Uni
မျက်ရည်စလေးတွေကို ဇေရဲမာန် သုတ်တော့ ပြုံးပြလာသည်။
"ကိုကို့အပေါ် သားဆိုးမိသွားတယ်...နာသွားလားဟင်"
ဇေရဲမာန် ပုခုံးကိုကိုင်ကာမေးတော့
"မနာပါဘူး..."
"မွ...." လပြည့်ဝန်း မှာ ဇေရဲမာန် ပါးကိုနမ်းကာ ချော့ပါတော့သည်။
"နောက်တစ်ခေါက်လောက် " နှုတ်ခမ်းကိုထော်ကာ ထပ်တောင်းသူကြောင့် လပြည့်ဝန်း နမ်းရတော့သည်။
"နေဦး!! စိတ်ကောက်နေသေးတာ...."
"အယ်...ဟုတ်သား" ခုမှ စိတ်ကောက်နေကြောင်း ပြန်သတိရပုံပင်။ ဇေရဲမာန် မှာ ရယ်ချင်သော်လဲ တစ်ပြစ်ကနေ နှစ်ပြစ်ဖြစ်တော့မှာမို့ မြိုသိပ်ကာနေနေရတော့သည်။
"ကလေးပြောလေကွာ...နော်...ကိုကိုဘာအမှားလုပ်မိလို့လဲ" ဇေရဲမာန် မေးတော့မှ ဘေးနားမှာချထားတဲ့ ဖိတ်စာကို လပြည့်ဝန်း ထုတ်ပြကာ...
"ဒီမှာ...Dinnerတဲ့ Club မှာလုပ်မှာ...ပြီးတော့ သွားရမှာက ဒီည။ အဲ့တာကို ကိုကိုက သားကိုမပြောဘဲ သွားမှာမို့လားဟမ်......"
မြင့်မိုရ်ရိပ် ရဲ့ မွေးနေ့က ပြီးသွားပြီဆိုပင်မဲ့ သူမက သူမအဖေရဲ့ အလုပ်တွေကို လက်လွှဲယူတဲ့ အထိန်းအမှတ်အနေနဲ့ လူငယ်လုပ်ငန်းရှင်တွေအတူတူ သောက်ကြစားကြကာ ပျော်ပါးကြမဲ့ပွဲပင်။
ဒါကိုသိသော ဇေရဲမာန် မှာ မသွားချင်ပင်မဲ့ စီးပွားရေး လက်တွဲဖက်ဖြစ်နေသောကြောင့် ငြင်းလို့မဖြစ်...
Club ဖြစ်တာနဲ့အညီ သိပ်ကိုရှုပ်ရှပ်ခပ်နေမှာမို့ ကလေးကို ခေါ်မသွားချင်။
ဖိတ်စာကိုလဲ အိမ်မှာကျန်ခဲ့တာ ကလေးတွေ့သွားလေပြီ...
"ပြောလေကိုကို!!"
"အင်းပါ... ကိုယ်ပြောပါ့မယ်နော်....ကလေးကို ခေါ်သွားဖို့က Club ဖြစ်နေတော့...ကလေးသိတဲ့အတိုင်းပဲလေ"
"ကိုကိုကစိတ်မချဘူးဆိုပါတော့"
ခေါင်းညိမ့်ပြလာသူကြောင့် လပြည့်ဝန်းမှာ လဲ စိတ်ဆိုးရခက်ခက်ပင်။
"ကိုကိုပဲစဥ်းစားကြည့် သားက ခုလို Club ကို ကိုကိုတစ်ယောက်ထဲသွားတာ စိတ်မချဘူး....အစ်ကိုဥက္ကာပါတယ်ပဲပြောပြော...ကိုကို ကို သားကပိုင်တာဆိုပြီး ပြချင်တာ"
"ကလေး.."
"မရဘူးနော် သားမပါဘဲမသွားရဘူး"
ချစ်ရသူလေးရဲ့ စကားတစ်ခွန်းဆိုတစ်ခွန်း နာခံသူပြီပြီ ဇေရဲမာန် ကတော့ ခေါ်သွားရလေတော့သည်။
_____________
လူပျောက်တိုင်လိုက်သော လွန်းထက်သာ မှာတော့ ခုထိစိတ်မအေးနိုင်သေး....
နေလို့လဲကောင်းနေပြီမို့ ရှာဖို့ကိစ္စတွေးရတော့သည်။
"ကိုလွန်းထက်သာ...ဒါက ဆရာ့ရဲ့ အချက်အလက်ပါ.."
ဒီလိုလုပ်တာ တရားဥပဒေလွတ်လား မလွတ်လား လွန်းထက်သာ မတွေးတတ်တော့...
ထက်ပိုင် ကမ်းပေးသော File ကိုဖွင့်ကြည့်မိတော့ မြင်ရသည်ကား....
"မိဘမဲ့...."
"ဟုတ်ပါတယ်....ဆရာက မိဘမဲ့တစ်ဦးပါ။ ကျွန်တော်နဲ့က ဒီစခန်းရောက်မှသိတယ်ဆိုပင်မဲ့ ဆရာအကြောင်းတစ်ချို့ကိုတော့ ဆရာပြောပြလို့သိထားပါတယ်"
"ငါ့ကိုပြောပြနိုင်မလား" လွန်းထက်သာ ၏ အသံမှာ ဂရုဏာအသံပေါက်သွားသည်။
"ဟုတ်ကဲ့.... မိဘမဲ့ဂေဟာမှာပဲနေရင်း ဆရာက ၁၀တန်းအထိကျောင်းပြီးခဲ့တာပါ....ဆရာက စာတော်တယ်လေ....ဒါကြောင့် သူဌေးတစ်ဦးက ဒါကိုသိသွားပြီး ဆရာ့ကိုတက္ကသိုလ်ပြီးတဲ့အထိ ကျောင်းထားပေးခဲ့တယ်....
ခတ်တာက မထင်မှတ်ပဲ ဆရာက သူ့မိဘတွေအကြောင်းကိုသိခဲ့ရတယ်...."
ထက်ပိုင် စကားကြောင့် လွန်းထက်သာ လဲ ထပ်တူပျော်ရွှင်သွားကာ....
"ဒါဆို ခုသူ့မိဘတွေကော"
"ဆုံးသွားပြီ..... အသတ်ခံရတာတဲ့"
"ဟာ....ဘယ်လိုဖြစ်တာလဲ"
"အဲ့တာတော့ ဆရာလဲစုံစမ်းနေတုန်း ခုထိမသိရသေးဘူး"
ရက်စက်လှတဲ့ကံကြမ္မာ လောကဓံ ကြီးက ဒီကောင်လေးအပေါ် သိပ်ကိုရက်စက်လွန်းပါဘိ....
ဒါတင်မကသေး...ခုလဲ ထက်ပြီးဒုက္ခခံရသေးတာလား....
စိတ်ချပါကွာ....ငါရအောင် ရှာပါ့မယ် ခဏတော့တောင့်ခံပေးပါ.....
_______________
မနက်ကတည်းက တစ်အိမ်လုံးအလုပ်ရှုပ်နေပုံဖြစ်တာကြောင့် ထူးစစ်သော် သိချင်လာမိသည်။
"ခဏ....ဘာတွေအဲ့လောက်အလုပ်ရှုပ်နေတာလဲ"
ဘေးနားကဖြတ်သွားသူအား မေးလိုက်တော့
"အစ်ကိုလေး မသိသေးဘူးထင်တယ်...ဒါဆို ကျွန်တော်တို့လဲ ပြောခွင့်မရှိပါဘူး"
သိပ်ကိုသစ္စာစောင့်သိနေသော တပည့်ကြောင့် ထူးစစ်သော် ခပ်ချဥ်ချဥ်ဖြစ်သွားလေသည်။
ဧည့်ခန်းထဲသို့ စိုက်စိုက်မြိုက်မြိုက်ရောက်လာသူကြောင့် ထူးစစ်သော်လဲ....
"တစ်အိမ်လုံးဘာတွေအလုပ်ရှုပ်နေကြတာလဲ"
Death က မိမိအား မေးသောကြောင့် ပြုံးရယ်ကာ..
"အိမ်ပြောင်းဖို့လေ အိမ်စေတွေပါပြောင်းတာမို့ တစ်ခါထဲအိမ်ကိုပါ သန့်ရှင်းခဲ့တာ"
"ဒါဆို ကျွန်တော်ကကော.....ကျွန်တော့်ကို ပြန်ပို့ပေးမှာလား...."
"No....baby....No ဖြစ်လာမှာမဟုတ်လို့ မျှော်လင့်မနေစေချင်ဘူး"
ထူးစစ်သော် ဒေါသထွက်ကာ ထထိုးဖို့ရွယ်လိုက်ပင်မဲ့ ဘယ်အချိန်ထဲကအနောက်ရောက်နေမှန်းမသိတဲ့လူတစ်ယောက်က နှာခေါင်းကိုပိတ်စတစ်ခုနဲ့လာအုပ်လေသည်။
ပြင်းရှရှအနံ့အသက်ကြောင့် ထူးစစ်သော် ရုန်းနေပင်မဲ့ ကြာကြာတောင့်မခံနိုင်ဘဲ မျက်ခွန်များစင်းကာ အမှောင်ဖုံးသွားလေတော့သည်။
မျက်လုံးတွေမမှိတ်ခင် တွေ့လိုက်ရသော Death ၏ အပြုံးက သိပ်ကိုမုန်းဖို့ကောင်းခဲ့သည်။
_____________
မီးရောင်စုံကြားထဲမှာ မျက်စိကိုကြိမ်းနေပင်မဲ့ လပြည့်ဝန်း ပေတေပြီးကြည့်နေမိသည်။
အဖြစ်မှာ ထိုလူအုပ်ထဲတွင် မိမိ၏ခင်ပွန်းရှိနေခြင်းကြောင့်ပင်။
မြင့်မိုရ်ရိပ် ၏ ဆွဲခေါ်မှုကြောင့် ခွက်တိုက်ကာ အောင်ပွဲခံရန် Dance floor မှာ ဝိုင်းထားရလေသည်။
ချစ်ခင်ပွန်း မှာ မိမိအား စိတ်မချဘဲ လှမ်းလှမ်းကြည့်နေတာမြင်တော့ ဂုဏ်ဆာရေသေး....
"cheer...."
ခွက်တိုက်တာ အမြန်မော့သောက်ချလိုက်ပြီး အပြေးလာသူကြောင့် လပြည့်ဝန်း မှာ ပြုံးရပြန်သည်။
"ကလေးပျင်းနေပြီလား။"
"ရပါတယ် ပွဲကမပြီးသေးဘူးမှတ်လား။"
"ရတယ် အရေးမကြီးဘူး။ ပြန်မယ်လေ"
"ဟင့်အင်း...နေပါစေ..."
လပြည့်ဝန်း မှာ ရည်ရွယ်ချက်ရှိသည်ပြောရင် ရယ်စရာဖြစ်နေမလား.....
တိုကပ်နေသောစကပ်ကြောင့် မြင့်မိုရ်ရိပ် ကို ကြည့်ရင်း လပြည့်ဝန်း အမြင်မကြည်တော့...
ဝတ်တာကဝတ်ပါ ဝတ်ပြီးကိုယ့်လူကို လာမြှူစွယ်သလိုလုပ်နေတာတော့ လပြည့်ဝန်း ငြိမ်မခံနိုင်တော့....
စတွေ့တုန်းက အဲ့လိုမဟုတ်လောက်ပါဘူး ဆိုကာ နေခဲ့ပင်မဲ့ ဒီနေ့တော့သေချာသွားသလောက်ပဲ....
ကိုကို့နားကိုကပ်နေသည်မှာ တော်တော်ဆိုးသည်လေ....ဒါတော့အဖြစ်မခံနိုင်ပေါင်......
"ကိုကို သားလဲသောက်ချင်တယ်"
"ဟင်" လပြည့်ဝန်း မှာ တကယ်သောက်ရန်ပြောနေပုံကြောင့် ဇေရဲမာန် လန့်သွားသည်မှာအမှန်ပင်။
"ကလေး"
"ကိုကို...သားကိုတိုက်နော်..."
"မဟုတ်သေးဘူး....ကလေးကမသောက်ဖူးဘူးလေ"
"ဘယ်သူပြောလဲ ဟီးးး"
.
.
.
"တော်ပြီလေ ကလေး"
"ဟွန့်...noပါသားရယ်...." အရမ်းကြီး မူးနေတာမဟုတ်သော်လဲ ရီဝေဝေဖြစ်လုလုဖြစ်နေသော လပြည့်ဝန်း ကို တားနေရသည်။
"ကိုဇေ.....ရိပ် တစ်ခွက်ငှဲ့ပေးမယ်နော်"
မြင့်မိုရ်ရိပ် ငှဲ့ပေးနေသည်အား ဇေရဲမာန် တားလိုက်ကာ
"တော်ပြီ ကလေးမူးနေတယ်...ကျွန်တော်ထိန်းမှဖြစ်မယ်"
"ဘာဖြစ်လဲ ကိုဇေရယ် သူလဲအရွယ်ရောက်ပြီးသားသူပဲ သူ့ကိုယ်သူတော့ ထိန်းနိုင်ပါတယ်..."
ဇေရဲမာန် ဒေါသထွက်ပြီး ပြန်ပြောဖို့လုပ်ပင်မဲ့ ဘေးက လပြည့်ဝန်း မှာ အလျင်အမြန်ပဲ ဇေရဲမာန် အပေါ်တတ်ထိုင်ပါတော့သည်။
____________
3.2.2021
Khine Lay
Zaw
မ်က္ရည္စေလးေတြကို ေဇရဲမာန္ သုတ္ေတာ့ ၿပဳံးျပလာသည္။
"ကိုကို႔အေပၚ သားဆိုးမိသြားတယ္...နာသြားလားဟင္"
ေဇရဲမာန္ ပုခုံးကိုကိုင္ကာေမးေတာ့
"မနာပါဘူး..."
"မြ...." လျပည့္ဝန္း မွာ ေဇရဲမာန္ ပါးကိုနမ္းကာ ေခ်ာ့ပါေတာ့သည္။
"ေနာက္တစ္ေခါက္ေလာက္ " ႏႈတ္ခမ္းကိုေထာ္ကာ ထပ္ေတာင္းသူေၾကာင့္ လျပည့္ဝန္း နမ္းရေတာ့သည္။
"ေနဦး!! စိတ္ေကာက္ေနေသးတာ...."
"အယ္...ဟုတ္သား" ခုမွ စိတ္ေကာက္ေနေၾကာင္း ျပန္သတိရပုံပင္။ ေဇရဲမာန္ မွာ ရယ္ခ်င္ေသာ္လဲ တစ္ျပစ္ကေန ႏွစ္ျပစ္ျဖစ္ေတာ့မွာမို႔ ၿမိဳသိပ္ကာေနေနရေတာ့သည္။
"ကေလးေျပာေလကြာ...ေနာ္...ကိုကိုဘာအမွားလုပ္မိလို႔လဲ" ေဇရဲမာန္ ေမးေတာ့မွ ေဘးနားမွာခ်ထားတဲ့ ဖိတ္စာကို လျပည့္ဝန္း ထုတ္ျပကာ...
"ဒီမွာ...Dinnerတဲ့ Club မွာလုပ္မွာ...ၿပီးေတာ့ သြားရမွာက ဒီည။ အဲ့တာကို ကိုကိုက သားကိုမေျပာဘဲ သြားမွာမို႔လားဟမ္......"
ျမင့္မိုရ္ရိပ္ ရဲ႕ ေမြးေန႕က ၿပီးသြားၿပီဆိုပင္မဲ့ သူမက သူမအေဖရဲ႕ အလုပ္ေတြကို လက္လႊဲယူတဲ့ အထိန္းအမွတ္အေနနဲ႕ လူငယ္လုပ္ငန္းရွင္ေတြအတူတူ ေသာက္ၾကစားၾကကာ ေပ်ာ္ပါးၾကမဲ့ပြဲပင္။
ဒါကိုသိေသာ ေဇရဲမာန္ မွာ မသြားခ်င္ပင္မဲ့ စီးပြားေရး လက္တြဲဖက္ျဖစ္ေနေသာေၾကာင့္ ျငင္းလို႔မျဖစ္...
Club ျဖစ္တာနဲ႕အညီ သိပ္ကိုရႈပ္ရွပ္ခပ္ေနမွာမို႔ ကေလးကို ေခၚမသြားခ်င္။
ဖိတ္စာကိုလဲ အိမ္မွာက်န္ခဲ့တာ ကေလးေတြ႕သြားေလၿပီ...
"ေျပာေလကိုကို!!"
"အင္းပါ... ကိုယ္ေျပာပါ့မယ္ေနာ္....ကေလးကို ေခၚသြားဖို႔က Club ျဖစ္ေနေတာ့...ကေလးသိတဲ့အတိုင္းပဲေလ"
"ကိုကိုကစိတ္မခ်ဘဴးဆိုပါေတာ့"
ေခါင္းညိမ့္ျပလာသူေၾကာင့္ လျပည့္ဝန္းမွာ လဲ စိတ္ဆိုးရခက္ခက္ပင္။
"ကိုကိုပဲစဥ္းစားၾကည့္ သားက ခုလို Club ကို ကိုကိုတစ္ေယာက္ထဲသြားတာ စိတ္မခ်ဘဴး....အစ္ကိုဥကၠာပါတယ္ပဲေျပာေျပာ...ကိုကို ကို သားကပိုင္တာဆိုၿပီး ျပခ်င္တာ"
"ကေလး.."
"မရဘူးေနာ္ သားမပါဘဲမသြားရဘူး"
ခ်စ္ရသူေလးရဲ႕ စကားတစ္ခြန္းဆိုတစ္ခြန္း နာခံသူၿပီၿပီ ေဇရဲမာန္ ကေတာ့ ေခၚသြားရေလေတာ့သည္။
_____________
လူေပ်ာက္တိုင္လိုက္ေသာ လြန္းထက္သာ မွာေတာ့ ခုထိစိတ္မေအးနိုင္ေသး....
ေနလို႔လဲေကာင္းေနၿပီမို႔ ရွာဖို႔ကိစၥေတြးရေတာ့သည္။
"ကိုလြန္းထက္သာ...ဒါက ဆရာ့ရဲ႕ အခ်က္အလက္ပါ.."
ဒီလိုလုပ္တာ တရားဥပေဒလြတ္လား မလြတ္လား လြန္းထက္သာ မေတြးတတ္ေတာ့...
ထက္ပိုင္ ကမ္းေပးေသာ File ကိုဖြင့္ၾကည့္မိေတာ့ ျမင္ရသည္ကား....
"မိဘမဲ့...."
"ဟုတ္ပါတယ္....ဆရာက မိဘမဲ့တစ္ဦးပါ။ ကြၽန္ေတာ္နဲ႕က ဒီစခန္းေရာက္မွသိတယ္ဆိုပင္မဲ့ ဆရာအေၾကာင္းတစ္ခ်ိဳ႕ကိုေတာ့ ဆရာေျပာျပလို႔သိထားပါတယ္"
"ငါ့ကိုေျပာျပနိုင္မလား" လြန္းထက္သာ ၏ အသံမွာ ဂ႐ုဏာအသံေပါက္သြားသည္။
"ဟုတ္ကဲ့.... မိဘမဲ့ေဂဟာမွာပဲေနရင္း ဆရာက ၁၀တန္းအထိေက်ာင္းၿပီးခဲ့တာပါ....ဆရာက စာေတာ္တယ္ေလ....ဒါေၾကာင့္ သူေဌးတစ္ဦးက ဒါကိုသိသြားၿပီး ဆရာ့ကိုတကၠသိုလ္ၿပီးတဲ့အထိ ေက်ာင္းထားေပးခဲ့တယ္....
ခတ္တာက မထင္မွတ္ပဲ ဆရာက သူ႕မိဘေတြအေၾကာင္းကိုသိခဲ့ရတယ္...."
ထက္ပိုင္ စကားေၾကာင့္ လြန္းထက္သာ လဲ ထပ္တူေပ်ာ္႐ႊင္သြားကာ....
"ဒါဆို ခုသူ႕မိဘေတြေကာ"
"ဆုံးသြားၿပီ..... အသတ္ခံရတာတဲ့"
"ဟာ....ဘယ္လိုျဖစ္တာလဲ"
"အဲ့တာေတာ့ ဆရာလဲစုံစမ္းေနတုန္း ခုထိမသိရေသးဘူး"
ရက္စက္လွတဲ့ကံၾကမၼာ ေလာကဓံ ႀကီးက ဒီေကာင္ေလးအေပၚ သိပ္ကိုရက္စက္လြန္းပါဘိ....
ဒါတင္မကေသး...ခုလဲ ထက္ၿပီးဒုကၡခံရေသးတာလား....
စိတ္ခ်ပါကြာ....ငါရေအာင္ ရွာပါ့မယ္ ခဏေတာ့ေတာင့္ခံေပးပါ.....
_______________
မနက္ကတည္းက တစ္အိမ္လုံးအလုပ္ရႈပ္ေနပုံျဖစ္တာေၾကာင့္ ထူးစစ္ေသာ္ သိခ်င္လာမိသည္။
"ခဏ....ဘာေတြအဲ့ေလာက္အလုပ္ရႈပ္ေနတာလဲ"
ေဘးနားကျဖတ္သြားသူအား ေမးလိုက္ေတာ့
"အစ္ကိုေလး မသိေသးဘူးထင္တယ္...ဒါဆို ကြၽန္ေတာ္တို႔လဲ ေျပာခြင့္မရွိပါဘူး"
သိပ္ကိုသစၥာေစာင့္သိေနေသာ တပည့္ေၾကာင့္ ထူးစစ္ေသာ္ ခပ္ခ်ဥ္ခ်ဥ္ျဖစ္သြားေလသည္။
ဧည့္ခန္းထဲသို႔ စိုက္စိုက္ၿမိဳက္ၿမိဳက္ေရာက္လာသူေၾကာင့္ ထူးစစ္ေသာ္လဲ....
"တစ္အိမ္လုံးဘာေတြအလုပ္ရႈပ္ေနၾကတာလဲ"
Death က မိမိအား ေမးေသာေၾကာင့္ ၿပဳံးရယ္ကာ..
"အိမ္ေျပာင္းဖို႔ေလ အိမ္ေစေတြပါေျပာင္းတာမို႔ တစ္ခါထဲအိမ္ကိုပါ သန့္ရွင္းခဲ့တာ"
"ဒါဆို ကြၽန္ေတာ္ကေကာ.....ကြၽန္ေတာ့္ကို ျပန္ပို႔ေပးမွာလား...."
"No....baby....No ျဖစ္လာမွာမဟုတ္လို႔ ေမွ်ာ္လင့္မေနေစခ်င္ဘူး"
ထူးစစ္ေသာ္ ေဒါသထြက္ကာ ထထိုးဖို႔႐ြယ္လိုက္ပင္မဲ့ ဘယ္အခ်ိန္ထဲကအေနာက္ေရာက္ေနမွန္းမသိတဲ့လူတစ္ေယာက္က ႏွာေခါင္းကိုပိတ္စတစ္ခုနဲ႕လာအုပ္ေလသည္။
ျပင္းရွရွအနံ႕အသက္ေၾကာင့္ ထူးစစ္ေသာ္ ႐ုန္းေနပင္မဲ့ ၾကာၾကာေတာင့္မခံနိုင္ဘဲ မ်က္ခြန္မ်ားစင္းကာ အေမွာင္ဖုံးသြားေလေတာ့သည္။
မ်က္လုံးေတြမမွိတ္ခင္ ေတြ႕လိုက္ရေသာ Death ၏ အၿပဳံးက သိပ္ကိုမုန္းဖို႔ေကာင္းခဲ့သည္။
_____________
မီးေရာင္စုံၾကားထဲမွာ မ်က္စိကိုႀကိမ္းေနပင္မဲ့ လျပည့္ဝန္း ေပေတၿပီးၾကည့္ေနမိသည္။
အျဖစ္မွာ ထိုလူအုပ္ထဲတြင္ မိမိ၏ခင္ပြန္းရွိေနျခင္းေၾကာင့္ပင္။
ျမင့္မိုရ္ရိပ္ ၏ ဆြဲေခၚမႈေၾကာင့္ ခြက္တိုက္ကာ ေအာင္ပြဲခံရန္ Dance floor မွာ ဝိုင္းထားရေလသည္။
ခ်စ္ခင္ပြန္း မွာ မိမိအား စိတ္မခ်ဘဲ လွမ္းလွမ္းၾကည့္ေနတာျမင္ေတာ့ ဂုဏ္ဆာေရေသး....
"cheer...."
ခြက္တိုက္တာ အျမန္ေမာ့ေသာက္ခ်လိဳက္ၿပီး အေျပးလာသူေၾကာင့္ လျပည့္ဝန္း မွာ ၿပဳံးရျပန္သည္။
"ကေလးပ်င္းေနၿပီလား။"
"ရပါတယ္ ပြဲကမၿပီးေသးဘူးမွတ္လား။"
"ရတယ္ အေရးမႀကီးဘူး။ ျပန္မယ္ေလ"
"ဟင့္အင္း...ေနပါေစ..."
လျပည့္ဝန္း မွာ ရည္႐ြယ္ခ်က္ရွိသည္ေျပာရင္ ရယ္စရာျဖစ္ေနမလား.....
တိုကပ္ေနေသာစကပ္ေၾကာင့္ ျမင့္မိုရ္ရိပ္ ကို ၾကည့္ရင္း လျပည့္ဝန္း အျမင္မၾကည္ေတာ့...
ဝတ္တာကဝတ္ပါ ဝတ္ၿပီးကိုယ့္လူကို လာျမႇူစြယ္သလိုလုပ္ေနတာေတာ့ လျပည့္ဝန္း ၿငိမ္မခံနိုင္ေတာ့....
စေတြ႕တုန္းက အဲ့လိုမဟုတ္ေလာက္ပါဘူး ဆိုကာ ေနခဲ့ပင္မဲ့ ဒီေန႕ေတာ့ေသခ်ာသြားသေလာက္ပဲ....
ကိုကို႔နားကိုကပ္ေနသည္မွာ ေတာ္ေတာ္ဆိုးသည္ေလ....ဒါေတာ့အျဖစ္မခံနိုင္ေပါင္......
"ကိုကို သားလဲေသာက္ခ်င္တယ္"
"ဟင္" လျပည့္ဝန္း မွာ တကယ္ေသာက္ရန္ေျပာေနပုံေၾကာင့္ ေဇရဲမာန္ လန့္သြားသည္မွာအမွန္ပင္။
"ကေလး"
"ကိုကို...သားကိုတိုက္ေနာ္..."
"မဟုတ္ေသးဘူး....ကေလးကမေသာက္ဖူးဘူးေလ"
"ဘယ္သူေျပာလဲ ဟီးးး"
.
.
.
"ေတာ္ၿပီေလ ကေလး"
"ဟြန့္...noပါသားရယ္...." အရမ္းႀကီး မူးေနတာမဟုတ္ေသာ္လဲ ရီေဝေဝျဖစ္လုလုျဖစ္ေနေသာ လျပည့္ဝန္း ကို တားေနရသည္။
"ကိုေဇ.....ရိပ္ တစ္ခြက္ငွဲ႕ေပးမယ္ေနာ္"
ျမင့္မိုရ္ရိပ္ ငွဲ႕ေပးေနသည္အား ေဇရဲမာန္ တားလိုက္ကာ
"ေတာ္ၿပီ ကေလးမူးေနတယ္...ကြၽန္ေတာ္ထိန္းမွျဖစ္မယ္"
"ဘာျဖစ္လဲ ကိုေဇရယ္ သူလဲအ႐ြယ္ေရာက္ၿပီးသားသူပဲ သူ႕ကိုယ္သူေတာ့ ထိန္းနိုင္ပါတယ္..."
ေဇရဲမာန္ ေဒါသထြက္ၿပီး ျပန္ေျပာဖို႔လုပ္ပင္မဲ့ ေဘးက လျပည့္ဝန္း မွာ အလ်င္အျမန္ပဲ ေဇရဲမာန္ အေပၚတတ္ထိုင္ပါေတာ့သည္။
____________
3.2.2021
Khine Lay