့ ချက်ချင်းပြန်လာခဲ့ပါ့မယ် "

ခေါင်းဆောင်ကောင်းက သတင်းလာပို့တဲ့ တပ်သားလေးနဲ့အတူ မထွက်ခွာခင်မှာ သူ့ရဲ့ လက်ထောက်တစ်ယောက်ကို ချူးလျန်ကို ဟေးစန်းလန်ရဲ့ တဲဆီ လိုက်ပို့ပေးဖို့ ညွှန်ကြားလိုက်တယ်၊။

ဝမ်ချင်းက ခေါင်းဆောင်ကောင်းရဲ့ ပျောက်ကွယ်သွားတဲ့ ကျောပြင်ကို ကြည့်နေရင်းနဲ့ တချိန်တည်းမှာအဖြစ်အပျက်တွေ တိုက်ဆိုင်စွာ ဖြစ်ပျက်သွားတာကိုတွေးနေမိတယ်။

ဒါပေမယ့်လည်း ဘေးမှာ သူစိမ်းတွေက အတူရှိနေတော့ ဝမ်ချင်းက ဘာကိုမှ ထုတ်မပြောနေဘူး၊ ဝမ်ချင်းက စိုးရိမ်စိတ်ကို ထိန်းထားရင်းနဲ့ဘဲ သူမရဲ့ သတိလက်လွတ်ဖြစ်နေတဲ့ သခင်မလေးကို မျက်စိဒေါက်ထောက်ကြည့်နေလိုက်တယ်။

ခေါင်းဆောင်ကောင်းရဲ့ လက်ထောက်မှာ နည်းနည်းပုပြီး ဝဖိုင့်ဖိုင့် သဏ္ဌာန်နဲ့ လေးထောင့်ဆန်တဲ့ မျက်နှာ ထားရှိတယ်၊ သူရယ်လိုက်တော့ မျက်လုံးတွေက အပေါ်ကို ပင့်တက်သွားပြီး ပိုလို့တောင်မှေးကျဉ်းသွားတယ်၊ သူ့ပုံစံကြည့်ရတာ ပေါင်းသင်းလို့ လွယ်ကူမယ့် ပုံစံကို ဖြစ်ပေါ်စေတယ်၊

လက်ထောက် တပ်သားက ချူးလျန်တို့ အဖွဲ့ကို ဦးဆောင်ခေါ်သွားပြီးတော့ တပ်ခွဲရဲ့ ညာဘက်မှာရှိနေတဲ့ တဲတစ်ခုကို ညွှန်ပြလိုက်တယ်၊ " အမျိုးသမီးကျင်းယီ ကျွန်တော့်နောက်ကနေ လိုက်ခဲ့ပါ၊ ခေါင်းဆောင်ဟေးရဲ့ တဲက နောက်ဆုံး အတန်းရဲ့ ဒုတိယမြောက်မှာ ပါ။

ချူးလျန်က ခေါင်းညိမ့်ပြပြီး ဝမ်လန်ကို တွဲလျက်နဲ့ လမ်းလျှောက်လာတယ်၊ သူမ ခြေထောက်မှာ လုံးဝအကုန်အစင် မသက်သာသေးတော့ လမ်းလျှောက်ရာမှာ အနည်းငယ်နှေးကွေးလိူ့နေတယ်၊ လက်ထောက်တပ်သားမှာလည်း သူမနဲ့ အတူ လိုက်ပြီး နှေးလျှောက်နေတယ်။

နှင်းမှုန်စလေးတွေက ကောင်းကင်ပေါ်ကနေ ဝဲဖြာကျလာတော့ ဝမ်လန်က အနွေးဦးထုပ် လေးကို ချူးလျန် ခေါင်းပေါ်ကို ဆောင်းပေးတယ်၊ ဟေးစန်းလန်ရဲ့တဲက အဝေးကြီး မဟုတ်လှဘူး၊ ဒါပေမယ့် ချူးလျန်ရဲ့ ခရုလေးလို သွားနှုန်းကြောင့် ပုံမှန် သွားချိန်ထက် နှစ်ဆလောက်တောင် အချိန်ယူလိုက်ရတယ်။

သူတို့တွေ တပ်သားညွှန်ပြထားတဲ့ တဲဆီကို ရောက်သွားတဲ့ အချိန်မှာ တဲပုံစံကတော့ အမျိုးသမီးတပ်သားနှစ်ဦး အပေါက်ဝမှာ စောင့်နေတာကလွဲရင် အခြား ပုံမှန်တဲတွေလိုဘဲ ကွာခြားချက်မရှိလှဘူး။

ချူးလျန်ရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားပြီးတော့ သူမရဲ့ အယ်မွန်ပုံမျက်ဝန်းတွေပါ ကျဉ်း‌ေမြာင်းလို့သွားတယ်၊ ယုန်မွှေးလက်အနွေးအိတ်ထဲမှာရှိနေတဲ့ သူမရဲ့ လက်နှစ်ဖက်ကို တင်းတင်းဆုပ်လိုက်မိတယ်၊ စီမာဟွေ့ရဲ့ အမျိုးသမီးတပ်သားတွေက ဟေးစန်းလန်ရဲ့ တဲရှေ့မှာ ရပ်နေကြတာလား ?

တဲအရှေ့မှာတော့ သစ်သားဇလုံထဲမှာ ထည့်ထားတဲ့ ရေတွေနဲ့ အဝတ်အစားတွေရှိနေတယ်၊ ဒါတွေက သေချာပေါက်ကို ဟေးစန်းလန်အတွက် လုပ်ပေးနေတယ်ဆိုတာကို ကြော်ညာနေကြတာဘဲ မဟုတ်လား?

ဘယ်သူကများ ဒီလိုမောက်မာလွန်းတဲ့ အမျိုးသမီးတပ်သားတွေကို ဒီလို အမိန့်ပေးနိုင်တာလဲ၊ ဖြစ်နိုင်တဲ့တစ်ဦးတည်းသောသူက ....

ဘယ်အချိန်ကများ ဟေးစန်းလန်က ဒီလို ကောင်းမွန်တဲ့ ဂရုစိုက်မှုတွေကို ရရှိသွားရတာလဲ။

လက်ထောက်တပ်သားမှာ အနည်းငယ်တောင်သဝန်တိုမိသွားတယ်၊ ဒါပေမယ့် သူ့အနောက်နားက လှပတဲ့ အမျိုးသမီးငယ်လေးဆီ ပြန် လှည့်ကြည့်မိသွားတော့ သူ့ အမူအရာက ပြောင်းလဲသွားတယ်၊ ဟေးစန်းလန် ကြုံတွေ့ရတော့မယ့် ရှုပ်ထွေးပွေလီလှတဲ့ အမှုအခင်းကြီးကိုတွေးမိပြီးတော့ ဒီအသက်အရွယ်ထိ သူ့အဝတ်သူ လျှော်ဝတ်ခဲ့ရတာက ဘယ်လောက် ကံကောင်းလဲတွေးမိသွားတော့တယ်။

Zawgyi

စစ္သူႀကီးစီမာ ပုံမွန္ေသာက္တဲ့ ဘာႀကီး ?

က်န္း႐ွန္ လက္ဖက္ရည္ရဲ႕ အရည္အေသြးက နန္းေတာ္ကိုတရားဝင္ဆက္သတဲ့ လက္ေဆာင္ေတြထက္ အနည္းငယ္သာ နိမ့္က်တယ္၊ က်န္း႐ွန္ လက္ဖက္ရည္ရဲ႕ ထုတ္လုပ္မႈပမာဏက ေျမာက္ပိုင္း ဖူက်န္း လက္ဖက္ရည္ ထုတ္လုပ္မႈထက္ ပိုမိုနည္းပါးေလတယ္။

ႏွစ္စဥ္  လက္ဖက္႐ြက္ေတြ ခူးဆြတ္တဲ့ ေႏြဦးကာလမေရာက္ခင္တိုင္း မ်ိဳး႐ိုးျမင့္အိမ္ေတာ္ေတြက က်န္း႐ွန္ လက္ဖက္ကိတ္မ်ိဳးစုံကို သီးသန္႔ျပဳလုပ္ၾကတယ္၊ ဒါမ်ိဳးဆိုတာက ပိုက္ဆံ႐ွိရင္ေတာင္ ဝယ္လို႔ရႏိုင္တဲ့ အရာမ်ိဳး မဟုတ္ဘူး။

ျပန္ေတြးၾကည့္ရရင္ သခင္မေလးယြမ္ေတာင္မွ ခ်ဴးလ်န္ကို ေလွာင္ေျပာင္ဖို႔ရာ သူမ အဘိုးျဖစ္သူဆီကေန က်န္း႐ွန္ လက္ဖက္ရည္ကို ခိုးယူခဲ့ေသးတယ္။

ခ်ဴးလ်န္ကေတာ့ လက္ေထာက္စစ္သည္အမ်ိဳးသမီးကို ၾကည့္ၿပီး အက်ယ္ႀကီး ေအာ္ရယ္မိေတာ့မတတ္ဘဲ၊ စစ္သူႀကီး စီမာကေရာ ဒီလက္ေထာက္အေစခံနဲ႔ အေတြး အတူတူဘဲ ျဖစ္ေနေလာက္မလား ? ဒါမွမဟုတ္ ဒါက ဒီလက္ေထာက္ တစ္ဦးတည္းရဲ႕ မိုက္မဲမႈဘဲလား ?

ခ်ဴးလ်န္က လက္ဖက္ရည္ကို ပြင့္ပြင့္လင္းလင္းဘဲ ျငင္းပယ္လိုက္ဖို႔ ေတြးမိသြားတယ္၊ ဒါေပမယ့္ အဲ့ဒီအစား ဒီလက္ေထာက္အမ်ိဳးသမီးကို သတိေပးႏိုင္ဖို႔ရာ ပိုၿပီး သိမ္ေမြ႕တဲ့ နည္းလမ္းတစ္ခုကို ေျပာင္းလဲေ႐ြးခ်ယ္လိုက္တယ္ ၊ အ႐ိုး႐ွင္းဆံဳး ေျပာရရင္ ဒီအမ်ိဳးသမီးရဲ႕ ပရိယာယ္က မေသမသပ္နဲ႔ မိုက္မဲလြန္းတယ္၊ ခ်ဴးလ်န္အတြက္ေတာ့ ဒါကို သခင္မေလးယြမ္ ဆီမွာ ျမင္ေတြ႕ခဲ့ဖူးၿပီးေနၿပီ။

ဒါေပမယ့္ ခ်ဴးလ်န္ဘက္က ျပန္လည္မတုန္႔ျပန္ရေသးခင္မွာဘဲ  ဝမ္လန္က သူမ သခင္မကို ကာကြယ္ေပးဖိူ႕ရာ မေစာင့္ႏိုင္ေတာ့ဘဲ ဝင္ေျပာလာတယ္ "စိတ္မ႐ွိပါနဲ႔၊  မိန္းကေလးကေတာ့ မသိေလာက္ေပမယ့္ ကြၽန္မတို႔သခင္မက စန္ခ်ာအရသာက ထူးဆန္းလြန္းတာမို႔ေသာက္ရတာ မႀကိဳက္ႏွစ္သက္ပါဘူး "

ဒီလို အေျဖကို ၾကားလိုက္တာနဲ႔ အမ်ိဳးသမီးလက္ေထာက္ရဲ႕ မ်က္ႏွာတစ္ခုလုံး နီရဲလာၿပီး ႏႈတ္ခမ္းေတြကပါ တုန္ယင္လာတယ္။

ခ်ဴးလ်န္က ဝမ္လန္ကို သေဘာမက်စြာ လွည့္ၾကည့္လိုက္မွဘဲ ဝမ္လန္က စကားေျပာတာ ရပ္သြားတယ္။

အမ်ိဳးသမီးလက္ေထာက္ရဲ႕မေလးစားမႈေတြက သူမ မ်က္ႏွာထက္မွာ အထင္းသားေပၚလြင္ေနတယ္၊ ခ်ဴးလ်န္ကိုယ္တိုင္ကလည္း လူစိမ္းေတြေ႐ွ႕မွာ သူမရဲ႕ အနီးကပ္အေစခံေတြကို ဆိုဆုံးမဖို႔ စိတ္ကူးမထားဘူး၊ ဒါနဲ႔ ခ်ဴးလ်န္က မူလကတိတ္ဆိတ္ေနဆဲ အခ်ိန္ကအတိုင္း သူမ မ်က္ႏွာထက္မွာ ေႏြးေထြးၿပီး ရင္းႏွီးကြၽမ္းဝင္ေစတဲ့ ပုံစံကို ထိန္းသိမ္းထားလိုက္တယ္။

ခဏၾကာေတာ့ အမ်ိဳးသမီးလက္ေထာက္က သူမ စိတ္ထဲက မေက်နပ္မႈေတြကို ျဖတ္ေက်ာ္ႏိုင္သြားခဲ့ၿပီ။

သူမက သက္ျပင္းခ်ၿပီး အားတင္းျပဳံးလိုက္တယ္၊ " အမ်ိဳးသမီးက်င္းယီရဲ႕ အႀကိဳက္ေတြကို ႀကိဳ မစစ္ေဆးထားမိတာ ဒီအေစခံရဲ႕ အမွားပါ "

ခ်ဴးလ်န္က ယဥ္ယဥ္ေက်းေက်းဘဲ ျပန္ ေျပာလိုက္တယ္ " ဒါက အဆင္ေျပပါတယ္ "

လက္ေထာက္အမ်ိဳးသမီး ေ႐ွာင္ယန္က တစ္စုံတစ္ခုကို ဆက္ေျပာဖို႔ ျပင္ေနတုန္းမွာဘဲ အမ်ိဳးသမီးက်င္းယီကို ေခၚေဆာင္ဖို႔ရာ စစ္သူႀကီးခ်ီအန္း လႊတ္လိုက္တဲ့ စစ္သားတစ္ေယာက္က တဲ အျပင္ဘက္ကေန အေၾကာင္းၾကားလာတယ္ ၊ ဒါနဲ႔ သူတို႔က စစ္သူႀကီးရဲ႕တဲဆီ ခ်က္ခ်င္းဘဲ သြားေရာက္လိုက္ရတယ္။

ခ်ဴးလ်န္က ထရပ္ၿပီး သူမရဲ႕ လူစုကို ေႏြးေထြးေနတဲ တဲ အျပင္ဆီ ဦးေဆာင္ေခၚသြားတယ္။

ေ႐ွာင္ယန္က ခ်ဴးလ်န္တို႔ကို ဝင္ေပါက္ထိ လိုက္ပို႔တယ္၊ သူမက ခ်ဴးလ်န္ရဲ႕ ေဝးကြာသြားတဲ့ ေက်ာျပင္ကို ေငးၾကည့္ေနရင္းနဲ႔ သူမ မ်က္ႏွာေပၚက အျပဳံးက ေဖ်ာ့ေတာ့လာၿပီး မ်က္ႏွာက ႐ႈံ႕မဲ့လာတယ္။

ေ႐ွာင္ယန္ ေနာက္က အေစခံမေလးကလည္း ေလသံနိမ့္နဲ႔ အထြန္႔တက္လာတယ္ " ဟမ့္ ဒီ အမ်ိဳးသမီးက်င္းယီက အဆိုးထဲက အေကာင္းကို နားမလည္ဘူးဘဲ၊ သူမကမ်ား စန္ခ်ာကို မႏွစ္ဘူးလို႔ေျပာရဲေသးတယ္ ! ဒီအေစခံ ထင္တာကေတာ့ သူမက စန္ခ်ာကို ဘယ္တုန္းကမွ မေသာက္ဖူးတာမို႔ စမ္းမၾကည့္ရဲတာ ျဖစ္ေလာက္မယ္ "

ေ႐ွာင္ယန္ရဲ႕ ႏႈတ္ခမ္းေတြက သေရာ္ခ်င္တဲ့ အျပဳံးနဲ႔ေကြးတက္သြားတယ္၊ ဒါက တကယ္ဘဲ ျဖစ္ႏိုင္ေလာက္တယ္ !

သူမက က်ဆင္းေနတဲ့ အိမ္ေတာ္က သနားစရာ သခင္မေလး တစ္ေယာက္ဘဲေလ၊ ဘယ္လိူမ်ား သူတိူ႕ေတြရဲ႕ စစ္သူႀကီးစီမာနဲ႔ ယွဥ္လို႔ရႏိုင္ပါ့မလဲ

စီမာေဟြ႕က တကယ္လည္း စန္ခ်ာကို မၾကာခဏေသာက္ေလ့႐ွိတယ္၊ သူမ အႀကိဳက္ဆုံးကလည္း က်န္း႐ွန္ လက္ဖက္ရည္ဘဲ၊ သူမကိုယ္တိုင္က စီမာ ပင္မအိမ္ေတာ္ရဲ႕ တစိတ္တပိုင္း မဟုတ္ေပမယ္လည္း သူမမွာ စစ္သူႀကီးခ်ဳပ္အို စီမာရဲ႕ အဆက္အသြယ္ေတြ ႐ွိေနေသးတယ္၊ အခုလက္႐ွိ စီမာအိမ္ေတာ္က အမ်ိဳးသားဆက္ခံသူေတြ ေလ်ာ့ပါးေနေပမယ့္ သူတို႔ေတြက  ၿမိဳ႕ေတာ္ရဲ႕ ဒုတိယတန္းစား အိမ္ေတာ္ေတြ ထက္ေတာ့ ဇိမ္႐ွိ႐ွိနဲ႔ အဆင့္တန္းျမင့္ျမင့္ေနႏိုင္ေနဆဲဘဲ။

ဒီေတာ့ ေမြးစားသမီးတစ္ဦးလို ပ်ိဳးေထာင္ခံခဲ့ရတဲ့ အေစခံေ႐ွာင္ယန္မွာလည္း စိတ္ႀကီး ဝင္ၿပီး မေမာက္မာဘဲ မေနႏိုင္ဘူး။

ေ႐ွာင္ယန္က ႏွာေခါင္း႐ႈံ႕လိုက္တယ္ "  ငါမေန႔ညက ေျပာလိုက္တဲ့ အမိန္႔အတိုင္း တေသြမတိမ္းလုပ္ဖို႔ မေမ့နဲ႔ "

" ဟုတ္ကဲ့ပါ အစ္မယန္၊ ဒီအေစခံက သြားၿပီး ေသခ်ာေအာင္ ျပင္ဆင္လိုက္ပါ့မယ္ "

စစ္သူႀကီးခ်ီအန္းက သူ႕တဲရဲ႕ အျပင္ဘက္ထိ ခ်ဴးလ်န္ကို ထြက္ႀကိဳေနတယ္၊ စစ္ပြဲက လက္တကမ္းအကြာမွာ ႐ွိေနေတာ့ သူ႕မွာ ထန္းယန္နဲ႔ ခ်ဴးလ်န္ကို လိုက္ပါ ႀကိဳဆိုဖို႔ရာ အခ်ိန္မ႐ွိလွဘုး၊ သူက မယ္ေတာ္ႀကီးရဲ႕ အမိန္႔စာလႊာနဲ႔ သယ္ယူလာခဲ့တဲ့ ရိကၡာေတြကို ေလးစားေသာအားျဖင့္သာ အခ်ိန္ဖဲ့ေပးထားျခင္းျဖစ္တယ္။

ေခါင္းေဆာင္ေကာင္းနဲ႔ ေဟးခ်န္ဒီတို႔ရဲ႕ ခင္မင္မႈေၾကာင့္ ခ်ဴးလ်န္ စစ္သူႀကီးရဲ႕ တဲဆီက ျပန္ထြက္လာတာနဲ႔ စစ္သူႀကီး ခ်ီအန္းက သူတို႔ကို ေခါင္းေဆာင္‌ေကာင္းဆီ လက္လႊဲထားခဲ့တယ္၊။

အခ်ိန္က ေန႔လည္ 1နာရီေတာင္ ႐ွိသြားခဲ့ၿပီ၊ ဒါက ခ်ဴးလ်န္ တပ္ထဲကို ပထမဆုံးလာေရာက္တာျဖစ္ေပမယ့္ ေဟးစန္းလန္က အနားမွာ႐ွိမေနဘူး၊ ေခါင္းေဆာင္ေကာင္းကလည္း ခ်ဴးလ်န္ကို ဂ႐ုစိုက္တဲ့ အေနနဲ႔ ထန္းယန္နဲ႔ အျခားလူေတြကိုပါ ေန႔လည္စာစားဖို႔ ဖိတ္ေခၚလိုက္တယ္။

ေခါင္းေဆာင္ေကာင္းက ျပဳံးၿပီး ေျပာလိုက္တယ္၊ " ခယ္မေလး  တပ္ထဲက အစားအေသာက္ေတြက ႐ိုး႐ွင္းလြန္းေတာ့  မင္းဘဝမွာ တႀကိမ္ဘဲရတဲ့ စိတ္ဝင္စားစရာ အေတြ႕အၾကဳံျဖစ္ေလာက္မွာပါ "

ခ်ဴးလ်န္ကလည္း ဒါကို ျပန္မျငင္းခဲ့ဘူး၊ သူမ စစ္တပ္ ဝင္းအတြင္းကို ေရာက္ကတည္းက ေဘးကို ပတ္ၾကည့္ခ်င္ခဲ့တာ၊ ဒီလိူ အခြင့္အေရးမ်ိဳးဆိုတာက ေန႔တိုင္းမရႏိုင္ဘူး။

ထန္းယန္ရဲ႕ အေတြးေတြကလည္း ခ်ဴးလ်န္နဲ႔ အတူတူပါဘဲ၊ ဒါေပမယ့္ ကြာျခားခ်က္တစ္ခုကေတာ့ သူက ေယာက်္ားသားျဖစ္ေနတာဘဲ၊ ဒီေတာ့ တပ္တြင္း လွည့္ပတ္ၾကည့္႐ႈဖိူ႕ရာက သူ႕အတြက္ ပိုမိုအဆင္ေျပတယ္၊ လြန္ခဲ့တဲ့ ႏွစ္ေတြမွာ သူက မင္းသားက်င္းအတြက္ အမႈထမ္းေန‌ရေတာ့ ႏွစ္အေတာ္ၾကာ ၿမိဳ႕ေပၚကေန မထြက္ခြာႏိုင္ခဲ့ဘူး။

သူက ဒီအခြင့္အေရးကိုသုံးၿပီး စစ္တပ္ရဲ႕ ဖြဲ႕စည္းတည္ေဆာက္ပုံေတြ ၊ေန႔စဥ္ ေလ့က်င့္မႈေတြ တျခားလုပ္ငန္းေတြကို ၾကည့္ခ်င္ေနတယ္၊။

ထန္းယန္က ေလ့က်င္းေရးကြင္းျပင္ကို လွည့္ပတ္ၾကည့္ခ်င္ေနတယ္၊ ဒါနဲ႔ သူက ေခါင္းေဆာင္ေကာင္းနဲ႔ ခ်ဴးလ်န္ကို ႏႈတ္ဆက္ၿပီး အျခားတပ္သားအရာ႐ွိတစ္ဦးနဲ႔အတူ ထြက္လာခဲ့တယ္။

ခ်ဴးလ်န္လည္းဘဲ ေလ့က်င့္ေရးကြင္းျပင္ကို လွည့္ပတ္ၾကည့္‌ခ်င္ေနတယ္၊ ဒါေပမယ့္လည္း ကြင္းျပင္မွာက ငယ္႐ြယ္သန္မာတဲ့ ေယာက်္ားသားေတြနဲ႔ဘဲ ျပည့္ေနေလေတာ့ သူမအတြက္က သြားေရာက္ဖို႔ မသင့္ေတာ္လွဘူး၊ ဒါနဲ႔ သူမ က ေခါင္းေဆာင္ေကာင္းေနာက္ကေန  ေဟးစန္းလန္ေနထိုင္တဲ့ ညာေတာင္ပံတပ္ရင္းအုပ္စုထဲကို လိုက္ပါသြားတယ္။

ညာေတာင္ပံတပ္ခြဲရဲ႕ တဝက္ေက်ာ္ေလာက္က တာဝန္ထမ္းေဆာင္ဖို႔ရာ ေ႐ွ႕တန္းကို လိုက္ပါသြားၾကတယ္၊ ဒီေတာ့ တပ္ခြဲမွာ လူအနည္းငယ္ဘဲ က်န္ရစ္တယ္၊ က်န္ေနတဲ့ လူငယ္ေတြကလည္း ေလ့က်င့္ေရးကြင္းျပင္ကို သြားေနၾကေတာ့ လူက နည္းနည္းဘဲ ႐ွိေနတယ္၊ ဒါေပမယ့္လည္း ခ်ဴးလ်န္အတြက္ေတာ့ ဒါက ပိုသက္ေတာင့္သက္သာ ႐ွိေနတယ္။

ေခါင္းေဆာင္ေကာင္းကလည္း ညာေတာင္ပံ တပ္ခြဲမွာက်န္ရစ္ခဲ့တဲ့ တစ္ဦးတည္းေသာ အရာ႐ွိ‌ျဖစ္ေနေတာ့ သူ႕မွာ လုပ္စရာကိုင္စရာေတြ အမ်ားႀကီး‌႐ွိေနတယ္၊ သူတိူ႕ အဖြဲ႕ စစ္တပ္ဝင္းထဲ ေျခခ်ခ်ခ်င္းမွာဘဲ စစ္သားေလးတစ္ေယာက္က ‌တပ္ဖြဲ႕ေခါင္းေဆာင္တစ္ေယာက္ဆီကေန ေျခေထာက္အဆစ္လြဲသြားၿပီးေတာ့ ဘယ္ေတာင္ပံ တပ္ခြဲက ေခါင္းေဆာင္တေယာက္နဲ႔ တိုက္ခိုက္ဖို႔စတင္ေနေၾကာင္း သတင္းပို႔ခ်က္ကို ရလိုက္တယ္၊

ေခါင္းေဆာင္ေကာင္းရဲ႕ အမူအရာက ေရခဲတမွ် ေအးစက္သြားတယ္။

ခ်ဴးလ်န္က ေခါင္းေဆာင္ေကာင္းရဲ႕ အမူအရာေတြကိုသတိျပဳမိသြားၿပီး ေျပာလာတယ္ " အကိုေကာင္းရဲ႕ တပ္ခြဲထဲမွာ အေရးတႀကီး လူပ္စရာေတြ႐ွိေနရင္ စိတ္ခ်လက္ခ်သြားလိုက္ပါ ၊ ကြၽန္မတို႔ အတြက္ လိုက္ျပဖို႔ တစ္ေယာက္ေယာက္ကို ခ်န္ထားခဲ့လိုက္လို႔ရပါတယ္ "

ေခါင္းေဆာင္ေကာင္းက စကၠန္႔ပိုင္းေလာက္တုန္႔ဆိုင္းေနေပမယ့္လည္း သူတတ္ႏိုင္တာ ဘာမွ ႐ွိမေနပါဘူး၊ " ဒါဆိုလည္း ခယ္မေလးက က်ီ႐ွန္းရဲ႕ တဲထဲမွာ ခဏေလာက္အနားယူေနလိုက္ပါ၊ ငါ့ရဲ႕ အလုပ္တာဝန္ေတြၿပီးတာနဲ႔ ခယ္မေလးနဲ႔ ေန႔လည္စာ အတူစားဖို႔ ခ်က္ခ်င္းျပန္လာခဲ့ပါ့မယ္ "

ေခါင္းေဆာင္ေကာင္းက သတင္းလာပို႔တဲ့ တပ္သားေလးနဲ႔အတူ မထြက္ခြာခင္မွာ သူ႕ရဲ႕ လက္ေထာက္တစ္ေယာက္ကို ခ်ဴးလ်န္ကို ေဟးစန္းလန္ရဲ႕ တဲဆီ လိုက္ပို႔ေပးဖို႔ ၫႊန္ၾကားလိုက္တယ္၊။

ဝမ္ခ်င္းက ေခါင္းေဆာင္ေကာင္းရဲ႕ ေပ်ာက္ကြယ္သြားတဲ့ ေက်ာျပင္ကို ၾကည့္ေနရင္းနဲ႔ တခ်ိန္တည္းမွာအျဖစ္အပ်က္ေတြ တိုက္ဆိုင္စြာ ျဖစ္ပ်က္သြားတာကိုေတြးေနမိတယ္။

ဒါေပမယ့္လည္း ေဘးမွာ သူစိမ္းေတြက အတူ႐ွိေနေတာ့ ဝမ္ခ်င္းက ဘာကိုမွ ထုတ္မေျပာေနဘူး၊ ဝမ္ခ်င္းက စိုးရိမ္စိတ္ကို ထိန္းထားရင္းနဲ႔ဘဲ သူမရဲ႕ သတိလက္လြတ္ျဖစ္ေနတဲ့ သခင္မေလးကို မ်က္စိေဒါက္ေထာက္ၾကည့္ေနလိုက္တယ္။

ေခါင္းေဆာင္ေကာင္းရဲ႕ လက္ေထာက္မွာ နည္းနည္းပုၿပီး ဝဖိုင့္ဖိုင့္ သဏၭာန္နဲ႔ ေလးေထာင့္ဆန္တဲ့ မ်က္ႏွာ ထား႐ွိတယ္၊ သူရယ္လိုက္ေတာ့ မ်က္လုံးေတြက အေပၚကို ပင့္တက္သြားၿပီး ပိုလို႔ေတာင္ေမွးက်ဥ္းသြားတယ္၊ သူ႕ပုံစံၾကည့္ရတာ ေပါင္းသင္းလို႔ လြယ္ကူမယ့္ ပုံစံကို ျဖစ္ေပၚေစတယ္၊

လက္ေထာက္ တပ္သားက ခ်ဴးလ်န္တို႔ အဖြဲ႕ကို ဦးေဆာင္ေခၚသြားၿပီးေတာ့ တပ္ခြဲရဲ႕ ညာဘက္မွာ႐ွိေနတဲ့ တဲတစ္ခုကို ၫႊန္ျပလိုက္တယ္၊ " အမ်ိဳးသမီးက်င္းယီ ကြၽန္ေတာ့္ေနာက္ကေန လိုက္ခဲ့ပါ၊ ေခါင္းေဆာင္ေဟးရဲ႕ တဲက ေနာက္ဆုံး အတန္းရဲ႕ ဒုတိယေျမာက္မွာ ပါ။

ခ်ဴးလ်န္က ေခါင္းညိမ့္ျပၿပီး ဝမ္လန္ကို တြဲလ်က္နဲ႔ လမ္းေလွ်ာက္လာတယ္၊ သူမ ေျခေထာက္မွာ လုံးဝအကုန္အစင္ မသက္သာေသးေတာ့ လမ္းေလွ်ာက္ရာမွာ အနည္းငယ္ေႏွးေကြးလိူ႕ေနတယ္၊ လက္ေထာက္တပ္သားမွာလည္း သူမနဲ႔ အတူ လိုက္ၿပီး ေႏွးေလွ်ာက္ေနတယ္။

ႏွင္းမႈန္စေလးေတြက ေကာင္းကင္ေပၚကေန ဝဲျဖာက်လာေတာ့ ဝမ္လန္က အေႏြးဦးထုပ္ ေလးကို ခ်ဴးလ်န္ ေခါင္းေပၚကို ေဆာင္းေပးတယ္၊ ေဟးစန္းလန္ရဲ႕တဲက အေဝးႀကီး မဟုတ္လွဘူး၊ ဒါေပမယ့္ ခ်ဴးလ်န္ရဲ႕ ခ႐ုေလးလို သြားႏႈန္းေၾကာင့္ ပုံမွန္ သြားခ်ိန္ထက္ ႏွစ္ဆေလာက္ေတာင္ အခ်ိန္ယူလိုက္ရတယ္။

သူတို႔ေတြ တပ္သားၫႊန္ျပထားတဲ့ တဲဆီကို ေရာက္သြားတဲ့ အခ်ိန္မွာ တဲပုံစံကေတာ့ အမ်ိဳးသမီးတပ္သားႏွစ္ဦး အေပါက္ဝမွာ ေစာင့္ေနတာကလြဲရင္ အျခား ပုံမွန္တဲေတြလိုဘဲ ကြာျခားခ်က္မ႐ွိလွဘူး။

ခ်ဴးလ်န္ရဲ႕ ေျခလွမ္းေတြ ရပ္တန္႔သြားၿပီးေတာ့ သူမရဲ႕ အယ္မြန္ပုံမ်က္ဝန္းေတြပါ က်ဥ္း‌ေျမာင္းလို႔သြားတယ္၊ ယုန္ေမႊးလက္အေႏြးအိတ္ထဲမွာ႐ွိေနတဲ့ သူမရဲ႕ လက္ႏွစ္ဖက္ကို တင္းတင္းဆုပ္လိုက္မိတယ္၊ စီမာေဟြ႕ရဲ႕ အမ်ိဳးသမီးတပ္သားေတြက ေဟးစန္းလန္ရဲ႕ တဲေ႐ွ႕မွာ ရပ္ေနၾကတာလား ?

တဲအေ႐ွ႕မွာေတာ့ သစ္သားဇလုံထဲမွာ ထည့္ထားတဲ့ ေရေတြနဲ႔ အဝတ္အစားေတြ႐ွိေနတယ္၊ ဒါေတြက ေသခ်ာေပါက္ကို ေဟးစန္းလန္အတြက္ လုပ္ေပးေနတယ္ဆိုတာကို ေၾကာ္ညာေနၾကတာဘဲ မဟုတ္လား?

ဘယ္သူကမ်ား ဒီလိုေမာက္မာလြန္းတဲ့ အမ်ိဳးသမီးတပ္သားေတြကို ဒီလို အမိန္႔ေပးႏိုင္တာလဲ၊ ျဖစ္ႏိုင္တဲ့တစ္ဦးတည္းေသာသူက ....

ဘယ္အခ်ိန္ကမ်ား ေဟးစန္းလန္က ဒီလို ေကာင္းမြန္တဲ့ ဂ႐ုစိုက္မႈေတြကို ရ႐ွိသြားရတာလဲ။

လက္ေထာက္တပ္သားမွာ အနည္းငယ္ေတာင္သဝန္တိုမိသြားတယ္၊ ဒါေပမယ့္ သူ႕အေနာက္နားက လွပတဲ့ အမ်ိဳးသမီးငယ္ေလးဆီ ျပန္ လွည့္ၾကည့္မိသြားေတာ့ သူ႕ အမူအရာက ေျပာင္းလဲသြားတယ္၊ ေဟးစန္းလန္ ၾကဳံေတြ႕ရေတာ့မယ့္ ႐ႈပ္ေထြးေပြလီလွတဲ့ အမႈအခင္းႀကီးကိုေတြးမိၿပီးေတာ့ ဒီအသက္အ႐ြယ္ထိ သူ႕အဝတ္သူ ေလွ်ာ္ဝတ္ခဲ့ရတာက ဘယ္ေလာက္ ကံေကာင္းလဲေတြးမိသြားေတာ့တယ္။

Continue Reading

You'll Also Like

1.7M 69.3K 29
After a disastrous first season in London, Rose Wilde finds herself torn between two men who love her -- but who both hide secrets that could ruin he...