system 091

By TeeKo0

1.1M 121K 5.7K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(1.11)

8.3K 896 7
By TeeKo0

Unicode

"ဒီတိုင်းစစ်ကြည့်လိုက်ရင်ပြီးပြီမဟုတ်ဘူးလား"

ရှောင်ကျန့်ဝင်ထောက်ပြလိုက်သည်။ တခြားသူတွေကလည်းခေါင်းတငြှိမ့်ငြှိမ့်ဖြင့်ထောက်ခံ၏။

"မင်းကဘယ်သူမို့လို့ ငါ့ကိုစစ်ဆေးမှာလဲ"

ရှောင်ယောင်ဟာ မျက်စိမျက်နှာပျက်ဖြင့်ရှောင်ကျန့်ကို အော်ငေါက်လိုက်သည်။ ရှောင်ကျန့်ရဲ့အမူအရာမှာ မပြောင်းလဲပေမယ့် ဝမ်ရိပေါ်၏မျက်နှာကိုတော့ ကြောက်စရာကောင်းသွားစေသည်။ ရိပေါ်ရဲ့ မျက်လုံးအတွင်း၌နက်ရွှေရောင်မီးတောက်အချို့တောက်လောက်လာသည်။

ရှောင်ယောင်၏ မျက်နှာအမူအရာမှာတောင့်တင်းသွားသည်။ သူ့မျက်နှာ၌ချွေးအချို့စီးကျသွားပြီးထိတ်လန့်တုန်လှုပ်မှုများမှာမျက်လုံးအတွင်း၌ပေါ်ပေါက်လာသည်။

သူ့ခန္ဓာကိုယ်က လုံးဝလှုပ်မရတော့ပေ။

ရှောင်ယောင်၏မျက်လုံးဝိုင်းတစ်စုံဟာရှောင်ကျန့်နောက်မှာမတ်တပ်ရပ်နေတဲ့ဝမ်ရိပေါ်ဆီသို့ကျရောက်သွားသည်။ ထိုအခါသူ့မျက်လုံးအတွင်းရှိ တုန်လှုပ်မှုက ပိုမိုပြင်းထန်လာခဲ့သည်။

ဝမ်ရိပေါ်၏အမာရွတ်ကန့်လန့်ဖျက်တည်ရှိနေသည့်မျက်နှာပေါ်တွင်အမူရာလုံးဝမရှိပေ။သူ(ဝမ်ရိပေါ်)၏မျက်လုံးမှာလုံးဝနက်မှောင်နေပြီသူ့(ရှောင်ယောင်)ရဲ့ဝိဥာဥ်မှာစုပ်ယူခံလိုက်ရသကဲ့သို့ထင်ရသည်။

ရှောင်ယောင်ချက်ချင်းအကြည့်လွှဲလိုက်သည်။သူ့ကျောပြင်ပေါ်တွင်ချွေးစေးအချို့စီးကျနေ၏။ အခုချိန်တိုအတွင်းလေးတွင်းမှာပဲ​သေတွင်းက သီသီလေးလွတ်လာသလိုခံစားလိုက်ရသည်။

အဲ့လူက.....ဘာကြီးလဲ။

ထူးဆန်းသည်မှာ ရှောင်ကျန့်အပါအဝင်မည်သူကမှရှောင်ယောင်၏ထူးဆန်းမှုကိုလုံးဝသတိမထားမိပုံပေါ်နေသည်။ရှောင်ယောင်ကလုံးဝမလိမ်ညာရဲတော့ပေ။သူသာထပ်မံလိမ်ညာလိုက်လျှင်မည်သူမှမသိလိုက်ခင်မှာဘဲသေသွားမည်ဆိုသည်ကိုခံစားမိနေသည်။

"ကျ....ကျွန်တော်....တောင်းပန်ပါတယ်"

ရှောင်ယောင်ဟာစိတ်ပျက်အားငယ်စွာတောင်းပန်လိုက်သည်။လူလတ်ပိုင်းကြီး၏မျက်နှာအမူအရာမှာလုံးဝပြင်းထန်သွားပြီးရှောင်ယောင်၏မျက်နှာနုနုလေးအားဖြတ်ရိုက်လိုက်သည်။အားထိန်းထားခြင်းမရှိတာကြောင့်ရှောင်ယောင်ဟာလွင့်ထွက်သွားပြီးသူ့မျက်နှာမှာလုံးဝနီရဲယောင်ကိုင်းသွားသလိုသွေးတစ်ပွက်အန်လိုက်ရသည်။

ဒါပေမယ့်ရှောင်ယောင်အားသနားမည့်သူမရှိပေ။သူ့ကြောင့်လူတိုင်ဟာသေလုနီးပါးတိုက်ခိုက်ခဲ့ရပြီးအမျိုးသမီးနှစ်ယောက်ဆိုရင်ရှောင်ကျန့်သာအချိန်မှီတားဆီးခြင်းမရှိပါကသေသွားနိုင်သည်လေ။သူ့လုပ်ရပ်ကအကုန်လုံးကိုအန္တရာယ်တွင်းထဲတွန်းပို့နေသလိုဖြစ်နေပြီးအရာအားလုံးကိုလည်းဖုံးကွယ်ထားခဲ့သည်။လျှင်မြန်စွာဝန်ခံလိုက်လို့သာမဟုတ်ရင်ဒီ့ထက်ပိုအရိုက်ခံရနိုင်သည်။

ရှောင်ယောင်ဟာအတော်လေးနာကျင်သွားပေမယ့်စိတ်သက်သာရာတော့ရသွားသည်။အနည်းဆုံးတော့ဒါကနာကျင်ရရုံသာဖြစ်ပြီး ခုဏကကြောက်မက်ဖွယ်ခြိမ်းခြောက်မှုထက်အဆပေါင်းများစွာသက်သာသေးသည်။

သက်လတ်ပိုင်းအရွယ်လူကြီးဟာရှောင်ယောင်၏သိုလှောင်အိတ်ထဲမှခေါင်းတစ်လုံးစာအရွယ်ရှိသည့်ဥတစ်လုံးကိုထုတ်ယူ၍ရှောင်ကျန့်လက်ထဲသို့ထည့်ပေးလိုက်သည်။

ရှောင်ကျန့်ဟာထူးဆန်းသောမျက်နှာထားဖြင့်ဥကိုလက်ခံရယူလိုက်သည်။

မြေခွေးတွေက ဥ ဥတတ်တယ်လား။

[အိုက်ယား....hostရယ်....ဒါကကျင့်ကြံရေးလောကလေ....မဖြစ်နိုင်ဘူးဆိုတာမရှိဘူး....ဥကပေါက်တဲ့မြေခွေးလည်းရှိရင်ရှိမှာပေါ့]

ရှောင်ကျန့်ဟာသက်ပြင်းအသာချလိုက်ရင်းဥကိုမြေခွေးမ ဆီပြန်လည်ပေးအပ်လိုက်သည်။

မြေခွေးမိစ္ဆာသည် သူမရဲ့မြေခွေးဥကိုကျေးဇူးတင်စွာလက်ခံရယူ၍ရှောင်ကျန့်ရှေ့တွင်သူမ၏ခြေလေးချောင်းအားဝပ်၍အရိုအသေပြုသည်။မြေခွေးမိစ္ဆာ၏ဘေးပတ်လည်၌လိပ်ပြာသားရဲ၏အရှိန်အဝါတစ်ခုဝန်းရံလာသည်။

အံ့ဩစရာကောင်းစွာပင် ၎င်းကသာမန်မိစ္ဆာသားရဲကဲ့သို့ဟန်ဆောင်ထားသည့် လိပ်ပြာသားရဲဖြစ်နေသည်။

မြေခွေး၏အရှိန်အဝါနှင့်အပြုအမူကြောင့် ဝမ်ရိပေါ်နဲ့ရှောင်ကျန့်ကမှလွဲ၍ အခြားသူများ၏အပြုအမူမှာပြင်းထန်စွာပြောင်းလဲသွားသည်။

ဤအပြုအမူက သားရဲတစ်ကောင်၏ လူတစ်ယောက်အပေါ်အသိအမှတ်ပြုသည့်အခါတွင် ပြုလုပ်လေ့ရှိသည်။ထိုအခါတွင် အနှီးလူက သားရဲနှင့်စာချုပ်ချုပ်ဆိုနိုင်၏။ ဤသည်မှာလုံးဝအကြွင်းမဲ့အညံ့ခံခြင်းဖြစ်သည်။

ရှောင်ကျန့်ဟာမြေခွေးမ၏ခေါင်းကြီးကို အကြိမ်အနည်းငယ်ပွတ်သပ်လိုက်သည်။သို့ပေမယ့်စာချုပ်ချုပ်ဆိုခြင်းတော့မရှိပေ။သူကနတ်ဘုရားသားရဲဖြစ်သလိုဧကရာဇ်တစ်ပါးလည်းဖြစ်တာကြောင့်သားရဲမှန်သမျှသူခိုင်းစေလို့ရသည်။

မြေခွေးမိစ္ဆာဟာရှောင်ကျန့်အားအရိုအသေပေး၍သူမရဲ့ဥကိုယူဆောင်၍ထွက်ခွာသွားခဲ့သည်။

သက်လတ်ပိုင်းအရွယ်ဦးလေးကြီးဟာရှောင်ကျန့်ကိုအလွန်တရာကျေးဇူးတင်ဟန်ဖြင့်လက်နှစ်ဖက်ဆုပ်ကိုင်ကာအရိုအသေပြုသည်။ရှောင်ယောင်မှလွဲ၍ကျန်သူများဟာလည်းရှောင်ကျန့်တို့ကိုအလွန်တရာကျေးဇူးတင်သည့်မျက်လုံးများဖြင့်ကြည့်နေကြသည်။

"ကျေးဇူးတင်ပါတယ်မိတ်တွေတို့....မင်းတို့ကြောင့်သာမဟုတ်ရင် ကျုပ်တို့အကုန်လုံး
သေနေလောက်ပြီ....မိတ်ဆွေတို့နှစ်ယောက်ရဲ့နာမည်ကိုများသိခွင့်ရှိမလား"

သတ်လတ်ပိုင်းလူကြီးက ပြုံးရွှင်စွာမေးမြန်းသည်။

"ဒီအတိုင်း....လမ်းကြုံလို့ကူညီပေးလိုက်ရုံပါ....သိပ်အပန်းကြီးတာလည်းမဟုတ်ပါဘူး...."

ရှောင်ကျန့်၏စကားကြောင့်လူလတ်ပိုင်းကြီးက ပြုံးရုံပြုံးလိုက်သည်။ကြည့်ရတာဒီလူနှစ်ယောက်လုံးကသူတို့ကိုယ်သူတို့မိတ်ဆက်ပေးချင်ပုံမရပေ။

ရှောင်ကျန့်အနေနဲ့ ထိုလူအုပ်စုနှင့်အတူနေစရာအကြောင်းမရှိတော့တာကြောင့် လူအုပ်ကိုနှုတ်ဆက်ရင်းထွက်လာခဲ့သည်။ဝမ်ရိပေါ်က တစ်လျောက်လုံးဘာစကားမှမပြောပါပဲရှောင်ကျန့်နောက်ကလိုက်သွားခဲ့သည်။ထွက်မသွားခင်ဝမ်ရိပေါ်ရဲ့မျက်လုံးတစ်စုံဟာဖြူဖျော့နေသည်ရှောင်ယောင်ရှိရာဆီသို့ကျရောက်သွားသည်။

ဒီအရာက သူ့ရဲ့မြေခွေးလေးကိုအော်ငေါက်ခဲ့တယ်။ ဒါကြောင့်ဒီအရာကထပ်ပြီးစကားမပြောသင့်တော့ဘူး။

ရှောင်ယောင်၏မျက်လုံးက ပြူးကျယ်သွားသည်။

သူ့ပါးစပ်ကိုအသည်းအသန်ဟလိုက်ပြီးနောက်တွင်ပါးစပ်အတွင်းက သွေးအမြောက်အများစီးကျလာ၏။သွေးကွက်ကြီးက ခြောက်ခြားစရာကောင်းအောင် မြေပြင်ပေါ်နှင့်အဝတ်အစားတွင် ပေကျံသွားခဲ့သည်။နာကျင်လွန်းတာကြောင့် သူအော်ချင်ပေမယ့်'ဝူး...ဝူး'ဆိုသည့် အသံတွေသာထွက်ကျလာသည်။မြေပြင်ပေါ်တွင်သူ့ရဲ့ပြတ်ကျနေသည်လျှာမှာသွေးစက်တွေပေကျံနေသည်ကိုမျက်မြင်ကြုံတွေ့လိုက်ရသည်။

ရုတ်တရက်ဖြစ်ပေါ်လာသောကြောက်မက်ဖွယ်ရာအခြေအနေကသတ်လတ်ပိုင်းလူကြီးနှင့်လူအများကိုထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

နာကျင်မှုတွေနဲ့အတူ ရှောင်ယောင်၏ခန္ဓာကိုယ်မှာတစ်ဆတ်ဆတ်တုန်ရီနေသည်။သူ့မျက်လုံးအတွင်း၌ထွက်ခွာ မသွားခင်ကြည့်သွားသည့်ဝမ်ရိပေါ်၏အကြည့်​ကိုမှတ်မိသွားသောအခါသူ့ရဲ့တုန်ရီမှုကပိုမိုပြင်းထန်လာသည်။

သူက မမှားသင့်သည့်အရာတစ်ခုကိုပြုလုပ်မိသွားခဲ့သည်။

ထိုနေရာနှင့်ခပ်ဝေးဝေးသို့ရောက်နေပြီဖြစ်တဲ့ ရှောင်ကျန့်သည် ထိုအဖြစ်အပျက်များကိုတစ်ခုမှမသိပါပဲ သက်တောင့်သက်သာဖြင့်လျှောက်လှမ်းနေသည်။

သူအတော်ကြာလျှောက်နေရင်း ခဏအကြာတွင်ဝမ်ရိပေါ်က သူ့အနောက်မှာ​ပြတ်ကျန်ခဲ့မှန်းသတိထားမိသွားသည်။ သူအနောက်ဘက်လှည့်ကြည့်လိုက်သည့်အခါတွင် ဝမ်ရိပေါ်က သူနှင့်ခပ်လှမ်းလှမ်းမှာရှိသည့်သစ်ပင်ဘေး၌ တောင့်တောင့်ကြီးမတ်တပ်ရပ်နေသည်ကိုတွေ့လိုက်ရသည်။

ရှောင်ကျန့်ခမျာ ဘာဖြစ်မှန်းမသိပေမယ့် နောက်ပြန်လှည့်ပြီးဝမ်ရိပေါ်ဘေးသို့​ လျှောက်လာသည်။

"ရိပေါ်....မင်းဘာဖြစ်တာလဲ"

ဝမ်ရိပေါ်၏မျက်နှာသည် အနည်းငယ်ရှုံမဲ့နေပြီးသနားစဖွယ်မျက်လုံးကြီးတွေဖြင့်ရှောင်ကျန့်ကိုကြည့်လာသည်။

"ရှောင်ကျန့်...."

"အင်း...ဘာဖြစ်လို့လဲ"

ဝမ်ရိပေါ်က ညာဘက်လက်ဖြင့်သူ့ရဲ့နှလုံးရှိရာဘယ်ဘက်ရင်အုံပေါ်သို့တင်လိုက်ပြီး သနားစရာမျက်နှာလေးကိုပုံဖော်၍ အားငယ်စွာပြောသည်။

"ဒီနားကအရမ်းနာတာပဲ"

ရှောင်ကျန့်ပြာယာခတ်သွားသည်။သူဘာလုပ်ပေးရမှန်းမသိပေ။ခုနကအကောင်းကြီးကို အခုချိန်မှ ဘာထဖောက်လာမှန်းဘယ်သူကသိမှာလဲ။

"ငါ...ငါဘာလုပ်ပေးရမလဲ"

"ဖက်ထားပေး"

"ဟမ်"

ရှောင်ကျန့်ကြောင်သွားသည်။နှလုံးနာရင်ဖက်ထားပေးရတာလား။

"တစ်မျိုးမထင်ပါနဲ့....ကိုယ့်ရဲ့နှလုံးကခဏခဏနာတတ်တော့ တစ်စုံတစ်ယောက်ရဲ့ကိုယ်ငွေ့နဲ့ချီစွမ်းအင်အချို့စုပ်ယူပြီးမှသက်သာတာမလို့ပါ...."

လောကမှာဒီလိုနည်းလမ်းမျိုးလည်းရှိတာပဲလား။

[ရှိရင်ရှိမှာပေါ့hostရဲ့....ဥကမွေးတဲ့မြေခွေးတောင်ရှိသေးတာပဲ....ဒီလောကမှာထူးဆန်းတာတွေမှအများကြီးရှိတယ်...သာမန်အမြင်နဲ့သာကြည့်လို့ကတော့လူသာရူးသွားလိမ့်မယ်....နားကိုလည်မှာမဟုတ်ဘူး]

အုန်းသီး၏ရှင်းပြချက်ကို ရှောင်ကျန့်ထောက်ခံလိုက်သည်။သူတောင်ဥကနေမပေါက်လို့ကျေးဇူးတင်ရမယ်။

"ပြီး...ပြီးရောလေ...ခဏပဲနော်"

ရှောင်ကျန့်ဘက်က ခွင့်ပြုလိုက်သည်နှင့် ဝမ်ရိပေါ်၏မျက်လုံးအတွင်း၌ အနက်ရောင်အလင်းတစ်ချက်ဖြတ်ပြေးသွားပြီးလရှောင်ကျန့်ကိုသူ့ရင်ခွင်ထဲသွင်းရင်း တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်သည်။

ရှောင်ကျန့်၏ပိန်ပိန်သွယ်သွယ်ခန္ဓာကိုယ်လေးမှာရိပေါ် ရင်ခွင်အတွင်း၌မြုပ်နေပြီး တောက်ပတဲ့မျက်လုံးလေးတစ်စုံကိုသာဖော်ပြထားသည်။ရုတ်တရတ်ဆိုသလိုရှောင်ကျန့်၏လည်ပင်းသားလေးမှာနွေးထွေးအိစက်သည့်တစ်စုံတစ်ရာဖြင့်ဖိကပ်ခံလိုက်ရသည်။

ရှောင်ကျန့်မျက်လုံးပြူးသွား၏။ သူအနည်းငယ်ရုန်းကန်လိုက်ပေမယ့်ဝမ်ရိပေါ်ဟာသူ့တစ်ကိုယ်လုံးကိုသိမ်းကျုံးဖက်ထားတာကြောင့်လုံးဝလှုပ်ရှားမရပေ။

"ငြိမ်ငြိမ်လေးနေ"

ဝမ်ရိပေါ်၏ဩရှရှအသံမှာရှောင်ကျန့်၏နားအနီးတွင်လေနွေးနွေးနှင့်အတူဖြတ်ပြေးသွားသောကြောင့်ရှောင်ကျန့်၏မျက်နှာလေးဟာအနည်းငယ်နီရဲသွားသည်။သူ့ နှလုံးသားတစ်စုံမှာလည်းပုံမှန်ထက်လျှင်မြန်စွာခုန်ပေါက်နေပြီးတစ်ဖက်လူကြားသွားမည်ကိုတောင်စိုးရိမ်ရသည်။ထူးဆန်းသည့်ခံစားချက်တစ်ချို့နှင့်အတူလေထုမှာပူနွေးလာ၏။

ရှောင်ကျန့်ငြိမ်သက်နေရင်းသူကိုယ်တိုင်တောင်မသိသည့်ပေါ်ထွက်လာသောခံစားချက်တွေကိုတစ်ဖက်သားမရိပ်မိစေရန်ထိန်းချုပ်နေမိ၏။ထို့ကြောင့်လည်း သူ့လည်ပင်း၌ခေါင်းမြုပ်ရင်းကိုယ်သင်းနံ့ကို အရူးတစ်ယောက်လိုရှူရှိုက်နေသည့်ဝမ်ရိပေါ်၏ကြောက်မက်ဖွယ်အပြုံးကိုသတိမထားမိလိုက်ပေ။

ဟုတ်တယ်။ ရှောင်ကျန့်ကသူ့အပိုင်။သူတစ်ယောက်တည်းရဲ့အပိုင်။ဘယ်သူကမှသူ့ဆီကနေသူ့မြေခွေးလေးကိုလုယူလို့မရဘူး။

______________________________________________________________

Zawgyi

"ဒီတိုင္းစစ္ၾကည့္လိုက္ရင္ၿပီးၿပီမဟုတ္ဘူးလား"

ေရွာင္က်န့္ဝင္ေထာက္ျပလိုက္သည္။ တျခားသူေတြကလည္းေခါင္းတျငႇိမ့္ျငႇိမ့္ျဖင့္ေထာက္ခံ၏။

"မင္းကဘယ္သူမို႔လို႔ ငါ့ကိုစစ္ေဆးမွာလဲ"

ေရွာင္ေယာင္ဟာ မ်က္စိမ်က္ႏွာပ်က္ျဖင့္ေရွာင္က်န့္ကို ေအာ္ေငါက္လိုက္သည္။ ေရွာင္က်န့္ရဲ႕အမူအရာမွာ မေျပာင္းလဲေပမယ့္ ဝမ္ရိေပၚ၏မ်က္ႏွာကိုေတာ့ ေၾကာက္စရာေကာင္းသြားေစသည္။ ရိေပၚရဲ႕ မ်က္လုံးအတြင္း၌နက္ေ႐ႊေရာင္မီးေတာက္အခ်ိဳ႕ေတာက္ေလာက္လာသည္။

ေရွာင္ေယာင္၏ မ်က္ႏွာအမူအရာမွာေတာင့္တင္းသြားသည္။ သူ႕မ်က္ႏွာ၌ေခြၽးအခ်ိဳ႕စီးက်သြားၿပီးထိတ္လန့္တုန္လႈပ္မႈမ်ားမွာမ်က္လုံးအတြင္း၌ေပၚေပါက္လာသည္။

သူ႕ခႏၶာကိုယ္က လုံးဝလႈပ္မရေတာ့ေပ။

ေရွာင္ေယာင္၏မ်က္လုံးဝိုင္းတစ္စုံဟာေရွာင္က်န့္ေနာက္မွာမတ္တပ္ရပ္ေနတဲ့ဝမ္ရိေပၚဆီသို႔က်ေရာက္သြားသည္။ ထိုအခါသူ႕မ်က္လုံးအတြင္းရွိ တုန္လႈပ္မႈက ပိုမိုျပင္းထန္လာခဲ့သည္။

ဝမ္ရိေပၚ၏အမာ႐ြတ္ကန့္လန့္ဖ်က္တည္ရွိေနသည့္မ်က္ႏွာေပၚတြင္အမူရာလုံးဝမရွိေပ။သူ(ဝမ္ရိေပၚ)၏မ်က္လုံးမွာလုံးဝနက္ေမွာင္ေနၿပီသူ႕(ေရွာင္ေယာင္)ရဲ႕ဝိဥာဥ္မွာစုပ္ယူခံလိုက္ရသကဲ့သို႔ထင္ရသည္။

ေရွာင္ေယာင္ခ်က္ခ်င္းအၾကည့္လႊဲလိုက္သည္။သူ႕ေက်ာျပင္ေပၚတြင္ေခြၽးေစးအခ်ိဳ႕စီးက်ေန၏။ အခုခ်ိန္တိုအတြင္းေလးတြင္းမွာပဲေသတြင္းက သီသီေလးလြတ္လာသလိုခံစားလိုက္ရသည္။

အဲ့လူက.....ဘာႀကီးလဲ။

ထူးဆန္းသည္မွာ ေရွာင္က်န့္အပါအဝင္မည္သူကမွေရွာင္ေယာင္၏ထူးဆန္းမႈကိုလုံးဝသတိမထားမိပုံေပၚေနသည္။ေရွာင္ေယာင္ကလုံးဝမလိမ္ညာရဲေတာ့ေပ။သူသာထပ္မံလိမ္ညာလိုက္လွ်င္မည္သူမွမသိလိုက္ခင္မွာဘဲေသသြားမည္ဆိုသည္ကိုခံစားမိေနသည္။

"က်....ကြၽန္ေတာ္....ေတာင္းပန္ပါတယ္"

ေရွာင္ေယာင္ဟာစိတ္ပ်က္အားငယ္စြာေတာင္းပန္လိုက္သည္။လူလတ္ပိုင္းႀကီး၏မ်က္ႏွာအမူအရာမွာလုံးဝျပင္းထန္သြားၿပီးေရွာင္ေယာင္၏မ်က္ႏွာႏုႏုေလးအားျဖတ္ရိုက္လိုက္သည္။အားထိန္းထားျခင္းမရွိတာေၾကာင့္ေရွာင္ေယာင္ဟာလြင့္ထြက္သြားၿပီးသူ႕မ်က္ႏွာမွာလုံးဝနီရဲေယာင္ကိုင္းသြားသလိုေသြးတစ္ပြက္အန္လိုက္ရသည္။

ဒါေပမယ့္ေရွာင္ေယာင္အားသနားမည့္သူမရွိေပ။သူ႕ေၾကာင့္လူတိုင္ဟာေသလုနီးပါးတိုက္ခိုက္ခဲ့ရၿပီးအမ်ိဳးသမီးႏွစ္ေယာက္ဆိုရင္ေရွာင္က်န့္သာအခ်ိန္မွီတားဆီးျခင္းမရွိပါကေသသြားနိုင္သည္ေလ။သူ႕လုပ္ရပ္ကအကုန္လုံးကိုအႏၱရာယ္တြင္းထဲတြန္းပို႔ေနသလိုျဖစ္ေနၿပီးအရာအားလုံးကိုလည္းဖုံးကြယ္ထားခဲ့သည္။လွ်င္ျမန္စြာဝန္ခံလိုက္လို႔သာမဟုတ္ရင္ဒီ့ထက္ပိုအရိုက္ခံရနိုင္သည္။

ေရွာင္ေယာင္ဟာအေတာ္ေလးနာက်င္သြားေပမယ့္စိတ္သက္သာရာေတာ့ရသြားသည္။အနည္းဆုံးေတာ့ဒါကနာက်င္ရ႐ုံသာျဖစ္ၿပီး ခုဏကေၾကာက္မက္ဖြယ္ၿခိမ္းေျခာက္မႈထက္အဆေပါင္းမ်ားစြာသက္သာေသးသည္။

သက္လတ္ပိုင္းအ႐ြယ္လူႀကီးဟာေရွာင္ေယာင္၏သိုေလွာင္အိတ္ထဲမွေခါင္းတစ္လုံးစာအ႐ြယ္ရွိသည့္ဥတစ္လုံးကိုထုတ္ယူ၍ေရွာင္က်န့္လက္ထဲသို႔ထည့္ေပးလိုက္သည္။

ေရွာင္က်န့္ဟာထူးဆန္းေသာမ်က္ႏွာထားျဖင့္ဥကိုလက္ခံရယူလိုက္သည္။

ေျမေခြးေတြက ဥ ဥတတ္တယ္လား။

[အိုက္ယား....hostရယ္....ဒါကက်င့္ႀကံေရးေလာကေလ....မျဖစ္နိုင္ဘူးဆိုတာမရွိဘူး....ဥကေပါက္တဲ့ေျမေခြးလည္းရွိရင္ရွိမွာေပါ့]

ေရွာင္က်န့္ဟာသက္ျပင္းအသာခ်လိဳက္ရင္းဥကိုေျမေခြးမ ဆီျပန္လည္ေပးအပ္လိုက္သည္။

ေျမေခြးမိစ္ဆာသည္ သူမရဲ႕ေျမေခြးဥကိုေက်းဇူးတင္စြာလက္ခံရယူ၍ေရွာင္က်န့္ေရွ႕တြင္သူမ၏ေျခေလးေခ်ာင္းအားဝပ္၍အရိုအေသျပဳသည္။ေျမေခြးမိစ္ဆာ၏ေဘးပတ္လည္၌လိပ္ျပာသားရဲ၏အရွိန္အဝါတစ္ခုဝန္းရံလာသည္။

အံ့ဩစရာေကာင္းစြာပင္ ၎ကသာမန္မိစ္ဆာသားရဲကဲ့သို႔ဟန္ေဆာင္ထားသည့္ လိပ္ျပာသားရဲျဖစ္ေနသည္။

ေျမေခြး၏အရွိန္အဝါႏွင့္အျပဳအမူေၾကာင့္ ဝမ္ရိေပၚနဲ႕ေရွာင္က်န့္ကမွလြဲ၍ အျခားသူမ်ား၏အျပဳအမူမွာျပင္းထန္စြာေျပာင္းလဲသြားသည္။

ဤအျပဳအမူက သားရဲတစ္ေကာင္၏ လူတစ္ေယာက္အေပၚအသိအမွတ္ျပဳသည့္အခါတြင္ ျပဳလုပ္ေလ့ရွိသည္။ထိုအခါတြင္ အႏွီးလူက သားရဲႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုနိုင္၏။ ဤသည္မွာလုံးဝအႂကြင္းမဲ့အညံ့ခံျခင္းျဖစ္သည္။

ေရွာင္က်န့္ဟာေျမေခြးမ၏ေခါင္းႀကီးကို အႀကိမ္အနည္းငယ္ပြတ္သပ္လိုက္သည္။သို႔ေပမယ့္စာခ်ဳပ္ခ်ဳပ္ဆိုျခင္းေတာ့မရွိေပ။သူကနတ္ဘုရားသားရဲျဖစ္သလိုဧကရာဇ္တစ္ပါးလည္းျဖစ္တာေၾကာင့္သားရဲမွန္သမွ်သူခိုင္းေစလို႔ရသည္။

ေျမေခြးမိစ္ဆာဟာေရွာင္က်န့္အားအရိုအေသေပး၍သူမရဲ႕ဥကိုယူေဆာင္၍ထြက္ခြာသြားခဲ့သည္။

သက္လတ္ပိုင္းအ႐ြယ္ဦးေလးႀကီးဟာေရွာင္က်န့္ကိုအလြန္တရာေက်းဇူးတင္ဟန္ျဖင့္လက္ႏွစ္ဖက္ဆုပ္ကိုင္ကာအရိုအေသျပဳသည္။ေရွာင္ေယာင္မွလြဲ၍က်န္သူမ်ားဟာလည္းေရွာင္က်န့္တို႔ကိုအလြန္တရာေက်းဇူးတင္သည့္မ်က္လုံးမ်ားျဖင့္ၾကည့္ေနၾကသည္။

"ေက်းဇူးတင္ပါတယ္မိတ္ေတြတို႔....မင္းတို႔ေၾကာင့္သာမဟုတ္ရင္ က်ဳပ္တို႔အကုန္လုံး
ေသေနေလာက္ၿပီ....မိတ္ေဆြတို႔ႏွစ္ေယာက္ရဲ႕နာမည္ကိုမ်ားသိခြင့္ရွိမလား"

သတ္လတ္ပိုင္းလူႀကီးက ၿပဳံး႐ႊင္စြာေမးျမန္းသည္။

"ဒီအတိုင္း....လမ္းႀကဳံလို႔ကူညီေပးလိုက္႐ုံပါ....သိပ္အပန္းႀကီးတာလည္းမဟုတ္ပါဘူး...."

ေရွာင္က်န့္၏စကားေၾကာင့္လူလတ္ပိုင္းႀကီးက ၿပဳံး႐ုံၿပဳံးလိုက္သည္။ၾကည့္ရတာဒီလူႏွစ္ေယာက္လုံးကသူတို႔ကိုယ္သူတို႔မိတ္ဆက္ေပးခ်င္ပုံမရေပ။

ေရွာင္က်န့္အေနနဲ႕ ထိုလူအုပ္စုႏွင့္အတူေနစရာအေၾကာင္းမရွိေတာ့တာေၾကာင့္ လူအုပ္ကိုႏႈတ္ဆက္ရင္းထြက္လာခဲ့သည္။ဝမ္ရိေပၚက တစ္ေလ်ာက္လုံးဘာစကားမွမေျပာပါပဲေရွာင္က်န့္ေနာက္ကလိုက္သြားခဲ့သည္။ထြက္မသြားခင္ဝမ္ရိေပၚရဲ႕မ်က္လုံးတစ္စုံဟာျဖဴေဖ်ာ့ေနသည္ေရွာင္ေယာင္ရွိရာဆီသို႔က်ေရာက္သြားသည္။

ဒီအရာက သူ႕ရဲ႕ေျမေခြးေလးကိုေအာ္ေငါက္ခဲ့တယ္။ ဒါေၾကာင့္ဒီအရာကထပ္ၿပီးစကားမေျပာသင့္ေတာ့ဘူး။

ေရွာင္ေယာင္၏မ်က္လုံးက ျပဴးက်ယ္သြားသည္။

သူ႕ပါးစပ္ကိုအသည္းအသန္ဟလိုက္ၿပီးေနာက္တြင္ပါးစပ္အတြင္းက ေသြးအေျမာက္အမ်ားစီးက်လာ၏။ေသြးကြက္ႀကီးက ေျခာက္ျခားစရာေကာင္းေအာင္ ေျမျပင္ေပၚႏွင့္အဝတ္အစားတြင္ ေပက်ံသြားခဲ့သည္။နာက်င္လြန္းတာေၾကာင့္ သူေအာ္ခ်င္ေပမယ့္'ဝူး...ဝူး'ဆိုသည့္ အသံေတြသာထြက္က်လာသည္။ေျမျပင္ေပၚတြင္သူ႕ရဲ႕ျပတ္က်ေနသည္လွ်ာမွာေသြးစက္ေတြေပက်ံေနသည္ကိုမ်က္ျမင္ႀကဳံေတြ႕လိုက္ရသည္။

႐ုတ္တရက္ျဖစ္ေပၚလာေသာေၾကာက္မက္ဖြယ္ရာအေျခအေနကသတ္လတ္ပိုင္းလူႀကီးႏွင့္လူအမ်ားကိုထိတ္လန့္တုန္လႈပ္သြားေစခဲ့သည္။

နာက်င္မႈေတြနဲ႕အတူ ေရွာင္ေယာင္၏ခႏၶာကိုယ္မွာတစ္ဆတ္ဆတ္တုန္ရီေနသည္။သူ႕မ်က္လုံးအတြင္း၌ထြက္ခြာ မသြားခင္ၾကည့္သြားသည့္ဝမ္ရိေပၚ၏အၾကည့္ကိုမွတ္မိသြားေသာအခါသူ႕ရဲ႕တုန္ရီမႈကပိုမိုျပင္းထန္လာသည္။

သူက မမွားသင့္သည့္အရာတစ္ခုကိုျပဳလုပ္မိသြားခဲ့သည္။

ထိုေနရာႏွင့္ခပ္ေဝးေဝးသို႔ေရာက္ေနၿပီျဖစ္တဲ့ ေရွာင္က်န့္သည္ ထိုအျဖစ္အပ်က္မ်ားကိုတစ္ခုမွမသိပါပဲ သက္ေတာင့္သက္သာျဖင့္ေလွ်ာက္လွမ္းေနသည္။

သူအေတာ္ၾကာေလွ်ာက္ေနရင္း ခဏအၾကာတြင္ဝမ္ရိေပၚက သူ႕အေနာက္မွာျပတ္က်န္ခဲ့မွန္းသတိထားမိသြားသည္။ သူအေနာက္ဘက္လွည့္ၾကည့္လိုက္သည့္အခါတြင္ ဝမ္ရိေပၚက သူႏွင့္ခပ္လွမ္းလွမ္းမွာရွိသည့္သစ္ပင္ေဘး၌ ေတာင့္ေတာင့္ႀကီးမတ္တပ္ရပ္ေနသည္ကိုေတြ႕လိုက္ရသည္။

ေရွာင္က်န့္ခမ်ာ ဘာျဖစ္မွန္းမသိေပမယ့္ ေနာက္ျပန္လွည့္ၿပီးဝမ္ရိေပၚေဘးသို႔ ေလွ်ာက္လာသည္။

"ရိေပၚ....မင္းဘာျဖစ္တာလဲ"

ဝမ္ရိေပၚ၏မ်က္ႏွာသည္ အနည္းငယ္ရႈံမဲ့ေနၿပီးသနားစဖြယ္မ်က္လုံးႀကီးေတြျဖင့္ေရွာင္က်န့္ကိုၾကည့္လာသည္။

"ေရွာင္က်န့္...."

"အင္း...ဘာျဖစ္လို႔လဲ"

ဝမ္ရိေပၚက ညာဘက္လက္ျဖင့္သူ႕ရဲ႕ႏွလုံးရွိရာဘယ္ဘက္ရင္အုံေပၚသို႔တင္လိုက္ၿပီး သနားစရာမ်က္ႏွာေလးကိုပုံေဖာ္၍ အားငယ္စြာေျပာသည္။

"ဒီနားကအရမ္းနာတာပဲ"

ေရွာင္က်န့္ျပာယာခတ္သြားသည္။သူဘာလုပ္ေပးရမွန္းမသိေပ။ခုနကအေကာင္းႀကီးကို အခုခ်ိန္မွ ဘာထေဖာက္လာမွန္းဘယ္သူကသိမွာလဲ။

"ငါ...ငါဘာလုပ္ေပးရမလဲ"

"ဖက္ထားေပး"

"ဟမ္"

ေရွာင္က်န့္ေၾကာင္သြားသည္။ႏွလုံးနာရင္ဖက္ထားေပးရတာလား။

"တစ္မ်ိဳးမထင္ပါနဲ႕....ကိုယ့္ရဲ႕ႏွလုံးကခဏခဏနာတတ္ေတာ့ တစ္စုံတစ္ေယာက္ရဲ႕ကိုယ္ေငြ႕နဲ႕ခ်ီစြမ္းအင္အခ်ိဳ႕စုပ္ယူၿပီးမွသက္သာတာမလို႔ပါ...."

ေလာကမွာဒီလိုနည္းလမ္းမ်ိဳးလည္းရွိတာပဲလား။

[ရွိရင္ရွိမွာေပါ့hostရဲ႕....ဥကေမြးတဲ့ေျမေခြးေတာင္ရွိေသးတာပဲ....ဒီေလာကမွာထူးဆန္းတာေတြမွအမ်ားႀကီးရွိတယ္...သာမန္အျမင္နဲ႕သာၾကည့္လို႔ကေတာ့လူသာ႐ူးသြားလိမ့္မယ္....နားကိုလည္မွာမဟုတ္ဘူး]

အုန္းသီး၏ရွင္းျပခ်က္ကို ေရွာင္က်န့္ေထာက္ခံလိုက္သည္။သူေတာင္ဥကေနမေပါက္လို႔ေက်းဇူးတင္ရမယ္။

"ၿပီး...ၿပီးေရာေလ...ခဏပဲေနာ္"

ေရွာင္က်န့္ဘက္က ခြင့္ျပဳလိုက္သည္ႏွင့္ ဝမ္ရိေပၚ၏မ်က္လုံးအတြင္း၌ အနက္ေရာင္အလင္းတစ္ခ်က္ျဖတ္ေျပးသြားၿပီးလေရွာင္က်န့္ကိုသူ႕ရင္ခြင္ထဲသြင္းရင္း တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္လိုက္သည္။

ေရွာင္က်န့္၏ပိန္ပိန္သြယ္သြယ္ခႏၶာကိုယ္ေလးမွာရိေပၚ ရင္ခြင္အတြင္း၌ျမဳပ္ေနၿပီး ေတာက္ပတဲ့မ်က္လုံးေလးတစ္စုံကိုသာေဖာ္ျပထားသည္။႐ုတ္တရတ္ဆိုသလိုေရွာင္က်န့္၏လည္ပင္းသားေလးမွာႏြေးေထြးအိစက္သည့္တစ္စုံတစ္ရာျဖင့္ဖိကပ္ခံလိုက္ရသည္။

ေရွာင္က်န့္မ်က္လုံးျပဴးသြား၏။ သူအနည္းငယ္႐ုန္းကန္လိုက္ေပမယ့္ဝမ္ရိေပၚဟာသူ႕တစ္ကိုယ္လုံးကိုသိမ္းက်ဳံးဖက္ထားတာေၾကာင့္လုံးဝလႈပ္ရွားမရေပ။

"ၿငိမ္ၿငိမ္ေလးေန"

ဝမ္ရိေပၚ၏ဩရွရွအသံမွာေရွာင္က်န့္၏နားအနီးတြင္ေလႏြေးႏြေးႏွင့္အတူျဖတ္ေျပးသြားေသာေၾကာင့္ေရွာင္က်န့္၏မ်က္ႏွာေလးဟာအနည္းငယ္နီရဲသြားသည္။သူ႕ ႏွလုံးသားတစ္စုံမွာလည္းပုံမွန္ထက္လွ်င္ျမန္စြာခုန္ေပါက္ေနၿပီးတစ္ဖက္လူၾကားသြားမည္ကိုေတာင္စိုးရိမ္ရသည္။ထူးဆန္းသည့္ခံစားခ်က္တစ္ခ်ိဳ႕ႏွင့္အတူေလထုမွာပူႏြေးလာ၏။

ေရွာင္က်န့္ၿငိမ္သက္ေနရင္းသူကိုယ္တိုင္ေတာင္မသိသည့္ေပၚထြက္လာေသာခံစားခ်က္ေတြကိုတစ္ဖက္သားမရိပ္မိေစရန္ထိန္းခ်ဳပ္ေနမိ၏။ထို႔ေၾကာင့္လည္း သူ႕လည္ပင္း၌ေခါင္းျမဳပ္ရင္းကိုယ္သင္းနံ႕ကို အ႐ူးတစ္ေယာက္လိုရႉရွိုက္ေနသည့္ဝမ္ရိေပၚ၏ေၾကာက္မက္ဖြယ္အၿပဳံးကိုသတိမထားမိလိုက္ေပ။

ဟုတ္တယ္။ ေရွာင္က်န့္ကသူ႕အပိုင္။သူတစ္ေယာက္တည္းရဲ႕အပိုင္။ဘယ္သူကမွသူ႕ဆီကေနသူ႕ေျမေခြးေလးကိုလုယူလို႔မရဘူး။

______________________________________________________________

Continue Reading

You'll Also Like

42.6K 4.2K 25
[ host လုပ်ရမှာက တာဝန်ထမ်းဆောင်တဲ့ ကမ္ဘာက ဇာတ်လိုက်မ ကံကြမ္မာကို ခိုးယူပြီး host က ဇာတ်လိုက်မဖြစ်ဖို့ပဲ.. ] ' ဒါကြီးက ခက်နေသလားလို့ ' [ ကျနော် ကူညီမှ...
23.1K 2.6K 41
Mafia цувралын шинэ бүлэг. Эхний цувралаас ялгаатай хэв маягаар бичигдсэн, мөн огт өөр үйл явдал гарах тул Mafia01 уншаагүй байсан ч энэ бичвэрийг у...
2.2K 272 5
lee jeonghyeon × shen quanrui (oneshots collection) written in burmese