system 091
Bởi TeeKo0
1.1M 121K 5.8K
wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပ... Xem Thêm
intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း
(1.14)
7.7K 798 5
Bởi TeeKo0
Unicode
ရှောင်ကျန့်ဟာ ရင်းနှီးနေသလို အနည်းငယ်စိမ်းသက်နေသည့်အိမ်ကြီးကိုကြောင်ကြည့်ရင်းသူ့ခန္ဓာကိုယ်မှာတောင့်တင်းနေခဲ့သည်။
[host...]
ရှောင်ကျန့်ပြန်မဖြေချေ။သူ့အမူအရာမှာပုံသေအတိုင်းရှိနေပြီးအမြဲတမ်းတတ်ကြွပျော်ရွှင်နေတတ်သည့်မျက်လုံးတစ်စုံမှာမည်သည်ကိုစဥ်းစားနေမှန်းခန့်မှန်းမရပေ။
အုန်းသီးစိုးရိမ်သွားသည်။သူ့host၏ယခုလိုအမူအရာကိုသူတစ်ခါမှမမြင်ဖူးပေ။
[hostက အခုအဆိပ်ကြောင့်ဖြစ်ပေါ်လာတဲ့ပုံရိပ်ယောင်ထဲရောက်နေတာ.....ကျွန်တော်ပြန်ထုတ်ပေးလို့ရပေမယ့်အဆိပ်ရဲ့သက်ရောက်မှုအနေနဲ့ ပထမဆုံးပုံရိပ်ယောင်ကိုကြည့်ရှု့ပြီးမှထွက်ခွာလို့ရလိမ့်မယ်]
ရှောင်ကျန့်ကတိတ်ဆိတ်နေသည်။
[အမှန်တော့အဆိပ်က hostဘဝရဲ့အကြောက်ရွံ့ခဲ့ဆုံးသောအရာတွေကို ထပ်ခါထပ်ခါပြပြီးရူးသွပ်အောင်လုပ်နိုင်တဲ့အကျိုးအာနိသင်ရှိနေခဲ့တာ]
အုန်းသီးဟာသူ့hostဆီကစကားလေးတစ်ခွန်းလောက်ပြန်ရမလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့စိုက်ကြည့်လိုက်မိသည်။
[တောင်းပန်ပါတယ်]
systemအုန်းသီးကဝမ်းနည်းစွာတောင်းပန်သည်။ဒါပေမယ့်ရှောင်ကျန့်ရဲ့မျက်လုံးတစ်စုံဟာကြီးကျယ်ခမ်းနားသည့်အိမ်ကြီးကိုသာ မည်သူမှနားမလည်နိုင်သည့်မျက်ဝန်းများဖြင့်လိုက်ကြည့်နေခဲ့သည်။
"လာခဲ့စမ်း!!...မျိုးမစစ်လေး....နင့်ကြောင့်သာမဟုတ်ရင်သူတို့တွေ ငါ့ကိုလှောင်ရယ်ကြမှာမဟုတ်ဘူး....နင်က နင့်အမေလို စောက်ရမ်းအောက်တန်းကျတဲ့ကောင်....မွေးကတည်းက အသေလေးမွေးလာရမှာ"
ဆူညံသည့်လှုပ်ရှားမှုတွေနဲ့အတူမိန်းမကြီးတစ်ယောက်၏အသံဟာအိမ်ကြီးထဲတွင်ဟိန်းကနဲထွက်ပေါ်လာခဲ့သည်။ရှောင်ကျန့်၏မျက်လုံးတစ်စုံမှာတံခါးဝသို့ကျရောက်သွား၏။ခေတ်ဆန်ဆန်ဝတ်ဆင်ထားသည့်အမျိုးသမီးတစ်ဦးဟာပိန်ပါးသေးသွယ်သည့်ကောင်လေးတစ်ယောက်ကိုဆံပင်မှဆွဲကိုင်၍အိမ်ကြီးအတွင်းသို့ဝင်ရောက်လာသည်။
မိန်းမကြီးမှာရုပ်ရည်နှင့် မလိုက်ဖက်စွာရုတ်ရင်းကြမ်းတမ်းသောစကားများဖြင့်ဆဲဆိုကြိမ်းမောင်းနေခဲ့သည်။
သူမဆံပင်မှကိုင်ဆွဲခြင်းခံထားရသည့်ကောင်ငယ်လေးမှာအသက်၁၁၊၁၂လောက်သာရှိသေးပြီးအလွန်အကျူးအပြစ်ကင်းစင်လှပသည့်မျက်နှာလေးရှိသည်။ကလေးငယ်၏ဝိုင်းစက်လှပသောယုန်မျက်သွယ်လေးတွင်ကြောက်ရွံ့တုန်လှုပ်မှုများပြည့်နှက်နေပြီးတစ်ချက်တစ်ချက်အလင်းရောင်အောက်တွင်နှုတ်ခမ်းပါးရှိမှည့်နက်လေးမှာလက်ကနဲဖြင့်ညှို့ယူဖမ်းစားနိုင်လွန်းသည်။အသက်ငယ်လွန်းနေပေမယ့်ကလေးငယ်လေး၏မျက်နှာလေးမှာရင်သက်ရှု့မောဖွယ်ကောင်းစွာအသက်ရှုရပ်မတတ်လှပလွန်းနေလေပြီဖြစ်သည်။
ရှောင်ကျန့်၏လက်မှာအနည်းငယ်လှုပ်ရှားသွားသည်။
ထိုကလေးငယ်မှာပြောစရာမလိုအောင်ပင်ရှောင်ကျန့်ငယ်စဥ်တုန်းပုံစံဖြစ်နေပြီးမိန်းမကြီးဟာ ရှောင်ကျန့်၏ငယ်ရွယ်နေပေမယ့်လှပလွန်းသည့်မျက်နှာလေးကိုအလွန်တရာမုန်းတီးလေသည်။
"သား....သားတောင်းပန်ပါတယ်....အဲ့ဒီအစ်ကိုကြီးတွေကသားကိုလိုက်ပြီးပွတ်သပ်နေကြလို့သားကြောက်ပြီးတွန်းထုတ်လိုက်မိတာပါ"
ရှောင်ကျန့်အသေးလေးဟာနာကျင်စွာမျက်ရည်ပေါက်ပေါက်ကျလျက်နာကျင်နေသည့်ခေါင်းကိုကိုင်ရင်းအသည်းအသန်ရှင်းပြလေသည်။
"ဟမ့်....သူတို့လုပ်ချင်နေရင်လည်းလုပ်ခွင့်ပေးလိုက်ပေါ့....နင့်အမေလည်းမိန်းမပျက်ပဲဟာ....အမေတူလမ်းစဥ်လိုက်ရင်မကောင်းဘူးလား....."
"....."
"အခုတော့နင်လုပ်လို့ငါ့မှာလူတွေကြားထဲဘယ်လောက်မျက်နှာပျက်ရတယ်ထင်လဲ"
မိန်းမကြီးဟာလှောင်ရယ်ရယ်ရင်း ကလေးငယ်ကိုအိမ်အပေါ်ထပ်သို့ဆွဲခေါ်သွားသည်။သူမတို့နှစ်ယောက်က အနားတွင်မတ်တပ်ရပ်နေသည့်ရှောင်ကျန့်ကိုလုံးဝမမြင်သကဲ့သို့ဖြတ်ကျော်သွားခဲ့သည်။
ရှောင်ကျန့်အသေးလေး၏ခန္ဓာကိုယ်မှာ စိုရွှဲနေပြီးတစ်ချက်တစ်ချက် အကျီလက်ရှည်အတွင်းမှပေါ်လာသည့်သွယ်လျသေးငယ်သောလက်ကောက်ဝတ်လေးတွင်ကြောက်မက်ဖွယ်အရှိုးရာများနှင့်နှိပ်စက်ဒဏ်ရာများကိုမြင်တွေ့နေရသည်။ အကယ်၍ ကလေးငယ်၏ခန္ဓာကိုယ်ပေါ်ကအဝတ်အစားတွေကိုသာဖယ်ကြည့်ရင် နှိပ်စက်ခံထားရသည့်အမာရွတ်အကြီးအသေးများနှင့်ပြည့်နှက်နေပေလိမ့်မည်။
မကြာမီတွင်အိမ်အပေါ်ထပ်မှ ရှောင်ကျန့်အသေးလေး၏ကြောက်မက်ဖွယ်အော်ဟစ်သံများပေါ်ပေါက်လာခဲ့သည်။
ရှောင်ကျန့်လက်သီးဆုပ်မိသွားသည်။သူ့မျက်လုံးတွေမှာရဲရဲနီနေပြီးကြောက်မက်ဖွယ်တစ်စုံတစ်ခုဖြစ်ပွားတော့မည့်ပုံပေါ်သည်။အမှန်တော့ဤသည်က ရှောင်ကျန့်ရဲ့အကြောက်ရွံ့ဆုံးသောမှတ်ဥာဏ်မဟုတ်ပေ။
အကြောက်ဆုံးမှတ်ဥာဏ်တွေထဲကတစ်ခုသာဖြစ်သည်။
အုန်သီးက တိတ်ဆိတ်နေသည်။
ခဏမျှကြာပြီးနောက်တွင် ရှောင်ကျန့်အရှေ့က ပုံရိပ်မှာပျောက်ကွယ်သွားခဲ့ပြီးsystem speacထဲသို့ပြန်လည်ရောက်ရှိလာခဲ့သည်။
အဖြူရောင်အလုံးလေးမှာတိတ်ဆိတ်နေသည့်ရှောင်ကျန့်အရှေ့တွင်စိုးရိမ်စွာပတ်ပျံနေခဲ့သည်။ရှောင်ကျန့်ဟာသူ့လက်ကိုဆန့်ထုတ်လိုက်ပြီးအုန်းသီးကိုဆွဲဖက်လိုက်သည်။အုန်းသီးဟာသူ့hostရဲ့တုန်ရီနေတဲ့ခန္ဓာကိုယ်ကနေတဆင့်ရှောင်ကျန့်တုန်လှုပ်နေမှန်းခန့်မှန်းလိုက်မိတာကြောင့် အလိုက်တသိငြိမ်သက်နေလေသည်။
တစ်ဆယ့်ငါးမိနစ်လောက်ငြိမ်သက်နေပြီးနောက်ရှောင်ကျန်ဟာအနည်းငယ်တည်ငြိမ်သွားကာအုန်းသီးလေးကိုခပ်တင်းတင်းဖက်ထားရာကနေလွှတ်ပေးလိုက်သည်။
"အုန်းသီး​"
[ပြောလေ host]
"ငါအဲ့ဒီကမ္ဘာမှာဆက်မနေချင်တော့ဘူး....ငါထွက်သွားလို့ရလား"
[ခန့်မှန်းချေအရဆိုရင် ပထမmission က မြို့သုံးလေးခုလောက်သွားရောက်ပြီးရင်အောင်မြင်ပြီလို့ယူဆနိုင်ပါတယ်....ဒုတိယmission အတွက်က.....]
အုန်းသီးဟာ ရှောင်ကျန့်ရဲ့မထုံတတ်တေးမျက်နှာအမူအရာကိုကြည့်ရင်းသက်ပြင်းချလိုက်သည်။
[ဒုတိယmission က မူလပိုင်ရှင်ရဲ့အစစ်အမှန်သေဆုံးချိန်ထက်ကျော်လွန်ပြီးသွားတာကြောင့် ယေဘုယျအားဖြင့်တော့ အောင်မြင်ပြီလို့သတ်မှတ်လိုက်နိုင်ပါတယ်....host က လူသစ်မလို့ ကျွန်တော်ချွင်းချက်ထားပြီး ဖြည့်ပေးလို့ရပါတယ်]
"ကျေးဇူး အုန်းသီး"
[ရပါတယ်ဗျာ]
"ဒါပေမယ့်...."
ရှောင်ကျန့်မျက်နှာပေါ်၌ထူးဆန်းတဲ့အပြုံးတစ်ခုပေါ်ပေါက်လာသည်။
"နည်းနည်းလောက်လက်တုံ့ပြန်သင့်တယ်လို့ မင်းမထင်ဘူးလား.....အုန်းသီး..."
[ဗျာ]
"ငါ့ကိုအဆိပ်ခပ်တာဘယ်သူလဲ"
[အ...အဓိကဇာတ်လိုက် ချန်လင်းရန်ပါ host]
"အရမ်းကောင်းတယ်"
ရှောင်ကျန့်မျက်နှာပေါ်ရှိအပြုံးမှာပိုမိုပီပြင်လာသည်။
"သူကငါ့ရဲ့အတိတ်ကိုဆွရဲမှတော့ သူလည်းပြန်ခံစားသင့်တာပေါ့....ဟုတ်တယ်မလားအုန်းသီး"
[host မှန်တယ်]
အုန်းသီးသက်ပြင်းချလိုက်သည်။ သူ့host ရဲ့ဒီပုံစံက အနည်းငယ်ကြက်သီးထစရာကောင်းနေသည်။
***********
*****
ညသန်းခေါင်အချိန်၊
အနက်ရောင်အရိပ်တစ်ခုဟာကင်းလှည့်နေသည့်သူတော်စင်ကျောက်စိမ်းဂိုဏ်းသားတွေကိုရှောင်ရှားကာအဆောင်ဝင်းတစ်ခုထဲသို့ဝင်ရောက်သွားသည်။
၎င်းအဆောင်ဝင်းအတွင်းရှိ အိပ်ခန်းတစ်ခုထဲတွင် လူတစ်ယောက်ထိုင်နေသည်။အနက်ရောင်အရိပ်ဟာထိုလူ၏အရှေ့သို့ရောက်လာပြီး တစ်စုံတစ်ခုကိုကြမ်းပြင်ပေါ်သို့ပြစ်ချလိုက်သည်။
"ချန်လင်းရန်.....ငါမင်းခိုင်းတဲ့အတိုင်းလုပ်ပေးပြီးသွားပြီ.....ဒါပေမယ့်မင်းရဲ့လုပ်ရပ်တွေကလွန်လွန်းတယ်လို့မထင်ဘူးလား....ဟမ်....မင်းလွှင့်လိုက်တဲ့ကောလဟာလတွေကြောင့် ငါတို့ဘုရင်က ဘာအပြစ်မှမရှိပဲလူသားကျင့်ကြံသူတွေရဲ့အပြစ်ပုံချတာခံနေရပြီ"
ချန်လင်းရန်၏မျက်နှာတွင်မဲ့ပြုံးတစ်ခုပေါ်ပေါက်လာပြီး ထိုအရိပ်ဆီလှည့်ကြည့်လိုက်သည်။အံ့ဩဖို့ကောင်းစွာပင် ချန်လင်းရန်တွင်မျက်လုံးမရှိပေ။ သူ့ရဲ့မျက်တွင်းတွေက ဟောက်ပက်ကြီးဖြစ်နေပြီးအနက်ရောင်သမ်းနေခဲ့သည်။
"ဟမ့်.....ငါ့လက်ထဲမှာမင်းရဲ့အဖော်ရှိနေသေးသ၍ငါ့ကိုလွန်ဆန်ဖို့မကြိုးစားနဲ့"
ချန်လင်းရန်သည် ခပ်လှောင်လှောင်စကားပြောလိုက်ရင်းသူ့ရဲ့အာရုံမှာကြမ်းပြင်ပေါ်ရှိလူပေါ်သို့ကျရောက်သွားသည်။ကြမ်းပြင်ပေါ်ကတစ်ယောက်မှာ ချောမောလှပကာငယ်ရွယ်သည့်မိန်းမပျိုလေးတစ်ယောက်ဖြစ်နေသည်။
ချန်လင်းရန်၏မျက်နှာပေါ်တွင်ကျေနပ်သည့်အမူအရာတစ်ခုပေါ်ပေါက်လာ၏။သူ့ဘေးပတ်လည်၌ဆိုးယုတ်သည့်အနီရောင်အခိုးအငွေ့အချို့ပေါ်ပေါက်လာပြီးကြမ်းပြင်ပေါ်က သတိလစ်နေသည့်မိန်းမငယ်လေးအားရစ်ပတ်သွားခဲ့သည်။
ရုတ်ချည်းပင်မိန်းမငယ်လေးရဲ့နုပျိုသည့်အသားအရည်မှာခြောက်ကပ်သွားပြီးတစ်ကိုယ်လုံးပိန်ချုံးသွားခဲ့၏။ဆန့်ကျင်ဘက်အနေနဲ့ချန်လင်းရန်ရဲ့မီးလောင်သကဲ့သို့ခြောက်ကပ်နေသည့်အသားအရည်မှာပြန်လည်စိုပြေနူးညံ့လာသည်။
ချန်လင်းရန်ဟာသူ့ကိုယခုအခြေအနေသို့ရောက်အောင်တွန်းပို့ခဲ့သည့်ထိုသူကို စဥ်းစားမိပြန်တော့မုန်းတီးလာမိသည်။
ထိုသူ။
ထိုသူသာသူ့ကို ထူးဆန်းသည့်မီးတောက်နှင့်မတိုက်ခိုက်ခဲ့လျှင် သူယခုကဲ့သို့မိစ္ဆာအတတ်ကိုကျင့်ကြံနေစရာအကြောင်းမရှိပေ။ထိုသူကသူ့ကိုထူးဆန်းသည့်မီးတောက်နှင့်နှစ်ကြိမ်တိုင်တိုင်တိုက်ခိုက်ခဲ့သည်။ပထမအကြိမ်တွင်သူ့မျက်လုံးကန်းသွားခဲ့ရပြီးဒုတိယအကြိမ်တွင်မူ သူ့ရဲ့အသားအရည်နှင့်သွေးကြောတွေဟာနေ့စဥ်နဲ့အမျှလောင်ကျွမ်းကာနာကျင်နေရသည်။သူ့အသားအရည်ကတဖြည်းဖြည်းရှုံတွလာပြီးမီးလောင်ဒဏ်ရာတွေနဲ့အတူရုပ်ဆိုးအကျည်းတန်သူတစ်ယောက်ဖြစ်လာခဲ့သည်။
ကံကောင်းစွာဖြင့်သူဟာအခြားသူတွေရဲ့နုပျိုမှုနဲ့အသွေးအသားတွေကိုအစားထိုးအသုံးပြုနိုင်သည့်မိစ္ဆာကျင့်စဥ်တစ်ခုကိုရရှိခဲ့၏။
"ဟား...ဟား....အရမ်းကောင်းတယ်....ဒါပေမယ့် မလုံလောက်သေးဘူး"
*************
******
"ဟဲ့....နင်ကြားပြီးပြီလား"
"ဘာကိုလဲ"
"နတ်ဘုရားသားရဲပေါ်လာတဲ့အကြောင်းကိုလေ"
"နတ်ဘုရားသားရဲ??"
"အင်းလေ....နတ်ဘုရားသားရဲကကျင့်ကြံရေးဂိုဏ်းအချို့ကသခင်မလေးတွေနဲ့ သခင်လေးတစ်ချို့ကိုပြန်ပေးဆွဲသွားလို့တဲ့"
"ဘာရယ်!!!"
"ဟုတ်တယ်....အဲ့ဒါနဲ့ သူတော်စင်ကျောက်စိမ်းဂိုဏ်းကတစ်ခြားဂိုဏ်းတွေကို ဦးစီးပြီးနတ်ဘုရားသားရဲကို ရှာဖွေနေတယ်လို့ကြားတယ်"
"တကယ်လား!"
"ဟေး!.....မင်းတို့တွေကိုယ့်အလုပ် ကိုယ်မလုပ်ပဲ ဘာတွေအတင်းတုတ်နေကြတာလဲ"
ဆေးတောင်ကြားဂိုဏ်းတစ်နေရာ၌၊
အတင်းတုပ်နေကြသည့်တပည့်မလေးနှစ်ယောက်ကိုလူငယ်တစ်ယောက်ကလှမ်းဟောက်လိုက်သည်။
"အာ.....တောင်းပန်ပါတယ် စီနီယာအစ်ကို"
တပည့်မလေးနှစ်ယောက်ဟာ အနည်းငယ်လန့်ဖြန့်သွားပြီးလူငယ်ကိုတောင်းပန်လိုက်သည်။
ထိုလူငယ်က ဆေးတောင်ကြားသခင်၏တပည့်ဖိန့်ချီဖြစ်ပြီး ဝမ်ရိပေါ်ကို တောင်ကြားသခင်ယွဲ့ထျန်း၏အခန်းထဲတွင်တိုက်ခိုက်ခဲ့သည့်လူငယ်လည်းဖြစ်သည်။
"ငါကြားတာတော့ နတ်ဘုရားသားရဲကအဖြူရောင်အမြှီးကိုးချောင်းမြေခွေးတဲ့"
ထွက်ခွာသွားတော့မည့် ဖိန့်ချီရဲ့ခြေလှမ်းတွေမှာတပည့်မလေးနှစ်ယောက်၏ခပ်တိုးတိုးစကားသံနဲ့အတူရပ်တန့်သွားခဲ့သည်။
"အမြှီးကိုးချောင်းမြေခွေး"
ဖိန့်ချီဟာတီးတိုးရေရွတ်လိုက်သည်။သူ့ဆရာကလူတစ်ယောက်ကိုကုသပေးနေမှန်း သူသိသည်။အထူးသဖြင့်သူမြင်တွေ့ခဲ့ရသည့်အလွန်အကျူးချောမောခန့်ညားသော ထိုအမျိုးသားနူးနူးညံ့ညံ့ခေါ်ဆောင်လာသည့်လူကို သူ့အလွန်တရာမုန်းတီးသည်။
ဆရာသခင်ယွဲ့ထျန်းအဆိုအရ ထိုလူခေါ်ဆောင်လာသည်မှာအမြှီးကိုးချောင်းမြေခွေးတစ်ကောင်ဖြစ်သည်ဟု သူမတော်တဆကြားခဲ့ရသည်။
အမြှီးကိုးချောင်းမြေခွေး!။ဘယ်လောက်တောင်အဆင်သင့်လိုက်လဲ။
ချောမောခန့်ညားကာအင်အားကြီးသည့်ထိုအမျိုးသား​မှာသူ့အပိုင်သာဖြစ်သင့်သည်။ထိုလူအလွန်စိုးရိမ်နေခဲ့သည့်အမြှီးကိုးချောင်းမြေခွေးမိစ္ဆာက ယခုအချိန်ထိသတိလစ်နေဆဲပင်။သူသာ၎င်းမိစ္ဆာကိုဖယ်ထုတ်လိုက်နိုင်ခဲ့ရင် အင်အားကြီးသည့်ထိုသူမှာသူ့အပိုင်ဖြစ်လာနိုင်သည်။
ဖိန့်ချီ၏မျက်လုံးအတွင်း၌ဥာဏ်များကောက်ကျစ်မည့်အရိပ်အယောင်တချို့ဖြတ်ပြေးသွားခဲ့သည်။
_______________________________________________________________
Zawgyi
[host...]
[တောင်းပန်ပါတယ်]
"....."
"အုန်းသီး"
[ပြောလေ host]
"ကျေးဇူး အုန်းသီး"
[ရပါတယ်ဗျာ]
"ဒါပေမယ့်...."
[ဗျာ]
"အရမ်းကောင်းတယ်"
[host မှန်တယ်]
***********
*****
ညသန်းခေါင်အချိန်၊
ထိုသူ။
ကံကောင်းစွာဖြင့်သူဟာအခြားသူတွေရဲ့နုပျိုမှုနဲ့အသွေးအသားတွေကိုအစားထိုးအသုံးပြုနိုင်သည့်မိစ်ဆာကျင့်စဉ်တစ်ခုကိုရရှိခဲ့၏။
*************
******
"ဘာကိုလဲ"
"နတ်ဘုရားသားရဲ??"
"ဘာရယ်!!!"
"တကယ်လား!"
_______________________________________________________________
Đọc tiếp
Bạn Cũng Sẽ Thích
635K 84.6K 143
Start Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]
292K 7.3K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
51.4K 5K 22
ခရမ်းရင့်ရောင် အိပ်မက်တွေထဲ ငါ.. မင်းကို လိုက်ရှာနေဆဲ ထာဝရအယ်လန် .... ။ ။ [ Unicode Only available ]