{Edit}မြတ်နိုးခြင်းများအားဆော...

By MoLLy-HannaH

479K 33.6K 1.1K

ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ Sissy type ဂိုက်လေးတို့ရဲ့ချစ်စရာရိုမန့်လေးကိုမှ နူးနူးညံ့ညံ့လေးပါ ။ Cover ကို P... More

Epi 1
Epi 2
Epi 3
Epi 4
Epi 5
Epi 6
Epi 7
Epi 8
Epi 9
Epi 10
Epi 12
Epi 13
Epi 14
Epi 15
Epi 16
Epi 17
Epi 18
Epi 19
Epi 20
Epi 21
Epi 22
Epi 23
Epi 24
Epi 25
Epi 26
Epi 27
Epi 28
Epi 29
Epi 30
Epi 31
Epi 32
Epi 33
Epi 34
Epi 35
Epi 36
Fic Name 💙
Epi 37
Epi 38
Epi 39
Epilogue
Thank You!!!
Extra-1
အသိပေး၊တောင်းပန်ခြင်း။

Epi 11

10.1K 874 17
By MoLLy-HannaH

ဒီနေ့ ပိုးတို့ကျူရှင်စတတ်ရမည့်နေ့ ။
ဒီကိုရောက်ကတည်းက သွားရလာရအဆင်ပြေအောင် ဆိုင်ကယ်တစ်စီးငှားထားလို့သာတော်တော့သည် ။ တတ်ရမည်က ရွှေဝတ်မှုန်လမ်းနဲ့မိန်းလမ်းထဲကို သွားရမှာဖြစ်သည် ။ ကျူရှင်ချိန်က ၇နာရီစမှာမို့ ၆နာရီ၁၅လောက်အိမ်ကစထွက်ကာ ဆိုင်တစ်ဆိုင်ဝင်ထိုင်ပြီး မနက်စာဝင်စားကြသည် ။ စားပြီးတာနဲ့ ရွှေဝတ်မှုန်၃လမ်းထဲက ကျူရှင်ရှိရာအဆောင်ကိုထွက်လာခဲ့ကြသည် ။ လက်ဖက်ရည်ဆိုင်ထဲကအထွက်မှာ မိုးကဖွဲဖွဲလေးကျနေပြီး ပိုးတို့ကျူရှင်ဆောင်ကိုရောက်တော့ ကျောင်းသူကျောင်းသားအတော်များများရောက်ရှိလို့နေပြီဖြစ်သည် ။ အရှေ့ဆုံးအတန်းဆိုတာ ကျောင်းသားတော်တော်များများမထိုင်ချင်တဲ့အတန်း ။ ရှေ့ဆုံးတန်းမှာလူလွတ်နေတာမို့ ပိုးတို့သုံးယောက်ဝင်ထိုင်ပြီး ဆရာမ မလာခင်သုံးယောက်သားအပြိုင်အဆိုင် fic ထိုင်ဖတ်နေကြသည် ။

အတန်းထဲဆရာမဝင်ပြီး စာသင်တော့ မိရွှန်းကရှေ့ဆုံးတန်းကနေ ငိုက်နေလေပြီ ။ ပေါင်ပေါ်တင်ထားတဲ့လက်ကို ပိုးကိုဆိတ်ဆွဲခိုင်းလဲ မျက်လုံးကဖွင့်မရ ။ ညက fic တွေဖတ်နေတာနဲ့ညဥ့်နက်မှအိပ်ပျော်သွားသည် ။

ပိုးကတော့ စာတွေလိုက်မှတ်လိုက် ရွှန်းကိုဆိတ်ဆွဲပေးလိုက်နှင့် စာလဲကောင်းကောင်းမမှတ်နိုင် ။ နီယံကသေချာလိုက်ကြည့်ပြီး မှတ်နေတော့ အဆောင်ရောက်မှသုံးယောက်လုံးပြန်ကြည့်ရမည် ။

" ကဲ အိပ်လို့ဝကြပြီလား အိပ်လို့ဝရင်တီချယ်ထွက်တော့မယ် "

အချိန်ပြည့်သွားလို့ ဆရာမကထွက်ခါနီးမှာအရွှန်းဖောက်သွားလေတော့ ငိုက်နေတဲ့သူတွေအကုန်လုံးမှာ မျက်လုံးပြူးလာပြီး ထရယ်ကြတော့သည် ။

ဆရာမထွက်သွားပြီး နောက်ဆရာမမဝင်ခင် နီယံကရွှန်းရဲ့ခေါင်းကိုဗလာစာအုပ်နဲ့ရိုက်လိုက်သည် ။

" အပျော်အပါးနောက်လိုက်မယ်စိတ်ကူးထားရင် စာသင်ချိန်လေးတော့သေချာနားထောင်မှပေါ့အရွှန်းမရဲ့ "

နီယံပြောတာလည်းမှန်နေတာကြောင့် ရွှန်းအထွန့်မတတ်ရဲပဲ နီယံပြောသမျှကိုပဲနားထောင်လိုက်သည် ။

" အေးပါ ငါညကညဥ့်နက်သွားလို့ "

" ငါတို့ဒီတစ်လခွဲလေးကိုတော့ wattpad မသုံးပဲနေရအောင် စာလုပ်ချိန်စာလုပ်မယ် အပြင်ထွက်ချိန်အပြင်ထွက်ပြီးပျော်လိုက်မယ် အဲ့လိုမှမဟုတ်ပဲ အပြင်လဲထွက်ပျော် wattpad မှာလည်းအချိန်ကုန်ဆို ငါတို့ခွေးကျဝက်ကျကျမှာ "

နီယံ့အပြောကိုပိုးကပါ ဝင်ထောက်ခံလာသည် ။

" ဟုတ်တယ်ရွှန်း ပိုးလဲပြောမလို့ပဲ စာမေးပွဲပြီးမှ wattpad ပြန်သုံးကြမယ် "

ပိုးစကားဆုံးတော့ တီချယ်ဝင်လာတာနဲ့စကားစရပ်သွားပြီး ဒီတခါမှာတော့ ရွှန်းအိပ်ချင်စိတ်တွေကိုမေ့ထားကာ စာကိုပဲအာရုံစိုက်နားထောင်လိုက်သည် ။

၃ချိန်ဆက်တိုက်သင်ပြီးသွားတော့ အလယ်မှာ တစ်နာရီခွဲအချိန်ရတာမို့ မိန်းထဲသွားကာ ရွှေလာမှာသွားထိုင်ဖြစ်ကြသည် ။ ပိုးတို့ရောက်တော့ ဆိုင်ထဲဝိုင်းလွတ်မကျန်အောင်ကိုလူတွေပြည့်နေသည် ။ ပိုးတို့ဝင်သွားတော့ ကောင်မလေးသုံးယောက်ထပြန်သွားတာမို့ သူတို့ထိုင်ခဲ့တဲ့ဝိုင်းကို ပိုးတို့ဝင်ထိုင်လိုက်သည် ။ စားပွဲထိုးလေးကိုဖက်ထုပ်စွပ်ပြုတ် ၃ပွဲမှာပြီး သုံးယောက်သားစကားပြောကြသည် ။

" ပိုး ဟိုဘက်ဝိုင်းကအင်ကျီအနီနဲ့ကောင်လေးကနင်ဝင်လာကတည်းကကြည့်နေတာခုထိပဲ "

ရွှန်းပြောတဲ့ဝိုင်းကိုနီယံကြည့်လိုက်တော့ တကယ်ကိုပိုးကိုကြည့်နေပါသည် ။ ရုပ်ကလေးကမဆိုးပေမယ့် ပုံစံကသိပ်မဟန် ။ နီယံကြည့်နေတာကိုသိနေတဲ့ ရွှန်းကနီယံ့ကိုမေးလိုက်သည် ။

" ဘယ်လိုလဲနီယံ "

" ရုပ်ကလေးကတော့မဆိုးပါဘူး ဒါမယ့်ကောင်လေးပုံစံကြည့်ရတာသိပ်မဟန်ဘူး "

" အဲ့တာတော့ဟုတ်တယ် ငါသဘောမတူဘူးပိုး "

ရွှန်းရဲ့အပြောကိုပိုးကဝင်ပြောသည် ။

" ရွှန်းရယ် သူကရောငါ့ကိုကြိုက်နေတာမှမဟုတ်တာ "

" အေးလေ ရွှန်းကလဲ "

ပိုးရဲ့အပြောကိုနီယံကပါထောက်ခံလာသည် ။

" အေးပါ အေးပါ "

စားပွဲထိုးလေးလာချပေးတဲ့ ဖက်ထုပ်စွပ်ပြုတ်ပဲစားပြီး စကားဆက်မပြောကြတော့ပေ ။ စားနေရင်း fic ဖတ်မပြတ်တဲ့ ရွှန်းကိုတော့ဘာမှမပြောပေ ဒါကအိမ်မှာကတည်းကရွှန်းရဲ့အကျင့်တစ်ခုဖြစ်နေသောကြောင့်ဖြစ်သည် ။ ထိုစဥ်စားပွဲထိုးလေးနောက်တစ်ယောက်ရောက်လာကာ လက်ထဲပါလာသည့် စက္ကူပိုင်းလေးတစ်ရွက်ကိုထုတ်ပေးလာသည် ။

" ဒီကအမကို ဟိုဘက်ဝိုင်းကအကိုကပေးခိုင်းလိုက်လို့ပါ "

" ဟင် "

ပိုးကဟင်ပဲပြောရသေး နီယံကဝင်ပြောသည် ။

" အဲ့တာခုနကဟိုကောင်ပေးခိုင်းလိုက်တာ "

နီယံကသိနေတယ်ဆိုတာကြောင့် ရွှန်းကဝင်မေးလာသည် ။

" သေချာလှချည်လား နင်ကဘယ်လိုသိလဲ "

" ခုနကမျက်စိထောင့်ကလှမ်းမြင်လိုက်တာ "

နီယံရဲ့အပြောကို ပိုး က အော်လို့သာပြောနိုင်ပြီး စာကိုလက်ခံမယ်လက်မခံဘူးတောင်မပြောရသေးပဲ စားပွဲထိုးလေးကပိုးရှေ့ချပေးကာ နေရာကထွက်သွားသည် ။ စာကိုတောင်ဖွင့်မကြည့်ပဲ စားပွဲအောက်ကအမှိုက်ခြင်းအသေးလေးထဲကိုပစ်ထည့်လိုက်သည် ။ စားသောက်ပြီးသွားတော့ စားပွဲထိုးကလေးကိုခေါ်ကာ ကျသင့်ငွေရှင်းပြီး နောက်တစ်ချိန်အတွက် စံရတီအဆောင်ကိုထွက်လာခဲ့ကြသည် ။ အဆောင်ရှေ့ရောက်တော့ အဆောင်ထဲဝင်သွားတဲ့ တစ်ယောက်စနှစ်ယောက်စနောက်ကနေလိုက်လာခဲ့သည် ။

............

စျာန်အိပ်လိုက်စားလိုက်နဲ့ အပြင်မထွက်ပဲအခန်းအောင်းနေသည်မှာ မှဲ့ညိုလေးပုသိမ်သွားကတည်းကဖြစ်သည် ။ ရောက်ပြီလားလို့ပို့ထားတဲ့စာကို ၃ရက်ကြာသည်အထိစာပြန်မလာ ။ စိတ်ထဲလဲနေလို့ထိုင်လို့မကောင်း ၊ တစ်ဖက်သတ်အချစ်က ဒီလောက်တောင်ပဲပူလောင်ရသလားဆိုတာကို စျာန်ကိုယ်တိုင်နဖူးတွေ့ဒူးတွေ့ကြုံရတော့မှ နားလည်လာတော့သည် ။ တစ်ဖက်သတ်ဆိုတဲ့အတိုင်း တစ်ဖက်တည်းကိုသတ်တာ ။ ဒီနေ့တော့ သူငယ်ချင်းတွေနဲ့ Club မှာဆုံဖို့ ဆုံးဖြတ်ထားလိုက်သည် ။ ဒီလိုအချိန်မှာ တစ်ယောက်ယောက်ကိုရင်ဖွင့်လိုက်ရမှ အဆင်ပြေလိမ့်မည် ။ မဟုတ်ရင် တစ်ယောက်ထဲ လောင်နည်းမျိုးစုံနဲ့လောင်နေရတာ မှဲ့ညိုကလေးကိုတောင်ဖွင့်မပြောလိုက်ရပဲ ရူးသွားနိုင်သည် ။

............

အချိန်အားဖြင့် ည၉နာရီ...

At Phoenix Bar & Club

ရောက်ကတည်းကတစ်ခွက်ပြီးတစ်ခွက် ကြွက်တွင်းရေလောင်းသလို တရစပ်သောက်နေတဲ့ စျာန်ကို ဝသုန်နဲ့အာကာ တားတာလဲတားလို့မရ ။ ၁ပတ်လောက်မတွေ့ရတာကြာမှ ရင်ဖွင့်စရာရှိလို့ Club မှာ ဆုံမယ်ဆိုပြီး ဖုန်းဆက်လာသော စျာန်ကြောင့် Clubကိုရောက်လာရခြင်းဖြစ်သည် ။ နောက်ဆုံး တားမရတာနဲ့ သူပြောလာမည့်အချိန်ကိုသာထိုင်စောင့်ရုံသာ ။

" မင်းတို့ပဲစဥ်းစားကြည့်ကွာ ငါကတော့ဂရုတစိုက်နဲ့ ရောက်ပြီလားလို့စာပို့ထားတာ ရောက်တဲ့နေ့မှာပဲသူငယ်ချင်းတွေနဲ့ရေပေါ်စျေးသွားပြီး ဓာတ်ပုံတောင်ရိုက်တင်လိုက်သေးတယ် ငါ့ကိုကျစာလေးတစ်စောင်တောင်ပြန်မပို့ဘူး ဖြစ်သင့်လားကွာ "

အားလေးလျှာလေးနဲ့စျာန့်ရဲ့အသံက တော်တော်ရေချိန်ကိုက်နေပြီဖြစ်သည် ။
ပုံမှန်အချိန်မှာသာဆိုရင် ' မင်းကသူ့အတွက်အရေးမပါလို့စာမပြန်တာပေါ့ကွာ ' လို့ပြန်နောက်မိမှာမှန်ပေမယ့် ခုတကယ်ကြီးခံစားနေရမှန်းသိတာကြောင့် မစနောက်ချင်ပါ ။

အာကာကစျာန်တကယ်ကြီးခံစားနေရမှန်းသိတာကြောင့် သူငယ်ချင်းရဲ့စိတ်အလိုကိုလိုက်ဖို့သာဆုံးဖြတ်လိုက်သည် ။

" မင်းပုသိမ်လိုက်သွားချင်လား "

အာကာ့စကားကြောင့်စျာန်တစ်ချက်တွေဝေသွားသည် ။

' တကယ်လို့ပုသိမ်လိုက်သွားပါပြီရဲ့ ငါကမှဲ့ညိုလေးအတွက်အနှောင့်အယှက်ဖြစ်သွားမလား '

" ဒါမယ့် ငါကမှဲ့ညိုလေးအတွက်အနှောင့်အယှက်ဖြစ်နေရင်ရော "

စျာန်စိတ်ပူပန်နေတာကို ဝသုန်ကဝင်ပြောသည် ။

" အဲ့အတွက်မပူပါနဲ့ ငါတို့လည်းကူညီမယ် "

" မင်းကဘယ်လိုကူညီမှာလဲ "

" သူတို့အဖွဲ့နဲ့မိတ်ဖွဲ့ရမှာပေါ့ လွယ်ပါတယ်ကွာ "

ဝသုန်နဲ့စျာန်ပြောနေတာကို အာကာကဝင်မေးသည် ။

" မင်းရဲ့မှဲ့ညိုလေးကဘယ်အဆောင်မှာနေတာလဲ "

" အဆောင်မနေဘူးလုံးချင်းအိမ်ငှားနေတာ ယောကျာ်းလေးတစ်ယောက်ပါတယ် "

" မိန်းကလေးနဲ့ယောကျာ်းလေးတစ်အိမ်ထဲနေတာမဖြစ်သင့်ဘူးလေကွာ "

" မင်းတို့အမြင်မှာမို့ပါ ပြီးတော့သူတို့ကဟိုးကလေးဘဝတည်းကတွဲလာတာ "

" ယောကျာ်းလေးအပေါင်းအသင်းထားရင်တောင်မကြိုက်တဲ့ကောင်က သူငယ်ချင်းယောကျာ်းလေးနဲ့တစ်အိမ်ထဲနေတာကိုလက်ခံတယ်တဲ့ မင်း စျာန်ဇွဲမှဟုတ်ရဲ့လားဟေ့ကောင် "

အာကာ့ရဲ့အပြောကိုစျာန်ပြုံးရုံသာပြုံးနေလိုက်သည် ။
မှဲ့ညိုလေးကြောင့်ပဲပြောင်းလဲသွားတာလား ၊ မှဲ့ညိုလေးရဲ့စိတ်ဓာတ်ကိုယုံကြည်မိသွားတာလား ဆိုတာကိုတော့ စျာန်ကိုယ်တိုင်သာသိလိမ့်မည် ။

9/2/22
3/6/22(Edit Date)



ဒီေန႕ ပိုးတို႔က်ဴရွင္စတတ္ရမည့္ေန႕ ။
ဒီကိုေရာက္ကတည္းက သြားရလာရအဆင္ေျပေအာင္ ဆိုင္ကယ္တစ္စီးငွားထားလို႔သာေတာ္ေတာ့သည္ ။ တတ္ရမည္က ေ႐ႊဝတ္မႈန္လမ္းနဲ႕မိန္းလမ္းထဲကို သြားရမွာျဖစ္သည္ ။ က်ဴရွင္ခ်ိန္က ၇နာရီစမွာမို႔ ၆နာရီ၁၅ေလာက္အိမ္ကစထြက္ကာ ဆိုင္တစ္ဆိုင္ဝင္ထိုင္ၿပီး မနက္စာဝင္စားၾကသည္ ။ စားၿပီးတာနဲ႕ ေ႐ႊဝတ္မႈန္၃လမ္းထဲက က်ဴရွင္ရွိရာအေဆာင္ကိုထြက္လာခဲ့ၾကသည္ ။ လက္ဖက္ရည္ဆိုင္ထဲကအထြက္မွာ မိုးကဖြဲဖြဲေလးက်ေနၿပီး ပိုးတို႔က်ဴရွင္ေဆာင္ကိုေရာက္ေတာ့ ေက်ာင္းသူေက်ာင္းသားအေတာ္မ်ားမ်ားေရာက္ရွိလို႔ေနၿပီျဖစ္သည္ ။ အေရွ႕ဆုံးအတန္းဆိုတာ ေက်ာင္းသားေတာ္ေတာ္မ်ားမ်ားမထိုင္ခ်င္တဲ့အတန္း ။ ေရွ႕ဆုံးတန္းမွာလူလြတ္ေနတာမို႔ ပိုးတို႔သုံးေယာက္ဝင္ထိုင္ၿပီး ဆရာမ မလာခင္သုံးေယာက္သားအၿပိဳင္အဆိုင္ fic ထိုင္ဖတ္ေနၾကသည္ ။

အတန္းထဲဆရာမဝင္ၿပီး စာသင္ေတာ့ မိ႐ႊန္းကေရွ႕ဆုံးတန္းကေန ငိုက္ေနေလၿပီ ။ ေပါင္ေပၚတင္ထားတဲ့လက္ကို ပိုးကိုဆိတ္ဆြဲခိုင္းလဲ မ်က္လုံးကဖြင့္မရ ။ ညက fic ေတြဖတ္ေနတာနဲ႕ညဥ့္နက္မွအိပ္ေပ်ာ္သြားသည္ ။

ပိုးကေတာ့ စာေတြလိုက္မွတ္လိုက္ ႐ႊန္းကိုဆိတ္ဆြဲေပးလိုက္ႏွင့္ စာလဲေကာင္းေကာင္းမမွတ္နိုင္ ။ နီယံကေသခ်ာလိုက္ၾကည့္ၿပီး မွတ္ေနေတာ့ အေဆာင္ေရာက္မွသုံးေယာက္လုံးျပန္ၾကည့္ရမည္ ။

" ကဲ အိပ္လို႔ဝၾကၿပီလား အိပ္လို႔ဝရင္တီခ်ယ္ထြက္ေတာ့မယ္ "

အခ်ိန္ျပည့္သြားလို႔ ဆရာမကထြက္ခါနီးမွာအ႐ႊန္းေဖာက္သြားေလေတာ့ ငိုက္ေနတဲ့သူေတြအကုန္လုံးမွာ မ်က္လုံးျပဴးလာၿပီး ထရယ္ၾကေတာ့သည္ ။

ဆရာမထြက္သြားၿပီး ေနာက္ဆရာမမဝင္ခင္ နီယံက႐ႊန္းရဲ႕ေခါင္းကိုဗလာစာအုပ္နဲ႕ရိုက္လိုက္သည္ ။

" အေပ်ာ္အပါးေနာက္လိုက္မယ္စိတ္ကူးထားရင္ စာသင္ခ်ိန္ေလးေတာ့ေသခ်ာနားေထာင္မွေပါ့အ႐ႊန္းမရဲ႕ "

နီယံေျပာတာလည္းမွန္ေနတာေၾကာင့္ ႐ႊန္းအထြန့္မတတ္ရဲပဲ နီယံေျပာသမွ်ကိုပဲနားေထာင္လိုက္သည္ ။

" ေအးပါ ငါညကညဥ့္နက္သြားလို႔ "

" ငါတို႔ဒီတစ္လခြဲေလးကိုေတာ့ wattpad မသုံးပဲေနရေအာင္ စာလုပ္ခ်ိန္စာလုပ္မယ္ အျပင္ထြက္ခ်ိန္အျပင္ထြက္ၿပီးေပ်ာ္လိုက္မယ္ အဲ့လိုမွမဟုတ္ပဲ အျပင္လဲထြက္ေပ်ာ္ wattpad မွာလည္းအခ်ိန္ကုန္ဆို ငါတို႔ေခြးက်ဝက္က်က်မွာ "

နီယံ့အေျပာကိုပိုးကပါ ဝင္ေထာက္ခံလာသည္ ။

" ဟုတ္တယ္႐ႊန္း ပိုးလဲေျပာမလို႔ပဲ စာေမးပြဲၿပီးမွ wattpad ျပန္သုံးၾကမယ္ "

ပိုးစကားဆုံးေတာ့ တီခ်ယ္ဝင္လာတာနဲ႕စကားစရပ္သြားၿပီး ဒီတခါမွာေတာ့ ႐ႊန္းအိပ္ခ်င္စိတ္ေတြကိုေမ့ထားကာ စာကိုပဲအာ႐ုံစိုက္နားေထာင္လိုက္သည္ ။

၃ခ်ိန္ဆက္တိုက္သင္ၿပီးသြားေတာ့ အလယ္မွာ တစ္နာရီခြဲအခ်ိန္ရတာမို႔ မိန္းထဲသြားကာ ေ႐ႊလာမွာသြားထိုင္ျဖစ္ၾကသည္ ။ ပိုးတို႔ေရာက္ေတာ့ ဆိုင္ထဲဝိုင္းလြတ္မက်န္ေအာင္ကိုလူေတြျပည့္ေနသည္ ။ ပိုးတို႔ဝင္သြားေတာ့ ေကာင္မေလးသုံးေယာက္ထျပန္သြားတာမို႔ သူတို႔ထိုင္ခဲ့တဲ့ဝိုင္းကို ပိုးတို႔ဝင္ထိုင္လိုက္သည္ ။ စားပြဲထိုးေလးကိုဖက္ထုပ္စြပ္ျပဳတ္ ၃ပြဲမွာၿပီး သုံးေယာက္သားစကားေျပာၾကသည္ ။

" ပိုး ဟိုဘက္ဝိုင္းကအင္က်ီအနီနဲ႕ေကာင္ေလးကနင္ဝင္လာကတည္းကၾကည့္ေနတာခုထိပဲ "

႐ႊန္းေျပာတဲ့ဝိုင္းကိုနီယံၾကည့္လိုက္ေတာ့ တကယ္ကိုပိုးကိုၾကည့္ေနပါသည္ ။ ႐ုပ္ကေလးကမဆိုးေပမယ့္ ပုံစံကသိပ္မဟန္ ။ နီယံၾကည့္ေနတာကိုသိေနတဲ့ ႐ႊန္းကနီယံ့ကိုေမးလိုက္သည္ ။

" ဘယ္လိုလဲနီယံ "

" ႐ုပ္ကေလးကေတာ့မဆိုးပါဘူး ဒါမယ့္ေကာင္ေလးပုံစံၾကည့္ရတာသိပ္မဟန္ဘူး "

" အဲ့တာေတာ့ဟုတ္တယ္ ငါသေဘာမတူဘူးပိုး "

႐ႊန္းရဲ႕အေျပာကိုပိုးကဝင္ေျပာသည္ ။

" ႐ႊန္းရယ္ သူကေရာငါ့ကိုႀကိဳက္ေနတာမွမဟုတ္တာ "

" ေအးေလ ႐ႊန္းကလဲ "

ပိုးရဲ႕အေျပာကိုနီယံကပါေထာက္ခံလာသည္ ။

" ေအးပါ ေအးပါ "

စားပြဲထိုးေလးလာခ်ေပးတဲ့ ဖက္ထုပ္စြပ္ျပဳတ္ပဲစားၿပီး စကားဆက္မေျပာၾကေတာ့ေပ ။ စားေနရင္း fic ဖတ္မျပတ္တဲ့ ႐ႊန္းကိုေတာ့ဘာမွမေျပာေပ ဒါကအိမ္မွာကတည္းက႐ႊန္းရဲ႕အက်င့္တစ္ခုျဖစ္ေနေသာေၾကာင့္ျဖစ္သည္ ။ ထိုစဥ္စားပြဲထိုးေလးေနာက္တစ္ေယာက္ေရာက္လာကာ လက္ထဲပါလာသည့္ စကၠဴပိုင္းေလးတစ္႐ြက္ကိုထုတ္ေပးလာသည္ ။

" ဒီကအမကို ဟိုဘက္ဝိုင္းကအကိုကေပးခိုင္းလိုက္လို႔ပါ "

" ဟင္ "

ပိုးကဟင္ပဲေျပာရေသး နီယံကဝင္ေျပာသည္ ။

" အဲ့တာခုနကဟိုေကာင္ေပးခိုင္းလိုက္တာ "

နီယံကသိေနတယ္ဆိုတာေၾကာင့္ ႐ႊန္းကဝင္ေမးလာသည္ ။

" ေသခ်ာလွခ်ည္လား နင္ကဘယ္လိုသိလဲ "

" ခုနကမ်က္စိေထာင့္ကလွမ္းျမင္လိုက္တာ "

နီယံရဲ႕အေျပာကို ပိုး က ေအာ္လို႔သာေျပာနိုင္ၿပီး စာကိုလက္ခံမယ္လက္မခံဘူးေတာင္မေျပာရေသးပဲ စားပြဲထိုးေလးကပိုးေရွ႕ခ်ေပးကာ ေနရာကထြက္သြားသည္ ။ စာကိုေတာင္ဖြင့္မၾကည့္ပဲ စားပြဲေအာက္ကအမွိုက္ျခင္းအေသးေလးထဲကိုပစ္ထည့္လိုက္သည္ ။ စားေသာက္ၿပီးသြားေတာ့ စားပြဲထိုးကေလးကိုေခၚကာ က်သင့္ေငြရွင္းၿပီး ေနာက္တစ္ခ်ိန္အတြက္ စံရတီအေဆာင္ကိုထြက္လာခဲ့ၾကသည္ ။ အေဆာင္ေရွ႕ေရာက္ေတာ့ အေဆာင္ထဲဝင္သြားတဲ့ တစ္ေယာက္စႏွစ္ေယာက္စေနာက္ကေနလိုက္လာခဲ့သည္ ။

............

စ်ာန္အိပ္လိုက္စားလိုက္နဲ႕ အျပင္မထြက္ပဲအခန္းေအာင္းေနသည္မွာ မွဲ႕ညိုေလးပုသိမ္သြားကတည္းကျဖစ္သည္ ။ ေရာက္ၿပီလားလို႔ပို႔ထားတဲ့စာကို ၃ရက္ၾကာသည္အထိစာျပန္မလာ ။ စိတ္ထဲလဲေနလို႔ထိုင္လို႔မေကာင္း ၊ တစ္ဖက္သတ္အခ်စ္က ဒီေလာက္ေတာင္ပဲပူေလာင္ရသလားဆိုတာကို စ်ာန္ကိုယ္တိုင္နဖူးေတြ႕ဒူးေတြ႕ႀကဳံရေတာ့မွ နားလည္လာေတာ့သည္ ။ တစ္ဖက္သတ္ဆိုတဲ့အတိုင္း တစ္ဖက္တည္းကိုသတ္တာ ။ ဒီေန႕ေတာ့ သူငယ္ခ်င္းေတြနဲ႕ Club မွာဆုံဖို႔ ဆုံးျဖတ္ထားလိုက္သည္ ။ ဒီလိုအခ်ိန္မွာ တစ္ေယာက္ေယာက္ကိုရင္ဖြင့္လိုက္ရမွ အဆင္ေျပလိမ့္မည္ ။ မဟုတ္ရင္ တစ္ေယာက္ထဲ ေလာင္နည္းမ်ိဳးစုံနဲ႕ေလာင္ေနရတာ မွဲ႕ညိုကေလးကိုေတာင္ဖြင့္မေျပာလိုက္ရပဲ ႐ူးသြားနိုင္သည္ ။

............

အခ်ိန္အားျဖင့္ ည၉နာရီ...

At Phoenix Bar & Club

ေရာက္ကတည္းကတစ္ခြက္ၿပီးတစ္ခြက္ ႂကြက္တြင္းေရေလာင္းသလို တရစပ္ေသာက္ေနတဲ့ စ်ာန္ကို ဝသုန္နဲ႕အာကာ တားတာလဲတားလို႔မရ ။ ၁ပတ္ေလာက္မေတြ႕ရတာၾကာမွ ရင္ဖြင့္စရာရွိလို႔ Club မွာ ဆုံမယ္ဆိုၿပီး ဖုန္းဆက္လာေသာ စ်ာန္ေၾကာင့္ Clubကိုေရာက္လာရျခင္းျဖစ္သည္ ။ ေနာက္ဆုံး တားမရတာနဲ႕ သူေျပာလာမည့္အခ်ိန္ကိုသာထိုင္ေစာင့္႐ုံသာ ။

" မင္းတို႔ပဲစဥ္းစားၾကည့္ကြာ ငါကေတာ့ဂ႐ုတစိုက္နဲ႕ ေရာက္ၿပီလားလို႔စာပို႔ထားတာ ေရာက္တဲ့ေန႕မွာပဲသူငယ္ခ်င္းေတြနဲ႕ေရေပၚေစ်းသြားၿပီး ဓာတ္ပုံေတာင္ရိုက္တင္လိုက္ေသးတယ္ ငါ့ကိုက်စာေလးတစ္ေစာင္ေတာင္ျပန္မပို႔ဘူး ျဖစ္သင့္လားကြာ "

အားေလးလွ်ာေလးနဲ႕စ်ာန့္ရဲ႕အသံက ေတာ္ေတာ္ေရခ်ိန္ကိုက္ေနၿပီျဖစ္သည္ ။
ပုံမွန္အခ်ိန္မွာသာဆိုရင္ ' မင္းကသူ႕အတြက္အေရးမပါလို႔စာမျပန္တာေပါ့ကြာ ' လို႔ျပန္ေနာက္မိမွာမွန္ေပမယ့္ ခုတကယ္ႀကီးခံစားေနရမွန္းသိတာေၾကာင့္ မစေနာက္ခ်င္ပါ ။

အာကာကစ်ာန္တကယ္ႀကီးခံစားေနရမွန္းသိတာေၾကာင့္ သူငယ္ခ်င္းရဲ႕စိတ္အလိုကိုလိုက္ဖို႔သာဆုံးျဖတ္လိုက္သည္ ။

" မင္းပုသိမ္လိုက္သြားခ်င္လား "

အာကာ့စကားေၾကာင့္စ်ာန္တစ္ခ်က္ေတြေဝသြားသည္ ။

' တကယ္လို႔ပုသိမ္လိုက္သြားပါၿပီရဲ႕ ငါကမွဲ႕ညိုေလးအတြက္အႏွောင့္အယွက္ျဖစ္သြားမလား '

" ဒါမယ့္ ငါကမွဲ႕ညိုေလးအတြက္အႏွောင့္အယွက္ျဖစ္ေနရင္ေရာ "

စ်ာန္စိတ္ပူပန္ေနတာကို ဝသုန္ကဝင္ေျပာသည္ ။

" အဲ့အတြက္မပူပါနဲ႕ ငါတို႔လည္းကူညီမယ္ "

" မင္းကဘယ္လိုကူညီမွာလဲ "

" သူတို႔အဖြဲ႕နဲ႕မိတ္ဖြဲ႕ရမွာေပါ့ လြယ္ပါတယ္ကြာ "

ဝသုန္နဲ႕စ်ာန္ေျပာေနတာကို အာကာကဝင္ေမးသည္ ။

" မင္းရဲ႕မွဲ႕ညိုေလးကဘယ္အေဆာင္မွာေနတာလဲ "

" အေဆာင္မေနဘူးလုံးခ်င္းအိမ္ငွားေနတာ ေယာက်ာ္းေလးတစ္ေယာက္ပါတယ္ "

" မိန္းကေလးနဲ႕ေယာက်ာ္းေလးတစ္အိမ္ထဲေနတာမျဖစ္သင့္ဘူးေလကြာ "

" မင္းတို႔အျမင္မွာမို႔ပါ ၿပီးေတာ့သူတို႔ကဟိုးကေလးဘဝတည္းကတြဲလာတာ "

" ေယာက်ာ္းေလးအေပါင္းအသင္းထားရင္ေတာင္မႀကိဳက္တဲ့ေကာင္က သူငယ္ခ်င္းေယာက်ာ္းေလးနဲ႕တစ္အိမ္ထဲေနတာကိုလက္ခံတယ္တဲ့ မင္း စ်ာန္ဇြဲမွဟုတ္ရဲ႕လားေဟ့ေကာင္ "

အာကာ့ရဲ႕အေျပာကိုစ်ာန္ၿပဳံး႐ုံသာၿပဳံးေနလိုက္သည္ ။
မွဲ႕ညိုေလးေၾကာင့္ပဲေျပာင္းလဲသြားတာလား ၊ မွဲ႕ညိုေလးရဲ႕စိတ္ဓာတ္ကိုယုံၾကည္မိသြားတာလား ဆိုတာကိုေတာ့ စ်ာန္ကိုယ္တိုင္သာသိလိမ့္မည္ ။

9/2/22
3/6/22(Edit Date)



Continue Reading

You'll Also Like

365K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
6.2K 420 12
ငယ့်ရဲ့"ညို့ယူရက်နိုင်သောအရှင်"=ကိုကို 🧡 Starting Date - 10.3.2022 Ending Date - 6.4.2022
222K 36.7K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .