အခန္း [ ၉၅ ]
သိပ္ဦးေနွာက္ရိွတာ မဟုတ္ဘူးဆိုတာက သင္း ဘာကိုေျပာခ်င္တာလဲ ?
ဒါေပမယ့္ ဒါက အမွန္တရားပဲ၊ တျခားတတ္ႏိုင္တာလည္း မရိွလို႔ ခုခ်ိန္မွာ သူမက လူၾကမ္း..
လုမန္က ခံစားခ်က္မဲ့ေသာ မ်က္ႏွာေလးျဖင့္ ေလ်ွာက္လာသျဖင့္ အန္တီခ်ိဳင္ နားမလည္ျဖစ္သြားသည္။ ဘာလုပ္မလို႔လဲ .. ခုနက ေျပာလိုက္တာေတြကို စိတ္ဆိုးသြားတာလား ..
ေတြးေနတုန္း လုမန္က လက္ကိုေျမာက္ျပသည္။ လက္ထဲမွာ စကၠူအိတ္တစ္လံုး..
" မေန့က အန္တီ ဒီေန့ေဆးရံုဆင္းရမယ္ဆိုေတာ့ ေမေမ့ကို ကြၽန္မ မျပဳစုႏိုင္တဲ့အခ်ိန္ေတြမွာ အန္တီတို႔ ကူညီေပးခဲ့တာေတြကို ေက်းဇူးတင္ခ်င္လို႔ေလ .. ဒါေပမယ့္ ဘာေပးရမယ္ဆိုတာမသိလို႔ ကိုယ္တိုင္ပဲ မုန္႔ေတြလုပ္လိုက္တယ္၊ အဖိုးမတန္ေပမယ့္ အထင္ေတာ့မေသးေစခ်င္ပါဘူး "
အိတ္ကိုင္ထားသည့္ လုမန္လက္ျဖဴျဖဴေလးကို ၾကည့္ၿပီး အန္တီခ်ိဳင္ ယူဖို႔ မရဲ။
" လုမန္ရယ္ ငါ.. ငါ.. ေတာင္းပန္ပါတယ္ "
အန္တီခ်ိဳင္ စိုးရိမ္ႀကီးၿပီး ေခြၽးေတြေတာင္ ထြက္ေနသည္။
လုမန္က ၿပံဳးရံုသာ ၿပံဳးျပလိုက္ကာ အိတ္ကို အန္တီခ်ိဳင့္လက္ထဲအေရာက္ထည့္ေပးၿပီးေတာ့ ခ်က္ခ်င္း လွည့္ထြက္သြား၏။
ၿပီးေတာ့ ဘာမွ ျပန္မေျပာေတာ့ ပိုဆိုးသည္..
အန္တီခ်ိဳင္ေျပာတာေတြကို ၾကားလိုက္ရေတာ့ တကယ္ ခံရခက္သြားခဲ့ေပမယ့္ အန္တီခ်ိဳင္ဟာ ေဆးရံုမွာေနစဥ္က ေမေမ့ကို ကူညီေပးခဲ့သည္ ဆိုတာကို လုမန္ မေမ့ပါ။
ထို႔ေၾကာင့္ ရိုင္းရိုင္း စိုင္းစိုင္းေတြ မေျပာရက္၍ ဒီတိုင္းလွည့္ျပန္ခဲ့လိုက္တာျဖစ္သည္။
ထိုစဥ္ အန္တီခ်ိဳင့္ေနာက္မွာ ဓာတ္ေလွကားႀကီး ဆိုက္ေရာက္လာ၏။
" အေဖ .. အေမနဲ႔အရင္သြားႏွင့္ၿပီး ပထမထပ္မွာ ေစာင့္ေနပါ ကြၽန္ေတာ္ေနာက္ကလိုက္ခဲ့မယ္ "
ဝူလီက်ဲက ဝူက်ိေကာ္ကို ေျပာလိုက္သည္။
ဒီတစ္ခါေတာ့ အန္တီခ်ိဳင္ ဘာေျပာေျပာ ဝူက်ိေကာ္က လႊတ္မထားဘဲ ဓာတ္ေလွကားထဲဆြဲေခၚသြားခဲ့သည္။
ဝူလီက်ဲက လုမန္ေနာက္ကို ျမန္ျမန္ လိုက္သည္။ သို႔ေပမယ့္ သူ ေထာင့္ခ်ိဳးကို ေကြ့လိုက္လ်ွင္ပဲ လူနာခန္းထဲကို လုမန္ဝင္သြားတာကို ေတြ့လိုက္ရေလ၏။
သူ႔မွာ အထဲကိုလည္း မလိုက္သာ၊ အျပင္ကေန လွမ္းေခၚရင္လည္း တစ္ခုခု ျဖစ္ေနတာကို ရွခ်င္းေဝ သိသြားလိမ့္မည္။ ထို႔ေၾကာင့္ လွည့္ျပန္ရံုသာရိွေတာ့သည္ပင္။
" ေပးခဲ့ၿပီလား "
လုမန္လက္ဗလာႏွင့္ျပန္လာတာကိုျမင္ေတာ့ ရွခ်င္းေဝက ေမးလိုက္သည္။
" ဟုတ္ကဲ့ .. ေပးလိုက္ပါၿပီ "
လုမန္က ဘာမွမျဖစ္ခဲ့သလို ၿပံဳးေန၏။
" ဒီေလာက္တိုက္ဆိုင္မယ္လို႔ မထင္ထားဘူး၊ ေရွာင္ဝူက သမီးရဲ့အထက္လူႀကီးတဲ့လား၊ အင္း .. အေမလည္း အမ်ားႀကီး အကူအညီရဖို႔ေတာ့ မေမ်ွာ္လင့္ပါဘူး၊ အဲ့ဒီမွာ ခုလို အသိေလးရိွေနေတာ့ အေမ စိတ္ခ်ရတာေပါ့ "
ေျပာေနရင္း ရွခ်င္းေဝအၾကည့္ေတြ အၿပံဳးေတြ ဟိုလိုလိုသည္လိုလို ျဖစ္လာကာ၊
" ေရွာင္ဝူကို သမီး ဘယ္လိုသေဘာရလဲဟင္ .. အေမေတာ့ ေတာ္ေတာ္ေလး သေဘာက်တယ္၊ ရုပ္ကေလးက ေပၚလြင္တယ္၊ ငယ္ငယ္ရြယ္ရြယ္ေလးနဲ႔ ဌာနမန္ေနဂ်ာႀကီး ျဖစ္လာတယ္ဆိုတာ အရမ္းေတာ္လို႔ပဲ ျဖစ္ရမယ္၊ ေနာက္ၿပီး ဟန္ေကာ္ပိုေရးရွင္းလို ကုမၸဏီႀကီးမွာဆိုေတာ့.. "
" ေမေမ သူ႔ကို သမီးအတြက္ သေဘာက်ေနတာေတာ့ မဟုတ္ပါဘူးေနာ္ "
" အေမ့ကိုမေမးနဲ႔ .. သမီးသေဘာကိုပဲေျပာ "
ရွခ်င္းေဝက ေမ်ွာ္လင့္တႀကီး ေမးလာပါသည္။ ခုနက အန္တီခ်ိဳင့္စကားေတြကို ျပန္ၾကားေယာင္လာမိေတာ့ ရွခ်င္းေဝရဲ့ေမ်ွာ္လင့္ခ်က္ေတြကို ရိုက္မခ်ိဳးရက္ေပမယ့္လည္း..
" ဘယ္လိုမွ မျမင္ဘူး ေမေမ .. အထက္လူႀကီးလို႔ပဲျမင္တယ္၊ ေနာက္ၿပီး သမီးက သူ႔ဌာနမွာအလုပ္လုပ္မွာျဖစ္လို႔ ဒီလိုကိစၥနဲ႔ပတ္သက္လာရင္ အလုပ္နဲ႔ ကိုယ္ေရးကိုယ္တာကို ခြဲျခားထားဖို႔ လိုတယ္ ေမေမ .. ကိုယ္ေတြက တစ္ရံုးထဲမွာ အလုပ္လုပ္ၾကမွာ၊ လူေတြအမ်ားႀကီးလည္း ရိွေနၾကမယ္။ မဟုတ္တရုတ္ သတင္းေတြ ပ်ံ့သြားရင္ ေကာင္းမွာမဟုတ္သလို အလုပ္လုပ္ရတာလည္း အဆင္မေျပျဖစ္ရမယ္.. "
" ဒါလည္းဟုတ္တာပဲ စိတ္ညစ္ပါတယ္ "
" ေမေမ့သမီးက ငယ္ငယ္ေလးပဲရိွပါေသးတယ္၊ ဆႏၵမေစာပါနဲ႔ဦးေလ .. ေနာက္ထပ္ႏွစ္ေတြၾကာေအာင္ လုပ္ေကြၽးပါရေစဦး .. ေနာ္ .. "
တကယ္ဆို လုမန္က ၂၂ ႏွစ္ပဲ ရိွေသးသည္။ ပံုမွန္ဆို တကၠသိုလ္တက္ေနရဦးမယ့္အရြယ္..။ ကေလးက အလုပ္ေတြလုပ္ၿပီး အမွီအခိုကင္းေအာင္ ေနေနသျဖင့္ ငယ္ငယ္ေလးဆိုသည့္ အခ်က္ကို ေမ့သြားၾကတာပင္။
" အင္း.. "
ရွခ်င္းေဝ လုမန္ဆံပင္ရွည္ေတြကို လက္ေခ်ာင္းေလးေတြနဲ႔ ထိုးဖြ ၿဖီးသင္ေပးလိုက္သည္။
" ေအးပါ .. ဆႏၵမေစာေတာ့ပါဘူး .. တကယ္ကေလ .. သမီးကို ၾကည့္ရႈေစာင့္ေရွာက္ေပးမယ့္ တစ္စံုတစ္ေယာက္ကို အေမက ရွာေပးခ်င္တာ.."
" သမီးကိုယ့္ဘာသာေစာင့္ေရွာက္ႏိုင္ပါတယ္။ ၿပီးေတာ့ ေမေမတစ္ေယာက္လံုး ရိွေနတာပဲဥစၥာ မဟုတ္ဘူးလား။ ရည္စားရသြားတယ္ပဲထားဦး အဲ့ဒီရည္းစားက တကယ္ႀကီး ယံုၾကည္ကိုးစားလို႔ရမွာ ေသခ်ာပါ့မလား ေမေမရယ္ "
ေယာက္်ားေတြ အဲ့ေလာက္ထိယံုၾကည္ကိုးစားလို႔ရတယ္ဆိုရင္ လုခ်ီယြမ္ ဘာလို႔ ေနာက္တစ္ေယာက္ထားလဲ.. သူမကိုပါ ခုလို အခက္အခဲျဖစ္ေအာင္ ဘာလို႔ လုပ္ေနတာလဲ.. ေနာက္ၿပီး ရွခ်င္းေဝ ေသျခင္း ရွင္ျခင္းကို သူက ဘာလို႔ ဂရုမစိုက္တာလဲ .. ?
သူတို႔ေယာက္်ားေတြ တကယ္ယံုၾကည္စိတ္ခ်ရတယ္ဆိုရင္ အရင္တုန္းက ထာဝရ ေစာင့္ေရွာက္ပါ့မယ္ ဆိုတဲ့ ကတိေတြ တဖြဖြေပးတတ္တဲ့ ဟဲက်ိန္႔ပိုင္က ႏွစ္ေတြၾကာေအာင္ တြဲခဲ့ၿပီးကာမွ ဘာလို႔ လုခ်ီနဲ႔ ျဖစ္သြားတာလဲ...?
*****
အခန်း [ ၉၅ ]
သိပ်ဦးနှောက်ရှိတာ မဟုတ်ဘူးဆိုတာက သင်း ဘာကိုပြောချင်တာလဲ ?
ဒါပေမယ့် ဒါက အမှန်တရားပဲ၊ တခြားတတ်နိုင်တာလည်း မရှိလို့ ခုချိန်မှာ သူမက လူကြမ်း..
လုမန်က ခံစားချက်မဲ့သော မျက်နှာလေးဖြင့် လျှောက်လာသဖြင့် အန်တီချိုင် နားမလည်ဖြစ်သွားသည်။ ဘာလုပ်မလို့လဲ .. ခုနက ပြောလိုက်တာတွေကို စိတ်ဆိုးသွားတာလား ..
တွေးနေတုန်း လုမန်က လက်ကိုမြောက်ပြသည်။ လက်ထဲမှာ စက္ကူအိတ်တစ်လုံး..
" မနေ့က အန်တီ ဒီနေ့ဆေးရုံဆင်းရမယ်ဆိုတော့ မေမေ့ကို ကျွန်မ မပြုစုနိုင်တဲ့အချိန်တွေမှာ အန်တီတို့ ကူညီပေးခဲ့တာတွေကို ကျေးဇူးတင်ချင်လို့လေ .. ဒါပေမယ့် ဘာပေးရမယ်ဆိုတာမသိလို့ ကိုယ်တိုင်ပဲ မုန့်တွေလုပ်လိုက်တယ်၊ အဖိုးမတန်ပေမယ့် အထင်တော့မသေးစေချင်ပါဘူး "
အိတ်ကိုင်ထားသည့် လုမန်လက်ဖြူဖြူလေးကို ကြည့်ပြီး အန်တီချိုင် ယူဖို့ မရဲ။
" လုမန်ရယ် ငါ.. ငါ.. တောင်းပန်ပါတယ် "
အန်တီချိုင် စိုးရိမ်ကြီးပြီး ချွေးတွေတောင် ထွက်နေသည်။
လုမန်က ပြုံးရုံသာ ပြုံးပြလိုက်ကာ အိတ်ကို အန်တီချိုင့်လက်ထဲအရောက်ထည့်ပေးပြီးတော့ ချက်ချင်း လှည့်ထွက်သွား၏။
ပြီးတော့ ဘာမှ ပြန်မပြောတော့ ပိုဆိုးသည်..
အန်တီချိုင်ပြောတာတွေကို ကြားလိုက်ရတော့ တကယ် ခံရခက်သွားခဲ့ပေမယ့် အန်တီချိုင်ဟာ ဆေးရုံမှာနေစဥ်က မေမေ့ကို ကူညီပေးခဲ့သည် ဆိုတာကို လုမန် မမေ့ပါ။
ထို့ကြောင့် ရိုင်းရိုင်း စိုင်းစိုင်းတွေ မပြောရက်၍ ဒီတိုင်းလှည့်ပြန်ခဲ့လိုက်တာဖြစ်သည်။
ထိုစဥ် အန်တီချိုင့်နောက်မှာ ဓာတ်လှေကားကြီး ဆိုက်ရောက်လာ၏။
" အဖေ .. အမေနဲ့အရင်သွားနှင့်ပြီး ပထမထပ်မှာ စောင့်နေပါ ကျွန်တော်နောက်ကလိုက်ခဲ့မယ် "
ဝူလီကျဲက ဝူကျိကော်ကို ပြောလိုက်သည်။
ဒီတစ်ခါတော့ အန်တီချိုင် ဘာပြောပြော ဝူကျိကော်က လွှတ်မထားဘဲ ဓာတ်လှေကားထဲဆွဲခေါ်သွားခဲ့သည်။
ဝူလီကျဲက လုမန်နောက်ကို မြန်မြန် လိုက်သည်။ သို့ပေမယ့် သူ ထောင့်ချိုးကို ကွေ့လိုက်လျှင်ပဲ လူနာခန်းထဲကို လုမန်ဝင်သွားတာကို တွေ့လိုက်ရလေ၏။
သူ့မှာ အထဲကိုလည်း မလိုက်သာ၊ အပြင်ကနေ လှမ်းခေါ်ရင်လည်း တစ်ခုခု ဖြစ်နေတာကို ရှချင်းဝေ သိသွားလိမ့်မည်။ ထို့ကြောင့် လှည့်ပြန်ရုံသာရှိတော့သည်ပင်။
" ပေးခဲ့ပြီလား "
လုမန်လက်ဗလာနှင့်ပြန်လာတာကိုမြင်တော့ ရှချင်းဝေက မေးလိုက်သည်။
" ဟုတ်ကဲ့ .. ပေးလိုက်ပါပြီ "
လုမန်က ဘာမှမဖြစ်ခဲ့သလို ပြုံးနေ၏။
" ဒီလောက်တိုက်ဆိုင်မယ်လို့ မထင်ထားဘူး၊ ရှောင်ဝူက သမီးရဲ့အထက်လူကြီးတဲ့လား၊ အင်း .. အမေလည်း အများကြီး အကူအညီရဖို့တော့ မမျှော်လင့်ပါဘူး၊ အဲ့ဒီမှာ ခုလို အသိလေးရှိနေတော့ အမေ စိတ်ချရတာပေါ့ "
ပြောနေရင်း ရှချင်းဝေအကြည့်တွေ အပြုံးတွေ ဟိုလိုလိုသည်လိုလို ဖြစ်လာကာ၊
" ရှောင်ဝူကို သမီး ဘယ်လိုသဘောရလဲဟင် .. အမေတော့ တော်တော်လေး သဘောကျတယ်၊ ရုပ်ကလေးက ပေါ်လွင်တယ်၊ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဌာနမန်နေဂျာကြီး ဖြစ်လာတယ်ဆိုတာ အရမ်းတော်လို့ပဲ ဖြစ်ရမယ်၊ နောက်ပြီး ဟန်ကော်ပိုရေးရှင်းလို ကုမ္ပဏီကြီးမှာဆိုတော့.. "
" မေမေ သူ့ကို သမီးအတွက် သဘောကျနေတာတော့ မဟုတ်ပါဘူးနော် "
" အမေ့ကိုမမေးနဲ့ .. သမီးသဘောကိုပဲပြော "
ရှချင်းဝေက မျှော်လင့်တကြီး မေးလာပါသည်။ ခုနက အန်တီချိုင့်စကားတွေကို ပြန်ကြားယောင်လာမိတော့ ရှချင်းဝေရဲ့မျှော်လင့်ချက်တွေကို ရိုက်မချိုးရက်ပေမယ့်လည်း..
" ဘယ်လိုမှ မမြင်ဘူး မေမေ .. အထက်လူကြီးလို့ပဲမြင်တယ်၊ နောက်ပြီး သမီးက သူ့ဌာနမှာအလုပ်လုပ်မှာဖြစ်လို့ ဒီလိုကိစ္စနဲ့ပတ်သက်လာရင် အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားထားဖို့ လိုတယ် မေမေ .. ကိုယ်တွေက တစ်ရုံးထဲမှာ အလုပ်လုပ်ကြမှာ၊ လူတွေအများကြီးလည်း ရှိနေကြမယ်။ မဟုတ်တရုတ် သတင်းတွေ ပျံ့သွားရင် ကောင်းမှာမဟုတ်သလို အလုပ်လုပ်ရတာလည်း အဆင်မပြေဖြစ်ရမယ်.. "
" ဒါလည်းဟုတ်တာပဲ စိတ်ညစ်ပါတယ် "
" မေမေ့သမီးက ငယ်ငယ်လေးပဲရှိပါသေးတယ်၊ ဆန္ဒမစောပါနဲ့ဦးလေ .. နောက်ထပ်နှစ်တွေကြာအောင် လုပ်ကျွေးပါရစေဦး .. နော် .. "
တကယ်ဆို လုမန်က ၂၂ နှစ်ပဲ ရှိသေးသည်။ ပုံမှန်ဆို တက္ကသိုလ်တက်နေရဦးမယ့်အရွယ်..။ ကလေးက အလုပ်တွေလုပ်ပြီး အမှီအခိုကင်းအောင် နေနေသဖြင့် ငယ်ငယ်လေးဆိုသည့် အချက်ကို မေ့သွားကြတာပင်။
" အင်း.. "
ရှချင်းဝေ လုမန်ဆံပင်ရှည်တွေကို လက်ချောင်းလေးတွေနဲ့ ထိုးဖွ ဖြီးသင်ပေးလိုက်သည်။
" အေးပါ .. ဆန္ဒမစောတော့ပါဘူး .. တကယ်ကလေ .. သမီးကို ကြည့်ရှုစောင့်ရှောက်ပေးမယ့် တစ်စုံတစ်ယောက်ကို အမေက ရှာပေးချင်တာ.."
" သမီးကိုယ့်ဘာသာစောင့်ရှောက်နိုင်ပါတယ်။ ပြီးတော့ မေမေတစ်ယောက်လုံး ရှိနေတာပဲဥစ္စာ မဟုတ်ဘူးလား။ ရည်စားရသွားတယ်ပဲထားဦး အဲ့ဒီရည်းစားက တကယ်ကြီး ယုံကြည်ကိုးစားလို့ရမှာ သေချာပါ့မလား မေမေရယ် "
ယောက်ျားတွေ အဲ့လောက်ထိယုံကြည်ကိုးစားလို့ရတယ်ဆိုရင် လုချီယွမ် ဘာလို့ နောက်တစ်ယောက်ထားလဲ.. သူမကိုပါ ခုလို အခက်အခဲဖြစ်အောင် ဘာလို့ လုပ်နေတာလဲ.. နောက်ပြီး ရှချင်းဝေ သေခြင်း ရှင်ခြင်းကို သူက ဘာလို့ ဂရုမစိုက်တာလဲ .. ?
သူတို့ယောက်ျားတွေ တကယ်ယုံကြည်စိတ်ချရတယ်ဆိုရင် အရင်တုန်းက ထာဝရ စောင့်ရှောက်ပါ့မယ် ဆိုတဲ့ ကတိတွေ တဖွဖွပေးတတ်တဲ့ ဟဲကျိန့်ပိုင်က နှစ်တွေကြာအောင် တွဲခဲ့ပြီးကာမှ ဘာလို့ လုချီနဲ့ ဖြစ်သွားတာလဲ...?
*****